Hey! Mr.Rapper, I'm your Anti...

By HeatheryYM_9395

24.3K 3.8K 569

Everyone thinks that I'm his hardcore fan,Why??? More

01 [Intro]
02
03
04
05
06
07
08
09
Special Chapter : Travel blogspot.com
11
12
13
14
15

10

972 200 6
By HeatheryYM_9395

[UNICODE]

' OK .Cut!

စိတ်တိုင်းကျ သွားသည့်ဟန်နှင့်
အော်ပြောလိုက်သည့် ဒါရိုက်တာကြီး
၏စကားအဆုံးမှာ ပြန်လည်အသက်ဝင်ရင်း
ဆူညံလှုပ်ရှားသွားတဲ့ ရိုက်ကွင်းနေရာ ။

'ဆယ်မိနစ်နားပြီးရင် ပြန်စပါမယ်'

ရိုက်ကူးရေးstaff ဆီက အော်သံကို
နားထောင်ပြီး နောက်မှာတော့
ပင်ပန်းနေဟန်ပေါ်သည့်
ခပ်ချောချောလူရွယ်သည်
ထောင့်နားက ထိုင်ခုံများချထားရာနေရာသို့
လျှောက်လာသည်။

သူထိုင်ခုံမှာ ထိုင်ချလိုက်ပြီးနောက်
ရေဘူးယူသောက်ရင်း
ဘေးနားမှာ ပျင်းရိပျင်းတွဲ ထိုင်နေတဲ့
ကောင်လေး ဆီ အကြည့်ရောက်သွားသည်။

**ပျင်းနေပြီလားJimin**

**နည်းနည်း**

**အဲ့တာများ ဘာလို့ အိမ်မပြန်လဲ ဘာမှမရိုက်ရဘဲဒီအတိုင်းနေနေရတာကို အခုက**

**Eun Seok hyungကခဏနေမှလာကြိုမှာ သူတခြားအလုပ်ရှိလို့ တနေရာသွားတယ် .. ရပါတယ် Hyungနဲ့ Noona ကိုဘေးကနေကြည့်နေတာပဲ ကျွန်တော်ကြည့်ပြီး သင်နေတာပါနော် **

**အေးပါ... ဒါနဲ့မင်းနဲ့ ဟိုတစ်ယောက်..**

မျက်စိထဲ ဝင်လာတဲ့
ဒါရိုက်တာ ကြီးဘေးနားက ပုံရိပ်ကြောင့်
Jimin အမြင်မှားနေတာလား ဇဝေဇဝါ ဖြစ်သွားရင်း
သေချာလိုက်ကြည့်ဖို့ကြိုးစားလိုက်သည်။
Yoongi hyung?

**အိုး Jae Min hyung ခဏလေးနော် **

စကားပြောရင်းတန်းလန်းနှင့်
လေအိုး အစ်ကိုကြီးကို
သူပစ်ထားခဲ့ပြီး
တစ်နေရာကို အပြေးလေးသွားလိုက်သည်။

ဒါရိုက်တာလီနှင့် စကားပြောနေတုန်း
အနားကပ်လာတဲ့ အရိပ်လေးကို
မြင်သော Yoongiသည်
စကားစတော့မပြတ်ပေမဲ့
ပခုံးလေးကို ဆွဲကိုင်ရင်း
ဘေးနားခေါ်ထားလိုက်သည်။

အမြဲတစေ လုပ်နေကျ
အပြုအမူ လို သက်တောင့်သက်သာ
ဖြစ်နေသော နှစ်ယောက်သားပုံစံကို
ကြည့်ရင်း စကားပြောနေသည့်
ဒါရိုက်တာကြီးကတော့ အံ့သြ သွားသည်ကို
မနည်းထိန်းလိုက်ရသည်လေ။

သူနှင့်ပြောစရာရှိသည်ကို
ပြောပြီးနောက် ပြန်ဖို့ပဲနှုတ်ဆက်ပုံအရတော့
ဒုတိယဇာတ်ဆောင်ကောင်လေးနှင့်
ဘယ်လိုပက်သက်လဲမပြောပြသလို
သူ့ကို မိတ်ဆက်ပေးဖို့စိတ်ကူးရှိပုံမရသည်မို့
ဒါရိုက်တာ လီ အလိုက်တသိပဲ
ပြန်လှည့် လာခဲ့သည်။
သိပ်ပြီး မရင်းနှီးဘူးလား
ငါပဲ အထင်မှားတာလား.. ။

ခပ်မြန်မြန်ပဲထွက်သွားသည့်ဒါရိုက်တာသည်
နှစ်ယောက်သား ပြောနေသည့်စကားများကို တော့
မကြားလိုက်တော့ ။

**Hyung အလုပ်ရှိလို့လာတာလားဟင်**

**ဟင့်အင်း **

**အာ.. ဒါရိုက်တာ ကြီးနဲ့ စကားပြောနေတာတွေ့လို့**

**သြော်... သူက ကြုံလို့ ပါ **

**ဒါဆို ဘာလာလုပ်တာတုန်း **

**မင်းကို ဖုန်းလာပေးတာလေ အရူးလေးရဲ့ ... ဘယ်လိုလုပ်ပြီးတော့များ ကိုယ်နဲ့ မကွာထားရမယ့်ပစ္စည်းကို တွေ့ရာနေရာမှာ ထားခဲ့နေတာလဲPark Jimin**

**ကျွန်တော်ဖုန်းပျောက်သွားပြီထင်နေတာ... hyungအိမ်မှာကျန်ခဲ့တာလား**

**အင်း... Holly ရဲ့ အိပ်ရာ ထဲမှာ တွေ့တာ**

**တော်သေးတာပေါ့ ဟီးဟီး အသစ်ဝယ်ရတော့မယ်ထင်နေတာ **

**နမော်နမဲ့ နဲ့ အရူးလေး**

**Hyungကလည်း မေ့သွားလို့ပါဗျာ ။ ဒါဆို အခု အိမ်ပြန်မှာလား ကျွန်တော့်ကိုလည်း ခေါ်သွားပါ ဒီနေ့ ကျွန်တော်က မရိုက်ရဘူးတဲ့လေ**

**သိတယ် **

**?**

**မင်းဖုန်းက မနက်ထဲက တောက်လျှောက်မြည်နေတာ... နေပါဦး မေးဦးမယ်... ရိုက်ကူးရေးမရှိဘူးဆိုတာကို staffတွေကမဆက်သွယ်ပဲ တခြားတစ်ယောက်ကဘာလို့ပြောတာလဲ ပြီးတော့ မင်းကို တိုက်ရိုက်... မန်နေဂျာ ကို ဘာလို့မဆက်တာလဲ **

**သိဘူးလေ... သူလုပ်တာကျွန်တော်တော်တော်အဆင်မပြေဖြစ်သွားတယ် တမနက်လုံး ဒီကိုအလကားလာမိပြီး ထိုင်နေရတယ် စိတ်တိုလိုက်တာ **

**ပြန်မယ်**

**ဟုတ် ခဏလေး Jae Min hyungကို သွားနှုတ်ဆက်လိုက်ဦးမယ်နော်**

ပြန်တော့မည်ဖြစ်ကြောင်းလှမ်းပြောတော့
Jiminကို ပြောစရာရှိနေတဲ့ပုံစံနှင့်
ကြည့်နေတဲ့ အစ်ကိုကြီး
နောက်တော့မှ သွားတော့ ဟု
လက်ခါပြသည်။
ဘာဖြစ်နေလဲ ဒီအစ်ကို ၊

**မြန်မြန်**

**ဟုတ် လာပြီ **

နောက်နေ့မှပဲ မေးတော့မည်
ဟုတွေးရင်း မြန်မြန်ပြန်လာတာတောင်
ဘာတွေဒီလောက်နှုတ်ဆက်နေလဲဟု
စိတ်မရှည်တတ်သူကြီးဆီက
အဆူခံလိုက်ရသေးသည်။

.........

Yoongiက ဒီနေ့အလုပ်မရှိသည်မို့
နှစ်ယောက်သား တနေ့လုံးအားသည်နှင့်
နှစ်ယောက်အတူရှိနေဖို့ဖြစ်သွားသည်။

တစ်ယောက်တည်းဘယ်တော့မှမနေတတ်သော
Jiminသည် သူနားရက်ရတိုင်း
ဘေးအိမ်ကိုသွားနေရင်း
အချိန်ဖြုန်း လေ့ရှိသည်၊

Yoongi ရှိလျှင် Yoongiနှင့်ကစားပြီး
Yoongiမအားလျှင်တော့
Hollyနဲ့ ဆော့သည်၊
တခါတလေ တော့
အိပ်နေတဲ့ hollyကိုလိုက်နှောက့်ယှက်
ပေါင်ပေါ်တင်ထားပြီး ဂိမ်းနှိပ်နေတတ်သည်။

ဧည့်ခန်းထဲတွင်ထိုင်နေသော
နှစ်ယောက်လုံး ဖုန်းကိုတပြိုင်တည်း
လက်ကချလိုက်ရုံသားမက
သက်ပြင်းပါတပြိုင်ထဲချမိသွားကြသည်။

ထပ်ပြီး Defeat တဲ့လား ၊
သူတို့နှစ်ဦးသည်
ဂိမ်းဆော့ရတာသဘောကျသော်လည်း
ဂိမ်းကပြန်သဘောကျခြင်းမခံရသော
သနားစရာကောင်းသူလေးများသာ။

**Hyung.. ဗိုက်ဆာလာပြီ... တခုခု ချက်ကျွေးပါဦး**

**မကျွေးဘူး ပျင်းတယ်**

**ခေါက် ဆွဲအေး စားချင်ပြန်ပြီ**

**ဆိုင်ကလား?**

**omm**

**မှာလိုက်လေ **

**Hyungရောလား ဒါဆို နှစ်ယောက်စာမှာလိုက်မယ်နော် ခဏလေး**

ဤသို့ဖြင့် ခဏအကြာတွင်
Yoongiအိမ်ဆီသို့
ဆိုင်မန်နေဂျာမှ ခေါက်ဆွဲ လာပို့ပေးသည်။
သေသေချာချာ ဂရုတစိုက်ဖြင့်။

သူဆို့ ဆိုင် သည်
လူအများအပြားညအိပ်
တန်းစီပြီးစောင့်ဆိုင်းရသောဆိုင်ဖြစ်သော်လည်း
ဆိုင်မှာလာစားသူတောင်များလွန်းလို့
Orderလိုက်မပို့သောဆိုင်ဖြစ်သော်လည်း
ဒီလို အထူးတည် အော်ဒါကိုတော့ဖြင့်
လိုက်ပို့ပေးရပါသည်။

သူဌေး၏ကိုယ်ပိုင်ဖုန်းနံပါတ်ဖြင့်
သူ၏ မန်နေဂျာ ရုံးခန်းသို့တိုက်ရိုက်ဆက်သွယ်ပြီး
လာပို့ခိုင်းနေသည့် ဒီသခင်လေးကို
သူဘယ်လိုငြင်းရဲမှာလဲလို့ ။
ဆိုင်ကဝန်ထမ်းတွေလည်းမအားသည်မို့
နောက်ဆုံးတော့ မန်နေဂျာကြီးသည်သာ
delivery သမားလေးတစ်ဖြစ်လဲ .. ။

စိတ်ကျေနပ်အောင် လုပ်ပေးရပါသည်၊
ခုတလော သူဌေးကဘာဖြစ်နေမှန်းမသိ
ဂျီးများလာသလိုပင်
နည်းနည်းအကြိုက်မတွေ့သည်နှင့်
လစာကဖြတ်သေးသည်။
သူဌေးရဲ့သူငယ်ချင်းလေးလား
ညီလေးလားမသိဘူး မိတ်ဆွေလေးရေ
စားကောင်းတယ် ဘာမှမလိုဘူးလို့
ပြောပေးလိုက်ပါကွာ ။

ဆိုင်မန်နေဂျာ ရဲ့ ရင်တွင်းခံစားချက်တွေ
လေးနက်နေသည်ကို မသိသော
Jiminကတော့အေးဆေးပေါ့ပါးစွာပင်
စားဖို့ပြင်နေပြီ ဖြစ်၏။
သူနံပါတ်တောင်းလို့
Yoongiက ဒီအတိုင်းပြောလိုက်တဲ့ဖုန်းက
ဆိုင်မန်နေဂျာရဲ့ဖုန်းဖြစ်နေမည်ဟု
ကောင်ကလေးကမှ မသိသည်ဘဲလေ ။

**MV ကအချောသတ်ပြီးပြီတဲ့ အရင်ကြည့်ချင်သေးလား**

စားပြီးလို့
စားပွဲ ခုံသုတ်နေတဲ့Jiminကို
Yoongiလှမ်းမေးနေခြင်းဖြစ်သည်။

**ထွက်လာတော့မှ ပဲ ကြည့်မယ်**

**အင်း တူတူကြည့်မယ်ဒါဆို**

ဖန်ခွက်တွေသိမ်းရင်း
အလုပ်ရှုပ်နေတဲ့ကောင်လေးကို
Yoongiဘာမှဆက်မမေးဖြစ်တော့ ။

အမှန်တိုင်းပြောရလျှင်တော့
ဒီတခေါက် Music Videoကို
သူမျှော်လင့်ထားပါသည်။

ပုံမှန်ရိုက်နေကျ
လေးငါးရက်ကြာချိန်ထက်
ပိုပြီးအချိန်ယူကာ
ရိုက်ထားရပြီး
Jiminကတော်တော်လေး
အားစိုက်ထားပေးတာကြောင့်
ကောင်းကောင်းထွက်လာမည်ထင်ပါသည်။

ကောင်လေးကစိတ်ကူးပေါ်လာသမျှလေးနှင့်
ကကွက်သုံးလေးခုပါဖန်တီးပေးပြီး
သီချင်းနှင့်လိုက်သည်မို့
ထည့်သုံးလို့ရအောင်
သူ့ကိုပါသင်ပေးသေးသည်။

အရမ်းကို အလုပ်ရူး ရူးလွန်းသည့်
သူ့ဒါရိုက်တာသည် *one takeကို
အများကြီးသုံးလေ့ရှိသည်။
မသိသာအောင်editလိုက်ပါဆိုလည်း
လက်မခံသည်မို့
Jiminမှာ One takeအရှည်ကြီးကို
ရအောင်ရိုက်ပေးရပါသည်၊

ဒါ့အပြင် သူတခါမှ မရိုက်ဖူးသည့်
ပုံစံကို ပုံဖော်ရသည့်မို့
အကောင်းဆုံး ဖြစ်အောင်
တမျိုးပြီးတမျိုး လုပ်နေသည်ပါပေါင်းရင်း
ရိုက်ကူး ရေးက
နှစ်ပတ်ကျော်ကြာသွားခြင်းဖြစ်သည်။

ဟိုနေ့ကတော့
လက်ပေါက်ကတ်လှသည့်ဒါရိုက်တာက
ပင်ပန်းထားသမျှနှင့်တန်သည်ဟု
ပြောပြီး ကျေနပ်သဘောကျနေသည်ပဲ ။

မီးဖိုခန်းကနေပြန်လာသည့်Jiminက
အနားလာမထိုင်ဘဲ
TVရှေ့ကြမ်းပြင်ပေါ်ထိုင်ချရင်း
Drama ကြည့်ဖို့ပြင်နေသည်။

Yoongiကတော့ အလိုမကျတော့
ကြမ်းပြင်ကအေးမနေဘူးလား
ဘာလို့ထိုင်စရာ တွေအများကြီးရှိနေတာ
Aigoo.. ထားလိုက်ပါ လိုက်ပြောနေရအောင်
ကလေးမှမဟုတ်တာ ...
ကိုယ့်ဘာသာ သိရမှာ.... ။

60 seconds later ,

**Park Jimin အပေါ်မှာ ထိုင်လေ **

**Nae .. hyung*

ဒီလိုကမှတော်သေး ။
အေးလေ ကလေးပဲဟာကို ကလေးပေါက်စ။

###

*one take -
မျက်စိထဲမြင်အောင်ပြောပြရရင်
save me mv မှာလို မနားဘဲ
ဆက်တိုက်ရိုက်တာကိုပြောတာပါ။

mvတခုလုံးမဟုတ်ဘဲ
Chicken noodle soupထဲကလို
အရှေ့ပိုင်း တစ်မိနစ်ကျော်လောက်
ထည့်ရိုက်တာမျိုးကိုလည်း သုံးပါတယ် ။
Yoongiရဲ့ MVက ဒီလိုပုံစံသုံးထားတယ်လို့
မြင် ယောင်ပေးပါ။










[ZAWGYI]

' OK .Cut!



လျှောက်လာသည်။

ရေဘူးယူသောက်ရင်း

**ပျင်းနေပြီလားJimin**

**နည်းနည်း**




မျက်စိထဲ ဝင်လာတဲ့
Yoongi hyung?


လေအိုး အစ်ကိုကြီးကို
သူပစ်ထားခဲ့ပြီး

မြင်သော Yoongiသည်
စကားစတော့မပြတ်ပေမဲ့

အမြဲတစေ လုပ်နေကျ

ပြန်လှည့် လာခဲ့သည်။
ငါပဲ အထင်မှားတာလား.. ။

မကြားလိုက်တော့ ။


**ဟင့်အင်း **


**သြော်... သူက ကြုံလို့ ပါ **






**နမော်နမဲ့ နဲ့ အရူးလေး**


**သိတယ် **

**?**



**ပြန်မယ်**


လက်ခါပြသည်။
ဘာဖြစ်နေလဲ ဒီအစ်ကို ၊

**မြန်မြန်**

**ဟုတ် လာပြီ **

အဆူခံလိုက်ရသေးသည်။

.........



Yoongiမအားလျှင်တော့
Hollyနဲ့ ဆော့သည်၊
တခါတလေ တော့

လက်ကချလိုက်ရုံသားမက

ထပ်ပြီး Defeat တဲ့လား ၊
သူတို့နှစ်ဦးသည်


**မကျွေးဘူး ပျင်းတယ်**


**ဆိုင်ကလား?**

**omm**

**မှာလိုက်လေ **


Yoongiအိမ်ဆီသို့

သူဆို့ ဆိုင် သည်
လူအများအပြားညအိပ်
လိုက်ပို့ပေးရပါသည်။


ဂျီးများလာသလိုပင်
လစာကဖြတ်သေးသည်။
ပြောပေးလိုက်ပါကွာ ။

သူနံပါတ်တောင်းလို့


စားပြီးလို့



ဖန်ခွက်တွေသိမ်းရင်း


ပုံမှန်ရိုက်နေကျ
ပိုပြီးအချိန်ယူကာ
ရိုက်ထားရပြီး
Jiminကတော်တော်လေး

ထည့်သုံးလို့ရအောင်

လက်မခံသည်မို့

ရိုက်ကူး ရေးက

ဟိုနေ့ကတော့

အနားလာမထိုင်ဘဲ

ကလေးမှမဟုတ်တာ ...
ကိုယ့်ဘာသာ သိရမှာ.... ။

60 seconds later ,


**Nae .. hyung*

ဒီလိုကမှတော်သေး ။

###

*one take -

mvတခုလုံးမဟုတ်ဘဲ
မြင် ယောင်ပေးပါ။




Continue Reading

You'll Also Like

1.1M 29.9K 37
After the passing of Abigail Bentley's mother, she is now the only one responsible for her family's well-being. Her father, often too drunk to stand...
142K 5K 39
โ if I knew that i'd end up with you then I would've been pretended we were together. โž She stares at me, all the air in my lungs stuck in my throat...
557K 8.5K 85
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...