Unicode
နောက်ဆုံးတော့ ရှီရင်းက ရှီရှန်းရဲ့ အိမ်မှာပဲ နေလိုက်ရတယ် ဒါပေမယ့် ရှီရင်းက ကျောင်းကိုတော့ သူမနဲ့ ဘယ်တော့မှအတူမသွားဘူး ရှီရှန်းက သူမသိက္ခာကိုတောင်ထည့်မတွက်ဘဲ သူ့နောက်ကနေ အရှက်မရှိလိုက်လာတယ်ဆိုရင်တောင် ရှီရင်းက အမြဲတမ်း မျက်ခြေဖျက်ပြီး ချန်ထားပစ်ခဲ့တယ်
အဲ့နောက်မှာတော့ ရှီရှန်းက ရှီရင်းကိုပေါ်တင်လိုက်ပြီး ပိုးပန်းတော့တယ်
ပန်းတွေ...ရည်းစားစာတွေ...သုံးလို့ရသမျှနည်းလမ်းအကုန်သုံးလေတယ်
အခုဆိုရင် အကယ်ဒမီတစ်ခုလုံးက သူတို့ရဲ့ အလှနတ်ဘုရားမ မီနိုင်းက ရှီရင်းကို ပိုးပန်းနေတယ် ဆိုတာသိကုန်ကြပြီ ဒါကြောင့် ယောက်ျားလေးအတော်များများက ရှီရင်းကို မျက်စိစပါးမွှေးစူးလာကြတယ်
ကောင်လေးတစ်ဖွဲ့က အခန်းထဲမှာ မီနိုင်းမရှိတဲ့ အချိန် ရှီရင်းကို ချောင်ပိတ်ပြီး ဝိုင်းထားကြတယ် ခေါင်းဆောင်ကတော့ သူ့ကိုယ်သူမီနိုင်းရဲ့ နံပါတ်တစ်ဖန် လို့ပြောတဲ့ ကျောင်းသား ဖြစ်တယ်
သူက ရှီရင်းအရှေ့က စားပွဲကို ခပ်လှမ်းလှမ်းထိရောက်အောင်ကန်ထုတ်ပစ်လိုက်တယ်
စားပွဲပေါ်က စာအုပ်တွေ စာရေးကိရိယာတွေ အကုန်လုံး ကြမ်းပေါ်ကိုပြုတ်ကျပြီး ပြန့်ကျဲကုန်ကြတယ်
"ငါတို့ရဲ့ နတ်ဘုရားမကတောင် မင်းကိုလိုက်နေပြီ ဒါကို မင်းကမာနကြီးနေသလိုလို စိတ်ကြီးဝင်နေသလိုလိုတွေ လုပ်နေသေးတယ် မင်းကိုယ်မင်း ဘယ်လောက်များကြီးမြတ်တယ်လို့ထင်နေတာလဲ.."
ရှီရင်းက နဲနဲမှတောင်မလှုပ်သွားဘဲ သူ့အရှေ့က ကျောင်းသားကိုစူးစိုက်ကြည့်နေတယ် "ဖယ်လိုက်.."
"ဖယ်လိုက်?...အဟတ်.." ကျောင်းသားကအေးစက်စွာရီလိုက်တယ်
"အကြောင်းပြချက်ကောင်းကောင်းမပေးနိုင်ရင် မင်းဒီနေ့လွတ်နိုင်မယ်မထင်နဲ့.."
ရှီရင်းရဲ့ မျက်လုံးတွေက မှေးကျဉ်းသွားပြီး မျက်စိသူငယ်အိမ်ထဲမှာ ရွှေရောင်အလင်းတန်းတစ်ချို့ လက်ခနဲ ဖြစ်သွားတယ် သူ့ဘေးမှာချထားတဲ့ လက်တွေကလည်း လက်သီးဆုပ်ပုံစံဖြစ်သွားတယ်
သူ့အရှေ့ကကျောင်းသားလေးကတော့ အန္တရာယ်ကို အခုထိ သတိမမူမိသေးဘူး
"ငါတို့နတ်ဘုရားမက မင်းအတွက် လုံလောက်အောင် မကောင်းသေးဘူးလို့များ ထင်နေတာလား..မင်းကများ သူ့ကိုချေရသေးတယ်.."
ရှီရင်းက အေးစက်စွာပြောလိုက်တယ် "အဲ့ဒါက သူမကိစ္စပါ.."
"မင်းမေ-ိုးလိုက်.." ကျောင်းသားလေးက ရှီရင်းရဲ့ မတုန်မလှုပ်အမူအရာကြောင့် သူ့သိက္ခာကို စိန်ခေါ်ခံလိုက်ရသလို ခံစားလိုက်ရတယ် သူက သူ့နောက်ကလူတွေကို လက်တစ်ချက်ဝှေ့ပြလိုက်တယ်
"ဒီကောင့်ကိုသင်ခန်းစာကောင်းကောင်းပေးလိုက်ကြ.."
..................
ရှီရှန်း အခန်းထဲကို အမောတကောပြန်ပြေးလာတဲ့အချိန်မှာ နံပါတ်တစ်ဖန်ကျောင်းသားကတော့ ကြမ်းပြင်ပေါ်မှာလဲနေပြီဖြစ်ပြီးသူ့နောက်လိုက်တွေကတော့ အခန်းထောင့်မှာ ကုပ်နေကြတယ်
ရှီရင်းက သူမကို အဓိပ္ပာယ်ဖတ်ရခက်တဲ့ အကြည့်နဲ့ကြည့်လိုက်တယ်
ရှီရှန်းက သူ့အနားကို အမြန်လျှောက်လာပြီး သူ့လက်ကိုလာဆွဲတယ် ပြီးတော့ သူမက သူ့တစ်ကိုယ်လုံးကိုခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်ပြီးမေးတယ် " ရှင် အဆင်ပြေရဲ့လား.."
ရှီရင်းက နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ပြီး ခေါင်းငြိမ့်ပြလိုက်တယ်
"သူသေသွားပြီ.."
ရှီရှန်းက အခန်းထောင့်နားမှာ လဲနေတဲ့ အလောင်းကိုကြည့်လိုက်တယ် အလောင်းရဲ့မျက်နှာက ဖြူဖျော့နေပြီး မျက်လုံးတွေက ရဲရဲနီနေတယ်
သူမ ဒီကျောင်းသားကိုမှတ်မိတယ် သူက သူ့ကိုယ်သူ မီနိုင်းရဲ့ နံပါတ်တစ်ဖန်လို့ပြောပြီး မီနိုင်းကို ကြိုက်တဲ့ ကောင်လေးတွေကို သူ့အဖွဲ့နဲ့ သွားသွားအနိုင်ကျင့်တတ်တဲ့သူပဲ
တစ်ခါကဆိုရင် သူတို့လက်ချက်နဲ့ ကျောင်းသားလေးတစ်ယောက်သေသွားဖူးတယ် ဒါပေမယ့် သူ့မိသားစုနောက်ခံက မြ့င့်မားပြီး အာဏာကြီးတာကြောင့် ကျောင်းကဘာမှမလုပ်နိုင်ခဲ့ဘူး
အဲ့လိုနဲ့ သူက ကျောင်းစည်းကမ်တွေကိုပါမကြောက်တော့ဘဲ ပေါ်ပေါ်ထင်သောင်းကျန်းတတ်လာတယ်
"ရှင်အဆင်ပြေရင်ပြီးတာပဲ.." ရှီရှန်းက အလောင်းဆီကနေအကြည့်လွှဲပြီး ရှီရင်းရဲ့ တွန့်ကြေနေတဲ့ အင်္ကျီတွေကို ဆွဲဆန့်ပေးနေတယ်
ရှီရင်းက သူမကိုငုံ့ကြည့်လိုက်တယ်
သူမကိုကြည့်ရတာ သူကလွဲရင်အခြားဘယ်သူဘာဖြစ်ဖြစ်ဂရုမစိုက်သလိုမျိုး အေးဆေးနေတယ်
ကျောင်းရဲ့အပြင်ဘက်ကနေ ရဲကားသံတွေကိုကြားလိုက်ရတာကြောင့် ရှီရှန်းက အခန်းထောင်မှာ ကုပ်နေကြတဲ့ လူတွေကိုလှမ်းကြည့်လိုက်တယ်
သူမရဲ့ အကြည့်ကို ခံစားမိလိုက်တာနဲ့ သူတို့က အသဲအသန်ရှင်းပြကြတော့တယ်
"ငါလုပ်တာမဟုတ်ဘူး ..ငါရဲတွေကိုမခေါ်လိုက်ဘူး "
"ငါလည်းမဟုတ်ဘူး.."
"ငါ့ကိုမကြည့်နဲ့..ငါမဟုတ်ဘူး.."
အားလုံးကတော့ သူတို့ခေါ်လိုက်တာမဟုတ်ဘူးလို့ပြောနေကြတာပဲ..ရဲတွေကတော့ရောက်နေပြီလေ..
ရှီရှန်းက ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်တယ် 'ကောင်းတယ်..ကျောင်းတစ်ခုလုံးကို ဝိုင်းထားပြီပေါ့...အကြောင်းကြားလိုက်တဲ့သူက တစ်ယောက်ယောက်က ဒီနေရာကိုဖောက်ခွဲဖို့လုပ်နေတယ် လို့များပြောလိုက်တာလားပဲ '
ရဲကားဉဩသံတွေအဆတ်မပြတ်မြည်နေတာကြောင့် လမ်းမှာပိတ်နေတဲ့နေတဲ့ ကျောင်းသားတွေအကုန်လုံး အပြင်ကိုထွက်ပြေးကုန်ကြတယ်
"အထဲကလူတွေနားထောင်ကြပါ...ငါတို့ မင်းတို့နေရာတစ်ခုလုံးကို ဝိုင်းထားပြီ "
"ဓားစာခံတွေကို မထိခိုက်စေပါနဲ့..မင်းတို့တောင်းဆိုတဲ့အတိုင်း လုပ်ပေးမယ် "
"ငါတို့ မင်းတို့ကို ကူညီနိုင်ပါတယ်... ဓားစာခံတွေကို မထိခိုက်စေပါနဲ့"
အပြင်ဘက်ကနေ အသံပေါင်းစုံထွက်နေတယ် ရှီရှန်းကတော့ အမူအရာတစ်စက်တောင် မပြောင်းလဲဘဲ ရှီရင်းရဲ့ အင်္ကျီတွေကိုပဲ ဆွဲဆန့်ပေးနေတယ်
ရှီရင်းက သူမလက်ကိုလှမ်းဆွဲလိုက်တယ် "ဒီကိစ္စကမင်းနဲ့ မဆိုင်ဘူး..မင်းလည်းသွားသင့်ပြီ"
' ရဲတွေရောက်နေပြီဆိုမှတော့ ပြသနာက ပိုရှုပ်လာဖို့ပဲရှိတယ် '
ရှီရှန်းက သူ့ကိုမော့ကြည့်လိုက်တယ် သူမရဲ့အကြည့်ကတည်ငြိမ်နေပြီ မျက်နှာမှာလည်း အပြုံးလေးတစ်ခုရှိနေတယ် " ရှင် ကျွန်မကို စိတ်ပူနေတာလား..."
ရှီရင်းက သူမလက်ကိုလွှတ်လိုက်တယ် " ငါက ဖြစ်သင့်တာကိုပြောနေတာ.."
'သူမကို စိတ်ပူစရာ ဘာအကြောင်းမှမရှိဘူး..
ဒီကိစ္စက အစကတည်းကသူမနဲ့မှမဆိုင်တာ...သူမကို ဆွဲထည့်ပြီးကိစ္စကိုမရှုပ်စေချင်ဘူး...'
"ရှင်ကျွန်မကိုစိတ်ပူနေတာမဟုတ်မှတော့ ကျွန်မသွားသွားမသွားသွားဘာထူးသေးလို့လဲ.." ရှီရှန်းက မထုံတတတ်သေးအမူအရာနဲ့ပြန်ပြောလိုက်တယ်
"မီနိုင်း...."ရှီရင်းက အသံကိုဖိပြိးပြောလိုက်တယ်
သူတို့နှစ်ယောက်ကြားက လေထုက ရုတ်တရပ်ကြီး နူးညံ့သွားတယ်
အပြင်ဘက်က အသံတွေကလည်း ရုတ်တရပ်ကြီး ငြိမ်ကျသွားတာကြောင့် လောကကြီးတစ်ခုလုံး ရပ်တန့်သွားသလိုပဲ
.....................................
တုကျွယ်က သူ့အဖွဲ့ကိုခေါ်ပြီး အမြန်ရောက်လာတယ် သူတို့ပထမဆုံးရင်ဆိုင်ရတာက ကျောင်းကိုဝိုင်းထားတဲ့ ရဲတွေပဲ ရဲတွေကသူတို့ရောက်လာတာကိုသဘောမကျကြပေမယ့် အထက်အမိန့်အရ ဝင်ခွင့်ပေးလိုက်ရတယ်
တုကျွယ်က ရှီရှန်းနဲ့ ရှီရင်းတို့ရှိနေတဲ့ အခန်းထဲကို အမြန်ပြေးလာတယ် သူ သူတို့ကိုမြင်လိုက်လိုက်ချင်းမှာ သူ့အကြည့်တွေ တုန်လှုပ်သွားတယ်
"ရှီရင်း..?.." 'သူကဒီကို ဘာလို့ရောက်နေရတာလဲ.. ဒီအချိန်မှာ အိပ်ပျော်နေရမှာမဟုတ်ဘူးလား..'
သူကရှီရင်းကိုတစ်ခါမှ မတွေ့ဖူးပေမယ့် တုမိသားစုမှာစုဆောင်းထားတဲ့ အချက်အလက်တွေ ဓါတ်ပုံမှတ်တမ်းတွေထဲမှာ ရှီရင်းရဲ့ ပုံလည်းရှိနေတာကြောင့် တုကျွယ်က သူ့ကိုမှတ်မိလိုက်တယ် မှတ်တမ်းတွေအရဆိုရင် ရှီရင်းကနောက်ထပ် နှစ်တစ်ရာလောက်ထိ အိပ်ပျော်နေရအုံးမှာလေ..
ရှီရၕင်းက ရှီရှန်းဆီကနေအကြည့်လွှဲလိုက်ပြီး တံခါးဝမှာ ရှိနေတဲ့ လူကိုလှမ်းကြည့်လိုက်တယ် သူ့မျက်လုံးထဲမှာ ရွှေရောင်အလင်းဖျော့ဖျော့ရှိနေတယ်
"တုမိသားစုကလား.."
"ဟုတ်ကဲ့.."တုကျွယ် က အရဲစွန့်ပြီး ပြန်ဖြေလိုက်တယ်
တုကျွယ်က ရှီရင်းဘေးနားမှာရပ်နေတဲ့ ရှီရှန်းကိုမြင်တော့ ထိတ်ခနဲ ဖြစ်သွားတယ် 'မီနိုင်း..သူမက ရှီရင်းနဲ့ ဘာလို့အတူရှိနေတာလဲ..သူတို့က တစ်ဖက်တည်းတော့မဟုတ်လောက်ပါဘူးနော်..သွေးသန့်ဗနိပိုင်းယားတစ်ကောင်နဲ့တင်ရင်ဆိုင်ရတာ အတော်လေးခက်ခဲနေပြီ..ရှီရင်းကိုပါ ထပ်ပေါင်းလိုက်မယ့်ဆိုရင်တော့..'
သူ့ဘိုးဘေးတွေရဲ့ မှတ်တမ်းမှတ်ရာတွေအရဆိုရင် ရှီရင်းက အတော်လေးထူးဆန်းတဲ့ ဗန်ပိုင်းယားမျိုးစိတ်ပဲ ဖြစ်တယ် ..သူက သွေးသန့်ဗန်ပိုင်းယားတော့မဟုတ်ပေမယ့် သွေးသန့်တွေထပ်တောင်ပိုပြီး အင်အားကြီးသေးတယ် ပြီးတော့ သူ့က အသက်တော်ရှည်ခဲ့ပုံပေါ်တယ် ရှီရင်းအကြောင်းမှတ်တမ်းတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်ကဟာတွေ......
"အဟမ်း.." ရှီရင်းက တိတ်ဆိတ်မှုကို ဖြိုခွင်းဖို့ ချောင်းတစ်ချက်ဟမ့်လိုက်တယ်
တစ်ခြားပုံမှန်လူသားတစ်ယောက်သေသွားတာဆိုရင်တော့ ပြသနာကိုဖြေရှင်းရတာအတော်လေးခက်ခဲလိမ့်မယ် ဒါပေမယ့် အခုက BHAက လူဖြစ်နေလို့ ကိစ္စတွေက ပိုမို လွယ်ကူသွားပြီ
တုကျွယ်ကအံကြိတ်ပြီး ရှီရင်းက သူပြသနာရှာလို့ရမယ့်သူမဟုတ်ဖူးဆိုတာသူ့ကိုယ်သူသတိပေးလိုက်တယ်
ဘာမှမတတ်နိုင်တဲ့အဆုံးမှာ တုကျွယ်က သူ့အသံကို အတတ်ဆုံးဆုံးသတိထားပြီး ပျော့ပျော့ပြောင်းပြောင်းမေးလိုက်တယ် "အရှင်ရှီရင်းက ဒီကို ဘာလို့ရောက်နေတာပါလဲ ခင်ဗျာ.."
"စာလာသင်တာ.." ရှီရင်းက အေးအေးဆေးဆေးပြန်ဖြေလိုက်တယ်
တုကျွယ် "......" 'ခင်ဗျားအသက်ကဖြင့်ထောင်ချီနေပြီကို စာလာသင်ချင်သေးတယ်လား..ကောင်းပြီ..သူက တကယ့်အကောင်ကြီးပဲ..ငါသူ့ကို ပြသနာသွားရှာလို့မဖြစ်ဘူး...'
"ကျွန်တော်က ဗန်ပိုင်းယားအချို့က လူသားတွေကိုတိုက်ခိုက်တယ် ဆိုတဲ့ သတင်းကြားလို့ရောက်လာတာပါ.." တုကျွယ်က အတတ်နိုင်ဆုံးအပြစ်မပြုမိတဲ့လေသံနဲ့ပြောလိုက်တယ် "အရှင်ရှီရင်းကို မေးခွန်းအချို့လောက်မေးခွင့်ရမလားမသိဘူး.."
" အို..." ရှီရင်းက လှောင်ပြောင်ခနဲ့လိုတဲ့လေသံနဲ့ပြောလိုက်တယ် "တုမိသားစုကသူတို့ရဲ့မျိုးဆက်တွေကို စည်းမျဉ်းစည်းကမ်းတွေ သေချာသင်ကြားမပေးထားဘူးထင်ပါရဲ့.."
တုကျွယ်က သူ့စကားမှားသွားမှန်းသတိထားမိလိုက်တယ် တကယ်လို့ ဒီနေရာမှာ သူ့အဘိုးရှိနေရင်တောင် ရှီရင်းကို ဘာမေးခွန်းမှထုတ်ရဲလိမ့်မှာ မဟုတ်ဘူး....
"တုကျွယ်စကားပြောတာရိုင်းပြမိသွားပါတယ်.." စိတ်ထဲမှာ ဒေါသထွက်နေပေမယ့် တုကျွယ်က သူ့မကျေနပ်ချက်ကို ဖိနှိပ်ထားရုံသာတတ်နိုင်တယ် ဒီလူက တကယ်ကို သူပြသနာသွားရှာလို့ရတဲ့လူ မဟုတ်ဘူး...
တုကျွယ်ရဲ့ ရိုကျိုးနာခံတဲ့ အပြုအမူကြောင့် သူ့နောက်လိုက်တွေစိတ်ရှုပ်ထွေးကုန်ကြတယ်
'ဒီလူကတကယ်ပဲ ဘယ်သူမို့လို့လဲ..'
တုကျွယ်က အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်တယ် "ကျွန်တော်တို့ ဒီအလောင်းကို တစ်ချက်လောက်ကြည့်ကြည့်လို့ရမလား ခင်ဗျာ.."
တုကျွယ်က ရှီရှန်းကိုတစ်ချက်ကြည့်လိုက်တယ် သူ့ကိုကြည့်ရတာ သူမက ရှီရင်းနဲ့ တစ်ခုခုပတ်သက်နေလားဆိုတာကို အတည်ပြုချင်နေတဲ့ ပုံပဲ....
ကံကြမ္မာက တုကျွယ်ကို ဝမ်းသာရမယ့်အခွင့်အရေးမပေးရှာဘူး ရှီရှန်းက ရှီရှင်းရဲ့ဘေးကို ပိုတိုးကပ်သွားပြီး လက်မောင်းချင်းချိတ်လိုက်တယ် ရှီရင်းက မျက်မှောင်တစ်ချက်လောက်ကျုတ်သွားပေမယ့် သူမကိုတွန်းမထုတ်ဘူး
တုကျွယ် "..!!?........."
'ဒီနှစ်ယောက်က ဘယ်ကတည်းက ဒီလိုဖြစ်သွားကြတာလဲ..အဓိပ္ပာယ်ကိုမရှိဘူး...'
ရှီရှန်းက တုကျွယ်ရဲ့ လက်ကိုမြဲမြဲမြံမြံကိုင်ထားပြီး ခေါင်းကိုမော့ကာ ရှီရင်းကို ခပ်တိုးတိုးပြောလိုက်တယ် "ရှင့်မှာတကယ့်ကို ရွှေပေါင်လုံးတုတ်တုတ်ကြီးရှိတာပဲ..ကျွန်မကိုပေးဖက်ပါအုံး.."
'စောက်ရူးကောင်တုကျွယ်တောင်မှ သူ့ကိုဒီလောက်ကြောက်ရတယ်..ဒီတစ်ခါတော့ ဖုန်းစီလေးရဲ့FINAL BOSS ဇာတ်ကောင်က တကယ်ကိုစိတ်မပျက်စေဘူး...'
ရှီရင်းက သူမရဲ့ အတင့်ရဲတဲ့ လက်တွေကို ဆိတ်ဆွဲပစ်လိုက်တာကြောင့် ရှီရှန်းရဲ့မျက်နှာမှာ မချိုမချဉ်အပြုံးတစ်ခုပေါ်လာတယ်
"အရှင်ရှီရင်း..." တုကျွယ်က နောက်တစ်ကြိမ်လောက်သတိထားပြီး ခေါ်လိုက်တယ်
"အလောင်းတစ်လောင်းပဲမဟုတ်ဖူးလား..ဘာများထူးဆန်းနေလို့လဲ..ရှင့်ဘာသာရှင်ကြည့်ချင်သပဆိုသွားကြည့်ပေါ့ ...တကယ်လို့ ကြည့်ရတာမလောက်ရင် ကျွန်မနောက်ထပ်အလောင်းတွေထပ်လုပ်ပေးမယ်လေ..တကယ့်ကို လတ်လတ်ဆတ်ဆတ်လေးတွေပေါ့.." ရှီရှန်းက ရှီရင်း ဘာမှမပြောရသေးခင် အရင်ဝင်ပြောလိုက်တယ်
တုကျွယ်ရဲ့မျက်လုံးတွေငက လက်ခနဲဖြစ်သွားတယ်
'ရှီရင်းက သူ့နေရာကနေကိုယ်စားဝင်ပြောတာကို အမုန်းဆုံးပဲ.. ဒီမိန်းမတော့ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ..'
...................................................
Transalated by Dora💜 Mia💙
Zawgyi
ေနာက္ဆုံးေတာ့ ႐ွီရင္းက ႐ွီ႐ွန္းရဲ႕ အိမ္မွာပဲ ေနလိုက္ရတယ္ ဒါေပမယ့္ ႐ွီရင္းက ေက်ာင္းကိုေတာ့ သူမနဲ႔ ဘယ္ေတာ့မွအတူမသြားဘူး ႐ွီ႐ွန္းက သူမသိကၡာကိုေတာင္ထည့္မတြက္ဘဲ သူ႕ေနာက္ကေန အ႐ွက္မ႐ွိလိုက္လာတယ္ဆိုရင္ေတာင္ ႐ွီရင္းက အၿမဲတမ္း မ်က္ေျခဖ်က္ၿပီး ခ်န္ထားပစ္ခဲ့တယ္
အဲ့ေနာက္မွာေတာ့ ႐ွီ႐ွန္းက ႐ွီရင္းကိုေပၚတင္လိုက္ၿပီး ပိုးပန္းေတာ့တယ္
ပန္းေတြ...ရည္းစားစာေတြ...သုံးလို႔ရသမွ်နည္းလမ္းအကုန္သုံးေလတယ္
အခုဆိုရင္ အကယ္ဒမီတစ္ခုလုံးက သူတို႔ရဲ႕ အလွနတ္ဘုရားမ မီႏိုင္းက ႐ွီရင္းကို ပိုးပန္းေနတယ္ ဆိုတာသိကုန္ၾကၿပီ ဒါေၾကာင့္ ေယာက်္ားေလးအေတာ္မ်ားမ်ားက ႐ွီရင္းကို မ်က္စိစပါးေမႊးစူးလာၾကတယ္
ေကာင္ေလးတစ္ဖြဲ႕က အခန္းထဲမွာ မီႏိုင္းမ႐ွိတဲ့ အခ်ိန္ ႐ွီရင္းကို ေခ်ာင္ပိတ္ၿပီး ဝိုင္းထားၾကတယ္ ေခါင္းေဆာင္ကေတာ့ သူ႕ကိုယ္သူမီႏိုင္းရဲ႕ နံပါတ္တစ္ဖန္ လို႔ေျပာတဲ့ ေက်ာင္းသား ျဖစ္တယ္
သူက ႐ွီရင္းအေ႐ွ႕က စားပြဲကို ခပ္လွမ္းလွမ္းထိေရာက္ေအာင္ကန္ထုတ္ပစ္လိုက္တယ္
စားပြဲေပၚက စာအုပ္ေတြ စာေရးကိရိယာေတြ အကုန္လုံး ၾကမ္းေပၚကိုျပဳတ္က်ၿပီး ျပန္႔က်ဲကုန္ၾကတယ္
"ငါတို႔ရဲ႕ နတ္ဘုရားမကေတာင္ မင္းကိုလိုက္ေနၿပီ ဒါကို မင္းကမာနႀကီးေနသလိုလို စိတ္ႀကီးဝင္ေနသလိုလိုေတြ လုပ္ေနေသးတယ္ မင္းကိုယ္မင္း ဘယ္ေလာက္မ်ားႀကီးျမတ္တယ္လို႔ထင္ေနတာလဲ.."
႐ွီရင္းက နဲနဲမွေတာင္မလႈပ္သြားဘဲ သူ႕အေ႐ွ႕က ေက်ာင္းသားကိုစူးစိုက္ၾကည့္ေနတယ္ "ဖယ္လိုက္.."
"ဖယ္လိုက္?...အဟတ္.." ေက်ာင္းသားကေအးစက္စြာရီလိုက္တယ္
"အေၾကာင္းျပခ်က္ေကာင္းေကာင္းမေပးႏိုင္ရင္ မင္းဒီေန႔လြတ္ႏိုင္မယ္မထင္နဲ႔.."
႐ွီရင္းရဲ႕ မ်က္လုံးေတြက ေမွးက်ဥ္းသြားၿပီး မ်က္စိသူငယ္အိမ္ထဲမွာ ေ႐ႊေရာင္အလင္းတန္းတစ္ခ်ိဳ႕ လက္ခနဲ ျဖစ္သြားတယ္ သူ႕ေဘးမွာခ်ထားတဲ့ လက္ေတြကလည္း လက္သီးဆုပ္ပုံစံျဖစ္သြားတယ္
သူ႕အေ႐ွ႕ကေက်ာင္းသားေလးကေတာ့ အႏၲရာယ္ကို အခုထိ သတိမမူမိေသးဘူး
"ငါတို႔နတ္ဘုရားမက မင္းအတြက္ လုံေလာက္ေအာင္ မေကာင္းေသးဘူးလို႔မ်ား ထင္ေနတာလား..မင္းကမ်ား သူ႕ကိုေခ်ရေသးတယ္.."
႐ွီရင္းက ေအးစက္စြာေျပာလိုက္တယ္ "အဲ့ဒါက သူမကိစၥပါ.."
"မင္းေမ-ိဳးလိုက္.." ေက်ာင္းသားေလးက ႐ွီရင္းရဲ႕ မတုန္မလႈပ္အမူအရာေၾကာင့္ သူ႕သိကၡာကို စိန္ေခၚခံလိုက္ရသလို ခံစားလိုက္ရတယ္ သူက သူ႕ေနာက္ကလူေတြကို လက္တစ္ခ်က္ေဝွ႔ျပလိုက္တယ္
"ဒီေကာင့္ကိုသင္ခန္းစာေကာင္းေကာင္းေပးလိုက္ၾက.."
..................
႐ွီ႐ွန္း အခန္းထဲကို အေမာတေကာျပန္ေျပးလာတဲ့အခ်ိန္မွာ နံပါတ္တစ္ဖန္ေက်ာင္းသားကေတာ့ ၾကမ္းျပင္ေပၚမွာလဲေနၿပီျဖစ္ၿပီးသူ႕ေနာက္လိုက္ေတြကေတာ့ အခန္းေထာင့္မွာ ကုပ္ေနၾကတယ္
႐ွီရင္းက သူမကို အဓိပၸာယ္ဖတ္ရခက္တဲ့ အၾကည့္နဲ႔ၾကည့္လိုက္တယ္
႐ွီ႐ွန္းက သူ႕အနားကို အျမန္ေလွ်ာက္လာၿပီး သူ႕လက္ကိုလာဆြဲတယ္ ၿပီးေတာ့ သူမက သူ႕တစ္ကိုယ္လုံးကိုေျခဆုံးေခါင္းဆုံး အကဲခတ္လိုက္ၿပီးေမးတယ္ " ႐ွင္ အဆင္ေျပရဲ႕လား.."
႐ွီရင္းက ႏႈတ္ခမ္းကို ခပ္တင္းတင္းေစ့ၿပီး ေခါင္းၿငိမ့္ျပလိုက္တယ္
"သူေသသြားၿပီ.."
႐ွီ႐ွန္းက အခန္းေထာင့္နားမွာ လဲေနတဲ့ အေလာင္းကိုၾကည့္လိုက္တယ္ အေလာင္းရဲ႕မ်က္ႏွာက ျဖဴေဖ်ာ့ေနၿပီး မ်က္လုံးေတြက ရဲရဲနီေနတယ္
သူမ ဒီေက်ာင္းသားကိုမွတ္မိတယ္ သူက သူ႕ကိုယ္သူ မီႏိုင္းရဲ႕ နံပါတ္တစ္ဖန္လို႔ေျပာၿပီး မီႏိုင္းကို ႀကိဳက္တဲ့ ေကာင္ေလးေတြကို သူ႕အဖြဲ႕နဲ႔ သြားသြားအႏိုင္က်င့္တတ္တဲ့သူပဲ
တစ္ခါကဆိုရင္ သူတို႔လက္ခ်က္နဲ႔ ေက်ာင္းသားေလးတစ္ေယာက္ေသသြားဖူးတယ္ ဒါေပမယ့္ သူ႕မိသားစုေနာက္ခံက ျမ့င့္မားၿပီး အာဏာႀကီးတာေၾကာင့္ ေက်ာင္းကဘာမွမလုပ္ႏိုင္ခဲ့ဘူး
အဲ့လိုနဲ႔ သူက ေက်ာင္းစည္းကမ္ေတြကိုပါမေၾကာက္ေတာ့ဘဲ ေပၚေပၚထင္ေသာင္းက်န္းတတ္လာတယ္
"႐ွင္အဆင္ေျပရင္ၿပီးတာပဲ.." ႐ွီ႐ွန္းက အေလာင္းဆီကေနအၾကည့္လႊဲၿပီး ႐ွီရင္းရဲ႕ တြန္႔ေၾကေနတဲ့ အက်ႌေတြကို ဆြဲဆန္႔ေပးေနတယ္
႐ွီရင္းက သူမကိုငုံ႔ၾကည့္လိုက္တယ္
သူမကိုၾကည့္ရတာ သူကလြဲရင္အျခားဘယ္သူဘာျဖစ္ျဖစ္ဂ႐ုမစိုက္သလိုမ်ိဳး ေအးေဆးေနတယ္
ေက်ာင္းရဲ႕အျပင္ဘက္ကေန ရဲကားသံေတြကိုၾကားလိုက္ရတာေၾကာင့္ ႐ွီ႐ွန္းက အခန္းေထာင္မွာ ကုပ္ေနၾကတဲ့ လူေတြကိုလွမ္းၾကည့္လိုက္တယ္
သူမရဲ႕ အၾကည့္ကို ခံစားမိလိုက္တာနဲ႔ သူတို႔က အသဲအသန္႐ွင္းျပၾကေတာ့တယ္
"ငါလုပ္တာမဟုတ္ဘူး ..ငါရဲေတြကိုမေခၚလိုက္ဘူး "
"ငါလည္းမဟုတ္ဘူး.."
"ငါ့ကိုမၾကည့္နဲ႔..ငါမဟုတ္ဘူး.."
အားလုံးကေတာ့ သူတို႔ေခၚလိုက္တာမဟုတ္ဘူးလို႔ေျပာေနၾကတာပဲ..ရဲေတြကေတာ့ေရာက္ေနၿပီေလ..
႐ွီ႐ွန္းက ျပတင္းေပါက္ကိုလွမ္းၾကည့္လိုက္တယ္ 'ေကာင္းတယ္..ေက်ာင္းတစ္ခုလုံးကို ဝိုင္းထားၿပီေပါ့...အေၾကာင္းၾကားလိုက္တဲ့သူက တစ္ေယာက္ေယာက္က ဒီေနရာကိုေဖာက္ခြဲဖို႔လုပ္ေနတယ္ လို႔မ်ားေျပာလိုက္တာလားပဲ '
ရဲကားဉဩသံေတြအဆတ္မျပတ္ျမည္ေနတာေၾကာင့္ လမ္းမွာပိတ္ေနတဲ့ေနတဲ့ ေက်ာင္းသားေတြအကုန္လုံး အျပင္ကိုထြက္ေျပးကုန္ၾကတယ္
"အထဲကလူေတြနားေထာင္ၾကပါ...ငါတို႔ မင္းတို႔ေနရာတစ္ခုလုံးကို ဝိုင္းထားၿပီ "
"ဓားစာခံေတြကို မထိခိုက္ေစပါနဲ႔..မင္းတို႔ေတာင္းဆိုတဲ့အတိုင္း လုပ္ေပးမယ္ "
"ငါတို႔ မင္းတို႔ကို ကူညီႏိုင္ပါတယ္... ဓားစာခံေတြကို မထိခိုက္ေစပါနဲ႔"
အျပင္ဘက္ကေန အသံေပါင္းစုံထြက္ေနတယ္ ႐ွီ႐ွန္းကေတာ့ အမူအရာတစ္စက္ေတာင္ မေျပာင္းလဲဘဲ ႐ွီရင္းရဲ႕ အက်ႌေတြကိုပဲ ဆြဲဆန္႔ေပးေနတယ္
႐ွီရင္းက သူမလက္ကိုလွမ္းဆြဲလိုက္တယ္ "ဒီကိစၥကမင္းနဲ႔ မဆိုင္ဘူး..မင္းလည္းသြားသင့္ၿပီ"
' ရဲေတြေရာက္ေနၿပီဆိုမွေတာ့ ျပသနာက ပို႐ႈပ္လာဖို႔ပဲ႐ွိတယ္ '
႐ွီ႐ွန္းက သူ႕ကိုေမာ့ၾကည့္လိုက္တယ္ သူမရဲ႕အၾကည့္ကတည္ၿငိမ္ေနၿပီ မ်က္ႏွာမွာလည္း အျပဳံးေလးတစ္ခု႐ွိေနတယ္ " ႐ွင္ ကြၽန္မကို စိတ္ပူေနတာလား..."
႐ွီရင္းက သူမလက္ကိုလႊတ္လိုက္တယ္ " ငါက ျဖစ္သင့္တာကိုေျပာေနတာ.."
'သူမကို စိတ္ပူစရာ ဘာအေၾကာင္းမွမ႐ွိဘူး..
ဒီကိစၥက အစကတည္းကသူမနဲ႔မွမဆိုင္တာ...သူမကို ဆြဲထည့္ၿပီးကိစၥကိုမ႐ႈပ္ေစခ်င္ဘူး...'
"႐ွင္ကြၽန္မကိုစိတ္ပူေနတာမဟုတ္မွေတာ့ ကြၽန္မသြားသြားမသြားသြားဘာထူးေသးလို႔လဲ.." ႐ွီ႐ွန္းက မထုံတတတ္ေသးအမူအရာနဲ႔ျပန္ေျပာလိုက္တယ္
"မီႏိုင္း...."႐ွီရင္းက အသံကိုဖိၿပိးေျပာလိုက္တယ္
သူတို႔ႏွစ္ေယာက္ၾကားက ေလထုက ႐ုတ္တရပ္ႀကီး ႏူးညံ့သြားတယ္
အျပင္ဘက္က အသံေတြကလည္း ႐ုတ္တရပ္ႀကီး ၿငိမ္က်သြားတာေၾကာင့္ ေလာကႀကီးတစ္ခုလုံး ရပ္တန္႔သြားသလိုပဲ
.....................................
တုကြၽယ္က သူ႕အဖြဲ႕ကိုေခၚၿပီး အျမန္ေရာက္လာတယ္ သူတို႔ပထမဆုံးရင္ဆိုင္ရတာက ေက်ာင္းကိုဝိုင္းထားတဲ့ ရဲေတြပဲ ရဲေတြကသူတို႔ေရာက္လာတာကိုသေဘာမက်ၾကေပမယ့္ အထက္အမိန္႔အရ ဝင္ခြင့္ေပးလိုက္ရတယ္
တုကြၽယ္က ႐ွီ႐ွန္းနဲ႔ ႐ွီရင္းတို႔႐ွိေနတဲ့ အခန္းထဲကို အျမန္ေျပးလာတယ္ သူ သူတို႔ကိုျမင္လိုက္လိုက္ခ်င္းမွာ သူ႕အၾကည့္ေတြ တုန္လႈပ္သြားတယ္
"႐ွီရင္း..?.." 'သူကဒီကို ဘာလို႔ေရာက္ေနရတာလဲ.. ဒီအခ်ိန္မွာ အိပ္ေပ်ာ္ေနရမွာမဟုတ္ဘူးလား..'
သူက႐ွီရင္းကိုတစ္ခါမွ မေတြ႕ဖူးေပမယ့္ တုမိသားစုမွာစုေဆာင္းထားတဲ့ အခ်က္အလက္ေတြ ဓါတ္ပုံမွတ္တမ္းေတြထဲမွာ ႐ွီရင္းရဲ႕ ပုံလည္း႐ွိေနတာေၾကာင့္ တုကြၽယ္က သူ႕ကိုမွတ္မိလိုက္တယ္ မွတ္တမ္းေတြအရဆိုရင္ ႐ွီရင္းကေနာက္ထပ္ ႏွစ္တစ္ရာေလာက္ထိ အိပ္ေပ်ာ္ေနရအုံးမွာေလ..
႐ွီရၕင္းက ႐ွီ႐ွန္းဆီကေနအၾကည့္လႊဲလိုက္ၿပီး တံခါးဝမွာ ႐ွိေနတဲ့ လူကိုလွမ္းၾကည့္လိုက္တယ္ သူ႕မ်က္လုံးထဲမွာ ေ႐ႊေရာင္အလင္းေဖ်ာ့ေဖ်ာ့႐ွိေနတယ္
"တုမိသားစုကလား.."
"ဟုတ္ကဲ့.."တုကြၽယ္ က အရဲစြန္႔ၿပီး ျပန္ေျဖလိုက္တယ္
တုကြၽယ္က ႐ွီရင္းေဘးနားမွာရပ္ေနတဲ့ ႐ွီ႐ွန္းကိုျမင္ေတာ့ ထိတ္ခနဲ ျဖစ္သြားတယ္ 'မီႏိုင္း..သူမက ႐ွီရင္းနဲ႔ ဘာလို႔အတူ႐ွိေနတာလဲ..သူတို႔က တစ္ဖက္တည္းေတာ့မဟုတ္ေလာက္ပါဘူးေနာ္..ေသြးသန္႔ဗနိပိုင္းယားတစ္ေကာင္နဲ႔တင္ရင္ဆိုင္ရတာ အေတာ္ေလးခက္ခဲေနၿပီ..႐ွီရင္းကိုပါ ထပ္ေပါင္းလိုက္မယ့္ဆိုရင္ေတာ့..'
သူ႕ဘိုးေဘးေတြရဲ႕ မွတ္တမ္းမွတ္ရာေတြအရဆိုရင္ ႐ွီရင္းက အေတာ္ေလးထူးဆန္းတဲ့ ဗန္ပိုင္းယားမ်ိဳးစိတ္ပဲ ျဖစ္တယ္ ..သူက ေသြးသန္႔ဗန္ပိုင္းယားေတာ့မဟုတ္ေပမယ့္ ေသြးသန္႔ေတြထပ္ေတာင္ပိုၿပီး အင္အားႀကီးေသးတယ္ ၿပီးေတာ့ သူ႕က အသက္ေတာ္႐ွည္ခဲ့ပုံေပၚတယ္ ႐ွီရင္းအေၾကာင္းမွတ္တမ္းေတြက လြန္ခဲ့တဲ့ ႏွစ္ေပါင္းတစ္ေထာင္ေလာက္ကဟာေတြ......
"အဟမ္း.." ႐ွီရင္းက တိတ္ဆိတ္မႈကို ၿဖိဳခြင္းဖို႔ ေခ်ာင္းတစ္ခ်က္ဟမ့္လိုက္တယ္
တစ္ျခားပုံမွန္လူသားတစ္ေယာက္ေသသြားတာဆိုရင္ေတာ့ ျပသနာကိုေျဖ႐ွင္းရတာအေတာ္ေလးခက္ခဲလိမ့္မယ္ ဒါေပမယ့္ အခုက BHAက လူျဖစ္ေနလို႔ ကိစၥေတြက ပိုမို လြယ္ကူသြားၿပီ
တုကြၽယ္ကအံႀကိတ္ၿပီး ႐ွီရင္းက သူျပသနာ႐ွာလို႔ရမယ့္သူမဟုတ္ဖူးဆိုတာသူ႕ကိုယ္သူသတိေပးလိုက္တယ္
ဘာမွမတတ္ႏိုင္တဲ့အဆုံးမွာ တုကြၽယ္က သူ႕အသံကို အတတ္ဆုံးဆုံးသတိထားၿပီး ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္းေမးလိုက္တယ္ "အ႐ွင္႐ွီရင္းက ဒီကို ဘာလို႔ေရာက္ေနတာပါလဲ ခင္ဗ်ာ.."
"စာလာသင္တာ.." ႐ွီရင္းက ေအးေအးေဆးေဆးျပန္ေျဖလိုက္တယ္
တုကြၽယ္ "......" 'ခင္ဗ်ားအသက္ကျဖင့္ေထာင္ခ်ီေနၿပီကို စာလာသင္ခ်င္ေသးတယ္လား..ေကာင္းၿပီ..သူက တကယ့္အေကာင္ႀကီးပဲ..ငါသူ႕ကို ျပသနာသြား႐ွာလို႔မျဖစ္ဘူး...'
"ကြၽန္ေတာ္က ဗန္ပိုင္းယားအခ်ိဳ႕က လူသားေတြကိုတိုက္ခိုက္တယ္ ဆိုတဲ့ သတင္းၾကားလို႔ေရာက္လာတာပါ.." တုကြၽယ္က အတတ္ႏိုင္ဆုံးအျပစ္မျပဳမိတဲ့ေလသံနဲ႔ေျပာလိုက္တယ္ "အ႐ွင္႐ွီရင္းကို ေမးခြန္းအခ်ိဳ႕ေလာက္ေမးခြင့္ရမလားမသိဘူး.."
" အို..." ႐ွီရင္းက ေလွာင္ေျပာင္ခနဲ႔လိုတဲ့ေလသံနဲ႔ေျပာလိုက္တယ္ "တုမိသားစုကသူတို႔ရဲ႕မ်ိဳးဆက္ေတြကို စည္းမ်ဥ္းစည္းကမ္းေတြ ေသခ်ာသင္ၾကားမေပးထားဘူးထင္ပါရဲ႕.."
တုကြၽယ္က သူ႕စကားမွားသြားမွန္းသတိထားမိလိုက္တယ္ တကယ္လို႔ ဒီေနရာမွာ သူ႕အဘိုး႐ွိေနရင္ေတာင္ ႐ွီရင္းကို ဘာေမးခြန္းမွထုတ္ရဲလိမ့္မွာ မဟုတ္ဘူး....
"တုကြၽယ္စကားေျပာတာ႐ိုင္းျပမိသြားပါတယ္.." စိတ္ထဲမွာ ေဒါသထြက္ေနေပမယ့္ တုကြၽယ္က သူ႕မေက်နပ္ခ်က္ကို ဖိႏွိပ္ထား႐ုံသာတတ္ႏိုင္တယ္ ဒီလူက တကယ္ကို သူျပသနာသြား႐ွာလို႔ရတဲ့လူ မဟုတ္ဘူး...
တုကြၽယ္ရဲ႕ ႐ိုက်ိဳးနာခံတဲ့ အျပဳအမူေၾကာင့္ သူ႕ေနာက္လိုက္ေတြစိတ္႐ႈပ္ေထြးကုန္ၾကတယ္
'ဒီလူကတကယ္ပဲ ဘယ္သူမို႔လို႔လဲ..'
တုကြၽယ္က အသက္ျပင္းျပင္းတစ္ခ်က္႐ႈလိုက္တယ္ "ကြၽန္ေတာ္တို႔ ဒီအေလာင္းကို တစ္ခ်က္ေလာက္ၾကည့္ၾကည့္လို႔ရမလား ခင္ဗ်ာ.."
တုကြၽယ္က ႐ွီ႐ွန္းကိုတစ္ခ်က္ၾကည့္လိုက္တယ္ သူ႕ကိုၾကည့္ရတာ သူမက ႐ွီရင္းနဲ႔ တစ္ခုခုပတ္သက္ေနလားဆိုတာကို အတည္ျပဳခ်င္ေနတဲ့ ပုံပဲ....
ကံၾကမၼာက တုကြၽယ္ကို ဝမ္းသာရမယ့္အခြင့္အေရးမေပး႐ွာဘူး ႐ွီ႐ွန္းက ႐ွီ႐ွင္းရဲ႕ေဘးကို ပိုတိုးကပ္သြားၿပီး လက္ေမာင္းခ်င္းခ်ိတ္လိုက္တယ္ ႐ွီရင္းက မ်က္ေမွာင္တစ္ခ်က္ေလာက္က်ဳတ္သြားေပမယ့္ သူမကိုတြန္းမထုတ္ဘူး
တုကြၽယ္ "..!!?........."
'ဒီႏွစ္ေယာက္က ဘယ္ကတည္းက ဒီလိုျဖစ္သြားၾကတာလဲ..အဓိပၸာယ္ကိုမ႐ွိဘူး...'
႐ွီ႐ွန္းက တုကြၽယ္ရဲ႕ လက္ကိုၿမဲၿမဲျမံျမံကိုင္ထားၿပီး ေခါင္းကိုေမာ့ကာ ႐ွီရင္းကို ခပ္တိုးတိုးေျပာလိုက္တယ္ "႐ွင့္မွာတကယ့္ကို ေ႐ႊေပါင္လုံးတုတ္တုတ္ႀကီး႐ွိတာပဲ..ကြၽန္မကိုေပးဖက္ပါအုံး.."
'ေစာက္႐ူးေကာင္တုကြၽယ္ေတာင္မွ သူ႕ကိုဒီေလာက္ေၾကာက္ရတယ္..ဒီတစ္ခါေတာ့ ဖုန္းစီေလးရဲ႕FINAL BOSS ဇာတ္ေကာင္က တကယ္ကိုစိတ္မပ်က္ေစဘူး...'
႐ွီရင္းက သူမရဲ႕ အတင့္ရဲတဲ့ လက္ေတြကို ဆိတ္ဆြဲပစ္လိုက္တာေၾကာင့္ ႐ွီ႐ွန္းရဲ႕မ်က္ႏွာမွာ မခ်ိဳမခ်ဥ္အျပဳံးတစ္ခုေပၚလာတယ္
"အ႐ွင္႐ွီရင္း..." တုကြၽယ္က ေနာက္တစ္ႀကိမ္ေလာက္သတိထားၿပီး ေခၚလိုက္တယ္
"အေလာင္းတစ္ေလာင္းပဲမဟုတ္ဖူးလား..ဘာမ်ားထူးဆန္းေနလို႔လဲ..႐ွင့္ဘာသာ႐ွင္ၾကည့္ခ်င္သပဆိုသြားၾကည့္ေပါ့ ...တကယ္လို႔ ၾကည့္ရတာမေလာက္ရင္ ကြၽန္မေနာက္ထပ္အေလာင္းေတြထပ္လုပ္ေပးမယ္ေလ..တကယ့္ကို လတ္လတ္ဆတ္ဆတ္ေလးေတြေပါ့.." ႐ွီ႐ွန္းက ႐ွီရင္း ဘာမွမေျပာရေသးခင္ အရင္ဝင္ေျပာလိုက္တယ္
တုကြၽယ္ရဲ႕မ်က္လုံးေတြငက လက္ခနဲျဖစ္သြားတယ္
'႐ွီရင္းက သူ႕ေနရာကေနကိုယ္စားဝင္ေျပာတာကို အမုန္းဆုံးပဲ.. ဒီမိန္းမေတာ့ ကိုယ့္ေသတြင္းကိုယ္တူးေနတာပဲ..'
...................................................
Transalated by Dora💜 Mia💙