ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

858K 123K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.4.2

4.1K 624 130
By devil61002

ေတာနက္ထဲတြင္ အနက္ေရာင္အရိပ္မ်ား တရိပ္ရိပ္ျဖင့္ ျဖတ္ေျပးေနခဲ့သည္ ။ လ်င္ျမန္‌လြန္းေသာေၾကာင့္ သာမန္ မ်က္လံုးျဖင့္ မျမင္ႏိုင္ေပ ။

" ေခါင္းေဆာင္!! ဒီတစ္ခါေတာ့ တကယ္ပြတာဘဲ ဒီေလာက္အရည္အေသြးေကာင္းတဲ့ ေသြးသန႔္ vampire ကို ရွာေတြ့ခဲ့တယ္" ဝံပုေလြ တစ္ေကာင္က ရြင္ျမဴးစြာ အူလိုက္ကာ ေျပာလိုက္သည္ ။

အေကာင္အထည္ ႀကီးမားသၫ့္ ဝံပုေလြ က " စိတ္ကူးေတာင္ မယဉ္နဲ႔ ဒါက မ်ိဳးႏြယ္စု ေခါင္းေဆာင္အတြက္ .. " သူတို႔ ေျပာေနစဉ္ပင္ က်ယ္ေလာင္သၫ့္ ေသနတ္သံကို ၾကားလိုက္ရသည္ ။

ဒိုင္း!!! ဒိုင္း!!! ဒိုင္း!!!

ဆက္တိုက္ပစ္ခတ္သံက werewolf သံုးေကာင္၏ အသက္အား ႏူတ္ယူသြားခဲ့သည္ ။ အေရ႔ွဆံုးတြင္ ေျပးလႊားေနသၫ့္ ေခါင္းေဆာင္က ေတာနက္ထဲမွ ခပ္ေျဖးေျဖးေလ်ွာက္လာသၫ့္ ရိုမန္ အား ျမင္သြားကာ က်ိန္ဆဲလိုက္မိသည္။

" ေသာက္ေခြး!!! ရိုမန္ဟ အဖြဲ႔ခြဲမယ္ !!!!! "

werewolf မ်ားသည္ ေလ့က်င့္ထားသၫ့္အလား ခ်က္ခ်င္း ခြဲေျပးသြားေလသည္ ။ ပံုမွန္ဆို ရိုမန္က အၿမဲ ေခါင္းေဆာင္ကိုသာ တာဝန္ယူတိုက္ခိုက္တတ္သည္ဟု အမည္ရိွေသာေၾကာင့္ပင္ ။ werewolf ေခါင္းေဆာင္သည္ ေနခဲ့ကာ ရိုမန္နဲ႔ တိုက္ခိုက္ရန္ မာန္မဲလိုက္သည္ ။ ထိုအခ်ိန္တြင္ ရိုမန္၏ အၾကၫ့္က လင္းလက္သြားကာ ခြဲေျပးသြားသၫ့္ ဝံပုေလြမ်ားထံေရာက္သြားခဲ့သည္ ။

" ငါ တစ္ေယာက္တည္း လိုက္သြားမယ္ " ရိုမန္က လက္ကာျပလိုက္ကာ ျပန္ေျဖသည္ကိုပင္ မေစာင့္ေတာ့ဘဲ အရိပ္ကဲ့သို႔ ေပ်ာက္ကြယ္သြားသည္ ။ werewolf ေခါင္းေဆာင္နဲ႔ အဖြဲ႔သားမ်ားမွာ ပါးစပ္ဟလ်က္ ေျပာခ်င္တာ မေျပာလိုက္ရဘဲ က်န္ရစ္ခဲ့ေလသည္ ။ werewolf ေခါင္းေဆာင္က အလ်င္အျမန္ လိုက္ရန္ ျပင္ေသာ္လည္း ရိုမန္ ၏ အဖြဲ႔သား မ်ားက တားဆီးလိုက္သည္ ။

ေတာနက္ထဲတြင္ ရိုမန္က သစ္ပင္မ်ားကို ခုန္ကူးလ်က္ အသာလိုက္လာခဲ့သည္။ အျခားသူမ်ားက werewolf မ်ား၏ အရိွန္ကို မမီႏိုင္ေသာ္လည္း သူ႔အတြက္ အသာေလးပင္ ။ ရိုမန္သည္ ထူးျခားသၫ့္ စြမ္းရည္ကို ႏိုးထ ထားျခင္းေၾကာင့္ပင္ ။ သူ႔စြမ္းရည္၏ အမ်ိဳးအစားအား မည္သူမွ မခြဲျခားႏိုင္ၾကေပ ။ ေသခ်ာသည္ကေတာ့ ရိုမန္အား မည္သူမွ အႏိုင္မတိုက္‌ႏိုင္ေၾကာင္းပင္ ။

သူက အရိွန္ကို ျမင့္လိုက္ကာ werewolf မ်ားအေရ႔ွသို႔ ေရာက္သြားခဲ့သည္ ။ လက္ႏွစ္ဖက္စလံုးမွ ေသနတ္ႏွစ္လက္သည္ သူ႔လက္ထဲတြင္ အႏိုင္းမဲ့ လက္နက္အလား ဆက္တိုက္ သတ္ျဖတ္လိုက္ေလသည္ ။

ဒိုင္း!!!

ေနာက္ဆံုးတစ္ခ်က္ပစ္လိုက္ကာ ေသနတ္ကို လွၫ့္လိုက္ၿပီး ခါးပတ္ထဲသို႔ ျပန္ထၫ့္လိုက္သည္ ။ ေနာက္ဆံုးက်န္သၫ့္ werewolf သည္ သံႀကိဳးခတ္ထားသၫ့္ ေကာင္ေလးအား ေရ႔ွတြင္ ကာလ်က္ ဆက္တိုက္ေနာက္ဆုတ္ေနသည္ ။

ဝွီ!!!

ေလတစ္ခ်က္အေဝ႔ွတြင္ werewolf ၏အေရ႔ွမွ ရိုမန္က ေပ်ာက္သြားသျဖင့္ ပ်ာယာခတ္သြားခ်ိန္ လည္ပင္းမွ ေအးစက္စက္ခံစားလိုက္ရၿပီး ခံစားခ်က္မဲ့သၫ့္ အသံကိုၾကားလိုက္ရသည္ ။ " werewolf ေတြရဲ့ စြမ္းအားက အနီးကပ္တိုက္ခိုက္တာဘဲ ေနာက္ကြယ္မွာ ပုန္းတာ မဟုတ္ဘူး .. ဒီသခင္ကို စိတ္ပ်က္ေစတာဘဲ .." စကားဆံုးတြင္ လည္ပင္းသည္ လွီးျဖတ္ခံလိုက္ရကာ အသက္မဲ့သြားေတာ့သည္ ။

ခြၽင္!!! ခြၽင္!!!

werewolf လက္မွ လြတ္သြားသၫ့္ ေကာင္ေလးသည္ ေၾကာက္ရြံ႔စြာ ေနာက္ဆုတ္လိုက္သျဖင့္ ေျခေထာက္နဲ႔ လက္တြင္ ခတ္ထားသၫ့္ သံႀကိဳးမွ တခြၽင္ခြၽင္ ျမည္သံထြက္လာေတာ့သည္ ။

ရိုမန္က ထိုေကာင္ေလးအား ၾကၫ့္ကာ ေအးစက္စက္မ်က္ႏွာထက္တြင္ အၿပံဳးတစ္ခု ေပၚလာေလသည္။ ' ကံၾကမၼာက မ်က္ႏွာသာ ေပးတာဘဲ .. ခ်က္ခ်င္းကို ရွာေတြ့တယ္ '

ဘုတ္!!!

သူက ေကာင္ေလး၏ အေရ႔ွသို႔သြားကာ မုဆိုးဒူးေထာက္ ထိုင္ခ်လိုက္သည္ ။ မ်က္လံုးျပာျပာေလးကို အုပ္ေနသၫ့္ ဆံစေလးမ်ားကို အသာဖယ္ေပးရန္ လက္လွမ္းလိုက္ခ်ိန္ ထိုေကာင္ေလးသည္ မ်က္ႏွာလြဲသြားကာ ေနာက္ဆုတ္လိုက္သည္ ။

အတင္းအၾကပ္မလုပ္ေတာ့ဘဲ သံႀကိဳးမ်ားကို ၾကၫ့္လိုက္သည္ ။ သူက အၾကမ္းပတမ္း ဆြဲမျဖဳတ္ဘဲ ေငြေရာင္ ဆံထိုးတစ္ခုကို ထုတ္ယူလိုက္သည္ ။ တြန႔္သြားသၫ့္ ေျခေထာက္ေလးေၾကာင့္ သူ႔ေခါင္းသူ ျပန္ရိုက္လိုက္မိသည္ ။ ဒီအရာက vampire ေတြကို သတ္ဖို႔ သီးသန့္လုပ္ထားသၫ့္ အရာပင္ ။ ထိမိရံုနဲ႔တင္ ေလာင္ကြၽမ္းခံရမည္ ျဖစ္သည္ ။

" Sorry .. ကိုယ္ သတိလႊတ္သြားလို႔ .." သူက ေငြေရာင္ဆံထိုးအား ျပန္သိမ္းလိုက္ကာ ေျခေထာက္ေလးအား အသာမလိုက္ၿပီး သူ႔ေပါင္ေပၚသို႔ တင္လိုက္သည္ ။ ေျခဖဝါးႏုႏုေလးမ်ားသည္ ေျပးလႊားထားပံုရၿပီး ေသြးစို႔ေနေလသည္ ။ ရိုမန္က လက္ႏွစ္ဖက္ျဖင့္ သံကြင္းအား ကိုင္လိုက္သည္ ။ ထက္ရွသၫ့္ အရာနဲ႔ ျပဳလုပ္ထားပံုရကာ သူ႔လက္ဖဝါးမွ ေသြးထြက္လာေတာ့သည္ ။

သူက မ်က္ေမွာင္တခ်က္ မၾကဳတ္ခဲ့ဘဲ ဆြဲျဖတ္လိုက္ေလသည္ ။ ေျခေထာက္အား အသာျပန္ခ်ကာ သူ႔အား ျပဴးေၾကာင္ေၾကာင္ျဖင့္ ၾကၫ့္ေနသၫ့္ ေကာင္ေလးအား လက္လွမ္းလိုက္သည္ ။ " လက္ေပး !!! "

" ဒီတိုင္းထားရင္ မင္းေလးရဲ့ လက္ေတြကို ရွလိမ့္မယ္ .. ကိုယ့္မွာ ေသာ့ျဖဳတ္ဖို႔ ကိရိယာလဲ မယူခဲ့ေတာ့ ဒီနည္းဘဲ ရိွတယ္ေလ ... " တြန႔္ဆုတ္ေနပံုရသၫ့္ ေကာင္ေလးအား စိတ္ရွည္လက္ရွည္ပင္ ေျပာလိုက္သည္ ။ ဤျမင္ကြင္းအား သူ႔အဖြဲ႔သားမ်ား ေတြ့ပါက ၾကက္ဥႏွစ္လံုးေလာက္ ၿပိဳင္တူပစ္သြင္းႏိုင္ေလာက္ေအာင္ ပါးစပ္ အေဟာင္းသား ျဖစ္ေနၾကလိမ့္မည္။ သတ္ျဖတ္ဖို႔သာ သိသၫ့္ ဒီနတ္ဆိုးက ေသာ့ျဖဳတ္ကိရိယာကို ယူဖို႔ေတာင္ စဉ္းစားလိုက္ေသးတယ္ အံ့ဩဘ ..ဟု တိတ္တဆိတ္ေရရြတ္ေပလိမ့္မည္ ။

ေျခဖဝါးေလးအတိုင္းပင္ လက္ဖဝါးေလးေတြကလဲ အမွန္ႏူးညံ့လြန္းလွသည္ ။ ရိုမန္က သံကြင္းကို ျဖဳတ္ေပးၿပီးေနာက္ လက္ေလးအား မလႊတ္ခ်င္ လႊတ္ခ်င္ျဖင့္ လႊတ္ေပးလိုက္သည္ ။ သူက ထရပ္လိုက္ကာ ထြက္သြားဟန္ ျပင္ၿပီးမွ လွၫ့္ၾကၫ့္လိုက္သည္ ။

" ဒီမွာ ေနခဲ့ဖို႔ အဆင္‌ေျပရဲ့လား " ရိုမန္၏ အေမးေၾကာင့္ ဒူးႏွစ္ဖက္ကို ပိုက္လ်က္ ေခါင္းငံု႔ေနသၫ့္ ေကာင္ေလးက မက္မြန္ပြင့္ကဲ့သို႔ မ်က္လႊာေလးကို အသာပင့္ၾကၫ့္လာေလသည္ ။ သူက ပတ္ဝန္းက်င္ကို ၾကၫ့္လိုက္သၫ့္အခ်ိန္တြင္ အနက္ေရာင္ ျမဴခိုးမ်ား တျဖည္းျဖည္းလႊမ္းလာသည္ကို ေတြ့လိုက္ရသည္ ။ စုန္းမ်ိဳးႏြယ္ သည္ ေတာနက္ထဲသို႔ က်ဳးေက်ာ္သူ ဝင္တာ သတိထားမိသြားပံုရၿပီး အကာအကြယ္ ေမွာ္အစီအရင္အား ဖြင့္လိုက္ျခင္းပင္ ။

အာ့

ရုတ္တရက္ ေပြ့ခ်ီခံလိုက္ရျခင္းေၾကာင့္ ေကာင္ေလးက ရိုမန္၏ လည္ပင္းအား အလန႔္တၾကား ဖက္တြယ္လိုက္ရသည္ ။ဒဏ္ရာမ်ားက မ်ားလြန္းေသာေၾကာင့္ အနည္းငယ္လႈပ္ရွားလိုက္သည္နဲ႔ပင္ နာက်င္သြားေသာေၾကာင့္ မ်က္ႏွာလွလွေလးသည္ ရႈံမဲ့သြားေတာ့သည္ ။

" ကြၽန္ေတာ့္ကို ေအာက္ျပန္ခ်ေပးပါ " ညင္သာတိုးညင္းသၫ့္ ေလသံေလးက ရိုမန္၏ ရင္အား လႈပ္ခတ္သြားေစသည္ ။ သူ႔ခ်စ္သူ၏ ဒီလို ႏူးညံ့သၫ့္ ပံုစံေလးအား သိပ္မေတြ့ရသျဖင့္ ဒီရွားပါးလွသၫ့္ အရာေလးကို အသဲယားေနမိသည္။

သို႔ေသာ္ ရိုမန္၏ ေအးစက္စက္ ပံုစံအတိုင္း မ်က္ႏွာထားတည္လိုက္ကာ " ငါကယ္ထားတဲ့သူမို႔ ငါအဆံုးထိ တာဝန္ယူမွာ.. ဒဏ္ရာေပ်ာက္မွ ထြက္သြားခ်င္ ထြက္သြား " 

ေခါင္းငံု႔သြားသျဖင့္ ရိုမန္က တိတ္တဆိတ္သက္ျပင္းခ်လိုက္သည္ ။ ' ဘယ္ေလာက္ေတာင္မ်ား ခက္ခဲခဲ့တာလဲကြာ '

" ေဟ့.. ေဟ့ ေကာင္ေလး .. ဒီကိုၾကၫ့္ .. ကိုယ့္ကို ေမာ့ၾကၫ့္ " အသာေမာ့ၾကၫ့္လာသၫ့္ ေကာင္ေလး၏ မ်က္ႏွာေရ႔ွသို႔ နီးကပ္စြာ တိုးလိုက္ကာ " ကိုယ့္ကို သိလား .."

ေခါင္းတဆတ္ဆတ္ညိတ္လာသၫ့္ ေကာင္ေလးေၾကာင့္ ရိုမန္က ေက်နပ္သြားသည္ ။ မ်ိဳးႏြယ္စုတိုင္းတြင္ ေရွာင္သင့္သၫ့္ လူမ်ား၏ ထိပ္ဆံုးအေနျဖင့္ ပံုျပကာ တားဆီးထားသၫ့္ အေၾကာင္းေၾကာင့္ ျမင္ဖူးျခင္း ျဖစ္သည္ ဆိုသည္ကိုေတာ့ မသိခ်င္ေယာင္ေဆာင္လိုက္ေတာ့သည္ ။

" မင္းနာမည္က .."

" ရီဗဲလ္ " ဆိုသၫ့္နာမည္ေၾကာင့္ ရိုမန္က ေခါင္းၿငိမ့္လိုက္သည္ ။

" ေကာင္းၿပီ.. ရီ .. အခုကစၿပီး မင္းက ဘယ္သူ႔ကိုမွ ေၾကာက္စရာမလိုဘူး .. ကိုယ္အပါအဝင္ဘဲ .. ‌တစ္ေယာက္ေယာက္က လာထိရင္ ကိုယ့္ကိုေျပာ... ၾကားလား .."

ပုတ္သင္ညိုေလးအလား ေခါင္းတစ္ဆတ္ဆတ္ၿငိမ့္လာသၫ့္ ရီဗဲလ္ ေၾကာင့္ ရိုမန္ က စိတ္ေက်နပ္သြားကာ ရီဗဲလ္အား ေပြ့ခ်ီလ်က္ပင္ ေလရဲ့အလ်င္အတိုင္း အဖြဲ႔ထံသို႔ ျပန္သြားခဲ့သည္ ။

________________
ေသြးသန႔္ vampire ( မ်ိဳးရိုးစဉ္ဆက္ vampire မ်ိဳးႏြယ္ျဖစ္ကာ အေဖ vampire အေမ vampire )

ေငြ ဆံထိုး - vampire သတ္ရန္ ရိုမန္ ကိုယ္တိုင္ စီရင္ထားသၫ့္ ပစၥည္း ( ေငြနဲ႔ လုပ္ထားသၫ့္ ပစၥည္းမ်ားသည္ vampire မ်ား၏ အေသြးအသားကို ေလာင္ကြၽမ္းေစကာ ခ်က္ခ်င္း ကုသႏိုင္ျခင္း မရိွေခ် )

မွတ္ခ်က္ - အေၾကာင္းအရာမ်ားသည္ ဒီသာသာ စိတ္ကူးယဉ္ထားျခင္းသာ ျဖစ္ကာ ..အခ်ိဳ႕အရာမ်ားသည္ တကယ္ အခ်က္အလက္မ်ားနဲ႔ ကြဲျပားမႈမ်ား ရိွႏိုင္သည္ ။

( ဒီ arc အရမ္း ဒုကၡ မ်ားတာဘဲ eng ေျပာင္းလိုက္ ျမန္မာေျပာင္းလိုက္ ရိုက္ေနရတာ 🥴 )

Vampire - ဗန္ပိုင္းယား
Werewolf - ဝဲယားဝု

အဆင္ေျပလား...🤣
______________________________
Unicode

တောနက်ထဲတွင် အနက်ရောင်အရိပ်များ တရိပ်ရိပ်ဖြင့် ဖြတ်ပြေးနေခဲ့သည် ။ လျင်မြန်‌လွန်းသောကြောင့် သာမန် မျက်လုံးဖြင့် မမြင်နိုင်ပေ ။

" ခေါင်းဆောင်!! ဒီတစ်ခါတော့ တကယ်ပွတာဘဲ ဒီလောက်အရည်အသွေးကောင်းတဲ့ သွေးသန့် vampire ကို ရှာတွေ့ခဲ့တယ်" ဝံပုလွေ တစ်ကောင်က ရွင်မြူးစွာ အူလိုက်ကာ ပြောလိုက်သည် ။

အကောင်အထည် ကြီးမားသည့် ဝံပုလွေ က " စိတ်ကူးတောင် မယဉ်နဲ့ ဒါက မျိုးနွယ်စု ခေါင်းဆောင်အတွက် .. " သူတို့ ပြောနေစဉ်ပင် ကျယ်လောင်သည့် သေနတ်သံကို ကြားလိုက်ရသည် ။

ဒိုင်း!!! ဒိုင်း!!! ဒိုင်း!!!

ဆက်တိုက်ပစ်ခတ်သံက werewolf သုံးကောင်၏ အသက်အား နူတ်ယူသွားခဲ့သည် ။ အရှေ့ဆုံးတွင် ပြေးလွှားနေသည့် ခေါင်းဆောင်က တောနက်ထဲမှ ခပ်ဖြေးဖြေးလျှောက်လာသည့် ရိုမန် အား မြင်သွားကာ ကျိန်ဆဲလိုက်မိသည်။

" သောက်ခွေး!!! ရိုမန်ဟ အဖွဲ့ခွဲမယ် !!!!! "

werewolf များသည် လေ့ကျင့်ထားသည့်အလား ချက်ချင်း ခွဲပြေးသွားလေသည် ။ ပုံမှန်ဆို ရိုမန်က အမြဲ ခေါင်းဆောင်ကိုသာ တာဝန်ယူတိုက်ခိုက်တတ်သည်ဟု အမည်ရှိသောကြောင့်ပင် ။ werewolf ခေါင်းဆောင်သည် နေခဲ့ကာ ရိုမန်နဲ့ တိုက်ခိုက်ရန် မာန်မဲလိုက်သည် ။ ထိုအချိန်တွင် ရိုမန်၏ အကြည့်က လင်းလက်သွားကာ ခွဲပြေးသွားသည့် ဝံပုလွေများထံရောက်သွားခဲ့သည် ။

" ငါ တစ်ယောက်တည်း လိုက်သွားမယ် " ရိုမန်က လက်ကာပြလိုက်ကာ ပြန်ဖြေသည်ကိုပင် မစောင့်တော့ဘဲ အရိပ်ကဲ့သို့ ပျောက်ကွယ်သွားသည် ။ werewolf ခေါင်းဆောင်နဲ့ အဖွဲ့သားများမှာ ပါးစပ်ဟလျက် ပြောချင်တာ မပြောလိုက်ရဘဲ ကျန်ရစ်ခဲ့လေသည် ။ werewolf ခေါင်းဆောင်က အလျင်အမြန် လိုက်ရန် ပြင်သော်လည်း ရိုမန် ၏ အဖွဲ့သား များက တားဆီးလိုက်သည် ။

တောနက်ထဲတွင် ရိုမန်က သစ်ပင်များကို ခုန်ကူးလျက် အသာလိုက်လာခဲ့သည်။ အခြားသူများက werewolf များ၏ အရှိန်ကို မမီနိုင်သော်လည်း သူ့အတွက် အသာလေးပင် ။ ရိုမန်သည် ထူးခြားသည့် စွမ်းရည်ကို နိုးထ ထားခြင်းကြောင့်ပင် ။ သူ့စွမ်းရည်၏ အမျိုးအစားအား မည်သူမှ မခွဲခြားနိုင်ကြပေ ။ သေချာသည်ကတော့ ရိုမန်အား မည်သူမှ အနိုင်မတိုက်‌နိုင်ကြောင်းပင် ။

သူက အရှိန်ကို မြင့်လိုက်ကာ werewolf များအရှေ့သို့ ရောက်သွားခဲ့သည် ။ လက်နှစ်ဖက်စလုံးမှ သေနတ်နှစ်လက်သည် သူ့လက်ထဲတွင် အနိုင်းမဲ့ လက်နက်အလား ဆက်တိုက် သတ်ဖြတ်လိုက်လေသည် ။

ဒိုင်း!!!

နောက်ဆုံးတစ်ချက်ပစ်လိုက်ကာ သေနတ်ကို လှည့်လိုက်ပြီး ခါးပတ်ထဲသို့ ပြန်ထည့်လိုက်သည် ။ နောက်ဆုံးကျန်သည့် werewolf သည် သံကြိုးခတ်ထားသည့် ကောင်လေးအား ရှေ့တွင် ကာလျက် ဆက်တိုက်နောက်ဆုတ်နေသည် ။

ဝှီ!!!

လေတစ်ချက်အဝှေ့တွင် werewolf ၏အရှေ့မှ ရိုမန်က ပျောက်သွားသဖြင့် ပျာယာခတ်သွားချိန် လည်ပင်းမှ အေးစက်စက်ခံစားလိုက်ရပြီး ခံစားချက်မဲ့သည့် အသံကိုကြားလိုက်ရသည် ။ " werewolf တွေရဲ့ စွမ်းအားက အနီးကပ်တိုက်ခိုက်တာဘဲ နောက်ကွယ်မှာ ပုန်းတာ မဟုတ်ဘူး .. ဒီသခင်ကို စိတ်ပျက်စေတာဘဲ .." စကားဆုံးတွင် လည်ပင်းသည် လှီးဖြတ်ခံလိုက်ရကာ အသက်မဲ့သွားတော့သည် ။

ချွင်!!! ချွင်!!!

werewolf လက်မှ လွတ်သွားသည့် ကောင်လေးသည် ကြောက်ရွံ့စွာ နောက်ဆုတ်လိုက်သဖြင့် ခြေထောက်နဲ့ လက်တွင် ခတ်ထားသည့် သံကြိုးမှ တချွင်ချွင် မြည်သံထွက်လာတော့သည် ။

ရိုမန်က ထိုကောင်လေးအား ကြည့်ကာ အေးစက်စက်မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။ ' ကံကြမ္မာက မျက်နှာသာ ပေးတာဘဲ .. ချက်ချင်းကို ရှာတွေ့တယ် '

ဘုတ်!!!

သူက ကောင်လေး၏ အရှေ့သို့သွားကာ မုဆိုးဒူးထောက် ထိုင်ချလိုက်သည် ။ မျက်လုံးပြာပြာလေးကို အုပ်နေသည့် ဆံစလေးများကို အသာဖယ်ပေးရန် လက်လှမ်းလိုက်ချိန် ထိုကောင်လေးသည် မျက်နှာလွဲသွားကာ နောက်ဆုတ်လိုက်သည် ။

အတင်းအကြပ်မလုပ်တော့ဘဲ သံကြိုးများကို ကြည့်လိုက်သည် ။ သူက အကြမ်းပတမ်း ဆွဲမဖြုတ်ဘဲ ငွေရောင် ဆံထိုးတစ်ခုကို ထုတ်ယူလိုက်သည် ။ တွန့်သွားသည့် ခြေထောက်လေးကြောင့် သူ့ခေါင်းသူ ပြန်ရိုက်လိုက်မိသည် ။ ဒီအရာက vampire တွေကို သတ်ဖို့ သီးသန့်လုပ်ထားသည့် အရာပင် ။ ထိမိရုံနဲ့တင် လောင်ကျွမ်းခံရမည် ဖြစ်သည် ။

" Sorry .. ကိုယ် သတိလွှတ်သွားလို့ .." သူက ငွေရောင်ဆံထိုးအား ပြန်သိမ်းလိုက်ကာ ခြေထောက်လေးအား အသာမလိုက်ပြီး သူ့ပေါင်ပေါ်သို့ တင်လိုက်သည် ။ ခြေဖဝါးနုနုလေးများသည် ပြေးလွှားထားပုံရပြီး သွေးစို့နေလေသည် ။ ရိုမန်က လက်နှစ်ဖက်ဖြင့် သံကွင်းအား ကိုင်လိုက်သည် ။ ထက်ရှသည့် အရာနဲ့ ပြုလုပ်ထားပုံရကာ သူ့လက်ဖဝါးမှ သွေးထွက်လာတော့သည် ။

သူက မျက်မှောင်တချက် မကြုတ်ခဲ့ဘဲ ဆွဲဖြတ်လိုက်လေသည် ။ ခြေထောက်အား အသာပြန်ချကာ သူ့အား ပြူးကြောင်ကြောင်ဖြင့် ကြည့်နေသည့် ကောင်လေးအား လက်လှမ်းလိုက်သည် ။ " လက်ပေး !!! "

" ဒီတိုင်းထားရင် မင်းလေးရဲ့ လက်တွေကို ရှလိမ့်မယ် .. ကိုယ့်မှာ သော့ဖြုတ်ဖို့ ကိရိယာလဲ မယူခဲ့တော့ ဒီနည်းဘဲ ရှိတယ်လေ ... " တွန့်ဆုတ်နေပုံရသည့် ကောင်လေးအား စိတ်ရှည်လက်ရှည်ပင် ပြောလိုက်သည် ။ ဤမြင်ကွင်းအား သူ့အဖွဲ့သားများ တွေ့ပါက ကြက်ဥနှစ်လုံးလောက် ပြိုင်တူပစ်သွင်းနိုင်လောက်အောင် ပါးစပ် အဟောင်းသား ဖြစ်နေကြလိမ့်မည်။ သတ်ဖြတ်ဖို့သာ သိသည့် ဒီနတ်ဆိုးက သော့ဖြုတ်ကိရိယာကို ယူဖို့တောင် စဉ်းစားလိုက်သေးတယ် အံ့ဩဘ ..ဟု တိတ်တဆိတ်ရေရွတ်ပေလိမ့်မည် ။

ခြေဖဝါးလေးအတိုင်းပင် လက်ဖဝါးလေးတွေကလဲ အမှန်နူးညံ့လွန်းလှသည် ။ ရိုမန်က သံကွင်းကို ဖြုတ်ပေးပြီးနောက် လက်လေးအား မလွှတ်ချင် လွှတ်ချင်ဖြင့် လွှတ်ပေးလိုက်သည် ။ သူက ထရပ်လိုက်ကာ ထွက်သွားဟန် ပြင်ပြီးမှ လှည့်ကြည့်လိုက်သည် ။

" ဒီမှာ နေခဲ့ဖို့ အဆင်‌ပြေရဲ့လား " ရိုမန်၏ အမေးကြောင့် ဒူးနှစ်ဖက်ကို ပိုက်လျက် ခေါင်းငုံ့နေသည့် ကောင်လေးက မက်မွန်ပွင့်ကဲ့သို့ မျက်လွှာလေးကို အသာပင့်ကြည့်လာလေသည် ။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အချိန်တွင် အနက်ရောင် မြူခိုးများ တဖြည်းဖြည်းလွှမ်းလာသည်ကို တွေ့လိုက်ရသည် ။ စုန်းမျိုးနွယ် သည် တောနက်ထဲသို့ ကျုးကျော်သူ ဝင်တာ သတိထားမိသွားပုံရပြီး အကာအကွယ် မှော်အစီအရင်အား ဖွင့်လိုက်ခြင်းပင် ။

အာ့

ရုတ်တရက် ပွေ့ချီခံလိုက်ရခြင်းကြောင့် ကောင်လေးက ရိုမန်၏ လည်ပင်းအား အလန့်တကြား ဖက်တွယ်လိုက်ရသည် ။ဒဏ်ရာများက များလွန်းသောကြောင့် အနည်းငယ်လှုပ်ရှားလိုက်သည်နဲ့ပင် နာကျင်သွားသောကြောင့် မျက်နှာလှလှလေးသည် ရှုံမဲ့သွားတော့သည် ။

" ကျွန်တော့်ကို အောက်ပြန်ချပေးပါ " ညင်သာတိုးညင်းသည့် လေသံလေးက ရိုမန်၏ ရင်အား လှုပ်ခတ်သွားစေသည် ။ သူ့ချစ်သူ၏ ဒီလို နူးညံ့သည့် ပုံစံလေးအား သိပ်မတွေ့ရသဖြင့် ဒီရှားပါးလှသည့် အရာလေးကို အသဲယားနေမိသည်။

သို့သော် ရိုမန်၏ အေးစက်စက် ပုံစံအတိုင်း မျက်နှာထားတည်လိုက်ကာ " ငါကယ်ထားတဲ့သူမို့ ငါအဆုံးထိ တာဝန်ယူမှာ.. ဒဏ်ရာပျောက်မှ ထွက်သွားချင် ထွက်သွား " 

ခေါင်းငုံ့သွားသဖြင့် ရိုမန်က တိတ်တဆိတ်သက်ပြင်းချလိုက်သည် ။ ' ဘယ်လောက်တောင်များ ခက်ခဲခဲ့တာလဲကွာ '

" ဟေ့.. ဟေ့ ကောင်လေး .. ဒီကိုကြည့် .. ကိုယ့်ကို မော့ကြည့် " အသာမော့ကြည့်လာသည့် ကောင်လေး၏ မျက်နှာရှေ့သို့ နီးကပ်စွာ တိုးလိုက်ကာ " ကိုယ့်ကို သိလား .."

ခေါင်းတဆတ်ဆတ်ညိတ်လာသည့် ကောင်လေးကြောင့် ရိုမန်က ကျေနပ်သွားသည် ။ မျိုးနွယ်စုတိုင်းတွင် ရှောင်သင့်သည့် လူများ၏ ထိပ်ဆုံးအနေဖြင့် ပုံပြကာ တားဆီးထားသည့် အကြောင်းကြောင့် မြင်ဖူးခြင်း ဖြစ်သည် ဆိုသည်ကိုတော့ မသိချင်ယောင်ဆောင်လိုက်တော့သည် ။

" မင်းနာမည်က .."

" ရီဗဲလ် " ဆိုသည့်နာမည်ကြောင့် ရိုမန်က ခေါင်းငြိမ့်လိုက်သည် ။

" ကောင်းပြီ.. ရီ .. အခုကစပြီး မင်းက ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး .. ကိုယ်အပါအဝင်ဘဲ .. ‌တစ်ယောက်ယောက်က လာထိရင် ကိုယ့်ကိုပြော... ကြားလား .."

ပုတ်သင်ညိုလေးအလား ခေါင်းတစ်ဆတ်ဆတ်ငြိမ့်လာသည့် ရီဗဲလ် ကြောင့် ရိုမန် က စိတ်ကျေနပ်သွားကာ ရီဗဲလ်အား ပွေ့ချီလျက်ပင် လေရဲ့အလျင်အတိုင်း အဖွဲ့ထံသို့ ပြန်သွားခဲ့သည် ။

________________
သွေးသန့် vampire ( မျိုးရိုးစဉ်ဆက် vampire မျိုးနွယ်ဖြစ်ကာ အဖေ vampire အမေ vampire )

ငွေ ဆံထိုး - vampire သတ်ရန် ရိုမန် ကိုယ်တိုင် စီရင်ထားသည့် ပစ္စည်း ( ငွေနဲ့ လုပ်ထားသည့် ပစ္စည်းများသည် vampire များ၏ အသွေးအသားကို လောင်ကျွမ်းစေကာ ချက်ချင်း ကုသနိုင်ခြင်း မရှိချေ )

မှတ်ချက် - အကြောင်းအရာများသည် ဒီသာသာ စိတ်ကူးယဉ်ထားခြင်းသာ ဖြစ်ကာ ..အချို့အရာများသည် တကယ် အချက်အလက်များနဲ့ ကွဲပြားမှုများ ရှိနိုင်သည် ။

( ဒီ arc အရမ်း ဒုက္ခ များတာဘဲ eng ပြောင်းလိုက် မြန်မာပြောင်းလိုက် ရိုက်နေရတာ 🥴 )

Vampire - ဗန်ပိုင်းယား
Werewolf - ဝဲယားဝု

အဆင်ပြေလား...🤣
______________________________

Continue Reading

You'll Also Like

1.4M 60.1K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
187K 19.2K 115
ဘာသာပြန်သူ - စွဲညို့အသင်း
157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...