ရိုမန္သည္ စခန္းသို႔ တေကြ့တပတ္လမ္းမွ ေနၿပီး အခ်ိန္ဆြဲကာ ျပန္လာခဲ့သည္ ။ ရီဗဲလ္က ရိုမန္သည္ သူ႔အား ဘာမွမလုပ္ဟု ေသခ်ာသြားသၫ့္အခ်ိန္တြင္ ရိုမန္အား အေသအခ်ာစိုက္ၾကၫ့္လိုက္သည္ ။ ေျဖာင့္ထင္းသၫ့္ မ်က္ခံုး ၊ ပါးလပ္သၫ့္ ႏူတ္ခမ္းတို႔ က မ်က္ႏွာထက္တြင္ အခ်ိဳးအစားက်ကာ ရိွေနကာ သိမ္းငွက္ကဲ့သို႔ စူးရွသၫ့္ မ်က္ဝန္းမ်ားက အရာအားလံုးကို ေဖာက္ထြင္းေတာ့အၫ့္အလားပင္ ။
သာမန္လူသားကဲ့သို႔ပင္ အင္အားမရိွစြာ ေမြးဖြားလာသၫ့္ သူက ငယ္ကတည္းက စြန႔္ပစ္ခံခဲ့ရသည္ ။ Vampire မ်ားက စြန႔္ပစ္ထားေသာ္လည္း အျခားမ်ိဳးႏြယ္စုမ်ား၏ အလိုေလာဘနဲ႔ အမဲလိုက္ျခင္းကို ခံေနခဲ့ရသည္ ။ ယေန့အထိ သူ႔အား ကာကြယ္ေပးသူ ဟူ၍ တစ္ေယာက္မွ မရိွခဲ့ေပ ။ werewolf မ်ား၏ လက္အတြင္း က်ေရာက္သြားခဲ့ခ်ိန္တြင္ သူ႔ဘဝသည္ အဆံုးသတ္သြားၿပီဟု ထင္ခဲ့ၿပီး ေမ်ွာ္လင့္ခ်က္ေသးေသးေလးပင္ မရိွခဲ့ေတာ့ေခ် ။
ဒီလူသည္ ရုတ္တရက္ထြက္ေပၚလာျခင္းနဲ႔အတူ သူ႔အေပၚတြင္ ႏူးညံ့စြာဆက္ဆံခဲ့သၫ့္ ပံုရိပ္က သူ႔စိတ္ကို လႈပ္ရွားသြားေစခဲ့သည္ ။ ေလာကႀကီးမွာ ဒီလိုေကာင္းတဲ့သူ လဲ ရိွပါေသးလား ဆိုသည္ကို သိရိွေစခဲ့ေသာ သူပင္ ။ ေလာကႀကီး၏ လွၫ့္စားမႈကို အမ်ိဳးမ်ိဳးခံေနရသၫ့္ သူ၏ ႏွလံုးသား အေမွာင္ဖံုးခါနီးအေျခအေနအား ကယ္တင္ခဲ့သၫ့္သူပင္ ။ ရိုမန္၏ လည္ပင္းအား ဖက္တြယ္ထားသၫ့္ လက္မ်ားက တင္းၾကပ္သြားခဲ့သည္ ။
" ျမန္သြားလို႔လား !!! ဒါဆိုျဖည္းျဖည္းဘဲ သြားၾကတာေပါ့ " ရိုမန္က အသာငံု႔ၾကၫ့္ကာ ေျပာလိုက္သည္ ။
" ကြၽန္ေတာ့္ကို ဘာလို႔ကယ္ခဲ့တာလဲ .. မ်ိဳး.. မ်ိဳးႏြယ္မတူဘူးေလ..." တြန႔္ဆုတ္ တြန႔္ဆုတ္ေမးလာသၫ့္ ေကာင္ေလး၏ ႏွာထိပ္ေလးအား အသဲယားစြာ ထိလိုက္ကာ ညင္သာစြာ ျပန္ေျဖလိုက္သည္ ။
" ကယ္ထိုက္တဲ့ သူမို႔လို႔ေပါ့ "
" Vampire.. ေတြက ဘာျဖစ္လို႔လဲ .. သူက ဘာမွအႏၲရယ္ မေပးႏိုင္ဘူး .. ကြၽန္ေတာ့္သူငယ္ခ်င္းပါ " ရီဗလ္က ျပန္မေျပာရေသးခင္ ၾကားလိုက္ရသၫ့္အသံေၾကာင့္ ေခါင္းေလးေထာင္ကာ ၾကၫ့္လိုက္သည္ ။ ရိုမန္က ေကာင္ေလး၏ အျပဳအမႈအား သေဘာတက်ရယ္လိုက္သည္ ။ ေၾကာက္တတ္တဲ့ ပံုစံေလးနဲ႔ သိခ်င္စိတ္ကလဲ ျပင္းျပေသးတယ္ ။
ရိုမန္၏ ရယ္သံေၾကာင့္ဘရီဗလ္က သတိျပန္ဝင္လာကာ မ်က္ႏွာမ်ား နီရဲသြားေလသည္။ သူက ေျပးစရာေျမလဲ မရိွသျဖင့္ ရိုမန္၏ ရင္ခြင္ထဲသာ ေခါင္းဖြတ္ထားလိုက္ေတာ့ငည္။
" ဒါေပမဲ့ .. ေခါင္းေဆာင္က " အဖြဲ႔သားတစ္ေယာက္က ေတြေဝစြာ ေျပာလိုက္သည္ ။ ရိုမန္၏ အေၾကာင္း သိထားသူမ်ားျဖစ္သည္နဲ႔အညီ သူတို႔ေခါင္းေဆာင္သည္ လူသားမ်ားကလြဲရင္ က်န္သၫ့္ မ်ိဳးႏြယ္မ်ားအား မုန္းတီးေရးဝါဒ လက္ကိုင္ထားသၫ့္ သူပင္ ။
ရိုးလ္ က လက္ေဝ႔ွယမ္းလိုက္ကာ " သခင္အက္စ္တြန္ ကို ကြၽန္ေတာ္ ေျပာလိုက္ပါ့မယ္.." ရိုးလ္၏ ယံုၾကည္မႈ အျပၫ့္ရိွသၫ့္ အသံေၾကာင့္ ျငင္းေနသၫ့္ သူမ်ားတိတ္သြားေလသည္ ။ ရိုမန္က ရိုးလ္ အား အလိုလိုက္မည္မွာ ေသခ်ာေသာေၾကာင့္ပင္ ။
" ငါ သေဘာတူတယ္.."
အေမွာင္ထဲမွ ထြက္လာသၫ့္အသံေၾကာင့္ လူတိုင္း သက္ျပင္းကိုယ္စီ ခ်လိုက္ၾကသည္ ။ သူတို႔ေခါင္းေဆာင္က တစ္ခ်က္ေလးေတာင္ မျငင္းပယ္ဘူးဘဲ ။
ရိုးလ္က လွၫ့္ၾကၫ့္လိုက္ကာ အရိုအေသေပးလိုက္သည္ ။ " သခင္အက္စ္တြန္ကို ေက်းဇူးတင္ပါတယ္ .. " ရိုးလ္၏ အျပဳအမႈအရ ရိုးလ္သည္ ရိုမန္ အား စည္းျခားထားေၾကာင္းသိႏိုင္ေလသည္ ။ သူတို႔က ေစ့စပ္ထားသူနဲ႔ နဲနဲမွမတူေခ် ။
" မလိုဘူး ... ဂ်က္!!! ငါ့ဆီကို ေဆးေသတၲာ ယူလာခဲ့.." ရိုမန္၏ အသံေၾကာင့္ တအံ့တဩ အၾကၫ့္မ်ားကို ခံစားလိုက္ရသည္ ။ အဖြဲ႔သားမ်ားက ရိုမန္လက္ထဲက အေကာင္ငယ္ေလးကို ေတြ့သၫ့္အခ်ိန္တြင္ သိခ်င္စိတ္ျပင္းျပလာေတာ့သည္ ။
" ကြၽန္ေတာ္!!! " ရိုးလ္၏ စကားက လမ္းတစ္ဝက္တြင္ ရပ္တန႔္သြားခဲ့သည္ ။ ရိုမန္၏ ရင္ခြင္ထဲတြင္ နစ္ဝင္ေနသၫ့္ ရီဗဲလ္ အား ခနၾကာေအာင္ ၾကၫ့္လိုက္ၿပီးမွ အၾကၫ့္လြဲလိုက္သည္ ။
ရိုမန္က ဘာေျဖရွင္းခ်က္မွ ေပးမေနဘဲ သူတို႔အား ေက်ာ္သြားလိုက္ေတာ့သည္ ။
" ေခါင္းေဆာင္.. ဘယ္ကို ယူလာရမွာပါလဲ " ဂ်က္ဟူသၫ့္အဖြဲ႔သားတစ္ေယာက္က စိတ္အားထက္သန္စြာ ေမးလိုက္သည္ ။
" ငါ့တဲထဲကို .." ဆိုသၫ့္ ရိုမန္၏ အေျဖေၾကာင့္ အဖြဲ႔သားမ်ားသည္ တေရးေရး တဝါးဝါး ျဖင့္ စေနာက္ကာက်န္ခဲ့ေလသည္ ။ ရိုးလ္ အေနာက္တြင္ ရပ္ေနသၫ့္ ရစ္ခ္်က ထိုလူမ်ားကို ၾကၫ့္ရင္း စိတ္ရႈပ္ေထြးသြားသည္ ။ ရိုမန္လက္ထဲက ေကာင္ေလးသည္လဲ Vampire မွန္း သိသာေနတာကို သူေနဖို႔က်ေတာ့ မနည္းေျပာရၿပီး ရိုမန္က် ဘာမျွပန္မေမးတဲ့အျပင္ အူျမဴးေနၾကေသးတယ္ ။
တဲထဲတြင္ ရီဗဲလ္အား အသာခ်လိုက္ကာ စုတ္ၿပဲေနၿပီ ျဖစ္သၫ့္ အဝတ္မ်ားကို ၾကၫ့္လိုက္သည္ ။ ရိုမန္က စိတ္ထဲမွ တံေတြးတစ္ခ်က္မ်ိဳခ်လိုက္ကာ အၾကၫ့္လြဲလိုက္သည္ ။
" အတြင္းဒဏ္ရာေတြ ရိွေသးလား "
" ဟင္အင့္ .." ရီဗဲလ္ သည္လည္း မ်က္ႏွာမ်ား နီရဲေနခဲ့ေလသည္ ။
" ဒါဆို .. အဝတ္အရင္လဲလိုက္ဦး .. ၿပီးရင္ ေဆးထၫ့္ေပးမယ္ " ရိုမန္က သူ႔အဝတ္အခ်ိဳ႕ကို ထုတ္ေပးကာ တဲအျပင္သို႔ ထြက္ေပးလိုက္သည္ ။
ခနအၾကာတြင္ ဂ်က္က ေရာက္လာခဲ့ၿပီး စူးစမ္းသၫ့္ပံုစံလုပ္ကာ " ေခါင္းေဆာင္.. အဖြဲ႔သားေတြက သိခ်င္စိတ္ျပင္းျပေနၾကၿပီ...အာ့.."
ရိုမန္က ေနာက္ေစ့အား ရိုက္လိုက္ကာ " ဘာသိခ်င္သိခ်င္ သိထားဖို႔လိုတာက .. ဒီေကာင္ေလးကို မထိဖို႔ဘဲ .. " ရိုမန္၏ ေအးစက္စက္ အသံေၾကာင့္ ဂ်က္က ေခါင္းတညိတ္ညိတ္လုပ္ကာ " နားလည္ပါၿပီ.. ဒီေကာင္ေလးက ေခါင္းေဆာင္အတြက္ ဆိုတာကို ေျပာထားလိုက္ပါ့မယ္ " ဟု ဆိုၿပီး ထြက္သြားေတာ့သည္ ။
ရိုမန္က တဲထဲျပန္ဝင္လာခဲ့သည္ ။ " ဒီေကာင္ေတြက အဲ့တိုင္းဘဲ စိတ္ထဲ မထားနဲ႔ေနာ္ " သူက ရီဗဲလ္ အား ၾကၫ့္လိုက္ခ်ိန္တြင္ အဝတ္ပံုထဲတြင္ ျမဳပ္ေနသလို ျဖစ္ေနသၫ့္ ရီဗဲလ္ေၾကာင့္ ခပ္ဟဟရယ္လိုက္မိသည္ ။
" ရီ.. လာ ေဆးလိမ္းရေအာင္ " ရိုမန္က ၿပံဳးကာ ေျခေထာက္ေလးကို အသာကိုင္လိုက္သည္ ။ သူ႔အားတားလာသၫ့္ လက္ေၾကာင့္ ဘာလဲဟူသၫ့္ အၾကၫ့္တခ်က္ျပန္ေပးလိုက္သည္ ။
" ကိုယ့္.. ဘာသာ လုပ္ပါ့မယ္ " ရီဗဲလ္က ေဆးဗူးအား ယူရန္ လက္လွမ္းလိုက္ခ်ိန္ ရိုမန္က ေကာင္ေလး၏ ေျခေထာက္အား ကြၽမ္းက်င္စြာဆြဲယူလိုက္သည္ ။ ေဘာင္းဘီသည္ အေတာ္ရွည္ေနသျဖင့္ ရိုမန္က အသာေခါက္တင္ကာ ေဆးလိမ္းျခင္းကို စတင္လိုက္သည္ ။
" ဒီေဆးက ေတာ္ေတာ္ေကာင္းတယ္ .. လိမ္းၿပီးရင္ မနာေတာ့ဘူးေနာ္ .." ခပ္ဖြဖြ ေျပာကာ ညင္သာစြာ လိမ္းက်ံေပးေနျခင္းေၾကာင့္ ရီဗဲလ္သည္ ရိုမန္အား ေငးခနဲ ျဖစ္သြားသည္။အျပာေရာင္ မ်က္ဝန္းေလးမ်ားသည္ နီရဲလာကာ မ်က္ရည္စမ်ား ခိုတြဲလာသည္ ။ ခ်စ္သူ၏ ခံစားခ်က္နဲ႔ဆိုလ်ွင္ အၿမဲသတိထားတတ္သၫ့္ ရိုမန္က ခ်က္ခ်င္း သတိျပဳမိလိုက္သည္ ။
မ်က္ရည္စမ်ားကို သုတ္ေပးရန္လက္လွမ္းလိုက္ခ်ိန္တြင္ လက္ေလးမ်ားက ျပန္လည္ဆုပ္ကိုင္လာသည္ ။ ထိုဆုပ္ကိုင္မႈတြင္ ေျပာမထြက္သၫ့္ ေက်းဇူးတင္မႈ ၊ ဝမ္းသာၾကည္ႏူးမႈ တို႔ကို ရိုမန္က ခံစားမိခဲ့သည္ ။ ဒီလူသားေလးသည္ အခ်ိန္အၾကာႀကီး အထီးက်န္ေနခဲ့သၫ့္ပံုပင္ ။
" ေတာင္းပန္ပါတယ္.. ကိုယ္လာတာ ေနာက္က်သြားတယ္"
________________________
" ကြၽန္ေတာ္တို႔ werewolf ေခါင္းေဆာင္နဲ႔ တိုက္ေနတုန္း ရိုးလ္တို႔ ေရာက္လာၿပီး ဝင္ကူတာပါ .. အဲ့ေကာင္ေလးက ေတာ္ေတာ္ေလး အင္အားရိွတယ္ " အဖြဲ႔သားတစ္ေယာက္၏ အစီရင္ခံစာေၾကာင့္ မီးပံုေဘးတြင္ ေျဖာင့္မတ္သၫ့္ ကိုယ္ေနဟန္ထားျဖင့္ ထိုင္ေနသၫ့္ ရစ္ခ္်ကိုးလ္ အား ၾကၫ့္လိုက္သည္ ။
" ေခါင္းေဆာင္.. ကြၽန္ေတာ္တို႔ သူ႔ကို ေမာင္းထုတ္ .."
ရိုမန္က လက္ကာျပလိုက္ကာ " သူ႔ကို အာရံုစိုက္မေနနဲ႔ .. ငါတို႔အတြက္ အေရးႀကီးတဲ့ ကိစၥ ရိွတယ္ဆိုတာဘဲ သတိေပးထား .. " ထိုအခ်ိန္တြင္ သူ႔အၾကၫ့္က တဲဘက္သို႔ ေရာက္သြားကာ ရပ္တန႔္သြားခဲ့သည္ ။ ေခါင္းေလးျပဴတစ္ျပဴတစ္လုပ္ကာ ေခ်ာင္းၾကၫ့္ေနပံုက .. ခ်စ္စရာေကာင္းလွသျဖင့္ ရိုမန္က ၿပံဳးမိသြားသည္ ။ တနည္းအားျဖင့္ ရိုမန္၏ အၿပံဳးေၾကာင့္ သူ႔အား ၾကၫ့္ေနသၫ့္ လူမ်ား ေတာင့္တင္းသြားေလသည္ ။
သူတို႔၏ အၾကၫ့္က ရီဗဲလ္ထံေရာက္သြားခ်ိန္ ထိုခ်စ္စရာေကာင္းလွသၫ့္ အမႈအရာေၾကာင့္ ေခါင္းညိတ္လိုက္မိသည္ ။ မထူးဆန္းဘူး .. လံုးဝမထူးဆန္းဘူး သူတို႔ေခါင္းေဆာင္ က်ရႈံးသြားတာ နဲနဲမွ မထူးဆန္းဘူး ။
" ဒီကိုလာခဲ့ ..." ရိုမန္၏ စကားေၾကာင့္ ရီဗဲလ္ က သူ႔ကိုယ္သူ ျပန္လက္ညိုးထိုးကာ အတည္ျပဳလိုက္သည္ ။ ရိုမန္က ေနာက္တႀကိမ္ေခါင္းၿငိမ့္လိုက္မွသာ သူက တဲထဲမွ ေျဖးညင္းစြာ ထြက္လာၿပီး ရိုမန္ထံ လစ္ခနဲ ေျပးလာခဲ့ၿပီး သစ္တံုးေပၚထိုင္ေနသၫ့္ ရိုမန္ေဘးနားတြင္ ရပ္လိုက္ေလသည္ ။
ဖရိုဖရဲ ျဖစ္ေနသၫ့္ အဝတ္မ်ားနဲ႔အတူ ထိုခ်စ္စဖြယ္ အျပဳအမႈက လူအားလံုး၏ အေကာင္းျမင္မႈကို ေအာင္ျမင္စြာ ရရိွသြားေလသည္ ။ အဖြဲ႔သားမ်ား၏ တိတ္တဆိတ္လုပ္ထားသၫ့္ မဲေပးစရင္းတြင္ ရီဗဲလ္က အမွတ္ရသြားေတာ့သည္ ။
ဘုတ္!!!
ရိုမန္က ရီဗဲလ္၏ ခါးမွဆြဲခ်လိုက္ကာ သူ႔ေပါင္ေပၚသို႔ ထိုင္ေစလိုက္သည္ ။ " ဒဏ္ရာေတြနဲ႔ .. သိပ္မလႈပ္ရွားနဲ႔ " ဟူသၫ့္စကားေၾကာင့္ ျပန္ထရန္ျပင္ေနသၫ့္ ရီဗဲလ္က တန႔္သြားေတာ့သည္ ။ ရိုမန္၏ လက္က ေသးသြယ္သၫ့္ ခါးထက္တြင္ ရိွေနကာ အဖြဲ႔သားမ်ားကို ၾကၫ့္လိုက္သည္ ။
" သူ႔နာမည္က ရီဗဲလ္ လို႔ေခၚတယ္.. ငါ့ရဲ့လူ " သူက စကားအရွည္ႀကီး မေျပာခဲ့ေသာ္လည္း သေဘာေပါက္ၾကေလသည္ ။ ဒီေကာင္ေလးကိုထိရင္ သူနဲ႔ၿငိမယ္ဟု ေျပာေနျခင္း မဟုတ္ပါလား ။ အဖြဲ႔သားမ်ားက တညီတၫႊတ္ထဲ ေခါင္းၿငိမ့္ကာ ရီဗဲလ္အား ႏူတ္ဆက္လိုက္သည္ ။
" မဂၤလာပါ .. မရီး !!!! " မ်က္လံုးျပဴးက်ယ္စြာ ၾကၫ့္လာသၫ့္ ရီဗဲလ္ေၾကာင့္ ရိုမန္ကာ အဖြဲ႔သားမ်ားအား ဂရုမစိုက္ေတာ့ဘဲ ရီဗဲလ္ အား ေပြ့ခ်ီလိုက္ကာ " မနက္ျဖန္လုပ္ရမဲ့ ကိစၥၿပီးရင္ အဖြဲ႔အစည္းကို ျပန္မယ္ .. အခ်ိန္ျဖဳန္းမေနၾကနဲ႔ .. "
____________________
Unicode
ရိုမန်သည် စခန်းသို့ တကွေ့တပတ်လမ်းမှ နေပြီး အချိန်ဆွဲကာ ပြန်လာခဲ့သည် ။ ရီဗဲလ်က ရိုမန်သည် သူ့အား ဘာမှမလုပ်ဟု သေချာသွားသည့်အချိန်တွင် ရိုမန်အား အသေအချာစိုက်ကြည့်လိုက်သည် ။ ဖြောင့်ထင်းသည့် မျက်ခုံး ၊ ပါးလပ်သည့် နူတ်ခမ်းတို့ က မျက်နှာထက်တွင် အချိုးအစားကျကာ ရှိနေကာ သိမ်းငှက်ကဲ့သို့ စူးရှသည့် မျက်ဝန်းများက အရာအားလုံးကို ဖောက်ထွင်းတော့အည့်အလားပင် ။
သာမန်လူသားကဲ့သို့ပင် အင်အားမရှိစွာ မွေးဖွားလာသည့် သူက ငယ်ကတည်းက စွန့်ပစ်ခံခဲ့ရသည် ။ Vampire များက စွန့်ပစ်ထားသော်လည်း အခြားမျိုးနွယ်စုများ၏ အလိုလောဘနဲ့ အမဲလိုက်ခြင်းကို ခံနေခဲ့ရသည် ။ ယနေ့အထိ သူ့အား ကာကွယ်ပေးသူ ဟူ၍ တစ်ယောက်မှ မရှိခဲ့ပေ ။ werewolf များ၏ လက်အတွင်း ကျရောက်သွားခဲ့ချိန်တွင် သူ့ဘဝသည် အဆုံးသတ်သွားပြီဟု ထင်ခဲ့ပြီး မျှော်လင့်ချက်သေးသေးလေးပင် မရှိခဲ့တော့ချေ ။
ဒီလူသည် ရုတ်တရက်ထွက်ပေါ်လာခြင်းနဲ့အတူ သူ့အပေါ်တွင် နူးညံ့စွာဆက်ဆံခဲ့သည့် ပုံရိပ်က သူ့စိတ်ကို လှုပ်ရှားသွားစေခဲ့သည် ။ လောကကြီးမှာ ဒီလိုကောင်းတဲ့သူ လဲ ရှိပါသေးလား ဆိုသည်ကို သိရှိစေခဲ့သော သူပင် ။ လောကကြီး၏ လှည့်စားမှုကို အမျိုးမျိုးခံနေရသည့် သူ၏ နှလုံးသား အမှောင်ဖုံးခါနီးအခြေအနေအား ကယ်တင်ခဲ့သည့်သူပင် ။ ရိုမန်၏ လည်ပင်းအား ဖက်တွယ်ထားသည့် လက်များက တင်းကြပ်သွားခဲ့သည် ။
" မြန်သွားလို့လား !!! ဒါဆိုဖြည်းဖြည်းဘဲ သွားကြတာပေါ့ " ရိုမန်က အသာငုံ့ကြည့်ကာ ပြောလိုက်သည် ။
" ကျွန်တော့်ကို ဘာလို့ကယ်ခဲ့တာလဲ .. မျိုး.. မျိုးနွယ်မတူဘူးလေ..." တွန့်ဆုတ် တွန့်ဆုတ်မေးလာသည့် ကောင်လေး၏ နှာထိပ်လေးအား အသဲယားစွာ ထိလိုက်ကာ ညင်သာစွာ ပြန်ဖြေလိုက်သည် ။
" ကယ်ထိုက်တဲ့ သူမို့လို့ပေါ့ "
" Vampire.. တွေက ဘာဖြစ်လို့လဲ .. သူက ဘာမှအန္တရယ် မပေးနိုင်ဘူး .. ကျွန်တော့်သူငယ်ချင်းပါ " ရီဗလ်က ပြန်မပြောရသေးခင် ကြားလိုက်ရသည့်အသံကြောင့် ခေါင်းလေးထောင်ကာ ကြည့်လိုက်သည် ။ ရိုမန်က ကောင်လေး၏ အပြုအမှုအား သဘောတကျရယ်လိုက်သည် ။ ကြောက်တတ်တဲ့ ပုံစံလေးနဲ့ သိချင်စိတ်ကလဲ ပြင်းပြသေးတယ် ။
ရိုမန်၏ ရယ်သံကြောင့်ဘရီဗလ်က သတိပြန်ဝင်လာကာ မျက်နှာများ နီရဲသွားလေသည်။ သူက ပြေးစရာမြေလဲ မရှိသဖြင့် ရိုမန်၏ ရင်ခွင်ထဲသာ ခေါင်းဖွတ်ထားလိုက်တော့ငည်။
" ဒါပေမဲ့ .. ခေါင်းဆောင်က " အဖွဲ့သားတစ်ယောက်က တွေဝေစွာ ပြောလိုက်သည် ။ ရိုမန်၏ အကြောင်း သိထားသူများဖြစ်သည်နဲ့အညီ သူတို့ခေါင်းဆောင်သည် လူသားများကလွဲရင် ကျန်သည့် မျိုးနွယ်များအား မုန်းတီးရေးဝါဒ လက်ကိုင်ထားသည့် သူပင် ။
ရိုးလ် က လက်ဝှေ့ယမ်းလိုက်ကာ " သခင်အက်စ်တွန် ကို ကျွန်တော် ပြောလိုက်ပါ့မယ်.." ရိုးလ်၏ ယုံကြည်မှု အပြည့်ရှိသည့် အသံကြောင့် ငြင်းနေသည့် သူများတိတ်သွားလေသည် ။ ရိုမန်က ရိုးလ် အား အလိုလိုက်မည်မှာ သေချာသောကြောင့်ပင် ။
" ငါ သဘောတူတယ်.."
အမှောင်ထဲမှ ထွက်လာသည့်အသံကြောင့် လူတိုင်း သက်ပြင်းကိုယ်စီ ချလိုက်ကြသည် ။ သူတို့ခေါင်းဆောင်က တစ်ချက်လေးတောင် မငြင်းပယ်ဘူးဘဲ ။
ရိုးလ်က လှည့်ကြည့်လိုက်ကာ အရိုအသေပေးလိုက်သည် ။ " သခင်အက်စ်တွန်ကို ကျေးဇူးတင်ပါတယ် .. " ရိုးလ်၏ အပြုအမှုအရ ရိုးလ်သည် ရိုမန် အား စည်းခြားထားကြောင်းသိနိုင်လေသည် ။ သူတို့က စေ့စပ်ထားသူနဲ့ နဲနဲမှမတူချေ ။
" မလိုဘူး ... ဂျက်!!! ငါ့ဆီကို ဆေးသေတ္တာ ယူလာခဲ့.." ရိုမန်၏ အသံကြောင့် တအံ့တဩ အကြည့်များကို ခံစားလိုက်ရသည် ။ အဖွဲ့သားများက ရိုမန်လက်ထဲက အကောင်ငယ်လေးကို တွေ့သည့်အချိန်တွင် သိချင်စိတ်ပြင်းပြလာတော့သည် ။
" ကျွန်တော်!!! " ရိုးလ်၏ စကားက လမ်းတစ်ဝက်တွင် ရပ်တန့်သွားခဲ့သည် ။ ရိုမန်၏ ရင်ခွင်ထဲတွင် နစ်ဝင်နေသည့် ရီဗဲလ် အား ခနကြာအောင် ကြည့်လိုက်ပြီးမှ အကြည့်လွဲလိုက်သည် ။
ရိုမန်က ဘာဖြေရှင်းချက်မှ ပေးမနေဘဲ သူတို့အား ကျော်သွားလိုက်တော့သည် ။
" ခေါင်းဆောင်.. ဘယ်ကို ယူလာရမှာပါလဲ " ဂျက်ဟူသည့်အဖွဲ့သားတစ်ယောက်က စိတ်အားထက်သန်စွာ မေးလိုက်သည် ။
" ငါ့တဲထဲကို .." ဆိုသည့် ရိုမန်၏ အဖြေကြောင့် အဖွဲ့သားများသည် တရေးရေး တဝါးဝါး ဖြင့် စနောက်ကာကျန်ခဲ့လေသည် ။ ရိုးလ် အနောက်တွင် ရပ်နေသည့် ရစ်ခ်ျက ထိုလူများကို ကြည့်ရင်း စိတ်ရှုပ်ထွေးသွားသည် ။ ရိုမန်လက်ထဲက ကောင်လေးသည်လဲ Vampire မှန်း သိသာနေတာကို သူနေဖို့ကျတော့ မနည်းပြောရပြီး ရိုမန်ကျ ဘာမြှပန်မမေးတဲ့အပြင် အူမြူးနေကြသေးတယ် ။
တဲထဲတွင် ရီဗဲလ်အား အသာချလိုက်ကာ စုတ်ပြဲနေပြီ ဖြစ်သည့် အဝတ်များကို ကြည့်လိုက်သည် ။ ရိုမန်က စိတ်ထဲမှ တံတွေးတစ်ချက်မျိုချလိုက်ကာ အကြည့်လွဲလိုက်သည် ။
" အတွင်းဒဏ်ရာတွေ ရှိသေးလား "
" ဟင်အင့် .." ရီဗဲလ် သည်လည်း မျက်နှာများ နီရဲနေခဲ့လေသည် ။
" ဒါဆို .. အဝတ်အရင်လဲလိုက်ဦး .. ပြီးရင် ဆေးထည့်ပေးမယ် " ရိုမန်က သူ့အဝတ်အချို့ကို ထုတ်ပေးကာ တဲအပြင်သို့ ထွက်ပေးလိုက်သည် ။
ခနအကြာတွင် ဂျက်က ရောက်လာခဲ့ပြီး စူးစမ်းသည့်ပုံစံလုပ်ကာ " ခေါင်းဆောင်.. အဖွဲ့သားတွေက သိချင်စိတ်ပြင်းပြနေကြပြီ...အာ့.."
ရိုမန်က နောက်စေ့အား ရိုက်လိုက်ကာ " ဘာသိချင်သိချင် သိထားဖို့လိုတာက .. ဒီကောင်လေးကို မထိဖို့ဘဲ .. " ရိုမန်၏ အေးစက်စက် အသံကြောင့် ဂျက်က ခေါင်းတညိတ်ညိတ်လုပ်ကာ " နားလည်ပါပြီ.. ဒီကောင်လေးက ခေါင်းဆောင်အတွက် ဆိုတာကို ပြောထားလိုက်ပါ့မယ် " ဟု ဆိုပြီး ထွက်သွားတော့သည် ။
ရိုမန်က တဲထဲပြန်ဝင်လာခဲ့သည် ။ " ဒီကောင်တွေက အဲ့တိုင်းဘဲ စိတ်ထဲ မထားနဲ့နော် " သူက ရီဗဲလ် အား ကြည့်လိုက်ချိန်တွင် အဝတ်ပုံထဲတွင် မြုပ်နေသလို ဖြစ်နေသည့် ရီဗဲလ်ကြောင့် ခပ်ဟဟရယ်လိုက်မိသည် ။
" ရီ.. လာ ဆေးလိမ်းရအောင် " ရိုမန်က ပြုံးကာ ခြေထောက်လေးကို အသာကိုင်လိုက်သည် ။ သူ့အားတားလာသည့် လက်ကြောင့် ဘာလဲဟူသည့် အကြည့်တချက်ပြန်ပေးလိုက်သည် ။
" ကိုယ့်.. ဘာသာ လုပ်ပါ့မယ် " ရီဗဲလ်က ဆေးဗူးအား ယူရန် လက်လှမ်းလိုက်ချိန် ရိုမန်က ကောင်လေး၏ ခြေထောက်အား ကျွမ်းကျင်စွာဆွဲယူလိုက်သည် ။ ဘောင်းဘီသည် အတော်ရှည်နေသဖြင့် ရိုမန်က အသာခေါက်တင်ကာ ဆေးလိမ်းခြင်းကို စတင်လိုက်သည် ။
" ဒီဆေးက တော်တော်ကောင်းတယ် .. လိမ်းပြီးရင် မနာတော့ဘူးနော် .." ခပ်ဖွဖွ ပြောကာ ညင်သာစွာ လိမ်းကျံပေးနေခြင်းကြောင့် ရီဗဲလ်သည် ရိုမန်အား ငေးခနဲ ဖြစ်သွားသည်။အပြာရောင် မျက်ဝန်းလေးများသည် နီရဲလာကာ မျက်ရည်စများ ခိုတွဲလာသည် ။ ချစ်သူ၏ ခံစားချက်နဲ့ဆိုလျှင် အမြဲသတိထားတတ်သည့် ရိုမန်က ချက်ချင်း သတိပြုမိလိုက်သည် ။
မျက်ရည်စများကို သုတ်ပေးရန်လက်လှမ်းလိုက်ချိန်တွင် လက်လေးများက ပြန်လည်ဆုပ်ကိုင်လာသည် ။ ထိုဆုပ်ကိုင်မှုတွင် ပြောမထွက်သည့် ကျေးဇူးတင်မှု ၊ ဝမ်းသာကြည်နူးမှု တို့ကို ရိုမန်က ခံစားမိခဲ့သည် ။ ဒီလူသားလေးသည် အချိန်အကြာကြီး အထီးကျန်နေခဲ့သည့်ပုံပင် ။
" တောင်းပန်ပါတယ်.. ကိုယ်လာတာ နောက်ကျသွားတယ်"
________________________
" ကျွန်တော်တို့ werewolf ခေါင်းဆောင်နဲ့ တိုက်နေတုန်း ရိုးလ်တို့ ရောက်လာပြီး ဝင်ကူတာပါ .. အဲ့ကောင်လေးက တော်တော်လေး အင်အားရှိတယ် " အဖွဲ့သားတစ်ယောက်၏ အစီရင်ခံစာကြောင့် မီးပုံဘေးတွင် ဖြောင့်မတ်သည့် ကိုယ်နေဟန်ထားဖြင့် ထိုင်နေသည့် ရစ်ခ်ျကိုးလ် အား ကြည့်လိုက်သည် ။
" ခေါင်းဆောင်.. ကျွန်တော်တို့ သူ့ကို မောင်းထုတ် .."
ရိုမန်က လက်ကာပြလိုက်ကာ " သူ့ကို အာရုံစိုက်မနေနဲ့ .. ငါတို့အတွက် အရေးကြီးတဲ့ ကိစ္စ ရှိတယ်ဆိုတာဘဲ သတိပေးထား .. " ထိုအချိန်တွင် သူ့အကြည့်က တဲဘက်သို့ ရောက်သွားကာ ရပ်တန့်သွားခဲ့သည် ။ ခေါင်းလေးပြူတစ်ပြူတစ်လုပ်ကာ ချောင်းကြည့်နေပုံက .. ချစ်စရာကောင်းလှသဖြင့် ရိုမန်က ပြုံးမိသွားသည် ။ တနည်းအားဖြင့် ရိုမန်၏ အပြုံးကြောင့် သူ့အား ကြည့်နေသည့် လူများ တောင့်တင်းသွားလေသည် ။
သူတို့၏ အကြည့်က ရီဗဲလ်ထံရောက်သွားချိန် ထိုချစ်စရာကောင်းလှသည့် အမှုအရာကြောင့် ခေါင်းညိတ်လိုက်မိသည် ။ မထူးဆန်းဘူး .. လုံးဝမထူးဆန်းဘူး သူတို့ခေါင်းဆောင် ကျရှုံးသွားတာ နဲနဲမှ မထူးဆန်းဘူး ။
" ဒီကိုလာခဲ့ ..." ရိုမန်၏ စကားကြောင့် ရီဗဲလ် က သူ့ကိုယ်သူ ပြန်လက်ညိုးထိုးကာ အတည်ပြုလိုက်သည် ။ ရိုမန်က နောက်တကြိမ်ခေါင်းငြိမ့်လိုက်မှသာ သူက တဲထဲမှ ဖြေးညင်းစွာ ထွက်လာပြီး ရိုမန်ထံ လစ်ခနဲ ပြေးလာခဲ့ပြီး သစ်တုံးပေါ်ထိုင်နေသည့် ရိုမန်ဘေးနားတွင် ရပ်လိုက်လေသည် ။
ဖရိုဖရဲ ဖြစ်နေသည့် အဝတ်များနဲ့အတူ ထိုချစ်စဖွယ် အပြုအမှုက လူအားလုံး၏ အကောင်းမြင်မှုကို အောင်မြင်စွာ ရရှိသွားလေသည် ။ အဖွဲ့သားများ၏ တိတ်တဆိတ်လုပ်ထားသည့် မဲပေးစရင်းတွင် ရီဗဲလ်က အမှတ်ရသွားတော့သည် ။
ဘုတ်!!!
ရိုမန်က ရီဗဲလ်၏ ခါးမှဆွဲချလိုက်ကာ သူ့ပေါင်ပေါ်သို့ ထိုင်စေလိုက်သည် ။ " ဒဏ်ရာတွေနဲ့ .. သိပ်မလှုပ်ရှားနဲ့ " ဟူသည့်စကားကြောင့် ပြန်ထရန်ပြင်နေသည့် ရီဗဲလ်က တန့်သွားတော့သည် ။ ရိုမန်၏ လက်က သေးသွယ်သည့် ခါးထက်တွင် ရှိနေကာ အဖွဲ့သားများကို ကြည့်လိုက်သည် ။
" သူ့နာမည်က ရီဗဲလ် လို့ခေါ်တယ်.. ငါ့ရဲ့လူ " သူက စကားအရှည်ကြီး မပြောခဲ့သော်လည်း သဘောပေါက်ကြလေသည် ။ ဒီကောင်လေးကိုထိရင် သူနဲ့ငြိမယ်ဟု ပြောနေခြင်း မဟုတ်ပါလား ။ အဖွဲ့သားများက တညီတညွှတ်ထဲ ခေါင်းငြိမ့်ကာ ရီဗဲလ်အား နူတ်ဆက်လိုက်သည် ။
" မင်္ဂလာပါ .. မရီး !!!! " မျက်လုံးပြူးကျယ်စွာ ကြည့်လာသည့် ရီဗဲလ်ကြောင့် ရိုမန်ကာ အဖွဲ့သားများအား ဂရုမစိုက်တော့ဘဲ ရီဗဲလ် အား ပွေ့ချီလိုက်ကာ " မနက်ဖြန်လုပ်ရမဲ့ ကိစ္စပြီးရင် အဖွဲ့အစည်းကို ပြန်မယ် .. အချိန်ဖြုန်းမနေကြနဲ့ .. "
____________________