အပိုင်း - သုံး

859 77 2
                                    

" နီတာရဲလေးကို ကျွန်တော် မွေးမယ် "

အားလုံးရဲ့အကြည့်တွေသည် ဆက်ဥသြဆီ
ရောက်လာသည် ။

တစ်ယောက်ချင်းဆီ၏ မျက်လုံးတွေကို
ဆုံစေ၍ ဆက်ဥသြ ဆန္ဒဘယ်လောက်
ပြင်းပြကြောင်း မျက်လုံးမှတစ်ဆင့်
ဖော်ပြနေမိသည် ။

ဖေဖေလေး၏ မျက်လုံးတွေနှင့်ဆုံခိုက်
ဆက်ဥသြကို ပြုံးပြသည် ။
အဲ့အပြုံးကို ဆက်ဥသြ သိသည် ။

ဖေဖေလေးသည် ဆက်ဥသြကို ဂုဏ်ယူရတိုင်း
အခုလိုမျိူး ပြုံးပြလေ့ရှိသည် ။
အခုလည်း ပြုံးပြနေတယ်ဆိုတော့
ဆက်ဥသြ လုပ်ရက်သည် လုံးဝမမှားတာ
သေချာပါပြီ ။

" သားဆက် ဆန္ဒရှိရင် မွေးလေ
သားအဖေနှစ်ယောက်ကို မွေးစားဖို့ပြင်ခိုင်းပေါ့
ငါ့သားလေးတော့ ညီလေးရပြီ "

ဦးဝင်းက ဝမ်းသာစွာဖြင့် ဆက်ဥသြကို
ပြောလေသည် ။

နီတာရဲလေးကို အဖေတို့ကို
မွေးစားခိုင်းဖို့တဲ့လား နိုးပါ...

"ဟင့်အင်း နီတာရဲလေးကို သားကိုယ်တိုင်မွေးမှာ"

" သားဆက်... "

" သားဆက် သားကအခုမှ ငယ်ငယ်လေးပဲ
ရှိသေးတယ်လေ ဘယ်လိုလုပ် ကလေးတစ်
ယောက်ကို တာဝန်ယူနိုင်မှာလဲ "

ဦးစံ ပြောတာလည်း မှန်ပါသည် ။
ဆက်ဥသြက အခုမှ အသက် ၂၀ ။
မွေးကင်းစကလေးတစ်ယောက်ကို တာဝန်ယူဖို့
ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် ။

ဒါပေမဲ့ ဆက်ဥသြ နီတာရဲလေးကို
သူများဆီ မပို့ချင်ဘူး ။
အနားမှာပဲ ခေါ်ထားချင်တာ ဘာလို့လဲတော့
ဆက်ဥသြလဲ မသိဘူး ။

မတော်လို့ မိဘမဲ့ဂေဟာဆီရောက်သွားပြီး
မွေးစားခံရတယ်ထားအုံး ။
အဲ့လူတွေက နီတာရဲလေးကို သေချာ
ဂရုစိုက် ထိန်းသိမ်းပါ့မလား ။
ဆက်ဥသြ ဘာမှ ဆက်မတွေးတော့ဘူး ။
ဆုံးဖြတ်ချ​က် ချပြီးပြီမို့ ထိုအတိုင်းသာ
လုပ်မည်ပဲ ။

"သားသား တကယ်ပဲ အဲ့လိုလုပ်မှာလား
ပတ်ဝန်းကျင်က သားသားကို ကဲ့ရဲ့လက်ညှိုး
ထိုးကြမှာနော် သေချာရဲ့လား "

ဆက်ဥသြ တွေးမိပါသည် ။
ဟိုးငယ်ငယ်ကတည်းက အမျိူးသားနှစ်ယောက်
က မွေးတဲ့ကလေး ဆိုပြီး ပြစ်တင်ပြောဆိုတာတွေကို ခံခဲ့ရဖူးတယ် ။
ဆက်ဥသြဘေးမှာ ဖေဖေကြီးနဲ့ ဖေဖေလေး
ရှိနေပေးခဲ့တာမို့ ဘာကိုမှ ဂရုမစိုက်တော့ပဲ
ဖြတ်သန်းခဲ့တာ အခုချိန်ထိပဲ ။

' ဆက် ' ... ချစ်နေမယ်Where stories live. Discover now