Unicode
လင်းရှန်းက ငိုရှိုက်ရင်း အခြေအနေကို စောင့်ကြည့်နေပေမယ့် ခဲ့အာကတော့ မျက်နှာတင်းမာနေဆဲဖြစ်ပြီး စေ့စပ်ပွဲကနေ ထွက်ပြေးသွားတဲ့ သမီးမိုက်ကို စိတ်ဆိုးနေတဲ့ ဖခင်ဇာတ်ရုပ်ကို အပီအပြင်သရုပ်ဆောင်နေတယ်
ရှီရှန်းကတော့ လှေကားလက်ရန်းကို မှီရင်း ပျင်းရိစွာ ထိုင်နေတယ် 'အတုမက မီနိုင်းရဲ့အမူအကျင့်တွေကို အကျွမ်းတဝင်ဖြစ်အောင် လေ့လာထားပေမယ့်အသေးစိတ်တွေကိုတော့ မသိရှာဘူးပဲ...ခဲ့အာက မီနိုင်းကို တကယ်ဂရုမစိုက်ဘူးဆိုရင်တော့ သူမ လိမ်တာခံရမှာပေါ့..'
"အာ..နောက်ထပ်ဧည့်သည်တွေ ထပ်ရှိသေးတာလား.." အိမ်စေလေး တစ်ယောက်က အပြင်ဘက်ကို လှမ်းကြည့်ရင်းပြောတယ်
"ဟိုတစ်လောက လာတဲ့ ဧည့်သည်ရဲ့ကား မဟုတ်ဖူးလား..."
ရှီရှန်းလည်း အပြင်ကိုလှမ်းကြည့်လိုက်တယ်
"အရှင်မင်းသား..ဂုဏ်သရေရှိဧည့်သည်တော် ရောက်လာပါတယ်.."
အိမ်တော်ထိန်းက လင်းရှန်းကို မနှစ်မြို့တဲ့ အကြည့်နဲ့ကြည့်လိုက်ပြီး မင်းသားခဲ့အာကို အမောတကော အကြောင်းကြားလိုက်တယ်
အိမ်တော်ထိန်းရဲ့ စကားတွေ အဆုံးသတ်သွားတာနဲ့ အမျိုးသားတစ်ယောက် အထဲဝင်လာတာကိုတွေ့လိုက်ရတယ် သူ့အနောက်မှာနေရောင်ဖျဖျထိုးနေတာကြောင့် ကျက်သရေရှိတဲ့ သူတော်စင်တစ်ပါးကြွလှမ်းလာသလို ထင်ရစေတယ်
လင်းရှန်းက မျက်နှာပျက်သွားတယ် 'သူကဘာလို့ရောက်လာရတာလဲ..'
"အရှင် ရှီရင်း...." ခဲ့အာက အမြန်ထပြီး အရိုအသေပေးလိုက်တယ် "အရှင် အလည်အပတ်လာမယ့်အကြောင်းကို ကျွန်တော့်ကိုကြိုပြီး အကြောင်းကြားတာတော့ မဟုတ်ဘူးဗျာ.."
ရှီရင်းရဲ့ အကြည့်တွေက လင်းရှန်းဆီရောက်သွားပြီး ခပ်ယောင်ယောင်ပြုံးလိုက်တယ် "ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး..လမ်းကြုံလို့ဝင်လာရုံပဲ.."
ခဲ့အာက သံသယဖြစ်သွားတယ် 'သူ့နေရာကနေ ငါ့နန်းတော်ကို ဘယ်လိုလမ်းကြုံသွားတာလဲ..'
ဒါပေမယ့် သူက အဲ့ဒါကို အပြင်မှာထုတ်ပြီးမပြောနေတော့ဘဲ ရှီရင်းကို သူ့ရဲ့အကြီးအကဲ နေရာမှာပေးထိုင်လိုက်တယ်
ခဲ့အာရဲ့ တရိုတသေ အပြုအမူကြောင့် လင်းရှန်းကပိုပြီး စိတ်လှုပ်ရှားလာတယ် 'ဒီလူရဲ့သရုပ်မှန်က တကယ်ပဲ ဘာလဲ..သူက ကျောင်းမှာ မီနိုင်းနဲ့ အတော်လေး နီးကပ်တဲ့သူပဲ ဒါပေမယ့် ဟိုတစ်လောက သူ ရုတ်တရပ်ကြီး ပျောက်သွားတယ်လေ..မီနိုင်းနဲ့ သူ့ကြားမှာ ဘာဖြစ်ခဲ့မှန်း ငါမသိဘူး..အခုချိန်မှာ ငါဘယ်လိုတုန့်ပြန်သင့်လဲ..'
အစတုန်းကတော့ လင်းရှန်းက ဒီတာဝန်ကို အတော်လေး ရိုးရှင်းတယ်လို့ ထင်ခဲ့ပေမယ့် သူအိမ်ပေါက်ကနေဝင်ဝင်ချင်း အခက်အခဲတွေ ဆက်တိုက်ရင်ဆိုင်ရတော့တာပဲ..
ရှီရင်းက သူမရဲ့ ကူကယ်ရာမဲ့ အပြုအမူကိုတစ်ချက်ကြည့်ပြီး ခပ်မဲ့မဲ့ပြုံးလိုက်တယ် "မီနိုင်း..မင်း ကိုယ့်ကို မမှတ်မိတော့တာများလား.."
လင်းရှန်းရဲ့ နောက်ကျောတစ်ခုလုံးက ချွေးအေးတွေနဲ့ စိုရွှဲနေတယ် 'သူ့အပြုံးကြီးက ကြောက်စရာကောင်းတယ်လို့ ငါဘာလို့ ခံစားနေရပါလိမ့်..အဲ့ဒီအကြည့်.. ငါ့ကိုထွင်းဖောက်ပြီး မြင်နေရသလိုမျိုးကြီး..မီနိုင်း သူ့ကို အပြစ်ပြုမိထားလို့များလား..'
ခဲ့အာက အခြေအနေကို ဘာဝင်ပြောရမှန်းမသိဘူးဖြစ်နေတယ် "အရှင်ရှီရင်း..အရှင် ကျွန်တော့်သမီးကိုသိတာလား.."
'ဟိုကောင်မစုတ်လေးက ငါ့ကို ဘာမှလည်းပြောမထားပါလား..'
"အိုး...သေသေချာချာကြီးကိုသိတာပေါ့.." ရှီရင်းက ခနဲ့တဲ့ တစ်ချက်ရီလိုက်ပြီး လင်းရှန်းကို အကြည့်တစ်ချက်ပေးလိုက်တယ် "ဒီကိုလာ.."
လင်းရှန်းက ခဲ့အာကို လှမ်းကြည့်လိုက်တယ်
ခဲ့အာကတော့ သူ့သမီးအစစ်မဟုတ်တဲ့အတွက် တုတ်တုတ်မှတောင် မလှုပ်လေဘူး သူ့အတွေးတွေအကုန်လုံးကို 'ကောင်မစုတ်လေးမီနိုင်းက အရှင်ရှီရင်းနဲ့ ဘယ်လိုသိနေတာလဲ'ဆိုတဲ့အကြောင်းအရာ အပေါ်လုံးဝ စုပုံထားတယ်
လင်းရှန်းက အံကြိတ်ပြီး ရှီရင်းဆီကို သွားလိုက်ရတယ် လင်းရှန်းက သူ့ဘေးကနေရာမှာဝင်ထိုင်ဖို့ပြင်လိုက်တာနဲ့ ရှီရင်းရဲ့ အကြည့်တွေက မှောင်မိုက်သွားပြီး လေသံမာမာနဲ့ အမိန့်ပေးလိုက်တယ်
"ဒူးထောက်.. "
လင်းရှန်းက ဘာအမူအရာမှမပြတဲ့ ခဲ့အာကို နောက်တစ်ကြိမ်ကြည့်လိုက်ပြန်တယ်
မတတ်နိုင်တဲ့ အဆုံးမှာတော့ လင်းရှန်းက သူမရဲ့ဂါဝန်စကိုဖြန့်ပြီး ဒူးထောက်လိုက်ကာ ရှီရင်းကိုကြည့်ဖို့ ခေါင်းအနည်းငယ်မော့လိုက်တယ်
ဒီလူက အတော်လေးချောပါတယ် ဒါပေမယ့် သူမကို ကောင်းတဲ့ ခံစားချက်မပေးလို့ ဒီနေရာကနေ ဘယ်လိုထွက်သွားရမလဲ ဆိုတာကိုပဲ တွေးနေနိုင်တယ်
ရှီရင်းက လက်ညှိုးကိုဆန့်လိုက်ပြီး လင်းရှန်းရဲ့ မေးစေ့ကို ပင့်လိုက်တယ် "မဆိုးပါဘူး.."
သူက ငေးငိုင်နေတဲ့ ခဲ့အာကိုကြည့်ပြီး မေးလိုက်တယ် "တကယ်လို့ မင်းသားစိတ်မရှိဘူးဆိုရင် သူမကို ကျွန်တော့်ဆီ ပေးလို့ရမလား.."
ရှီရှန်းက အောက်ထပ်ကိုအမြန်ဆင်းပြီး မစ္စတာအိမ်ပြေးကို ဓါးနဲ့ လေးငါးဆယ်ချက်လောက် ခုတ်ပစ်လိုက်ချင်စိတ်ပေါက်သွားတယ် 'သူက နယ်မြေထဲကို ငါမသိအောင်လာပြီး အာဏာပြနေသေးတယ်..အခုတော့ အတုမကိုပါ လိုချင်နေပြီတဲ့လား..ဒီခွေးသား..'
အိမ်စေလေးတွေက ရှီရှန်းစိတ်အခြေအနေ ပြောင်းလဲသွားတာကို သတိထားမိသွားကြပြီး တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဖလှယ်ရင်း အသံတိတ်စကားပြောနေကြတယ် 'အရှင့်သမီးက ဘာဖြစ်သွားတာလဲ..'
လင်းရှန်းက အခြေအနေကိုဒီလိုဖြစ်သွားမယ်လို့ ထင်မထားတာကြောင့် တုန်လှုပ်သွားတယ်
"မရဘူးလား..?" ရှီရင်းက ခဲ့အာ ဘာမှမတုန့်ပြန်သေးတာကြောင့် ပြုံးပြီးမေးလိုက်တယ်
"အရှင့်ကို ကျွန်တော့်သမီးက အပြစ်ပြုမိထားတာများ ရှိပါသလား.." နောက်ဆုံးမှာတော့ ခဲ့အာက ပြန်တုန့်ပြန်ပြီး ဂရုတစိုက်မေးလိုက်တယ်
ရှီရင်းက ခေါင်းကို ထပ်ခါထပ်ခါငြိမ့်လိုက်တယ် "အင်း..အဲ့လိုပြောရမှာပေါ့ ...တော်တော်ကြီးကို အပြစ်ပြုမိထားတာလေ.."
ခဲ့အာရဲ့ စိတ်နှလုံးက လေးလံသွားပြီး ဒူးထောက်နေတဲ့ လင်းရှန်းကို ကြည့်လိုက်တယ်
'ငါ ဒီအတုကို ရှီရင်းဆီ ပေးလိုက်လို့ အလိမ်မပေါ်ရင်တော့ ကိစ္စမရှိဘူး..တကယ်လို့ အလိမ်သာပေါ်သွားရင် မီနိုင်းအတွက် ပြသနာတက်နိုင်တယ်..'
"ကျွန်တော့်သမီးက ငယ်သေးလို့ အရေးကြီးပုဂ္ဂိုလ်တွေကို ဆက်ဆံတဲ့ နေရာမှာအတွေ့အကြုံများများများ မရှိပါဘူး..သူမရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးဖို့ ကျွန်တော်ကပဲ အနူးညွတ်တောင်းပန်ပါတယ်.." ခဲ့အာက အလေးအနက် တောင်းပန်လိုက်တယ်
လင်းရှန်းလည်း ခဲ့အာရဲ့စကားကို ကြားမှ စိတ်အေးသွားတော့တယ်
ရှီရင်းက ဘာမှမပြောသလို ဘာမျက်နှာ အမူအရာမှလည်း မပြတာကြောင့် သူဘာတွေးနေမှန်း ခန့်မှန်း မရနိုင်တဲ့ အတွက် လေထုက ပိုပြီး လေးလံလာတယ်
ခနလောက် အကြာမှာတော့ ရှီရင်းက လက်ကို ဝှေ့ယမ်းပြီးပြောလိုက်တယ် "ကောင်းပြီ..ငါ ဒီတစ်ယောက်ကို မမြင်ချင်တော့ဘူး.."
ခဲ့အာက အိမ်တော်ထိန်းကိုအချက်ပြပြီး လင်းရှန်းကို ခေါ်သွားခိုင်းလိုက်တယ်
လင်းရှန်းမရှိတော့တာနဲ့ ရှီရင်းက ဒုတိယထပ်ကို လှမ်းကြည့်ရင်း ရေရွတ်လိုက်တယ် "ကောင်းပြီလေ..မင်းက အရင်ကထပ် ပိုပြီး သည်းခံတတ်လာတာပဲ.."
"အာ..?." ခဲ့အာက သူဘာကိုဆိုလိုမှန်း နားမလည်လိုက်ဘူး..'သူဘာကိုပြောနေတာလဲ..'
ဒါပေမယ့်ခဲ့အာရဲ့အတွေးကိုအဖြေပေးလိုက်သလိုမျိုး ရှီရှန်းက ဒုတိယထပ်ကနေ ရုတ်တရပ်ခုန်ဆင်းလာပြီး ရှီရင်းဆီကို လျှောက်လာတယ် ပြီးတော့ ခဲ့အာ ဘာမှမတုန့်ပြန်ရသေးခင်မှာပဲ ရှီရင်းကို ဆွဲခေါ်သွားတယ် "မွေးစားအဖေ..သမီး ပြီးမှပြန်လာခဲ့မယ်.."
ခဲ့အာ "......"
သူ့သမီးက အရှင်ရှီရင်းကို အမေ့အိမ်ကိုထွက်ပြေးသွားတဲ့ဇနီးလေးလို ဆွဲခေါ်သွားတာကိုကြည့်ရင်း ခဲ့အာက သူ့နဖူးမှာ ပြန်လာတဲ့ ချွေးတွေကို ပွတ်သုတ်လိုက်ရတယ်
'အရှင်ရှီရင်းကလည်း နည်းနည်းလေးမှမရုန်းဘူး...ငါ့သမီးက ဘယ်တုန်းက အဲ့လောက်ထိ စွမ်းသွားတာလဲ..ကောင်မစုတ်လေး..ပြန်လာမှ ရေကုန်ရေခန်း မေးရမယ်..'
.....................
ရှီရှန်းက ရှီရင်းကို ကားထဲ တွန်းထည့်လိုက်ပြီး နန်းတော်နဲ့အဝေးက ပန်းခင်းဆီကို မောင်းထွက်လာခဲ့တယ် ဘေးခုံမှာထိုင်နေတဲ့ ရှီရင်းက ရှီရှန်းရဲ့ မျက်နှာအမူအရာကို အသေးစိတ်အကဲခတ်နေတယ် 'သူမရဲ့စိတ်ထဲမှာ ဘာတွေများ တွေးနေမှာပါလိမ့်.. သူမစိတ်ဆိုးနေတာလား..ဒါမှမဟုတ် တကယ်ကြီးစိတ်ဆိုးနေတာလား..'
ဗန်ပိုင်းယားနယ်မြေက နှင်းဆီပန်းတွေက တစ်နှစ်ပတ်လုံးပွင့်လန်းကြတာကြောင့် ရှီရှန်းတို့ လမ်းတစ်လျှောက်မှာ အနီနဲ့အစိမ်းရောင် ပန်းခင်းကြီးရှိနေတယ်
ခနလောက်ကားကပတ်မောင်းအပြီးမှာတော့ ရှီရှန်းက ပန်းခင်းကြီးကြားမှာ ကားရပ်လိုက်တယ်
သူမကစကားလည်းတစ်ခွန်းမှမပြောသလို လှုပ်လည်းမလှုပ်ဘူး ကားပေါ်မှာပဲ ထိုင်နေပြီးရှေ့ကိုပဲတည့်တည့်ကြည့်နေတယ်
ရှီရင်းက သူ့ကိုယ်သူစိတ်အေးအေးထားဖို့ ဖြောင်းဖြနေပေမယ့် သူမအခုလို ငြိမ်နေတာကြောင့် ပိုပိုပြီး စိတ်ဖိစီးလာတယ် သူမငြိမ်နေတာထပ်စာရင် သူ့ကိုဒေါသတကြီး အော်ငေါက်ပစ်လိုက်တာက တော်သေးတယ်
ရှီရင်းက အားတင်းပြီး တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်တယ် "အဲ့တုန်းက ကိုယ့်စိတ်တွေက အတော်လေးရှုပ်ထွေးနေခဲ့တာ..မင်းကိုမပြောဘဲ ထွက်သွားမိတာ ကိုယ်မှားတာပါ.."
"ရှင် သူမကို ထိခဲ့တယ်.."
ရှီရင်းက သူမရဲ့ ရုတ်တရပ်တုန့်ပြန်မှုကြောင့် ကြောင်သွားတယ် ' ဘာလဲ? '
ရှီရှန်းက တစ်ရှူးဘူးထဲက တစ်ရှူးတွေတစ်ရွက်ပြီးတစ်ရွက်ထုတ်ပြီး သူခုနက ဟိုအမျိုးသမီးကို ထိခဲ့တဲ့ လက်ချောင်းကို သဲကြီးမဲကြီး ပွတ်သုတ်နေတယ်
ရှီရင်းက သူမကိုကြည့်ရင်း တဖြည်းဖြည့်ရီချင်လာတယ် 'ဒါဆို သူမက ခုနက ဟာကို စိတ်ဆိုးနေတာပေါ့..'
ရှီရင်းက ပွတ်တိုက်ခံရပါများလို့ နီရဲလာတဲ့ သူ့လက်ချောင်းကိုကြည့်နေတယ် 'ငါ့လက်ကို ဘယ်လောက်ကြာကြာပွတ်နေဖို့ သူမတွေးထားတာလဲ..'
ရှီရှန်းက သူ့လက်ကို လွှတ်လိုက်ပြီး သူမရဲ့ လက်မောင်းတွေနဲ့ သူ့ကို သိုင်းဖက်လိုက်ကာ သူမရဲ့မျက်နှာကို သူ့လည်ပင်းမှာအပ်လိုက်တယ် "တခြားလူတွေကိုမထိနဲ့..မဟုတ်ရင် ကျွန်မရဲ့ဒေါသကို မထိန်းနိုင်မှာကြောက်မိတယ်"
သူမရဲ့ စိတ်မှာပြဿနာရှိနေမှန်း ရှီရှန်းလည်းသတိထားမိတယ် သူမသာ တစ်ခုခုကိုကြိုက်တယ်ဆိုရင် အဲ့အရာကိုအလွန်အကြူးပိုင်ဆိုင်လိုစိတ်ကြီးမားတတ်တယ် ဒါကြောင့် ရှီရှန်းက တော်ရုံဆိုရင် ဘယ်အရာကိုမှ သံယောဇဉ်မထားတာဖြစ်တယ်
ဒါပေမယ့် ဖုန်းစီကိုတော့ သူမ မကြိုက်ဘဲ မနေနိုင်ဘူး..သူမက သူ့ရဲ့ အရာအားလုံးကို လိုချင်တယ် သူ အခြားတစ်ယောက်ယောက်ကို ထိလိုက်တယ် ဆိုရင်တောင် ရှီရှန်းက သူတို့ကိုသတ်ပစ်လိုက်ချင်တယ်
ရှီရင်းရဲ့ နှလုံးသားက တင်းကျပ်သွားပြီး မဖော်ပြနိုင်တဲ့ နာကျင်မှုက လွှမ်းခြုံသွားသလို ခံစားလိုက်ရတယ်
"ကိုယ်မလုပ်တော့ပါဘူး..ကိုယ် အခြားလူတွေကို မထိတော့ဘူး.."
အစတုန်းကတော့ ရှီရင်းက ဒီထူးဆန်းတဲ့ ခံစားချက်ကို လက်မခံချင်လို့ ရှီရှန်းနဲ့ အဝေးကို ထွက်ပြေးခဲ့တာဆိုပေမယ့် သူ့ခေါင်းထဲမှာ တစ်ချိန်လုံး သူမအကြောင်းကိုပဲ တွေးနေမိခဲ့တယ်
သူမ နယ်မြေထဲကို ပြန်လာတယ် ဆိုတဲ့ သတင်းကိုကြားတာနဲ့ အခြားဘာကိုမှမစဉ်းစားနိုင်တော့ပဲ သူလည်း သူမဆီသွားခဲ့တယ်
သူ မီနိုင်းအတုနဲ့ တွေ့ခဲ့ပေမယ့် သူမလည်းဒီမှာ ရှိနေတယ်ဆိုတာကို သိလိုက်ရတယ် လေထုထဲမှာ သူမရဲ့ အနံ့တွေ အပြည့်ပဲ..သူ အဲ့ဒါကို ခံစားမိတယ်
တစ်စုံတစ်ယောက်က သူ့ကို ပြောခဲ့တယ် "တချို့ ခံစားချက်တွေက မင်းငြင်းချင်တိုင်း ငြင်းလို့မရနိုင်ဘူး.."
သူက ရှီရှန်းကို ပြန်ထွေးပွေ့လိုက်ပြီး သူမရဲ့နောက်ကျောကို ခပ်ဖွဖွ ပုတ်ပေးနေလိုက်တယ် 'ငြင်းဆန်လို့မရနိုင်မှတော့ လက်ခံလိုက်ကြတာပေါ့...'
.......................
Translated by dora💜and mia💙
Zawgyi
လင္း႐ွန္းက ငို႐ိႈက္ရင္း အေျခအေနကို ေစာင့္ၾကည့္ေနေပမယ့္ ခဲ့အာကေတာ့ မ်က္ႏွာတင္းမာေနဆဲျဖစ္ၿပီး ေစ့စပ္ပြဲကေန ထြက္ေျပးသြားတဲ့ သမီးမိုက္ကို စိတ္ဆိုးေနတဲ့ ဖခင္ဇာတ္႐ုပ္ကို အပီအျပင္သ႐ုပ္ေဆာင္ေနတယ္
႐ွီ႐ွန္းကေတာ့ ေလွကားလက္ရန္းကို မွီရင္း ပ်င္းရိစြာ ထိုင္ေနတယ္ 'အတုမက မီႏိုင္းရဲ႕အမူအက်င့္ေတြကို အကြၽမ္းတဝင္ျဖစ္ေအာင္ ေလ့လာထားေပမယ့္အေသးစိတ္ေတြကိုေတာ့ မသိ႐ွာဘူးပဲ...ခဲ့အာက မီႏိုင္းကို တကယ္ဂ႐ုမစိုက္ဘူးဆိုရင္ေတာ့ သူမ လိမ္တာခံရမွာေပါ့..'
"အာ..ေနာက္ထပ္ဧည့္သည္ေတြ ထပ္႐ွိေသးတာလား.." အိမ္ေစေလး တစ္ေယာက္က အျပင္ဘက္ကို လွမ္းၾကည့္ရင္းေျပာတယ္
"ဟိုတစ္ေလာက လာတဲ့ ဧည့္သည္ရဲ႕ကား မဟုတ္ဖူးလား..."
႐ွီ႐ွန္းလည္း အျပင္ကိုလွမ္းၾကည့္လိုက္တယ္
"အ႐ွင္မင္းသား..ဂုဏ္သေရ႐ွိဧည့္သည္ေတာ္ ေရာက္လာပါတယ္.."
အိမ္ေတာ္ထိန္းက လင္း႐ွန္းကို မႏွစ္ၿမိဳ႕တဲ့ အၾကည့္နဲ႔ၾကည့္လိုက္ၿပီး မင္းသားခဲ့အာကို အေမာတေကာ အေၾကာင္းၾကားလိုက္တယ္
အိမ္ေတာ္ထိန္းရဲ႕ စကားေတြ အဆုံးသတ္သြားတာနဲ႔ အမ်ိဳးသားတစ္ေယာက္ အထဲဝင္လာတာကိုေတြ႕လိုက္ရတယ္ သူ႕အေနာက္မွာေနေရာင္ဖ်ဖ်ထိုးေနတာေၾကာင့္ က်က္သေရ႐ွိတဲ့ သူေတာ္စင္တစ္ပါးႂကြလွမ္းလာသလို ထင္ရေစတယ္
လင္း႐ွန္းက မ်က္ႏွာပ်က္သြားတယ္ 'သူကဘာလို႔ေရာက္လာရတာလဲ..'
"အ႐ွင္ ႐ွီရင္း...." ခဲ့အာက အျမန္ထၿပီး အ႐ိုအေသေပးလိုက္တယ္ "အ႐ွင္ အလည္အပတ္လာမယ့္အေၾကာင္းကို ကြၽန္ေတာ္႕ကိုႀကိဳၿပီး အေၾကာင္းၾကားတာေတာ့ မဟုတ္ဘူးဗ်ာ.."
႐ွီရင္းရဲ႕ အၾကည့္ေတြက လင္း႐ွန္းဆီေရာက္သြားၿပီး ခပ္ေယာင္ေယာင္ျပဳံးလိုက္တယ္ "ဘာမွေထြေထြထူးထူးမဟုတ္ပါဘူး..လမ္းၾကဳံလို႔ဝင္လာ႐ုံပဲ.."
ခဲ့အာက သံသယျဖစ္သြားတယ္ 'သူ႕ေနရာကေန ငါ့နန္းေတာ္ကို ဘယ္လိုလမ္းၾကဳံသြားတာလဲ..'
ဒါေပမယ့္ သူက အဲ့ဒါကို အျပင္မွာထုတ္ၿပီးမေျပာေနေတာ့ဘဲ ႐ွီရင္းကို သူ႕ရဲ႕အႀကီးအကဲ ေနရာမွာေပးထိုင္လိုက္တယ္
ခဲ့အာရဲ႕ တ႐ိုတေသ အျပဳအမူေၾကာင့္ လင္း႐ွန္းကပိုၿပီး စိတ္လႈပ္႐ွားလာတယ္ 'ဒီလူရဲ႕သ႐ုပ္မွန္က တကယ္ပဲ ဘာလဲ..သူက ေက်ာင္းမွာ မီႏိုင္းနဲ႔ အေတာ္ေလး နီးကပ္တဲ့သူပဲ ဒါေပမယ့္ ဟိုတစ္ေလာက သူ ႐ုတ္တရပ္ႀကီး ေပ်ာက္သြားတယ္ေလ..မီႏိုင္းနဲ႔ သူ႕ၾကားမွာ ဘာျဖစ္ခဲ့မွန္း ငါမသိဘူး..အခုခ်ိန္မွာ ငါဘယ္လိုတုန္႔ျပန္သင့္လဲ..'
အစတုန္းကေတာ့ လင္း႐ွန္းက ဒီတာဝန္ကို အေတာ္ေလး ႐ိုး႐ွင္းတယ္လို႔ ထင္ခဲ့ေပမယ့္ သူအိမ္ေပါက္ကေနဝင္ဝင္ခ်င္း အခက္အခဲေတြ ဆက္တိုက္ရင္ဆိုင္ရေတာ့တာပဲ..
႐ွီရင္းက သူမရဲ႕ ကူကယ္ရာမဲ့ အျပဳအမူကိုတစ္ခ်က္ၾကည့္ၿပီး ခပ္မဲ့မဲ့ျပဳံးလိုက္တယ္ "မီႏိုင္း..မင္း ကိုယ့္ကို မမွတ္မိေတာ့တာမ်ားလား.."
လင္း႐ွန္းရဲ႕ ေနာက္ေက်ာတစ္ခုလုံးက ေခြၽးေအးေတြနဲ႔ စို႐ႊဲေနတယ္ 'သူ႕အျပဳံးႀကီးက ေၾကာက္စရာေကာင္းတယ္လို႔ ငါဘာလို႔ ခံစားေနရပါလိမ့္..အဲ့ဒီအၾကည့္.. ငါ့ကိုထြင္းေဖာက္ၿပီး ျမင္ေနရသလိုမ်ိဳးႀကီး..မီႏိုင္း သူ႕ကို အျပစ္ျပဳမိထားလို႔မ်ားလား..'
ခဲ့အာက အေျခအေနကို ဘာဝင္ေျပာရမွန္းမသိဘူးျဖစ္ေနတယ္ "အ႐ွင္႐ွီရင္း..အ႐ွင္ ကြၽန္ေတာ္႕သမီးကိုသိတာလား.."
'ဟိုေကာင္မစုတ္ေလးက ငါ့ကို ဘာမွလည္းေျပာမထားပါလား..'
"အိုး...ေသေသခ်ာခ်ာႀကီးကိုသိတာေပါ့.." ႐ွီရင္းက ခနဲ႔တဲ့ တစ္ခ်က္ရီလိုက္ၿပီး လင္း႐ွန္းကို အၾကည့္တစ္ခ်က္ေပးလိုက္တယ္ "ဒီကိုလာ.."
လင္း႐ွန္းက ခဲ့အာကို လွမ္းၾကည့္လိုက္တယ္
ခဲ့အာကေတာ့ သူ႕သမီးအစစ္မဟုတ္တဲ့အတြက္ တုတ္တုတ္မွေတာင္ မလႈပ္ေလဘူး သူ႕အေတြးေတြအကုန္လုံးကို 'ေကာင္မစုတ္ေလးမီႏိုင္းက အ႐ွင္႐ွီရင္းနဲ႔ ဘယ္လိုသိေနတာလဲ'ဆိုတဲ့အေၾကာင္းအရာ အေပၚလုံးဝ စုပုံထားတယ္
လင္း႐ွန္းက အံႀကိတ္ၿပီး ႐ွီရင္းဆီကို သြားလိုက္ရတယ္ လင္း႐ွန္းက သူ႕ေဘးကေနရာမွာဝင္ထိုင္ဖို႔ျပင္လိုက္တာနဲ႔ ႐ွီရင္းရဲ႕ အၾကည့္ေတြက ေမွာင္မိုက္သြားၿပီး ေလသံမာမာနဲ႔ အမိန္႔ေပးလိုက္တယ္
"ဒူးေထာက္.. "
လင္း႐ွန္းက ဘာအမူအရာမွမျပတဲ့ ခဲ့အာကို ေနာက္တစ္ႀကိမ္ၾကည့္လိုက္ျပန္တယ္
မတတ္ႏိုင္တဲ့ အဆုံးမွာေတာ့ လင္း႐ွန္းက သူမရဲ႕ဂါဝန္စကိုျဖန္႔ၿပီး ဒူးေထာက္လိုက္ကာ ႐ွီရင္းကိုၾကည့္ဖို႔ ေခါင္းအနည္းငယ္ေမာ့လိုက္တယ္
ဒီလူက အေတာ္ေလးေခ်ာပါတယ္ ဒါေပမယ့္ သူမကို ေကာင္းတဲ့ ခံစားခ်က္မေပးလို႔ ဒီေနရာကေန ဘယ္လိုထြက္သြားရမလဲ ဆိုတာကိုပဲ ေတြးေနႏိုင္တယ္
႐ွီရင္းက လက္ညိႇဳးကိုဆန္႔လိုက္ၿပီး လင္း႐ွန္းရဲ႕ ေမးေစ့ကို ပင့္လိုက္တယ္ "မဆိုးပါဘူး.."
သူက ေငးငိုင္ေနတဲ့ ခဲ့အာကိုၾကည့္ၿပီး ေမးလိုက္တယ္ "တကယ္လို႔ မင္းသားစိတ္မ႐ွိဘူးဆိုရင္ သူမကို ကြၽန္ေတာ္႕ဆီ ေပးလို႔ရမလား.."
႐ွီ႐ွန္းက ေအာက္ထပ္ကိုအျမန္ဆင္းၿပီး မစၥတာအိမ္ေျပးကို ဓါးနဲ႔ ေလးငါးဆယ္ခ်က္ေလာက္ ခုတ္ပစ္လိုက္ခ်င္စိတ္ေပါက္သြားတယ္ 'သူက နယ္ေျမထဲကို ငါမသိေအာင္လာၿပီး အာဏာျပေနေသးတယ္..အခုေတာ့ အတုမကိုပါ လိုခ်င္ေနၿပီတဲ့လား..ဒီေခြးသား..'
အိမ္ေစေလးေတြက ႐ွီ႐ွန္းစိတ္အေျခအေန ေျပာင္းလဲသြားတာကို သတိထားမိသြားၾကၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ အၾကည့္ခ်င္းဖလွယ္ရင္း အသံတိတ္စကားေျပာေနၾကတယ္ 'အ႐ွင့္သမီးက ဘာျဖစ္သြားတာလဲ..'
လင္း႐ွန္းက အေျခအေနကိုဒီလိုျဖစ္သြားမယ္လို႔ ထင္မထားတာေၾကာင့္ တုန္လႈပ္သြားတယ္
"မရဘူးလား..?" ႐ွီရင္းက ခဲ့အာ ဘာမွမတုန္႔ျပန္ေသးတာေၾကာင့္ ျပဳံးၿပီးေမးလိုက္တယ္
"အ႐ွင့္ကို ကြၽန္ေတာ္႕သမီးက အျပစ္ျပဳမိထားတာမ်ား ႐ွိပါသလား.." ေနာက္ဆုံးမွာေတာ့ ခဲ့အာက ျပန္တုန္႔ျပန္ၿပီး ဂ႐ုတစိုက္ေမးလိုက္တယ္
႐ွီရင္းက ေခါင္းကို ထပ္ခါထပ္ခါၿငိမ့္လိုက္တယ္ "အင္း..အဲ့လိုေျပာရမွာေပါ့ ...ေတာ္ေတာ္ႀကီးကို အျပစ္ျပဳမိထားတာေလ.."
ခဲ့အာရဲ႕ စိတ္ႏွလုံးက ေလးလံသြားၿပီး ဒူးေထာက္ေနတဲ့ လင္း႐ွန္းကို ၾကည့္လိုက္တယ္
'ငါ ဒီအတုကို ႐ွီရင္းဆီ ေပးလိုက္လို႔ အလိမ္မေပၚရင္ေတာ့ ကိစၥမ႐ွိဘူး..တကယ္လို႔ အလိမ္သာေပၚသြားရင္ မီႏိုင္းအတြက္ ျပသနာတက္ႏိုင္တယ္..'
"ကြၽန္ေတာ္႕သမီးက ငယ္ေသးလို႔ အေရးႀကီးပုဂၢိဳလ္ေတြကို ဆက္ဆံတဲ့ ေနရာမွာအေတြ႕အၾကဳံမ်ားမ်ားမ်ား မ႐ွိပါဘူး..သူမရဲ႕ အျပစ္ေတြကို ခြင့္လႊတ္ေပးဖို႔ ကြၽန္ေတာ္ကပဲ အႏူးၫြတ္ေတာင္းပန္ပါတယ္.." ခဲ့အာက အေလးအနက္ ေတာင္းပန္လိုက္တယ္
လင္း႐ွန္းလည္း ခဲ့အာရဲ႕စကားကို ၾကားမွ စိတ္ေအးသြားေတာ့တယ္
႐ွီရင္းက ဘာမွမေျပာသလို ဘာမ်က္ႏွာ အမူအရာမွလည္း မျပတာေၾကာင့္ သူဘာေတြးေနမွန္း ခန္႔မွန္း မရႏိုင္တဲ့ အတြက္ ေလထုက ပိုၿပီး ေလးလံလာတယ္
ခနေလာက္ အၾကာမွာေတာ့ ႐ွီရင္းက လက္ကို ေဝွ႔ယမ္းၿပီးေျပာလိုက္တယ္ "ေကာင္းၿပီ..ငါ ဒီတစ္ေယာက္ကို မျမင္ခ်င္ေတာ့ဘူး.."
ခဲ့အာက အိမ္ေတာ္ထိန္းကိုအခ်က္ျပၿပီး လင္း႐ွန္းကို ေခၚသြားခိုင္းလိုက္တယ္
လင္း႐ွန္းမ႐ွိေတာ့တာနဲ႔ ႐ွီရင္းက ဒုတိယထပ္ကို လွမ္းၾကည့္ရင္း ေရ႐ြတ္လိုက္တယ္ "ေကာင္းၿပီေလ..မင္းက အရင္ကထပ္ ပိုၿပီး သည္းခံတတ္လာတာပဲ.."
"အာ..?." ခဲ့အာက သူဘာကိုဆိုလိုမွန္း နားမလည္လိုက္ဘူး..'သူဘာကိုေျပာေနတာလဲ..'
ဒါေပမယ့္ခဲ့အာရဲ႕အေတြးကိုအေျဖေပးလိုက္သလိုမ်ိဳး ႐ွီ႐ွန္းက ဒုတိယထပ္ကေန ႐ုတ္တရပ္ခုန္ဆင္းလာၿပီး ႐ွီရင္းဆီကို ေလွ်ာက္လာတယ္ ၿပီးေတာ့ ခဲ့အာ ဘာမွမတုန္႔ျပန္ရေသးခင္မွာပဲ ႐ွီရင္းကို ဆြဲေခၚသြားတယ္ "ေမြးစားအေဖ..သမီး ၿပီးမွျပန္လာခဲ့မယ္.."
ခဲ့အာ "......"
သူ႕သမီးက အ႐ွင္႐ွီရင္းကို အေမ့အိမ္ကိုထြက္ေျပးသြားတဲ့ဇနီးေလးလို ဆြဲေခၚသြားတာကိုၾကည့္ရင္း ခဲ့အာက သူ႕နဖူးမွာ ျပန္လာတဲ့ ေခြၽးေတြကို ပြတ္သုတ္လိုက္ရတယ္
'အ႐ွင္႐ွီရင္းကလည္း နည္းနည္းေလးမွမ႐ုန္းဘူး...ငါ့သမီးက ဘယ္တုန္းက အဲ့ေလာက္ထိ စြမ္းသြားတာလဲ..ေကာင္မစုတ္ေလး..ျပန္လာမွ ေရကုန္ေရခန္း ေမးရမယ္..'
.....................
႐ွီ႐ွန္းက ႐ွီရင္းကို ကားထဲ တြန္းထည့္လိုက္ၿပီး နန္းေတာ္နဲ႔အေဝးက ပန္းခင္းဆီကို ေမာင္းထြက္လာခဲ့တယ္ ေဘးခုံမွာထိုင္ေနတဲ့ ႐ွီရင္းက ႐ွီ႐ွန္းရဲ႕ မ်က္ႏွာအမူအရာကို အေသးစိတ္အကဲခတ္ေနတယ္ 'သူမရဲ႕စိတ္ထဲမွာ ဘာေတြမ်ား ေတြးေနမွာပါလိမ့္.. သူမစိတ္ဆိုးေနတာလား..ဒါမွမဟုတ္ တကယ္ႀကီးစိတ္ဆိုးေနတာလား..'
ဗန္ပိုင္းယားနယ္ေျမက ႏွင္းဆီပန္းေတြက တစ္ႏွစ္ပတ္လုံးပြင့္လန္းၾကတာေၾကာင့္ ႐ွီ႐ွန္းတို႔ လမ္းတစ္ေလွ်ာက္မွာ အနီနဲ႔အစိမ္းေရာင္ ပန္းခင္းႀကီး႐ွိေနတယ္
ခနေလာက္ကားကပတ္ေမာင္းအၿပီးမွာေတာ့ ႐ွီ႐ွန္းက ပန္းခင္းႀကီးၾကားမွာ ကားရပ္လိုက္တယ္
သူမကစကားလည္းတစ္ခြန္းမွမေျပာသလို လႈပ္လည္းမလႈပ္ဘူး ကားေပၚမွာပဲ ထိုင္ေနၿပီးေ႐ွ႕ကိုပဲတည့္တည့္ၾကည့္ေနတယ္
႐ွီရင္းက သူ႕ကိုယ္သူစိတ္ေအးေအးထားဖို႔ ေျဖာင္းျဖေနေပမယ့္ သူမအခုလို ၿငိမ္ေနတာေၾကာင့္ ပိုပိုၿပီး စိတ္ဖိစီးလာတယ္ သူမၿငိမ္ေနတာထပ္စာရင္ သူ႕ကိုေဒါသတႀကီး ေအာ္ေငါက္ပစ္လိုက္တာက ေတာ္ေသးတယ္
႐ွီရင္းက အားတင္းၿပီး တိတ္ဆိတ္မႈကို စတင္ၿဖိဳခြဲလိုက္တယ္ "အဲ့တုန္းက ကိုယ့္စိတ္ေတြက အေတာ္ေလး႐ႈပ္ေထြးေနခဲ့တာ..မင္းကိုမေျပာဘဲ ထြက္သြားမိတာ ကိုယ္မွားတာပါ.."
"႐ွင္ သူမကို ထိခဲ့တယ္.."
႐ွီရင္းက သူမရဲ႕ ႐ုတ္တရပ္တုန္႔ျပန္မႈေၾကာင့္ ေၾကာင္သြားတယ္ ' ဘာလဲ? '
႐ွီ႐ွန္းက တစ္႐ွဴးဘူးထဲက တစ္႐ွဴးေတြတစ္႐ြက္ၿပီးတစ္႐ြက္ထုတ္ၿပီး သူခုနက ဟိုအမ်ိဳးသမီးကို ထိခဲ့တဲ့ လက္ေခ်ာင္းကို သဲႀကီးမဲႀကီး ပြတ္သုတ္ေနတယ္
႐ွီရင္းက သူမကိုၾကည့္ရင္း တျဖည္းျဖည့္ရီခ်င္လာတယ္ 'ဒါဆို သူမက ခုနက ဟာကို စိတ္ဆိုးေနတာေပါ့..'
႐ွီရင္းက ပြတ္တိုက္ခံရပါမ်ားလို႔ နီရဲလာတဲ့ သူ႕လက္ေခ်ာင္းကိုၾကည့္ေနတယ္ 'ငါ့လက္ကို ဘယ္ေလာက္ၾကာၾကာပြတ္ေနဖို႔ သူမေတြးထားတာလဲ..'
႐ွီ႐ွန္းက သူ႕လက္ကို လႊတ္လိုက္ၿပီး သူမရဲ႕ လက္ေမာင္းေတြနဲ႔ သူ႕ကို သိုင္းဖက္လိုက္ကာ သူမရဲ႕မ်က္ႏွာကို သူ႕လည္ပင္းမွာအပ္လိုက္တယ္ "တျခားလူေတြကိုမထိနဲ႔..မဟုတ္ရင္ ကြၽန္မရဲ႕ေဒါသကို မထိန္းႏိုင္မွာေၾကာက္မိတယ္"
သူမရဲ႕ စိတ္မွာျပႆနာ႐ွိေနမွန္း ႐ွီ႐ွန္းလည္းသတိထားမိတယ္ သူမသာ တစ္ခုခုကိုႀကိဳက္တယ္ဆိုရင္ အဲ့အရာကိုအလြန္အၾကဴးပိုင္ဆိုင္လိုစိတ္ႀကီးမားတတ္တယ္ ဒါေၾကာင့္ ႐ွီ႐ွန္းက ေတာ္႐ုံဆိုရင္ ဘယ္အရာကိုမွ သံေယာဇဥ္မထားတာျဖစ္တယ္
ဒါေပမယ့္ ဖုန္းစီကိုေတာ့ သူမ မႀကိဳက္ဘဲ မေနႏိုင္ဘူး..သူမက သူ႕ရဲ႕ အရာအားလုံးကို လိုခ်င္တယ္ သူ အျခားတစ္ေယာက္ေယာက္ကို ထိလိုက္တယ္ ဆိုရင္ေတာင္ ႐ွီ႐ွန္းက သူတို႔ကိုသတ္ပစ္လိုက္ခ်င္တယ္
႐ွီရင္းရဲ႕ ႏွလုံးသားက တင္းက်ပ္သြားၿပီး မေဖာ္ျပႏိုင္တဲ့ နာက်င္မႈက လႊမ္းျခဳံသြားသလို ခံစားလိုက္ရတယ္
"ကိုယ္မလုပ္ေတာ့ပါဘူး..ကိုယ္ အျခားလူေတြကို မထိေတာ့ဘူး.."
အစတုန္းကေတာ့ ႐ွီရင္းက ဒီထူးဆန္းတဲ့ ခံစားခ်က္ကို လက္မခံခ်င္လို႔ ႐ွီ႐ွန္းနဲ႔ အေဝးကို ထြက္ေျပးခဲ့တာဆိုေပမယ့္ သူ႕ေခါင္းထဲမွာ တစ္ခ်ိန္လုံး သူမအေၾကာင္းကိုပဲ ေတြးေနမိခဲ့တယ္
သူမ နယ္ေျမထဲကို ျပန္လာတယ္ ဆိုတဲ့ သတင္းကိုၾကားတာနဲ႔ အျခားဘာကိုမွမစဥ္းစားႏိုင္ေတာ့ပဲ သူလည္း သူမဆီသြားခဲ့တယ္
သူ မီႏိုင္းအတုနဲ႔ ေတြ႕ခဲ့ေပမယ့္ သူမလည္းဒီမွာ ႐ွိေနတယ္ဆိုတာကို သိလိုက္ရတယ္ ေလထုထဲမွာ သူမရဲ႕ အနံ႔ေတြ အျပည့္ပဲ..သူ အဲ့ဒါကို ခံစားမိတယ္
တစ္စုံတစ္ေယာက္က သူ႕ကို ေျပာခဲ့တယ္ "တခ်ိဳ႕ ခံစားခ်က္ေတြက မင္းျငင္းခ်င္တိုင္း ျငင္းလို႔မရႏိုင္ဘူး.."
သူက ႐ွီ႐ွန္းကို ျပန္ေထြးေပြ႕လိုက္ၿပီး သူမရဲ႕ေနာက္ေက်ာကို ခပ္ဖြဖြ ပုတ္ေပးေနလိုက္တယ္ 'ျငင္းဆန္လို႔မရႏိုင္မွေတာ့ လက္ခံလိုက္ၾကတာေပါ့...'
.......................
Translated by dora💜and mia💙