ရှီရှန်း (႐ွီ႐ွန္း) Book 2...

By Hanpandora

816K 125K 3.1K

This is not my own story just for offline reading and Myanmar transalation . full crd to original uploder and... More

Transalator note
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17
Arc 5.18
Sorry!!!
Arc 5.19
Arc 5.20
Arc 5.21
Arc 5.22
Arc 5.23
Arc 5.24
Arc 5.25
Arc 5.26
Arc 5.27
Arc 5.28
Arc 5.29
Arc 5.30
Arc 5.31
Arc 5.32 End
​ပေ့ကျဲ့ (special episode)
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.11 (ဒီတစ်ခါ တကယ်😂)
Arc 6.12
Arc 6.13
Arc 6.14
Arc 6.15
Arc 6.16
Arc 6.17
Note
Arc 6.18
Arc 6.19
Arc 6.20
Arc 6.21
Arc 6.22
Arc 6.23
Arc 6.24
Arc 6.25
Arc 6.26
Arc 6.27
Arc 6.28
Arc 6.29
Arc 6.30
Arc 6.31
Arc 6.32 End
welcom back💜💙
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 7.16
Arc 7.17
Arc 7.18
Arc 7.19
Arc 7.20
Arc 7.21
Arc 7.22
Arc 7.23
Arc 7.24
Arc 7.25
Arc 7.26
Arc 7.27
Arc 2.28
Arc 7.29
Arc 7.30
Arc 7.31
Arc 7.32
Arc 7.33
Arc 7.34[END]
spoiler alert❣
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.11
Arc 8.12
Arc 8.13
Arc 8.14
Arc 8.15
Arc 8.16
Arc 8.17
Arc 8.18
Arc 8.19
Arc 8.20
Arc 8.21
Arc 8.22
Arc 8.23
Arc 8.24
Arc 8.25
Arc 8.26
Arc 8.27
Arc 8.28
Arc 8.29
Arc 8.30
Arc 8.31End
Arc 8 Extra(ဖုန်းကျင်း)
Arc 9.1
Warning
Arc 9.2
Arc 9.3
Arc 9.4
Arc 9.5
Arc 9.6
Arc 9.7
Arc 9.8
Arc 9.9
Arc 9.10
Arc 9.11
Arc 9.12
Arc 9.13
Arc 9.14
Arc 9.15
Arc 9.16 + 9.17
Arc 9.18
Arc 9.19
Arc 9.20
Arc 9.21
Arc 9.22
Arc 9.23
Arc 9.24 END
Arc 10.1
Arc 10.2
Arc 10.3
Arc 10.4
Arc 10.5
Arc 10.6
Arc 10.7
Arc 10.8
Arc 10.9
Arc 10.10
Arc 10.11
Arc 10.12
Arc 10.13
Arc 10.14
Arc 10.15
Arc 10.16
Arc 10.18
Arc 10.19
Arc 10.20
Arc 10.21
Arc 10.22
Arc 10.23
Arc 10.24
Arc 10.25
Arc 10.26
Arc 10.27
Arc 10.28
Arc 10.29
Arc 10.30
Arc 10.31
Arc 10.32
Arc 10.33
Arc 10.34
Arc 10.35
Arc 10.36
Arc 10.37
Arc 10.38
Arc 10.39 to extra

Arc 10.17

2.8K 430 0
By Hanpandora

Unicode

ရှီရှန်းက ကျောင်းဝင်းထဲကနေ ထွက်မသွားရသေးဘူး သူမက အခုတော့ ဇာတ်လိုက်နှစ်ယောက်ကို ကြည့်ရင်း အလုပ်ရှုပ်နေတယ် သူမ တမင်စီစဉ်ထားတာတော့မဟုတ်ပါဘူး..သူမ ခေါင်မိုးထပ်မှာ တစ်ရေးအိပ်ဖို့ကြံနေတုန်း သူတို့ရောက်လာကြတာ

ဘိုးအေကြီးအဆင့် သူခိုးစွမ်းရည်နဲ့ သူမကို ကျိုးလဲ့ နဲ့ အိုက်‌ဝေတို့ သတိမထားမိတာက အထူးအဆန်းတော့ မဟုတ်ပါဘူး

အိုက်ဝေကို ကြည့်ရတာ အတော်လေးစိတ်မပါ လက်မပါ ပုံစံဖြစ်နေပြီး သူမရဲ့ ခြေထောက်တွေကလည်း အကြောက်တရားကြောင့် တဆတ်ဆတ်တုန်ရီနေကြတယ်

အိုက်ဝေရဲ့ ပုံစံကို မြင်ပြီး ရှီရှန်းရဲ့ မေးစေ့က ရင်ဘတ်ကို ထိလုနီးပါးထိ ပြုတ်ကျသွားတော့မလို ဖြစ်သွားတယ် 'ငါပြောပါအုံးမယ် ..ဇာတ်လိုက်မရယ်..နင်အဲ့လောက်ထိကြောက်နေရင်လည်း အိမ်မှာပဲ နေလိုက်ပါတော့လား..ဘာဖြစ်လို့ကျောင်းကိုလာပြီး တရားခံအတွက် ငါးစာလှလှလေး လာလုပ်နေရသေးတာလဲ..နင့်ကိုကြည့်ရတာလည်း အနိုင်ကျင့်ချင်စရာလေးအေ..တကယ်ပါပဲ..'

"မင်း....မင်း..ကိုယ့်ကို အဲ့လောက်တောင် ကြောက်တာလား.." ကျိုးလဲ့က အတော်လေး နာကျင်နေပုံပေါ်တယ်

အိုက်ဝေက သူမနှုတ်ခမ်းကို ကိုက်လိုက်တယ် "ပြောစရာ ရှိတာ မြန်မြန်ပြော.. ငါ့ကို ရှာမတွေ့ရင် စုန့်ကော်စိတ်ပူနေလိမ့်မယ်.."

ကျိုးလဲ့က သူမအနားကိုတိုးသွားတဲ့အချိန်မှာ အိုက်ဝေကလည်း အနောက်ကိုတုန်ရီစွာ ဆုတ်သွားတယ် သူမရဲ့ မျက်ဝန်းထဲမှာ အကြောက်တရားနဲ့ ငြင်းပယ်မှုတွေ အပြည့်ဖြစ်နေတယ်

ကျိုးလဲ့က နေရာမှာတင်ရပ်သွားပြီး အိုက်ဝေကို မယုံနိုင်စွာကြည့်နေတယ် 'သူမ ငါ့ကို အဲ့လောက်တောင် ကြောက်တာလား..'

မူလဇာတ်ကြောင်းမှာတုန်းက မီနိုင်းက စုန့်ကော်စန်းကို အချိန်အကြာကြီး ပိုးပန်းခဲ့တာကြောင့် အိုက်ဝေက မနာလိုမှုတွေနဲ့ စိတ်ဒုက္ခရောက်နေတုန်း ကျိုးလဲ့နဲ့ အတော်လေး ရင်းနှီးခဲ့တယ် ပြီးတော့ ကျိုးလဲ့ကို တဖြည်းဖြည်းချင်း ကြွေလာတယ်

အခုတော့ ရှီရှန်းက စုန့်ကော်စန်းနဲ့ အိုက်ဝေကြားမှာ လိုက်ပြီး မနှောက်ယှက်တာကြောင့် ဇာတ်လိုက်နှစ်ယောက်ရဲ့ ထိတွေ့ ဆက်ဆံမှုကလည်း ပိုနည်းသွားပြီး အိုက်‌ဝေ ကျိုးလဲ့ကို ကြွေရမယ့် ဇာတ်ဝင်ခန်းတွေလည်း ပျောက်ကုန်တယ်  တစ်ဖက်မှာလည်း အိုက်ဝေက ကျောင်းမှာဖြစ်နေတဲ့ ဗန်ပိုင်းယားမှုခင်းတွေကြောင့် ကျိုးလဲ့ကို ရှောင်ဖယ်လိုတဲ့ အရိပ်အယောင်တွေ ပြလာတယ်

ရင်နာနေရပေမယ့်လည်း ကျိုးလဲ့က အိုက်ဝေကို သူပြောချင်တဲ့ စကားကို ပြောလိုက်တယ် "ကိုယ့်ဆီကိုလာခဲ့ပါ..စုန့်ကော်စန်းနဲ့ အတူရှိနေရင် မင်းအတွက် အန္တရာယ် ရှိတယ်.."

"စုန့်ကော်နဲ့ငါ အရမ်းအဆင်ပြေနေပါတယ်..ကျိုးလဲ့..ငါတို့ နောက်ထပ် မတွေ့ကြရအောင်.." အိုက်ဝေက နူးညံ့စွာပြောလိုက်တယ် "ပြီးတော့..နင်လည်း ဒီကျောင်းကနေ အမြန်ဆုံး ထွက်သွားသင့်ပြီ..သူတို့သာ နင့်အကြောင်းသိသွားကြရင် နင်လည်း..."

" အိုက်ဝေ..တွေ့လား..မင်း ကိုယ့်ကို ဂရုစိုက်နေတုန်းပဲ..ကိုယ့်ဆီလာခဲ့ပါ.. ကိုယ် မင်းကိုကာကွယ်ပါ့မယ်" ကျိုးလဲ့က သူ့ရဲ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ဆုံးရှုံးသွားပုံပေါ်ပြီး အိုက်ဝေရဲ့ လက်မောင်းကို လှမ်းဆွဲလိုက်တော့တယ်

" ကျိုးလဲ့..အား..နင် ငါ့ကို နာအောင်လုပ်နေပြီ.." အိုက်ဝေက ရုန်းနေတယ် ဒါပေမယ့် ကျိုးလဲ့က သူမပြောနေတာကို ဘာမှမကြားရသလို တင်းတင်းကြပ်ကြပ်ဆွဲထားတုန်းပဲ..

ကျိုးလဲ့က  မျက်နှာပျက်စွာပြောလိုက်တယ် "စုန့်ကော်စန်းက မင်းထင်ထားသလို လူကောင်းမဟုတ်ဘူး..ကိုယ့်ကို ဒီတစ်ခုတော့ ယုံပါ.."

"ကျိုးလဲ့.." အိုက်ဝေက ကျိုးလဲ့လက်ကနေ လွတ်အောင်မရုန်းနိုင်တာကြေကာင့် နာကျင်မှုကို တောင့်ခံနေရရုံပဲ တတ်နိုင်တယ် သူမရဲ့ ခန္ဓာကိုယ်က ကြောက်ရွံ့မှုနဲ့ နာကျင်မှုကြောင့် တုန်ရင်နေတယ် "စုန့်ကော်က လူကောင်း..သူက ငါ့အပေါ်အရမ်းကောင်းတယ်..ပြီးတော့ နင်ကိုယ်တိုင်ပဲ ငါတို့ကို အောင်သွယ် ပေးခဲ့တာလေ..ဘာဖြစ်လို့ အခုမှ အဲ့လို ပြောနေရတာလဲ.."

ကျိုးလဲ့က အိုက်ဝေရဲ့ လက်ကို ရုတ်တရပ် လွှတ်ပေးလိုက်ပြီး ထိုးနှက်မှု ကြီးကြီးမားမားကို ခံစားလိုက်ရတဲ့ ပုံနဲ့ နောက်ကို ခြေလှမ်းအနည်းငယ်လောက်ဆုတ်သွားတယ် 'ဟုတ်တယ်..သူမကို စုန့်ကော်စန်းဆီ ပို့လိုက်မိတာ ငါကိုယ်တိုင်ပဲ...'

အိုက်ဝေက သူမရဲ့လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းကိုကိုက်ကာ ကျိုးလဲ့ကို ကျောခိုင်းလိုက်တယ်

" ရှင်...ဂရုစိုက်ပါ.."

ဒါပေမယ့် သူမထွက်သွားတော့မယ် အချိန်မှာပဲ ကျိုးလဲ့ရဲ့ ရုတ်တရပ်လှမ်းဆွဲတာကို ခံလိုက်ရပြီး သူ့ရဲ့ အေးစက်တဲ့ ရင်ခွင်ထဲကို ထည့်သွင်းခြင်းခံလိုက်ရတယ် တစ်ချိန်ထဲမှာ သူမရဲ့ နှုတ်ခမ်းတွေကိုလည်း အသိမ်းပိုက်ခံလိုက်ရတယ်

အိုက်ဝေရဲ့ မျက်လုံးတွေက ပြူးကျယ်သွားပြီး ကိစ္စတွေကို ဦးနှောက်နဲ့ မစဉ်းစားနိုင်လိုက်သေးခင်မှာပဲ သူမရဲ့လက်က အရင် လှုပ်ရှားသွားတယ်

" ဖြန်း!!! "လက်ဝါးတစ်ချက်က ကျိုးလဲ့ ရဲ့မျက်နှာပေါ်ကျရောက်သွားတယ် သူသတိလွတ်နေတုန်းမှာပဲ အိုက်ဝေက သူ့ရင်ခွင်ထဲကနေ ရုန်းထွက်နိုင်သွားတယ်

"ကျိုးလဲ့..နင်ရူးသွားပြီပဲ.." အိုက်ဝေက သူမရဲ့ နှုတ်ခမ်းကို လက်နဲ့ အကြမ်းပတမ်းပွတ်လိုက်ပြီး မျက်ဝန်းထဲကနေ မျက်ရည်တွေ ထိန်းမနိုင်သိမ်းမရ စီးကျလာတယ်

ကျိုးလဲ့က ဘာမှမပြောဘဲ သူမကို စိုက်ကြည့်နေတယ် ..သူ့မျက်ဝန်းထဲမှာ မယုံနိုင်မှုတွေ..နာကျင်မှုတွေ..ခါးသီးမှုတွေ..နောင်တတရားတွေ အပြည့်နဲ့..

အဲ့ဒီအကြည့်နဲ့ ရင်ဆိုင်လိုက်ရတဲ့အခါမှာ အိုက်ဝေက ပြာခနဲ ဖြစ်သွားပြီး လှေကားကနေ ပြေးဆင်းသွားတော့တယ်..

သူမက လှေကားထစ်တွေကနေ ဆင်းနေတုန်း သူမကိုယ်သူမ ထပ်ခါထပ်ခါရေရွတ်နေတယ်

'ငါကြိုက်တဲ့ သူက စုန့်ကော်စန်းပဲ..ကျိုးလဲ့က ဗန်ပိုင်းယား..'

သူမက အမြန်ပြေးဆင်းနေတာကြောင့် နောက်ဆုံးလှေကားထစ်ကနေဆင်းနေတဲ့ ခြေလှမ်းက ချော်သွားပြီး ဟန်ချက်မညီဖြစ်သွားတယ်

သူမပြုတ်ကျတော့မယ့် အချိန်မှာပဲ လူတစ်ယောက်က သူမကို လှမ်းဖမ်းလိုက်တယ်

အိုက်ဝေက အသဲအသန်တုန်ရီနေပြီး ခနလောက်ကြာမှ သူမကို ဖမ်းပေးထားတဲ့ သူကို မော့ကြည့်လိုက်တော့မှ ကြောက်ရွံ့မှုတွေ ၊ မရေရာမှုတွေ အကုန်ပျောက်သွားတော့တယ်

"အရူးမလေး..ဘာဖြစ်လို့ ငိုနေရတာလဲ..မင်းကို တစ်ယောက်ယောက်က အနိုင်ကျင့်လိုက်လို့လား.." စုန့်ကော်စန်းက အိုက်ဝေရဲ့ မျက်နှာကို လက်နဲ့ ပင့်လိုက်ပြီး သူနဲ့ အကြည့်ချင်း ဆုံစေလိုက်တယ်

"..ဘာမှမဖြစ်ပါဘူး.." အိုက်ဝေက မောရှိုက်စွာပြောလိုက်တယ်

'ငါ ကျိုးလဲ့ နဲ့ တွေ့လာတာ သိသွားရင် စုန့်ကော်စိတ်ဆိုးလိမ့်မယ်..'

"မနေ့ညက ကိစ္စကိုတွေးမိပြီး ကြောက်လာလို့ပါ.."

"ကိုယ်ရှိတယ်..မကြောက်ပါနဲ့.." စုန့်ကော်စန်းက အိုက်ဝေရဲ့ မျက်ရည်စတွေကို နူးနူးညံ့ညံ့သုတ်ပေးလိုက်တယ် "မင်းက ငိုရင်မလှဘူး..အဲ့ဒါကြောင့်မငိုပါနဲ့.."

အိုက်ဝေက ခပ်တိုးတိုး ရှိုက်နေတယ်

စုန့်ကော်စန်းက အိုက်ဝေကို ဖက်ထားပေးလိုက်တယ်

သူ့ရဲ့အကြည့်တွေကတော့ အိုက်ဝေပြေးဆင်းလာတဲ့ လှေကားဘက်ကိုရောက်သွားတယ်                   အဲ့ဒီအကြည့်တစ်ချက်က မတော်တဆလား..ရည်ရွယ်ချက် ရှိရှိလား ဆိုတာကတော့ သူကိုယ်တိုင်ပဲ သိမှာပဲ..

.................

ကျိုးလဲ့ကတော့  ခုနကနေရာမှာတင် ခေါင်းငိုက်စိုက်နဲ့ ရပ်နေတယ် သူ့ကိုကြည့်ရတာ အတော်လေးကို သနားစရာကောင်းနေတယ်

ရှီရှန်းက သူမပုန်းနေတဲ့ နေရာကနေထွက်လာတယ်

"နင် သူ့ကို အဲ့လောက်ကြိုက်နေမှ‌တော့ တစ်ခါတည်း ပြန်ပေးဆွဲသွားလိုက်ပါတော့လား.."

ကျိုးလဲ့က ခေါင်းမော့လာတယ် သူ့မျက်ခုံးတွေကတော့ စိတ်ဖိစီးမှုကြောင့် ကွေးကျုံ့နေကြတယ် "မင်း ဘယ်လိုရောက်လာတာလဲ.."

" ငါ ဒီမှာ အစကတည်းကရှိနေတာလေ." ရှီရှန်းက တစ်ဝါးဝါးသမ်းလိုက်တယ် "နင်တို့ကသာ မသိကြတာ..ပြီးတော့ ငါပြောတဲ့ အကြံကို နင်လိုက်လုပ်လို့ရတယ်နော်..သားလေး....ဒီမေမေကြီးမှာ နင့်အတွက် ‌မျှော်လင့်ချက် ရှိတယ်..."

တကယ်တော့ ရှီရှန်းက သူ့ကို အခြားတစ်ယောက်ပြောင်းကြိုက်လိုက်ဖို့သာ ပြောချင်နေတာ..မူလဇာတ်ကြောင်းမှာကတည်းက ဇာတ်လိုက်မက ကျိုးလဲ့ကို လိုသုံးလိုပဲသဘောထားတာလေ..သူမက လုံးဝသစ္စာမရှိဘူး..စုန့်ကော်စန်းနဲ့ ပြတ်သွားတာနဲ့ ကျိုးလဲ့ရဲ့ ရင်ခွင်ထဲကို ခုန်ဝင်လိုက်တော့တာပဲ..

ဒါပေမယ့် ရှီရန်းက ကျိုးလဲ့ ဘယ်သူ့ကို ကြိုက်ကြိုက် သူမနဲ့မဆိုင်တာကြောင့် ဘာမှပြောမနေတော့တာ..

'လောလောဆယ်မှာ ငါ့ရဲ့ မိတ်ဖက်ကတောင် ဘယ်ကမ္ဘာကိုရောက်နေမှန်းမသိဘူး..သူများကိစ္စ လျှာဝင်မရှည်တာပဲကောင်းတယ်..'

ကျိုးလဲ့က သူ့ခေါင်းကို ပြန်ငုံ့လိုက်တယ် သူ ရှီရှန်းပြောတဲ့နည်းလမ်းကို မစဉ်းစားမိဖူးတာဘယ်ဟုတ်ပါ့မလဲ..ဘာပဲဖြစ်ဖြစ် အိုက်ဝေကမှ သူ့ကို မကြိုက်တာ..ဘာထူးမှာလဲ....

..................

ကျိုးလဲ့က ဗန်ပိုင်းယားနယ်မြေထဲကို ပြန်သွားတယ်

သူမရဲ့ အပျင်းဖြေစရာလေးတွေ မရှိတော့တဲ့ နောက်မှာတော့ ရှီရှန်းလည်း  သူမကို ချောက်ချတဲ့ ခွေးသူတောင်းစားကိုပဲ လိုက်ရှာနေရတော့တယ်

ကိုယ့်အတွက်ကိုယ်‌တောင် လက်စားမခြေနိုင်ရင် ရှီရှန်းမဟုတ်တော့ဘူးလေ..

'ငါ့ကိုများ ချောက်တွန်းချင်တယ်ပေါ့..အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်..'

အဲ့နေ့ညမှာ ရှီရှန်းက တုကျွယ်တို့ အဖွဲ့ ထောက်ချောက်ဆင်နေကြတာကို စောင့်ကြည့်နေတယ်

အချိန်တွေအများကြီး ကုန်သွားတောင် ဘာမြှဖစ်မလာဘူး..

ရှီရှန်းက သစ်ပင်ပင်စည်ကို မှီထိုင်ရင်း စောင့်နေရတာ ပျင်းလာတယ် သူမထွက်သွားတော့မယ့် အချိန်မှာပဲ အပင်ပေါ်ကနေ အရိပ်တစ်ခု ပြုတ်ကျလာတယ်

ရှီရှန်း '..သောက်ပလုတ်တုတ်!!!!.....'

ရှီရှန်းက အရိပ်ကို ဓါးနဲ့ ခုတ်ပိုင်းပစ်လိုက်တယ် ဓါးက သစ်ပင် ပင်စည်ကိုသာ ထိသွားပြီး အပင်ပေါ်က သစ်ရွက်တွေ ကြွေကျလာကုန်တယ်

'ငါ့ကို လန့်ပြီးသေစေချင်နေတာလား..'

ရှီရှန်းက တကယ် လန့်သွားတာဖြစ်တယ် သူမလည်း လူသားတစ်ယောက်ပဲလေ..တစ်ခုခုရုတ်တရပ်ပေါ်လာတဲ့အခါ ဖြစ်သွားတဲ့ သူမရဲ့ တုန့်ပြန်မှုက တကယ်ကို ပုံမှန်ပဲ....

'ဒါပေမယ့် အဲ့ဒါက တကယ်ပဲ ဘာကြီးလဲ..ငါတောင် သတိမထားမိလိုက်ဘဲ ငါ့နဲ့ အဲ့လောက်ကြီး နီးနီးကပ်ကပ်နေနိုင်တယ်ပေါ့..'

ရှီရှန်းက တစ်ကိုယ်လုံး ကြက်သီးတွေ ထလာတယ် ရှီရှန်းက အရွက်တွေကြားထဲကို မော့ကြည့်လိုက်တယ် မဲမှောင်နေတာကြောင့် ဘာမှမမြင်ရဘူး.. ခုနက အရိပ်က သူမ မလာခင်ကတည်းက ရောက်နှင့်နေတာမဟုတ်ရင် သူမထပ်တောင် အပုန်းတော်လို့ပဲ ဖြစ်လိမ့်မယ်

ရှီရှန်းစိတ်ရှုပ်ထွေးနေတုန်းမှာ ခပ်လှမ်းလှမ်းကနေ စူးစူးဝါးဝါးအော်သံတွေထွက်လာတယ်

ရှီရှန်း အဲ့နေရာကိုရောက်သွားတဲ့ အချိန်မှာ ခုနက အရိပ်မဲကို လူတွေက ဝိုင်းထားကြပြီဖြစ်တယ်

အဲ့ဒီသူက တစ်ကိုယ်လုံး အမဲရောင်ဝတ်ထားပြီး မျက်လုံးကလွဲရင် မျက်နှာကိုတောင် အမဲရောင်နဲ့ အုပ်ထားသေးတယ် အမဲကိုအဖြူသာပြောင်းလိုက်မယ်ဆိုရင် မံမီနဲ့တောင် မှားနိုင်တယ်

အရိပ်မဲ ရဲ့ လက်ထဲမှာ, ကောင်မလေး တစ်ယောက်ရှိနေတယ် ခုနကအော်သံက အဲ့ဒီကောင်မလေး ဆီကနေလာတာဖြစ်တယ်

"မီနိုင်း..မင်း ဒီနေ့တော့ ပြေးမလွတ်နိုင်တော့ဘူး.." အရိပ်မဲကို ဝိုင်းထားတဲ့ လူတွေထဲက တစ်ယောက်က လှမ်းအော်လိုက်တယ်

"ကယ်..ကယ်ကြပါ.." အရိပ်မဲ လက်ထဲက ကောင်မလေးက ကြောက်လန့်တကြားအမူအရာနဲ့ အော်ဟစ်နေတယ်

အရိပ်မဲက ကောင်မလေးရဲ့ လည်ပင်းနားကို ခေါင်းငုံ့သွားပြီး ၃စက္ကန့်လောက် အကြာမှာတော့ အရည်တစ်ခုခုကို အငမ်းမရ မျိုချလိုက်တဲ့ အသံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်

ရှီရှန်းက သူမကို ရှီရင်း သွေးအတင်းတိုက်တုန်းကအကြောင်းကို ပြန်စဉ်းစားမိသွားပြီး အော်ဂလီဆန်လာတယ်

သူမက သွေးမြင်ရတာ ဒါမှမဟုတ် သွေးညှီနံ့ရတာ တွေထိ အဆင်ပြေပါတယ် ဒါပေမယ့် အဲ့ဒီ ညှီစို့စို့ စေးကပ်ကပ်အရည်ကြီးက သူမလည်ချောင်းတစ်လျှောက်စီးဆင်းသွားတဲ့ ခံစားချက်ကြီးကတော့...

ရှီရှန်းက သူမရဲ့အန်ချင်စိတ်ကို ထိန်းချုပ်ဖို့အတွက် အသက်ပြင်းပြင်းရှူနေရတယ် ..သူမခေါင်းကိုပြန်မော့လိုက်တဲ့ အချိန်မှာတော့ အရိပ်မဲနဲ့ ဟိုလူတွေက တိုက်ခိုက်နေကြပြီဖြစ်တယ်

အရိပ်မဲက အဘက်ဘက်ကနေ တိုက်ခိုက်ခံနေရတယ် သေရေးရှင်ရေး အချိန်မှာ တစ်ယောက်ယောက်က သူ့အနားကို ကပ်သွားနိုင်လိုက်ပြီး သူ့ခေါင်းမှာ စွပ်ထားတဲ့ မျက်နှာဖုံးကို ဆွဲချွတ်နိုင်သွားတယ် မျက်နှာဖုံး ကျွတ်သွားတာနဲ့ အရိပ်မဲရဲ့ မျက်နှာအပြည့်အစုံကို မြင်လိုက်ရတယ်

ရှီရှန်းရဲ့ မျက်ဝန်းတွေက ပြူးကျယ်သွားတယ်

Translated by dora💜 and mia💙

Zawgyi

႐ွီ႐ွန္းက ေက်ာင္းဝင္းထဲကေန ထြက္မသြားရေသးဘူး သူမက အခုေတာ့ ဇာတ္လိုက္ႏွစ္ေယာက္ကို ၾကည့္ရင္း အလုပ္႐ႈပ္ေနတယ္ သူမ တမင္စီစဥ္ထားတာေတာ့မဟုတ္ပါဘူး..သူမ ေခါင္မိုးထပ္မွာ တစ္ေရးအိပ္ဖို႔ၾကံေနတုန္း သူတို႔ေရာက္လာၾကတာ

ဘိုးေအႀကီးအဆင့္ သူခိုးစြမ္းရည္နဲ႔ သူမကို က်ိဳးလဲ့ နဲ႔ အိုက္‌ေဝတို႔ သတိမထားမိတာက အထူးအဆန္းေတာ့ မဟုတ္ပါဘူး

အိုက္ေဝကို ၾကည့္ရတာ အေတာ္ေလးစိတ္မပါ လက္မပါ ပုံစံျဖစ္ေနၿပီး သူမရဲ႕ ေျခေထာက္ေတြကလည္း အေၾကာက္တရားေၾကာင့္ တဆတ္ဆတ္တုန္ရီေနၾကတယ္

အိုက္ေဝရဲ႕ ပုံစံကို ျမင္ၿပီး ႐ွီ႐ွန္းရဲ႕ ေမးေစ့က ရင္ဘတ္ကို ထိလုနီးပါးထိ ျပဳတ္က်သြားေတာ့မလို ျဖစ္သြားတယ္ 'ငါေျပာပါအုံးမယ္ ..ဇာတ္လိုက္မရယ္..နင္အဲ့ေလာက္ထိေၾကာက္ေနရင္လည္း အိမ္မွာပဲ ေနလိုက္ပါေတာ့လား..ဘာျဖစ္လို႔ေက်ာင္းကိုလာၿပီး တရားခံအတြက္ ငါးစာလွလွေလး လာလုပ္ေနရေသးတာလဲ..နင့္ကိုၾကည့္ရတာလည္း အႏိုင္က်င့္ခ်င္စရာေလးေအ..တကယ္ပါပဲ..'

"မင္း....မင္း..ကိုယ့္ကို အဲ့ေလာက္ေတာင္ ေၾကာက္တာလား.." က်ိဳးလဲ့က အေတာ္ေလး နာက်င္ေနပုံေပၚတယ္

အိုက္ေဝက သူမႏႈတ္ခမ္းကို ကိုက္လိုက္တယ္ "ေျပာစရာ ႐ွိတာ ျမန္ျမန္ေျပာ.. ငါ့ကို ႐ွာမေတြ႕ရင္ စုန္႔ေကာ္စိတ္ပူေနလိမ့္မယ္.."

က်ိဳးလဲ့က သူမအနားကိုတိုးသြားတဲ့အခ်ိန္မွာ အိုက္ေဝကလည္း အေနာက္ကိုတုန္ရီစြာ ဆုတ္သြားတယ္ သူမရဲ႕ မ်က္ဝန္းထဲမွာ အေၾကာက္တရားနဲ႔ ျငင္းပယ္မႈေတြ အျပည့္ျဖစ္ေနတယ္

က်ိဳးလဲ့က ေနရာမွာတင္ရပ္သြားၿပီး အိုက္ေဝကို မယုံႏိုင္စြာၾကည့္ေနတယ္ 'သူမ ငါ့ကို အဲ့ေလာက္ေတာင္ ေၾကာက္တာလား..'

မူလဇာတ္ေၾကာင္းမွာတုန္းက မီႏိုင္းက စုန္႔ေကာ္စန္းကို အခ်ိန္အၾကာႀကီး ပိုးပန္းခဲ့တာေၾကာင့္ အိုက္ေဝက မနာလိုမႈေတြနဲ႔ စိတ္ဒုကၡေရာက္ေနတုန္း က်ိဳးလဲ့နဲ႔ အေတာ္ေလး ရင္းႏွီးခဲ့တယ္ ၿပီးေတာ့ က်ိဳးလဲ့ကို တျဖည္းျဖည္းခ်င္း ေႂကြလာတယ္

အခုေတာ့ ႐ွီ႐ွန္းက စုန္႔ေကာ္စန္းနဲ႔ အိုက္ေဝၾကားမွာ လိုက္ၿပီး မေႏွာက္ယွက္တာေၾကာင့္ ဇာတ္လိုက္ႏွစ္ေယာက္ရဲ႕ ထိေတြ႕ ဆက္ဆံမႈကလည္း ပိုနည္းသြားၿပီး အိုက္‌ေဝ က်ိဳးလဲ့ကို ေႂကြရမယ့္ ဇာတ္ဝင္ခန္းေတြလည္း ေပ်ာက္ကုန္တယ္  တစ္ဖက္မွာလည္း အိုက္ေဝက ေက်ာင္းမွာျဖစ္ေနတဲ့ ဗန္ပိုင္းယားမႈခင္းေတြေၾကာင့္ က်ိဳးလဲ့ကို ေ႐ွာင္ဖယ္လိုတဲ့ အရိပ္အေယာင္ေတြ ျပလာတယ္

ရင္နာေနရေပမယ့္လည္း က်ိဳးလဲ့က အိုက္ေဝကို သူေျပာခ်င္တဲ့ စကားကို ေျပာလိုက္တယ္ "ကိုယ့္ဆီကိုလာခဲ့ပါ..စုန္႔ေကာ္စန္းနဲ႔ အတူ႐ွိေနရင္ မင္းအတြက္ အႏၲရာယ္ ႐ွိတယ္.."

"စုန္႔ေကာ္နဲ႔ငါ အရမ္းအဆင္ေျပေနပါတယ္..က်ိဳးလဲ့..ငါတို႔ ေနာက္ထပ္ မေတြ႕ၾကရေအာင္.." အိုက္ေဝက ႏူးညံ့စြာေျပာလိုက္တယ္ "ၿပီးေတာ့..နင္လည္း ဒီေက်ာင္းကေန အျမန္ဆုံး ထြက္သြားသင့္ၿပီ..သူတို႔သာ နင့္အေၾကာင္းသိသြားၾကရင္ နင္လည္း..."

" အိုက္ေဝ..ေတြ႕လား..မင္း ကိုယ့္ကို ဂ႐ုစိုက္ေနတုန္းပဲ..ကိုယ့္ဆီလာခဲ့ပါ.. ကိုယ္ မင္းကိုကာကြယ္ပါ့မယ္" က်ိဳးလဲ့က သူ႕ရဲ႕ က်ိဳးေၾကာင္းဆင္ျခင္ႏိုင္စြမ္းကို ဆုံး႐ႈံးသြားပုံေပၚၿပီး အိုက္ေဝရဲ႕ လက္ေမာင္းကို လွမ္းဆြဲလိုက္ေတာ့တယ္

" က်ိဳးလဲ့..အား..နင္ ငါ့ကို နာေအာင္လုပ္ေနၿပီ.." အိုက္ေဝက ႐ုန္းေနတယ္ ဒါေပမယ့္ က်ိဳးလဲ့က သူမေျပာေနတာကို ဘာမွမၾကားရသလို တင္းတင္းၾကပ္ၾကပ္ဆြဲထားတုန္းပဲ..

က်ိဳးလဲ့က  မ်က္ႏွာပ်က္စြာေျပာလိုက္တယ္ "စုန္႔ေကာ္စန္းက မင္းထင္ထားသလို လူေကာင္းမဟုတ္ဘူး..ကိုယ့္ကို ဒီတစ္ခုေတာ့ ယုံပါ.."

"က်ိဳးလဲ့.." အိုက္ေဝက က်ိဳးလဲ့လက္ကေန လြတ္ေအာင္မ႐ုန္းႏိုင္တာေၾကကာင့္ နာက်င္မႈကို ေတာင့္ခံေနရ႐ုံပဲ တတ္ႏိုင္တယ္ သူမရဲ႕ ခႏၶာကိုယ္က ေၾကာက္႐ြံ႕မႈနဲ႔ နာက်င္မႈေၾကာင့္ တုန္ရင္ေနတယ္ "စုန္႔ေကာ္က လူေကာင္း..သူက ငါ့အေပၚအရမ္းေကာင္းတယ္..ၿပီးေတာ့ နင္ကိုယ္တိုင္ပဲ ငါတို႔ကို ေအာင္သြယ္ ေပးခဲ့တာေလ..ဘာျဖစ္လို႔ အခုမွ အဲ့လို ေျပာေနရတာလဲ.."

က်ိဳးလဲ့က အိုက္ေဝရဲ႕ လက္ကို ႐ုတ္တရပ္ လႊတ္ေပးလိုက္ၿပီး ထိုးႏွက္မႈ ႀကီးႀကီးမားမားကို ခံစားလိုက္ရတဲ့ ပုံနဲ႔ ေနာက္ကို ေျခလွမ္းအနည္းငယ္ေလာက္ဆုတ္သြားတယ္ 'ဟုတ္တယ္..သူမကို စုန္႔ေကာ္စန္းဆီ ပို႔လိုက္မိတာ ငါကိုယ္တိုင္ပဲ...'

အိုက္ေဝက သူမရဲ႕လက္ေမာင္းကို ဆုပ္ကိုင္လိုက္ၿပီး ႏႈတ္ခမ္းကိုကိုက္ကာ က်ိဳးလဲ့ကို ေက်ာခိုင္းလိုက္တယ္

" ႐ွင္...ဂ႐ုစိုက္ပါ.."

ဒါေပမယ့္ သူမထြက္သြားေတာ့မယ္ အခ်ိန္မွာပဲ က်ိဳးလဲ့ရဲ႕ ႐ုတ္တရပ္လွမ္းဆြဲတာကို ခံလိုက္ရၿပီး သူ႕ရဲ႕ ေအးစက္တဲ့ ရင္ခြင္ထဲကို ထည့္သြင္းျခင္းခံလိုက္ရတယ္ တစ္ခ်ိန္ထဲမွာ သူမရဲ႕ ႏႈတ္ခမ္းေတြကိုလည္း အသိမ္းပိုက္ခံလိုက္ရတယ္

အိုက္ေဝရဲ႕ မ်က္လုံးေတြက ျပဴးက်ယ္သြားၿပီး ကိစၥေတြကို ဦးေႏွာက္နဲ႔ မစဥ္းစားႏိုင္လိုက္ေသးခင္မွာပဲ သူမရဲ႕လက္က အရင္ လႈပ္႐ွားသြားတယ္

" ျဖန္း!!! "လက္ဝါးတစ္ခ်က္က က်ိဳးလဲ့ ရဲ႕မ်က္ႏွာေပၚက်ေရာက္သြားတယ္ သူသတိလြတ္ေနတုန္းမွာပဲ အိုက္ေဝက သူ႕ရင္ခြင္ထဲကေန ႐ုန္းထြက္ႏိုင္သြားတယ္

"က်ိဳးလဲ့..နင္႐ူးသြားၿပီပဲ.." အိုက္ေဝက သူမရဲ႕ ႏႈတ္ခမ္းကို လက္နဲ႔ အၾကမ္းပတမ္းပြတ္လိုက္ၿပီး မ်က္ဝန္းထဲကေန မ်က္ရည္ေတြ ထိန္းမႏိုင္သိမ္းမရ စီးက်လာတယ္

က်ိဳးလဲ့က ဘာမွမေျပာဘဲ သူမကို စိုက္ၾကည့္ေနတယ္ ..သူ႕မ်က္ဝန္းထဲမွာ မယုံႏိုင္မႈေတြ..နာက်င္မႈေတြ..ခါးသီးမႈေတြ..ေနာင္တတရားေတြ အျပည့္နဲ႔..

အဲ့ဒီအၾကည့္နဲ႔ ရင္ဆိုင္လိုက္ရတဲ့အခါမွာ အိုက္ေဝက ျပာခနဲ ျဖစ္သြားၿပီး ေလွကားကေန ေျပးဆင္းသြားေတာ့တယ္..

သူမက ေလွကားထစ္ေတြကေန ဆင္းေနတုန္း သူမကိုယ္သူမ ထပ္ခါထပ္ခါေရ႐ြတ္ေနတယ္

'ငါႀကိဳက္တဲ့ သူက စုန္႔ေကာ္စန္းပဲ..က်ိဳးလဲ့က ဗန္ပိုင္းယား..'

သူမက အျမန္ေျပးဆင္းေနတာေၾကာင့္ ေနာက္ဆုံးေလွကားထစ္ကေနဆင္းေနတဲ့ ေျခလွမ္းက ေခ်ာ္သြားၿပီး ဟန္ခ်က္မညီျဖစ္သြားတယ္

သူမျပဳတ္က်ေတာ့မယ့္ အခ်ိန္မွာပဲ လူတစ္ေယာက္က သူမကို လွမ္းဖမ္းလိုက္တယ္

အိုက္ေဝက အသဲအသန္တုန္ရီေနၿပီး ခနေလာက္ၾကာမွ သူမကို ဖမ္းေပးထားတဲ့ သူကို ေမာ့ၾကည့္လိုက္ေတာ့မွ ေၾကာက္႐ြံ႕မႈေတြ ၊ မေရရာမႈေတြ အကုန္ေပ်ာက္သြားေတာ့တယ္

"အ႐ူးမေလး..ဘာျဖစ္လို႔ ငိုေနရတာလဲ..မင္းကို တစ္ေယာက္ေယာက္က အႏိုင္က်င့္လိုက္လို႔လား.." စုန္႔ေကာ္စန္းက အိုက္ေဝရဲ႕ မ်က္ႏွာကို လက္နဲ႔ ပင့္လိုက္ၿပီး သူနဲ႔ အၾကည့္ခ်င္း ဆုံေစလိုက္တယ္

"..ဘာမွမျဖစ္ပါဘူး.." အိုက္ေဝက ေမာ႐ိႈက္စြာေျပာလိုက္တယ္

'ငါ က်ိဳးလဲ့ နဲ႔ ေတြ႕လာတာ သိသြားရင္ စုန္႔ေကာ္စိတ္ဆိုးလိမ့္မယ္..'

"မေန႔ညက ကိစၥကိုေတြးမိၿပီး ေၾကာက္လာလို႔ပါ.."

"ကိုယ္႐ွိတယ္..မေၾကာက္ပါနဲ႔.." စုန္႔ေကာ္စန္းက အိုက္ေဝရဲ႕ မ်က္ရည္စေတြကို ႏူးႏူးညံ့ညံ့သုတ္ေပးလိုက္တယ္ "မင္းက ငိုရင္မလွဘူး..အဲ့ဒါေၾကာင့္မငိုပါနဲ႔.."

အိုက္ေဝက ခပ္တိုးတိုး ႐ိႈက္ေနတယ္

စုန္႔ေကာ္စန္းက အိုက္ေဝကို ဖက္ထားေပးလိုက္တယ္

သူ႕ရဲ႕အၾကည့္ေတြကေတာ့ အိုက္ေဝေျပးဆင္းလာတဲ့ ေလွကားဘက္ကိုေရာက္သြားတယ္                   အဲ့ဒီအၾကည့္တစ္ခ်က္က မေတာ္တဆလား..ရည္႐ြယ္ခ်က္ ႐ွိ႐ွိလား ဆိုတာကေတာ့ သူကိုယ္တိုင္ပဲ သိမွာပဲ..

.................

က်ိဳးလဲ့ကေတာ့  ခုနကေနရာမွာတင္ ေခါင္းငိုက္စိုက္နဲ႔ ရပ္ေနတယ္ သူ႕ကိုၾကည့္ရတာ အေတာ္ေလးကို သနားစရာေကာင္းေနတယ္

႐ွီ႐ွန္းက သူမပုန္းေနတဲ့ ေနရာကေနထြက္လာတယ္

"နင္ သူ႕ကို အဲ့ေလာက္ႀကိဳက္ေနမွ‌ေတာ့ တစ္ခါတည္း ျပန္ေပးဆြဲသြားလိုက္ပါေတာ့လား.."

က်ိဳးလဲ့က ေခါင္းေမာ့လာတယ္ သူ႕မ်က္ခုံးေတြကေတာ့ စိတ္ဖိစီးမႈေၾကာင့္ ေကြးက်ံဳ႕ေနၾကတယ္ "မင္း ဘယ္လိုေရာက္လာတာလဲ.."

" ငါ ဒီမွာ အစကတည္းက႐ွိေနတာေလ." ႐ွီ႐ွန္းက တစ္ဝါးဝါးသမ္းလိုက္တယ္ "နင္တို႔ကသာ မသိၾကတာ..ၿပီးေတာ့ ငါေျပာတဲ့ အၾကံကို နင္လိုက္လုပ္လို႔ရတယ္ေနာ္..သားေလး....ဒီေမေမႀကီးမွာ နင့္အတြက္ ‌ေမွ်ာ္လင့္ခ်က္ ႐ွိတယ္..."

တကယ္ေတာ့ ႐ွီ႐ွန္းက သူ႕ကို အျခားတစ္ေယာက္ေျပာင္းႀကိဳက္လိုက္ဖို႔သာ ေျပာခ်င္ေနတာ..မူလဇာတ္ေၾကာင္းမွာကတည္းက ဇာတ္လိုက္မက က်ိဳးလဲ့ကို လိုသုံးလိုပဲသေဘာထားတာေလ..သူမက လုံးဝသစၥာမ႐ွိဘူး..စုန္႔ေကာ္စန္းနဲ႔ ျပတ္သြားတာနဲ႔ က်ိဳးလဲ့ရဲ႕ ရင္ခြင္ထဲကို ခုန္ဝင္လိုက္ေတာ့တာပဲ..

ဒါေပမယ့္ ႐ွီရန္းက က်ိဳးလဲ့ ဘယ္သူ႕ကို ႀကိဳက္ႀကိဳက္ သူမနဲ႔မဆိုင္တာေၾကာင့္ ဘာမွေျပာမေနေတာ့တာ..

'ေလာေလာဆယ္မွာ ငါ့ရဲ႕ မိတ္ဖက္ကေတာင္ ဘယ္ကမ႓ာကိုေရာက္ေနမွန္းမသိဘူး..သူမ်ားကိစၥ လွ်ာဝင္မ႐ွည္တာပဲေကာင္းတယ္..'

က်ိဳးလဲ့က သူ႕ေခါင္းကို ျပန္ငုံ႔လိုက္တယ္ သူ ႐ွီ႐ွန္းေျပာတဲ့နည္းလမ္းကို မစဥ္းစားမိဖူးတာဘယ္ဟုတ္ပါ့မလဲ..ဘာပဲျဖစ္ျဖစ္ အိုက္ေဝကမွ သူ႕ကို မႀကိဳက္တာ..ဘာထူးမွာလဲ....

..................

က်ိဳးလဲ့က ဗန္ပိုင္းယားနယ္ေျမထဲကို ျပန္သြားတယ္

သူမရဲ႕ အပ်င္းေျဖစရာေလးေတြ မ႐ွိေတာ့တဲ့ ေနာက္မွာေတာ့ ႐ွီ႐ွန္းလည္း  သူမကို ေခ်ာက္ခ်တဲ့ ေခြးသူေတာင္းစားကိုပဲ လိုက္႐ွာေနရေတာ့တယ္

ကိုယ့္အတြက္ကိုယ္‌ေတာင္ လက္စားမေျခႏိုင္ရင္ ႐ွီ႐ွန္းမဟုတ္ေတာ့ဘူးေလ..

'ငါ့ကိုမ်ား ေခ်ာက္တြန္းခ်င္တယ္ေပါ့..အသက္႐ွင္ရတာ ပင္ပန္းေနၿပီထင္တယ္..'

အဲ့ေန႔ညမွာ ႐ွီ႐ွန္းက တုကြၽယ္တို႔ အဖြဲ႕ ေထာက္ေခ်ာက္ဆင္ေနၾကတာကို ေစာင့္ၾကည့္ေနတယ္

အခ်ိန္ေတြအမ်ားႀကီး ကုန္သြားေတာင္ ဘာျမႇဖစ္မလာဘူး..

႐ွီ႐ွန္းက သစ္ပင္ပင္စည္ကို မွီထိုင္ရင္း ေစာင့္ေနရတာ ပ်င္းလာတယ္ သူမထြက္သြားေတာ့မယ့္ အခ်ိန္မွာပဲ အပင္ေပၚကေန အရိပ္တစ္ခု ျပဳတ္က်လာတယ္

႐ွီ႐ွန္း '..ေသာက္ပလုတ္တုတ္!!!!.....'

႐ွီ႐ွန္းက အရိပ္ကို ဓါးနဲ႔ ခုတ္ပိုင္းပစ္လိုက္တယ္ ဓါးက သစ္ပင္ ပင္စည္ကိုသာ ထိသြားၿပီး အပင္ေပၚက သစ္႐ြက္ေတြ ေႂကြက်လာကုန္တယ္

'ငါ့ကို လန္႔ၿပီးေသေစခ်င္ေနတာလား..'

႐ွီ႐ွန္းက တကယ္ လန္႔သြားတာျဖစ္တယ္ သူမလည္း လူသားတစ္ေယာက္ပဲေလ..တစ္ခုခု႐ုတ္တရပ္ေပၚလာတဲ့အခါ ျဖစ္သြားတဲ့ သူမရဲ႕ တုန္႔ျပန္မႈက တကယ္ကို ပုံမွန္ပဲ....

'ဒါေပမယ့္ အဲ့ဒါက တကယ္ပဲ ဘာႀကီးလဲ..ငါေတာင္ သတိမထားမိလိုက္ဘဲ ငါ့နဲ႔ အဲ့ေလာက္ႀကီး နီးနီးကပ္ကပ္ေနႏိုင္တယ္ေပါ့..'

႐ွီ႐ွန္းက တစ္ကိုယ္လုံး ၾကက္သီးေတြ ထလာတယ္ ႐ွီ႐ွန္းက အ႐ြက္ေတြၾကားထဲကို ေမာ့ၾကည့္လိုက္တယ္ မဲေမွာင္ေနတာေၾကာင့္ ဘာမွမျမင္ရဘူး.. ခုနက အရိပ္က သူမ မလာခင္ကတည္းက ေရာက္ႏွင့္ေနတာမဟုတ္ရင္ သူမထပ္ေတာင္ အပုန္းေတာ္လို႔ပဲ ျဖစ္လိမ့္မယ္

႐ွီ႐ွန္းစိတ္႐ႈပ္ေထြးေနတုန္းမွာ ခပ္လွမ္းလွမ္းကေန စူးစူးဝါးဝါးေအာ္သံေတြထြက္လာတယ္

႐ွီ႐ွန္း အဲ့ေနရာကိုေရာက္သြားတဲ့ အခ်ိန္မွာ ခုနက အရိပ္မဲကို လူေတြက ဝိုင္းထားၾကၿပီျဖစ္တယ္

အဲ့ဒီသူက တစ္ကိုယ္လုံး အမဲေရာင္ဝတ္ထားၿပီး မ်က္လုံးကလြဲရင္ မ်က္ႏွာကိုေတာင္ အမဲေရာင္နဲ႔ အုပ္ထားေသးတယ္ အမဲကိုအျဖဴသာေျပာင္းလိုက္မယ္ဆိုရင္ မံမီနဲ႔ေတာင္ မွားႏိုင္တယ္

အရိပ္မဲ ရဲ႕ လက္ထဲမွာ, ေကာင္မေလး တစ္ေယာက္႐ွိေနတယ္ ခုနကေအာ္သံက အဲ့ဒီေကာင္မေလး ဆီကေနလာတာျဖစ္တယ္

"မီႏိုင္း..မင္း ဒီေန႔ေတာ့ ေျပးမလြတ္ႏိုင္ေတာ့ဘူး.." အရိပ္မဲကို ဝိုင္းထားတဲ့ လူေတြထဲက တစ္ေယာက္က လွမ္းေအာ္လိုက္တယ္

"ကယ္..ကယ္ၾကပါ.." အရိပ္မဲ လက္ထဲက ေကာင္မေလးက ေၾကာက္လန္႔တၾကားအမူအရာနဲ႔ ေအာ္ဟစ္ေနတယ္

အရိပ္မဲက ေကာင္မေလးရဲ႕ လည္ပင္းနားကို ေခါင္းငုံ႔သြားၿပီး ၃စကၠန္႔ေလာက္ အၾကာမွာေတာ့ အရည္တစ္ခုခုကို အငမ္းမရ မ်ိဳခ်လိုက္တဲ့ အသံကို ႐ွင္း႐ွင္းလင္းလင္းၾကားလိုက္ရတယ္

႐ွီ႐ွန္းက သူမကို ႐ွီရင္း ေသြးအတင္းတိုက္တုန္းကအေၾကာင္းကို ျပန္စဥ္းစားမိသြားၿပီး ေအာ္ဂလီဆန္လာတယ္

သူမက ေသြးျမင္ရတာ ဒါမွမဟုတ္ ေသြးညႇီနံ႔ရတာ ေတြထိ အဆင္ေျပပါတယ္ ဒါေပမယ့္ အဲ့ဒီ ညႇီစို႔စို႔ ေစးကပ္ကပ္အရည္ႀကီးက သူမလည္ေခ်ာင္းတစ္ေလွ်ာက္စီးဆင္းသြားတဲ့ ခံစားခ်က္ႀကီးကေတာ့...

႐ွီ႐ွန္းက သူမရဲ႕အန္ခ်င္စိတ္ကို ထိန္းခ်ဳပ္ဖို႔အတြက္ အသက္ျပင္းျပင္း႐ွဴေနရတယ္ ..သူမေခါင္းကိုျပန္ေမာ့လိုက္တဲ့ အခ်ိန္မွာေတာ့ အရိပ္မဲနဲ႔ ဟိုလူေတြက တိုက္ခိုက္ေနၾကၿပီျဖစ္တယ္

အရိပ္မဲက အဘက္ဘက္ကေန တိုက္ခိုက္ခံေနရတယ္ ေသေရး႐ွင္ေရး အခ်ိန္မွာ တစ္ေယာက္ေယာက္က သူ႕အနားကို ကပ္သြားႏိုင္လိုက္ၿပီး သူ႕ေခါင္းမွာ စြပ္ထားတဲ့ မ်က္ႏွာဖုံးကို ဆြဲခြၽတ္ႏိုင္သြားတယ္ မ်က္ႏွာဖုံး ကြၽတ္သြားတာနဲ႔ အရိပ္မဲရဲ႕ မ်က္ႏွာအျပည့္အစုံကို ျမင္လိုက္ရတယ္

႐ွီ႐ွန္းရဲ႕ မ်က္ဝန္းေတြက ျပဴးက်ယ္သြားတယ္

Translated by dora💜 and mia💙

Continue Reading

You'll Also Like

852K 47.7K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...
386K 22.2K 42
"ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေ" ၏ Season 2 ဖြစ်ပါသည်။ 18th Creation Start : 9 February 2023 "ပိုင္ဆိုင္ခ်င္ေသာရပ္ဝန္းတစ္ခုအား ပို...
19.7K 1K 23
Romance, teenage comedy , OC Unicode+Zawgyi
94.7K 8.2K 8
OUR SECOND MASTER - MYANMAR TRANSLATION [ unicode version is also added ✔️] Original Chinese Author - Twentine ENG translator - Onesecondspring I...