ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

847K 122K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.4.7

3.7K 644 160
By devil61002

စုန္းမ်ိဳးႏြယ္၏ ေမွာ္အစီအရင္သည္ ဂေရ့ဗ္သစ္ေတာ၏ အျပင္နားအထိသာ သက္ေရာက္ေလသည္ ။ ရိုမန္တို႔က လူသားပိုင္နက္သို႔ သြားခ်င္ပါက ကိုယ့္အားကို ကိုးရေပလိမ့္မည္ ။ အၿမဲလိုလို အမဲလိုက္ထြက္တတ္သၫ့္ ရိုမန္နဲ႔ အဖြဲ႔သားမ်ားသည္ မည္သို႔မွ မေနေသာ္လည္း ႏူးညံသၫ့္ ရိုးလ္အတြက္ေတာ့ ခက္ခဲသၫ့္ လမ္းျဖစ္ေလသည္ ။ ရစ္ခ္်ကိုးလ္၏ ေဖးမမႈသာ မရိွပါက ႏွစ္ရက္ေလာက္နဲ႔ လဲသြားေပလိမ့္မည္ ။

" ဘာျဖစ္လို႔လဲ ဒီကိုလာေလ !!! " ရိုမန္က မီးပံုနားတြင္ ထိုင္ေနရာမွ ခပ္လွမ္းလွမ္းတြင္ တြန႔္ဆုတ္တြန႔္ဆုတ္ ရပ္ေနေသးသၫ့္ ရီဗဲလ္ထံသို႔ ေလ်ွာက္သြားလိုက္သည္ ။ အဖြဲ႔သားမ်ားသည္ သူ႔လိုပင္ အမဲလိုက္ေနၾကျဖစ္သျဖင့္ အေတြ့အႀကံဳမ်ိဳးစံုကို ခံစားဖူးေလသည္ ။ သူတို႔က မ်ိဳးႏြယ္အားလံုးအား အားနည္းသူနဲ႔ အားႀကီးသူဟုသာ ခြဲထားၿပီး ထူးထူးျခားျခား မသတ္မွတ္ၾကေပ ။ ထို႔အတြက္ ရီဗဲလ္ အတြက္လည္း သက္ေတာင့္သက္သာ ျဖစ္ေလသည္ ။

သူအနား မေရာက္ခင္ ေခါင္းငံုေနသၫ့္ ရီဗဲလ္မွ လက္ႏွစ္ဖက္ကို ေရ႔ွသို႔ဆန႔္ထုတ္လိုက္ေလသည္ ။ ရိုမန္က ငံု႔ၾကၫ့္လိုက္သၫ့္အခ်ိန္တြင္ ရႈရားလ္ေပးခဲ့သၫ့္ အနီေရာင္ခရစ္စတယ္ ႏွစ္ခုထဲက တစ္ခုပင္။ နစ္ဝင္ေနေအာင္ ေခါင္းငံုထားသၫ့္ ေကာင္ေလး၏ နားရြက္မ်ား နီရဲေနသည္ကို ေတြ့လိုက္သၫ္။

" ကိုယ့္ကို ေပးတာေပါ့ " သူ႔ရဲ့အေမးကို ေခါင္းတဆတ္ဆတ္ညိတ္ကာ အေျဖေပးလာသၫ့္ ေကာင္ေလးသည္ အခုထိ ေမာ့မလာေသးေပ ။

ရိုမန္က ခပ္ဖြဖြ ၿပံဳးလိုက္ကာ လက္ကို ဆြဲလိုက္ၿပီး ခါးကို ဖက္ကာ နီးကပ္ေစလိုက္သည္ ။ အလန႔္တၾကားေမာ့ၾကၫ့္လာသၫ့္ ေကာင္ေလး၏ မ်က္ႏွာအနားသို႔ ငံု႔ကိုင္းကာ အၾကၫ့္ခ်င္းဆံုရင္း ေျပာလိုက္သည္။ " ကိုယ့္ကို ခ်စ္တယ္လို႔ ေျပာၾကၫ့္ .."

ဟင္!!

ရီဗဲလ္၏ အၾကၫ့္က တစ္ခ်က္လင္းလက္သြားကာ ေပ်ာ္ရြင္စြာ ေျပာလိုက္သည္ ။ " အဲ့ဒါဆို ကြၽန္ေတာ္က မထြက္သြားရေတာ့ဘူးလား " သူသည္ ဒဏ္ရာမ်ားေပ်ာက္ကင္းသြားသည္နဲ႔ ထြက္သြားရမည္ကို စိုးရိမ္ေနျခင္းပင္ ။ သူက ရိုမန္အနားတြင္ ရိွရသည္ကို ေပ်ာ္ရြင္ေလသည္ ။ ရႈးရားလ္ က လည္ဆြဲ၏ သက္ေရာက္ပံုကို ရွင္းျပခဲ့သျဖင့္ ရိုမန္က ေမာင္းထုတ္ခဲ့လ်ွင္ေတာင္ သူေတြ့ခ်င္သၫ့္ အခ်ိန္တြင္ လာေတြ့ႏိုင္မလားဆိုသၫ့္ ေမ်ွာ္လင့္ခ်က္ေလးျဖင့္ လာေပးျခင္းပင္။

" စာအုပ္ေတြထဲမွာေျပာထားတယ္.. ခ်စ္တဲ့သူေတြက အတူေနရတာတဲ့ .. ဒါဆို ကြၽန္ေတာ့္ကို ေမာင္းမထုတ္ေတာ့ဘူးေပါ့ေနာ္ .." အျပာေရာင္ မ်က္ဝန္းေလးမ်ား ေမွးက်ဉ္းသြားသည္အထိ ႏွစ္ၿခိဳက္စြာ ၿပံဳးလိုက္သၫ့္ ရီဗဲလ္က ျပန္လည္မႈံမိုင္းသြားျပန္သျဖင့္ ရိုမန္က နဖူးထက္က ဆံစေလးမ်ားကို သပ္တင္ေပးလိုက္ကာ ညင္သာစြာ ေမးလိုက္သည္ ။

" ဘာျဖစ္ .." သူေျပာလို႔မဆံုးခင္ ခါးကို ျပန္ဖက္လာကာ  သူ႔ရင္ဘတ္ကို ကပ္လာေလသည္ ။ ၿပီးေနာက္ သူ႔အား ေမာ့ၾကၫ့္လာကာ " စာအုပ္ထဲက ထပ္ေရးထားတာက .. တစ္ေယာက္ကို တစ္ေယာက္ ခ်စ္မွတဲ့ .. " ေကာင္ေလး၏ အေျပာေၾကာင့္ ရိုမန္သည္ ခပ္ဖြဖြရယ္လိုက္မိသည္ ။ သူက ရီဗဲလ္၏ ႏူတ္ခမ္းရဲရဲေလးအား ျဖတ္ခနဲ ငံု႔နမ္းလိုက္ကာ " ခ်စ္တယ္ .. "

ေကာင္ေလး၏ မ်က္ႏွာထက္တြင္ အၿပံဳးတစ္ပြင့္ေပၚလာကာ ေခါင္းကို တသြင္သြင္ၿငိမ့္လိုက္သည္ ။ " ခ်စ္တယ္.. ခ်စ္တယ္.. ကြၽန္ေတာ္လည္း သခင့္ကို ခ်စ္တယ္ .. ဟီးး "

ရိုမန္က လည္ဆြဲကို ရီဗဲလ္လက္ထဲျပန္ထၫ့္ကာ ကိုယ္ကို ငံု႔ကိုင္းလိုက္သည္ ။ " ကိုယ္တိုင္ ဝတ္ေပး .."

မီးပံု အနားတြင္ ထိုင္ေနသၫ့္ တစ္ေလ်ွာက္လံုး ရီဗဲလ္သည္ ရိုမန္၏ လည္ပင္းတြင္ ဝတ္ဆင္ထားသၫ့္ လည္ဆြဲအား ၾကၫ့္မဝျဖစ္ေနေလသည္ ။ သူ႔မ်က္နာထက္က အၿပံဳးပင္ မရပ္တန႔္သြားေသးေပ ။ ရိုမန္က သစ္တံုးေပၚမွ ရီဗဲလ္ထံ လက္လွမ္းလိုက္ကာ " ကိုယ့္ဆီ လာထိုင္ "

အန္းနက္နဲ႔ ရိုးလ္ တို႔ ျပန္ေရာက္လာခ်ိန္တြင္ ျမင္ရသည္က ဖက္တြယ္ထားသၫ့္ လူႏွစ္ေယာက္၏ ၾကည္ႏူးစရာျမင္ကြင္းကိုပင္ ။ ရီဗဲလ္သည္ ရိုမန္၏ ရင္ခြင္ထဲတြင္ ျမဳပ္ေနကာ ရိုမန္က ေကာင္ေလးအား စေနာက္ေနခဲ့ၿပီး ေကာင္ေလးေမးသၫ့္ နားမလည္သၫ့္ အရာမ်ားကို ခပ္ၿပံဳးၿပံဳးျဖင့္ ေျဖၾကားေနခဲ့သည္ ။ ထိုျမင္ကြင္းေၾကာင့္ ရိုးလ္ကဲ့သို႔ ရိုမန္နဲ႔ ေစ့စပ္ထားသူအား အဖြဲ႔သားမ်ား သနားသင့္ေသာ္လည္း အဖြဲ႔သားမ်ားက ၿပံဳးလိုက္ၿပီး ေခါင္းေမာ့ ရင္ေကာ့ပင္ လုပ္လိုက္ေသးသည္ ။

ရိုမန္က ရိုးလ္ အားမည္မ်ွအလိုလိုက္ခဲ့သည္ကို သူတို႔မ်က္ျမင္ပင္ ။ စူးစမ္းတတ္သၫ့္ ရိုးလ္အား အႏၲရယ္မွ အႀကိမ္ႀကိမ္ကာကြယ္ေပးခဲ့ေသာ္လည္း ရိုးလ္၏ ေအးစက္စက္ ဆက္ဆံမႈကိုသာ ရသၫ့္ သူ‌တို႔ေခါင္းေဆာင္ အတြက္ ရင္ထုမနာျဖစ္ခဲ့ၾကရသည္ ။ ခုနက ေတာထဲ အစာရွာသြားခ်ိန္တြင္လည္း ရစ္ခ္် နဲ႔ ရိုးလ္၏ အျပဳအမႈမ်ားေၾကာင့္ ကသိကေအာက္ ျဖစ္ေနၾကသၫ့္ သူတို႔အတြက္ ဒီျမင္ကြင္းသည္ ေက်နပ္စရာပင္ ။

သူတို႔က ထိုႏွစ္ေယာက္အား မေနာက္ယွက္ေစရန္ ခပ္လွမ္းလွမ္းသို႔ သြားကာ အစာအတြက္ ျပင္ဆင္လိုက္ၾကသည္ ။ လူသားပိုင္နက္သို႔ ျပန္သၫ့္ တစ္ေလ်ွာက္လံုး သူတို႔က ရိုမန္သည္ ရီဗဲလ္အား ဘယ္ေလာက္အေလးထားသည္ကို ျမင္ခဲ့ၾကရသည္ ။ တဖက္တြင္ ရိုးလ္ သည္ ရစ္ခ္် နဲ႔ ရင္းႏွီးသၫ့္ ဆက္ဆံေရး ရိွလာခဲ့သည္ ။ သို႔ေသာ္ ရိုးလ္ ၏ မ်က္ဝန္းထဲမွ စိတ္ရႈပ္ေထြးမႈက ပိုပို ႀကီးမားလာသည္ကို သူကိုယ္တိုင္ပင္ သတိမထားမိခဲ့ေပ ။ အလိုလိုရေနခဲ့သၫ့္ ဂရုစိုက္မႈမ်ားက ျပဳန္းစားႀကီး ေပ်ာက္သြားသၫ့္အတြက္ က်င့္သားမရသည္လား မေသခ်ာေသာ္ျငား ထိုဂရုစိုက္မႈမ်ားေပ်ာက္ဆံုးသြားျခင္းက သူ၏ေန့စဉ္ဘဝကို သိသိသားသားလႊမ္းမိုးသြားေလသည္။

အၿမဲလိုလို တက္ႂကြေနတတ္သၫ့္ ရိုးလ္ ေနရာတြင္ တစ္ေနရာရာတြင္ ရပ္လ်က္ လူႏွစ္ေယာက္ကို ေစာင့္ၾကၫ့္ေနတတ္သၫ့္ ရိုးလ္ အျဖစ္ေျပာင္းသြားေတာ့သည္ ။ ရိုးလ္က အိမ္ေရာက္သည္နဲ႔ ရိုမန္နဲ႔ စကားေျပာဖို႔ လိုသည္ဟု ေတြးလိုက္မိကာ သူက လမ္းတစ္ေလ်ွာက္ တိတ္ဆိတ္စြာသာ လိုက္လာခဲ့ေလသည္။

သံုးရက္ၾကာ ခရီးဆက္ၿပီးေနာက္ လူသားပိုင္နက္သို႔ ေရာက္လာခဲ့သည္ ။ ရိုမန္အား လာႀကိဳသူမ်ားက ရီဗဲလ္ ထံအၾကၫ့္ေရာက္သြားၿပီး တစ္ဖန္ ရစ္ခ္် ထံသို႔ အၾကၫ့္ေရာက္သြားခဲ့သည္ ။ အဖိုးတန္လွသၫ့္ ရိုးလ္ ၏ စကားေၾကာင့္ ရစ္ခ္် အား လက္ခံလိုက္ၾကေသာ္လည္း ရီဗဲလ္ကို ေမာင္းထုတ္ခ်င္ေနၾကကာ စကားမ်ားျဖင့္ ထိုးႏွက္ေနၾကသည္ ။

ခမ္းမထဲတြင္ ရိုမန္က သူ႔အက်ႌစအား တုန္ယင္သၫ့္ လက္ျဖင့္ ဆြဲကိုင္ထားသၫ့္ ရီဗဲလ္၏ ခါးေလးအား ဖက္လိုက္ကာ နမ္းလိုက္သည္ ။ ရွည္ၾကာသၫ့္ အနမ္းက ခန္းမရိွ လူတိုင္း၏ အၾကၫ့္ကို တမ်ိဳးေျပာင္းသြားေစ‌ေလသည္ ။ ရိုမန္က ရီ‌ဗဲလ္အား ရင္ခြင္ထဲ ထၫ့္လိုက္ကာ " သူက ငါ့ရဲ့လူ ဘာထင္ျမင္ခ်က္ ရိွေသးလဲ "

" ဒါေပမဲ့ မင္းက ရိုးလ္နဲ႔ ေစ့စပ္ထားတဲ့သူေလ .. " ဝင္ေျပာလိုက္သူမွာ ရိုးလ္၏ ဖခင္ ျဖစ္ေလသည္ ။ သူ႔အၾကၫ့္က မာထန္ေနေလသည္ ။ ရိုမန္က ႏွာေခါင္းတစ္ခ်က္ရႈံလိုက္ကာ " ေစ့စပ္ပြဲကို အရင္သေဘာမတူတဲ့သူက အစကတည္း ရိုးလ္လစ္ ျဖစ္ခဲ့တာေနာ္ ..အခုထိ ဆက္ႏြယ္မႈႀကိဳးထံုးအစဉ္အလာကို မလုပ္ရေသးဘူး "

ရိုမန္က ရီဗဲလ္အား ေပြ့ခ်ီလိုက္ကာ " မေက်နပ္တဲ့လူ အက္စ္တြန္ အိမ္ေတာ္ ကို လာေျပာႏိုင္တယ္ " အက္စတြန္ အိမ္ေတာ္သည္ အစကတည္းက အင္အားႀကီးမားသၫ့္ အစုျဖစ္သည္ ။ ရိုးလ္၏ ဖခင္က သူ႔ကို ျပန္ေျပာရဲျခင္းမွာ အရင္က ရိုးလ္ေၾကာင့္ ရိုမန္သၫ့္ ေခြးလိမၼာေလးအလား ျဖစ္ေနျခင္းေၾကာင့္ပင္ ။

__________________________
ဒီမွာ ပ်င္းတယ္.. ပ်င္းတယ္ .. ပ်င္းတယ္ ပ်င္းတယ္ေဟ့ 🙃
_______________________________
Unicode

စုန်းမျိုးနွယ်၏ မှော်အစီအရင်သည် ဂရေ့ဗ်သစ်တော၏ အပြင်နားအထိသာ သက်ရောက်လေသည် ။ ရိုမန်တို့က လူသားပိုင်နက်သို့ သွားချင်ပါက ကိုယ့်အားကို ကိုးရပေလိမ့်မည် ။ အမြဲလိုလို အမဲလိုက်ထွက်တတ်သည့် ရိုမန်နဲ့ အဖွဲ့သားများသည် မည်သို့မှ မနေသော်လည်း နူးညံသည့် ရိုးလ်အတွက်တော့ ခက်ခဲသည့် လမ်းဖြစ်လေသည် ။ ရစ်ခ်ျကိုးလ်၏ ဖေးမမှုသာ မရှိပါက နှစ်ရက်လောက်နဲ့ လဲသွားပေလိမ့်မည် ။

" ဘာဖြစ်လို့လဲ ဒီကိုလာလေ !!! " ရိုမန်က မီးပုံနားတွင် ထိုင်နေရာမှ ခပ်လှမ်းလှမ်းတွင် တွန့်ဆုတ်တွန့်ဆုတ် ရပ်နေသေးသည့် ရီဗဲလ်ထံသို့ လျှောက်သွားလိုက်သည် ။ အဖွဲ့သားများသည် သူ့လိုပင် အမဲလိုက်နေကြဖြစ်သဖြင့် အတွေ့အကြုံမျိုးစုံကို ခံစားဖူးလေသည် ။ သူတို့က မျိုးနွယ်အားလုံးအား အားနည်းသူနဲ့ အားကြီးသူဟုသာ ခွဲထားပြီး ထူးထူးခြားခြား မသတ်မှတ်ကြပေ ။ ထို့အတွက် ရီဗဲလ် အတွက်လည်း သက်တောင့်သက်သာ ဖြစ်လေသည် ။

သူအနား မရောက်ခင် ခေါင်းငုံနေသည့် ရီဗဲလ်မှ လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်လိုက်လေသည် ။ ရိုမန်က ငုံ့ကြည့်လိုက်သည့်အချိန်တွင် ရှုရားလ်ပေးခဲ့သည့် အနီရောင်ခရစ်စတယ် နှစ်ခုထဲက တစ်ခုပင်။ နစ်ဝင်နေအောင် ခေါင်းငုံထားသည့် ကောင်လေး၏ နားရွက်များ နီရဲနေသည်ကို တွေ့လိုက်သည်။

" ကိုယ့်ကို ပေးတာပေါ့ " သူ့ရဲ့အမေးကို ခေါင်းတဆတ်ဆတ်ညိတ်ကာ အဖြေပေးလာသည့် ကောင်လေးသည် အခုထိ မော့မလာသေးပေ ။

ရိုမန်က ခပ်ဖွဖွ ပြုံးလိုက်ကာ လက်ကို ဆွဲလိုက်ပြီး ခါးကို ဖက်ကာ နီးကပ်စေလိုက်သည် ။ အလန့်တကြားမော့ကြည့်လာသည့် ကောင်လေး၏ မျက်နှာအနားသို့ ငုံ့ကိုင်းကာ အကြည့်ချင်းဆုံရင်း ပြောလိုက်သည်။ " ကိုယ့်ကို ချစ်တယ်လို့ ပြောကြည့် .."

ဟင်!!

ရီဗဲလ်၏ အကြည့်က တစ်ချက်လင်းလက်သွားကာ ပျော်ရွင်စွာ ပြောလိုက်သည် ။ " အဲ့ဒါဆို ကျွန်တော်က မထွက်သွားရတော့ဘူးလား " သူသည် ဒဏ်ရာများပျောက်ကင်းသွားသည်နဲ့ ထွက်သွားရမည်ကို စိုးရိမ်နေခြင်းပင် ။ သူက ရိုမန်အနားတွင် ရှိရသည်ကို ပျော်ရွင်လေသည် ။ ရှုးရားလ် က လည်ဆွဲ၏ သက်ရောက်ပုံကို ရှင်းပြခဲ့သဖြင့် ရိုမန်က မောင်းထုတ်ခဲ့လျှင်တောင် သူတွေ့ချင်သည့် အချိန်တွင် လာတွေ့နိုင်မလားဆိုသည့် မျှော်လင့်ချက်လေးဖြင့် လာပေးခြင်းပင်။

" စာအုပ်တွေထဲမှာပြောထားတယ်.. ချစ်တဲ့သူတွေက အတူနေရတာတဲ့ .. ဒါဆို ကျွန်တော့်ကို မောင်းမထုတ်တော့ဘူးပေါ့နော် .." အပြာရောင် မျက်ဝန်းလေးများ မှေးကျဉ်းသွားသည်အထိ နှစ်ခြိုက်စွာ ပြုံးလိုက်သည့် ရီဗဲလ်က ပြန်လည်မှုံမိုင်းသွားပြန်သဖြင့် ရိုမန်က နဖူးထက်က ဆံစလေးများကို သပ်တင်ပေးလိုက်ကာ ညင်သာစွာ မေးလိုက်သည် ။

" ဘာဖြစ် .." သူပြောလို့မဆုံးခင် ခါးကို ပြန်ဖက်လာကာ  သူ့ရင်ဘတ်ကို ကပ်လာလေသည် ။ ပြီးနောက် သူ့အား မော့ကြည့်လာကာ " စာအုပ်ထဲက ထပ်ရေးထားတာက .. တစ်ယောက်ကို တစ်ယောက် ချစ်မှတဲ့ .. " ကောင်လေး၏ အပြောကြောင့် ရိုမန်သည် ခပ်ဖွဖွရယ်လိုက်မိသည် ။ သူက ရီဗဲလ်၏ နူတ်ခမ်းရဲရဲလေးအား ဖြတ်ခနဲ ငုံ့နမ်းလိုက်ကာ " ချစ်တယ် .. "

ကောင်လေး၏ မျက်နှာထက်တွင် အပြုံးတစ်ပွင့်ပေါ်လာကာ ခေါင်းကို တသွင်သွင်ငြိမ့်လိုက်သည် ။ " ချစ်တယ်.. ချစ်တယ်.. ကျွန်တော်လည်း သခင့်ကို ချစ်တယ် .. ဟီးး "

ရိုမန်က လည်ဆွဲကို ရီဗဲလ်လက်ထဲပြန်ထည့်ကာ ကိုယ်ကို ငုံ့ကိုင်းလိုက်သည် ။ " ကိုယ်တိုင် ဝတ်ပေး .."

မီးပုံ အနားတွင် ထိုင်နေသည့် တစ်လျှောက်လုံး ရီဗဲလ်သည် ရိုမန်၏ လည်ပင်းတွင် ဝတ်ဆင်ထားသည့် လည်ဆွဲအား ကြည့်မဝဖြစ်နေလေသည် ။ သူ့မျက်နာထက်က အပြုံးပင် မရပ်တန့်သွားသေးပေ ။ ရိုမန်က သစ်တုံးပေါ်မှ ရီဗဲလ်ထံ လက်လှမ်းလိုက်ကာ " ကိုယ့်ဆီ လာထိုင် "

အန်းနက်နဲ့ ရိုးလ် တို့ ပြန်ရောက်လာချိန်တွင် မြင်ရသည်က ဖက်တွယ်ထားသည့် လူနှစ်ယောက်၏ ကြည်နူးစရာမြင်ကွင်းကိုပင် ။ ရီဗဲလ်သည် ရိုမန်၏ ရင်ခွင်ထဲတွင် မြုပ်နေကာ ရိုမန်က ကောင်လေးအား စနောက်နေခဲ့ပြီး ကောင်လေးမေးသည့် နားမလည်သည့် အရာများကို ခပ်ပြုံးပြုံးဖြင့် ဖြေကြားနေခဲ့သည် ။ ထိုမြင်ကွင်းကြောင့် ရိုးလ်ကဲ့သို့ ရိုမန်နဲ့ စေ့စပ်ထားသူအား အဖွဲ့သားများ သနားသင့်သော်လည်း အဖွဲ့သားများက ပြုံးလိုက်ပြီး ခေါင်းမော့ ရင်ကော့ပင် လုပ်လိုက်သေးသည် ။

ရိုမန်က ရိုးလ် အားမည်မျှအလိုလိုက်ခဲ့သည်ကို သူတို့မျက်မြင်ပင် ။ စူးစမ်းတတ်သည့် ရိုးလ်အား အန္တရယ်မှ အကြိမ်ကြိမ်ကာကွယ်ပေးခဲ့သော်လည်း ရိုးလ်၏ အေးစက်စက် ဆက်ဆံမှုကိုသာ ရသည့် သူ‌တို့ခေါင်းဆောင် အတွက် ရင်ထုမနာဖြစ်ခဲ့ကြရသည် ။ ခုနက တောထဲ အစာရှာသွားချိန်တွင်လည်း ရစ်ခ်ျ နဲ့ ရိုးလ်၏ အပြုအမှုများကြောင့် ကသိကအောက် ဖြစ်နေကြသည့် သူတို့အတွက် ဒီမြင်ကွင်းသည် ကျေနပ်စရာပင် ။

သူတို့က ထိုနှစ်ယောက်အား မနောက်ယှက်စေရန် ခပ်လှမ်းလှမ်းသို့ သွားကာ အစာအတွက် ပြင်ဆင်လိုက်ကြသည် ။ လူသားပိုင်နက်သို့ ပြန်သည့် တစ်လျှောက်လုံး သူတို့က ရိုမန်သည် ရီဗဲလ်အား ဘယ်လောက်အလေးထားသည်ကို မြင်ခဲ့ကြရသည် ။ တဖက်တွင် ရိုးလ် သည် ရစ်ခ်ျ နဲ့ ရင်းနှီးသည့် ဆက်ဆံရေး ရှိလာခဲ့သည် ။ သို့သော် ရိုးလ် ၏ မျက်ဝန်းထဲမှ စိတ်ရှုပ်ထွေးမှုက ပိုပို ကြီးမားလာသည်ကို သူကိုယ်တိုင်ပင် သတိမထားမိခဲ့ပေ ။ အလိုလိုရနေခဲ့သည့် ဂရုစိုက်မှုများက ပြုန်းစားကြီး ပျောက်သွားသည့်အတွက် ကျင့်သားမရသည်လား မသေချာသော်ငြား ထိုဂရုစိုက်မှုများပျောက်ဆုံးသွားခြင်းက သူ၏နေ့စဉ်ဘဝကို သိသိသားသားလွှမ်းမိုးသွားလေသည်။

အမြဲလိုလို တက်ကြွနေတတ်သည့် ရိုးလ် နေရာတွင် တစ်နေရာရာတွင် ရပ်လျက် လူနှစ်ယောက်ကို စောင့်ကြည့်နေတတ်သည့် ရိုးလ် အဖြစ်ပြောင်းသွားတော့သည် ။ ရိုးလ်က အိမ်ရောက်သည်နဲ့ ရိုမန်နဲ့ စကားပြောဖို့ လိုသည်ဟု တွေးလိုက်မိကာ သူက လမ်းတစ်လျှောက် တိတ်ဆိတ်စွာသာ လိုက်လာခဲ့လေသည်။

သုံးရက်ကြာ ခရီးဆက်ပြီးနောက် လူသားပိုင်နက်သို့ ရောက်လာခဲ့သည် ။ ရိုမန်အား လာကြိုသူများက ရီဗဲလ် ထံအကြည့်ရောက်သွားပြီး တစ်ဖန် ရစ်ခ်ျ ထံသို့ အကြည့်ရောက်သွားခဲ့သည် ။ အဖိုးတန်လှသည့် ရိုးလ် ၏ စကားကြောင့် ရစ်ခ်ျ အား လက်ခံလိုက်ကြသော်လည်း ရီဗဲလ်ကို မောင်းထုတ်ချင်နေကြကာ စကားများဖြင့် ထိုးနှက်နေကြသည် ။

ခမ်းမထဲတွင် ရိုမန်က သူ့အကျႌစအား တုန်ယင်သည့် လက်ဖြင့် ဆွဲကိုင်ထားသည့် ရီဗဲလ်၏ ခါးလေးအား ဖက်လိုက်ကာ နမ်းလိုက်သည် ။ ရှည်ကြာသည့် အနမ်းက ခန်းမရှိ လူတိုင်း၏ အကြည့်ကို တမျိုးပြောင်းသွားစေ‌လေသည် ။ ရိုမန်က ရီ‌ဗဲလ်အား ရင်ခွင်ထဲ ထည့်လိုက်ကာ " သူက ငါ့ရဲ့လူ ဘာထင်မြင်ချက် ရှိသေးလဲ "

" ဒါပေမဲ့ မင်းက ရိုးလ်နဲ့ စေ့စပ်ထားတဲ့သူလေ .. " ဝင်ပြောလိုက်သူမှာ ရိုးလ်၏ ဖခင် ဖြစ်လေသည် ။ သူ့အကြည့်က မာထန်နေလေသည် ။ ရိုမန်က နှာခေါင်းတစ်ချက်ရှုံလိုက်ကာ " စေ့စပ်ပွဲကို အရင်သဘောမတူတဲ့သူက အစကတည်း ရိုးလ်လစ် ဖြစ်ခဲ့တာနော် ..အခုထိ ဆက်နွယ်မှုကြိုးထုံးအစဉ်အလာကို မလုပ်ရသေးဘူး "

ရိုမန်က ရီဗဲလ်အား ပွေ့ချီလိုက်ကာ " မကျေနပ်တဲ့လူ အက်စ်တွန် အိမ်တော် ကို လာပြောနိုင်တယ် " အက်စတွန် အိမ်တော်သည် အစကတည်းက အင်အားကြီးမားသည့် အစုဖြစ်သည် ။ ရိုးလ်၏ ဖခင်က သူ့ကို ပြန်ပြောရဲခြင်းမှာ အရင်က ရိုးလ်ကြောင့် ရိုမန်သည့် ခွေးလိမ္မာလေးအလား ဖြစ်နေခြင်းကြောင့်ပင် ။

__________________________
ဒီမှာ ပျင်းတယ်.. ပျင်းတယ် .. ပျင်းတယ် ပျင်းတယ်ဟေ့ 🙃
_______________________________

Continue Reading

You'll Also Like

188K 19.7K 67
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
336K 34.6K 108
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
710K 76.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
182K 13.6K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...