ရှီရှန်း (ရှီရှန်း) Book 2...

By Hanpandora

816K 125K 3.1K

This is not my own story just for offline reading and Myanmar transalation . full crd to original uploder and... More

Transalator note
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17
Arc 5.18
Sorry!!!
Arc 5.19
Arc 5.20
Arc 5.21
Arc 5.22
Arc 5.23
Arc 5.24
Arc 5.25
Arc 5.26
Arc 5.27
Arc 5.28
Arc 5.29
Arc 5.30
Arc 5.31
Arc 5.32 End
​ပေ့ကျဲ့ (special episode)
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.11 (ဒီတစ်ခါ တကယ်😂)
Arc 6.12
Arc 6.13
Arc 6.14
Arc 6.15
Arc 6.16
Arc 6.17
Note
Arc 6.18
Arc 6.19
Arc 6.20
Arc 6.21
Arc 6.22
Arc 6.23
Arc 6.24
Arc 6.25
Arc 6.26
Arc 6.27
Arc 6.28
Arc 6.29
Arc 6.30
Arc 6.31
Arc 6.32 End
welcom back💜💙
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 7.16
Arc 7.17
Arc 7.18
Arc 7.19
Arc 7.20
Arc 7.21
Arc 7.22
Arc 7.23
Arc 7.24
Arc 7.25
Arc 7.26
Arc 7.27
Arc 2.28
Arc 7.29
Arc 7.30
Arc 7.31
Arc 7.32
Arc 7.33
Arc 7.34[END]
spoiler alert❣
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.11
Arc 8.12
Arc 8.13
Arc 8.14
Arc 8.15
Arc 8.16
Arc 8.17
Arc 8.18
Arc 8.19
Arc 8.20
Arc 8.21
Arc 8.22
Arc 8.23
Arc 8.24
Arc 8.25
Arc 8.26
Arc 8.27
Arc 8.28
Arc 8.29
Arc 8.30
Arc 8.31End
Arc 8 Extra(ဖုန်းကျင်း)
Arc 9.1
Warning
Arc 9.2
Arc 9.3
Arc 9.4
Arc 9.5
Arc 9.6
Arc 9.7
Arc 9.8
Arc 9.9
Arc 9.10
Arc 9.11
Arc 9.12
Arc 9.13
Arc 9.14
Arc 9.15
Arc 9.16 + 9.17
Arc 9.18
Arc 9.19
Arc 9.20
Arc 9.21
Arc 9.22
Arc 9.23
Arc 9.24 END
Arc 10.1
Arc 10.2
Arc 10.3
Arc 10.4
Arc 10.5
Arc 10.6
Arc 10.7
Arc 10.8
Arc 10.9
Arc 10.10
Arc 10.11
Arc 10.12
Arc 10.13
Arc 10.14
Arc 10.16
Arc 10.17
Arc 10.18
Arc 10.19
Arc 10.20
Arc 10.21
Arc 10.22
Arc 10.23
Arc 10.24
Arc 10.25
Arc 10.26
Arc 10.27
Arc 10.28
Arc 10.29
Arc 10.30
Arc 10.31
Arc 10.32
Arc 10.33
Arc 10.34
Arc 10.35
Arc 10.36
Arc 10.37
Arc 10.38
Arc 10.39 to extra

Arc 10.15

2.8K 454 0
By Hanpandora

Unicode

အိုက်ဝေက ရှီရှန်းဒီလိုမျိုးတုန့်ပြန်လိမ့်မယ်လို့ ထင်မထားတာကြောင့် နေရာမှာကြောင်ပြီးရပ်နေတယ်

သူမပုခုံးကိုအနောက်ကနေတစ်ယောက်ယောက်လှမ်းပုတ်လိုက်မှ သတိပြန်ဝင်လာတယ် အိုက်ဝေက ဒီလူကို လှည့်ကြည့်လိုက်ပြီး နူးညံ့စွာခေါ်လိုက်တယ် "စုန့်ကော်...သူမ..."

"ကိစ္စမရှိပါဘူး..မင်းအကောင်းဆုံးကြိုးစားခဲ့တာပဲ..ကျန်တာကို သူတို့ဘာသာသူတို့ဆက်လုပ်ပါလိမ့်မယ်..." စုန့်ကော်စန်းက ပြုံးပြီး သူမခေါင်းကိုပုတ်ပေးလိုက်တယ်

အိုက်ဝေက သူမနှုတ်ခမ်းကို စိတ်ဖိစီးစွာကိုက်လိုက်တယ် "အဲ့ဒီကိစ္စတွေက တကယ်ပဲ သူမလုပ်တာလား.."

"ဗီဒီယိုဖိုင် သက်သေတွေရှိတယ်မဟုတ်လား.." စုန့်ကော်စန်းက ရှီရှန်းထွက်သွားတဲ့ ဘက်ကို အေးစက်စွာကြည့်လိုက်တယ်

သူ့စကားတွေက အိုက်ဝေရဲ့ စိတ်ထဲမှာ ပဲ့တင်ထပ်နေတယ်

............................

ရှီရှန်း ကျောင်းပေါက်ဝကနေဝင်ဝင်ချင်း ဘယ်လောက်မှတောင်မသွားရသေးခင် ကျိုးလဲ့နဲ့တွေ့တော့တယ်

'ငါဒီနေ့ အိမ်ကနေထွက်တော့ ကံဇာတာမကြည့်ခဲ့ရလို့များလား...ဇာတ်လိုက်တွေနဲ့ပဲ လာလာတိုးနေတာပဲ....'

"သူတို့တွေချုံခိုတိုက်ဖို့စီစဉ်နေကြပြီ..သတိထား,..." ကျို့လဲ့က သူမဘေးကဖြတ်သွားတဲ့အချိန်မှာ ဒီစကားတွေကိုခပ်တိုးတိုးပြောခဲ့ပြီး ရှီရှန်း မြင်ကွင်းကနေပျောက်သွားတယ်

ရှီရှန်း"............."

'ဘုရားရေ.....ဇာတ်လိုက်ကောင်ကသူ့ကိုယ်သူဘာလုပ်နေမှန်းရောသိရဲ့လား...မဟုတ်မှလွဲရော ဘက်ပြောင်းချင်တာလား..သူဘာတွေကြံနေတာလဲ...အစတုန်းက ငါတို့နှစ်ယောက်က ဆန့်ကျင်ဘက်တွေဆိုတာအသိသာကြီးလေ...သူပြောရင်တောင်ငါမယုံဘူး..သွားစစ်ကြည့်ရရင်ကောင်းမလား... ဒါပေမယ့် တကယ်ကြီး ချုံခိုတိုက်ဖို့လုပ်ထားကြရင်ရော...'

ရှီရှန်းက သူမများ အတွေးလွန်နေတာလားလို့တွေးလိုက်မိတယ် ဇာတ်လိုက်ကောင်က ရိုးရိုးတမ်းတမ်းစေတနာနဲ့ သတိ‌‌‌ပေးတာလည်းဖြစ်နိုင်တာပဲ..ဘာပဲပြောပြောသူမတို့ နှစ်ယောက်လုံးက သွေးသန့်တွေပဲလေ...

သွေးသန့်ဗန်ပိုင်းယားတွေများများမရှိဘူး...ပြီးရင် မျိုးနွယ်စုတူတူချင်း ချောက်တွန်းစရာ အကြောင်းလည်း သိပ်မရှိပါဘူး... ရှီရှန်းကတော့ ကျိုးလဲ့ အမှန်အတိုင်းပြောနေတာဟုတ်ချင်ဟုတ် မဟုတ်ချင်လည်းမဟုတ်ပါစေ ကျောင်းကနေ အရင်ထွက်သွားဖို့တွေးလိုက်တယ်

'ငါ့ရဲ့ရွှေပေါင်လုံးတုတ်တုတ်ကြီးလည်း ဒီမှာမရှိတော့ နူးညံ့တည်ငြိမ်တဲ့အလှလေးလုပ်နေတာပဲကောင်းပါတယ် သတ်တာဖြတ်တာတွေလုပ်ဖို့ အချိန်ကောင်းမဟုတ်သေးဘူး '

မနက်ခင်းမိုးလင်းကတည်းကနေ ညဘက်ကြယ်တွေစုံလာတဲ့ အချိန်ထိ အမှောင်ထဲမှာ ပုန်းခိုနေတဲ့ သူတွေကတော့ ပစ်မှတ်ကို အရိပ်အယောင်တောင်မတွေ့လိုက်ကြရဘူး..

ချုံခိုတိုက်ခိုက်တဲ့သူတွေကိုသူမ အတန်းဆီသွားတဲ့လမ်းမှာလည်း စီစဉ်ထားပြီးသားပါ...သူမက ဘာလို့ပေါ်မလာတာပါလိမ့် ကျောင်းပေါက်ဝမှာစောင့်နေတဲ့ သူတွေကလည်း သူမပြန်သွားတာမတွေ့ဘူးတဲ့..သူမက ဘယ်ကိုများရောက်သွားရတာလဲ..

အိုက်ဝေက ဒီသတင်းကို စုန့်ကော်စန်းဆီကနေကြားတော့ စိတ်ရှုပ်ထွေးသွားတယ် အစတုန်းကသူမက မီနိုင်းကို ဒေါသထွက်အောင်လုပ်ပြီး ချုံခေါ်တိုက်ခိုက်သူတွေဆီ မျှားခေါ်သွားဖို့စီစဉ်ထားတာ ဒါပေမယ့် မီနိုင်းက သူမကို မြင်မြင်ချင်း ပျောက်သွားတာကြောင့် အစီအစဉ်က ကျဆုံးသွားတယ်

'သူမကျောင်းကိုလာတယ်လေ...ဘယ်ချိန်ကများ ပြန်ထွက်သွားလို့ရမှာလဲ..သူမပြန်သွားတာငါလည်းမမြင်ပါဘူး..'

"စုန့်ကော်...သူမ နောက်ထပ် လူသွားသတ်တာလား.." အိုက်ဝေက ထိတ်လန့်နေတယ် မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်

ဗန်ပိုင်းယားအကိုက်ခံရတဲ့ကိစ္စတွေကျောင်းမှာ ဆက်တိုက်ဖြစ်လာတယ် တချို့အကိုက်ခံရတဲ့သူတွေဆိုရင် သူမနဲ့ရင်းနှီးတဲ့သူတွေထဲကဖြစ်တယ်  လောလောလတ်လတ်ကမှ သူမနဲ့ အတူရီမောပြီး စကားပြောနေခဲ့တဲ့ သူတွေက မြေပေါ်မှာ သေလုနီးပါးအမူအရာနဲ့ လဲနေကြတဲ့ မြင်ကွင်းက အိုက်ဝေကို တုန်လှုပ်စေတယ် နောက်ကွယ်က တရားခံက သူမကိုကြောက်အောင်တမင်သက်သက်ခြောက်လှန့်နေသလိုမျိုးပဲ

ပြီးတော့ ဗီဒီရိုဖိုင်သက်သေတွေအရ အဲ့ဒီတရားခံက မီနိုင်းလို့ဖော်ပြနေတယ်

အိုက်ဝေက မီနိုင်းကို နဂိုထဲက သံသယဝင်နေတာဖြစ်တယ် ကျောင်းဝင်းထဲကို ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်နိုင်ပြီး သူမနဲ့ ရန်ငြှိုးရှိတဲ့သူဆိုလို့ မီနိုင်းပဲ ရှိတယ်

စုန့်ကော်စန်းက အိုက်ဝေကို သူ့ရင်ခွင်ထဲကို ဆွဲသွင်းလိုက်ပြီး သူမ ပုခုံးလေးကို အသာအယာပုတ်ပေးလိုက်တယ် "မကြောက်ပါနဲ့..ကိုယ် ဒီမှာ ရှိတယ် ..သူမမင်းကို ထိခိုက်အောင်မလုပ်နိုင်ပါဘူး.."

အိုက်ဝေက သူမခေါင်းကို စုန့်ကော်စန်းရဲ့ ရင်ဘတ်ပေါ်မှီထားတယ် "ကျေးဇူးပါ..စုန့်ကော်.."

"ငတုံးမလေး..မင်းက ကိုယ့်ချစ်သူပဲ..ကိုယ့်ချစ်သူကို ကာကွယ်ရမှာ ကိုယ့်အလုပ်ပဲလေ..မဟုတ်ဖူးလား.."

" အင်းပါ..." အိုက်ဝေက ကြည်နူးလွန်းလို့ မပြုံးဘဲမနေနိုင်ဘူး

...............................

ရှီရှန်းက နောက်ထပ်ရက်အနည်းးငယ်ကြာတဲ့အထိ ကျောင်းကိုမသွားဘူး 'စိတ်ပျက်စရာကြီး..မျက်လုံးပေါင်းများစွာက စောင့်ကြည့်နေကြသလိုခံစားရတယ် '

အရင်တုန်းကဆိုရင် ရှီရှန်းက ကိုယ့်ကိစ္စနဲ့ကိုယ်အလုပ်ရှုပ်နေတတ်တဲ့ သူဖြစ်လို့ အပြင်လောကကြီးဘာတွေဖြစ်နေပါစေ ဂရုကိုမစိုက်တတ်ဘူး

ရှီရှန်းဆီကနေဖုန်းလာတော့ လျန်ကောက ညစာစားနေတာဖြစ်တယ်  သူမ ဖုန်းစခရင်မ်မှာ ပေါ်လာတဲ့ ဖုန်းနံပါတ်က အစိမ်းသက်သက်ဖြစ်နေတယ်

"ကောကော..ဖုန်းပြန်မဖြေတော့ဘူးလား.." မေမေလျန်က သူ့သမီးကို စိတ်ရှပ်ထွေးစွာကြည့်နေတယ်

လျန်ကောက ဖုန်းကို mute ပြီး ပြန်ပြောလိုက်တယ်

  "ဘယ်ကဖုန်းမှန်းမသိလို့..ဈေးရောင်းတာတွေဘာတွေနေမှာပါ.."

အဲ့လိုကြားလိုက်တာနဲ့ မေမေလျန်က စိတ်ပျက်စွာပြောလိုက်တယ် "အဲ့လို ဖုန်းတွေက တကယ်ကို စိတ်ပျက်စရာကောင်းတယ် "

သူမက အဲ့လိုဈေးရောင်းတဲ့ သူတွေနဲ့ အကြိမ်ပေါင်းများစွာတွေ့ကြုံခဲ့ဖူးမှန်း သိသာနေတယ်

ထမင်းစားလို့ပြီးတာနဲ့ လျန်ကောက ဖုန်းကို သူမအခန်းထဲ ယူလာလိုက်တယ် ပြီးတော့ ခုနက ဖုန်းနံပါတ်ကို မှတ်ပြီး သူမ မကြာသေးခင်ကဝယ်လာတဲ့ ဟမ်းဆက်အသစ် ဖုန်းကဒ် အသစ်ကိုယူပြီး ရေချိုးခန်းထဲကိုဝင်ကာ ပြန်ခေါ်လိုက်တယ် သူမက အသံလုံအောင်လို့ ရေချိုးတဲ့ ရေပန်းကိုပါဖွင့်လိုက်သေးတယ်

"စီနီယာ..ကျွန်မစောင့်ကြည့်ခံနေရလို့..တိုတိုပြောရမယ်ဆိုရင် ကျောင်းမှာ သွေးအစုပ်ခံရတဲ့မှုခင်းတွေဆက်တိုက်ဖြစ်နေတယ်..ပြီးတော့ တစ်ယောက်ယောက်က စီနီယာသွေးစုပ်နေတဲ့ ဗီဒီယိုကို မှတ်တမ်းတင်ထားတယ် အခု ဘာအဖွဲ့ဆိုလားပဲ....သူတို့က စီနီယာ့ကိုဖမ်းဖို့ ကျောင်းမှာစောင့်နေကြတယ်.."

"မင်းအိမ်ကဘယ်မှာလဲ.." ပြသနာနဲ့ဆိုင်တာကိုမေးရမယ့်အစား တစ်ဖက်လူက သူမရဲ့အိမ်လိပ်စာကို မေးလာတယ်  လျန်ကောက စိတ်ပူနေပေမယ့် ရှီရှန်းရဲ့မေးခွန်းကိုပြန်ဖြေပေးလိုက်တယ်

" အိမ်နံပါတ် ၃၇..ထျန်းမင် လမ်းသွယ်.."

လျန်ကောတို့မိသားစုက အတော်လေးအဆင်ပြေတာကြောင့် အဆင့်မြင့်အိမ်ရာဝင်းအတွင်းမှာနေကြတာဖြစ်တယ်  ရှီရှန်း အဲ့ဒီကိုရောက်သွားတော့ အပြင်မှာတကယ်ပဲ လူအချို့စောင့်ကြည့်နေတာကိုတွေ့လိုက်ရတယ်

ရှီရှန်းက လျန်ကောရဲ့ အခန်းရှိတဲ့နေရာကို စာပို့ပြီးမေးလိုက်တယ်

ပြီးတော့ သူမက ပြတင်းပေါက်ကနေ တွယ်တက်ခဲ့လိုက်တယ်

"စီနီ......" လျန်ကောက ရှီရှန်းရဲ့ ရုတ်တရပ် အလည်လာမှုကြီးကြောင့် ထိတ်လန့်သွားပြီး မအော်မိအောင် သူမပါးစပ်သူအမြန်ပိတ်လိုက်ရတယ်  ပြီးတော့ သူမက တစ်ဖက်အခန်းကို လက်ညှိုးထိုးပြလိုက်တယ်

ရှီရှန်းက သူမရဲ့ပစ္စည်းသိုလှောင်နယ်မြေထဲကနေ အသံလှိုင်းနှောက်ယှက်ကိရိယာကိုထုတ်ယူလိုက်ပြီး စားပွဲပေါ်တင်လိုက်တယ်

"အခုအဆင်ပြေသွားပြီ..."

ရှီရှန်းရဲ့ အေးအေးဆေးဆေးအမူအရာကိုမြင်တော့မှ လျန်ကောလည်း စိုးရိမ်တကြီးမေးတော့တယ်

"စီနီယာ..ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာရတာလဲ.."

"သူတို့ မင်းကိုဘယ်အချိန်ကတည်းက စောင့်ကြည့်နေကြတာလဲ.."

"ဒီနေ့နေ့လယ်ကတည်းကပဲ...ကျွန်မကျောင်းကပြန်ရောက်တော့ အိမ်ရာအပြင်ဘက်မှာ လူတွေအများကြီးကိုတွေ့တာ..သူတို့ကတော့ လျှပ်စစ်ဝိုင်ယာကြိုးတွေ လာစစ်တာလို့ပြောတယ် "

လျန်ကောနေတဲ့အိမ်ရာဝင်းကအတော်ကိုဝန်ဆောင်မှုကောင်းတယ်ပြောရမယ် သူတို့ကဝန်းထဲကိုမဝင်ခင်ကိုယ်ရေးအချက်အလက်တွေတွေ့ချင်တဲ့သူရဲ့အနှောက်အယှက်ရှိမရှိသေချာစစ်ဆေးတာကြောင့်အန္တာရယ်မရှိဘူး

ဝန်းထဲကို လျှပ်စစ်ဝိုင်ယာကြိုးတွေလာစစ်ထားတာကသိပ်မကြာသေးဘူးမို့လို့အခုလောလောဆယ်တော့ထပ်စစ်ဦးမှာမဟုတ်ဘူး

လျန်ကောကမိန်းကလေးတစ်ယောက်ဖြစ်တာကြောင့်သူတို့ခေါ်တာကိုအပြင်မထွက်လာရဲဘူး
အဲ့အစားသူတို့ကိုအထဲပဲဝင်ခိုင်းလိုက်တယ်

သူတို့တွေကနေရာတကာပတ်ပြီးစစ်ဆေးတယ်
သူမကိုလည်းအမှာစကားပြောပြီးထွက်သွားတယ်
လျန်ကောကစပ်စုတတ်တဲသူတစ်ယောက်မို့လို့သူတို့သွားစစ်ဆေးထားတဲ့နေရာတွေအကုန်ပြန်လိုက်ကြည့်တယ်

အဲ့မှာပစ္စည်းလေးတွေတပ်ထားတာကိုတွေ့လိုက်တယ်သူမဓာတ်ပုံရိုက်ပြီးတော့, သူမအဖေကိုမေးကြည့်တယ်

သူမအဖေကလျှပ်စစ်ပစ္စည်းဌာနမှာအလုပ်လုပ်တာကြောင့်ဒါတွေကိုမြင်တာနဲ့တန်းသိတယ်အသံသွင်းကိရိယာတွေ

သူမတို့မိသားစုကဘယ်သူနဲ့မှရန်ငြိုးရှိတာမဟုတ်ဘူးသူမအဖေရဲ့စီးပွားရေးပြိုင်ဘက်တွေဘာတွေလည်းမကြားဖူးဘူး

ကျောင်းမှာဖြစ်ထားတဲ့ကိစ္စရယ်ကြောင့်သူမအဖေကိုဒီအကြောင်းမပြောပြတော့ဘဲရှီရှန်းနဲ့တိုင်ပင်တယ်

"မင်းကညဏ်တော့ပြေးသားပဲ"ရှီရှန်း ကသူမခေါင်းကိုပုတ်လိုက်တယ်

လျန်ကောကရှက်ရှက်နဲ့ပြုံးနေတယ်ပြီးတော့ကိုယ့်ကိုယ်ကိုလည်းဂုဏ်ယူနေတယ်
"ကျွန်မက စီနီယာနဲ့ကျောင်းမှာရင်းနှီးတဲ့တစ်ဦးသောသူလေ,စီနီယာကိုမတွေ့ရင်ကျွန်မကိုရှာကြမှာပုံမှန်ပါပဲ"

"ဒီဟာတွေကိုဗီလာရဲ့အနှံ့မှာကပ်ထား,"ရှီရှန်း ကအင်းစာရွက်တွေအများကြီးထုတ်ပေးတယ်"ကိုယ်မှာလည်းဆောင်ထား,လတ်တလောကျောင်းကိုမသွားနဲ့ဦး"

"အာ, ဒါကပိုပြီးတော့သိသာမသွားစေဘူးလား"

"ငါမင်းလုံခြုံရေးကိုပဲစိတ်ပူတာ,ငါ့အတွက်ကပူစရာမလိုဘူး"

'ဒင်းတို့ကိုကြောက်မယ်များထင်နေလား'

"အော်, ဒါကဘာလေးတွေလဲဟင်"လျန်ကောကစိတ်ဝင်တစားအင်းစာရွက်တွေကိုကြည့်နေတယ်

"အကာအကွယ်အဆောင်"

'အကာအကွယ်အဆောင်တဲ့လား, ငါဗီလာကနေထွက်လို့မဖြစ်ဘူးပေါ့,ငါ့မိဘတွေကိုဘယ်လိုလုပ်မလဲ'

ရှီရှန်း ကဆွဲပြားလေးတစ်ခုကိုထုတ်ပေးတယ်"ဒါကိုမပျောက်စေနဲ့ဆွဲထား"

လျန်ကောကဆွဲပြားကပုံလေးကိုကြည့်ပြီးနှလုံးခုန်မြန်လာတယ်'စီနီယာအတိုင်းပဲ,ကြည့်ကောင်းလိုက်တာ'

"အင်း,စီနီယာပေးထားတာပဲ, ပျောက်လို့မဖြစ်ဘူးပေါ့"

"မင်းမှာအခြားမိသားစုဝင်ရှိသေးလား"

"ဟင့်အင်း,မေမေနဲ့ဖေဖေပဲရှိတာ"လျန်ကောမျက်နှာလေးကနီရဲနေတယ်

ရှီရှန်း ကထပ်ပြီးဆွဲပြားလေးတွေထုတ်ပြီးပေးတယ်"မင်းအမေနဲ့အဖေကိုဆွဲခိုင်းထား,မပျောက်စေနဲ့နော်,ငါအဲ့တာတွေပြန်လိုချင်တယ်"

"အာ"
'ပြန်ပေးရမှာလား'

လျန်ကောစိတ်ညစ်သွားတာမြင်ပြီးရှီရှန်းကဆက်ပြောတယ်
"မင်းဟာကိုပြန်ပေးစရာမလိုဘူး မင်းမိဘတွေဟာပဲပြန်ပေးရင်ရပြီ"

သူမဟာပြန်ပေးစရာမလိုဘူးဆိုတာလည်းကြားရောလျန်ကောတစ်ယောက်ပြုံးလာတယ်
'စီနီယာကဆွဲပြားလေးလက်ဆောင်ပေးတယ်,ပျော်လိုက်တာ'

Translated by dora💜and mia💙

Zawgyi







............................




ရှီရှန်း"............."

















...............................


















"အခုအဆင်ပြေသွားပြီ..."




















"အကာအကွယ်အဆောင်"








"အာ"
'ပြန်ပေးရမှာလား'




Continue Reading

You'll Also Like

3.8M 264K 81
Married Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အ...
19.8K 1K 23
Romance, teenage comedy , OC Unicode+Zawgyi
542K 71.3K 97
This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引 Eng Translator - FAERY Translation