ရှီရှန်း (႐ွီ႐ွန္း) Book 2...

By Hanpandora

817K 125K 3.1K

This is not my own story just for offline reading and Myanmar transalation . full crd to original uploder and... More

Transalator note
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17
Arc 5.18
Sorry!!!
Arc 5.19
Arc 5.20
Arc 5.21
Arc 5.22
Arc 5.23
Arc 5.24
Arc 5.25
Arc 5.26
Arc 5.27
Arc 5.28
Arc 5.29
Arc 5.30
Arc 5.31
Arc 5.32 End
​ပေ့ကျဲ့ (special episode)
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.11 (ဒီတစ်ခါ တကယ်😂)
Arc 6.12
Arc 6.13
Arc 6.14
Arc 6.15
Arc 6.16
Arc 6.17
Note
Arc 6.18
Arc 6.19
Arc 6.20
Arc 6.21
Arc 6.22
Arc 6.23
Arc 6.24
Arc 6.25
Arc 6.26
Arc 6.27
Arc 6.28
Arc 6.29
Arc 6.30
Arc 6.31
Arc 6.32 End
welcom back💜💙
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 7.16
Arc 7.17
Arc 7.18
Arc 7.19
Arc 7.20
Arc 7.21
Arc 7.22
Arc 7.23
Arc 7.24
Arc 7.25
Arc 7.26
Arc 7.27
Arc 2.28
Arc 7.29
Arc 7.30
Arc 7.31
Arc 7.32
Arc 7.33
Arc 7.34[END]
spoiler alert❣
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.11
Arc 8.12
Arc 8.13
Arc 8.14
Arc 8.15
Arc 8.16
Arc 8.17
Arc 8.18
Arc 8.19
Arc 8.20
Arc 8.21
Arc 8.22
Arc 8.23
Arc 8.24
Arc 8.25
Arc 8.26
Arc 8.27
Arc 8.28
Arc 8.29
Arc 8.30
Arc 8.31End
Arc 8 Extra(ဖုန်းကျင်း)
Arc 9.1
Warning
Arc 9.2
Arc 9.3
Arc 9.4
Arc 9.5
Arc 9.6
Arc 9.7
Arc 9.8
Arc 9.10
Arc 9.11
Arc 9.12
Arc 9.13
Arc 9.14
Arc 9.15
Arc 9.16 + 9.17
Arc 9.18
Arc 9.19
Arc 9.20
Arc 9.21
Arc 9.22
Arc 9.23
Arc 9.24 END
Arc 10.1
Arc 10.2
Arc 10.3
Arc 10.4
Arc 10.5
Arc 10.6
Arc 10.7
Arc 10.8
Arc 10.9
Arc 10.10
Arc 10.11
Arc 10.12
Arc 10.13
Arc 10.14
Arc 10.15
Arc 10.16
Arc 10.17
Arc 10.18
Arc 10.19
Arc 10.20
Arc 10.21
Arc 10.22
Arc 10.23
Arc 10.24
Arc 10.25
Arc 10.26
Arc 10.27
Arc 10.28
Arc 10.29
Arc 10.30
Arc 10.31
Arc 10.32
Arc 10.33
Arc 10.34
Arc 10.35
Arc 10.36
Arc 10.37
Arc 10.38
Arc 10.39 to extra

Arc 9.9

3.2K 584 2
By Hanpandora

Unicode

ရှီရှန်းက စကားတစ်လုံးချင်းဆီကိုသေသေချာချာပြောလိုက်တာကြောင့်လူတိုင်းကဘာဖြစ်နေလဲဆိုတာသိသွားကြတယ်

သူမကအဖြစ်အပျက်အားလုံးကိုစကားလုံးနည်းနည်းနဲ့အကုန်ပေါ်အောင်ပြောလိုက်တာပဲ: ယွဲ့ယောင်ကအရက်မူးပြီးတော့အမှားတစ်ခုကိုလုပ်လိုက်တယ် ပြီးတော့ချန်းလန်နဲ့ချင်းကွမ်းရဲ့ဖူးစာကြိုးကိုမှားချည်မိတာကြောင့်ချင်းကွမ်းကစမ်းသပ်ချက်ကျရှုံးတော့မလိုဖြစ်သွားရတယ်

လူအများကြီးကအရင်တုန်းကယွဲ့ယောင်က ကပျက်ကချော်လုပ်ပြီးအမှားတွေအများကြီးကျူးလွန်ဖူးတယ် ဒါပေမဲ့ဒီလိုမှားတာလေးတွေကနည်းနည်းတော့ချစ်စရာကောင်းပြီးတော့သူမတောင်းပန်ရင်လည်းစိတ်ရင်းနဲ့တောင်းပန်တဲ့ပုံစံပေါက်တာကြောင့်လူတွေကသူမကိုအပြစ်မမြင်ကြဘူး

သူမအဆင့်မြင့်နတ်ဘုရားချန်းလန်နားကိုရောက်လာတော့မှအခြားနတ်သမီးငယ်လေးတွေကသူမကိုကြည့်မရကြတော့တာဖြစ်တယ်ကြတယ်

ဒါပေမဲ့ဘယ်သူကမှသူမဒီလောက်ထိကြီးမားတဲ့အပြစ်ကိုကျူးလွန်မယ်လို့မထင်ထားဘူ ပြီးတော့ဒီအပြစ်ကလည်းစကားလုံးနည်းနာ်းနဲ့မဖြေရှင်းနိုင်ဘူး

ဒါကြောင့်ယွဲ့ယောင်ကိုလူတိုင်းကထူးဆန်းစွာကြည့်လာကြတယ်

"ကျွန်မ မရည်ရွယ်ပါဘူး'' ယွဲ့ယောင်ကသူမကိုယ်သူမအသံတိုးတိုးလေးနဲ့ကာကွယ်လိုက်တယ်

"ငါနင့်ကိုသတ်ပြီးတော့ငါမရည်ရွယ်ပါဘူးဆိုပြီးပြောရင်ရော နင်ဒီကိုပြန်လာပြီးငါ့ကိုခွင့်လွှတ်မှာလား''

"ဒါပေမဲ့,ရှင်အခုဘာမှဖြစ်သွားတာမှမဟုတ်ဘဲကို'' ယွဲ့ယောင်ကဆက်ပြောတယ်

"အေး., ငါသာစမ်းသပ်ကိုကျရှုံးသွားခဲ့ရင်ရော,ဒီနေရာကိုတောင်မရောက်လာနိုင်တော့ဘူး,အဲ့အခါကြရင်ငါ့အပြစ်တွေလို့ပဲငါတွေးပြီးဖြေသိမ့်ရတော့မှာမလား,အဲ့အခါကြရင်ငါ့အပြစ်ဖြစ်မသွားဘူးလား''

'ငါသည်းမခံနိုင်တော့ဘူးနော်,ဇာတ်လိုက်မကိုအပိုင်းပိုင်းခုတ်ပစ်ချင်နေပြီ''

အဲ့အတွေးတွေပေါ်လာတာနဲ့ ရှီရှန်းက ဓားကိုထုတ်လိုက်တယ်

ချန်းလန်ကမြန်မြန်ဆန်ဆန်ယွဲ့ယောင်ကိုကာကွယ်ပေးလိုက်တယ်''နတ်ဘုရားမချင်းကွမ်း, မင်းဘာလုပ်နေတာလဲ!!''

ရှီရှန်းက လက်ကောက်ဝတ်ကိုလှည့်လိုက်ပြီးတော့ရက်စက်တဲ့အပြုံးတစ်ခုသူမဆီမှာပေါ်လာတယ်''ကျွန်မရဲ့ကိုယ်ပိုင်ဝါဒကိုစမ်းသပ်ကြည့်ရုံပါ,သူမပြောတာအမှန်ဆိုရင်ကျွန်မသူ့ကိုသတ်ပြီးရင်တောင်ကျွန်မကိုခွင့်လွှတ်နိုင်မလားသိရသေးတာပေါ့ "

ယွဲ့ယောင်ကအရမ်းကိုကြောက်ရွံနေတယ် သူမကသာမန်နတ်သမီးတစ်ပါးပဲ,သူမလိုဆယ်ယောက်ရှိနေရင်တောင်အဆင့်မြင့်နတ်ဘုရားကိုမနိုင်နိုင်ဘူး'ချင်းကွမ်းသာငါ့ကိုတကယ်သတ်ချင်ရင်ငါဘာမှလုပ်နိုင်မှာမဟုတ်ဘူး'

ယွဲ့ယောင်ကသူမတစ်ခုခုကိုတွေးမိသလိုမျိုးမျက်လုံးတွေလှုပ်ရှားလာပြီးအရောင်တောက်လာတယ်

"ကောင်းကင်ဘုံမှာရှိတဲ့နတ်သခင်တွေအားလုံးကသူတို့ရဲ့ဖူးစာကြိုးကိုကိုယ်တိုင်စောက်ရှောက်ပိုင်ခွင့်ရှိတယ်လေ, အရေးကြီးကိစ္စတစ်ခုခုရှိမှကျွန်မဆီလာပေးကြတာ,ရှင့်ဟာကဘယ်လိုလုပ်ကျွန်မဆီရောက်နေတာလဲ''

"စောက်ရူးမ'' ရှီရှန်းက ကျယ်လောင်စွာပြောပြီးတော့သူ့ပုံရိပ်ကဝေဝါးသွားပြီးတော့ယွဲ့ယောင်ဆီကိုပြေးတယ်

ချန်းလန်ကရှီရှန်းကိုတားပြီးမေးတယ်''မင်းဖူးစာကြိုးကဘာလို့သူမဆီရှိနေတာလဲရှင်းပြပါ''

"ရှင်တို့သာအရွယ်ရောက်ပြီးသားသူဆိုရင်ဦးနှောက်တွေရှိသင့်တယ်နော်''ရှီရှန်း ရဲ့အကြည့်တွေကချန်းလန်ဆီကိုရောက်သွားပြီးတော့သူ့ကိုနောက်ဆုတ်စေတယ် အဲ့မှာယွဲ့ယောင်ဆီကိုတိုးဝင်ဖို့ရှီရှန်းကအခွင့်အရေးထပ်ရတယ်

"ရှင့်မှာဆီလျော်မှုကောရှိရဲ့လား, ရှင့်ဖူးစာကြိုးကိုကျွန်မဆီတမင်လာထားပြီးတော့, ကျွန်မကိုဘယ်လိုတောင်အပြစ်တင်နေရတာလဲ'' ယွဲ့ယောင်ကကြောက်ပြီးအော်ငိုတယ်

ရှီရှန်း ရဲ့ဓားသွားကလုံးဝကိုတုံ့ဆိုင်းမှူမရှိဘဲတိုးဝင်သွားတယ်ယွဲ့ယောင်ကဒီဓားရဲ့အရသာကိုခံစားဖူးပြီးပြီဖြစ်တာကြောင့်ကြောက်လန့်ပြီးတော့မြေပြင်ပေါ်ကိုလဲကျသွားတယ် ယွဲ့ယောင်က သူ့မဆီဓားတိုးဝင်လာတာကိုပဲကြောက်လန့်ပြီးကြည့်နေတယ်

"အာ့.....''တိုးတိုးလေးထွက်လာတဲ့အသံကယွဲ့ယောင်နားကိုတိုးဝင်သွားတယ်

"အဆင့်မြင့်နတ်ဘုရားချန်းလန်'' သူမအသံတွေတုန်ရီနေတယ်'သူ့ငါ့အစားဝင်ကာပေးတယ်'

ရှီရှန်းက ချန်းလန်သူမအစားဝင်ကာပေးမယ်လို့မထင်ထားဘူးဒါကြောင့်၁၀စက္ကန့်လောက်အံသြသွားပြီး တဲ့နောက်မှာဆက်တိုက်တယ်

'နင်က နင့်ကိုယ်ကိုယ်ငါ့ဆီအသတ်ခံချင်နေမှတော့အားမနာတော့ဘူးနော်'

လူထုကြီးကလှုပ်လှုပ်ရှားရှားဖြစ်လာကြတယ်

'မေမေရေ,နတ်ဘုရားမ ချင်းကွမ်း က အရမ်းကိုကြောက်စရာကောင်းတာပဲ, ချန်းလန်ကဘာလိုပြန်မတိုက်ရတာလဲ'

'ငါတို့အရင်တုန်းက အဆင့်မြင့်နတ်ဘုရားတွေတိုက်တာမမြင်ဖူးဘူး'

အဆင့်မြင့်နတ်ဘုရားချန်းလန်ငြိမ်မနေပါနဲ့!!. ...

ပြန်တိုက်..! ပြန်တိုက်!....

သူတို့တွေဘယ်လောက်ပဲအော်အော်ချန်းလန်ကပြန်တိုက်မယ့်အရိပ်အယောင်ကိုမပြဘူး

သူ့ရဲ့ဝတ်ရုံတစ်ခုလုံးသွေးတွေနဲ့ရဲရဲနီနေတဲ့အချိန်ထိလုံးဝပြန်မတိုက်ဘဲယွဲ့ယောင်ကိုဖက်ထားပြီးတော့ရှီရှန်းရဲ့တိုက်ခိုက်မှုတွေကနေကာကွယ်ပေးတယ်

အဲဒီအချိန်မှာရှီရှန်းကသူ့ခြေတွေလက်တွေဖြတ်ပစ်ချင်စိတ်ပေါက်လာတယ်သူကအဆင့်မြင့်နတ်ဘုရားဖြစ်နေတာသနားစရာပဲ ပြီးတော့သူ့ရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတွေကကာကွယ်ထားပြီးသားဖြစ်နေတယ်

ရှီရှန်းက မျက်မှောင်ကြုတ်လိုက်တယ်ပြီးတော့တိုက်ခိုက်တာကိုရပ်လိုက်တယ်

ချန်းလန်ကရှီရှန်းကိုအေးစက်စွာကြည့်လိုက်တယ်''မင်းပြီးပြီလား''

"မပြီးသေးဘူး'' ရှီရှန်းက ခေါင်းကိုခါပြီးတော့လှောင်ပြောင်တဲ့ပုံစံနဲ့ပြောလိုက်တယ်
''ရှင်ကကိစ္စကိုလွယ်လွယ်နဲ့ပြီးပြီလို့ထင်နေတာလားရှင့်ကိုနှစ်လုံးပဲပြောမယ်, မဖြစ်နိုင်ဘူး, သူမအမှားလုပ်ထားတယ်အဲ့အတွက်ပေးဆပ်ရမှာပဲ, ရှင်သေရင်တောင်သူမကိုငါ အလတ်မပေးနိုင်ဘူး''

'တစ်စုံတစ်ယောက်ကအပြစ်လုပ်ထားရင်အဲ့အတွက်ပေးဆပ်ရမှာပဲ

ဇာတ်လိုက်မကအပြစ်တွေလုပ်ပေမဲ့ဘယ်သူကမှသူမကိုအပြစ်မပေးဘူး ဒါကြောင့်သူမကသင်ခန်းစာမယူနိုင်တာ

ပြီးရင်ကိစ္စတွေကလွယ်လွယ်နဲ့ပြီးသွားရော,သူကအဲ့ဒါကိုရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူးဆိုပြီးသနားကမားပုံလေးလုပ်ပြမယ် လူတွေကသူမကိုခွင့်လွှတ်လိုက်မယ်

တကယ့်ဘဝကြီးမှာအဲ့လောက်ထိလွယ်ကူမနေဘူး မဟုတ်ရင်ရဲတွေဘာလို့ရှိနေမှာလဲ

လူသတ်ပြီးမှကျွန်မမရည်ရွယ်ပါဘူးလို့ပြောရုံနဲ့ရဲတွေကနင့်ကိုလွှတ်ပေးမလား

စောက်ရူးမ!'

"မင်းကိစ္စကိုအဲ့လောက်ထိ အကျယ်ချဲ့မနေနဲ့''ချန်းလန်ကဒေါသတကြီးအော်ပြောတယ်

"ကောင်းပြီ,ကောင်းပြီ, အကျယ်ချဲ့မနေဘူး,ရှင်ဘာတွေပဲလုပ်လုပ်ကျွန်မကတော့သူ့ကိုအလွတ်မပေးဘူး,အဲ့တော့ဘာဖြစ်ချင်လဲ'' ရှီရှန်းက ခပ်လှောင်လှောင်ပြောလိုက်တယ်

"ချင်းကွမ်း! ,ငါကိုယ်တိုင်ကလည်းအဆင့်မြင့်နတ်ဘုရားပဲဆိုတာ မ​မေ့နဲ့''
ချန်းလန်ရဲ့စိတ်ထဲမှာအတွေးတွေပေါ်လာတယ်

ရှီရှန်းကစကတည်းကသိပြီးသားဆိုတဲ့ပုံစံနဲ့ပြောလိုက်တယ်
''အဲတော့ဘာဖြစ်လဲ အိုး, ရှင်ကကျွန်မထက်နည်းနည်းလေးပိုစောပြီးအဆင့်မြင့်နတ်ဘုရားဖြစ်တယ်ဆိုပြီးကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်နေတာလား, ရှင်ကတော့လုံးဝဘဝင်ရူးနေတဲ့စောက်ရူးပဲ''

ရှီရှန်း ရဲ့မာနကြီးပြီးဆော့ကြွားကြွားပုံစံကချန်းလန်ကိုဒေါသထွက်လွန်းလို့စကားမပြောနိုင်ဖြစ်စေတယ်

" ကျောက်စိမ်းဧကရာဇ် နဲ့ဧကရီတို့ကြွလာပါပြီ''

အပြင်ဘက်မှာရှိနေတဲ့သူတစ်ယောက်ကအော်ပြီးပြောတဲ့အခါမှာလူတိုင်းကခေါင်းကိုငုံ့ပြီးသူတို့နှစ်ယောက်ကိုကြိုဆိုကြတယ်

ကျောက်စိမ်းဧကရာဇ် အထဲကိုဝင်ဝင်လာချင်းပထမဆုံးတွေတဲ့မြင်ကွင်းက ချန်းလန် ကမြေပြင်ပေါ်မှာသွေးအလိမ်းလိမ့်နဲ့ဒူးထောက်နေပြီးတော့ယွဲ့ယောင်ကိုဖက်ထားတယ် ရှီရှန်းကသွေးတွေပေနေတဲ့ဓားကိုကိုင်ပြီးတော့ကြီးမားတဲ့အရှိန်အဝါနဲ့ရပ်နေတယ်

အဲ့မြင်ကွင်းကိုမြင်တော့နှစ်ယောက်လုံးလန်သွားကြတယ်''ဘာတွေဖြစ်နေကြတာလဲ''

'ငါတို့ထွက်သွားတုန်းကအကောင်းကြီးပါ,ဘယ်လိုဖြစ်ပြီးမြင်ကွင်းကသွေးလွှမ်းသွားတာလဲ, နတ်ဘုရားချင်းချန်းလန်ကရောဘယ်လိုတောင်ဖြစ်သွားရတာလဲ'

"အဆင့်မြင့်နတ်ဘုရား ချင်းကွမ်း, ဘာတွေလုပ်နေတာလဲ'' ကျောက်စိမ်းဧကရာဇ်ကစိတ်ကိုလျော့ထားတယ်'နှစ်ယောက်လုံးကအဆင့်မြင့်နတ်ဘုရားတွေ,သူတို့ကိုငါအပြစ်ပြုလို့မဖြစ်ဘူး'

"ကိုယ်ရေးကိုယ်တာကိစ္စလေးတွေဖြေရှင်းနေရုံပါပဲ'' ရှီရှန်း ရဲ့တည်ငြိမ်တဲ့အရှိန်အဝါကလွှမ်းမိုးနေတယ်

'ကိုယ်ရေးကိုယ်တာကိစ္စ,ဘာတွေလဲ တစ်ယောက်ယောက်လာပြီးရှင်းပြစမ်းပါ'

ကျောက်စိမ်းသခင်က အနီးဆုံးမှာရှိနေတဲ့ကောင်းကင်ဘုံသားကိုကြည့်လိုက်တယ်သူ့မှာအဆင့်မြင့်နတ်ဘုရားကိုလည်းအပြစ်ပြုလို့မဖြစ်သလိုကျောက်စိမ်းဧကရာဇ်ကိုလည်းလျစ်လျူရှူလို့မရဘူး သူကဘေးပတ်ပတ်လည်ကသုံးယောက်ကြောင့်တွန်းအားပေးခံနေရတယ် ဧကရီပါပါရင်လေးယောက်ပေါ့

ကောင်းကင်ဘုံသားက ကျောက်စိမ်းဧကရာဇ်စိုက်ကြည့်တာခံရတဲ့အခါမှာအတော်ကိုလန့်သွားပြီးရှိသမျှဖြစ်စင်ကိုအမြန်ရှင်းပြလိုက်ပြီးတော့လူအုပ်ထဲကိုပြန်ဝင်သွားတယ်

ကျောက်စိမ်းဧကရာဇ်ကအကုန်သဘောပေါက်ပြီးသွားတဲ့အခါမှာပြဿနာပေါင်းစုံစဖြစ်စေတဲ့ယွဲ့ယောင်ကိုကြည့်လိုက်တယ်

"ကျောက်စိမ်းသခင်, သူမက ကျွန်မကိုသတ်သတ်အပြစ်တင်နေတာ,သူမရဲ့ကြိုးနီတွေကအစကတည်းက ကျွန်မဆီမှာရှိမနေသင့်တာ'' ယွဲ့ယောင် ကသူ့နောက်ခံလူရောက်လာတော့ပိုပိုပြီးတော့ရဲတင်းလာတယ်

ဧကရီကမျက်မှောင်ကြုတ်လိုက်တယ်'' ချင်းကွမ်း ကသူလူ့ပြည်မှာစမ်းသပ်စစ်ဆေးမှုမခံခင်မှာသူ့ရဲ့ဖူးစာကြိုးနီတွေကိုနတ်သူငယ်လေးတစ်ယောက်နဲ့မင်းဆီကိုယုံယုံကြည်ကြည်လွှပေးခဲ့တယ်လေ,ငါရောကျောက်စိမ်းဧကရာဇ်ရောမျက်မြင်သက်သေရှိတယ် မင်းမေ့သွားတာလား''

ကျောက်စိမ်းဧကရာဇ်ကဧကရီကိုတားဖို့လုပ်ပေမဲ့သူမကအမှန်တရားကိုပြောချလိုက်ပြီ

ပြီးတော့အခြားမျက်မြင်သက်သေတွေအများကြီးရှိသေးတယ် သူမရဲ့ဖူးစာကြိုးကိုလုံခြုံအောင်ယွဲ့ယောင်ဆီအပ်ခဲ့တာကိုပေါ့

စည်းမျဉ်းတစ်ခုရှိတယ် နတ်သခင်တိုင်းကဖူးစာကြိုးကိုသိမ်းထားလို့ရတယ် ဒါပေမဲ့သူတို့လူပြည်ကိုစမ်းသပ်ခံဖို့သွားတဲ့အခါမှာယူသွားလို့မရဘူးဒါကြာင့်သူမ, ရဲ့ဖူးစာကြိုးကိုလနတ်အကြီးအကဲ,ယွဲ့ယောင်ဆီအပ်ခဲ့တာ

ဒါပေမဲ့အဲ့ယွဲ့ယောင်က ကိစ္စတွေကိုရှူပ်ထွေးအောင်လုပ်လိမ့်မယ်လို့ဘယ်သူထင်မှာလဲ
.......

Transalated by Dora💜 Mia💙

Zawgyi

႐ွီ႐ွန္းက စကားတစ္လုံးခ်င္းဆီကိုေသေသခ်ာခ်ာေျပာလိုက္တာေၾကာင့္လူတိုင္းကဘာျဖစ္ေနလဲဆိုတာသိသြားၾကတယ္

သူမကအျဖစ္အပ်က္အားလုံးကိုစကားလုံးနည္းနည္းနဲ႔အကုန္ေပၚေအာင္ေျပာလိုက္တာပဲ: ယြဲ႕ေယာင္ကအရက္မူးၿပီးေတာ့အမွားတစ္ခုကိုလုပ္လိုက္တယ္ ၿပီးေတာ့ခ်န္းလန္နဲ႔ခ်င္းကြမ္းရဲ႕ဖူးစာႀကိဳးကိုမွားခ်ည္မိတာေၾကာင့္ခ်င္းကြမ္းကစမ္းသပ္ခ်က္က်႐ႈံးေတာ့မလိုျဖစ္သြားရတယ္

လူအမ်ားႀကီးကအရင္တုန္းကယြဲ႕ေယာင္က ကပ်က္ကေခ်ာ္လုပ္ၿပီးအမွားေတြအမ်ားႀကီးက်ဴးလြန္ဖူးတယ္ ဒါေပမဲ့ဒီလိုမွားတာေလးေတြကနည္းနည္းေတာ့ခ်စ္စရာေကာင္းၿပီးေတာ့သူမေတာင္းပန္ရင္လည္းစိတ္ရင္းနဲ႔ေတာင္းပန္တဲ့ပုံစံေပါက္တာေၾကာင့္လူေတြကသူမကိုအျပစ္မျမင္ၾကဘူး

သူမအဆင့္ျမင့္နတ္ဘုရားခ်န္းလန္နားကိုေရာက္လာေတာ့မွအျခားနတ္သမီးငယ္ေလးေတြကသူမကိုၾကည့္မရၾကေတာ့တာျဖစ္တယ္ၾကတယ္

ဒါေပမဲ့ဘယ္သူကမွသူမဒီေလာက္ထိႀကီးမားတဲ့အျပစ္ကိုက်ဴးလြန္မယ္လို႔မထင္ထားဘူ ၿပီးေတာ့ဒီအျပစ္ကလည္းစကားလုံးနည္းနာ္းနဲ႔မေျဖ႐ွင္းႏိုင္ဘူး

ဒါေၾကာင့္ယြဲ႕ေယာင္ကိုလူတိုင္းကထူးဆန္းစြာၾကည့္လာၾကတယ္

"ကြၽန္မ မရည္႐ြယ္ပါဘူး'' ယြဲ႕ေယာင္ကသူမကိုယ္သူမအသံတိုးတိုးေလးနဲ႔ကာကြယ္လိုက္တယ္

"ငါနင့္ကိုသတ္ၿပီးေတာ့ငါမရည္႐ြယ္ပါဘူးဆိုၿပီးေျပာရင္ေရာ နင္ဒီကိုျပန္လာၿပီးငါ့ကိုခြင့္လႊတ္မွာလား''

"ဒါေပမဲ့,႐ွင္အခုဘာမွျဖစ္သြားတာမွမဟုတ္ဘဲကို'' ယြဲ႕ေယာင္ကဆက္ေျပာတယ္

"ေအး., ငါသာစမ္းသပ္ကိုက်႐ႈံးသြားခဲ့ရင္ေရာ,ဒီေနရာကိုေတာင္မေရာက္လာႏိုင္ေတာ့ဘူး,အဲ့အခါၾကရင္ငါ့အျပစ္ေတြလို႔ပဲငါေတြးၿပီးေျဖသိမ့္ရေတာ့မွာမလား,အဲ့အခါၾကရင္ငါ့အျပစ္ျဖစ္မသြားဘူးလား''

'ငါသည္းမခံႏိုင္ေတာ့ဘူးေနာ္,ဇာတ္လိုက္မကိုအပိုင္းပိုင္းခုတ္ပစ္ခ်င္ေနၿပီ''

အဲ့အေတြးေတြေပၚလာတာနဲ႔ ႐ွီ႐ွန္းက ဓားကိုထုတ္လိုက္တယ္

ခ်န္းလန္ကျမန္ျမန္ဆန္ဆန္ယြဲ႕ေယာင္ကိုကာကြယ္ေပးလိုက္တယ္''နတ္ဘုရားမခ်င္းကြမ္း, မင္းဘာလုပ္ေနတာလဲ!!''

႐ွီ႐ွန္းက လက္ေကာက္ဝတ္ကိုလွည့္လိုက္ၿပီးေတာ့ရက္စက္တဲ့အျပဳံးတစ္ခုသူမဆီမွာေပၚလာတယ္''ကြၽန္မရဲ႕ကိုယ္ပိုင္ဝါဒကိုစမ္းသပ္ၾကည့္႐ုံပါ,သူမေျပာတာအမွန္ဆိုရင္ကြၽန္မသူ႕ကိုသတ္ၿပီးရင္ေတာင္ကြၽန္မကိုခြင့္လႊတ္ႏိုင္မလားသိရေသးတာေပါ့ "

ယြဲ႕ေယာင္ကအရမ္းကိုေၾကာက္႐ြံေနတယ္ သူမကသာမန္နတ္သမီးတစ္ပါးပဲ,သူမလိုဆယ္ေယာက္႐ွိေနရင္ေတာင္အဆင့္ျမင့္နတ္ဘုရားကိုမႏိုင္ႏိုင္ဘူး'ခ်င္းကြမ္းသာငါ့ကိုတကယ္သတ္ခ်င္ရင္ငါဘာမွလုပ္ႏိုင္မွာမဟုတ္ဘူး'

ယြဲ႕ေယာင္ကသူမတစ္ခုခုကိုေတြးမိသလိုမ်ိဳးမ်က္လုံးေတြလႈပ္႐ွားလာၿပီးအေရာင္ေတာက္လာတယ္

"ေကာင္းကင္ဘုံမွာ႐ွိတဲ့နတ္သခင္ေတြအားလုံးကသူတို႔ရဲ႕ဖူးစာႀကိဳးကိုကိုယ္တိုင္ေစာက္ေ႐ွာက္ပိုင္ခြင့္႐ွိတယ္ေလ, အေရးႀကီးကိစၥတစ္ခုခု႐ွိမွကြၽန္မဆီလာေပးၾကတာ,႐ွင့္ဟာကဘယ္လိုလုပ္ကြၽန္မဆီေရာက္ေနတာလဲ''

"ေစာက္႐ူးမ'' ႐ွီ႐ွန္းက က်ယ္ေလာင္စြာေျပာၿပီးေတာ့သူ႕ပုံရိပ္ကေဝဝါးသြားၿပီးေတာ့ယြဲ႕ေယာင္ဆီကိုေျပးတယ္

ခ်န္းလန္က႐ွီ႐ွန္းကိုတားၿပီးေမးတယ္''မင္းဖူးစာႀကိဳးကဘာလို႔သူမဆီ႐ွိေနတာလဲ႐ွင္းျပပါ''

"႐ွင္တို႔သာအ႐ြယ္ေရာက္ၿပီးသားသူဆိုရင္ဦးေႏွာက္ေတြ႐ွိသင့္တယ္ေနာ္''႐ွီ႐ွန္း ရဲ႕အၾကည့္ေတြကခ်န္းလန္ဆီကိုေရာက္သြားၿပီးေတာ့သူ႕ကိုေနာက္ဆုတ္ေစတယ္ အဲ့မွာယြဲ႕ေယာင္ဆီကိုတိုးဝင္ဖို႔႐ွီ႐ွန္းကအခြင့္အေရးထပ္ရတယ္

"႐ွင့္မွာဆီေလ်ာ္မႈေကာ႐ွိရဲ႕လား, ႐ွင့္ဖူးစာႀကိဳးကိုကြၽန္မဆီတမင္လာထားၿပီးေတာ့, ကြၽန္မကိုဘယ္လိုေတာင္အျပစ္တင္ေနရတာလဲ'' ယြဲ႕ေယာင္ကေၾကာက္ၿပီးေအာ္ငိုတယ္

႐ွီ႐ွန္း ရဲ႕ဓားသြားကလုံးဝကိုတုံ႔ဆိုင္းမႉမ႐ွိဘဲတိုးဝင္သြားတယ္ယြဲ႕ေယာင္ကဒီဓားရဲ႕အရသာကိုခံစားဖူးၿပီးၿပီျဖစ္တာေၾကာင့္ေၾကာက္လန္႔ၿပီးေတာ့ေျမျပင္ေပၚကိုလဲက်သြားတယ္ ယြဲ႕ေယာင္က သူ႕မဆီဓားတိုးဝင္လာတာကိုပဲေၾကာက္လန္႔ၿပီးၾကည့္ေနတယ္

"အာ့.....''တိုးတိုးေလးထြက္လာတဲ့အသံကယြဲ႕ေယာင္နားကိုတိုးဝင္သြားတယ္

"အဆင့္ျမင့္နတ္ဘုရားခ်န္းလန္'' သူမအသံေတြတုန္ရီေနတယ္'သူ႕ငါ့အစားဝင္ကာေပးတယ္'

႐ွီ႐ွန္းက ခ်န္းလန္သူမအစားဝင္ကာေပးမယ္လို႔မထင္ထားဘူးဒါေၾကာင့္၁၀စကၠန္႔ေလာက္အံၾသသြားၿပီး တဲ့ေနာက္မွာဆက္တိုက္တယ္

'နင္က နင့္ကိုယ္ကိုယ္ငါ့ဆီအသတ္ခံခ်င္ေနမွေတာ့အားမနာေတာ့ဘူးေနာ္'

လူထုႀကီးကလႈပ္လႈပ္႐ွား႐ွားျဖစ္လာၾကတယ္

'ေမေမေရ,နတ္ဘုရားမ ခ်င္းကြမ္း က အရမ္းကိုေၾကာက္စရာေကာင္းတာပဲ, ခ်န္းလန္ကဘာလိုျပန္မတိုက္ရတာလဲ'

'ငါတို႔အရင္တုန္းက အဆင့္ျမင့္နတ္ဘုရားေတြတိုက္တာမျမင္ဖူးဘူး'

အဆင့္ျမင့္နတ္ဘုရားခ်န္းလန္ၿငိမ္မေနပါနဲ႔!!. ...

ျပန္တိုက္..! ျပန္တိုက္!....

သူတို႔ေတြဘယ္ေလာက္ပဲေအာ္ေအာ္ခ်န္းလန္ကျပန္တိုက္မယ့္အရိပ္အေယာင္ကိုမျပဘူး

သူ႕ရဲ႕ဝတ္႐ုံတစ္ခုလုံးေသြးေတြနဲ႔ရဲရဲနီေနတဲ့အခ်ိန္ထိလုံးဝျပန္မတိုက္ဘဲယြဲ႕ေယာင္ကိုဖက္ထားၿပီးေတာ့႐ွီ႐ွန္းရဲ႕တိုက္ခိုက္မႈေတြကေနကာကြယ္ေပးတယ္

အဲဒီအခ်ိန္မွာ႐ွီ႐ွန္းကသူ႕ေျခေတြလက္ေတြျဖတ္ပစ္ခ်င္စိတ္ေပါက္လာတယ္သူကအဆင့္ျမင့္နတ္ဘုရားျဖစ္ေနတာသနားစရာပဲ ၿပီးေတာ့သူ႕ရဲ႕အေရးႀကီးတဲ့အစိတ္အပိုင္းေတြကကာကြယ္ထားၿပီးသားျဖစ္ေနတယ္

႐ွီ႐ွန္းက မ်က္ေမွာင္ၾကဳတ္လိုက္တယ္ၿပီးေတာ့တိုက္ခိုက္တာကိုရပ္လိုက္တယ္

ခ်န္းလန္က႐ွီ႐ွန္းကိုေအးစက္စြာၾကည့္လိုက္တယ္''မင္းၿပီးၿပီလား''

"မၿပီးေသးဘူး'' ႐ွီ႐ွန္းက ေခါင္းကိုခါၿပီးေတာ့ေလွာင္ေျပာင္တဲ့ပုံစံနဲ႔ေျပာလိုက္တယ္
''႐ွင္ကကိစၥကိုလြယ္လြယ္နဲ႔ၿပီးၿပီလို႔ထင္ေနတာလား႐ွင့္ကိုႏွစ္လုံးပဲေျပာမယ္, မျဖစ္ႏိုင္ဘူး, သူမအမွားလုပ္ထားတယ္အဲ့အတြက္ေပးဆပ္ရမွာပဲ, ႐ွင္ေသရင္ေတာင္သူမကိုငါ အလတ္မေပးႏိုင္ဘူး''

'တစ္စုံတစ္ေယာက္ကအျပစ္လုပ္ထားရင္အဲ့အတြက္ေပးဆပ္ရမွာပဲ

ဇာတ္လိုက္မကအျပစ္ေတြလုပ္ေပမဲ့ဘယ္သူကမွသူမကိုအျပစ္မေပးဘူး ဒါေၾကာင့္သူမကသင္ခန္းစာမယူႏိုင္တာ

ၿပီးရင္ကိစၥေတြကလြယ္လြယ္နဲ႔ၿပီးသြားေရာ,သူကအဲ့ဒါကိုရည္႐ြယ္ၿပီးလုပ္တာမဟုတ္ပါဘူးဆိုၿပီးသနားကမားပုံေလးလုပ္ျပမယ္ လူေတြကသူမကိုခြင့္လႊတ္လိုက္မယ္

တကယ့္ဘဝႀကီးမွာအဲ့ေလာက္ထိလြယ္ကူမေနဘူး မဟုတ္ရင္ရဲေတြဘာလို႔႐ွိေနမွာလဲ

လူသတ္ၿပီးမွကြၽန္မမရည္႐ြယ္ပါဘူးလို႔ေျပာ႐ုံနဲ႔ရဲေတြကနင့္ကိုလႊတ္ေပးမလား

ေစာက္႐ူးမ!'

"မင္းကိစၥကိုအဲ့ေလာက္ထိ အက်ယ္ခ်ဲ႕မေနနဲ႔''ခ်န္းလန္ကေဒါသတႀကီးေအာ္ေျပာတယ္

"ေကာင္းၿပီ,ေကာင္းၿပီ, အက်ယ္ခ်ဲ႕မေနဘူး,႐ွင္ဘာေတြပဲလုပ္လုပ္ကြၽန္မကေတာ့သူ႕ကိုအလြတ္မေပးဘူး,အဲ့ေတာ့ဘာျဖစ္ခ်င္လဲ'' ႐ွီ႐ွန္းက ခပ္ေလွာင္ေလွာင္ေျပာလိုက္တယ္

"ခ်င္းကြမ္း! ,ငါကိုယ္တိုင္ကလည္းအဆင့္ျမင့္နတ္ဘုရားပဲဆိုတာ မ​ေမ့နဲ႔''
ခ်န္းလန္ရဲ႕စိတ္ထဲမွာအေတြးေတြေပၚလာတယ္

႐ွီ႐ွန္းကစကတည္းကသိၿပီးသားဆိုတဲ့ပုံစံနဲ႔ေျပာလိုက္တယ္
''အဲေတာ့ဘာျဖစ္လဲ အိုး, ႐ွင္ကကြၽန္မထက္နည္းနည္းေလးပိုေစာၿပီးအဆင့္ျမင့္နတ္ဘုရားျဖစ္တယ္ဆိုၿပီးကိုယ့္ကိုယ္ကိုဟုတ္လွၿပီထင္ေနတာလား, ႐ွင္ကေတာ့လုံးဝဘဝင္႐ူးေနတဲ့ေစာက္႐ူးပဲ''

႐ွီ႐ွန္း ရဲ႕မာနႀကီးၿပီးေဆာ့ႂကြားႂကြားပုံစံကခ်န္းလန္ကိုေဒါသထြက္လြန္းလို႔စကားမေျပာႏိုင္ျဖစ္ေစတယ္

" ေက်ာက္စိမ္းဧကရာဇ္ နဲ႔ဧကရီတို႔ႂကြလာပါၿပီ''

အျပင္ဘက္မွာ႐ွိေနတဲ့သူတစ္ေယာက္ကေအာ္ၿပီးေျပာတဲ့အခါမွာလူတိုင္းကေခါင္းကိုငုံ႔ၿပီးသူတို႔ႏွစ္ေယာက္ကိုႀကိဳဆိုၾကတယ္

ေက်ာက္စိမ္းဧကရာဇ္ အထဲကိုဝင္ဝင္လာခ်င္းပထမဆုံးေတြတဲ့ျမင္ကြင္းက ခ်န္းလန္ ကေျမျပင္ေပၚမွာေသြးအလိမ္းလိမ့္နဲ႔ဒူးေထာက္ေနၿပီးေတာ့ယြဲ႕ေယာင္ကိုဖက္ထားတယ္ ႐ွီ႐ွန္းကေသြးေတြေပေနတဲ့ဓားကိုကိုင္ၿပီးေတာ့ႀကီးမားတဲ့အ႐ွိန္အဝါနဲ႔ရပ္ေနတယ္

အဲ့ျမင္ကြင္းကိုျမင္ေတာ့ႏွစ္ေယာက္လုံးလန္သြားၾကတယ္''ဘာေတြျဖစ္ေနၾကတာလဲ''

'ငါတို႔ထြက္သြားတုန္းကအေကာင္းႀကီးပါ,ဘယ္လိုျဖစ္ၿပီးျမင္ကြင္းကေသြးလႊမ္းသြားတာလဲ, နတ္ဘုရားခ်င္းခ်န္းလန္ကေရာဘယ္လိုေတာင္ျဖစ္သြားရတာလဲ'

"အဆင့္ျမင့္နတ္ဘုရား ခ်င္းကြမ္း, ဘာေတြလုပ္ေနတာလဲ'' ေက်ာက္စိမ္းဧကရာဇ္ကစိတ္ကိုေလ်ာ့ထားတယ္'ႏွစ္ေယာက္လုံးကအဆင့္ျမင့္နတ္ဘုရားေတြ,သူတို႔ကိုငါအျပစ္ျပဳလို႔မျဖစ္ဘူး'

"ကိုယ္ေရးကိုယ္တာကိစၥေလးေတြေျဖ႐ွင္းေန႐ုံပါပဲ'' ႐ွီ႐ွန္း ရဲ႕တည္ၿငိမ္တဲ့အ႐ွိန္အဝါကလႊမ္းမိုးေနတယ္

'ကိုယ္ေရးကိုယ္တာကိစၥ,ဘာေတြလဲ တစ္ေယာက္ေယာက္လာၿပီး႐ွင္းျပစမ္းပါ'

ေက်ာက္စိမ္းသခင္က အနီးဆုံးမွာ႐ွိေနတဲ့ေကာင္းကင္ဘုံသားကိုၾကည့္လိုက္တယ္သူ႕မွာအဆင့္ျမင့္နတ္ဘုရားကိုလည္းအျပစ္ျပဳလို႔မျဖစ္သလိုေက်ာက္စိမ္းဧကရာဇ္ကိုလည္းလ်စ္လ်ဴ႐ွဴလို႔မရဘူး သူကေဘးပတ္ပတ္လည္ကသုံးေယာက္ေၾကာင့္တြန္းအားေပးခံေနရတယ္ ဧကရီပါပါရင္ေလးေယာက္ေပါ့

ေကာင္းကင္ဘုံသားက ေက်ာက္စိမ္းဧကရာဇ္စိုက္ၾကည့္တာခံရတဲ့အခါမွာအေတာ္ကိုလန္႔သြားၿပီး႐ွိသမွ်ျဖစ္စင္ကိုအျမန္႐ွင္းျပလိုက္ၿပီးေတာ့လူအုပ္ထဲကိုျပန္ဝင္သြားတယ္

ေက်ာက္စိမ္းဧကရာဇ္ကအကုန္သေဘာေပါက္ၿပီးသြားတဲ့အခါမွာျပႆနာေပါင္းစုံစျဖစ္ေစတဲ့ယြဲ႕ေယာင္ကိုၾကည့္လိုက္တယ္

"ေက်ာက္စိမ္းသခင္, သူမက ကြၽန္မကိုသတ္သတ္အျပစ္တင္ေနတာ,သူမရဲ႕ႀကိဳးနီေတြကအစကတည္းက ကြၽန္မဆီမွာ႐ွိမေနသင့္တာ'' ယြဲ႕ေယာင္ ကသူ႕ေနာက္ခံလူေရာက္လာေတာ့ပိုပိုၿပီးေတာ့ရဲတင္းလာတယ္

ဧကရီကမ်က္ေမွာင္ၾကဳတ္လိုက္တယ္'' ခ်င္းကြမ္း ကသူလူ႕ျပည္မွာစမ္းသပ္စစ္ေဆးမႈမခံခင္မွာသူ႕ရဲ႕ဖူးစာႀကိဳးနီေတြကိုနတ္သူငယ္ေလးတစ္ေယာက္နဲ႔မင္းဆီကိုယုံယုံၾကည္ၾကည္လႊေပးခဲ့တယ္ေလ,ငါေရာေက်ာက္စိမ္းဧကရာဇ္ေရာမ်က္ျမင္သက္ေသ႐ွိတယ္ မင္းေမ့သြားတာလား''

ေက်ာက္စိမ္းဧကရာဇ္ကဧကရီကိုတားဖို႔လုပ္ေပမဲ့သူမကအမွန္တရားကိုေျပာခ်လိုက္ၿပီ

ၿပီးေတာ့အျခားမ်က္ျမင္သက္ေသေတြအမ်ားႀကီး႐ွိေသးတယ္ သူမရဲ႕ဖူးစာႀကိဳးကိုလုံျခဳံေအာင္ယြဲ႕ေယာင္ဆီအပ္ခဲ့တာကိုေပါ့

စည္းမ်ဥ္းတစ္ခု႐ွိတယ္ နတ္သခင္တိုင္းကဖူးစာႀကိဳးကိုသိမ္းထားလို႔ရတယ္ ဒါေပမဲ့သူတို႔လူျပည္ကိုစမ္းသပ္ခံဖို႔သြားတဲ့အခါမွာယူသြားလို႔မရဘူးဒါၾကာင့္သူမ, ရဲ႕ဖူးစာႀကိဳးကိုလနတ္အႀကီးအကဲ,ယြဲ႕ေယာင္ဆီအပ္ခဲ့တာ

ဒါေပမဲ့အဲ့ယြဲ႕ေယာင္က ကိစၥေတြကို႐ွဴပ္ေထြးေအာင္လုပ္လိမ့္မယ္လို႔ဘယ္သူထင္မွာလဲ
.......

Transalated by Dora💜 Mia💙

Continue Reading

You'll Also Like

100K 4.2K 29
မိဘ သဘောတူထားတဲ့ လူကို မယူနိုင်ဘူးလို့ တစ်ထစ်ချ ပြောဆိုထားတဲ့ ကောင်လေးတစ်ယောက် မထင်မှတ်ဘဲ ချစ်မိသွားချိန် လယ်လောက်ထိ ဂျေဝင်ပြီး ဆိုးမလဲဆိုတာ ဖတ် ပေးက...
48.7K 4.7K 14
ငါ့ကို အစားထိုးချင်တဲ့ မင်းရဲ့ဆန္ဒတွေ ပြည့်ပြည့်မြောက်မြောက် ပြည့်ဝသွားခဲ့ပြီ လွေ့ချီ...။
2.5M 244K 64
This story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင္ခုန္စရာ ဇာက္လမ္းေလးတစ္ပုဒ္ကုိ ငါ အခုေျပာျပမယ္ ..... ဇာက္လမ္းေလးက ဒီလိ...