အပိုင်း - နှစ်

980 76 2
                                    

" ရောက်နေတာကြာပြီလား သားသား "

အနောက်မှ အသံကြားလိုက်ရသဖြင့်
ဆက်ဥသြကြောင်နေရာမှ အနောက်ကိုလှည့်
ကြည့်လိုက်တော့ ဖေဖေကြီး ။
ဖေဖေကြီးဘေးမှာ ဖေဖေလေး ။
နောက်မှာလည်း ဆက်ဥသြအတွက် တန်ဖိုး
ဖြတ်မရသော သူတွေ ။

" ဟယ် သားဆက်ရဲ့ လက်ထဲမှာ ကလေးလေး"

ဦးဝင်းက လက်ထဲက ကလေးလေးကို
ခုမှ မြင်သည်ထင် ။
ကျန်သူတွေကလည်း ဆက်ဥသြလက်ထဲက
နီတာရဲလေးဆီကိုသာ စုပြုံကြည့်လာကြသည်။

" ဘယ်သူလေးလဲ သားဆက် "

" မသိဘူး... "

ဦးပြေ ေမးလာသည်ကို ဆက်ဥသြ
အမှန်အတိုင်းဖြေလိုက်တာပါ ။

" သားဆက်က ဘာလို့ ချီထားတာလဲ "

" ဒယ်ဆု လက်ထဲ ထားသွားတာဗျ "

ဦးဝင်းကလည်း မေးလာသည်မို့
အမှန်အတိုင်းပဲ ထပ်ဖြေလိုက်ပါသည် ။

" သားသား ညောင်းနေလား
ဖေဖေကြီးကို ပေးလေ ကလေးလေးက
ချစ်စရာလေး ဥသြလေး လာကြည့်ပါအုံး "

ဖေဖေကြီး၏ အနောက်မှာရပ်နေသော
ဖေဖေလေးက ဖေဖေကြီးခေါ်လိုက်တော့
အနားကို ဖြည်းဖြည်းဆီ လာသည် ။

ဆက်ဥသြကို မွေးပြီးကတည်းက
နောက်ထပ် ကလေး ထပ်ယူလို့မရတော့သော
ဖေဖေလေး ။
ကလေးလေးတွေ မြင်ရင် သိပ်ချစ်တတ်တဲ့
ဖေဖေလေးက ငယ်ငယ်ကဆိုလည်း
ဆက်ဥသြကို ဂရုစိုက်ခဲ့သည့်သူ ။

ဆက်ဥသြ အသက်နည်းနည်းကြီးလာမှသာ
သားအဖ နှစ်ယောက် မတည့်ကြတော့တာပါ ။

" ဥသြလေး ချီပါအုံး လာ ကိုယ်
ပေးမယ် "

" ဟာ... "

ဆက်ဥသြ ရင်ခွင်ထဲ အံဝင်တကျဖြစ်နေသော
နီတာရဲလေးကို ဖေဖေကြီးသည်
ချီယူဖို့ပြင်လေသည် ။

ဖေဖေကြီးကို ပေးဖို့ပြင်လိုက်တော့
ဆက်ဥသြ၏ ရင်ဘတ်နေရာက
အင်္ကျီစကို လက်သေးသေးလေးတွေနဲ့
ကျစ်နေအောင် ဆုပ်ကိုင်ထားသော
နီတာရဲလေး ။

မျက်နှာလေးက သွေးတွေပေနေသေးသည် ။
မသန့်ရှင်းရသေးတာမို့ တကယ်ကို
သေးသေးကွေးကွေးလေး ။

' ဆက် ' ... ချစ်နေမယ်Wo Geschichten leben. Entdecke jetzt