แ€•แ€ผแ€”แ€บแ€œแ€Šแ€บแ€›แ€พแ€„แ€บแ€žแ€”แ€บแ€แ€ฝแ€„แ€บแ€ทแ€›แ€แ€ฒแ€ท แ€–แ€ฏแ€˜แ€œแ€ฑ...

By PannKhattWaiio

365K 57.9K 2.5K

fun translation.... fake novel name๐Ÿ™ƒ pic from pinterest @pngtree ,I also post screenshot๐Ÿ˜‰ More

แ€กแ€™แ€พแ€ฌแ€…แ€ฌ
แ€ฑแ€–แ€ฌแ€นแ€ปแ€•แ€แ€บแ€€แ€น แ€–แ€ฑแ€ฌแ€บแ€•แ€ผแ€แ€ปแ€€แ€บ
แ
แ‚
แƒ
แ…
แ†
แ‡
แˆ
แ€•แ€ฏแ€‡แ€ผแ€”แ€นแ€Ÿแ€„แ€นแ€ธแ€™แ€บแ€ฌแ€ธ แ€•แ€ฏแ€‡แ€ฝแ€”แ€บแ€Ÿแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธ
แ‰
แแ€
แแ
แแ‚
แแƒ
แแ„
แแ…
แแ†
แแ‡
แแˆ
แ€แ€›แ€™แ€นแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€นแ€ธแ€œแ€บแ€ฌ แ€žแ€ถแ€ฏแ€ธแ€™แ€บแ€ญแ€ณแ€ธ แ€แ€›แ€™แ€บแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€บแ€ธแ€œแ€ปแ€ฌ แ€žแ€ฏแ€ถแ€ธแ€™แ€ปแ€ญแ€ฏแ€ธ
แแ‰
แแ‰ แ€กแ€†แ€€แ€บ
แ‚แ€
แ‚แ
แ‚แ แ€กแ€†แ€€แ€น แ‚แ แ€กแ€†แ€€แ€บ
22
แ‚แƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แƒแ€กแ€†แ€€แ€บ
แ‚แ„
แ‚แ…
แ‚แ†
แ‚แ† แ€กแ€†แ€€แ€บ
แ€œแ€ฑแ€ธแ€›แ€ฌแ€žแ€ฎ แ€•แ€ฝแ€ฒ
แ‚แ‡
แ‚แ‡ แ€กแ€†แ€€แ€บ
แ‚แˆ
แ‚แ‰
แƒแ€
Channel
แƒแ
แƒแ‚
Unpublish
แƒแƒ
แƒแ„
แƒแ…
แƒแ†
แƒแ‡
แƒแˆ
แƒแ‰
แ„แ€
แ„แ
แ„แ‚
แ„แƒ
แ„แ„
แ„แ…
แ„แ†
แ„แ‡
แ„แˆ
แ„แ‰
แ…แ€
แ…แ
แ…แ‚
แ…แƒ
แ…แ„
แ…แ…
แ…แ†
แ…แ‡
แ…แˆ
แ…แ‰
แ†แ€
แ†แ
Tele
แ†แ‚
แ†แƒ
แ†แ„
แ†แ…
แ†แ†
แ†แ‡
แ†แˆ
แ†แ‰
แ‡แ€
แ‡แ
แ‡แ‚
แ‡แƒ
แ‡แ„
แ‡แ…
แ‡แ†
แ‡แ‡
แ‡แˆ
แ‡แ‰
แˆแ€
แˆแ
แˆแ‚+แˆแƒ
แˆแ„+แˆแ…
แˆแ†
แˆแ‡+แˆแˆ+แˆแ‰

แ„

5K 919 106
By PannKhattWaiio


( ဘာသာပြန်သူမှာ ပြောစရာ ၇ှိပါတယ်.....

ကြွေ စာရေးတဲ့ ပုံစံကို နည်းနည်း ပြောင်းထားတယ်။ ဒီလိုက ပိုလိုက်တယ် ထင်လို့)

အပိုင်း ၄ ကြက်ဥ ကိတ်နှင့် ငါးအသားလွှာ ယာဂု

နောက်တစ်ရက်တွင် သူ အိပ်ယာထ ရေချိုးပြီးနောက် ယွမ့်ထန်းက အလင်းဦးနှောက်ဖြင့် တိုက်ရိုက် ထုတ်လွှင့်ခြင်း ပလက်ဖောင်းထဲ လေ့ာအင် ၀င်လိုက်သည်။ သူက မနေ့ကရခဲ့သမျှကို ကိုယ်ပိုင် အကောင့်ထဲ ပြောင်းထည့်ပြီးနောက် ရှော့ပင်းဆိုက်သို့ သွားကာ ဟင်းအမယ် အသစ်တွေ ၀ယ်လိုက်သည်။

ယွမ့်ထန်းက အမြဲ ကောင်းကောင်း စားသည့်သူမျိုးဖြစ်သည်။ မနက်စာဆိုလျှင်ပင် သူက ဘယ်တော့မှ ဖြစ်သလို မစားပေ။

ဘယ်လိုပဲဖြစ်ဖြစ် ချက်သမျှကို တိုက်ရိုက် ထုတ်လွှင့်လို့ ရနေတာလေ။ ဘယ်လိုလူက ဗိုက်လည်းပြည့် ပိုက်ဆံလည်းရတဲ့ အလုပ်ကို မလုပ်ဘဲ နေမှာလဲ

သည်တစ်ကြိမ်တွင် သူက ငါး၊ကြက်သွန်မြိတ်၊ ဂျင်း၊ ဂျုံမှုန့်၊ ပဲငံပြာရည်နှင့် သကြားတစ်အိပ် ၀ယ်လိုက်သည်။သူက တစ်ခါတည်း ၂၀၀သုံးလိုက်သော်လည်း စိတ်ထဲ ဘယ်လိုမှ မနေပေ။ဘာပဲဖြစ်ဖြစ် သူပြန်၇ှာနိုင်နေတာပဲ။

ဒီနေ့ သူက ကြက်ဥကိတ်နဲ့ ငါးအသားလွှာ ယာဂု လုပ်မယ်။ယာဂုကတော့ သူ့အတွက်ပေါ့၊ ကြက်ဥကိတ်ကိုတော့ ကြည့်ရှုသူတွေကိုတော့ လက်ဆောင်အဖြစ် ပြန်ပေးမယ်။

စကြာဝဌာလုံးဆိုင်ရာ ချိတ်ဆက် ပို့ဆောင်ပေးသော ပစ္စည်းပို့ စနစ်သည် ယခင်အတိုင်း မြန်ဆဲနေသေး၏။ယွမ့်ထန်းသည် ပစ္စည်းရောက်လာသည့်အခါ စစ်ကြည့်လိုက်သည့်အခိုက် အားလုံးဟာ ထင်ထားသည့်အတိုင်း လက်ဆတ်နေကြောင်း မြင်လိုက်ရသည်။သူက သုံးမည့် ဟင်းအမယ် ပစ္စည်းတွေကို ဟင်းချက် ကောင်တာပေါ် တင်ထားလိုက်သည်။ထို့နောက် သူ၏ မျက်ကပ်မှန်ကို တပ်ကာ တိုက်ရိုက် ထုတ်လွှင့်တော့သည်။

" အားလုံးပဲ မင်္ဂလာ နံနက်ခင်းပါ။ ကိုယ်ကတော့ မင်းတို့ရဲ့ တင်ဆက်သူ ယွမ့်ထန်းပါ။ ကိုယ် ဒီနေ့ ချက်ပြမှာကတော့ ငါးအသားလွှာ ယာဂုနဲ့ ကြက်သွန်မြိတ် ကြက်ဥကိတ်ပါပဲ "

ပုံမှန်အတိုင်း သူ မိတ်ဆက်ပြီးနောက်စတင် ချက်ပြုတ်ရန်ပြင်လိုက်သည်။ သို့ရာတွင်ကွန်းမန့်တွေ ပေါ်ထွက်လာသည့်အခါ သူ မင်သက်သွားရတော့သည်။

[ ထရန်စပါးရန့်လေး: ၀ိုး သူ တိုက်ရိုက် ထုတ်လွှင့်နေပြီပဲ။ ငါ စောင့်နေတာတောင်ကြာပြီ]

[ရတနာ ခုနှစ်သွယ်: ငါ သူပြောသွားတဲ့ ဟင်းတွေ တစ်ခါမှ မစားဖူးပေမယ့် နားထောင်ရင်းနဲ့ကို ကောင်းမယ့်ပုံပဲ။ .... သားရည်ကျ.......]

[ ကိုးသွယ်လမင်း: သူဌေးနဲ့ အစည်းအဝေး တက်ရင်း..... တိုက်ရိုက်ထုတ်လွှင့်တာကို ခိုးကြည့်နေ......]

.................

ယွမ့်ထန်းလည်း ချက်ချင်းလိုလို ကြည့်ရှုသူ အရေအတွက်ကို လှည့်ကြည့်လိုက်လေသည်။ မမျှော်လင့်ထားစွာပင် အယောက် ၂၀၀ကျော်နေကာ ဆက်လက် မြင့်တက်နေသေး၏။

ဒီတစ်ခေါက်မှာ တစ်ယောက်မှ မ၇ှိမှာကိုတောင်သူ စိုး၇ိမ်နေတာလေ၊ ဘယ်လိုဖြစ်ပြီး ဒီလောက် များသွားတာလဲ။သူ အိပ်နေတုန်း တစ်ခုခုများ ဖြစ်သွားလို့လား

[ တိုက်ရိုက် ထုတ်လွှင့်မှုတွေထဲ အရသာလိုက်မြည်းရင်း ပိတ်မိနေသော ငါ: ငါ ရီကွန်မန့်ပေးထားတာတွေ့လို့ လိုက်လာရင်း ရောက်လာတာ.. တင်ဆက်သူရေ ဒီနေ့ အာလူး မချက်တော့ဘူးလား]

ရီကွန်မန့် ဟုတ်လား

ကျင်းကျန်း အ၀င်စာမျက်နှာတွင် ရီကွန်မန့် ဗီဒီယို များစွာ ၇ှိသည်။ အမျိုးမျိုးသော ချန်နယ်တွေမှ ဖြစ်ကာ ကြည့်ရှုသူ အများဆုံးက ထိပ်ဆုံးရောက်သည်။ ထိုသို့တွေးမိတော့မှ သူ မနေ့က လိုင်းပိတ်လိုက်ချိန်တွင်စာတစ်စောင်ဝင်လာသလိုလို ရှိကြောင်း သတိရသွားသည်။ သို့သော် သူက ထိုအချိန်က ယာဂုစား၇န်သာ စိတ်စောနေသဖြင့် ထိုစာက ပုံမှန်လို ကြိုဆိုကြောင်း ပြောစာဟုသာ ထင်ခဲ့မိ၏။

ကြည့်ရတာ သူက အသစ်ထွက်တဲ့ အာလူးကို သုံးပြသွားတော့ ပလက်ဖောင်းက ရီကွန့်မန့်ဒေးရှင်းထဲ ထည့်ပေးလိုက်တာ ဖြစ်မယ်။

ထိုအခါမှ သူလည်း အခြေအနေကို နားလည်သွားပြီး ကြည့်ရှုသူ တိုးလာခြင်းကို နားလည်သွားသည်။ ထို့ကြောင့် သူတို့၏ အမေးကို ဖြေလိုက်၏။

" ကိုယ်တို့ ဒီနေ့ အာလူး မသုံးတော့ဘူး၊ အဲ့ဒိအစား ငါးအသားလွှာ ယာဂုနဲ့ ကြက်ဥကိတ်ကိုပဲ ချက်ကြမယ်"

သူက ကိုယ်ကို လှည့်ကာ ကြည့်ရှုသူတွေအား ကောင်တာပေါ် အပုံလိုက်၇ှိနေသည့် ပါဝင်ပစ္စည်းတွေကို ပြလိုက်သည်။

" ကိုယ်တို့ ဒီနေ့ အဓိက သုံးမှာက ငါးနဲ့ ကြက်ဥပဲ"

[ မြောင်မြောင်က ငါးမစားဘူး: ဘုရားရေ ငါး ဟုတ်လား။ အဲ့ဒါကြီးက စားလို့ရလို့လား။ အရသာက တအား ဆိုးတာလေ။ ငါ့နာမည်ပဲ ကြည့်စမ်းပါ။ ငါ ငါးမုန်းတယ်]

[ လေပန်းနှင်းလ: အမှန်ပဲ ငါးက တအား ညှီတယ်။ အထဲမှာလည်း စေးကပ်တဲ့ဟာတွေနဲ့ ပြည့်နေတာ။ ငါ့ကို အန်ချင်စေတယ်။ငါ ကြားတာ ကြယ်အဆင့် စာဖိုမှူးတစ်ယောက်က ငါးဟင်းချက်ပြီး ညစာ စားတာတဲ့။ ငါး အရိုးစူးသွားလို့ေးဆးရုံ အမြန်ပို့ပြီးကယ်ဆယ်လိုက်ရသေးတယ်လေ]

[တိုက်ရိုက် ထုတ်လွှင့်မှုတွေထဲ အရသာလိုက်မြည်းရင်း ပိတ်မိနေသော ငါ: မနေ့က အာလူး၊ ဒီနေ့ ငါးဆိုတော့ နင်က တမင် ရည်၇ွယ်ချက်၇ှိ၇ှိနဲက ရီကွန်မန့်ဒေးရှင်းထဲ ပါအောင် လုပ်နေတာ မဟုတ်လား ဟမ်]

ကျင်းကျန်း စာမျက်နှာက သည်လိုအရာမျိုးတွေကို ရီကွန်မန့် အလွန်ပေးတတ်ကာ အထူးသဖြင့် စားစရာတွေဖြစ်သည်။ လက်၇ှိကာလတွင် အစိုးရက ပြည်သူတွေအား အားဖြည့် ဆေးရည်တွေထက် သဘာဝ စားစရာတွေကိုသာ စား၇န် ပြင်းပြင်းထန်ထန် လှုံ့ဆော်နေကာ အားပေးနေချိန်ဖြစ်သည်။ထို့ကြောင့် အရဲစွန့်ကာ ဟင်းပွဲအသစ်တွေ ထွင်သူတွေအတွက်ရီကွန့်မန့် ပေးတတ်ပေသည်။ ထို့ကြောင့်ပါပဲ ကျော်ကြားလိုသူတွေက စာဖိုမှူး အစည်းအ၇ုံးက တရားဝင် မထုတ်ပြန်လာရသေးသည့် ဟင်းပွဲတွေကို အရဲစွန့် စိန်ခေါ်ကာ ချက်ပြလေ့၇ှိသည်။ သိသာစွာပင် အားလုံး ကျရှုံးကြ၏။

[ နွေဦး ပျားရည်: နှစ်ရက်ဆက်တိုက် မတူတဲ့ ဟင်းပွဲအသစ်တွေကို စိန်ခေါ်ဖို့ ကြံနေတယ်ဆိုတော့ တင်ဆက်သူက ကြည့်ရှုသူတွေကို စိတ်ပျက်အောင် မလုပ်မိဖို့ပဲ မျှော်လင့်ပါတယ်]

သူမ၏ စကားတွေက ရိုင်းသော်လည်း သူမက ကြယ်ပန်းကို ပို့လာသေးပေသည်။ မနေ့ကလည်း သူမက ၆ပွင့်တောင်ပို့ကာ သူကို ၆၀၀ပေးခဲ့သေးသည်။ ထို့ကြောင့် သူ အလွန် အမြတ်ရခဲ့၏။

ဖန်သားပြင်တွင်ပွင့်လန်းလာသည့် ကြယ်ပန်းကို မြင်ရချိန်တွင် ယွမ့်ထန်း တက်ကြွလာတော့ပေသည်။

" ဒါက လူထုပရိတ်သတ်အတွက်တမူ ထူးခြားတာ ဟုတ်မဟုတ် ကိုယ် ချက်လို့ ပြီးသွားတဲ့အခါ မင်းတို့ သိရမှာပေါ့"

ထို့နောက်သူက ချက်တင်ခန်းကို ဂရုမစိုက်တော့လေဘဲ ဓားကို ကိုင်ကာ ငါးကို ကိုင်တွယ်ရန် ကြံစည်တော့လေသည်။

ယွမ့်ထန်းက အသုံးများသော ငါးကြင်းကိုသာ ၀ယ်ခဲ့သည်။ ငါးကြင်း၏ အသားက ချောမွေ့ကာ နူးညံ့သည်။ကိုယ်လုံးက ကြီးကာ အရိုးနည်းသည်။ ထို့ကြောင့် ထည့်ပြုတ်ခြင်းနှင့် စွပ်ပြုတ်လုပ်ခြင်းတို့အတွက် သင့်လျော်သည်။တစ်ကောင်ကတင် ယာဂုအတွက် လုံလောက်နေလေပြီ။

သူ ၀ယ်ခဲ့သည့် ငါးကြင်းက အကောင်ကြီးကာ ၀တုတ်ပြီး ဖောင်းကားနေသည်။သူ ဆွဲထုတ်လိုက်သည့်အခါ ငါးက တက်ကြွကာ အမြီးက တဖက်ဖက် တဖက်ဖက် ဖြစ်နေသေးသဖြင့် ကြည့်နေသူတွေကို ထိတ်လန့်တကြား ဖြစ်သွားစေတော့သည်။ သူက အားလုံးကို နှစ်သိမ့်လိုက်သည်။ ထို့နောက် ငါးကို သေချာ ကိုင်ကာ ဘုတ်ပြားနား ကပ်ထားပြီး ဓားဖြင့် ခေါင်းကို ထုချလိုက်သည်။ ပြီးသည်နှင့် ကြေးခွံချွတ်တော့သည်။

ကြည့်နေသူတွေမှာ ဒီလို မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးပေ။သူတို့ခမျာ တင်ဆက်သူ၏ အားနည်းနေပုံ၇သော လက်သွယ်သွယ်လေးတွေ၏ အောက်တွင်သေသွားရှာသော ငါးဝတုတ်ကြီးကို ကြောင်အလျက် ကြည့်နေကြပေ၏။ဓားက တရွှက်၇ွှက် အသံနှင့်အတူ ဖျက်ခနဲ ဖျက်ခနဲ လှုပ်၇ှားရာမှ ကြေးခွံတွေက ဖွာခနဲ ဖွာခနဲ ကျလာသည်။ ကြည့်နေသူတိုင်း ကြက်သီးတဖြန်းဖြန်း ဖြစ်လာလေသည်။

[ ရတနာ ခုနှစ်သွယ်: မား.... မီး .. နာကျင်နေပြီ]

[ ထရန်စားပါးရန့်လေး: ငါလည်း ကြောက်တယ်။ဒါပေမယ့် ငါးပေါ်က အဲ့ဒိကြေးခွံတွေက စားလို့မရဘူး။ သူတို့က မာပြီး ထူးဆန်းတယ်။ ဒါကြောင့် ကြေးခွံ အရင်ချွတ်သင့်တယ်]

[ လေပန်းနှင်းလ:အမလေး အဲ့ဒါဘာကြီးလဲ]

သူတို့တွေမှာ ယွမ့်ထန်းက ငါးဗိုက်ကို ဖွင့်ကာ အထဲမှ မကောင်းသည့်အရာတွေကို နှိုက်ထုတ်ခြင်းအား ကြည့်နေလေသည်။

[ ဖြတ်လျှောက်: ဘုရားရေ တိုက်ခိုက်ရတာကိုရူးရူးမူးမူး နှစ်သက်တဲ့ မာ၇ှယ်ဟော်တောင် ဒီလို မလုပ်ဘူး။ ငါးက သေနေပါပြီ၊ ဒီလို နှိပ်စက်ဖို့အထိ လိုလို့လား]

ယွမ့်ထန်းမှာ ကွန်းမန့်တွေကို သဘောကျလာကာ ရယ်ရင်း ပြောလိုက်သည်။

" ကိုယ်က ရည်၇ွယ်ချက်၇ှိရှိ နှိပ်စက်နေတာ မဟုတ်ဘူး။ ငါးရဲ့ အတွင်း ကလီစာတွေက မသန့်တာတွေ ပါတယ်။ အထူးသဖြင့် သည်းခြေပဲ။ ဒါကို ထိမိသွားရင် တစ်ကိုယ်လုံး ခါးတူးပြီး နံလာလိမ့်မယ်။ ဒီတော့ ဖယ်ထုတ်လိုက်တာ အကောင်းဆုံးပဲ"

သူ့လက် လှုပ်၇ှားမှုတွင် ငါးကိုယ်ထဲမှ စေးကပ်သော အရည်တွေ ထွက်ကျလာလေသည်။ သူက အထဲအပြင် ဗိုက်အောက်မှ အမြှေးပါးတွေကိုပါ ရေဆေးလိုက်သည်။ အနံ့ကို ဆေးကြောပြီးနောက်ငါးမှာ ဘုတ်ပြားပေါ် ပြန်ရောက်လာလေသည်။

ငါးအသားလွှာ လုပ်မည်ဖြစ်သဖြင့် ယွမ့်ထန်းအနေနှင့် ငါးခေါင်းကို သုံး၇န် မလိုပေ။သူက လက်တဖက်ဖြင့် ငါးကို ဖိထားရင်း ဓားဖြင့် လှီးထုတ်လိုက်သည်။ ထက်ခြမ်း ခြမ်းလိုက်ကာ အထဲမှ အရိုးကို ဖယ်ထုတ်လိုက်သည်။ထို့နောက် အမြီးကို ဘယ်ဘက်လက်ဖြင့် ကိုင်ထားလိုက်သည်။ညာလက်ဖြင့် ဓားကို ကိုင်ကာ ဓားထိပ်ဖြင့် ငါးကို ကလော်လိုက်ရာ ငါးအရေခွံက ငေါထွက်လာသည့်တိုင် ပေါက်ထွက်မသွားခဲ့ပေ။ထို့အစား ဓားက ပြန်လှန်သွားကာ ပါးလျသော အနေအထားဖြင့် ငါး အသားတွေကို လှီးဖြတ်တော့လေသည်။နှစ်ခြမ်းရှိသဖြင့် ထိုသို့ လှီးလိုက်သည့်အခါ လိပ်ပြာတောင်ပံကဲ့သို့ ဖြစ်နေတော့ပေသည်။ ဒါကို နှစ်သွယ် ပျံသန်း ခုတ်ဖြတ်ခြင်းဟု ခေါ်သည်။
( ဒါ လျှောက်ပေးလိုက်တာ မခေါ်တတ်လို့)

သူက စကေးကျွမ်းသဖြင့် အနည်းငယ်သော တုန့်ဆိုင်းမှုတောင်မပါလေဘဲ ကျွမ်းကျင်စွာဖြင့် ပန်းကန်းပြားအပြည့် ငါးအသားလွှာတွေကို တင်လိုက်နိုင်သည်။

" ဒါဆို ရပြီ။ မင်းတို့သာ ဒီလိုလုပ်မယ်ဆိုရင် အရိုးကို ဖယ်ထားပြီးဖြစ်လို့ စိတ်မပူရတော့ဘူး"

သူက ငါးထဲသို့ ဂျင်း၊ ဆားနှင့် ဆီကို ထည့်ပြီးနောက် တဖက်သို့ ထားလိုက်သည်။

ငါးအသားလွှာ ယာဂုက မခက်ပေ။ အစာအိမ်ကို နွေးစေသည့် အစာကောင်းဖြစ်သည်။ သူက ဆန်ထည့်ပြီးသားအိုးယူပြီး ရေဖြင့် ကြိုပြီးနောက်ငါးကိုပါ ထည့်တည်လိုက်သည်။

" ငါးကို ချက်တာက မြန်ပါတယ်။ ဒီတော့ ကိုယ်တို့တွေ တခဏလောက်ဆူအောင် တည်ထားလိုက်ရုံပဲ။ ပြီးရင် ရပြီ"

ယွမ့်ထန်းက ချက်ပြုတ်ရန် အချိန်သတ်မှတ်လိုက်ပြီးနောက် ဒယ်ပြားကို ယူလိုက်သည်။

" အခု ကြက်ဥ ကိတ် နည်းနည်း လုပ်ကြရအောင်"

သူက ကြက်ဥလေးလုံးကို ယူကာ ပန်းကန်လုံးထဲ ခေါက်ထည့်ပြီး ကောင်းကောင်းလေး မွှေလိုက်သည်။သူက ထိုထဲသို့ ကြက်သွန်မြိတ်တွေ ထည့်လိုက်သေးသည်။ ဒယ်ပြားထဲ မထည့်ရသေးသည့်တိုင် ရွှေရောင်ကြက်ဥနှင့် ကြက်သွန်မြိတ်တို့ ပေါင်းစပ်ထားပုံက အနုပညာဆန်ကာ လှပလာပေသည်။

ယွမ့်ထန်းက ပန်းကန်လုံးကြီးထဲသို့ ထည့်ကာ ဂျုံမှုန့် အိတ်သေး တ၀က်ခန့် ထည့်လိုက်သည်။ထို့နောက် ရေနွေးနည်းနည်းကို မုန့်အနှစ်တွေထဲ ခပ်စပ်စပ် ထည့်ကာ ရောနယ်သည်။

" မင်းတို့ ရေအများကြီး ထည့်လို့ မရဘူး။ မုန့်နှစ်က ဒီလို အနေအထား အတိုင်းရှိနေရမယ်။ ပြီးတော့ အခုလို ဆက်တိုက် နယ်နေရမယ်။ မဟုတ်ရင် အရသာကို သက်ရောက်မှုရိလိမ့်မယ်"

သူက ကြက်ဥနှင့် ဆားကို ထည့်ကာ မုန့်နှစ်ကို နှံ့သွားသည်အထိ ဆက်နယ်သည်။

သူက ဒယ်ပြားထဲသို့ ဆီကို အနည်းငယ် ထည့်ကာ အိုးပူစေသည်။ ပြီးသည်နှင့် ထမင်းစားဇွန်း နှစ်ဇွန်းစာ ကြက်ဥ အနှစ်တွေကို ခပ်ထည့်ပြီး ဒယ်အိုး အောက်ခြေကို နှံ့သွားအောင် လက်ကောက်ဝတ်ကို လှုပ်၇ှားပြီး ဖြန့်လိုက်သည်။

ကြက်ဥမှ ထွက်လာသည့် အနံ့တစ်ခုတည်းနှင့်တင် ကြည့်ရှုသူတွေ ကနာမငြိမ်ဖြစ်လာကာ အတင်း တိုးကပ်ကာ ကြည့်မိစေသည်။

[ မြောင်မြောင်က ငါးမစားဘူး: အနံ့က မွှေးလိုက်တာ။ သားရည်တောင် မထိန်းနိုင်တော့ဘူး။ မနေ့ကထက်တောင် ပိုမွှေးနေသလိုပဲ]

[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: ဒါက အာလူးကိတ်ထက် ပိုကြီးတယ်]

[ လေပန်းနှင်းလ: ငါ စားလို့ ရပြီလား၊ ငါ စားလို့ရပြီလား]

" နည်းနည်းတော့ စောင့်ရမယ်ကွာ"

ယွမ့်ထန်းက တဖက်က  ယောင်းမကို ကိုင်ကာ အခြားတဖက်က ဒယ်ပြားကို ကိုင်ထားသည်။ ထို့နောက်ယောင်းမကို အစွန်းနေရာအနှံ့ အောက်ဘက်သို့ သွင်းကာ အိုးနှင့် မုန့် မကပ်စေ၇န် လုပ်လိုက်သည်။ ပြီးသည်နှင့် ကျွမ်းကျင်စွာ တဖက်သို့ ဖျက်ခနဲ လှန်လိုက်သည်။ ထိုဖြစ်စဉ်က တိုက်ရိုက် ထုတ်လွှင့်မှုခန်းကို ၀ရုန်းသုန်းကာ ဖြစ်ကာ မုန်တိုင်းထန်သွားစေ၏။

[ ထရန်စပါးရန့်လေ:အခု တင်ဆက်သူ လုပ်လိုက်တာ ဘာအကွက်လဲ။ေ၇ှးခေတ် မြေကမ္ဘာက ဒဏ္ဍာ၇ီတွင်တဲ့ ကွန်ဖူးတိုက်ကွက်များလား]

ယွမ့်ထန်း ရယ်မိတော့သည်။

" ဒါ ကွန်ဖူး မဟုတ်ပါဘူး၊ အခြေခံ ဟင်းချက် စကေးပါပဲ"

[ နွေဦး ပျားရည်: အခြေခံ စကေးဟုတ်လား။ ငါ သွားဖူးတဲ့ အဲ့ဒိ ဆိုင်ကြီးတွေကျ ဘာလို့ ဒီလို လုပ်တာမျိုး မတွေ့၇တာလဲ]

ကြက်ဥက နဂိုကတည်းက အကျက်မြန်၏။ ထို့အပြင် ယွမ့်ထန်း၏ ကြက်ဥ ကိတ်က ပါးသည်။ ထိုအခါ ပိုပြီးပင် မြန်ဆန်နေတော့သည်။ကြက်ဥကိတ်မှ အကောင်းဆုံး အရသာ ရရန်အတွက်ယွမ့်ထန်းက ဒီလို အရေးအကြီးဆုံး အချိန်ကို သေချာ အာရုံစိုက်ထားလေသည်။

သူက အစွန်းနှစ်ဖက်လုံး အညိုရောင် သန်းသွားသည့်အထိ စောင့်ပြီးနောက် ယောင်းမဖြင့် အပိုင်းပိုင်းဖြတ်ချကာ ပန်းကန်ပြားထဲ ထည့်သည်။

"ကောင်းပြီအခု အားလုံး မြည်းကြည့်လို့ရပြီ"

တကယ်တော့ နှမ်းဆီစမ်းနိုင်ရင်ပိုကောင်းမှာ။

ယွမ့်ထန်း နောင်တရနေ၏။သို့သော် လက်၇ှိ ကြက်ဥကိတ်ကပင် ကြည့်ရှုသူတွေအတွက်အလွန်တရာကောင်းမွန်နေလေပြီ။ ကြက်ဥကိတ်သည် အစွန်းဘက်ဟာ ကြွပ်ရွနေပြီး အလယ်က နူးညံ့ကာ ချိုမြိန်မှုကို ပေးသည်။ ကိုက်စားကြည့်လိုက်သည်နှင့် ထိုသူ့အတွက် ကစီဓာတ်၏ စေးကပ်မှုကိုပင် ခံစားမိသွားမည်ဖြစ်သည်။ ထိုသည်က ကြည့်ရှုသူတိုင်းအား ကြက်ဥနှင့် ကြက်သွန်စိမ်းကို အမြင်သစ်ဖြင့် ကြည့်မြင်လာစေသည်။ မည်သို့ပင်ဆိုစေ သည်နှစ်ခုလုံးဟာ သာမန် ပစ္စည်းတွေသာ ဖြစ်ပေသည်။

[ ရတနာ ခုနှစ်သွယ်: အရသာ ၇ှိတယ်၊ အရသာ ရှိတယ်၊ ငါ မရပ်နိုင်တော့ဘူး]

သူတို့၏ ကွန်းမန့်တွေပြုံထွက် မလာခင်မှာပင် နောက်ထပ် မွှေးပျံ့သည့် ရနံ့ ထွက်ပေါ်လာတော့ပေသည်။ ငါးအသားလွှာ ယာဂု ကျက်လေပြီ။ ယွမ့်ထန်းက အဖုံးကို ဖွင့်လိုက်သည့်အခါ သန့်ရှင်းချိုမြိန်သော ထမင်းနှင့် ငါးရနံ့ကိုက ရောနှောလျက် ထွက်လာပေ၏။

မည်သို့ပင်ဆိုစေ ထိုငါးအသားလွှာကို ကြည့်ရှုသူတွေက သိပ်မမျှော်မှန်းထားပေ။ မည်သို့ပင်ဆိုစေ ငါးကိုတောင်ဘယ်လို စား၇မှန်း မသိသည့် ကြည့်ရှုသူတွေအတွက်ယွမ့်ထန်း၏ ငါးကိုင်မှုပုံစံက အလွန် ကြောက်မက်ဖွယ်ကောင်းခဲ့ပေသည်။ သူတို့က ယခင်က ယာဂုကို လျစ်လျူရှုထားပေသည်။ သို့သော် သည်လိုေ မွှးရနံ့နှင့် ရင်ဆိုင်ရသည့်အခါ အားလုံးက ကြက်ဥကိတ်ကို ချကာ ယာဂုဘက်သာ အာရုံစိုက်တော့ပြီး သားရည်တွေ ကျလာကုန်တော့သည်။

ယွမ့်ထန်းက ပန်းကန်လုံးလေးကို ယူလိုက်ကာ ယာဂု အနည်းငယ် ထည့်လိုက်သည်။ အသားရောင် ငါးအလွှာက အဖြူရောင်သန်းနေ၏။ ထမင်းကလည်း နူးညံ့နေသည်။ အပေါ်ယံ့တွင် ဆီအနည်းငယ် ဝေ့နေပေသည်။

ကြည့်ရှုနေသူတွေမှာ တံတွေးတွေ ဆက်တိုက် မြိုချနေရတော့သည်။

[ ရတနာ ခုနှစ်သွယ်: တကယ် အရသာ၇ှိလောက်တယ်]

[ မြောင်မြောင်က ငါး မစားဘူး: ငါ နာမည် ပြောင်းသင့်ပြီလို့ ခံစားမိလာပြီ။ငါ့ပါးစပ်က တကယ် ပြောစကား နားမထောင်ဘူးပဲ]

ကြက်သွန်မြိတ်အနည်းငယ် ဖြူးပြီးနောက် ယွမ့်ထန်းက ယာဂုကို စားပွဲပေါ် ချကာ ပြုံးလိုက်သည်။

" ကဲ အခု ကိုယ်တို့ အတူ စားရအောင်၊ အရင်ဆုံး ကြက်ဥကိတ်ကို စားမယ်။ပြီးရင် ယာဂုကို သောက်မယ်။ ဒါက ကြက်ဥကိတ်က ဆီကြောင့် အီတာကို ပြေပျောက်စေပြီး လန်းဆန်းစေတယ်"

[မြောင်မြောင်က ငါးမစားဘူး: ငါ ဆက်မထိန်းနိုင်တော့ဘူး]

သူမ မထိန်းနိုင်တော့ချေ။သူမက အလောတကြီး အမူအယာဖြင့် ယာဂုကို မျက်နှာချင်း ဆိုင်လိုက်သည်။ ထို့နောက် ဇွန်းဖြင့် တစ်ဇွန်းအပြည့် ခပ်လိုက်ကာ သောက်တော့၏။

[ မြောင်မြောင်က ငါးမစားဘူး: အား....................... အရမ်း ကောင်းတယ်]

[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: အိုးဘုရားရေ ငါ သောက်နေရင်းနဲ့ လျှာက အရည်ပျော်ကျမလို ခံစားနေရပြီ။ စားလေလေ ဗိုက်ဆာလေလေပဲ။ တင်ဆက်သူကို ဆိုင်ဖွင့်ဖို့ တောင်းဆိုပါတယ်။ ဆိုင်ဖွင့်ပါ ဆိုင်ဖွင့်ပါ ဆိုင်ဖွင့်ပါ]

နူးညံ့ကာ ချောမွေ့နေသည့် ငါးအသားလွှာက သူတို့လျှာပေါ်တွင် အရည်ပျော်ကျသည်။ ထိုငါးအရသာက နူးညံ့ကာ မွှေးပျံသည့် ယာဂုနှင့် အလွန် လိုကဖက်သည်။ ငါးအလွှာတိုင်းက နူးညံ့အိစက်နေ၏။ ဒါက လျှာပေါ်တင်လိုက်သည့်အခါ တန်းပျော်ကျသွားသလို ခံစား၇စေသည်။

တိုက်ရိုက် ချက်တင်ခန်းက ချက်ချင်း ငြိမ်ကျသွားကာ အားလုံးက ယာဂုကိုသာ အသည်းအသန် အရသာ ခံနေကြပေသည်။တခဏခန့် ကြာပြီးနောက် လူအချို့က အသိဝင်လာတော့ကာ တင်ဆက်သူကို လက်ဆောင်တွေ ပို့ကြတော့သည်။ ထိုသို့ဖြင့် ဖန်သားပြင်တွင် ကြယ်ပန်းတွေ ဖွေးသွားတော့သည်။ ဖန်သားပြင်က ပန်းတွေဖြင့် ဖုံးသွားချိန်တွင် ကြည့်ရှုသူတွေက ယာဂုခွက်ထဲ ခေါင်းစိုက်လိုက်ကြပြန်သည်။

[ မြောင်မြောင်က ငါးမစားဘူး: ငါ့နာမည်ကို မြောင်မြောင်က ငါးကြိုက်တယ်လို့ ပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီ။ ဘာလို့ ဒီလောက်တောင်ကောင်းရတာလဲ ၀ူးဝူး]

အားလုံးက ယာဂုကို နှစ်ခြိုက်နေချိန်တွင်ယွမ့်ထန်းက ကြက်ဥကိတ်ကို ယူကာ မြည်းလိုက်သည်။ အရသာက ကောင်းနေသော်လည်း တစ်စုံတစ်ရာ လိုနေသည်ဟု သူ ခံစားနေရသည်။ သူ စားနေကျ လမ်းဘေးစာ ကြက်ဥကိတ်က အမြဲတမ်း ခေါက်ဆွဲချဉ် ခပ်ထူထူ စမ်းထားလေ့ရှိသည်။ အနာဂတ်မှာ ထိုအချဉ် မ၇ှိပေ။ သူ စားချင်လျှင်သူ ကိုယ်တိုင် လုပ်ရပေလိမ့်မည်။

ယွမ်ထန်းလည်း ပန်းကန်လုံးလေး တစ်လုံးကို ယူလိုက်ကာ ဂျုံမှုန်ကို ထည့်သည်။ ထို့နောက် ရေကို အချိုးအဆ မှန်မှန်ထည့်ကာ မွှေ၏။ ထို့နောက်ပဲငံပြာရည်နှင့် သကြားကို ထည့်သည်။ပြီးသည်နှင့် ဒယ်ပြားထဲ ထည့်ကာ မီးအေးအေးဖြင့် အပူပေးသည်။

ပွက်ပွက်ဆူလာသည့်အခါ သူ တူဖြင့် တို့ကာ မြည်းကြည့်သည်။ သို့တိုင် တစ်ခုခု လိုနေသေးသည်ဟု ခံစားရသဖြင့် သကြား ဇွန်းအပြည့်နှင့် ပဲငံပြာရည် ဇွန်းတ၀က်ကို ခပ်ထည့်လိုက်သည်။

[ ထရန်စပါး၇န့်လေး: တင်ဆက်သူ ဘာတွေ လုပ်နေတာလဲ]

[ မြောင်မြောင်က ငါးမစားဘူး: အရောင်ကြီးက ကြည့်ရဆိုးလိုက်တာ၊ဒါရော ကိတ်ပဲလား]

[ ၇တနာ ခုနှစ်သွယ်: ဒါကြီးက စားလို့ရရော ရရဲ့လား၊ ကြက်ဥပုပ်ကြီးလိုပဲ]

" ကိုယ် အခု လုပ်နေတာလေ အချဉ်အနှစ်လို့ ခေါ်တယ်။ ဒါကို ကြက်ဥကိတ်နဲ့ တို့စားရင်အရသာ ၇ှိတယ်"

( dipping sauceကို မြန်မာလို ဘယ်လို ခေါ်ရမလဲ မသိလို့ အဟဲ ....... အချဉ်အနှစ်လဲ မှန်တာပဲနော့)

သူက တူဖြင့် ဆက်တိုက် မွှေပေးနေရာမှ အရသာ အဆင်ပြေလာသည့်အခါ ရပ်လိုက်လေသည်။

သူက လက်ဖက်ရည်ဇွန်း ရှာလိုက်ကာ တစ်ဇွန်းအပြည့် ခပ်ပြီး ကြက်ဥကိတ် တစ်ခုပေါ် စမ်းလိုက်သည်။ ထိုနည်းဖြင့် အားလုံး မြည်းနိုင်မည်ဖြစ်သည်။ သည်တစ်ကြိမ်တွင်မူ မတိုင်မီကထက် များစွာ အရသာရှိပေသည်။ ခပ်လေးလေး အရသာနှင့် အချိုဓာတ်တို့ ပေါင်းစပ်လိုက်သည့်အခါ လူတွေမှာ သူတို့လျှာ သူတို့ မမြိုချနိုင်သည့်အတွက် အားမလို အားမရ ဖြစ်နေကြတော့သည်။

[ သစ်ပင် ဖက်တာ မရပ်နိုင်ဘူး: အရသာ ရှိတယ်၊ အရသာ ရှိတယ်၊ အရသာ ၇ှိတယ်]

[မြောင်မြောင်က ငါးမစားဘူး: အရသာ ၇ှိလိုက်တာ၊ ဒီအချဉ်က ကြည့်ရဆိုးပေမယ့် အရသာ တော်တော်ကောင်းတာပဲ။ အပြင်မှာ ရောင်းတဲ့ ခရမ်းချဉ်သီးမှို အချဉ်ရည်ထက် အများကြီး သာတယ်]

ယွမ့်ထန်းက ပြောသည်။
" အားလုံးပဲ လက်ဆောင်တွေအတွက်ကျေးဇူးတင်ပါတယ်။ ကိုယ် ဒီနေ့ ကံစမ်းမဲ သုံးယောက် နှိုက်ပေးမယ်။ ပြီးတော့ တစ်ယောက်စီကို အချဉ်အနှစ်နဲ့ ကြက်ဥကိတ် ပမာဏ အနည်းငယ်စီ ရမယ်]

ဒီတစ်ကြိမ်တွင် လူရာကျော်နေသည့်အတွက် မနေ့ကဲ့သို့ လူကုန် ရတော့မည်မဟုတ်ဘဲ ကံကောင်းမှုအပေါ်သာ မူတည်သွားတော့ပေမည်။

ယွမ့်ထန်းက တိုက်ရိုက် ထုတ်လွှင့်ခြင်းမှ ကံစမ်းမဲ နှိုက်သည့်နေရာကို ဖွင့်လိုက်သည်။ ကြည့်ရှုသူတွေ၏ နာမည်တွေက နှင်းမှုန်တွေအလား ပြည့်နှက်သွား၏။ထိုနာမည်တွေက သူ့ခန္ဓာကိုယ် ၀န်းကျင်တွင် လှည့်ပတ်လာတော့ကာ သူက ကြုံရာ နာမည် သုံးခုကို နှိပ်လိုက်သည်။ ထိုအခါ ရွေးချယ်ခံရသည့် နာမည်တွေက သူ့မျက်စိရှေ့ ရောက်လာလေတော့ကာ နာမည်တွေက ရွှေရောင်ပြောင်းသွားသည်။ အခြားသော နာမည်တွေကမူ ပျောက်သွားပေ၏။

"ဂုဏ်ယူပါတယ် ဖြတ်လျှောက်၊ရတနာ ခုနှစ်သွယ်နဲ့ ID72648 ကိုယ်အခု မင်းတို့အတွက် အသစ်ပြန်လုပ်ပြီး ပို့ပေးလိုက်မှာဖြစ်လို့ ကျေးဇူးပြုပြီး ပစ္စည်းရောက်တဲ့အခါ စစ်ပြီး လက်ခံဖို့ မမေ့နဲ့ဦးနော်"

[ ဖြတ်လျှောက်: ကျေးဇူးတင်ပါတယ် တင်ဆက်သူ၊ ရောင်စုံမီးပန်းတွေနဲ့ တင်ဆက်သူကို ထောက်ပံ့မယ်]

လှပ ခမ်းနားလှသော ရောင်စုံမီးပန်းတွေက ဖန်သားပြင်တွင် ပြည့်သွားတော့ပေကာ အလွန်တရာ လှပပေသည်။မီးပန်းတွေကျသွားပြီးနောက် ပုံဆောင်ခဲ ပုတီးစေ့တွေ ဖြစ်သွားကာမြေသို့ ကျလေသည်။

ဖန်သားပြင်တွင် ဖောက်ထွင်းမြင်ရမတတ် ကြည်လင်နေသော ပန်းရောင် အကွက်လေးပေါ်လာလေသည်။

" အသုံးပြုသူ ဖြတ်လျှောက်က တင်ဆက်သူကို ရောင်စုံ မီးပန်း ဆုချလိုက်ပါတယ်။ ဒီနေရာကို နှိပ်ပြီး တိုက်ရိုက် ထုတ်လွှင့်ခန်းကို သွားကာ  သလင်းပြားကို စုဆောင်းပါ"

ရောင်စုံ မီးပန်းသည် ၁၀၀၀တန်သည်။ သူ့ကို ပေးလိုက်သည့်အခါ ၂ဂျီအမ်တန် သလင်းပြားများစွာ ကျကာ ၅၀၀တန် သလင်းနှလုံးသားလည်း ကျသည်။ ထိုအခါ ချန်နယ်တိုင်းတွင် ကြေငြာချက် ထွက်လာတတ်သည်။ထိုလင့်ခ်ကို နှိပ်လိုက်သည့်အခါ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ တိုက်ရိုက် ရောက်သွားပေလိမ့်မည်။ ဒါက ကျော်ကြားကာ လူသိများစေသည်။

ထိုသို့ဖြင့် တိုက်ရိုက် ထုတ်လွှင့်မှုခန်းထဲ လူအရေအတွက် တစ်ဟုန်ထိုးတိုးလာတော့သည်။

ကြက်သွန်မြိတ် ကြက်ဥကိတ်


အချဥ်အနှစ်

ငါးအသားလွှာ ယာဂု

ဘာသာပြန် သူမှာ ပြောစရာ ရှိပါတယ်

အချိန်လည်း နောက်ကျနေပြီဆိုတော့ ချက်နည်းတွေ မတင်ပေးတော့ဘူးနော်၊နားတော့မယ်

စစ်တာကလည်း လကုန်မှ စစ်တော့မယ်💙

( ဘာသာျပန္သူမွာ ေျပာစရာ ၇ွိပါတယ္.....

ေႂကြ စာေရးတဲ့ ပုံစံကို နည္းနည္း ေျပာင္းထားတယ္။ ဒီလိုက ပိုလိုက္တယ္ ထင္လို႔)

အပိုင္း ၄ ၾကက္ဥ ကိတ္ႏွင့္ ငါးအသားလႊာ ယာဂု

ေနာက္တစ္ရက္တြင္ သူ အိပ္ယာထ ေရခ်ိဳးၿပီးေနာက္ ယြမ့္ထန္းက အလင္းဦးေႏွာက္ျဖင့္ တိုက္ရိုက္ ထုတ္လႊင့္ျခင္း ပလက္ေဖာင္းထဲ ေလ့ာအင္ ၀င္လိုက္သည္။ သူက မေန႕ကရခဲ့သမွ်ကို ကိုယ္ပိုင္ အေကာင့္ထဲ ေျပာင္းထည့္ၿပီးေနာက္ ေရွာ့ပင္းဆိုက္သို႔ သြားကာ ဟင္းအမယ္ အသစ္ေတြ ၀ယ္လိုက္သည္။

ယြမ့္ထန္းက အၿမဲ ေကာင္းေကာင္း စားသည့္သူမ်ိဳးျဖစ္သည္။ မနက္စာဆိုလွ်င္ပင္ သူက ဘယ္ေတာ့မွ ျဖစ္သလို မစားေပ။

ဘယ္လိုပဲျဖစ္ျဖစ္ ခ်က္သမွ်ကို တိုက္ရိုက္ ထုတ္လႊင့္လို႔ ရေနတာေလ။ ဘယ္လိုလူက ဗိုက္လည္းျပည့္ ပိုက္ဆံလည္းရတဲ့ အလုပ္ကို မလုပ္ဘဲ ေနမွာလဲ

သည္တစ္ႀကိမ္တြင္ သူက ငါး၊ၾကက္သြန္ၿမိတ္၊ ဂ်င္း၊ ဂ်ဳံမႈန႔္၊ ပဲငံျပာရည္ႏွင့္ သၾကားတစ္အိပ္ ၀ယ္လိုက္သည္။သူက တစ္ခါတည္း ၂၀၀သုံးလိုက္ေသာ္လည္း စိတ္ထဲ ဘယ္လိုမွ မေနေပ။ဘာပဲျဖစ္ျဖစ္ သူျပန္၇ွာနိုင္ေနတာပဲ။

ဒီေန႕ သူက ၾကက္ဥကိတ္နဲ႕ ငါးအသားလႊာ ယာဂု လုပ္မယ္။ယာဂုကေတာ့ သူ႕အတြက္ေပါ့၊ ၾကက္ဥကိတ္ကိုေတာ့ ၾကည့္ရႈသူေတြကိုေတာ့ လက္ေဆာင္အျဖစ္ ျပန္ေပးမယ္။

စၾကာဝဌာလုံးဆိုင္ရာ ခ်ိတ္ဆက္ ပို႔ေဆာင္ေပးေသာ ပစၥည္းပို႔ စနစ္သည္ ယခင္အတိုင္း ျမန္ဆဲေနေသး၏။ယြမ့္ထန္းသည္ ပစၥည္းေရာက္လာသည့္အခါ စစ္ၾကည့္လိုက္သည့္အခိုက္ အားလုံးဟာ ထင္ထားသည့္အတိုင္း လက္ဆတ္ေနေၾကာင္း ျမင္လိုက္ရသည္။သူက သုံးမည့္ ဟင္းအမယ္ ပစၥည္းေတြကို ဟင္းခ်က္ ေကာင္တာေပၚ တင္ထားလိုက္သည္။ထို႔ေနာက္ သူ၏ မ်က္ကပ္မွန္ကို တပ္ကာ တိုက္ရိုက္ ထုတ္လႊင့္ေတာ့သည္။

" အားလုံးပဲ မဂၤလာ နံနက္ခင္းပါ။ ကိုယ္ကေတာ့ မင္းတို႔ရဲ႕ တင္ဆက္သူ ယြမ့္ထန္းပါ။ ကိုယ္ ဒီေန႕ ခ်က္ျပမွာကေတာ့ ငါးအသားလႊာ ယာဂုနဲ႕ ၾကက္သြန္ၿမိတ္ ၾကက္ဥကိတ္ပါပဲ "

ပုံမွန္အတိုင္း သူ မိတ္ဆက္ၿပီးေနာက္စတင္ ခ်က္ျပဳတ္ရန္ျပင္လိုက္သည္။ သို႔ရာတြင္ကြန္းမန႔္ေတြ ေပၚထြက္လာသည့္အခါ သူ မင္သက္သြားရေတာ့သည္။

[ ထရန္စပါးရန႔္ေလး: ၀ိုး သူ တိုက္ရိုက္ ထုတ္လႊင့္ေနၿပီပဲ။ ငါ ေစာင့္ေနတာေတာင္ၾကာၿပီ]

[ရတနာ ခုႏွစ္သြယ္: ငါ သူေျပာသြားတဲ့ ဟင္းေတြ တစ္ခါမွ မစားဖူးေပမယ့္ နားေထာင္ရင္းနဲ႕ကို ေကာင္းမယ့္ပုံပဲ။ .... သားရည္က်.......]

[ ကိုးသြယ္လမင္း: သူေဌးနဲ႕ အစည္းအေဝး တက္ရင္း..... တိုက္ရိုက္ထုတ္လႊင့္တာကို ခိုးၾကည့္ေန......]

.................

ယြမ့္ထန္းလည္း ခ်က္ခ်င္းလိုလို ၾကည့္ရႈသူ အေရအတြက္ကို လွည့္ၾကည့္လိုက္ေလသည္။ မေမွ်ာ္လင့္ထားစြာပင္ အေယာက္ ၂၀၀ေက်ာ္ေနကာ ဆက္လက္ ျမင့္တက္ေနေသး၏။

ဒီတစ္ေခါက္မွာ တစ္ေယာက္မွ မ၇ွိမွာကိုေတာင္သူ စိုး၇ိမ္ေနတာေလ၊ ဘယ္လိုျဖစ္ၿပီး ဒီေလာက္ မ်ားသြားတာလဲ။သူ အိပ္ေနတုန္း တစ္ခုခုမ်ား ျဖစ္သြားလို႔လား

[ တိုက္ရိုက္ ထုတ္လႊင့္မႈေတြထဲ အရသာလိုက္ျမည္းရင္း ပိတ္မိေနေသာ ငါ: ငါ ရီကြန္မန႔္ေပးထားတာေတြ႕လို႔ လိုက္လာရင္း ေရာက္လာတာ.. တင္ဆက္သူေရ ဒီေန႕ အာလူး မခ်က္ေတာ့ဘူးလား]

ရီကြန္မန႔္ ဟုတ္လား

က်င္းက်န္း အ၀င္စာမ်က္ႏွာတြင္ ရီကြန္မန႔္ ဗီဒီယို မ်ားစြာ ၇ွိသည္။ အမ်ိဳးမ်ိဳးေသာ ခ်န္နယ္ေတြမွ ျဖစ္ကာ ၾကည့္ရႈသူ အမ်ားဆုံးက ထိပ္ဆုံးေရာက္သည္။ ထိုသို႔ေတြးမိေတာ့မွ သူ မေန႕က လိုင္းပိတ္လိုက္ခ်ိန္တြင္စာတစ္ေစာင္ဝင္လာသလိုလို ရွိေၾကာင္း သတိရသြားသည္။ သို႔ေသာ္ သူက ထိုအခ်ိန္က ယာဂုစား၇န္သာ စိတ္ေစာေနသျဖင့္ ထိုစာက ပုံမွန္လို ႀကိဳဆိုေၾကာင္း ေျပာစာဟုသာ ထင္ခဲ့မိ၏။

ၾကည့္ရတာ သူက အသစ္ထြက္တဲ့ အာလူးကို သုံးျပသြားေတာ့ ပလက္ေဖာင္းက ရီကြန႔္မန႔္ေဒးရွင္းထဲ ထည့္ေပးလိုက္တာ ျဖစ္မယ္။

ထိုအခါမွ သူလည္း အေျခအေနကို နားလည္သြားၿပီး ၾကည့္ရႈသူ တိုးလာျခင္းကို နားလည္သြားသည္။ ထို႔ေၾကာင့္ သူတို႔၏ အေမးကို ေျဖလိုက္၏။

" ကိုယ္တို႔ ဒီေန႕ အာလူး မသုံးေတာ့ဘူး၊ အဲ့ဒိအစား ငါးအသားလႊာ ယာဂုနဲ႕ ၾကက္ဥကိတ္ကိုပဲ ခ်က္ၾကမယ္"

သူက ကိုယ္ကို လွည့္ကာ ၾကည့္ရႈသူေတြအား ေကာင္တာေပၚ အပုံလိုက္၇ွိေနသည့္ ပါဝင္ပစၥည္းေတြကို ျပလိုက္သည္။

" ကိုယ္တို႔ ဒီေန႕ အဓိက သုံးမွာက ငါးနဲ႕ ၾကက္ဥပဲ"

[ ေျမာင္ေျမာင္က ငါးမစားဘူး: ဘုရားေရ ငါး ဟုတ္လား။ အဲ့ဒါႀကီးက စားလို႔ရလို႔လား။ အရသာက တအား ဆိုးတာေလ။ ငါ့နာမည္ပဲ ၾကည့္စမ္းပါ။ ငါ ငါးမုန္းတယ္]

[ ေလပန္းႏွင္းလ: အမွန္ပဲ ငါးက တအား ညွီတယ္။ အထဲမွာလည္း ေစးကပ္တဲ့ဟာေတြနဲ႕ ျပည့္ေနတာ။ ငါ့ကို အန္ခ်င္ေစတယ္။ငါ ၾကားတာ ၾကယ္အဆင့္ စာဖိုမႉးတစ္ေယာက္က ငါးဟင္းခ်က္ၿပီး ညစာ စားတာတဲ့။ ငါး အရိုးစူးသြားလို႔ေးဆး႐ုံ အျမန္ပို႔ၿပီးကယ္ဆယ္လိုက္ရေသးတယ္ေလ]

[တိုက္ရိုက္ ထုတ္လႊင့္မႈေတြထဲ အရသာလိုက္ျမည္းရင္း ပိတ္မိေနေသာ ငါ: မေန႕က အာလူး၊ ဒီေန႕ ငါးဆိုေတာ့ နင္က တမင္ ရည္၇ြယ္ခ်က္၇ွိ၇ွိနဲက ရီကြန္မန႔္ေဒးရွင္းထဲ ပါေအာင္ လုပ္ေနတာ မဟုတ္လား ဟမ္]

က်င္းက်န္း စာမ်က္ႏွာက သည္လိုအရာမ်ိဳးေတြကို ရီကြန္မန႔္ အလြန္ေပးတတ္ကာ အထူးသျဖင့္ စားစရာေတြျဖစ္သည္။ လက္၇ွိကာလတြင္ အစိုးရက ျပည္သူေတြအား အားျဖည့္ ေဆးရည္ေတြထက္ သဘာဝ စားစရာေတြကိုသာ စား၇န္ ျပင္းျပင္းထန္ထန္ လႈံ႕ေဆာ္ေနကာ အားေပးေနခ်ိန္ျဖစ္သည္။ထို႔ေၾကာင့္ အရဲစြန႔္ကာ ဟင္းပြဲအသစ္ေတြ ထြင္သူေတြအတြက္ရီကြန႔္မန႔္ ေပးတတ္ေပသည္။ ထို႔ေၾကာင့္ပါပဲ ေက်ာ္ၾကားလိုသူေတြက စာဖိုမႉး အစည္းအ၇ုံးက တရားဝင္ မထုတ္ျပန္လာရေသးသည့္ ဟင္းပြဲေတြကို အရဲစြန႔္ စိန္ေခၚကာ ခ်က္ျပေလ့၇ွိသည္။ သိသာစြာပင္ အားလုံး က်ရႈံးၾက၏။

[ ေႏြဦး ပ်ားရည္: ႏွစ္ရက္ဆက္တိုက္ မတူတဲ့ ဟင္းပြဲအသစ္ေတြကို စိန္ေခၚဖို႔ ႀကံေနတယ္ဆိုေတာ့ တင္ဆက္သူက ၾကည့္ရႈသူေတြကို စိတ္ပ်က္ေအာင္ မလုပ္မိဖို႔ပဲ ေမွ်ာ္လင့္ပါတယ္]

သူမ၏ စကားေတြက ရိုင္းေသာ္လည္း သူမက ၾကယ္ပန္းကို ပို႔လာေသးေပသည္။ မေန႕ကလည္း သူမက ၆ပြင့္ေတာင္ပို႔ကာ သူကို ၆၀၀ေပးခဲ့ေသးသည္။ ထို႔ေၾကာင့္ သူ အလြန္ အျမတ္ရခဲ့၏။

ဖန္သားျပင္တြင္ပြင့္လန္းလာသည့္ ၾကယ္ပန္းကို ျမင္ရခ်ိန္တြင္ ယြမ့္ထန္း တက္ႂကြလာေတာ့ေပသည္။

" ဒါက လူထုပရိတ္သတ္အတြက္တမူ ထူးျခားတာ ဟုတ္မဟုတ္ ကိုယ္ ခ်က္လို႔ ၿပီးသြားတဲ့အခါ မင္းတို႔ သိရမွာေပါ့"

ထို႔ေနာက္သူက ခ်က္တင္ခန္းကို ဂ႐ုမစိုက္ေတာ့ေလဘဲ ဓားကို ကိုင္ကာ ငါးကို ကိုင္တြယ္ရန္ ႀကံစည္ေတာ့ေလသည္။

ယြမ့္ထန္းက အသုံးမ်ားေသာ ငါးၾကင္းကိုသာ ၀ယ္ခဲ့သည္။ ငါးၾကင္း၏ အသားက ေခ်ာေမြ႕ကာ ႏူးညံ့သည္။ကိုယ္လုံးက ႀကီးကာ အရိုးနည္းသည္။ ထို႔ေၾကာင့္ ထည့္ျပဳတ္ျခင္းႏွင့္ စြပ္ျပဳတ္လုပ္ျခင္းတို႔အတြက္ သင့္ေလ်ာ္သည္။တစ္ေကာင္ကတင္ ယာဂုအတြက္ လုံေလာက္ေနေလၿပီ။

သူ ၀ယ္ခဲ့သည့္ ငါးၾကင္းက အေကာင္ႀကီးကာ ၀တုတ္ၿပီး ေဖာင္းကားေနသည္။သူ ဆြဲထုတ္လိုက္သည့္အခါ ငါးက တက္ႂကြကာ အၿမီးက တဖက္ဖက္ တဖက္ဖက္ ျဖစ္ေနေသးသျဖင့္ ၾကည့္ေနသူေတြကို ထိတ္လန႔္တၾကား ျဖစ္သြားေစေတာ့သည္။ သူက အားလုံးကို ႏွစ္သိမ့္လိုက္သည္။ ထို႔ေနာက္ ငါးကို ေသခ်ာ ကိုင္ကာ ဘုတ္ျပားနား ကပ္ထားၿပီး ဓားျဖင့္ ေခါင္းကို ထုခ်လိဳက္သည္။ ၿပီးသည္ႏွင့္ ေၾကးခြံခြၽတ္ေတာ့သည္။

ၾကည့္ေနသူေတြမွာ ဒီလို ျမင္ကြင္းမ်ိဳး တစ္ခါမွ မျမင္ဖူးေပ။သူတို႔ခမ်ာ တင္ဆက္သူ၏ အားနည္းေနပုံ၇ေသာ လက္သြယ္သြယ္ေလးေတြ၏ ေအာက္တြင္ေသသြားရွာေသာ ငါးဝတုတ္ႀကီးကို ေၾကာင္အလ်က္ ၾကည့္ေနၾကေပ၏။ဓားက တ႐ႊက္၇ႊက္ အသံႏွင့္အတူ ဖ်က္ခနဲ ဖ်က္ခနဲ လႈပ္၇ွားရာမွ ေၾကးခြံေတြက ဖြာခနဲ ဖြာခနဲ က်လာသည္။ ၾကည့္ေနသူတိုင္း ၾကက္သီးတျဖန္းျဖန္း ျဖစ္လာေလသည္။

[ ရတနာ ခုႏွစ္သြယ္: မား.... မီး .. နာက်င္ေနၿပီ]

[ ထရန္စားပါးရန႔္ေလး: ငါလည္း ေၾကာက္တယ္။ဒါေပမယ့္ ငါးေပၚက အဲ့ဒိေၾကးခြံေတြက စားလို႔မရဘူး။ သူတို႔က မာၿပီး ထူးဆန္းတယ္။ ဒါေၾကာင့္ ေၾကးခြံ အရင္ခြၽတ္သင့္တယ္]

[ ေလပန္းႏွင္းလ:အမေလး အဲ့ဒါဘာႀကီးလဲ]

သူတို႔ေတြမွာ ယြမ့္ထန္းက ငါးဗိုက္ကို ဖြင့္ကာ အထဲမွ မေကာင္းသည့္အရာေတြကို ႏွိုက္ထုတ္ျခင္းအား ၾကည့္ေနေလသည္။

[ ျဖတ္ေလွ်ာက္: ဘုရားေရ တိုက္ခိုက္ရတာကို႐ူး႐ူးမူးမူး ႏွစ္သက္တဲ့ မာ၇ွယ္ေဟာ္ေတာင္ ဒီလို မလုပ္ဘူး။ ငါးက ေသေနပါၿပီ၊ ဒီလို ႏွိပ္စက္ဖို႔အထိ လိုလို႔လား]

ယြမ့္ထန္းမွာ ကြန္းမန႔္ေတြကို သေဘာက်လာကာ ရယ္ရင္း ေျပာလိုက္သည္။

" ကိုယ္က ရည္၇ြယ္ခ်က္၇ွိရွိ ႏွိပ္စက္ေနတာ မဟုတ္ဘူး။ ငါးရဲ႕ အတြင္း ကလီစာေတြက မသန႔္တာေတြ ပါတယ္။ အထူးသျဖင့္ သည္းေျခပဲ။ ဒါကို ထိမိသြားရင္ တစ္ကိုယ္လုံး ခါးတူးၿပီး နံလာလိမ့္မယ္။ ဒီေတာ့ ဖယ္ထုတ္လိုက္တာ အေကာင္းဆုံးပဲ"

သူ႕လက္ လႈပ္၇ွားမႈတြင္ ငါးကိုယ္ထဲမွ ေစးကပ္ေသာ အရည္ေတြ ထြက္က်လာေလသည္။ သူက အထဲအျပင္ ဗိုက္ေအာက္မွ အျမႇေးပါးေတြကိုပါ ေရေဆးလိုက္သည္။ အနံ႕ကို ေဆးေၾကာၿပီးေနာက္ငါးမွာ ဘုတ္ျပားေပၚ ျပန္ေရာက္လာေလသည္။

ငါးအသားလႊာ လုပ္မည္ျဖစ္သျဖင့္ ယြမ့္ထန္းအေနႏွင့္ ငါးေခါင္းကို သုံး၇န္ မလိုေပ။သူက လက္တဖက္ျဖင့္ ငါးကို ဖိထားရင္း ဓားျဖင့္ လွီးထုတ္လိုက္သည္။ ထက္ျခမ္း ျခမ္းလိုက္ကာ အထဲမွ အရိုးကို ဖယ္ထုတ္လိုက္သည္။ထို႔ေနာက္ အၿမီးကို ဘယ္ဘက္လက္ျဖင့္ ကိုင္ထားလိုက္သည္။ညာလက္ျဖင့္ ဓားကို ကိုင္ကာ ဓားထိပ္ျဖင့္ ငါးကို ကေလာ္လိုက္ရာ ငါးအေရခြံက ေငါထြက္လာသည့္တိုင္ ေပါက္ထြက္မသြားခဲ့ေပ။ထို႔အစား ဓားက ျပန္လွန္သြားကာ ပါးလ်ေသာ အေနအထားျဖင့္ ငါး အသားေတြကို လွီးျဖတ္ေတာ့ေလသည္။ႏွစ္ျခမ္းရွိသျဖင့္ ထိုသို႔ လွီးလိုက္သည့္အခါ လိပ္ျပာေတာင္ပံကဲ့သို႔ ျဖစ္ေနေတာ့ေပသည္။ ဒါကို ႏွစ္သြယ္ ပ်ံသန္း ခုတ္ျဖတ္ျခင္းဟု ေခၚသည္။
( ဒါ ေလွ်ာက္ေပးလိုက္တာ မေခၚတတ္လို႔)

သူက စေကးကြၽမ္းသျဖင့္ အနည္းငယ္ေသာ တုန႔္ဆိုင္းမႈေတာင္မပါေလဘဲ ကြၽမ္းက်င္စြာျဖင့္ ပန္းကန္းျပားအျပည့္ ငါးအသားလႊာေတြကို တင္လိုက္နိုင္သည္။

" ဒါဆို ရၿပီ။ မင္းတို႔သာ ဒီလိုလုပ္မယ္ဆိုရင္ အရိုးကို ဖယ္ထားၿပီးျဖစ္လို႔ စိတ္မပူရေတာ့ဘူး"

သူက ငါးထဲသို႔ ဂ်င္း၊ ဆားႏွင့္ ဆီကို ထည့္ၿပီးေနာက္ တဖက္သို႔ ထားလိုက္သည္။

ငါးအသားလႊာ ယာဂုက မခက္ေပ။ အစာအိမ္ကို ေႏြးေစသည့္ အစာေကာင္းျဖစ္သည္။ သူက ဆန္ထည့္ၿပီးသားအိုးယူၿပီး ေရျဖင့္ ႀကိဳၿပီးေနာက္ငါးကိုပါ ထည့္တည္လိုက္သည္။

" ငါးကို ခ်က္တာက ျမန္ပါတယ္။ ဒီေတာ့ ကိုယ္တို႔ေတြ တခဏေလာက္ဆူေအာင္ တည္ထားလိုက္႐ုံပဲ။ ၿပီးရင္ ရၿပီ"

ယြမ့္ထန္းက ခ်က္ျပဳတ္ရန္ အခ်ိန္သတ္မွတ္လိုက္ၿပီးေနာက္ ဒယ္ျပားကို ယူလိုက္သည္။

" အခု ၾကက္ဥ ကိတ္ နည္းနည္း လုပ္ၾကရေအာင္"

သူက ၾကက္ဥေလးလုံးကို ယူကာ ပန္းကန္လုံးထဲ ေခါက္ထည့္ၿပီး ေကာင္းေကာင္းေလး ေမႊလိုက္သည္။သူက ထိုထဲသို႔ ၾကက္သြန္ၿမိတ္ေတြ ထည့္လိုက္ေသးသည္။ ဒယ္ျပားထဲ မထည့္ရေသးသည့္တိုင္ ေ႐ႊေရာင္ၾကက္ဥႏွင့္ ၾကက္သြန္ၿမိတ္တို႔ ေပါင္းစပ္ထားပုံက အႏုပညာဆန္ကာ လွပလာေပသည္။

ယြမ့္ထန္းက ပန္းကန္လုံးႀကီးထဲသို႔ ထည့္ကာ ဂ်ဳံမႈန႔္ အိတ္ေသး တ၀က္ခန႔္ ထည့္လိုက္သည္။ထို႔ေနာက္ ေရေႏြးနည္းနည္းကို မုန႔္အႏွစ္ေတြထဲ ခပ္စပ္စပ္ ထည့္ကာ ေရာနယ္သည္။

" မင္းတို႔ ေရအမ်ားႀကီး ထည့္လို႔ မရဘူး။ မုန႔္ႏွစ္က ဒီလို အေနအထား အတိုင္းရွိေနရမယ္။ ၿပီးေတာ့ အခုလို ဆက္တိုက္ နယ္ေနရမယ္။ မဟုတ္ရင္ အရသာကို သက္ေရာက္မႈရိလိမ့္မယ္"

သူက ၾကက္ဥႏွင့္ ဆားကို ထည့္ကာ မုန႔္ႏွစ္ကို ႏွံ႕သြားသည္အထိ ဆက္နယ္သည္။

သူက ဒယ္ျပားထဲသို႔ ဆီကို အနည္းငယ္ ထည့္ကာ အိုးပူေစသည္။ ၿပီးသည္ႏွင့္ ထမင္းစားဇြန္း ႏွစ္ဇြန္းစာ ၾကက္ဥ အႏွစ္ေတြကို ခပ္ထည့္ၿပီး ဒယ္အိုး ေအာက္ေျခကို ႏွံ႕သြားေအာင္ လက္ေကာက္ဝတ္ကို လႈပ္၇ွားၿပီး ျဖန႔္လိုက္သည္။

ၾကက္ဥမွ ထြက္လာသည့္ အနံ႕တစ္ခုတည္းႏွင့္တင္ ၾကည့္ရႈသူေတြ ကနာမၿငိမ္ျဖစ္လာကာ အတင္း တိုးကပ္ကာ ၾကည့္မိေစသည္။

[ ေျမာင္ေျမာင္က ငါးမစားဘူး: အနံ႕က ေမႊးလိုက္တာ။ သားရည္ေတာင္ မထိန္းနိုင္ေတာ့ဘူး။ မေန႕ကထက္ေတာင္ ပိုေမႊးေနသလိုပဲ]

[ သစ္ပင္ မဖက္ဘဲ မေနနိုင္ဘူး: ဒါက အာလူးကိတ္ထက္ ပိုႀကီးတယ္]

[ ေလပန္းႏွင္းလ: ငါ စားလို႔ ရၿပီလား၊ ငါ စားလို႔ရၿပီလား]

" နည္းနည္းေတာ့ ေစာင့္ရမယ္ကြာ"

ယြမ့္ထန္းက တဖက္က  ေယာင္းမကို ကိုင္ကာ အျခားတဖက္က ဒယ္ျပားကို ကိုင္ထားသည္။ ထို႔ေနာက္ေယာင္းမကို အစြန္းေနရာအႏွံ႕ ေအာက္ဘက္သို႔ သြင္းကာ အိုးႏွင့္ မုန႔္ မကပ္ေစ၇န္ လုပ္လိုက္သည္။ ၿပီးသည္ႏွင့္ ကြၽမ္းက်င္စြာ တဖက္သို႔ ဖ်က္ခနဲ လွန္လိုက္သည္။ ထိုျဖစ္စဥ္က တိုက္ရိုက္ ထုတ္လႊင့္မႈခန္းကို ၀႐ုန္းသုန္းကာ ျဖစ္ကာ မုန္တိုင္းထန္သြားေစ၏။

[ ထရန္စပါးရန႔္ေလ:အခု တင္ဆက္သူ လုပ္လိုက္တာ ဘာအကြက္လဲ။ေ၇ွးေခတ္ ေျမကမာၻက ဒ႑ာ၇ီတြင္တဲ့ ကြန္ဖူးတိုက္ကြက္မ်ားလား]

ယြမ့္ထန္း ရယ္မိေတာ့သည္။

" ဒါ ကြန္ဖူး မဟုတ္ပါဘူး၊ အေျခခံ ဟင္းခ်က္ စေကးပါပဲ"

[ ေႏြဦး ပ်ားရည္: အေျခခံ စေကးဟုတ္လား။ ငါ သြားဖူးတဲ့ အဲ့ဒိ ဆိုင္ႀကီးေတြက် ဘာလို႔ ဒီလို လုပ္တာမ်ိဳး မေတြ႕၇တာလဲ]

ၾကက္ဥက နဂိုကတည္းက အက်က္ျမန္၏။ ထို႔အျပင္ ယြမ့္ထန္း၏ ၾကက္ဥ ကိတ္က ပါးသည္။ ထိုအခါ ပိုၿပီးပင္ ျမန္ဆန္ေနေတာ့သည္။ၾကက္ဥကိတ္မွ အေကာင္းဆုံး အရသာ ရရန္အတြက္ယြမ့္ထန္းက ဒီလို အေရးအႀကီးဆုံး အခ်ိန္ကို ေသခ်ာ အာ႐ုံစိုက္ထားေလသည္။

သူက အစြန္းႏွစ္ဖက္လုံး အညိုေရာင္ သန္းသြားသည့္အထိ ေစာင့္ၿပီးေနာက္ ေယာင္းမျဖင့္ အပိုင္းပိုင္းျဖတ္ခ်ကာ ပန္းကန္ျပားထဲ ထည့္သည္။

"ေကာင္းၿပီအခု အားလုံး ျမည္းၾကည့္လို႔ရၿပီ"

တကယ္ေတာ့ ႏွမ္းဆီစမ္းနိုင္ရင္ပိုေကာင္းမွာ။

ယြမ့္ထန္း ေနာင္တရေန၏။သို႔ေသာ္ လက္၇ွိ ၾကက္ဥကိတ္ကပင္ ၾကည့္ရႈသူေတြအတြက္အလြန္တရာေကာင္းမြန္ေနေလၿပီ။ ၾကက္ဥကိတ္သည္ အစြန္းဘက္ဟာ ႂကြပ္႐ြေနၿပီး အလယ္က ႏူးညံ့ကာ ခ်ိဳၿမိန္မႈကို ေပးသည္။ ကိုက္စားၾကည့္လိုက္သည္ႏွင့္ ထိုသူ႕အတြက္ ကစီဓာတ္၏ ေစးကပ္မႈကိုပင္ ခံစားမိသြားမည္ျဖစ္သည္။ ထိုသည္က ၾကည့္ရႈသူတိုင္းအား ၾကက္ဥႏွင့္ ၾကက္သြန္စိမ္းကို အျမင္သစ္ျဖင့္ ၾကည့္ျမင္လာေစသည္။ မည္သို႔ပင္ဆိုေစ သည္ႏွစ္ခုလုံးဟာ သာမန္ ပစၥည္းေတြသာ ျဖစ္ေပသည္။

[ ရတနာ ခုႏွစ္သြယ္: အရသာ ၇ွိတယ္၊ အရသာ ရွိတယ္၊ ငါ မရပ္နိုင္ေတာ့ဘူး]

သူတို႔၏ ကြန္းမန႔္ေတြၿပဳံထြက္ မလာခင္မွာပင္ ေနာက္ထပ္ ေမႊးပ်ံ့သည့္ ရနံ႕ ထြက္ေပၚလာေတာ့ေပသည္။ ငါးအသားလႊာ ယာဂု က်က္ေလၿပီ။ ယြမ့္ထန္းက အဖုံးကို ဖြင့္လိုက္သည့္အခါ သန႔္ရွင္းခ်ိဳၿမိန္ေသာ ထမင္းႏွင့္ ငါးရနံ႕ကိုက ေရာေႏွာလ်က္ ထြက္လာေပ၏။

မည္သို႔ပင္ဆိုေစ ထိုငါးအသားလႊာကို ၾကည့္ရႈသူေတြက သိပ္မေမွ်ာ္မွန္းထားေပ။ မည္သို႔ပင္ဆိုေစ ငါးကိုေတာင္ဘယ္လို စား၇မွန္း မသိသည့္ ၾကည့္ရႈသူေတြအတြက္ယြမ့္ထန္း၏ ငါးကိုင္မႈပုံစံက အလြန္ ေၾကာက္မက္ဖြယ္ေကာင္းခဲ့ေပသည္။ သူတို႔က ယခင္က ယာဂုကို လ်စ္လ်ဴရႈထားေပသည္။ သို႔ေသာ္ သည္လိုေ မႊးရနံ႕ႏွင့္ ရင္ဆိုင္ရသည့္အခါ အားလုံးက ၾကက္ဥကိတ္ကို ခ်ကာ ယာဂုဘက္သာ အာ႐ုံစိုက္ေတာ့ၿပီး သားရည္ေတြ က်လာကုန္ေတာ့သည္။

ယြမ့္ထန္းက ပန္းကန္လုံးေလးကို ယူလိုက္ကာ ယာဂု အနည္းငယ္ ထည့္လိုက္သည္။ အသားေရာင္ ငါးအလႊာက အျဖဴေရာင္သန္းေန၏။ ထမင္းကလည္း ႏူးညံ့ေနသည္။ အေပၚယံ့တြင္ ဆီအနည္းငယ္ ေဝ့ေနေပသည္။

ၾကည့္ရႈေနသူေတြမွာ တံေတြးေတြ ဆက္တိုက္ ၿမိဳခ်ေနရေတာ့သည္။

[ ရတနာ ခုႏွစ္သြယ္: တကယ္ အရသာ၇ွိေလာက္တယ္]

[ ေျမာင္ေျမာင္က ငါး မစားဘူး: ငါ နာမည္ ေျပာင္းသင့္ၿပီလို႔ ခံစားမိလာၿပီ။ငါ့ပါးစပ္က တကယ္ ေျပာစကား နားမေထာင္ဘူးပဲ]

ၾကက္သြန္ၿမိတ္အနည္းငယ္ ျဖဴးၿပီးေနာက္ ယြမ့္ထန္းက ယာဂုကို စားပြဲေပၚ ခ်ကာ ၿပဳံးလိုက္သည္။

" ကဲ အခု ကိုယ္တို႔ အတူ စားရေအာင္၊ အရင္ဆုံး ၾကက္ဥကိတ္ကို စားမယ္။ၿပီးရင္ ယာဂုကို ေသာက္မယ္။ ဒါက ၾကက္ဥကိတ္က ဆီေၾကာင့္ အီတာကို ေျပေပ်ာက္ေစၿပီး လန္းဆန္းေစတယ္"

[ေျမာင္ေျမာင္က ငါးမစားဘူး: ငါ ဆက္မထိန္းနိုင္ေတာ့ဘူး]

သူမ မထိန္းနိုင္ေတာ့ေခ်။သူမက အေလာတႀကီး အမူအယာျဖင့္ ယာဂုကို မ်က္ႏွာခ်င္း ဆိုင္လိုက္သည္။ ထို႔ေနာက္ ဇြန္းျဖင့္ တစ္ဇြန္းအျပည့္ ခပ္လိုက္ကာ ေသာက္ေတာ့၏။

[ ေျမာင္ေျမာင္က ငါးမစားဘူး: အား....................... အရမ္း ေကာင္းတယ္]

[ သစ္ပင္ မဖက္ဘဲ မေနနိုင္ဘူး: အိုးဘုရားေရ ငါ ေသာက္ေနရင္းနဲ႕ လွ်ာက အရည္ေပ်ာ္က်မလို ခံစားေနရၿပီ။ စားေလေလ ဗိုက္ဆာေလေလပဲ။ တင္ဆက္သူကို ဆိုင္ဖြင့္ဖို႔ ေတာင္းဆိုပါတယ္။ ဆိုင္ဖြင့္ပါ ဆိုင္ဖြင့္ပါ ဆိုင္ဖြင့္ပါ]

ႏူးညံ့ကာ ေခ်ာေမြ႕ေနသည့္ ငါးအသားလႊာက သူတို႔လွ်ာေပၚတြင္ အရည္ေပ်ာ္က်သည္။ ထိုငါးအရသာက ႏူးညံ့ကာ ေမႊးပ်ံသည့္ ယာဂုႏွင့္ အလြန္ လိုကဖက္သည္။ ငါးအလႊာတိုင္းက ႏူးညံ့အိစက္ေန၏။ ဒါက လွ်ာေပၚတင္လိုက္သည့္အခါ တန္းေပ်ာ္က်သြားသလို ခံစား၇ေစသည္။

တိုက္ရိုက္ ခ်က္တင္ခန္းက ခ်က္ခ်င္း ၿငိမ္က်သြားကာ အားလုံးက ယာဂုကိုသာ အသည္းအသန္ အရသာ ခံေနၾကေပသည္။တခဏခန႔္ ၾကာၿပီးေနာက္ လူအခ်ိဳ႕က အသိဝင္လာေတာ့ကာ တင္ဆက္သူကို လက္ေဆာင္ေတြ ပို႔ၾကေတာ့သည္။ ထိုသို႔ျဖင့္ ဖန္သားျပင္တြင္ ၾကယ္ပန္းေတြ ေဖြးသြားေတာ့သည္။ ဖန္သားျပင္က ပန္းေတြျဖင့္ ဖုံးသြားခ်ိန္တြင္ ၾကည့္ရႈသူေတြက ယာဂုခြက္ထဲ ေခါင္းစိုက္လိုက္ၾကျပန္သည္။

[ ေျမာင္ေျမာင္က ငါးမစားဘူး: ငါ့နာမည္ကို ေျမာင္ေျမာင္က ငါးႀကိဳက္တယ္လို႔ ေျပာင္းဖို႔ ဆုံးျဖတ္လိုက္ၿပီ။ ဘာလို႔ ဒီေလာက္ေတာင္ေကာင္းရတာလဲ ၀ူးဝူး]

အားလုံးက ယာဂုကို ႏွစ္ၿခိဳက္ေနခ်ိန္တြင္ယြမ့္ထန္းက ၾကက္ဥကိတ္ကို ယူကာ ျမည္းလိုက္သည္။ အရသာက ေကာင္းေနေသာ္လည္း တစ္စုံတစ္ရာ လိုေနသည္ဟု သူ ခံစားေနရသည္။ သူ စားေနက် လမ္းေဘးစာ ၾကက္ဥကိတ္က အၿမဲတမ္း ေခါက္ဆြဲခ်ဥ္ ခပ္ထူထူ စမ္းထားေလ့ရွိသည္။ အနာဂတ္မွာ ထိုအခ်ဥ္ မ၇ွိေပ။ သူ စားခ်င္လွ်င္သူ ကိုယ္တိုင္ လုပ္ရေပလိမ့္မည္။

ယြမ္ထန္းလည္း ပန္းကန္လုံးေလး တစ္လုံးကို ယူလိုက္ကာ ဂ်ဳံမႈန္ကို ထည့္သည္။ ထို႔ေနာက္ ေရကို အခ်ိဳးအဆ မွန္မွန္ထည့္ကာ ေမႊ၏။ ထို႔ေနာက္ပဲငံျပာရည္ႏွင့္ သၾကားကို ထည့္သည္။ၿပီးသည္ႏွင့္ ဒယ္ျပားထဲ ထည့္ကာ မီးေအးေအးျဖင့္ အပူေပးသည္။

ပြက္ပြက္ဆူလာသည့္အခါ သူ တူျဖင့္ တို႔ကာ ျမည္းၾကည့္သည္။ သို႔တိုင္ တစ္ခုခု လိုေနေသးသည္ဟု ခံစားရသျဖင့္ သၾကား ဇြန္းအျပည့္ႏွင့္ ပဲငံျပာရည္ ဇြန္းတ၀က္ကို ခပ္ထည့္လိုက္သည္။

[ ထရန္စပါး၇န႔္ေလး: တင္ဆက္သူ ဘာေတြ လုပ္ေနတာလဲ]

[ ေျမာင္ေျမာင္က ငါးမစားဘူး: အေရာင္ႀကီးက ၾကည့္ရဆိုးလိုက္တာ၊ဒါေရာ ကိတ္ပဲလား]

[ ၇တနာ ခုႏွစ္သြယ္: ဒါႀကီးက စားလို႔ရေရာ ရရဲ႕လား၊ ၾကက္ဥပုပ္ႀကီးလိုပဲ]

" ကိုယ္ အခု လုပ္ေနတာေလ အခ်ဥ္အႏွစ္လို႔ ေခၚတယ္။ ဒါကို ၾကက္ဥကိတ္နဲ႕ တို႔စားရင္အရသာ ၇ွိတယ္"

( dipping sauceကို ျမန္မာလို ဘယ္လို ေခၚရမလဲ မသိလို႔ အဟဲ ....... အခ်ဥ္အႏွစ္လဲ မွန္တာပဲေနာ့)

သူက တူျဖင့္ ဆက္တိုက္ ေမႊေပးေနရာမွ အရသာ အဆင္ေျပလာသည့္အခါ ရပ္လိုက္ေလသည္။

သူက လက္ဖက္ရည္ဇြန္း ရွာလိုက္ကာ တစ္ဇြန္းအျပည့္ ခပ္ၿပီး ၾကက္ဥကိတ္ တစ္ခုေပၚ စမ္းလိုက္သည္။ ထိုနည္းျဖင့္ အားလုံး ျမည္းနိုင္မည္ျဖစ္သည္။ သည္တစ္ႀကိမ္တြင္မူ မတိုင္မီကထက္ မ်ားစြာ အရသာရွိေပသည္။ ခပ္ေလးေလး အရသာႏွင့္ အခ်ိဳဓာတ္တို႔ ေပါင္းစပ္လိုက္သည့္အခါ လူေတြမွာ သူတို႔လွ်ာ သူတို႔ မၿမိဳခ်နိဳင္သည့္အတြက္ အားမလို အားမရ ျဖစ္ေနၾကေတာ့သည္။

[ သစ္ပင္ ဖက္တာ မရပ္နိုင္ဘူး: အရသာ ရွိတယ္၊ အရသာ ရွိတယ္၊ အရသာ ၇ွိတယ္]

[ေျမာင္ေျမာင္က ငါးမစားဘူး: အရသာ ၇ွိလိုက္တာ၊ ဒီအခ်ဥ္က ၾကည့္ရဆိုးေပမယ့္ အရသာ ေတာ္ေတာ္ေကာင္းတာပဲ။ အျပင္မွာ ေရာင္းတဲ့ ခရမ္းခ်ဥ္သီးမွို အခ်ဥ္ရည္ထက္ အမ်ားႀကီး သာတယ္]

ယြမ့္ထန္းက ေျပာသည္။
" အားလုံးပဲ လက္ေဆာင္ေတြအတြက္ေက်းဇူးတင္ပါတယ္။ ကိုယ္ ဒီေန႕ ကံစမ္းမဲ သုံးေယာက္ ႏွိုက္ေပးမယ္။ ၿပီးေတာ့ တစ္ေယာက္စီကို အခ်ဥ္အႏွစ္နဲ႕ ၾကက္ဥကိတ္ ပမာဏ အနည္းငယ္စီ ရမယ္]

ဒီတစ္ႀကိမ္တြင္ လူရာေက်ာ္ေနသည့္အတြက္ မေန႕ကဲ့သို႔ လူကုန္ ရေတာ့မည္မဟုတ္ဘဲ ကံေကာင္းမႈအေပၚသာ မူတည္သြားေတာ့ေပမည္။

ယြမ့္ထန္းက တိုက္ရိုက္ ထုတ္လႊင့္ျခင္းမွ ကံစမ္းမဲ ႏွိုက္သည့္ေနရာကို ဖြင့္လိုက္သည္။ ၾကည့္ရႈသူေတြ၏ နာမည္ေတြက ႏွင္းမႈန္ေတြအလား ျပည့္ႏွက္သြား၏။ထိုနာမည္ေတြက သူ႕ခႏၶာကိုယ္ ၀န္းက်င္တြင္ လွည့္ပတ္လာေတာ့ကာ သူက ႀကဳံရာ နာမည္ သုံးခုကို ႏွိပ္လိုက္သည္။ ထိုအခါ ေ႐ြးခ်ယ္ခံရသည့္ နာမည္ေတြက သူ႕မ်က္စိေရွ႕ ေရာက္လာေလေတာ့ကာ နာမည္ေတြက ေ႐ႊေရာင္ေျပာင္းသြားသည္။ အျခားေသာ နာမည္ေတြကမူ ေပ်ာက္သြားေပ၏။

"ဂုဏ္ယူပါတယ္ ျဖတ္ေလွ်ာက္၊ရတနာ ခုႏွစ္သြယ္နဲ႕ ID72648 ကိုယ္အခု မင္းတို႔အတြက္ အသစ္ျပန္လုပ္ၿပီး ပို႔ေပးလိုက္မွာျဖစ္လို႔ ေက်းဇူးျပဳၿပီး ပစၥည္းေရာက္တဲ့အခါ စစ္ၿပီး လက္ခံဖို႔ မေမ့နဲ႕ဦးေနာ္"

[ ျဖတ္ေလွ်ာက္: ေက်းဇူးတင္ပါတယ္ တင္ဆက္သူ၊ ေရာင္စုံမီးပန္းေတြနဲ႕ တင္ဆက္သူကို ေထာက္ပံ့မယ္]

လွပ ခမ္းနားလွေသာ ေရာင္စုံမီးပန္းေတြက ဖန္သားျပင္တြင္ ျပည့္သြားေတာ့ေပကာ အလြန္တရာ လွပေပသည္။မီးပန္းေတြက်သြားၿပီးေနာက္ ပုံေဆာင္ခဲ ပုတီးေစ့ေတြ ျဖစ္သြားကာေျမသို႔ က်ေလသည္။

ဖန္သားျပင္တြင္ ေဖာက္ထြင္းျမင္ရမတတ္ ၾကည္လင္ေနေသာ ပန္းေရာင္ အကြက္ေလးေပၚလာေလသည္။

" အသုံးျပဳသူ ျဖတ္ေလွ်ာက္က တင္ဆက္သူကို ေရာင္စုံ မီးပန္း ဆုခ်လိဳက္ပါတယ္။ ဒီေနရာကို ႏွိပ္ၿပီး တိုက္ရိုက္ ထုတ္လႊင့္ခန္းကို သြားကာ  သလင္းျပားကို စုေဆာင္းပါ"

ေရာင္စုံ မီးပန္းသည္ ၁၀၀၀တန္သည္။ သူ႕ကို ေပးလိုက္သည့္အခါ ၂ဂ်ီအမ္တန္ သလင္းျပားမ်ားစြာ က်ကာ ၅၀၀တန္ သလင္းႏွလုံးသားလည္း က်သည္။ ထိုအခါ ခ်န္နယ္တိုင္းတြင္ ေၾကျငာခ်က္ ထြက္လာတတ္သည္။ထိုလင့္ခ္ကို ႏွိပ္လိုက္သည့္အခါ တိုက္ရိုက္ထုတ္လႊင့္ခန္းထဲသို႔ တိုက္ရိုက္ ေရာက္သြားေပလိမ့္မည္။ ဒါက ေက်ာ္ၾကားကာ လူသိမ်ားေစသည္။

ထိုသို႔ျဖင့္ တိုက္ရိုက္ ထုတ္လႊင့္မႈခန္းထဲ လူအေရအတြက္ တစ္ဟုန္ထိုးတိုးလာေတာ့သည္။

ၾကက္သြန္ၿမိတ္ ၾကက္ဥကိတ္


အခ်ဥ္အႏွစ္

ငါးအသားလႊာ ယာဂု


ဘာသာျပန္ သူမွာ ေျပာစရာ ရွိပါတယ္

အခ်ိန္လည္း ေနာက္က်ေနၿပီဆိုေတာ့ ခ်က္နည္းေတြ မတင္ေပးေတာ့ဘူးေနာ္၊နားေတာ့မယ္

စစ္တာကလည္း လကုန္မွ စစ္ေတာ့မယ္💙

Continue Reading

You'll Also Like

1.3M 44K 61
Myanmar ร— BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
1M 54K 46
แ€กแ€™แ€ญแ€”แ€นแ‚”แ€…แ€Šแ€นแ€ธ+แ€žแ€แ€ผแ€•แ€นแ‚แ€ญแ€ฏแ€ธ ( แ‚แ€ฝแ€„แ€นแ€™แ‚ˆแ€”แ€นแ€ธแ€”แ€ถแ‚”แ€žแ€ฌ) แ€กแ€™แ€ญแ€”แ€ทแ€บแ€…แ€Šแ€บแ€ธ+แ€žแ€แ€ฝแ€•แ€บแ€›แ€ญแ€ฏแ€ธ ( แ€›แ€พแ€„แ€บแ€™แ€พแ€ฏแ€”แ€บแ€ธแ€”แ€ถแ€ทแ€žแ€ฌ) แ€แ€ผแ€„แ€นแ€ทแ€ปแ€•แ€ณแ€แ€บแ€€แ€นแ€™แ€›แ€•แ€ฒ แ€„แ€ซแ€ทแ€กแ€”แ€ฌแ€ธแ€€แ€‘แ€ผแ€€แ€นแ€แ€ผแ€ฌแ€แ€ผแ€„แ€นแ€ทแ€™แ€ปแ€•แ€ณแ€”แ€ญแ€„แ€นแ€˜แ€ฐแ€ธ แ€กแ€žแ€€แ€นแ€”แ€ฒแ‚”แ€แ‚แถแ€ฌแ€แ€Šแ€นแ€ปแ€™แ€ฒแ€ฑแ€”แ€ž...
2M 161K 47
"แ€€แ€ปแ€ฏแ€•แ€บแ€”แ€ฌแ€™แ€Šแ€บ แ€แ€ฑแ€ฌแ€บแ€แ€„แ€บแ€šแ€ฑแ€ฌแ€€แ€บแ€ปแ€ฌแ€ธแŠแ€กแ€™แ€ปแ€ฌแ€ธแ€…แ€ฏแ€€แ€แ€ฑแ€ฌแ€ท Royalแ€œแ€ญแ€ฏแ€ทแ€แ€ฑแ€ซแ€บแ€€แ€ผแ€•แ€ฑแ€™แ€šแ€บแ€ท แ€แ€„แ€บแ€—แ€ปแ€ฌแ€ธแ€€แ€แ€ฑแ€ฌแ€ท แ€šแ€ฑแ€ฌแ€€แ€บแ€ปแ€ฌแ€ธแ€œแ€ญแ€ฏแ€ทแ€แ€ฑแ€ซแ€บแ€แ€ปแ€„แ€บแ€แ€ฑแ€ซแ€บแ€•แ€ฑแ€ซแ€ท" "แ€™แ€„แ€บแ€ธแ€ธแ€ธ" Zawgyi "แ€€แ€บแ€ณแ€•แ€นแ€”แ€ฌแ€™แ€Šแ€น แ€ฑแ€แ€ฌแ€นแ€แ€„แ€นแ€ฑแ€šแ€ฌแ€€แ€นแ€บแ€ฌแ€ธ...
156K 8K 33
Start date : 22.3.2023 แ€†แ€”แ€บแ€ธแ€€แ€ผแ€šแ€บแ€แ€ฒแ€ทแ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€™แ€ฑแ€แ€นแ€แ€ฌแ€แ€›แ€ฌแ€ธแ€แ€ฝแ€ฑแ€€แ€œแ€Šแ€บแ€ธ แ€œแ€ฑแ€ฌแ€€แ€€แ€ผแ€ฎแ€ธแ€›แ€ฒแ€ทแ€แ€…แ€บแ€…แ€ญแ€แ€บแ€แ€…แ€บแ€•แ€ญแ€ฏแ€„แ€บแ€ธแ€•แ€ฒแ€œแ€ญแ€ฏแ€ท แ€•แ€ผแ€ฑแ€ฌแ€›แ€„แ€บ แ€šแ€ฏแ€ถแ€€แ€ผแ€™แ€œแ€ฌแ€ธ...แ€กแ€žแ€ฝแ€„แ€บแ€™แ€แ€ฐแ€แ€ฒแ€ทแ€žแ€ฐแ€”แ€พแ€…แ€บแ€šแ€ฑแ€ฌแ€€แ€บแ€›แ€ฒแ€ทแ€แ€ปแ€…แ€บแ€แ€ผแ€„แ€บ...