ရှီရှန်း (႐ွီ႐ွန္း) Book 2...

By Hanpandora

817K 125K 3.1K

This is not my own story just for offline reading and Myanmar transalation . full crd to original uploder and... More

Transalator note
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17
Arc 5.18
Sorry!!!
Arc 5.19
Arc 5.20
Arc 5.21
Arc 5.22
Arc 5.23
Arc 5.24
Arc 5.25
Arc 5.26
Arc 5.27
Arc 5.28
Arc 5.29
Arc 5.30
Arc 5.31
Arc 5.32 End
​ပေ့ကျဲ့ (special episode)
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.11 (ဒီတစ်ခါ တကယ်😂)
Arc 6.12
Arc 6.13
Arc 6.14
Arc 6.15
Arc 6.16
Arc 6.17
Note
Arc 6.18
Arc 6.19
Arc 6.20
Arc 6.21
Arc 6.22
Arc 6.23
Arc 6.24
Arc 6.25
Arc 6.26
Arc 6.27
Arc 6.28
Arc 6.29
Arc 6.30
Arc 6.31
Arc 6.32 End
welcom back💜💙
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 7.16
Arc 7.17
Arc 7.18
Arc 7.19
Arc 7.20
Arc 7.21
Arc 7.22
Arc 7.23
Arc 7.24
Arc 7.25
Arc 7.26
Arc 7.27
Arc 2.28
Arc 7.29
Arc 7.30
Arc 7.31
Arc 7.32
Arc 7.33
Arc 7.34[END]
spoiler alert❣
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.11
Arc 8.12
Arc 8.13
Arc 8.14
Arc 8.15
Arc 8.16
Arc 8.17
Arc 8.18
Arc 8.19
Arc 8.20
Arc 8.21
Arc 8.22
Arc 8.23
Arc 8.24
Arc 8.25
Arc 8.26
Arc 8.27
Arc 8.28
Arc 8.29
Arc 8.30
Arc 8.31End
Arc 8 Extra(ဖုန်းကျင်း)
Arc 9.1
Warning
Arc 9.2
Arc 9.3
Arc 9.4
Arc 9.5
Arc 9.6
Arc 9.7
Arc 9.8
Arc 9.9
Arc 9.10
Arc 9.11
Arc 9.12
Arc 9.13
Arc 9.14
Arc 9.15
Arc 9.16 + 9.17
Arc 9.18
Arc 9.19
Arc 9.20
Arc 9.21
Arc 9.22
Arc 9.23
Arc 9.24 END
Arc 10.2
Arc 10.3
Arc 10.4
Arc 10.5
Arc 10.6
Arc 10.7
Arc 10.8
Arc 10.9
Arc 10.10
Arc 10.11
Arc 10.12
Arc 10.13
Arc 10.14
Arc 10.15
Arc 10.16
Arc 10.17
Arc 10.18
Arc 10.19
Arc 10.20
Arc 10.21
Arc 10.22
Arc 10.23
Arc 10.24
Arc 10.25
Arc 10.26
Arc 10.27
Arc 10.28
Arc 10.29
Arc 10.30
Arc 10.31
Arc 10.32
Arc 10.33
Arc 10.34
Arc 10.35
Arc 10.36
Arc 10.37
Arc 10.38
Arc 10.39 to extra

Arc 10.1

5.4K 579 7
By Hanpandora

Unicode

အေးစက်မှု ၊ ဆာလောင်မှု နဲ့ အမှောင်ထု

ဒီခံစားချက်သုံးမျိုးကရှီရှန်းကို ကြိုဆိုလိုက်တဲ့အရာတွေပဲ

သူမရဲ့လက်ကိုဆန့်ထုတ်လိုက်မယ်ဆိုရင်တောင်မမြင်ရနိုင်လောက်အောင်မှောင်မည်းပြီး ခန္ဓာကိုယ်ကို ဟိုဘက်ဒီဘက်လှည့်လို့မရနိုင်လောက်တဲ့အထိကျဉ်းမြောင်းတဲ့နေရာမှာ ရောက်နေတာကို ရှီရှန်းက ခံစားမိတယ်

ရှီရှန်းကအကြီးအကျယ်ကိုစိတ်ပျက်သွားတယ်

‘ချီးပဲ ဒါကဘယ်လိုသောက်ချီးနေရာမျိုးလဲ’

သူမရဲ့ကျောအောက်မှာ ဆိုဖာကူရှင်လိုအရာမျိုးရှိနေပြီးဘေးပတ်ပတ်လည်နဲ့အပေါ်ဘက်မှာ တော့ သစ်သားတွေနဲ့ကာရံထားလေတယ်

ရှီရှန်း “……….”

‘နင့်မေငုံးဥ ဒါကြီးကဘာကိစ္စ အခေါင်းနဲ့တူနေရတာလဲ လီးလီးလားလားပဲနော် ငါလေးကအခုမှကူးပြောင်းလာရုံလေပဲရှိသေးတာ ဒင်းတို့ကငါလေးကိုမြေမြှုပ်လို့ပြီးနေပြီ ဒီကိစ္စနောက်ကွယ်ကတရားခံကဘယ်သူလဲ ထွက်ခဲ့စမ်း ဒီမေမေကြီးကနင့်ကိုသေအောင်ရိုက်မသတ်ဖူးလို့ကတိပေးတယ်’

ရှီရှန်းက အခေါင်းအောက်ခြေကိုခြေထောက်နဲ့ကန်လိုက်ပေမယ့် အသံကျယ်ကျယ်တောင်ထွက်မလာတာကြောင့် ဒီအခေါင်းက အရည်အသွေးမြင့်မြင့််ခိုင်ခိုင်ခံ့ခံ့ဆောက်လုပ်ထားမှန်းသိသာနေတယ်

‘နင့်မေကြီးတော်ကိုအရည်အသွေးမြင့်….’

ရှီရှန်းကသူမရဲ့ ပစ္စည်းသိုလှောင်နယ်မြေထဲကနေ ညလင်းပုလဲတစ်လုံးကိုထုတ်ယူလိုက်တယ်

‘လီးနော် လီး ဒါကြီးကသာ စောက်အခေါင်းကြီးမဟုတ်ဖူးဆိုရင် ငါဒီညလင်းပုလဲမြိုချနေတဲ့ပုံကို live လွှင့်ပြလိုက်မယ်’

လောလောဆယ်မှာတော့ရှီရှန်းကသူမရဲ့ဒေါသကိုဖိနှိပ်ပြီး အခေါင်းထဲမှာပဲ မူရင်းဇာတ်ကြောင်းကိုလက်ခံယူလိုက်ရတယ် အဲ့ဒီအခါကျမှပဲ သူမကို ဘယ်သကောင့်သားကမှ အတင့်ရဲပြီးအခေါင်းထဲထည့်ထားတာမဟုတ်မှန်းသိလိုက်ရလေတယ်

………………………..

ဒါက ဗန်ပိုင်းယား၀တ္ထုဖြစ်တယ်

ဒီဝတ္ထုရဲ့ဇာတ်လိုက်မကတော့ အိုက်ဝေဖြစ်ပြီး Rose Academy ကျောင်းတော်မှာ ပထမနှစ်တက်ရောက်နေတဲ့ ၁၈နှစ်အရွယ် fresher girl လေးပဲ

Rose Academy က အထက်တန်းစား လူချမ်းသာတွေကြားမှာ ကျော်ကြားလှပြီး အဲ့ဒီကျောင်းမှာတက်ရောက်တဲ့သူတွေမှာ မြင့်မားတဲ့နောက်ခံနဲ့ ထူးခြားတဲ့အဆက်အသွယ်တွေလည်ရှိကြတယ်

အဲ့ဒီအပြင် ကျောင်းရဲ့အဓိကထူးခြားချက်ကတော့ လူသားတွေပါမက ဗန်ပိုင်းယားတွေပါတက်ရောက်ကြတယ်ဆိုတဲ့အချက်ပဲ

အိုက်ဝေကသူများတွေကျောင်းဆင်းသွားတဲ့အချိန်မှာတောင် အိမ်မပြန်သေးဘဲ တစ်ယောက်တည်းစာလေ့လာနေလေ့ရှိတယ် တစ်ညနေမှာတော့ သူမက ဒဏ်ရာရပြီးသွေးလိုအပ်နေတဲ့ ကျိုးလဲ့ နဲ့တွေ့ဆုံခဲ့ရတယ်  ဗန်ပိုင်းယားဝတ္ထုတွေရဲ့ထုံးစံအတိုင်းပဲ ဇာတ်လိုက်မရဲ့သွေးကထူးခြားလေတယ် ကျိုးလဲ့ကသွေးရဲ့ထူးခြားမှုကြောင့်ဆွဲဆောင်ခံလိုက်ရပြီး အဲ့ဒီနေရာမှာတင် ဇာတ်လိုက်မရဲ့သွေးကိုစုပ်ယူခဲ့တယ်

ဇာတ်လိုက်မကတော့ စုန့်ကော်စန်း ကိုနှစ်သက်နေလေတယ်

ကျိုးလဲ့က အစတုန်းကတော့ ဇာတ်လိုက်မနောက်ကို အစာအာဟာရကြောင့်သာလိုက်နေတာဆိုပေမယ့် သူမ စုန့်ကော်စန်းကိုနှစ်သက်နေမှန်းသိသွားတဲ့အချိန်မှာ စုန့်ကော်စန်းက အပြင်ပန်းကမြင်နေရသလိုကောင်းတဲ့သူမဟုတ်ဖူးလို့ စပြီးပြောဆိုတော့တယ်

အိုက်ဝေအတွက်ကတော့ စုန့်ကော်စန်းကသူမဒီကျောင်းမှာတက်ဖို့ စာကြိုးစားရတဲံဖြစ်တည်မှုလိုကိုဖြစ်နေလေတော့ ကျိုးလဲ့ဘာပြောပြောမယုံကြည်ဘူးသူက စုန့်ကော်စန်းကို မနာလိုလို့ လိုက်ပြီးအပုပ်ချနေတယ်လို့ပဲထင်တယ် သူမက ကျိုးလဲ့ကိုတကယ်ကို မနှစ်သက်လှဘူး ဒါပေမယ့်အဆုံးမှာတော့ အိုက်ဝေနဲ့ ကျိုးလဲ့တို့က သဘောတူညီမှုတစ်ခုကိုပြုလုပ်လိုက်ကြတယ်

အိုက်ဝေက သူမရဲ့သွေးကိုပေးနေသရွေ့ ကျိုးလဲ့က သူမကို စုန့်ကော်စန်းနဲ့ ကူညီပေးလိမ့်မယ်


ကျိုးယဲ့က သူ့စကားကိုတည်တဲ့အနေနဲ့ အိုက်ဝေကို စုန့်ကော်စန်းနဲ့အောင်သွယ်ပေးခဲ့တယ် ဒါပေမယ့် သူလုပ်တာတွေအချိန်လွန်သွားခါမှ သူကိုယ်တိုင်လည်း အိုက်ဝေအပေါ်ခံစားချက်ရှိနေမှန်းသဘောပေါက်လိုက်ရတယ် အဲ့လိုနဲ့ပဲ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလည်းပေါ်ပေါက်ခဲ့ရတာပဲ

ဇာတ်လမ်းရဲ့အဆုံးမှာတော့ အိုက်ဝေက စုန့်ကော်စန်းရဲ့ သရုပ်မှန်ကို သိသွားပြီး သူမအတွက်ဆိုအမြဲတမ်းရှိနေပေးတဲ့ ကျို့လဲ့ရဲ့ ရင်ခွင်ထဲကို ပြန်ခုန်ဝင်သွားတော့တယ်

အဲ့နောက်မှာတော့ သက်ဆုံးတိုင်ပျော်ရွှင်စွာနေသွားကြလေသတည်းပေါ့

ရှီရှန်းကူးပြောင်းလာတဲ့ခန္ဓာကိုယ်ရဲ့ အမည်က မီနိုင်း ဖြစ်တယ် သူမကသွေးသန့်ဗန်ပိုင်းယားမျိုးစစ်ဖြစ်ပြီး မာနလည်းအလွန်ကြီးမားတယ် မီနိုင်းက လူသားမျိုးနွယ်ဝင်တွေ နဲ့ ပတ်သက်ဖို့နေနေသာသာ မျိုးနွယ်တူ ဗန်ပိုင်းယားတွေနဲ့တောင်မှ သိပ်ပြီး အခေါ်အပြောမလုပ်လေဘူး

ဒါပေမယ့် သူမက အလွန်ချောမောလှပတာကြောင့် Rose Academy ရဲ့ အလှဘုရင်မလို့ တင်စားခံရပြီး ထင်ရှားကျော်ကြားတယ်

ပုံမှန်ဆိုရင် သူမရဲ့ သွေးစစ်ဗန်ပိုင်းယားအလှလေးဆိုတဲ့ ဂုဏ်ဒြပ်က ဇာတ်လိုက်မနဲ့သွားညိစရာ ဘာအကြောင်းမှမရှိဘူး  ဒါပေမယ့် မီနိုင်းက စုန့်ကော်စန်းကို နှစ်သက်လို့နေတယ် အိုက်ဝေနဲ့ စုန့်ကော်စန်းတို့ နီးစပ်သွားတဲ့ အချိန်ကစပြီးမီနိုင်းက ဇာတ်လိုက် အမျိုးသမီးကို ကွိစိကွစ ဒုက္ခပေါင်းစုံပေးရတဲ့ အရံအမျိုးသမီးဇာတ်ကောင်တာဝန်ကိုစပြီးထမ်းဆောင်လေတော့တယ်

တစ်ရက်မှာတော့ အိုက်ဝေက ဗန်ပိုင်းယားတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ် ဒါပေမယ့် ဇာတ်လိုက်မပီပီ အန္တရာယ်ကြားကနေလွတ်လာခဲ့တယ်  ရုတ်တရပ်ဆန်စွာပဲ အိုက်ဝေက သူမကိုတိုက်ခိုက်ခဲ့တဲ့ ဗန်ပိုင်းယားတွေရဲ့နောက်ကွယ်က အဓိကတရားခံဟာမီနိုင်းဖြစ်တယ်လို့ စွပ်စွဲပြောဆိုလေတယ်

မီနိုင်းက အိုက်ဝေကိုမနှစ်သက်လှဘူးဆိုပေမယ့်လည်း အသေးအမွှားပြသနာလေးတွေလောက်သာ ဖန်တီးခဲ့ဖူးတာ

အိုက်ဝေရဲ့အသက်ကို ရန်မရှာခဲ့ဖူးဘူး ဒါပေမယ့် သူမက အိုက်ဝေကို ဒုက္ခပေးနေကျလူဖြစ်တာကြောင့် ဒီတစ်ခါ တရားခံက သူမမဟုတ်ကြောင်းငြင်းဆိုတဲ့အခါ ဘယ်သူကမှ မယုံကြည်ပေးခဲ့ကြဘူး

ဗန်ပိုင်းယားတွေနဲ့ ဗန်ပိုင်းယားမုဆိုးလူသားတွေ အတူတကွ ငြိမ်းငြိမ်းချမ်းချမ်းယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် သွေးမုဆိုး ( The Blood Hunters Association ) BHA အဖွဲ့ကိုဖွဲ့စည်းထားခဲ့တယ်  BHA အဖွဲ့ က ဗန်ပိုင်းယားတွေရဲ့ အပြုအမူတွေကို စောင့်ကြည့်နေသလို  ဗန်ပိုင်းယားမုဆိုးတွေလည်းစည်းကမ်းမဖောက်ဖျက်အောင် ကိုင်တွယ်ပေးရတယ်

မီနိုင်းက BHA ရဲ့ စည်းမျဉ်း  ဥပဒေနဲ့ မညီညွတ်ကြောင်း စွပ်စွဲခံရတာကြောင့် BHA က သူမကို ကြားနာစစ်ဆေးဖို့ ဆင့်ခေါ်လေတယ် မီနိုင်းက  အပြစ်မရှိတာကြောင့် ကြားနာမှုကိုမသွားချင်ခဲ့ဘူး သူမကထွက်ပြေးဖို့ကြိုးစားချင်ပေမယ့် ပြန်အဖမ်းခံလိုက်ရပြီး BHAရုံးချုပ်ဆီကို အခေါ်သွားခံလိုက်ရတယ်

မီနိုင်းက သွေးသံရဲရဲနှိပ်စက်မှုများစွာကိုကြုံတွေ့ခဲ့ရတယ် သူမရဲ့မျိုးနွယ်ဝင်တွေကလည်း လူသားတွေရဲ့ အစမ်းသပ်ခံဖြစ်နေကြတာကို မျက်မြင်တွေ့ခဲ့ရတယ်

သွေးသန့်ဗန်ပိုင်းယားဖြစ်တဲ့မီနိုင်းက သုတေသနပညာရှင်တွေအတွက်အလွန်တန်ဖိုးရှိတဲ့ အစမ်းသပ်ခံကြွက်လေးဖြစ်တယ် အဆုံးမရှိတဲ့ ပစ္စည်းကိရိယာပေါင်းစုံက သူမရဲ့ ခန္ဓာကိုယ်ကိုလာတပ်ဆင်ကြတယ်

မီနိုင်းက ကြောက်လန့်စရာနှိပ်စက်မှု ပေါင်းစုံကို မခံနိုင်တော့တဲ့ အဆုံးမှာတော့ သူမကိုယ်သူမသတ်သေလိုက်တော့တယ်

မီနိုင်းမှာဆန္ဒတစ်ခုပဲရှိတယ်

လက်စားပြန်ချေချင်တယ်

BHA , အိုက်ဝေ

သူတို့အားလုံးကိုလက်စားပြန်ချေမယ်

အိုက်ဝေသာ သူမကိုရုတ်တရပ်ကြီး မစွပ်စွဲခဲ့ဘူးဆိုရင် သူမ ဒီလိုနာကျင်မှုတွေကို ခံစားခဲ့ရမှာမဟုတ်ပေ ။

i‘သူတို့ကို တစ်ယောက်မကျန် ထုထောင်းရိုက်နှက်ပေးရုံပဲ မဟုတ်လား စိတ်ချစမ်းပါ ငါလေးကဒါမျိုးကိစ္စမှာအကျွမ်းဆုံးပဲ မွေးတဲ့မိခင်ကိုယ်တိုင်တောင်မမှတ်မိလောက်တော့တဲ့အထိရိုက်ထုတ်ပေးလိုက်မယ် အခုတော့ငါ့ကို ဒီစောက်အခေါင်းကြီးထဲကနေပေးထွက်ပါအုံး အဖုံးကလည်းတွန်းလို့တောင်မရဘူး ပြီးတော့ ကျန်းရှီးတွေပဲအခေါင်းထဲမှာအိပ်တာလေ ကိုယ့်ရဲ့ မြင့်မြတ်လှတဲ့ဗန်ပိုင်းယားဂုဏ်သိက္ခာလေးကိုငှဲ့ပါအုံး’

(ကျန်းရှီး = တရုတ်သရဲ

အရင်အပိုင်းတွေမှာလည်းပြောဖူးတယ်နော် )


ဘယ်လောက်ကြကာမှန်းမသိအောင်ကြိုးစားပြီးတဲ့နောက်မှာရှီရှန်းက အပြင်ကိုထွက်နိုင်သွားလေတယ် သူမက အခေါင်းကြီးကို ဓါးနဲ့ စိတ်ဆိုးမာန်ဆိုး ခုတ်ချလိုက်တာကြောင့် နှစ်ခြမ်းကွဲပြီးကြမ်းပြင်ပေါ်ကိ ပြုတ်ကျသွားရာမှာ ဖုန်မှုန့်တွေတောင်ထွက်လာတော့တယ်

အခန်းထဲမှာလည်း မှောင်နေပေမယ့် ကံကောင်းစွာနဲ့ပဲ အပြင်ဘက်ကနေ လရောင်တချို့တော့ဝင်နေသေးတယ်  ရှီရှန်းက မူလကိုယ်ရဲ့မှတ်ဉာဏ်တွေကိုအသုံးပြုပြီး မီးခလုတ်ဆီသွားကာ အခန်းကိုမီးထွန်းလိုက်တယ်  အခန်းကရှေးဟောင်းဥရောပစတိုင် ဖွဲ့စည်းထားပြီး အရောင်ရွေးချယ်ထားပုံကလည်း ခပ်မှိုင်းမှိုင်းဖြစ်နေတယ် ပရိဘောဂအဆောင်အယောင်တွေကလည်း အတော်ရိုးရှင်းပြီး မိန်းမငယ်လေးတစ်ယောက်…အဲ..ဗန်ပိုင်းယားမိန်းမငယ်လေးတစ်ယောက်ရဲ့ အခန်းလို့တောင်ယုံချင်စရာမရှိဘူး  အခန်းထဲကပရိဘောဂတွေထဲမှာ ရှီရှန်း ခုနက ဓါးနဲ့ခုတ်ပစ်လိုက်တဲ့အခေါင်းကသာ တန်ဖိုးအကြီးဆုံးဖြစ်ပုံပေါ်လေတယ်

ရှီရှန်းက အခေါင်းပေါ်က ပိုစတာကိုကြည့်လိုက်တယ် မဟုတ်ဖူး အဲ့ဒါက ပိုစတာဆိုတာထက် လက်ရာမြောက်ဆေးရေးပန်းချီတစ်ခုလိုမျိုးပဲ

ပန်းချီရဲ့အဓိကအစိတ်အပိုင်းက နှင်းဆီပန်းတွေဖြစ်တယ် သွေးနီရောင် နှင်းဆီတွေက ပန်းချီကားတစ်ပြင်လုံးအနှံ့ငွားငွားစွင့်စွင့်ပွင့်လန်းနေကြတယ်  နှင်းဆီပန်းခင်းကြီးကြားက နေရာလပ်လေးတစ်ခုမှာတော့ ကလေးငယ်လေးတစ်ယောက်ရဲ့နောက်ကျောလေးကိုတွေ့ရတယ် မျက်စိထဲမှာ အထင်းဆုံးဖြစ်နေတာကတော့ ကလေးလေးရဲ့လက်ကောက်ဝတ်မှာအနီရောင်ကြိုးနဲ့ချည်ထားတဲ့ လခြမ်းပုံစံဆွဲပြားပဲဖြစ်တယ်

မီနိုင်းက ဒီပန်းချီကိုအတော်လေးတန်ဖိုးထားပုံပေါ်ပေမယ့် အကြောင်းပြချက်ကိုတော့ မူလဇာတ်ကြောင်းမှာရော သူမရဲ့မှတ်ဉာဏ်ထဲမှာပါ ရှာလို့မတွေ့ဘူး

…………………..

မီနိုင်းကတစ်ယောက်တည်းနေတာကြောင့် သူမကိုနှောင့်ယှက်မယ့်သူမရှိဘူး ဒါပေမယ့် ရှီရှန်းကမကြာခင်မှာ ကြောက်စရာကောင်းတဲ့ကိစ္စတစ်ခုကိုတွေးလိုက်မိတယ်

‘ဗန်ပိုင်းယားတွေကသွေးသောက်ရတယ်…အား..နင့်မေကြီးတော်…ငါ အဲ့ဒါကြီးတွေမသောက်ချင်ဘူး’

သွေးအကြောင်းစဉ်းစားလိုက်တာနဲ့ ရုတ်တရပ်ကြီး ဗိုက်ဆာလာသလို ခံစားလိုက်ရတယ် 

‘ ချီးပဲ.. ငါတော့ ဒီကမ္ဘာမှာ အဆာလွန်ပြီးသေလိမ့်မယ် အဲ့ဒီအခါကြရင် ငါ “ဝိဉာဉ်ကူးပြောင်းခြင်းနှင့်သေနည်း၁၀၁ပါး စာအုပ်ထုတ်နိုင်တော့မယ်ထင်တယ်…ငါလေးတော့နာမည်ကြီးတော့မှာပဲ..’

ဒါပေမယ့် ရှီရှန်းရဲ့စာအုပ်ထုတ်မယ့်အတွေးရထားကြီးကကြာကြာမခံလိုက်ဖူး

“ဂွီ…..”

‘အေး..အခုတော့ ငါလေးအဆာလွန်ပြီးသေတော့မယ်…’

ရှီရှန်းက သူမရဲ့ တဂွီဂွီမြည်နေတဲ့ဗိုက်လေးကိုလက်နဲ့ဖိလိုက်ပြီးအခန်းထဲကနေထွက်လာခဲ့လိုက်တယ် ရေခဲသေတ္တာထဲမှာ သွေးထုပ်တွေအများကြီးရှိနေတယ်  အထုပ်တွေကိုပိတ်ထားတယ်ဆိုပေမယ့် သွေးနံ့ခပ်သင်းသင်းကိုသူမခံစားမိတယ်

‘ငါလူးကိုသွေးနံ့ခပ်သင်းသင်း….’

ရှီရှန်းကခံတွင်းအပြည့်ဖြစ်လာနေတဲ့တံတွေးတွေကိုအမြန်မြိုချလိုက်ရတယ်

ရှီရှန်းက အထဲက သွေးထုတ်တွေအကုန်ထုတ် , ရေခဲသေတ္တာတံခါးကိုဆောင့်ပိတ် , သွေးထုတ်တွေကိုဖောက် , ဘေစင်ထဲကိုအကုန်ဖောက်သွန်ပစ်လိုက်ပြီး အခန်းထဲကိုပြန်ဝင်လာခဲ့တယ်

‘ဗန်ပိုင်းယားတွေကသွေးကလွဲရင် တခြားဟာစားလို့မရဘူးလား…’

ရှီရှန်းအတွက်တော့နှမျောစရာပဲ လူသားတွေရဲ့ အစားအစာတွေက ဗန်ပိုင်းယားတွေကို ဘာအာဟာမှမဖြစ်စေဘူး များများစားရင် ခန္ဓာကိုယ်ကို အားတောင်နည်းစေသေးတယ် ဒါကြောင့် သွေး ကသာ သူမတို့အတွက် တစ်ခုတည်းသော စားစရာပဲ

လူ့အသိုင်းအဝိုင်းထဲကိုဝင်ချင်တဲ့ဗန်ပိုင်းယားတွေက BHA ရဲ့ ခွင့်ပြုချက်ကိုယူရတယ် သူတို့လိုအပ်သမျှ သွေးအာဟာရကိုလည်း BHAကပဲထောက်ပံ့ပေးတယ်  ရှီရှန်းခုနသွန်ပစ်လိုက်တဲ့သွေးတွေက BHA ကပို့ပေးထားတာတွေဖြစ်တယ် ဒါပေမယ့် မီနိုင်းဆီမှာဖြစ်ခဲ့တဲ့ကိစ္စတွေအရ BHA က အဲ့ဒီသွေးတွေထဲမှာ တစ်ခုခုထည့်ထားလိမ့်မယ်ဆိုတာကို ရှီရှန်းကအတော်လေးသေချာနေတယ် 

သူမရဲ့သွေးရွံတတ်တဲအကျင့်ကြောင့်အပြင် ဒီသွေးက ဘယ်ကလာပြီးဘာတွေထည့်ထားမှန်းမသိတဲ့အခြေအနေမှာ ရှီရှန်းကတော့ လုံးဝသောက်မှာမဟုတ်ပေ

အဲ့ဒီလူသားတွေက ထာဝရအသက်ရှင်ခြင်းကိုလိုချင်နေကြပေမယ့် ဗန်ပိုင်းယားအဖြစ်လည်းပြောင်းမသွားချင်ကြဘူး ဒီတော့ ဗန်ပိုင်းယားတွေရဲ့ ခန္ဓာကိုယ်ကိုသာ သုတေသနပြုကြရတော့တယ်

ရှီရှန်းက ဆိုဖာပေါ်မှာ တင်ပလ္လင်ခွေထိုင်ရင်း စဉ်းစားလိုက်တယ် သူမ ခုနတုံးက ချီစွမ်းအင်တချို့ကိုခံစားမိလိုက်တယ် အများကြီးတော့မဟုတ်ပေမယ့် သူမ အဲ့ဒါတွေကိုသာ စုပ်ယူလိုက်မယ်ဆိုရင် အနည်းဆုံးတော့ ဗိုက်ဆာတာကိုတောင့်ခံနိုင်လိမ့်မယ်

…………………..

Transalated by Dora💜  Mia💙

Zawgyi

ေအးစက္မႈ ၊ ဆာေလာင္မႈ နဲ႔ အေမွာင္ထု

ဒီခံစားခ်က္သုံးမ်ိဳးက႐ွီ႐ွန္းကို ႀကိဳဆိုလိုက္တဲ့အရာေတြပဲ

သူမရဲ႕လက္ကိုဆန္႔ထုတ္လိုက္မယ္ဆိုရင္ေတာင္မျမင္ရႏိုင္ေလာက္ေအာင္ေမွာင္မည္းၿပီး ခႏၶာကိုယ္ကို ဟိုဘက္ဒီဘက္လွည့္လို႔မရႏိုင္ေလာက္တဲ့အထိက်ဥ္းေျမာင္းတဲ့ေနရာမွာ ေရာက္ေနတာကို ႐ွီ႐ွန္းက ခံစားမိတယ္

႐ွီ႐ွန္းကအႀကီးအက်ယ္ကိုစိတ္ပ်က္သြားတယ္

‘ခ်ီးပဲ ဒါကဘယ္လိုေသာက္ခ်ီးေနရာမ်ိဳးလဲ’

သူမရဲ႕ေက်ာေအာက္မွာ ဆိုဖာကူ႐ွင္လိုအရာမ်ိဳး႐ွိေနၿပီးေဘးပတ္ပတ္လည္နဲ႔အေပၚဘက္မွာ ေတာ့ သစ္သားေတြနဲ႔ကာရံထားေလတယ္

႐ွီ႐ွန္း “……….”

‘နင့္ေမငုံးဥ ဒါႀကီးကဘာကိစၥ အေခါင္းနဲ႔တူေနရတာလဲ လီးလီးလားလားပဲေနာ္ ငါေလးကအခုမွကူးေျပာင္းလာ႐ုံေလပဲ႐ွိေသးတာ ဒင္းတို႔ကငါေလးကိုေျမျမႇဳပ္လို႔ၿပီးေနၿပီ ဒီကိစၥေနာက္ကြယ္ကတရားခံကဘယ္သူလဲ ထြက္ခဲ့စမ္း ဒီေမေမႀကီးကနင့္ကိုေသေအာင္႐ိုက္မသတ္ဖူးလို႔ကတိေပးတယ္’

႐ွီ႐ွန္းက အေခါင္းေအာက္ေျခကိုေျခေထာက္နဲ႔ကန္လိုက္ေပမယ့္ အသံက်ယ္က်ယ္ေတာင္ထြက္မလာတာေၾကာင့္ ဒီအေခါင္းက အရည္အေသြးျမင့္ျမင့္္ခိုင္ခိုင္ခံ့ခံ့ေဆာက္လုပ္ထားမွန္းသိသာေနတယ္

‘နင့္ေမႀကီးေတာ္ကိုအရည္အေသြးျမင့္….’

႐ွီ႐ွန္းကသူမရဲ႕ ပစၥည္းသိုေလွာင္နယ္ေျမထဲကေန ညလင္းပုလဲတစ္လုံးကိုထုတ္ယူလိုက္တယ္

‘လီးေနာ္ လီး ဒါႀကီးကသာ ေစာက္အေခါင္းႀကီးမဟုတ္ဖူးဆိုရင္ ငါဒီညလင္းပုလဲၿမိဳခ်ေနတဲ့ပုံကို live လႊင့္ျပလိုက္မယ္’

ေလာေလာဆယ္မွာေတာ့႐ွီ႐ွန္းကသူမရဲ႕ေဒါသကိုဖိႏွိပ္ၿပီး အေခါင္းထဲမွာပဲ မူရင္းဇာတ္ေၾကာင္းကိုလက္ခံယူလိုက္ရတယ္ အဲ့ဒီအခါက်မွပဲ သူမကို ဘယ္သေကာင့္သားကမွ အတင့္ရဲၿပီးအေခါင္းထဲထည့္ထားတာမဟုတ္မွန္းသိလိုက္ရေလတယ္

………………………..

ဒါက ဗန္ပိုင္းယား၀တၳဳျဖစ္တယ္

ဒီဝတၳဳရဲ႕ဇာတ္လိုက္မကေတာ့ အိုက္ေဝျဖစ္ၿပီး Rose Academy ေက်ာင္းေတာ္မွာ ပထမႏွစ္တက္ေရာက္ေနတဲ့ ၁၈ႏွစ္အ႐ြယ္ fresher girl ေလးပဲ

Rose Academy က အထက္တန္းစား လူခ်မ္းသာေတြၾကားမွာ ေက်ာ္ၾကားလွၿပီး အဲ့ဒီေက်ာင္းမွာတက္ေရာက္တဲ့သူေတြမွာ ျမင့္မားတဲ့ေနာက္ခံနဲ႔ ထူးျခားတဲ့အဆက္အသြယ္ေတြလည္႐ွိၾကတယ္

အဲ့ဒီအျပင္ ေက်ာင္းရဲ႕အဓိကထူးျခားခ်က္ကေတာ့ လူသားေတြပါမက ဗန္ပိုင္းယားေတြပါတက္ေရာက္ၾကတယ္ဆိုတဲ့အခ်က္ပဲ

အိုက္ေဝကသူမ်ားေတြေက်ာင္းဆင္းသြားတဲ့အခ်ိန္မွာေတာင္ အိမ္မျပန္ေသးဘဲ တစ္ေယာက္တည္းစာေလ့လာေနေလ့႐ွိတယ္ တစ္ညေနမွာေတာ့ သူမက ဒဏ္ရာရၿပီးေသြးလိုအပ္ေနတဲ့ က်ိဳးလဲ့ နဲ႔ေတြ႕ဆုံခဲ့ရတယ္  ဗန္ပိုင္းယားဝတၳဳေတြရဲ႕ထုံးစံအတိုင္းပဲ ဇာတ္လိုက္မရဲ႕ေသြးကထူးျခားေလတယ္ က်ိဳးလဲ့ကေသြးရဲ႕ထူးျခားမႈေၾကာင့္ဆြဲေဆာင္ခံလိုက္ရၿပီး အဲ့ဒီေနရာမွာတင္ ဇာတ္လိုက္မရဲ႕ေသြးကိုစုပ္ယူခဲ့တယ္

ဇာတ္လိုက္မကေတာ့ စုန္႔ေကာ္စန္း ကိုႏွစ္သက္ေနေလတယ္

က်ိဳးလဲ့က အစတုန္းကေတာ့ ဇာတ္လိုက္မေနာက္ကို အစာအာဟာရေၾကာင့္သာလိုက္ေနတာဆိုေပမယ့္ သူမ စုန္႔ေကာ္စန္းကိုႏွစ္သက္ေနမွန္းသိသြားတဲ့အခ်ိန္မွာ စုန္႔ေကာ္စန္းက အျပင္ပန္းကျမင္ေနရသလိုေကာင္းတဲ့သူမဟုတ္ဖူးလို႔ စၿပီးေျပာဆိုေတာ့တယ္

အိုက္ေဝအတြက္ကေတာ့ စုန္႔ေကာ္စန္းကသူမဒီေက်ာင္းမွာတက္ဖို႔ စာႀကိဳးစားရတဲံျဖစ္တည္မႈလိုကိုျဖစ္ေနေလေတာ့ က်ိဳးလဲ့ဘာေျပာေျပာမယုံၾကည္ဘူးသူက စုန္႔ေကာ္စန္းကို မနာလိုလို႔ လိုက္ၿပီးအပုပ္ခ်ေနတယ္လို႔ပဲထင္တယ္ သူမက က်ိဳးလဲ့ကိုတကယ္ကို မႏွစ္သက္လွဘူး ဒါေပမယ့္အဆုံးမွာေတာ့ အိုက္ေဝနဲ႔ က်ိဳးလဲ့တို႔က သေဘာတူညီမႈတစ္ခုကိုျပဳလုပ္လိုက္ၾကတယ္

အိုက္ေဝက သူမရဲ႕ေသြးကိုေပးေနသေ႐ြ႕ က်ိဳးလဲ့က သူမကို စုန္႔ေကာ္စန္းနဲ႔ ကူညီေပးလိမ့္မယ္


က်ိဳးယဲ့က သူ႕စကားကိုတည္တဲ့အေနနဲ႔ အိုက္ေဝကို စုန္႔ေကာ္စန္းနဲ႔ေအာင္သြယ္ေပးခဲ့တယ္ ဒါေပမယ့္ သူလုပ္တာေတြအခ်ိန္လြန္သြားခါမွ သူကိုယ္တိုင္လည္း အိုက္ေဝအေပၚခံစားခ်က္႐ွိေနမွန္းသေဘာေပါက္လိုက္ရတယ္ အဲ့လိုနဲ႔ပဲ သုံးပြင့္ဆိုင္ အခ်စ္ဇာတ္လမ္းလည္းေပၚေပါက္ခဲ့ရတာပဲ

ဇာတ္လမ္းရဲ႕အဆုံးမွာေတာ့ အိုက္ေဝက စုန္႔ေကာ္စန္းရဲ႕ သ႐ုပ္မွန္ကို သိသြားၿပီး သူမအတြက္ဆိုအၿမဲတမ္း႐ွိေနေပးတဲ့ က်ိဳ႕လဲ့ရဲ႕ ရင္ခြင္ထဲကို ျပန္ခုန္ဝင္သြားေတာ့တယ္

အဲ့ေနာက္မွာေတာ့ သက္ဆုံးတိုင္ေပ်ာ္႐ႊင္စြာေနသြားၾကေလသတည္းေပါ့

႐ွီ႐ွန္းကူးေျပာင္းလာတဲ့ခႏၶာကိုယ္ရဲ႕ အမည္က မီႏိုင္း ျဖစ္တယ္ သူမကေသြးသန္႔ဗန္ပိုင္းယားမ်ိဳးစစ္ျဖစ္ၿပီး မာနလည္းအလြန္ႀကီးမားတယ္ မီႏိုင္းက လူသားမ်ိဳးႏြယ္ဝင္ေတြ နဲ႔ ပတ္သက္ဖို႔ေနေနသာသာ မ်ိဳးႏြယ္တူ ဗန္ပိုင္းယားေတြနဲ႔ေတာင္မွ သိပ္ၿပီး အေခၚအေျပာမလုပ္ေလဘူး

ဒါေပမယ့္ သူမက အလြန္ေခ်ာေမာလွပတာေၾကာင့္ Rose Academy ရဲ႕ အလွဘုရင္မလို႔ တင္စားခံရၿပီး ထင္႐ွားေက်ာ္ၾကားတယ္

ပုံမွန္ဆိုရင္ သူမရဲ႕ ေသြးစစ္ဗန္ပိုင္းယားအလွေလးဆိုတဲ့ ဂုဏ္ျဒပ္က ဇာတ္လိုက္မနဲ႔သြားညိစရာ ဘာအေၾကာင္းမွမ႐ွိဘူး  ဒါေပမယ့္ မီႏိုင္းက စုန္႔ေကာ္စန္းကို ႏွစ္သက္လို႔ေနတယ္ အိုက္ေဝနဲ႔ စုန္႔ေကာ္စန္းတို႔ နီးစပ္သြားတဲ့ အခ်ိန္ကစၿပီးမီႏိုင္းက ဇာတ္လိုက္ အမ်ိဳးသမီးကို ကြိစိကြစ ဒုကၡေပါင္းစုံေပးရတဲ့ အရံအမ်ိဳးသမီးဇာတ္ေကာင္တာဝန္ကိုစၿပီးထမ္းေဆာင္ေလေတာ့တယ္

တစ္ရက္မွာေတာ့ အိုက္ေဝက ဗန္ပိုင္းယားေတြရဲ႕ တိုက္ခိုက္မႈကို ခံခဲ့ရတယ္ ဒါေပမယ့္ ဇာတ္လိုက္မပီပီ အႏၲရာယ္ၾကားကေနလြတ္လာခဲ့တယ္  ႐ုတ္တရပ္ဆန္စြာပဲ အိုက္ေဝက သူမကိုတိုက္ခိုက္ခဲ့တဲ့ ဗန္ပိုင္းယားေတြရဲ႕ေနာက္ကြယ္က အဓိကတရားခံဟာမီႏိုင္းျဖစ္တယ္လို႔ စြပ္စြဲေျပာဆိုေလတယ္

မီႏိုင္းက အိုက္ေဝကိုမႏွစ္သက္လွဘူးဆိုေပမယ့္လည္း အေသးအမႊားျပသနာေလးေတြေလာက္သာ ဖန္တီးခဲ့ဖူးတာ

အိုက္ေဝရဲ႕အသက္ကို ရန္မ႐ွာခဲ့ဖူးဘူး ဒါေပမယ့္ သူမက အိုက္ေဝကို ဒုကၡေပးေနက်လူျဖစ္တာေၾကာင့္ ဒီတစ္ခါ တရားခံက သူမမဟုတ္ေၾကာင္းျငင္းဆိုတဲ့အခါ ဘယ္သူကမွ မယုံၾကည္ေပးခဲ့ၾကဘူး

ဗန္ပိုင္းယားေတြနဲ႔ ဗန္ပိုင္းယားမုဆိုးလူသားေတြ အတူတကြ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းယွဥ္တြဲေနထိုင္ႏိုင္ဖို႔အတြက္ ေသြးမုဆိုး ( The Blood Hunters Association ) BHA အဖြဲ႕ကိုဖြဲ႕စည္းထားခဲ့တယ္  BHA အဖြဲ႕ က ဗန္ပိုင္းယားေတြရဲ႕ အျပဳအမူေတြကို ေစာင့္ၾကည့္ေနသလို  ဗန္ပိုင္းယားမုဆိုးေတြလည္းစည္းကမ္းမေဖာက္ဖ်က္ေအာင္ ကိုင္တြယ္ေပးရတယ္

မီႏိုင္းက BHA ရဲ႕ စည္းမ်ဥ္း  ဥပေဒနဲ႔ မညီၫြတ္ေၾကာင္း စြပ္စြဲခံရတာေၾကာင့္ BHA က သူမကို ၾကားနာစစ္ေဆးဖို႔ ဆင့္ေခၚေလတယ္ မီႏိုင္းက  အျပစ္မ႐ွိတာေၾကာင့္ ၾကားနာမႈကိုမသြားခ်င္ခဲ့ဘူး သူမကထြက္ေျပးဖို႔ႀကိဳးစားခ်င္ေပမယ့္ ျပန္အဖမ္းခံလိုက္ရၿပီး BHA႐ုံးခ်ဳပ္ဆီကို အေခၚသြားခံလိုက္ရတယ္

မီႏိုင္းက ေသြးသံရဲရဲႏွိပ္စက္မႈမ်ားစြာကိုၾကဳံေတြ႕ခဲ့ရတယ္ သူမရဲ႕မ်ိဳးႏြယ္ဝင္ေတြကလည္း လူသားေတြရဲ႕ အစမ္းသပ္ခံျဖစ္ေနၾကတာကို မ်က္ျမင္ေတြ႕ခဲ့ရတယ္

ေသြးသန္႔ဗန္ပိုင္းယားျဖစ္တဲ့မီႏိုင္းက သုေတသနပညာ႐ွင္ေတြအတြက္အလြန္တန္ဖိုး႐ွိတဲ့ အစမ္းသပ္ခံႂကြက္ေလးျဖစ္တယ္ အဆုံးမ႐ွိတဲ့ ပစၥည္းကိရိယာေပါင္းစုံက သူမရဲ႕ ခႏၶာကိုယ္ကိုလာတပ္ဆင္ၾကတယ္

မီႏိုင္းက ေၾကာက္လန္႔စရာႏွိပ္စက္မႈ ေပါင္းစုံကို မခံႏိုင္ေတာ့တဲ့ အဆုံးမွာေတာ့ သူမကိုယ္သူမသတ္ေသလိုက္ေတာ့တယ္

မီႏိုင္းမွာဆႏၵတစ္ခုပဲ႐ွိတယ္

လက္စားျပန္ေခ်ခ်င္တယ္

BHA , အိုက္ေဝ

သူတို႔အားလုံးကိုလက္စားျပန္ေခ်မယ္

အိုက္ေဝသာ သူမကို႐ုတ္တရပ္ႀကီး မစြပ္စြဲခဲ့ဘူးဆိုရင္ သူမ ဒီလိုနာက်င္မႈေတြကို ခံစားခဲ့ရမွာမဟုတ္ေပ ။

i‘သူတို႔ကို တစ္ေယာက္မက်န္ ထုေထာင္း႐ိုက္ႏွက္ေပး႐ုံပဲ မဟုတ္လား စိတ္ခ်စမ္းပါ ငါေလးကဒါမ်ိဳးကိစၥမွာအကြၽမ္းဆုံးပဲ ေမြးတဲ့မိခင္ကိုယ္တိုင္ေတာင္မမွတ္မိေလာက္ေတာ့တဲ့အထိ႐ိုက္ထုတ္ေပးလိုက္မယ္ အခုေတာ့ငါ့ကို ဒီေစာက္အေခါင္းႀကီးထဲကေနေပးထြက္ပါအုံး အဖုံးကလည္းတြန္းလို႔ေတာင္မရဘူး ၿပီးေတာ့ က်န္း႐ွီးေတြပဲအေခါင္းထဲမွာအိပ္တာေလ ကိုယ့္ရဲ႕ ျမင့္ျမတ္လွတဲ့ဗန္ပိုင္းယားဂုဏ္သိကၡာေလးကိုငွဲ႔ပါအုံး’

(က်န္း႐ွီး = တ႐ုတ္သရဲ

အရင္အပိုင္းေတြမွာလည္းေျပာဖူးတယ္ေနာ္ )


ဘယ္ေလာက္ၾကကာမွန္းမသိေအာင္ႀကိဳးစားၿပီးတဲ့ေနာက္မွာ႐ွီ႐ွန္းက အျပင္ကိုထြက္ႏိုင္သြားေလတယ္ သူမက အေခါင္းႀကီးကို ဓါးနဲ႔ စိတ္ဆိုးမာန္ဆိုး ခုတ္ခ်လိုက္တာေၾကာင့္ ႏွစ္ျခမ္းကြဲၿပီးၾကမ္းျပင္ေပၚကိ ျပဳတ္က်သြားရာမွာ ဖုန္မႈန္႔ေတြေတာင္ထြက္လာေတာ့တယ္

အခန္းထဲမွာလည္း ေမွာင္ေနေပမယ့္ ကံေကာင္းစြာနဲ႔ပဲ အျပင္ဘက္ကေန လေရာင္တခ်ိဳ႕ေတာ့ဝင္ေနေသးတယ္  ႐ွီ႐ွန္းက မူလကိုယ္ရဲ႕မွတ္ဉာဏ္ေတြကိုအသုံးျပဳၿပီး မီးခလုတ္ဆီသြားကာ အခန္းကိုမီးထြန္းလိုက္တယ္  အခန္းကေ႐ွးေဟာင္းဥေရာပစတိုင္ ဖြဲ႕စည္းထားၿပီး အေရာင္ေ႐ြးခ်ယ္ထားပုံကလည္း ခပ္မိႈင္းမိႈင္းျဖစ္ေနတယ္ ပရိေဘာဂအေဆာင္အေယာင္ေတြကလည္း အေတာ္႐ိုး႐ွင္းၿပီး မိန္းမငယ္ေလးတစ္ေယာက္…အဲ..ဗန္ပိုင္းယားမိန္းမငယ္ေလးတစ္ေယာက္ရဲ႕ အခန္းလို႔ေတာင္ယုံခ်င္စရာမ႐ွိဘူး  အခန္းထဲကပရိေဘာဂေတြထဲမွာ ႐ွီ႐ွန္း ခုနက ဓါးနဲ႔ခုတ္ပစ္လိုက္တဲ့အေခါင္းကသာ တန္ဖိုးအႀကီးဆုံးျဖစ္ပုံေပၚေလတယ္

႐ွီ႐ွန္းက အေခါင္းေပၚက ပိုစတာကိုၾကည့္လိုက္တယ္ မဟုတ္ဖူး အဲ့ဒါက ပိုစတာဆိုတာထက္ လက္ရာေျမာက္ေဆးေရးပန္းခ်ီတစ္ခုလိုမ်ိဳးပဲ

ပန္းခ်ီရဲ႕အဓိကအစိတ္အပိုင္းက ႏွင္းဆီပန္းေတြျဖစ္တယ္ ေသြးနီေရာင္ ႏွင္းဆီေတြက ပန္းခ်ီကားတစ္ျပင္လုံးအႏွံ႔ငြားငြားစြင့္စြင့္ပြင့္လန္းေနၾကတယ္  ႏွင္းဆီပန္းခင္းႀကီးၾကားက ေနရာလပ္ေလးတစ္ခုမွာေတာ့ ကေလးငယ္ေလးတစ္ေယာက္ရဲ႕ေနာက္ေက်ာေလးကိုေတြ႕ရတယ္ မ်က္စိထဲမွာ အထင္းဆုံးျဖစ္ေနတာကေတာ့ ကေလးေလးရဲ႕လက္ေကာက္ဝတ္မွာအနီေရာင္ႀကိဳးနဲ႔ခ်ည္ထားတဲ့ လျခမ္းပုံစံဆြဲျပားပဲျဖစ္တယ္

မီႏိုင္းက ဒီပန္းခ်ီကိုအေတာ္ေလးတန္ဖိုးထားပုံေပၚေပမယ့္ အေၾကာင္းျပခ်က္ကိုေတာ့ မူလဇာတ္ေၾကာင္းမွာေရာ သူမရဲ႕မွတ္ဉာဏ္ထဲမွာပါ ႐ွာလို႔မေတြ႕ဘူး

…………………..

မီႏိုင္းကတစ္ေယာက္တည္းေနတာေၾကာင့္ သူမကိုေႏွာင့္ယွက္မယ့္သူမ႐ွိဘူး ဒါေပမယ့္ ႐ွီ႐ွန္းကမၾကာခင္မွာ ေၾကာက္စရာေကာင္းတဲ့ကိစၥတစ္ခုကိုေတြးလိုက္မိတယ္

‘ဗန္ပိုင္းယားေတြကေသြးေသာက္ရတယ္…အား..နင့္ေမႀကီးေတာ္…ငါ အဲ့ဒါႀကီးေတြမေသာက္ခ်င္ဘူး’

ေသြးအေၾကာင္းစဥ္းစားလိုက္တာနဲ႔ ႐ုတ္တရပ္ႀကီး ဗိုက္ဆာလာသလို ခံစားလိုက္ရတယ္ 

‘ ခ်ီးပဲ.. ငါေတာ့ ဒီကမ႓ာမွာ အဆာလြန္ၿပီးေသလိမ့္မယ္ အဲ့ဒီအခါၾကရင္ ငါ “ဝိဉာဥ္ကူးေျပာင္းျခင္းႏွင့္ေသနည္း၁၀၁ပါး စာအုပ္ထုတ္ႏိုင္ေတာ့မယ္ထင္တယ္…ငါေလးေတာ့နာမည္ႀကီးေတာ့မွာပဲ..’

ဒါေပမယ့္ ႐ွီ႐ွန္းရဲ႕စာအုပ္ထုတ္မယ့္အေတြးရထားႀကီးကၾကာၾကာမခံလိုက္ဖူး

“ဂြီ…..”

‘ေအး..အခုေတာ့ ငါေလးအဆာလြန္ၿပီးေသေတာ့မယ္…’

႐ွီ႐ွန္းက သူမရဲ႕ တဂြီဂြီျမည္ေနတဲ့ဗိုက္ေလးကိုလက္နဲ႔ဖိလိုက္ၿပီးအခန္းထဲကေနထြက္လာခဲ့လိုက္တယ္ ေရခဲေသတၱာထဲမွာ ေသြးထုပ္ေတြအမ်ားႀကီး႐ွိေနတယ္  အထုပ္ေတြကိုပိတ္ထားတယ္ဆိုေပမယ့္ ေသြးနံ႔ခပ္သင္းသင္းကိုသူမခံစားမိတယ္

‘ငါလူးကိုေသြးနံ႔ခပ္သင္းသင္း….’

႐ွီ႐ွန္းကခံတြင္းအျပည့္ျဖစ္လာေနတဲ့တံေတြးေတြကိုအျမန္ၿမိဳခ်လိုက္ရတယ္

႐ွီ႐ွန္းက အထဲက ေသြးထုတ္ေတြအကုန္ထုတ္ , ေရခဲေသတၱာတံခါးကိုေဆာင့္ပိတ္ , ေသြးထုတ္ေတြကိုေဖာက္ , ေဘစင္ထဲကိုအကုန္ေဖာက္သြန္ပစ္လိုက္ၿပီး အခန္းထဲကိုျပန္ဝင္လာခဲ့တယ္

‘ဗန္ပိုင္းယားေတြကေသြးကလြဲရင္ တျခားဟာစားလို႔မရဘူးလား…’

႐ွီ႐ွန္းအတြက္ေတာ့ႏွေမ်ာစရာပဲ လူသားေတြရဲ႕ အစားအစာေတြက ဗန္ပိုင္းယားေတြကို ဘာအာဟာမွမျဖစ္ေစဘူး မ်ားမ်ားစားရင္ ခႏၶာကိုယ္ကို အားေတာင္နည္းေစေသးတယ္ ဒါေၾကာင့္ ေသြး ကသာ သူမတို႔အတြက္ တစ္ခုတည္းေသာ စားစရာပဲ

လူ႕အသိုင္းအဝိုင္းထဲကိုဝင္ခ်င္တဲ့ဗန္ပိုင္းယားေတြက BHA ရဲ႕ ခြင့္ျပဳခ်က္ကိုယူရတယ္ သူတို႔လိုအပ္သမွ် ေသြးအာဟာရကိုလည္း BHAကပဲေထာက္ပံ့ေပးတယ္  ႐ွီ႐ွန္းခုနသြန္ပစ္လိုက္တဲ့ေသြးေတြက BHA ကပို႔ေပးထားတာေတြျဖစ္တယ္ ဒါေပမယ့္ မီႏိုင္းဆီမွာျဖစ္ခဲ့တဲ့ကိစၥေတြအရ BHA က အဲ့ဒီေသြးေတြထဲမွာ တစ္ခုခုထည့္ထားလိမ့္မယ္ဆိုတာကို ႐ွီ႐ွန္းကအေတာ္ေလးေသခ်ာေနတယ္ 

သူမရဲ႕ေသြး႐ြံတတ္တဲအက်င့္ေၾကာင့္အျပင္ ဒီေသြးက ဘယ္ကလာၿပီးဘာေတြထည့္ထားမွန္းမသိတဲ့အေျခအေနမွာ ႐ွီ႐ွန္းကေတာ့ လုံးဝေသာက္မွာမဟုတ္ေပ

အဲ့ဒီလူသားေတြက ထာဝရအသက္႐ွင္ျခင္းကိုလိုခ်င္ေနၾကေပမယ့္ ဗန္ပိုင္းယားအျဖစ္လည္းေျပာင္းမသြားခ်င္ၾကဘူး ဒီေတာ့ ဗန္ပိုင္းယားေတြရဲ႕ ခႏၶာကိုယ္ကိုသာ သုေတသနျပဳၾကရေတာ့တယ္

႐ွီ႐ွန္းက ဆိုဖာေပၚမွာ တင္ပလႅင္ေခြထိုင္ရင္း စဥ္းစားလိုက္တယ္ သူမ ခုနတုံးက ခ်ီစြမ္းအင္တခ်ိဳ႕ကိုခံစားမိလိုက္တယ္ အမ်ားႀကီးေတာ့မဟုတ္ေပမယ့္ သူမ အဲ့ဒါေတြကိုသာ စုပ္ယူလိုက္မယ္ဆိုရင္ အနည္းဆုံးေတာ့ ဗိုက္ဆာတာကိုေတာင့္ခံႏိုင္လိမ့္မယ္

…………………..

Transalated by Dora💜  Mia💙

Continue Reading

You'll Also Like

19.9K 1K 23
Romance, teenage comedy , OC Unicode+Zawgyi
98.1K 9.9K 70
Type - web novel Genre - Drama, Romance , school life Author - Si Zhi Translation - Kyiphyuswe chapter - 55(complete)
48.6K 4.7K 14
ငါ့ကို အစားထိုးချင်တဲ့ မင်းရဲ့ဆန္ဒတွေ ပြည့်ပြည့်မြောက်မြောက် ပြည့်ဝသွားခဲ့ပြီ လွေ့ချီ...။
388K 22.2K 42
"ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေ" ၏ Season 2 ဖြစ်ပါသည်။ 18th Creation Start : 9 February 2023 "ပိုင္ဆိုင္ခ်င္ေသာရပ္ဝန္းတစ္ခုအား ပို...