အပိုင်း - လေး

809 76 6
                                    

နီတာရဲလေး အိပ်နေသည်မို့ တော်သေးသည်
ဆိုရမည် ။

Bffပေါင်း မသာလောင်းနှစ်ယောက်
ဖွသွားသည့်သာတွေကို ဆက်ဥသြ ရှင်းရ
ပေသည် ။

လူစားမစားကြပဲ ဘယ်လိုတွေစားကြသလဲ
မသိပါဘူး ။

အပေါ်တစ်ဝက် အောက်တစ်ဝက်နဲ့
နို့မှုန့်တွေကို ပြန့်ကျဲလို့ ။
လေသလပ်သွားသည်မို့ ပြောင်အောင်
မနည်းသုတ်ယူရသည် ။
ေကာင်းကျိူးနဲနဲမှ မပေးကြတဲ့ဟာတွေ ။

အကုန်ရှင်းလင်းသွားတော့မှ အခန်းထဲ
ပြန်ဝင်ကြည့်လိုက်တော့ နီတာရဲလေးက
မနိုးလာသေး ။
တော်တော်လည်း အအိပ်မက်သည့်
နီတာရဲပါ ။

စာမေးပွဲလည်း နီးလာပြီမို့
ဧည့်ခန်းထဲမှာပဲ စာကြည့်ရန်ပြင်လိုက်သည် ။
အခန်းထဲမှာဆို ဆက်ဥသြ လှုပ်ရှားတာနဲ့
နီတာရဲလေး နိုးသွားအုံးမည် ။

ညနေ အပြင်သွားမှာမို့ အိမ်ကိုသေချာ
ပိတ်ထားခဲ့ရမည် ။
အိမ်သန့်ရှင်းရေး လုပ်ရန် ပျင်းသော
ဆက်ဥသြ အခုတော့ နေ့တိုင်းသန့်ရှင်းရေး
လုပ်ရသည် ။

နီတာရဲလေးက သိပ်ငယ်လွန်းသေးသည်မို့
ကျန်းမာရေးရော အစစ အရာရာ ဂရုစိုက်
ရသည် ။
ဆက်ဥသြ တစ်ယောက်ထဲ နေတုန်းက
ပြတင်းပေါက်ဆိုတာ အမြဲပိတ်ထားသည့်
နှလုံးသားလို ။

အခုတော့ လေဝင်လေထွက် ကောင်းဖို့
အကုန်ဖွင့်ရတော့သည် ။
တံခါးပဲ ဖွင့်တာပါ နှလုံးသားလေးကတော့
အခုထိ သော့ပိတ်ထားတုန်းပါပဲ ။

အဲ့... ဟင့်...

ဟော... အခန်းထဲက အသံပိစိလေး ကြား
လိုက်ရသည်မို့ ဆက်ဥသြ စာအုပ်ကို
ပစ်ချပြီး အခန်းထဲ ပြေးဝင်မိသည် ။

ခြင်ထောင်လေးထဲ လက်လေးတွေ
ခြေထောက်လေးတွေ လေပေါ်မြှောက်လျက်
နိုးလာပြီဖြစ်သော နီတာရဲလေး ။

ခေါင်းသေးသေးလေးကလည်း
ဟိုဖက် ဒီဖက် လှုပ်ရမ်းကာ
တစ်ခုခုကိုရှာနေသလို ။

ဟုတ်ပါသည် မောင်မောင် နီတာရဲလေးသည်
သူ့ဖေဖေ ဆက်ဥသြကို ရှာနေခြင်း ။

နီတာရဲလေးသည် သူအိပ်ရာနိုးလာလို့
ဘေးမှာ ဆက်ဥသြ မရှိနေလျှင် ငိုသံလေးတွေ
ထွက်လာပြီး ခေါင်းကို အလုပ်ပေးကာ
ရှာတတ်သည် ။

' ဆက် ' ... ချစ်နေမယ်Where stories live. Discover now