Zaw...
အမႊာပူးဆိုသည့္အတြက္ေၾကာင့္ ပူေနေသာ ဗိုက္ႏွွင့္ ေကာင္ကေလးက အေတာ္ေလး အသဲယားစရာအတိ... အိမ္မွာလည္း ဘာမွမလုပ္ရ.. ဒယ္ဒီႏွင့္မာမီက ထမင္းစားရင္ေတာင္ အသားဟင္းထဲအ႐ိုးပါမည္ေၾကာက္လို႔ အႏုစိတ္လုပ္ၿပီးမွ စားရသည္... စားခ်င္တာလည္းမစားရသည့္ ဒီအေျခအေနတြင္ အထဲက ပိစိႏွစ္ေကာင္ထြက္မွဘဲ အတိုးခ်၍ စားရမည့္ဟန္...
ဦးတည္ မနက္ပိုင္းအလုပ္သြားလ်ွင္ အိမ္၌ မည္သူမွမ႐ွိလို႔ ဒယ္ဒီႏွင့္မာမီက အိမ္တြင္လာေရာက္ေနထိုင္သည္မွာ ကိုယ္ဝန္ရခါစ ပထမ လပတ္ကတည္းက ယခု ေမြးခါနီးအထိပင္....
"မာမီ...ပူလိုက္တာ.."
"အဲကြန္းေလ တအားမခံနဲ႔...ေမြးခါနီးမွေနထိုင္မေကာင္းျဖစ္ေနအံုးမယ္.."
"ဟာ..မာမီကလည္း..."
....." အေမႊစိန္ေရ..."
အိမ္အေပါက္ဝကေခၚသံလြင့္လြင့္က သ်ွမ့္ကိုအလိုလိုျပံဳးသြားေစသည္... အရင္လို ဇိုးကနဲဇက္ကနဲကလည္း ထလို႔မရ.. ခပ္ေျဖးေျဖးသာ ထိုင္ရာမွ ထဟန္ျပင္ေတာ့ မာမီက...
"ဒါက ဘယ္လဲ.."
"ဦးတည္ကို သြားႀကိဳမလို့ပါ.."
"ဟဲ့ လင္ျဖစ္သူက လာမွာေပါ့ မေပါ့မပါးႀကီးနဲ႔ တစ္ခုခုမ်ားျဖစ္ရင္ ဖြဖြ လြဲပါေစ ေခ်ာ္ပါေစ..."
"ဟင္း..."
ထို႔ေနာက္ ျပန္ထိုင္ရသည္... ေနာက္ေတာ့ ဦးတည္က ေၾကးအိုးထုတ္ကေလး သယ္လာလို႔ သ်ွမ့္အေ႐ွ႕ယမ္းျပေလသည္..။
"ဒီမယ္ၾကည့္စမ္း.. ဟိုတေန႔က စားခ်င္တယ္ေျပာလို႔ ကိုယ္ဝယ္လာေပးတာ...."
သ်ွမ္က ႏႈတ္ခမ္းကေလးေထာ္ခါ..
"အဲ့တာ ဟိုေန႔ကစားခ်င္တာေလ.. အခုေၾကးအိုးမစားခ်င္ေတာ့ဘူး.. ေခါက္ဆြဲအစပ္ စားခ်င္သြားၿပီ.."
"အာ..ဟုတ္လား..အာ့ဆို ကိုယ္အခုသြားဝယ္လိုက္မယ္ေလ.."
"ဟုတ္.."
"သားစိုင္း.. မဝယ္နဲ႔ေတာ့.."
"ဗ်ာ.."
ေမေမက ဟန္႔တားလာသည္မို႔ ခြန္က လွည့္ထြက္ေနရင္းမွ မာမီ့အားၾကည့္လာသည္..။
"ဒီေကာင္ေလး စားေနတာတအားမ်ားေနၿပီ... မင္းလည္း အခုမွအလုပ္က ျပန္လာတာမွလား..ပင္ပန္းေရာေပါ့.. မဝယ္နဲ႔ သြား ေရသြားခ်ိဳးၿပီးနားေတာ့..."
"ရပါတယ္ အေမရဲ႕.. ကြၽန္ေတာ္ ကားနဲ႔သြားရင္ ခဏေလးၾကာမွာပါ.. အေမႊစိန္က စားခ်င္ေနတယ္ဆိုေတာ့ေလ.. မဟုတ္ဘူး မဟုတ္ဘူး အထဲက ပိစိနွစ္ေကာင္စားခ်င္ေနတာ..."
ေမေမက မႏိုင္သလို ၾကည့္သည္...။ သ်ွမ္ကေတာ့ သူ႔အလိုက်ေတာ့ ျပံဳးလို႔ရႊင္လို႔ ေျခေထာက္ကေလးကို ႏွမ့္ခါ ဗိုက္ေပၚလက္ကေလးေတြကို ခပ္ေျဖးေျဖးေလး ပုတ္ေနသည္..။
"မင္းေနာ္..." ဟု ေဖေဖက သတင္းစာဖတ္ရင္းမွ က်ိန္းလာေသာေၾကာင့္ တဟီးဟီးနဲ႔သာ ရယ္ျပလိုက္ရသည္။
တခါတေလက်ေတြးမိသည္.. ပိစိေလးႏွစ္ေကာင္ အျပင္ထြက္လာရင္ မည့္သည့္ပံုစံေလးမ်ားျဖစ္ေနမလဲဆိုတာကိုေပါ့...
၂ ႏွစ္ၾကာၿပီးေနာက္...
ယခုတြင္ေတာ့ အေတာ္ေလး မ်က္စိေနာက္ခါ ေခါင္းေတြလည္းမူးလွၿပီ...။ အိမ္အကူေခၚထားေပမဲ့လည္း ဒံုရင္းက ဒံုရင္း
ေမြးတုန္းက နီတာရဲေလးနဲ႔ တကယ္ပိစိေသးေသးေလးေတြ... ႏွစ္ေယာက္စလံုး ေယာက္်ားေလးေတြျဖစ္သည္ေၾကာင့္ အေဆာ့ကလည္း သန္လိုက္တာမွ.. အငယ္ကေလးကေတာ့ က်န္းမာေရး ခ်ဴခ်ာလွသည္...။ ခဏခဏ ေနမေကာင္းျဖစ္လို႔ သြားလိုက္ရသည့္ ေဆးရံု.. အိမ္ဦးနဲ႔ၾကမ္းျပင္လို....
အိပ္ယာဝင္တိုင္း ကိုယ္နဲ႔ေဘးခ်င္းယွဥ္ကပ္အိပ္သည့္ မွိုလံုးေလးက ကိုယ့္ ရင္ဘက္က မ႐ွိမဲ့ ႐ွိမဲ့ႏို႔အား လာလာကိုက္ေသးသည္မွာ တခါတစ္ေလ က်ည္ကာဝတ္ရသည့္အထိပင္...
မ်ွစ္လံုးေလးကေတာ့ သူ႔အေဖမွသူ႔အေဖ ခြန္သီခ်င္းဆိုသိပ္မွ အိပ္ေလသည္။ မွိုလံုးကေတာ့မဟုတ္ အိပ္ခါနီး ေကာ့ကလန္ထိုးၿပီး ပါးစပ္ထဲ ႏို႔ေရာက္မွအိပ္သည္။
"ျဗဲ..... ယုရယ္... ျဗဲ...ဝါး...."
"မွိုလံုး... ကိုကို႔ဟာကို မလုရဘူးေလ..."
အငိုသန္ေသာ အႀကီးေကာင္က အျမဲ ညီလုပ္သမ်ွကို ဒိုင္ကန္ႀကီးသာ ခံရသည္..။ဒါ့အျပင္ ညီျဖစ္သူကို ခ်စ္လိုက္တာမွလည္း လက္ဖ်ားခါေလာက္တယ့္အထိ..။
"ျဗဲ... ပါပါး...ယူေပး..ယူေပး..."
"မွိုလံုး ပါပါးေျပာေနတယ္ေလ... ကိုကိုမ်ွစ္လံုးဟာ ျပန္ေပးလိုက္.. ပါပါး ဒယ္ဒီ့ဆီကေန အသစ္ဝယ္လာခဲ့ေပးဖို႔ ဖုန္းဆက္ေပးမယ္ဟုတ္ၿပီလား..."
ထိုအခါမွ မွိုလံုးက မ်ွစ္လံုး ဆီအ႐ုပ္ျပန္ေပးေတာ့သည္။
ဆူပုတ္ေနတဲ့မ်က္ႏွာကေလးကတည္း တကယ့္အေက်ာတင္းေလး...
ႏွစ္ေယာက္စလံုးက အေခ်ာေလးေတြမို႔ ေကာက္ေကြးေကြး ဆံပင္႐ွိသည့္ မွိုလံုးက ပိုၿပီးခ်စ္ဖို႔ေကာင္းသလို အညိဳေရာင္ဆံပင္႐ွိသည့္ မ်ွစ္လံုးကလည္း ကြၽန္ေတာ္ႏွင့္တစ္ပံုစံထဲ.. ႐ုပ္ေတြကေတာ့ ႏွစ္ေယာက္စလံုး သူ႔အေဖႏွင့္တူသည္..။
"မွိုလံုး မ်ွစ္လံုး မာန္ မာန္စားမယ္ေဝ့ ...သူဇာေရ မင္းေမာင္ေလးေတြ ေခၚလွည့္ပါအံုး..."
"ဟုတ္ သူေဠးေလး..."
သူဇာက အႀကီးေကာင္အား အရင္ေခၚလာသည္ ၿပီးမွ အငယ္ေကာင္ေလးအား မခ်ီလာရသည္... အငယ္ေလးရဲ႕လက္ထဲတြင္ေတာ့ ဘယ္ကဘယ္လို ရလာမွန္းမသိတဲ့ စာအုပ္အေဟာင္းေလးတစ္အုပ္...ဖုန္တက္ေနေသာ စာအုပ္မို႔ ကေလးေတြ ပါးစပ္ထဲထည့္မိလ်ွင္ ေရာဂါရမည္စိုးခါ မသိမသာ ဆြဲလုထားလိုက္မိသည္။ထို႔ေနာက္ ေအးေအးလူလူေနရာတစ္ခုေရြးခါပင္ စာအုပ္အားစပ္စုမိသည္။
သ်ွမ္ ဖြင့္ဖတ္ၾကည့္မိေတာ့ ဒိုင္ယာရီေလးတစ္ခုျဖစ္ခဲ့သည္။
အစခ်ီထားတဲ့ပံုက...
က်မနာမည္က ဂ်က္စမင္အဲလာဂိုလန္.. ေဂ်ာ္နီစတန္မ္ဂိုလန္ ရဲ႕ ခ်စ္လွစြာေသာ ဇနီး.. က်မအသက္ ၈၅ႏွစ္မွာ ေနာက္ဆံုးအေနနဲ႔ ေနာက္ဆံုးခ်န္ခဲ့တဲ့ စာေလးေပါ့..အင္း.. ကြၽန္မနာမည္အရင္းက မာလာႏြယ္ ျမန္မာအမ်ိဳးသမီးတစ္ဦး လူတိုင္းကေတာ့ မိႏြယ္လို႔ဘဲေခၚၾကတယ္.. ျပီးေတာ့ သူငယ္ခ်င္းေလးက ေခၚခဲ့တဲ့နာမည္ေလးေပါ့... သူက အခ်စ္ကို ထူးထူးစမ္းစမ္းခ်စ္ႀကိဳက္ခဲ့တယ္ေလ... အခုေတာ့ သူဘယ္ဆီေရာက္ၿပီး ခရီးတြင္ေနမလဲ က်မ မသိဘူး.. ဒါေပမဲ့ ဒီစာေလးကိုေတာ့ သူ႔ကိုျမင္ေစခ်င္တယ္...
ဆက္စပ္ၿပီး သူ႔မဘဝအေၾကာင္း စာအုပ္အျပည့္ ေရးထားသည့္ ေၾကာင့္ သ်ွမ္ အ့ံဩခါ မာမီ့ဆီဖုန္းလွမ္းဆက္ရသည္...။ မာမီထံမွ ထိုအခါ အသံထြက္လာသည္က..."ေအး ဟုတ္တယ္ အဲ့တာ မင္းအဘြားရဲ႕အေမ ေရးခဲ့တာ.. မင္းရဲ႕ ေဘးလို႔ေျပာရမလား.. ဪ ဪ အဲ့ပန္းခ်ီေလ.. မင္းအဘြားဆီကရတဲ့ပန္းခ်ီေလ.. ေအး..အဲ့တာက မင္းအဖြားရဲ႕အေမ ပိုင္ခဲ့တာ မင္းအဘြားရဲ႕အေမက တန္ဖိုး႐ွိတဲ့ လူတေယာက္ဆီကရတဲ့ လက္ေဆာင္တဲ့ေလ... အင္း.. ဘာလို႔ေမးတာလဲ..." ဆိုသည့္ မာမီ့ အေမးေနာက္ ဖုန္းကေလး လြတ္က်သြားသည္..။
"ဒါဆို မိႏြယ္က ငါ့အဘြားေပါ့...ဟား...ဟားဟား... အဲ့ဟာမက ငါ့အဘြားရဲ႕အေမတဲ့လား.. နင္..နင္ဟာ... ဟားဟားဟား..." ပီတိျဖာေသာ မ်က္ရည္ေတြက ပါးျပင္၌ ေနရာယူလို႔...
"ဪ.. အဲ့ကတည္းက သိရမွာ အဘြားေျပာခဲ့တယ္ေလ ငါ့တို႔အဘိုးက အဂၤလိပ္ႀကီးဆိုတာ... ဟား.. ကမၻာႀကီးကေတာ္ေတာ္က်ဥ္းတာဘဲ...မိႏြယ္ေရ.. ငါနင့္စာကိုျမင္ၿပီသိလား..."တိုးတိပ္ေသာေရရြတ္သံတစ္ခု...
သူ့ေဘးတြင္ေတာ့ ေလးဘက္ေထာက္ အရြယ္ေလးနဲ႔ကေလးနွစ္ေကာင္ကအၿငိမ္မေန... လႈပ္လီလႈပ္လဲ့ဟာေလးေတြကို စြပ္ကြင္းေပၚတင္ေပးလိုက္ေတာ့ ဝူးခနဲ ဝူးခနဲ ေျခေထာက္ေလးေတြေထာက္ခါ အိမ္ထဲ ပတ္ေျပးၾကသည္.. သူဇာနဲ႔ ကြၽန္ေတာ့္မွာလည္း ေမ်ာက္မူးလဲ ႏွစ္ေကာင္အား မည္သို္မွဖမ္းမရ..
ညေနက်ေတာ့ ဦးတည္ျပန္လာသည္..။ အျမဲျပန္လာတိုင္း ကစားစရာ တစ္ခုမဟုတ္ တစ္ခု ပါပါလာတက္သည့္ ကေလးခ်စ္လြန္းတဲ့ လူႀကီး... ေဟာဒိက သူ႔ေယာက္်ား ဘာစားမလဲ ဟူ၍ေတာင္ ေမးေဖာ္မရ...အင္းဟင္း...စိတ္ေတြေလပါတယ္ေနာ္...
...."မ်ွစ္လံုးေလးေရ မွိုလံုးေလးေရ ဒယ္ဒီျပန္လာၿပီ.."
အသံၾကားတာနဲ႔ တႏွမ့္ႏွမ့္နဲ႔ လႈပ္ရြလာတဲ့ ပိစိႏွစ္ေကာင္က အိမ္ေ႐ွ႕သို႔ စြပ္ကြင္းထဲမွ အားယူခါ အရေျပးသည္... အ႐ုပ္ပါလာမွန္းသိလို႔ တကယ့္ကို အလည္ေလးေတြ တဝူးဝူး တဝါးဝါးနဲ႔ ေျပာလိုက္တဲ့စကားေတြကလည္း ဘာေတြမွန္းမသိ..
အျမဲျပံဳးရႊင္ေနတဲ့ ကေလးေတြက မ်က္ႏွာခ်ိဳလည္း ေသြးတက္ၾကသည္..။ တခါတေလ ဦးတည္နဲ႔ အနည္းငယ္ စကားမ်ားၾကရင္ သူတို႔ အိပ္ျခင္းေလးထဲမွ မ်က္ႏွာငယ္ေလးေတြနဲ႔ ႏွစ္ေယာက္သား ထၾကည့္ၾကေလသည္..။
နင္တို႔ကေရာ ဘာၾကည့္တာလဲ ဟု ကြၽန္ေတာ္က စိတ္ဆိုးခ်င္ေယာင္ေဆာင္လ်ွင္ တခစ္ခစ္ရယ္ျပတက္ၾကေသးသည္...။
အခုလည္း သူ႔အေဖဆီ... အေျပးသြားႀကိဳၾကျပန္ၿပီ...။
"ဟ..ငါ့သားႀကီးေတြက ဒယ္ဒီ့ကို လာႀကိဳတာေပါ့ေလ...."
ကိုယ္စီ ခ်ီပါ ဟူ၍ လက္ကေလးေတြ ကမ္းေနေသာ ကေလးပိစိႏွစ္ေကာင္ကိုလည္း လက္ေမာင္းတစ္ဖတ္ဆီမွ ခ်ီပိုးရေသးသည္...။
ဒါကုိ နံရံမွာ ကိုယ္ကေလးေစာင္းမွီခါ ေခါင္းစုတ္ဖြားႏွင့္ လက္ပိုက္ရင္းၾကည့္ေနေသာ ကိုယ့္ရဲ႕ တစ္ဦးတည္းေသာ ကပိုပ႐ိုအဝတ္အစားေလးေတြနဲ႔ အိမ္႐ွင္ထီးေလး... မ်က္ႏွာကေလးကလည္း ေခ်ာင္က်လို႔ အရင္ကလို ျပည့္ေဖာင္းေဖာင္းကိုယ္လံုးေလးမဟုတ္ဘဲ ပိန္သြယ္သြယ္ ကိုယ္ေလးအျဖစ္...ဆံပင္ေတြကလည္း အ႐ွည္ထားခ်က္သည္ဆိုလို႔ေပးထားလိုက္တာ ခုေတာ့ တစ္လႊာသိမ္းထားတာေတာင္ ဆံပင္ေတြေၾကာင့္ လူက ညႇင္းသိုးသိုးႏွင့္
မျဖစ္ေသးပါဘူး ဆံပင္ေလး နည္းနည္းျပန္ညႇပ္ေပးရမယ္ ဟူေသာအေတြးကေလးကလည္း ဝင္မိျပန္ပါသည္။
ထို႔ေနာက္ဦးတည္က ျပံဳးျပလ်ွင္..."ခ်ီပါ.. ကြၽန္ေတာ့္ကိုေရာ.." ဟုဆိုခါ အေျပးလာၿပီး ေက်ာမွ ဖတ္ခါ ခါးတြင္ေျခခ်ိတ္ရင္း ကုန္းပိုးထားေသာ အေနအထားႏွင့္ ကေလးေၫြနႇင့္အျပိဳင္ ေနရာဝင္ယူသည္...။
"ဦးတည္ ကြၽန္ေတာ္ ပင္ပန္းတယ္.. " ဆိုတဲ့ အားမ႐ွိေတာ့တဲ့ ေလသံေသးေသးေလး...
"ကိုယ္သိတာေပါ့ အဲ့တာေၾကာင့္ ကိုယ္ အလုပ္မွာ အနားယူဖို႔ခြင့္တင္ခဲ့တယ္... လံုးလံုးတို႔ သားအဖေတြကို ကိုယ္က တစ္လွည့္ ျပဳစုဖို႔ေလ..."
"ဟင္..."
ဦးတည္က ထိုကဲ့သို႔ ကြၽန္ေတာ္တို႔မိသားစုေလးအေပၚ မတၱာေတြနဲ႔ ႀကီးစိုးခဲ့သူပါ...
ဒီညေတာ့ ဦးတည္က ကြၽန္ေတာ္တို႔ သံုးေယာက္အား အိပ္ယာဝင္ပံုျပင္အျဖစ္ ယုန္တြင္းထဲျပဳတ္က်သြားတဲ့ေကာင္မေလးဟာ ဘယ္လိုေတြ ျဖစ္ပ်က္ခဲ့သလဲဆိုတဲ့ ပံုျပင္ေလးအား ေျပာျပခဲ့ေလေတာ့သည္...။
ထို႔ေနာက္တြင္ေတာ့ ကုတင္ေပၚမွာ အေကာင္ပိစိေလးေတြနဲ႔ အိပ္ေပ်ာ္ေနေသာ ကြၽန္ေတာ္တို႔မိသားစုဟာ အိပ္မက္လွလွေလးထဲ နစ္ေျမာခဲ့ၾကသည္....။
..............
မ်က္စိျပန္ဖြင့္လာေတာ့ ႏွစ္ေယာက္သား ေရာက္ေနသည့္ေနရာကား....
"ဦးတည္..."
"အင္း..."
ပတ္ဝန္းက်င္သည္ ဖုန္တေလာေလာႏွင့္ ရြာေစ်းထဲ လႈပ္လႈပ္႐ွား႐ွား သြားေနေသာ လူမ်ား... ကြၽဲေခါင္း စက္ဘီးႀကီးေတြနဲ႔ ႏြားစာသယ္သြားတဲ့ လူေတြ.. အပ်ိဳမေလးေတြနဲ႔ ကာလသားတစ္ခ်ိဳ႕ရယ္...မုန္႔ေလေပြ ဟုေခၚတြင္သည့္ လမ္းေဘးမုန္႔ေရာင္းသယ္တစ္ခ်ိဳ႕ရယ္...
"ကလင္ ကလင္....ေဘးဖယ္ဗ်ဳိ့ အကိုတို႔..."
စက္ဘီးအား ႏွစ္ေယာက္သား ေဘးဖယ္လိုက္ၾကရင္း မ်က္စိေ႐ွ႕တစ္ဆံုး ေလ်ွာက္လာခဲ့ၾကသည္... ႏွစ္ေယာက္သားရဲ႕ လက္ေတြဟာ ျဖဳတ္မရေတာ႔သည္အထိအတူတူတြဲလို႔...
ၿပီးေတာ့ စံအိမ္ႀကီးတစ္ခုထဲ ခ်ိဳးဝင္လိုက္ၾကသည္.. အိမ္ထဲမွာ အသံေပါင္းစံုနဲ႔ ေအာ္ဟစ္ေနတဲ့ မိႏြယ္တို႔အတြဲရယ္ လက္ဖက္သုတ္စားေနတဲ႔ မမေထြးငယ္တို႔အတြဲရယ္ စာအုပ္ထိုင္ဖတ္ေနတဲ့ မမႀကီးရယ္ မိႈလံုးေလးနဲ့ မ်ွစ္လံုးေလးကိုထိန္းေနတဲ့ ေမႀကီးရယ္ ေဒၚနန္းထိပ္ထားရယ္ ၿပီးေတာ့ ဦးစိုင္းေနာင္ရယ္...
ေနာက္ ျခံထဲမွာ ရပ္ထားတဲ့ ဂ်စ္ကားအျပာ အလံုးေလးရယ္....
"ေဝး... ဟိုမွာ ျပန္လာၾကၿပီ.. ကေလးမထိန္းဘဲ ေလ်ွာက္သြားေနၾကတဲ့ လင္မယားႏွစ္ေယာက္..."
မိႏြယ္ကေအာ္ေတာ့ အားလံုးက ရယ္သည္... ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ကေတာ့ တေယာက္လက္ တေယာက္တြဲခါ ျခံထဲ လက္လွမ္းျပလို႔ ဝင္လာခဲ့ၾကသည္..။
ထို႔ေနာက္ ျခံကေလးသည္ ရယ္သံတို႔ႏွင့္ ျပည့္ႏွက္ခဲ့ေလေတာ့သည္....။ ေက်နပ္ေသာ အျပံဳးကိုယ္စီနဲ႔ေပါ့.....။
..............................
The End...
Happy Ending ေလးကို အားလံုး ေက်နပ္ၾကလိမ့္မယ္လို႔ ေမ်ွာ္လင့္မိပါတယ္....
VV က စာဖတ္သူေတြနဲ႔ မခြဲခ်င္ေသးတာေၾကာင့္
အသားလံုး နဲ႔ မ်ွစ္လံုးေလးတို႔ ညီအကိုႏွစ္ေယာက္ရဲ႕ အ႐ႈပ္ေတာ္ပံုကို အတြဲအသစ္အေနနဲ႔ ဖန္တီးေပးသြားမွာမို႔လို႔ ဆက္လက္ေစာင့္ေမွ်ာ္ေပးၾကပါအံုး... s3 မဟုတ္ေပမဲ့ သူတို႔ကေလးေလးေတြကို VV ရဲ႕ ေနာက္ဇာတ္ေကာင္အျဖစ္ ဖန္တီးခ်င္မိတာပါ..
ကဲ.... လံုးလံုးတို႔အိမ္မွ ျပန္လည္ ႀကိဳဆိုလိုက္ပါတယ္..
Welcome to Lone Lone's house.🏘🏠
Uni....
အမွှာပူးဆိုသည့်အတွက်ကြောင့် ပူနေသော ဗိုက်နှှင့် ကောင်ကလေးက အတော်လေး အသဲယားစရာအတိ... အိမ်မှာလည်း ဘာမှမလုပ်ရ.. ဒယ်ဒီနှင့်မာမီက ထမင်းစားရင်တောင် အသားဟင်းထဲအရိုးပါမည်ကြောက်လို့ အနုစိတ်လုပ်ပြီးမှ စားရသည်... စားချင်တာလည်းမစားရသည့် ဒီအခြေအနေတွင် အထဲက ပိစိနှစ်ကောင်ထွက်မှဘဲ အတိုးချ၍ စားရမည့်ဟန်...
ဦးတည် မနက်ပိုင်းအလုပ်သွားလျှင် အိမ်၌ မည်သူမှမရှိလို့ ဒယ်ဒီနှင့်မာမီက အိမ်တွင်လာရောက်နေထိုင်သည်မှာ ကိုယ်ဝန်ရခါစ ပထမ လပတ်ကတည်းက ယခု မွေးခါနီးအထိပင်....
"မာမီ...ပူလိုက်တာ.."
"အဲကွန်းလေ တအားမခံနဲ့...မွေးခါနီးမှနေထိုင်မကောင်းဖြစ်နေအုံးမယ်.."
"ဟာ..မာမီကလည်း..."
....." အမွှေစိန်ရေ..."
အိမ်အပေါက်ဝကခေါ်သံလွင့်လွင့်က သျှမ့်ကိုအလိုလိုပြုံးသွားစေသည်... အရင်လို ဇိုးကနဲဇက်ကနဲကလည်း ထလို့မရ.. ခပ်ဖြေးဖြေးသာ ထိုင်ရာမှ ထဟန်ပြင်တော့ မာမီက...
"ဒါက ဘယ်လဲ.."
"ဦးတည်ကို သွားကြိုမလို့ပါ.."
"ဟဲ့ လင်ဖြစ်သူက လာမှာပေါ့ မပေါ့မပါးကြီးနဲ့ တစ်ခုခုများဖြစ်ရင် ဖွဖွ လွဲပါစေ ချော်ပါစေ..."
"ဟင်း..."
ထို့နောက် ပြန်ထိုင်ရသည်... နောက်တော့ ဦးတည်က ကြေးအိုးထုတ်ကလေး သယ်လာလို့ သျှမ့်အရှေ့ယမ်းပြလေသည်..။
"ဒီမယ်ကြည့်စမ်း.. ဟိုတနေ့က စားချင်တယ်ပြောလို့ ကိုယ်ဝယ်လာပေးတာ...."
သျှမ်က နှုတ်ခမ်းကလေးထော်ခါ..
"အဲ့တာ ဟိုနေ့ကစားချင်တာလေ.. အခုကြေးအိုးမစားချင်တော့ဘူး.. ခေါက်ဆွဲအစပ် စားချင်သွားပြီ.."
"အာ..ဟုတ်လား..အာ့ဆို ကိုယ်အခုသွားဝယ်လိုက်မယ်လေ.."
"ဟုတ်.."
"သားစိုင်း.. မဝယ်နဲ့တော့.."
"ဗျာ.."
မေမေက ဟန့်တားလာသည်မို့ ခွန်က လှည့်ထွက်နေရင်းမှ မာမီ့အားကြည့်လာသည်..။
"ဒီကောင်လေး စားနေတာတအားများနေပြီ... မင်းလည်း အခုမှအလုပ်က ပြန်လာတာမှလား..ပင်ပန်းရောပေါ့.. မဝယ်နဲ့ သွား ရေသွားချိုးပြီးနားတော့..."
"ရပါတယ် အမေရဲ့.. ကျွန်တော် ကားနဲ့သွားရင် ခဏလေးကြာမှာပါ.. အမွှေစိန်က စားချင်နေတယ်ဆိုတော့လေ.. မဟုတ်ဘူး မဟုတ်ဘူး အထဲက ပိစိနှစ်ကောင်စားချင်နေတာ..."
မေမေက မနိုင်သလို ကြည့်သည်...။ သျှမ်ကတော့ သူ့အလိုကျတော့ ပြုံးလို့ရွှင်လို့ ခြေထောက်ကလေးကို နှမ့်ခါ ဗိုက်ပေါ်လက်ကလေးတွေကို ခပ်ဖြေးဖြေးလေး ပုတ်နေသည်..။
"မင်းနော်..." ဟု ဖေဖေက သတင်းစာဖတ်ရင်းမှ ကျိန်းလာသောကြောင့် တဟီးဟီးနဲ့သာ ရယ်ပြလိုက်ရသည်။
တခါတလေကျတွေးမိသည်.. ပိစိလေးနှစ်ကောင် အပြင်ထွက်လာရင် မည့်သည့်ပုံစံလေးများဖြစ်နေမလဲဆိုတာကိုပေါ့...
၂ နှစ်ကြာပြီးနောက်...
ယခုတွင်တော့ အတော်လေး မျက်စိနောက်ခါ ခေါင်းတွေလည်းမူးလှပြီ...။ အိမ်အကူခေါ်ထားပေမဲ့လည်း ဒုံရင်းက ဒုံရင်း
မွေးတုန်းက နီတာရဲလေးနဲ့ တကယ်ပိစိသေးသေးလေးတွေ... နှစ်ယောက်စလုံး ယောက်ျားလေးတွေဖြစ်သည်ကြောင့် အဆော့ကလည်း သန်လိုက်တာမှ.. အငယ်ကလေးကတော့ ကျန်းမာရေး ချူချာလှသည်...။ ခဏခဏ နေမကောင်းဖြစ်လို့ သွားလိုက်ရသည့် ဆေးရုံ.. အိမ်ဦးနဲ့ကြမ်းပြင်လို....
အိပ်ယာဝင်တိုင်း ကိုယ်နဲ့ဘေးချင်းယှဉ်ကပ်အိပ်သည့် မှိုလုံးလေးက ကိုယ့် ရင်ဘက်က မရှိမဲ့ ရှိမဲ့နို့အား လာလာကိုက်သေးသည်မှာ တခါတစ်လေ ကျည်ကာဝတ်ရသည့်အထိပင်...
မျှစ်လုံးလေးကတော့ သူ့အဖေမှသူ့အဖေ ခွန်သီချင်းဆိုသိပ်မှ အိပ်လေသည်။ မှိုလုံးကတော့မဟုတ် အိပ်ခါနီး ကော့ကလန်ထိုးပြီး ပါးစပ်ထဲ နို့ရောက်မှအိပ်သည်။
"ဗြဲ..... ယုရယ်... ဗြဲ...ဝါး...."
"မှိုလုံး... ကိုကို့ဟာကို မလုရဘူးလေ..."
အငိုသန်သော အကြီးကောင်က အမြဲ ညီလုပ်သမျှကို ဒိုင်ကန်ကြီးသာ ခံရသည်..။ဒါ့အပြင် ညီဖြစ်သူကို ချစ်လိုက်တာမှလည်း လက်ဖျားခါလောက်တယ့်အထိ..။
"ဗြဲ... ပါပါး...ယူပေး..ယူပေး..."
"မှိုလုံး ပါပါးပြောနေတယ်လေ... ကိုကိုမျှစ်လုံးဟာ ပြန်ပေးလိုက်.. ပါပါး ဒယ်ဒီ့ဆီကနေ အသစ်ဝယ်လာခဲ့ပေးဖို့ ဖုန်းဆက်ပေးမယ်ဟုတ်ပြီလား..."
ထိုအခါမှ မှိုလုံးက မျှစ်လုံး ဆီအရုပ်ပြန်ပေးတော့သည်။
ဆူပုတ်နေတဲ့မျက်နှာကလေးကတည်း တကယ့်အကျောတင်းလေး...
နှစ်ယောက်စလုံးက အချောလေးတွေမို့ ကောက်ကွေးကွေး ဆံပင်ရှိသည့် မှိုလုံးက ပိုပြီးချစ်ဖို့ကောင်းသလို အညိုရောင်ဆံပင်ရှိသည့် မျှစ်လုံးကလည်း ကျွန်တော်နှင့်တစ်ပုံစံထဲ.. ရုပ်တွေကတော့ နှစ်ယောက်စလုံး သူ့အဖေနှင့်တူသည်..။
"မှိုလုံး မျှစ်လုံး မာန် မာန်စားမယ်ဝေ့ ...သူဇာရေ မင်းမောင်လေးတွေ ခေါ်လှည့်ပါအုံး..."
"ဟုတ် သူဠေးလေး..."
သူဇာက အကြီးကောင်အား အရင်ခေါ်လာသည် ပြီးမှ အငယ်ကောင်လေးအား မချီလာရသည်... အငယ်လေးရဲ့လက်ထဲတွင်တော့ ဘယ်ကဘယ်လို ရလာမှန်းမသိတဲ့ စာအုပ်အဟောင်းလေးတစ်အုပ်...ဖုန်တက်နေသော စာအုပ်မို့ ကလေးတွေ ပါးစပ်ထဲထည့်မိလျှင် ရောဂါရမည်စိုးခါ မသိမသာ ဆွဲလုထားလိုက်မိသည်။ထို့နောက် အေးအေးလူလူနေရာတစ်ခုရွေးခါပင် စာအုပ်အားစပ်စုမိသည်။
သျှမ် ဖွင့်ဖတ်ကြည့်မိတော့ ဒိုင်ယာရီလေးတစ်ခုဖြစ်ခဲ့သည်။
အစချီထားတဲ့ပုံက...
ကျမနာမည်က ဂျက်စမင်အဲလာဂိုလန်.. ဂျော်နီစတန်မ်ဂိုလန် ရဲ့ ချစ်လှစွာသော ဇနီး.. ကျမအသက် ၈၅နှစ်မှာ နောက်ဆုံးအနေနဲ့ နောက်ဆုံးချန်ခဲ့တဲ့ စာလေးပေါ့..အင်း.. ကျွန်မနာမည်အရင်းက မာလာနွယ် မြန်မာအမျိုးသမီးတစ်ဦး လူတိုင်းကတော့ မိနွယ်လို့ဘဲခေါ်ကြတယ်.. ပြီးတော့ သူငယ်ချင်းလေးက ခေါ်ခဲ့တဲ့နာမည်လေးပေါ့... သူက အချစ်ကို ထူးထူးစမ်းစမ်းချစ်ကြိုက်ခဲ့တယ်လေ... အခုတော့ သူဘယ်ဆီရောက်ပြီး ခရီးတွင်နေမလဲ ကျမ မသိဘူး.. ဒါပေမဲ့ ဒီစာလေးကိုတော့ သူ့ကိုမြင်စေချင်တယ်...
ဆက်စပ်ပြီး သူ့မဘဝအကြောင်း စာအုပ်အပြည့် ရေးထားသည့် ကြောင့် သျှမ် အ့ံဩခါ မာမီ့ဆီဖုန်းလှမ်းဆက်ရသည်...။ မာမီထံမှ ထိုအခါ အသံထွက်လာသည်က..."အေး ဟုတ်တယ် အဲ့တာ မင်းအဘွားရဲ့အမေ ရေးခဲ့တာ.. မင်းရဲ့ ဘေးလို့ပြောရမလား.. ဪ ဪ အဲ့ပန်းချီလေ.. မင်းအဘွားဆီကရတဲ့ပန်းချီလေ.. အေး..အဲ့တာက မင်းအဖွားရဲ့အမေ ပိုင်ခဲ့တာ မင်းအဘွားရဲ့အမေက တန်ဖိုးရှိတဲ့ လူတယောက်ဆီကရတဲ့ လက်ဆောင်တဲ့လေ... အင်း.. ဘာလို့မေးတာလဲ..." ဆိုသည့် မာမီ့ အမေးနောက် ဖုန်းကလေး လွတ်ကျသွားသည်..။
"ဒါဆို မိနွယ်က ငါ့အဘွားပေါ့...ဟား...ဟားဟား... အဲ့ဟာမက ငါ့အဘွားရဲ့အမေတဲ့လား.. နင်..နင်ဟာ... ဟားဟားဟား..." ပီတိဖြာသော မျက်ရည်တွေက ပါးပြင်၌ နေရာယူလို့...
"ဪ.. အဲ့ကတည်းက သိရမှာ အဘွားပြောခဲ့တယ်လေ ငါ့တို့အဘိုးက အင်္ဂလိပ်ကြီးဆိုတာ... ဟား.. ကမ်ဘာကြီးကတော်တော်ကျဉ်းတာဘဲ...မိနွယ်ရေ.. ငါနင့်စာကိုမြင်ပြီသိလား..."တိုးတိပ်သောရေရွတ်သံတစ်ခု...
သူ့ဘေးတွင်တော့ လေးဘက်ထောက် အရွယ်လေးနဲ့ကလေးနှစ်ကောင်ကအငြိမ်မနေ... လှုပ်လီလှုပ်လဲ့ဟာလေးတွေကို စွပ်ကွင်းပေါ်တင်ပေးလိုက်တော့ ဝူးခနဲ ဝူးခနဲ ခြေထောက်လေးတွေထောက်ခါ အိမ်ထဲ ပတ်ပြေးကြသည်.. သူဇာနဲ့ ကျွန်တော့်မှာလည်း မျောက်မူးလဲ နှစ်ကောင်အား မည်သို်မှဖမ်းမရ..
ညနေကျတော့ ဦးတည်ပြန်လာသည်..။ အမြဲပြန်လာတိုင်း ကစားစရာ တစ်ခုမဟုတ် တစ်ခု ပါပါလာတက်သည့် ကလေးချစ်လွန်းတဲ့ လူကြီး... ဟောဒိက သူ့ယောက်ျား ဘာစားမလဲ ဟူ၍တောင် မေးဖော်မရ...အင်းဟင်း...စိတ်တွေလေပါတယ်နော်...
...."မျှစ်လုံးလေးရေ မှိုလုံးလေးရေ ဒယ်ဒီပြန်လာပြီ.."
အသံကြားတာနဲ့ တနှမ့်နှမ့်နဲ့ လှုပ်ရွလာတဲ့ ပိစိနှစ်ကောင်က အိမ်ရှေ့သို့ စွပ်ကွင်းထဲမှ အားယူခါ အရပြေးသည်... အရုပ်ပါလာမှန်းသိလို့ တကယ့်ကို အလည်လေးတွေ တဝူးဝူး တဝါးဝါးနဲ့ ပြောလိုက်တဲ့စကားတွေကလည်း ဘာတွေမှန်းမသိ..
အမြဲပြုံးရွှင်နေတဲ့ ကလေးတွေက မျက်နှာချိုလည်း သွေးတက်ကြသည်..။ တခါတလေ ဦးတည်နဲ့ အနည်းငယ် စကားများကြရင် သူတို့ အိပ်ခြင်းလေးထဲမှ မျက်နှာငယ်လေးတွေနဲ့ နှစ်ယောက်သား ထကြည့်ကြလေသည်..။
နင်တို့ကရော ဘာကြည့်တာလဲ ဟု ကျွန်တော်က စိတ်ဆိုးချင်ယောင်ဆောင်လျှင် တခစ်ခစ်ရယ်ပြတက်ကြသေးသည်...။
အခုလည်း သူ့အဖေဆီ... အပြေးသွားကြိုကြပြန်ပြီ...။
"ဟ..ငါ့သားကြီးတွေက ဒယ်ဒီ့ကို လာကြိုတာပေါ့လေ...."
ကိုယ်စီ ချီပါ ဟူ၍ လက်ကလေးတွေ ကမ်းနေသော ကလေးပိစိနှစ်ကောင်ကိုလည်း လက်မောင်းတစ်ဖတ်ဆီမှ ချီပိုးရသေးသည်...။
ဒါကို နံရံမှာ ကိုယ်ကလေးစောင်းမှီခါ ခေါင်းစုတ်ဖွားနှင့် လက်ပိုက်ရင်းကြည့်နေသော ကိုယ့်ရဲ့ တစ်ဦးတည်းသော ကပိုပရိုအဝတ်အစားလေးတွေနဲ့ အိမ်ရှင်ထီးလေး... မျက်နှာကလေးကလည်း ချောင်ကျလို့ အရင်ကလို ပြည့်ဖောင်းဖောင်းကိုယ်လုံးလေးမဟုတ်ဘဲ ပိန်သွယ်သွယ် ကိုယ်လေးအဖြစ်...ဆံပင်တွေကလည်း အရှည်ထားချက်သည်ဆိုလို့ပေးထားလိုက်တာ ခုတော့ တစ်လွှာသိမ်းထားတာတောင် ဆံပင်တွေကြောင့် လူက ညှင်းသိုးသိုးနှင့်
မဖြစ်သေးပါဘူး ဆံပင်လေး နည်းနည်းပြန်ညှပ်ပေးရမယ် ဟူသောအတွေးကလေးကလည်း ဝင်မိပြန်ပါသည်။
ထို့နောက်ဦးတည်က ပြုံးပြလျှင်..."ချီပါ.. ကျွန်တော့်ကိုရော.." ဟုဆိုခါ အပြေးလာပြီး ကျောမှ ဖတ်ခါ ခါးတွင်ခြေချိတ်ရင်း ကုန်းပိုးထားသော အနေအထားနှင့် ကလေးညွေနှင့်အပြိုင် နေရာဝင်ယူသည်...။
"ဦးတည် ကျွန်တော် ပင်ပန်းတယ်.. " ဆိုတဲ့ အားမရှိတော့တဲ့ လေသံသေးသေးလေး...
"ကိုယ်သိတာပေါ့ အဲ့တာကြောင့် ကိုယ် အလုပ်မှာ အနားယူဖို့ခွင့်တင်ခဲ့တယ်... လုံးလုံးတို့ သားအဖတွေကို ကိုယ်က တစ်လှည့် ပြုစုဖို့လေ..."
"ဟင်..."
ဦးတည်က ထိုကဲ့သို့ ကျွန်တော်တို့မိသားစုလေးအပေါ် မတ္တာတွေနဲ့ ကြီးစိုးခဲ့သူပါ...
ဒီညတော့ ဦးတည်က ကျွန်တော်တို့ သုံးယောက်အား အိပ်ယာဝင်ပုံပြင်အဖြစ် ယုန်တွင်းထဲပြုတ်ကျသွားတဲ့ကောင်မလေးဟာ ဘယ်လိုတွေ ဖြစ်ပျက်ခဲ့သလဲဆိုတဲ့ ပုံပြင်လေးအား ပြောပြခဲ့လေတော့သည်...။
ထို့နောက်တွင်တော့ ကုတင်ပေါ်မှာ အကောင်ပိစိလေးတွေနဲ့ အိပ်ပျော်နေသော ကျွန်တော်တို့မိသားစုဟာ အိပ်မက်လှလှလေးထဲ နစ်မြောခဲ့ကြသည်....။
..............
မျက်စိပြန်ဖွင့်လာတော့ နှစ်ယောက်သား ရောက်နေသည့်နေရာကား....
"ဦးတည်..."
"အင်း..."
ပတ်ဝန်းကျင်သည် ဖုန်တလောလောနှင့် ရွာဈေးထဲ လှုပ်လှုပ်ရှားရှား သွားနေသော လူများ... ကျွဲခေါင်း စက်ဘီးကြီးတွေနဲ့ နွားစာသယ်သွားတဲ့ လူတွေ.. အပျိုမလေးတွေနဲ့ ကာလသားတစ်ချို့ရယ်...မုန့်လေပွေ ဟုခေါ်တွင်သည့် လမ်းဘေးမုန့်ရောင်းသယ်တစ်ချို့ရယ်...
"ကလင် ကလင်....ဘေးဖယ်ဗျို့ အကိုတို့..."
စက်ဘီးအား နှစ်ယောက်သား ဘေးဖယ်လိုက်ကြရင်း မျက်စိရှေ့တစ်ဆုံး လျှောက်လာခဲ့ကြသည်... နှစ်ယောက်သားရဲ့ လက်တွေဟာ ဖြုတ်မရတော့သည်အထိအတူတူတွဲလို့...
ပြီးတော့ စံအိမ်ကြီးတစ်ခုထဲ ချိုးဝင်လိုက်ကြသည်.. အိမ်ထဲမှာ အသံပေါင်းစုံနဲ့ အော်ဟစ်နေတဲ့ မိနွယ်တို့အတွဲရယ် လက်ဖက်သုတ်စားနေတဲ့ မမထွေးငယ်တို့အတွဲရယ် စာအုပ်ထိုင်ဖတ်နေတဲ့ မမကြီးရယ် မှိုလုံးလေးနဲ့ မျှစ်လုံးလေးကိုထိန်းနေတဲ့ မေကြီးရယ် ဒေါ်နန်းထိပ်ထားရယ် ပြီးတော့ ဦးစိုင်းနောင်ရယ်...
နောက် ခြံထဲမှာ ရပ်ထားတဲ့ ဂျစ်ကားအပြာ အလုံးလေးရယ်....
"ဝေး... ဟိုမှာ ပြန်လာကြပြီ.. ကလေးမထိန်းဘဲ လျှောက်သွားနေကြတဲ့ လင်မယားနှစ်ယောက်..."
မိနွယ်ကအော်တော့ အားလုံးက ရယ်သည်... ကျွန်တော်တို့ နှစ်ယောက်ကတော့ တယောက်လက် တယောက်တွဲခါ ခြံထဲ လက်လှမ်းပြလို့ ဝင်လာခဲ့ကြသည်..။
ထို့နောက် ခြံကလေးသည် ရယ်သံတို့နှင့် ပြည့်နှက်ခဲ့လေတော့သည်....။ ကျေနပ်သော အပြုံးကိုယ်စီနဲ့ပေါ့.....။
..............................
The End...
Happy Ending လေးကို အားလုံး ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်....
VV က စာဖတ်သူတွေနဲ့ မခွဲချင်သေးတာကြောင့်
အသားလုံး နဲ့ မျှစ်လုံးလေးတို့ ညီအကိုနှစ်ယောက်ရဲ့ အရှုပ်တော်ပုံကို အတွဲအသစ်အနေနဲ့ ဖန်တီးပေးသွားမှာမို့လို့ ဆက်လက်စောင့်မျှော်ပေးကြပါအုံး... s3 မဟုတ်ပေမဲ့ သူတို့ကလေးလေးတွေကို VV ရဲ့ နောက်ဇာတ်ကောင်အဖြစ် ဖန်တီးချင်မိတာပါ..
ကဲ.... လုံးလုံးတို့အိမ်မှ ပြန်လည် ကြိုဆိုလိုက်ပါတယ်..
Welcome to Lone Lone's house.🏘🏠