' ဆက် ' ... ချစ်နေမယ်

By hsu_symon

10.4K 621 55

ပျားအုံဖူးစာ fiction ထဲက တေးဥသြနှင့်အိုးဆက်၏ သား ဆက်ဥသြ ရဲ့ new story ပါ ။ နီတာရဲလေးကို ကျွန်တော် မွေးမယ်... More

စာရေးသူဖန်တီးခြင်းအစ
အပိုင်း - တစ်
အပိုင်း - နှစ်
အပိုင်း - သုံး
အပိုင်း - ငါး
အပိုင်း - ခြောက်

အပိုင်း - လေး

817 76 6
By hsu_symon

နီတာရဲလေး အိပ်နေသည်မို့ တော်သေးသည်
ဆိုရမည် ။

Bffပေါင်း မသာလောင်းနှစ်ယောက်
ဖွသွားသည့်သာတွေကို ဆက်ဥသြ ရှင်းရ
ပေသည် ။

လူစားမစားကြပဲ ဘယ်လိုတွေစားကြသလဲ
မသိပါဘူး ။

အပေါ်တစ်ဝက် အောက်တစ်ဝက်နဲ့
နို့မှုန့်တွေကို ပြန့်ကျဲလို့ ။
လေသလပ်သွားသည်မို့ ပြောင်အောင်
မနည်းသုတ်ယူရသည် ။
ေကာင်းကျိူးနဲနဲမှ မပေးကြတဲ့ဟာတွေ ။

အကုန်ရှင်းလင်းသွားတော့မှ အခန်းထဲ
ပြန်ဝင်ကြည့်လိုက်တော့ နီတာရဲလေးက
မနိုးလာသေး ။
တော်တော်လည်း အအိပ်မက်သည့်
နီတာရဲပါ ။

စာမေးပွဲလည်း နီးလာပြီမို့
ဧည့်ခန်းထဲမှာပဲ စာကြည့်ရန်ပြင်လိုက်သည် ။
အခန်းထဲမှာဆို ဆက်ဥသြ လှုပ်ရှားတာနဲ့
နီတာရဲလေး နိုးသွားအုံးမည် ။

ညနေ အပြင်သွားမှာမို့ အိမ်ကိုသေချာ
ပိတ်ထားခဲ့ရမည် ။
အိမ်သန့်ရှင်းရေး လုပ်ရန် ပျင်းသော
ဆက်ဥသြ အခုတော့ နေ့တိုင်းသန့်ရှင်းရေး
လုပ်ရသည် ။

နီတာရဲလေးက သိပ်ငယ်လွန်းသေးသည်မို့
ကျန်းမာရေးရော အစစ အရာရာ ဂရုစိုက်
ရသည် ။
ဆက်ဥသြ တစ်ယောက်ထဲ နေတုန်းက
ပြတင်းပေါက်ဆိုတာ အမြဲပိတ်ထားသည့်
နှလုံးသားလို ။

အခုတော့ လေဝင်လေထွက် ကောင်းဖို့
အကုန်ဖွင့်ရတော့သည် ။
တံခါးပဲ ဖွင့်တာပါ နှလုံးသားလေးကတော့
အခုထိ သော့ပိတ်ထားတုန်းပါပဲ ။

အဲ့... ဟင့်...

ဟော... အခန်းထဲက အသံပိစိလေး ကြား
လိုက်ရသည်မို့ ဆက်ဥသြ စာအုပ်ကို
ပစ်ချပြီး အခန်းထဲ ပြေးဝင်မိသည် ။

ခြင်ထောင်လေးထဲ လက်လေးတွေ
ခြေထောက်လေးတွေ လေပေါ်မြှောက်လျက်
နိုးလာပြီဖြစ်သော နီတာရဲလေး ။

ခေါင်းသေးသေးလေးကလည်း
ဟိုဖက် ဒီဖက် လှုပ်ရမ်းကာ
တစ်ခုခုကိုရှာနေသလို ။

ဟုတ်ပါသည် မောင်မောင် နီတာရဲလေးသည်
သူ့ဖေဖေ ဆက်ဥသြကို ရှာနေခြင်း ။

နီတာရဲလေးသည် သူအိပ်ရာနိုးလာလို့
ဘေးမှာ ဆက်ဥသြ မရှိနေလျှင် ငိုသံလေးတွေ
ထွက်လာပြီး ခေါင်းကို အလုပ်ပေးကာ
ရှာတတ်သည် ။

မတွေ့ရင်တော့လား အမလေး ပြဲလန်နေအောင်
ငိုတော့တာပဲ ။

တစ်ခါကဆို မနည်းကို ချော့လိုက်ရတာဆိုတာ
ဘေးနားက အခန်းတွေလူတွေပါ ထွက်လာပြီး
ဝိုင်းချော့ကြလို့ ချော့နဲ့ ။

တကယ် နီတာရဲလေးကို မျက်နှာမြင်ရင်
ချစ်ခင်ကြသည့် လူတိုင်းပင် ။

နီတာရဲလေး စရောက်တုန်းကဆို
အကုန်လုံးက ဆက်ဥသြကို
ထူးဆန်းသောအကြည့်တွေဖြင့် ကြည့်လိုက်တာ
ဆိုတာ ။

နီတာရဲလေး ငိုလွန်းရင် အခန်းပြင်ထွက်လို့
ဟိုလျှောက် ဒီလျှောက် လုပ်ပေးလိုက်သည် ။

တစ်ပါးသူတွေတွက် စိတ်အနှောင့်အယှက်
ဖြစ်သွားမှာတော့ အသေအချာပေါ့ ။

ဆက်ဥသြဆိုသည့် လူသားကလည်း
ဒုက္ခဆို တစ်ယောက်ထဲ ခံစားရတာထက်
စာရင် အဖော်အပေါင်းနဲ့ ခံစားရတော့
ကောင်းတာလို့ မှတ်ယူထားသူလေ ။

အဲ.... အတွေးလွန်နေတာနဲ့ မျက်ရည်တွေ
ကျကာ တအင့်အင့်နဲ့ ငိုနေသော
နီတာရဲလေးကို ခဏ မေ့သွားသည့်
အဖြစ် ။

" အမလေး နီတာရဲလေးရယ် ငိုနေတာလား
ဟုတ်လား မခေါ်လို့ ငိုနေတာလား
ခေါ်မှာပေါ့ဗျာ "

အခုလိုငိုနေရင် နီတာရဲလေးကို
ချော့လို့ရတာ တစ်နည်းပဲ ရှိသည် ။

အဲ့ဒါကတော့ နီတာရဲလေးကို ဆက်ဥသြ
ပွေ့ချီလိုက်တာပင် ။
အဲ့ချော့နည်းက တကယ်ကို အသုံးဝင်
တာဗျို့..... ။

" ညနေကျရင် အပြင်ကို လည်လည်သွား
ကြမယ်နော် နို့နို့တွေကုန်သွားပြီ
ခွေးတွေစားသွားလို့ သစ်သစ်တွေများကြီး
သွားဝယ်ကြမယ်နော် "

ခစ်.... ခစ်....

ဆက်ဥသြ ပြောတာကို သဘောတွေကျနေသော
နိတာရဲလေး ။
သူလေး နားလည်တာလည်း မဟုတ်ပဲနဲ့
ဒီသေးသေးလေးကလေ သိပ်လည်တာ ။

ကျောင်းတက်ရက်တွေလည်း ပုဆိုးနှင့်
လည်ကတုံးကို ဝတ်သလို အိမ်မှာနေသည့်
အချိန်တွေမှာလည်း ပုဆိုးနှင့် လည်ကတုံး
ကိုပဲ ဝတ်ဆင်ဖြစ်သည် ။

အခုလည်း လည်ကတုံး လက်တို အညိုကိုမှ
ယောပုဆိုးအနက်ဖြင့် တွဲဝတ်လိုက်သည် ။
အဟမ်း...... ဆက်ဥသြ မတအားတွေ
ချောသွားပြီလေ ။

၆ပေကျော်နေသော အရပ်သည် အခုလို
ချိန်ဆို သိပ်ဂုဏ်ယူရသည် ။

ဆက်ဥသြ အကုန်ပြင်ပြီးပြီမို့ နီတာရဲလေး
ကို လှည့်ကြည့်လိုက်တော့ ကုတင်ပေါ်မှာ
ခဏက တင်ထားသည့်အတိုင်းလေး ။

တစ်ခုပဲ ကုတင်နှင့် မှန်တင်ခုံက
တန်းနေသည်မို့ ဘေးစောင်းတာနှင့်
မြင်နေရသည်ကို နီတာရဲလေးက
ခေါင်းလေးကို စောင်းကာ ဆက်ဥသြ
ကို ကြည့်နေသည် ။

နီတာရဲလေးအနား ေလျှာက်သွားလိုက်တော့
အိ... မျက်နှာသေးသေးလေးမှာ
နဖူးနေရာလေး ကျုံ့နေလေသည် ။

မဲနက်ကာ ထူထဲသော
မျက်ခုံးတွေပိုင်ဆိုင်ထားသည့်
နီတာရဲလေးသည် ကြီးလာရင်
တကယ်ကို လူချောလေးဖြစ်မှာ ။

လူကြီးစကားနှင့်ပြောရရင် မျက်မှောင်လေး
ကျုံ့ကာ ဆက်ဥသြကို ကြည့်နေသော
နီတာရဲလေး ။

ဆက်ဥသြ တွေးလိုက်မိသည်
ဒီသေးသေးလေး မကြိုက်တာတစ်ခုခုများ
လုပ်လိုက်မိသလားပေါ့ ။

" နီတာရဲလေး ဘာဖြစ်နေတာလဲ ဟင်
ဘာဖြစ်လို့လဲ အပြင်သွားကြမယ်နော်
လှလှလေး ဝတ်ကြမယ် "

နီတာရဲလေး ဝတ်ရသည့်အဝတ်လေးတွေသည်
တကယ်ကို ပိစိလေးတွေ ။

အရင်က ဆက်ဥသြ၏ အဝတ်အစားတွေနဲ့သာ
ပြည့်နေခဲ့သော ကျွန်းဗီဒိုကြီးသည်
အခုတော့ နီတာရဲလေးရဲ့ အဝတ်သေးသေးလေး
တွေပါ နေရာယူထားလေပြီ ။

များစွာသော အဝတ်တွေထဲကနေ
ပန်းရောင် အင်္ကျီ ဘောင်းဘီ ဝိုင်းစက်
လေးကို ယူလိုက်ပြီး နီတာရဲလေးကို
ဝတ်ပေးလိုက်သည် ။

ကဲ အခုတော့ နှစ်ယောက်သား
တော်တော်မှ တော်တော်ကို မိမိုက်သွား
ကြပါပြီ ။

ဖေဖေလေးတို့ သူငယ်ချင်းလေးယောက်
ပေါင်းဖွင့်ထားသော baby store ရှိတာပင်
တကယ်ကို အဆင်ပြေလှသည် ။

ဖေဖေလေးနှင့် ဖေဖေကြီးကလည်း
ဆက်ဥသြကို ငယ်ငယ်က
ဘယ်လိုတွေ ထိန်းရကြောင်း ထားရကြောင်း
တွေကို ပြန်ရှင်းပြပေးသည်မို့
ဆက်ဥသြ သေချာမှတ်သားရသည် ။

နီတာရဲလေးက လသားအရွယ်လေးမို့
လက်ကချီလို့ မရသေး ။
အဲ့ဒါကြောင်​့ ရင်ဝယ်ပိုက်ကာ
သွားလေရာ သယ်ထားလို့ရသည့်
လွယ်အိတ်ကလေးဖြင့် နီတာရဲလေးကို
ထည့်ကာ လိုအပ်သည့်နီတာရဲလေး၏
ပစ္စည်းတွေကို ယူလိုက်ပြီး
နှစ်ယောက်သား ထွက်လာလိုက်သည် ။

ဆက်ဥသြ နောင်တရချင်နေသည် ။
အကြောင်းကတော့ အမြဲတမ်း ပြိုင်ကား
သာ စီးတတ်သော ဆက်ဥသြ
အခု နီတာရဲလေးနဲ့မို့ စီးရတာ သိပ်အဆင်မပြေလှ ။

ကားလဲစီးရန် ဆက်ဥသြ တွေးထားလိုက်
တော့သည် ။

ကားကို ကားပါကင်မှာ ရပ်ထားခဲ့ပြီး
နီတာရဲလေးနှင့် shopping mall
ထဲ ဝင်လာလိုက်သည် ။

အရင်ဆုံး နီတာရဲလေးအတွက် အရေးကြီး
သည့် နို့မှုန့်တွေရှိရာဆီ တန်းသွားရသည် ။

ဆိုင်ထဲ ဝင်လိုက်သည်နှင့် ဝန်ထမ်းအမျိူးသမီး
တွေသည် ဆက်ဥသြကို ကြည့်ကာ
အချင်းချင်းပြောနေကြသည် ။
သေချာတာကတော့ ကလေးအဖေက
သိပ်ချော သိပ်ခန့်သည့် အကြောင်းပေါ့ ။

ဆက်ဥသြကတော့ ဘာကိုမှ ဂရုမစိုက် ။

" နီတာရဲလေး မင်း ဒီသုံးမျိူးထဲက
ဘယ်ဟာကို သောက်ဖို့လဲ သောက်နေကျကို
ပဲ သောက်ဖို့လား အသစ်ကိုပြောင်းသောက်
မလား ရွေး နီတာရဲလေး "

များစွာသော နို့မှုန့်ဗူးတွေထဲ စျေးအကြီးဆုံး
သော နို့မှုန့်ဗူး သုံးမျိူးရှေ့ နီတာရဲလေးကို
ချီလျက် ရပ်လိုက်ပြီး နီတာရဲလေးကိုသာ
ရွေးခိုင်းလိုက်သည် ။

ဆက်ဥသြ၏ စကားကို နားလည်သော
နီတာရဲလေးသည် ခေါင်းသေးသေးလေးကို
စောင်းကာ စင်တွေပေါ်မှာတင်ထားသော
နို့မှုန့်ဗူးတွေကို ကြည့်လေသည် ။

ဘေးနားက ဆိုင်ဝန်ထမ်း အမျိူးသမီးတွေကတော့ စကားနားလည်သော
နီတာရဲလေးကို အသဲတယားယားဖြင့်
ကြည့်နေကြသည် ။

နီတာရဲလေး၏ မျက်နှာလေးသည်
ဝိုင်းဝိုင်းပြည့်ပြည့်ကလေး ။
ထူထဲမဲနက်သော မျက်ခုံးတန်းတွေရှိသည် ။
ဝိုင်းစက်သော မျက်ဝန်းအိမ်ထဲ နက်နေသော
မျက်ဆံလေးတွေ နေရာယူထားလေသည် ။
နှာတံလေး ပေါ်နေသော နီတာရဲလေးသည်
နှာဖျားလေးက လုံးလုံးလေး ။
လသားလေးမို့ အသားလေးတွေသည်
ခပ်နီရဲရဲ ။
ကကြီးပုံသဏ္ဍာန် နှုတ်ခမ်းပုံလေးကို
လည်း ပိုင်ဆိုင်ထားသော နီတာရဲလေး ။

ဖက်...

အရှေ့မှ နို့မှုန့်တွေဖက် ခေါင်းလှည့်နေရာကနေ
ဆက်ဥသြကို ဆက်ခနဲ ပြန်လှည့်လာပြီး
ဆက်ဥသြ၏ ရင်ဘက်ကို ဖက်ခနဲ မြည်အောင်
ရိုက်လေသည် ။

ဆက်ဥသြ ရင်ခွင်ထဲက နီတာရဲလေးကို
ငုံ့ကြည့်လိုက်မိတော့ ဆက်ဥသြကို
ပြန်ကြည့်နေသော နီတာရဲလေး ။

ဆက်ဥသြ သဘောပေါက်သွားပြီမို့
မရယ်ပဲ မနေနိုင်တော့ ။

ဆက်ဥသြ ရယ်လိုက်မိတော့
အနားမှာ မသိမသာရော သိသိသာသာပါ
ကြည့်နေကြသော ဆိုင်ဝန်ထမ်းအမျိူးသမီး
တို့၏ အသံတွေကို ကြားရတော့သည် ။

ဆက်ဥသြကတော့ ဘာကိုမှ ဂရုစိုက်မနေတော့.
ပဲ နီတာရဲလေး သောက်နေကြ နို့မှုန့်ဗူးကို
သာ လုံလုံလောက်လောက် ယူလိုက်ပြီး
ငွေရှင်းကောင်တာဆီ သွားကာ
ငွေရှင်းလိုက်သည် ။

လိုတာတွေ အကုန်လုံးကို နီတာရဲလေးနှင့်
အတူ လျှောက်သွားကာ ဝယ်ပြီးပြီမို့
Condo ကိုသာ နှစ်ယောက်သား ပြန်လာလိုက်
တော့သည် ။

ဆက်ဥသြ သဘောပေါက်လိုက်သည်က
နီတာရဲလေး ဆက်ဥသြ၏ရင်ဘက်ကို
ရိုက်ခြင်းသည် ဆက်ဥသြ ကြိုက်သည့်
နို့မှုန့်ဗူးကိုသာ ယူ ဆိုသည့် သဘောပင်...။

နီတာရဲလေးသည် လသားရွယ်လေးဆိုပေမဲ့
ဆက်ဥသြကတော့ သူ့ကို နားလည်နိုင်သည် ။
နီတာရဲလေးရဲ့ သာဘာစကားကို
နားလည်သည့် တစ်ဦးတည်းသော သူ
ဆက်ဥသြပါပဲ ။

တစ်နေ့တာ၏ ဘဝအမောတွေ ပြေကြပါစေ ။
ကျန်းမာရေးကို အထူး ဂရုစိုက်ကြပါခင်ဗျာ ။






Zawgyi

ဆိုရမည် ။

ပေသည် ။

မသိပါဘူး ။

မနည်းသုတ်ယူရသည် ။
ကောငျးကြိုးနဲနဲမှ မပေးကြတဲ့ဟာတွေ ။

မနိုးလာသေး ။
နီတာရဲပါ ။


ပိတ်ထားခဲ့ရမည် ။
လုပ်ရသည် ။

ရသည် ။
နှလုံးသားလို ။

အကုန်ဖွင့်ရတော့သည် ။

အဲ့... ဟင့်...



တစ်ခုခုကိုရှာနေသလို ။


ရှာတတ်သည် ။

ငိုတော့တာပဲ ။



အကုန်လုံးက ဆက်ဥသြကို
ဆိုတာ ။




အဖြစ် ။

ခေါ်မှာပေါ့ဗျာ "


ပွေ့ချီလိုက်တာပင် ။
တာဗျို့..... ။

သွားဝယ်ကြမယ်နော် "

ခစ်.... ခစ်....

နိတာရဲလေး ။

ကိုပဲ ဝတ်ဆင်ဖြစ်သည် ။

အဟမ်း...... ဆက်ဥသြ မတအားတွေ
ချောသွားပြီလေ ။



ကို ကြည့်နေသည် ။

နီတာရဲလေးအနား လြှောကျသှားလိုကျတော့

မဲနက်ကာ ထူထဲသော

နီတာရဲလေး ။

လုပ်လိုက်မိသလားပေါ့ ။

လှလှလေး ဝတ်ကြမယ် "

တကယ်ကို ပိစိလေးတွေ ။

တွေပါ နေရာယူထားလေပြီ ။

ဝတ်ပေးလိုက်သည် ။

ကြပါပြီ ။

တကယ်ကို အဆင်ပြေလှသည် ။

ဆက်ဥသြကို ငယ်ငယ်က

လက်ကချီလို့ မရသေး ။

သာ စီးတတ်သော ဆက်ဥသြ

တော့သည် ။

ထဲ ဝင်လာလိုက်သည် ။


ဆိုင်ထဲ ဝင်လိုက်သည်နှင့် ဝန်ထမ်းအမျိုးသမီး


" နီတာရဲလေး မင်း ဒီသုံးမျိုးထဲက
မလား ရွေး နီတာရဲလေး "

များစွာသော နို့မှုန့်ဗူးတွေထဲ ဈေးအကြီးဆုံး
သော နို့မှုန့်ဗူး သုံးမျိုးရှေ့ နီတာရဲလေးကို
ရွေးခိုင်းလိုက်သည် ။


ဘေးနားက ဆိုင်ဝန်ထမ်း အမျိုးသမီးတွေကတော့ စကားနားလည်သော
ကြည့်နေကြသည် ။

ခပ်နီရဲရဲ ။

ဖက်...

ရိုက်လေသည် ။


မရယ်ပဲ မနေနိုင်တော့ ။

ကြည့်နေကြသော ဆိုင်ဝန်ထမ်းအမျိုးသမီး

ငွေရှင်းလိုက်သည် ။

တော့သည် ။


ဆက်ဥသြပါပဲ ။


Continue Reading

You'll Also Like

458K 39.4K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
257K 7.1K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
409K 39.1K 119
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
246K 36.8K 88
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest