Unicode
ရှီရှန်း မျှော်လင့်ထားတဲ့အတိုင်း သူရွေးလိုက်တဲ့စားသောက်ဆိုင်တွေကမြို့ထဲမှာထိပ်တန်းစားသောက်ဆိုင်တွေချည်းပဲ သာမန်ထမင်းလေးတစ်ပွဲတောင် ယွမ်တစ်ထောင်ကျော်တယ်
''ရှင်တို့ဆိုင်က ထမင်းကစိန်တွေနဲ့များစီထားလို့လားဟင်'' ရှီရှန်းတစ်ယောက်မီနူး ထဲကစျေးတြွေမင်ပြီးမျက်လုံးပြူးသွားတယ်
သူမလို ငွေကိုရေလိုသုံးတဲ့သူတောင်ဒီလောက်စျေးကြီးတဲ့ထမင်းမစားဖူးသေးဘူး
စားပွဲထိုးက ရှီရှန်းကိုပြုံးရုံသာပြုံးပြပြီးရှီရင်းကိုပြန်ကြည့်တယ်
ကြည့်ရတာရှီရှန်းကိုစိတ်ပျက်သွားပုံပဲ
''ပုံမှန်အတိုင်းပဲ'' ရှီရင်းကမီနူးကိုထိတောင်မထိဘူး
''ကောင်းပါပြီဗျာ, ခနလောက်စောင့်ပေးပါဦးမစ္စတာရှီရင်း,'' စားပွဲထိုးကစာရွက်ပေါ်မှာမီနူးအချို့ကိုရေးလိုက်ပြီးရှီရှန်းကိုကြည့်တယ်
'' မစ္စရော,ဘာသုံးဆောင်ချင်ပါသလဲ,မစ္စတာရှီရင်းနဲ့အတူတူပဲလားခင်ဗျ''
''ကျွန်မ ဘာမှမမှာတော့ဘူး'' ရှီရှန်းက မီနူးကိုချလိုက်တယ်
'စားပြီးရင်အသက်တောင်ရှင်ပါ့မလားမသိဘူး'
စားပွဲထိုးကနွေးနွေးထွေးထွေးပြုံးပြပြီးလေးစားမှုရှိရှိနဲ့ထွက်သွားတယ်
''ရှင်ဒီကိုလာနေကျလား"
ရှီရှန်း ရှီရင်းကိုကြည့်လိုက်တယ်'စားပွဲထိုးကသူ့ကိုသိနေတဲ့အပြင် တလေးတစားလည်းဆက်ဆံသေးတယ်, ဒီလူကဒီကမ္ဘာရဲ့ CEOသူဌေးလို့တော့လာမပြောနဲ့နော်'
ရှီရင်းကရှီရှန်းကိုမော့ကြည့်တယ် စကားတော့ပြန်မပြောဘူး
စားပွဲထိုးက မှာထားတာတွေအကုန်လာချပေးတယ်
အဲ့အထဲမှာအနီရောင်အရည်တစ်ခွက်လည်းပါတယ်
ရှီရှန်းကအနံ့ခံကြည့်တယ် နှင်းဆီအနံပြင်းပြင်းကသူမအာရုံထဲဝင်လာတယ်
ရှီရင်းရဲ့စားသောက်ပုံတွေက ကျက်သရေရှိတယ်သိက္ခာရှိတယ်ဒါပေမဲ့မနှေးကွေးဘူးသူအစားတွေကုန်အောင်စားပေမဲ့သောက်စရာကိုတစ်ချက်မထိဘူး
ရှီရှန်းက ဗိုက်အတော်ဆာနေတာကြောင့်စားပွဲကိုလှန်ပစ်ချင်စိတ်ပါပေါက်လာတယ်
'သူအဲ့လောက်စားပြီး အဆာမကြေမဖြစ်ဘူးလားမသိဘူး'
ရှီရင်းကပုဝါနဲ့နှုတ်ခမ်းကိုသန့်စင်ပြီးကဒ်တစ်ကဒ်ထုတ်ပေးတယ်
''ဘေသွားရှင်း''
''ပြီးတော့လေ ကျွန်မတွေးနေတာ,ရှင့်မျက်နှာလေးသွားပြရုံနဲ့တင်လုံလောက်ပြီလို့ထင်တယ်''
ရှီရှန်းကမျက်ခုံးပင့်ပြတယ်
'ဟင်း, ဗီလိန်ကြီးတောင်ငွေရှင်းရတယ်တဲ့လား, မဆီလျော်လိုက်တာ'
ရှီရင်းကသူမကိုစူးရှစွာကြည့်လိုက်တော့မှ ရှီရှန်းတစ်ယောက်အပြစ်ကင်းတဲ့မျက်နှာလေးနဲ့ငွေသွားရှင်းတယ်
သူမခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်ပြန်လှည့်ကြည့်တယ်
''passwordရော''
''မလိုဘူး''
'ဟမ်, မလိုဘူးတဲ့လား'
ရှီရှန်းက ကဒ်ရဲ့ မျက်နှာပြင်ကိုပွတ်မိသွားတယ် ရှီရှန်းကအစကအာရုံမစိုက်မိဘူး သူမအခုသိလိုက်ရတာက ဒီကဒ်ကသာမန်ဘဏ်တွေနဲ့ချိတ်ထားတဲ့ကဒ်နဲ့မတူဘူး
ကဒ်ပေါ်ကတံဆိပ်ကဒီဆိုင်ရဲ့တံဆိပ်ပဲ
ဘယ်လိုပဲဖြစ်ဖြစ် ဘေပေါ်ကသုညအရေအတွက်ကိုမြင်ပြီးရှီရှန်းလန့်သွားတယ်
'ထင်ထားတာကတစ်သိန်းကျော်လောက်ပဲကျမယ်ထင်နေတာ တစ်သန်းတောင်ကျော်နေတယ်လား!!!'
စားပွဲထိုးကတော့သူမကိုဘေစာရွက်ပေးပြီးပြောစရာရှိတာပြောတယ်''မစ္စ, ကျေးဇူးပြုပြီးဒီမှာမစ္စတာရှီရင်းနာမည်နဲ့လက်မှတ်ထိုးပေးပါခင်ဗျ''
''ရှင်တို့တွေက နေ့ဘက်ကြီးဓားပြတိုက်နေကြတာပဲ''
ရှီရှန်းက ရှီရင်းနာမည်နဲ့လက်မှတ်ထိုးပေးလိုက်တယ်
''မစ္စကတော့နောက်ပြီဗျာ''စားပွဲထိုးကဘေစာရွက်ကိုယူပြီးကော်ပီပေးလိုက်တယ်
'ဘယ်သူကနောက်နေလို့လဲ?, ငါလေးကခုလောလောဆယ်မွဲနေတာပါနော်,နင်တို့သူဌေးတွေကိုတော့နားလည်မပေးနိုင်ဘူး'
ရှီရှန်း ဘေစာရွက်ကိုယူပြီးရှီရင်းဆီပြန်လာတယ် စားပွဲပေါ်မှာအနီရောင်အရည်မရှိတော့ဘူး
ရှီရင်းကဘေကိုကြည့်တောင်မကြည့်ပဲကဒ်ကိုသိမ်းပြီးစားသောက်ဆိုင်ထဲကထွက်လာတယ်
'ငါကဘာလို့သူ့အတွက်ဘေသွားရှင်းပေးမိတာပါလိမ့်,သူ့နောက်လိုက်လိုလိုဘာလိုလိုနဲ့,ဒီကောင်တော့...'
နှစ်ယောက်လုံးအိမ်တော်ကိုပြန်ရောက်တဲ့အခါအရုဏ်တက်အချိန်ကိုရောက်နေပြီ ရှီရှန်းကဗိုက်ဆာလွန်းလို့အိပ်မပျော်ဘူး သူမစိတ်လွတ်သွားပြီးသွေးသောက်ချင်စိတ်တွေပေါက်လာတယ်
သူမဗိုက်ကိုဖက်ထားပြီးခွေနေရတယ်
ချက်!
တံခါးဖွင့်သံကြားလိုက်ရတယ်
ရှီရင်းကတံခါးနားမှာရပ်နေပြီးလက်ကိုင်ကိုကိုင်ထားတယ်
အမှောင်ထဲမှာသူမနားတစ်ဖြည်းဖြည်းကပ်လာတဲ့ပုံရိပ်ကထင်ဟပ်နေတယ်
''ဒီညကြီးအိပ်ရမယ့်အချိန်မအိပ်ဘဲ အခန်းထဲဘာလာလုပ်တာတုန်း''
ရှီရှန်း အသံကအားလျော့နေတယ်
''ရှင်ကျွန်မစားတာခံချင်နေတာလား''
ရှီရင်းကအိပ်ရာဘေးကိုရောက်လာတယ် လရောင်ရဲ့လွှမ်းမိုးမှုနဲ့သူ့ပုံရိပ်က တင့်တယ်နေတယ်
သူ့လည်ပင်းကိုရှီရှန်းမြင်လိုက်တဲ့အချိန်မှာသူမစိတ်လွတ်သွားတယ်
ရှီရင်းကိုဆွဲချပြီးသူမခန္ဓာကိုယ်နဲ့ဖိထားတယ် အစွယ်တွေရှည်ထွက်လာပြီးကိုက်ဖို့ပြင်နေပြီ ဒါပေမဲ့သူ့ရဲ့အေးစက်တဲ့အရေပြားကိုထိမိတဲ့အခါရှီရှန်းတုန်လှုပ်သွားပြီးမြန်မြန်ရပ်လိုက်တယ်
ရှီရှန်း သူ့ကိုလွှတ်ပေးပြီးအိပ်ရာဘေးကိုထွက်လာတယ်သူမရဲ့ဖျော့တော့တဲ့အသံနဲ့ ညင်သာစွာပြောဆိုတယ်
''ထွက်သွား ''
ရှီရင်းလဲထထိုင်ပြီးတော့မေးတယ်''မင်းအဲ့လောက်ဆာလောင်နေတာကိုဘာလို့ငြင်းဆန်နေသေးတာလဲ''
''ထွက်သွား ''သူမတစ်ခုခုကိုဆွဲယူလိုက်တယ်
ရှီရင်းကထွက်သွားဖို့ငြင်းဆန်ပြီးအိပ်ရာပေါ်ကနေထလာတယ် သူရှီရှန်းနားကိုကပ်လာပြီးသူမကိုထောင့်ကိုတွန်းပို့တယ်အင်္ကျီကော်လာကိုဆွဲချွတ်ပြီးသူ့ရဲ့ဖျော့တော့နေတဲ့လည်ပင်းကိုပြတယ်''မင်းအဲ့လောက်သည်းခံမနေစမ်းပါနဲ့
,ကိုယ်ကိုယ်ကိုနာကျင်အောင်မလုပ်သင့်ဖူးလေ''
''ရှီရင်း!'' ရှီရှန်းက အံကြိတ်ထားရတယ်
''ရှင်နေချင်တယ်ဆိုလို့ဒီမှာနေခိုင်းတာကို အခုတော့!!''
ရှီရင်းကမျက်နှာတည်သွားပြီးဘယ်ကမှန်းမသိတဲ့ခွက်ကိုဆွဲယူလိုက်တယ်''သောက်လိုက်''
ရှီရှန်း ရဲ့အာရုံထဲကိုပြင်းထန်တဲ့နှင်းဆီရနံတွေဝင်လာပြန်တယ်
''ဘာတွေလဲ''
''အဆိပ်လေ,မင်းသောက်ရဲလား''
မှောင်နေတယ်ဆိုပေမဲ့သူမ သူပြုံးနေတာကိုခံစားမိတယ်
နှင်းဆီရနံ့ကသူမဗိုက်ဆာတာကိုသက်သာစေတယ် သူမ ခွက်ကိုဆွဲယူပြီးတစ်ကျိုက်တည်းသောက်ချပစ်လိုက်တယ်
ကပ်စေးစေးနဲ့ချိုမြိန်တဲ့အရည်တွေကသူမလည်ချောင်းတစ်လျှောက်နှင်းဆီရနံတွေနဲ့စီးဆင်းသွားတယ် လိုအပ်တဲ့အချိန်မိုးရွာပေးလိုက်တဲ့ခံစားချက်ပဲ
သူမဆာလောင်မှုကအနည်းငယ်ပျောက်သွားတယ်
''ရှိသေးလား''ရှီရှန်းကသူမလျှာနဲ့နှုတ်ခမ်းကိုလျက်လိုက်တယ်'ချိုတယ်ဆိုပေမယ့် ဆာလောင်မှုကိုသက်သာစေတယ်လေ,ငါလက်ခံနိုင်သေးတယ်'
''ဒါတွေကိုမင်းဘာထင်နေလဲ''ရှီရင်းကချောင်းဟန့်လိုက်တယ်
သူနံရံကိုမှီလိုက်ပြီးသူမကိုကြည့်တယ်''မီနိုင်း, မင်းသေရမှာတစ်ကယ်မကြောက်တာပဲ,ဘယ်ပြောလို့ရမလဲ, ငါမင်းကိုလက်ခံရင်လည်း လက်ခံနိုင်မှာပေါ့''
သူမသူ့ကိုရိုက်ဖို့လုပ်ပေမယ့်သူမအားနည်းနေမှန်းသတိထားမိတယ်
ရှီရင်းကပြုံမိတယ်''မင်းကိုပြောဖို့မေ့နေတာ,ဒါကဆာလောင်မှုကိုရပ်တန့်စေပေမယ့်, မင်းကိုတစ်နာရီလောက်တော့အားယုတ်သွားစေတယ်''
''ရှီရင်း!,ခွေးကောင်နင်စောင့်နေ''
''ငါအရမ်းကြမ်းတဲ့မိန်းမတွေဆိုမကြိုက်ဘူး''သူမကိုချီပြီးအိပ်ရာပေါ်တင်ပေးလိုက်တယ်''မင်းလောက်တော့သည်းခံနိုင်မယ်ထင်တာပဲ''
သူမကိုစောင်နဲ့ဖုံးပေးပြီးလှည့်ပြန်သွားတယ်လရောင်အောက်ကနေတစ်ဖြည်းဖြည်းပျောက်ကွယ်သွားတယ်
သူ့ရဲ့စူးရှတဲ့အကြည့်တွေကသူမဆီကနေလွှဲပြီးအပြင်ကိုထွက်လာတယ် နောက်ကွယ်ကလူသတ်ချင်စိတ်ပေါက်နေတဲ့အကြည့်တွေနဲ့သူမကိုလျစ်လျူရှုပြီးတော့ပေါ့
.........
Transalated by Dora💜 Mia💙
Zawgyi
႐ွီ႐ွန္း ေမွ်ာ္လင့္ထားတဲ့အတိုင္း သူေ႐ြးလိုက္တဲ့စားေသာက္ဆိုင္ေတြကၿမိဳ႕ထဲမွာထိပ္တန္းစားေသာက္ဆိုင္ေတြခ်ည္းပဲ သာမန္ထမင္းေလးတစ္ပြဲေတာင္ ယြမ္တစ္ေထာင္ေက်ာ္တယ္
''႐ွင္တို႔ဆိုင္က ထမင္းကစိန္ေတြနဲ႔မ်ားစီထားလို႔လားဟင္'' ႐ွီ႐ွန္းတစ္ေယာက္မီႏူး ထဲကေစ်းေႂတြမင္ၿပီးမ်က္လုံးျပဴးသြားတယ္
သူမလို ေငြကိုေရလိုသုံးတဲ့သူေတာင္ဒီေလာက္ေစ်းႀကီးတဲ့ထမင္းမစားဖူးေသးဘူး
စားပြဲထိုးက ႐ွီ႐ွန္းကိုျပဳံး႐ုံသာျပဳံးျပၿပီး႐ွီရင္းကိုျပန္ၾကည့္တယ္
ၾကည့္ရတာ႐ွီ႐ွန္းကိုစိတ္ပ်က္သြားပုံပဲ
''ပုံမွန္အတိုင္းပဲ'' ႐ွီရင္းကမီႏူးကိုထိေတာင္မထိဘူး
''ေကာင္းပါၿပီဗ်ာ, ခနေလာက္ေစာင့္ေပးပါဦးမစၥတာ႐ွီရင္း,'' စားပြဲထိုးကစာ႐ြက္ေပၚမွာမီႏူးအခ်ိဳ႕ကိုေရးလိုက္ၿပီး႐ွီ႐ွန္းကိုၾကည့္တယ္
'' မစၥေရာ,ဘာသုံးေဆာင္ခ်င္ပါသလဲ,မစၥတာ႐ွီရင္းနဲ႔အတူတူပဲလားခင္ဗ်''
''ကြၽန္မ ဘာမွမမွာေတာ့ဘူး'' ႐ွီ႐ွန္းက မီႏူးကိုခ်လိုက္တယ္
'စားၿပီးရင္အသက္ေတာင္႐ွင္ပါ့မလားမသိဘူး'
စားပြဲထိုးကေႏြးေႏြးေထြးေထြးျပဳံးျပၿပီးေလးစားမႈ႐ွိ႐ွိနဲ႔ထြက္သြားတယ္
''႐ွင္ဒီကိုလာေနက်လား"
႐ွီ႐ွန္း ႐ွီရင္းကိုၾကည့္လိုက္တယ္'စားပြဲထိုးကသူ႕ကိုသိေနတဲ့အျပင္ တေလးတစားလည္းဆက္ဆံေသးတယ္, ဒီလူကဒီကမ႓ာရဲ႕ CEOသူေဌးလို႔ေတာ့လာမေျပာနဲ႔ေနာ္'
႐ွီရင္းက႐ွီ႐ွန္းကိုေမာ့ၾကည့္တယ္ စကားေတာ့ျပန္မေျပာဘူး
စားပြဲထိုးက မွာထားတာေတြအကုန္လာခ်ေပးတယ္
အဲ့အထဲမွာအနီေရာင္အရည္တစ္ခြက္လည္းပါတယ္
႐ွီ႐ွန္းကအနံ႔ခံၾကည့္တယ္ ႏွင္းဆီအနံျပင္းျပင္းကသူမအာ႐ုံထဲဝင္လာတယ္
႐ွီရင္းရဲ႕စားေသာက္ပုံေတြက က်က္သေရ႐ွိတယ္သိကၡာ႐ွိတယ္ဒါေပမဲ့မေႏွးေကြးဘူးသူအစားေတြကုန္ေအာင္စားေပမဲ့ေသာက္စရာကိုတစ္ခ်က္မထိဘူး
႐ွီ႐ွန္းက ဗိုက္အေတာ္ဆာေနတာေၾကာင့္စားပြဲကိုလွန္ပစ္ခ်င္စိတ္ပါေပါက္လာတယ္
'သူအဲ့ေလာက္စားၿပီး အဆာမေၾကမျဖစ္ဘူးလားမသိဘူး'
႐ွီရင္းကပုဝါနဲ႔ႏႈတ္ခမ္းကိုသန္႔စင္ၿပီးကဒ္တစ္ကဒ္ထုတ္ေပးတယ္
''ေဘသြား႐ွင္း''
''ၿပီးေတာ့ေလ ကြၽန္မေတြးေနတာ,႐ွင့္မ်က္ႏွာေလးသြားျပ႐ုံနဲ႔တင္လုံေလာက္ၿပီလို႔ထင္တယ္''
႐ွီ႐ွန္းကမ်က္ခုံးပင့္ျပတယ္
'ဟင္း, ဗီလိန္ႀကီးေတာင္ေငြ႐ွင္းရတယ္တဲ့လား, မဆီေလ်ာ္လိုက္တာ'
႐ွီရင္းကသူမကိုစူး႐ွစြာၾကည့္လိုက္ေတာ့မွ ႐ွီ႐ွန္းတစ္ေယာက္အျပစ္ကင္းတဲ့မ်က္ႏွာေလးနဲ႔ေငြသြား႐ွင္းတယ္
သူမေျခလွမ္းအနည္းငယ္လွမ္းၿပီးေနာက္ျပန္လွည့္ၾကည့္တယ္
''passwordေရာ''
''မလိုဘူး''
'ဟမ္, မလိုဘူးတဲ့လား'
႐ွီ႐ွန္းက ကဒ္ရဲ႕ မ်က္ႏွာျပင္ကိုပြတ္မိသြားတယ္ ႐ွီ႐ွန္းကအစကအာ႐ုံမစိုက္မိဘူး သူမအခုသိလိုက္ရတာက ဒီကဒ္ကသာမန္ဘဏ္ေတြနဲ႔ခ်ိတ္ထားတဲ့ကဒ္နဲ႔မတူဘူး
ကဒ္ေပၚကတံဆိပ္ကဒီဆိုင္ရဲ႕တံဆိပ္ပဲ
ဘယ္လိုပဲျဖစ္ျဖစ္ ေဘေပၚကသုညအေရအတြက္ကိုျမင္ၿပီး႐ွီ႐ွန္းလန္႔သြားတယ္
'ထင္ထားတာကတစ္သိန္းေက်ာ္ေလာက္ပဲက်မယ္ထင္ေနတာ တစ္သန္းေတာင္ေက်ာ္ေနတယ္လား!!!'
စားပြဲထိုးကေတာ့သူမကိုေဘစာ႐ြက္ေပးၿပီးေျပာစရာ႐ွိတာေျပာတယ္''မစၥ, ေက်းဇူးျပဳၿပီးဒီမွာမစၥတာ႐ွီရင္းနာမည္နဲ႔လက္မွတ္ထိုးေပးပါခင္ဗ်''
''႐ွင္တို႔ေတြက ေန႔ဘက္ႀကီးဓားျပတိုက္ေနၾကတာပဲ''
႐ွီ႐ွန္းက ႐ွီရင္းနာမည္နဲ႔လက္မွတ္ထိုးေပးလိုက္တယ္
''မစၥကေတာ့ေနာက္ၿပီဗ်ာ''စားပြဲထိုးကေဘစာ႐ြက္ကိုယူၿပီးေကာ္ပီေပးလိုက္တယ္
'ဘယ္သူကေနာက္ေနလို႔လဲ?, ငါေလးကခုေလာေလာဆယ္မြဲေနတာပါေနာ္,နင္တို႔သူေဌးေတြကိုေတာ့နားလည္မေပးႏိုင္ဘူး'
႐ွီ႐ွန္း ေဘစာ႐ြက္ကိုယူၿပီး႐ွီရင္းဆီျပန္လာတယ္ စားပြဲေပၚမွာအနီေရာင္အရည္မ႐ွိေတာ့ဘူး
႐ွီရင္းကေဘကိုၾကည့္ေတာင္မၾကည့္ပဲကဒ္ကိုသိမ္းၿပီးစားေသာက္ဆိုင္ထဲကထြက္လာတယ္
'ငါကဘာလို႔သူ႕အတြက္ေဘသြား႐ွင္းေပးမိတာပါလိမ့္,သူ႕ေနာက္လိုက္လိုလိုဘာလိုလိုနဲ႔,ဒီေကာင္ေတာ့...'
ႏွစ္ေယာက္လုံးအိမ္ေတာ္ကိုျပန္ေရာက္တဲ့အခါအ႐ုဏ္တက္အခ်ိန္ကိုေရာက္ေနၿပီ ႐ွီ႐ွန္းကဗိုက္ဆာလြန္းလို႔အိပ္မေပ်ာ္ဘူး သူမစိတ္လြတ္သြားၿပီးေသြးေသာက္ခ်င္စိတ္ေတြေပါက္လာတယ္
သူမဗိုက္ကိုဖက္ထားၿပီးေခြေနရတယ္
ခ်က္!
တံခါးဖြင့္သံၾကားလိုက္ရတယ္
႐ွီရင္းကတံခါးနားမွာရပ္ေနၿပီးလက္ကိုင္ကိုကိုင္ထားတယ္
အေမွာင္ထဲမွာသူမနားတစ္ျဖည္းျဖည္းကပ္လာတဲ့ပုံရိပ္ကထင္ဟပ္ေနတယ္
''ဒီညႀကီးအိပ္ရမယ့္အခ်ိန္မအိပ္ဘဲ အခန္းထဲဘာလာလုပ္တာတုန္း''
႐ွီ႐ွန္း အသံကအားေလ်ာ့ေနတယ္
''႐ွင္ကြၽန္မစားတာခံခ်င္ေနတာလား''
႐ွီရင္းကအိပ္ရာေဘးကိုေရာက္လာတယ္ လေရာင္ရဲ႕လႊမ္းမိုးမႈနဲ႔သူ႕ပုံရိပ္က တင့္တယ္ေနတယ္
သူ႕လည္ပင္းကို႐ွီ႐ွန္းျမင္လိုက္တဲ့အခ်ိန္မွာသူမစိတ္လြတ္သြားတယ္
႐ွီရင္းကိုဆြဲခ်ၿပီးသူမခႏၶာကိုယ္နဲ႔ဖိထားတယ္ အစြယ္ေတြ႐ွည္ထြက္လာၿပီးကိုက္ဖို႔ျပင္ေနၿပီ ဒါေပမဲ့သူ႕ရဲ႕ေအးစက္တဲ့အေရျပားကိုထိမိတဲ့အခါ႐ွီ႐ွန္းတုန္လႈပ္သြားၿပီးျမန္ျမန္ရပ္လိုက္တယ္
႐ွီ႐ွန္း သူ႕ကိုလႊတ္ေပးၿပီးအိပ္ရာေဘးကိုထြက္လာတယ္သူမရဲ႕ေဖ်ာ့ေတာ့တဲ့အသံနဲ႔ ညင္သာစြာေျပာဆိုတယ္
''ထြက္သြား ''
႐ွီရင္းလဲထထိုင္ၿပီးေတာ့ေမးတယ္''မင္းအဲ့ေလာက္ဆာေလာင္ေနတာကိုဘာလို႔ျငင္းဆန္ေနေသးတာလဲ''
''ထြက္သြား ''သူမတစ္ခုခုကိုဆြဲယူလိုက္တယ္
႐ွီရင္းကထြက္သြားဖို႔ျငင္းဆန္ၿပီးအိပ္ရာေပၚကေနထလာတယ္ သူ႐ွီ႐ွန္းနားကိုကပ္လာၿပီးသူမကိုေထာင့္ကိုတြန္းပို႔တယ္အက်ႌေကာ္လာကိုဆြဲခြၽတ္ၿပီးသူ႕ရဲ႕ေဖ်ာ့ေတာ့ေနတဲ့လည္ပင္းကိုျပတယ္''မင္းအဲ့ေလာက္သည္းခံမေနစမ္းပါနဲ႔
,ကိုယ္ကိုယ္ကိုနာက်င္ေအာင္မလုပ္သင့္ဖူးေလ''
''႐ွီရင္း!'' ႐ွီ႐ွန္းက အံႀကိတ္ထားရတယ္
''႐ွင္ေနခ်င္တယ္ဆိုလို႔ဒီမွာေနခိုင္းတာကို အခုေတာ့!!''
႐ွီရင္းကမ်က္ႏွာတည္သြားၿပီးဘယ္ကမွန္းမသိတဲ့ခြက္ကိုဆြဲယူလိုက္တယ္''ေသာက္လိုက္''
႐ွီ႐ွန္း ရဲ႕အာ႐ုံထဲကိုျပင္းထန္တဲ့ႏွင္းဆီရနံေတြဝင္လာျပန္တယ္
''ဘာေတြလဲ''
''အဆိပ္ေလ,မင္းေသာက္ရဲလား''
ေမွာင္ေနတယ္ဆိုေပမဲ့သူမ သူျပဳံးေနတာကိုခံစားမိတယ္
ႏွင္းဆီရနံ႔ကသူမဗိုက္ဆာတာကိုသက္သာေစတယ္ သူမ ခြက္ကိုဆြဲယူၿပီးတစ္က်ိဳက္တည္းေသာက္ခ်ပစ္လိုက္တယ္
ကပ္ေစးေစးနဲ႔ခ်ိဳၿမိန္တဲ့အရည္ေတြကသူမလည္ေခ်ာင္းတစ္ေလွ်ာက္ႏွင္းဆီရနံေတြနဲ႔စီးဆင္းသြားတယ္ လိုအပ္တဲ့အခ်ိန္မိုး႐ြာေပးလိုက္တဲ့ခံစားခ်က္ပဲ
သူမဆာေလာင္မႈကအနည္းငယ္ေပ်ာက္သြားတယ္
''႐ွိေသးလား''႐ွီ႐ွန္းကသူမလွ်ာနဲ႔ႏႈတ္ခမ္းကိုလ်က္လိုက္တယ္'ခ်ိဳတယ္ဆိုေပမယ့္ ဆာေလာင္မႈကိုသက္သာေစတယ္ေလ,ငါလက္ခံႏိုင္ေသးတယ္'
''ဒါေတြကိုမင္းဘာထင္ေနလဲ''႐ွီရင္းကေခ်ာင္းဟန္႔လိုက္တယ္
သူနံရံကိုမွီလိုက္ၿပီးသူမကိုၾကည့္တယ္''မီႏိုင္း, မင္းေသရမွာတစ္ကယ္မေၾကာက္တာပဲ,ဘယ္ေျပာလို႔ရမလဲ, ငါမင္းကိုလက္ခံရင္လည္း လက္ခံႏိုင္မွာေပါ့''
သူမသူ႕ကို႐ိုက္ဖို႔လုပ္ေပမယ့္သူမအားနည္းေနမွန္းသတိထားမိတယ္
႐ွီရင္းကျပဳံမိတယ္''မင္းကိုေျပာဖို႔ေမ့ေနတာ,ဒါကဆာေလာင္မႈကိုရပ္တန္႔ေစေပမယ့္, မင္းကိုတစ္နာရီေလာက္ေတာ့အားယုတ္သြားေစတယ္''
''႐ွီရင္း!,ေခြးေကာင္နင္ေစာင့္ေန''
''ငါအရမ္းၾကမ္းတဲ့မိန္းမေတြဆိုမႀကိဳက္ဘူး''သူမကိုခ်ီၿပီးအိပ္ရာေပၚတင္ေပးလိုက္တယ္''မင္းေလာက္ေတာ့သည္းခံႏိုင္မယ္ထင္တာပဲ''
သူမကိုေစာင္နဲ႔ဖုံးေပးၿပီးလွည့္ျပန္သြားတယ္လေရာင္ေအာက္ကေနတစ္ျဖည္းျဖည္းေပ်ာက္ကြယ္သြားတယ္
သူ႕ရဲ႕စူး႐ွတဲ့အၾကည့္ေတြကသူမဆီကေနလႊဲၿပီးအျပင္ကိုထြက္လာတယ္ ေနာက္ကြယ္ကလူသတ္ခ်င္စိတ္ေပါက္ေနတဲ့အၾကည့္ေတြနဲ႔သူမကိုလ်စ္လ်ဴ႐ႈၿပီးေတာ့ေပါ့
.........
Transalated by Dora💜 Mia💙