By Fair Means or Foul || Comp...

By dora_jaynyi

131K 12.3K 464

[ B J Y X ] The eternal triangle of WangYiBo, Xiao Zhan & Leo This is my very 1st work.I give the full credi... More

|| 1 || Unicode
|| 1 || Zawgyi
|| 2 || Unicode
|| 2 || Zawgyi
|| 3 || Unicode
|| 3 || Zawgyi
|| 4 || Unicode
|| 4 || Zawgyi
|| 5 || Unicode
|| 5 || Zawgyi
|| 6 || Unicode
|| 6 || Zawgyi
|| 7 || Unicode
|| 7 || Zawgyi
|| 8 || Unicode
|| 8 || Zawgyi
|| 9 || Unicode
|| 9 || Zawgyi
Gimme a second!
|| 10 || Unicode
|| 11 || Unicode
|| 11 || Zawgyi
|| 12 || Unicode
|| 12 || Zawgyi
|| 13 || Unicode
|| 13 || Zawgyi
|| 14 || Unicode
|| 14 || Zawgyi
|| 15 || Unicode
|| 15 || Zawgyi
|| 16 || Unicode
|| 16 || Zawgyi
|| 17 || Unicode
|| 17 || Zawgyi
|| 18 || Unicode
|| 18 || Zawgyi
|| 19 || Unicode
|| 19 || Zawgyi
|| 20 || Unicode
|| 20 || Zawgyi
|| 21 || Unicode
|| 21 || Zawgyi
|| 22 || Unicode
|| 22 || Zawgyi
|| 23 || Unicode
|| 23 || Zawgyi
|| 24 || Unicode
|| 24 || Zawgyi
|| 25 || Unicode
|| 25 || Zawgyi
|| 26 || Unicode
|| 26 || Zawgyi
|| 27 || Unicode
|| 27 || Zawgyi
|| 28 || Unicode
|| 28 || Zawgyi
|| 29 || Unicode
|| 29 || Zawgyi
|| The End || Unicode
|| The End || Zawgyi
Farewell Letter
|| Extra || Unicode
|| Extra || Zawgyi

|| 10 || Zawgyi

1.2K 55 4
By dora_jaynyi

"ရိပေါ် ဖြေနိုင်လား"

"အင်း"

"ဒီနေ့ စာမေးပွဲ နောက်ဆုံးနေ့မို့
ငါ ကျိုးချန်တို့နဲ့ လျှောက်လည်မလို့
မင်း ပြန်နှင့်လိုက်တော့"

"Final စာမေးပွဲမှ မဟုတ်တာကို
လိုလို့လား အပိုတွေလုပ်နေတယ်
ပြန်လိုက်ခဲ့"

"မလိုက်ပါဘူး
မုန့်သွားစားရဦးမှာ"

"လိုက်ခဲ့လို့
ငါ ဝယ်ကျွေးမယ်"

"မတူဘူးလေ
သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်ကြီးကမှ
ပျော်စရာကောင်းတာ"

"ဘာလဲ ငါနဲ့က ပျော်စရာမကောင်းဘူးလို့
ပြောတာလား"

"မဟုတ်..."

"လာခဲ့"

ရိပေါ်က ရှောင်းကျန့် လက်ကိုအတင်းဆွဲကာ
စက်ဘီးပေါ်တင်သည်။

"ရိပေါ်လို့"

ရိပေါ်က မကြားချင်ယောင်ဆောင်ပြီး စက်ဘီးကို အတင်းနင်းထွက်သည်။

"ခုန်ချမယ် မကြံနဲ့နော် ရှောင်းကျန့်
ပြီးမှ ငါ့ကိုအဆိုးမဆိုနဲ့"

"ဟွန့်"

အိမ်ပြန်ရောက်ရောက်ချင်း ရှောင်းကျန့်က
ကျိုးချန်ဆီဖုန်းတန်းခေါ်သည်။
ကျိုးချန်က ပါပါးကိုကြောက်လှချည်လားဟု
စနေသေးသည်။
ဆိုင်လိပ်စာသိတာနဲ့ ရှောင်းကျန့်က
အဝတ်ပြေးလဲသည်။
မားကိုနှုတ်ဆက်ကာ အိမ်အပြင်ပြေးထွက်တော့ ဝမ်ရိပေါ်နှင့် တည့်တည့်တိုးသည်။

"ဒါ ဘယ်လဲ"

"လမ်းထိပ်ကို ဈေးဝယ်"

"ငါရော လိုက်မယ်"

"မလိုက်ခဲ့နဲ့
ခါတိုင်းဆို ငါ့ကိုဝယ်ခိုင်းနေပြီး
ခုမှ လိုက်မယ်လုပ်မနေနဲ့
ငါတစ်ယောက်တည်းသွားမယ်"

"လိုက်မှာပဲ"

"ဝမ်ရိပေါ်"

"ရှောင်ရှောင်းကျန့်"

"နေခဲ့"

"လိုက်မယ်"

"နေခဲ့လို့"

"လိုက်မယ်လို့"

"ပြောရတာ လက်ပေါက်ကပ်လိုက်တာ"

"မင်းဘာသာဝယ်စရာရှိတာ သွားဝယ်လေ
ငါ့ဘာသာ နောက်ကနေ လိုက်တာ
ဘာဖြစ်နေလို့လဲ"

"ငါ လမ်းထိပ်သွားမှာမဟုတ်ဘူး
ကျိုးချန်တို့ဆီသွားမှာ"

"သိသားပဲ"

"သိရင်နေခဲ့"

"မသွားနဲ့ နေပူတယ်"

"ပူ ပူ
ငါပူတာ
မင်းပူတာ မဟုတ်"

"မသွားနဲ့ ငါပျင်းတယ်"

"ပျင်းပျင်း
မင်းပျင်းတာ
ငါပျင်းတာ မဟုတ်"

"မသွားနဲ့ ငါဗိုက်ဆာတယ်"

"ဆာ ဆာ
မင်းဆာတာ
ငါဆာတာမဟုတ်"

"မဆာပဲ ဘာလုပ်သွားမှာလဲ
ပိုက်ဆံဖြုန်းမနေနဲ့ လာခဲ့"

ဤသို့ဖြင့်
ရှောင်းကျန့်ဟာ ခြံပြင်တောင် မရောက်လိုက်ပဲ အိမ်ထဲ ပြန်ဆွဲခေါ်ခံခဲ့ရပါတယ်တဲ့။

▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"ကော လီယို လာတယ်"

"ဟော လီယို
မင်းကောက အိပ်နေတုန်းကွဲ့
ကျောင်းပိတ်ရက်မို့ မနှိုးတာ
သွား သွား အပေါ်ကို တက်သွားလိုက်"

"ဟုတ် ရှောင်မား"

လီယို အပေါ်ထပ်က ရှောင်းကျန့်အခန်းဆီပြေးတက်သွားသည်။
အခန်းတံခါးကို အသာဆွဲဖွင့်ပြီး ကြည့်လိုက်တော့ ကောက အိပ်နေတုန်းဖြစ်သည်။
ကောတစ်ယောက်တည်းတော့မဟုတ်၊ ဘေးမှာ ဝမ်ရိပေါ် လည်းရှိသည်။
ကုတင်ပေါ်မှာ ဂိမ်းစက်တွေရော မုန့်တွေရော
ပြန့်ကျဲနေပုံအရ ညက ဂိမ်းဆော့ရင်း အိပ်ပျော်သွားကြတာဖြစ်မည်။

" ကော ကော"

"အင် အင်း"

"ကော ထပါဦး ကောရဲ့
ဒီနေ့ မြို့ထဲသွားမလို့ ချိန်းထားတာ
မေ့နေပြီလား"

"ဟာ ဆောရီး ဆောရီး လီယို
ကောမေ့သွားတယ်
ထပြီ ထပြီ
ခဏစောင့်နော်"

"ရတယ် ရတယ် ကော အေးဆေး"

"ရိပေါ် ဟေ့ကောင် ရိပေါ်
ထ ထ ပြန်တော့ သွား"

"အမ် အင်း မထချင်သေးဘူး"

"မထချင် နေခဲ့"

ရိပေါ်နိုးတော့ ဘေးမှာ ရှောင်းကျန့်မရှိတော့ပါ။ရေချိုးခန်းထဲဝင်ကာ သွားတိုက် မျက်နှာသစ်ပြီး ဆင်းလာခဲ့သည်။
စိတ်ထင်ရင်ထင်သလို အိမ်မပြန်ပဲ ရှောင်းကျန့်အခန်းထဲမှာ အိပ်နေကျမို့ သွားတိုက်တံ အဆင်သင့်ထားထားသည်။

"ရှောင်မား ရှောင်းကျန့်ရော"

"ကျန့်ကျန့်က လီယိုနဲ့ အပြင်သွားတယ်လေ
ရိပေါ် မသိဘူးလား
မားက မလိုက်ချင်လို့ အိပ်နေခဲ့တယ် မှတ်နေတာ"

"ဟုတ်လား ဘယ်သွားတာလဲ
ဘာလုပ်သွားတာတဲ့လဲ
ဘယ်အချိန်က သွားတာလဲ"

"ဖြည်းဖြည်းမေးပါ ပေါ်ပေါ်ရယ်"
လီယိုနဲ့ ပန်းချီပစ္စည်းတွေဝယ်မလို့တဲ့
သွားတာတော့ကြာပြီ"

"ဘယ်မှာသွားဝယ်မယ်ပြောလဲ"

"အဲ့တာတော့ မပြောဘူး ပေါ်ပေါ်ရေ
လာ မနက်စာစားသွား"

"မစားတော့ဘူး မား
ပြန်တော့မယ်"

"ဟဲ့ နေပါဦး ဟဲ့ ဟဲ့
သြော် ဒီကလေးနှယ်
မြန်ချက်"

▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"အဲ့တာဆို ပြန်ကြရအောင်လေ
လီယို ပစ္စည်းအားလုံးစုံပြီ ဟုတ်"

"စုံတယ် ကော"

"ကောတို့ ဘတ်စ်ပဲစီးလိုက်ရအောင်"

"ကောသဘော"

ထိုနေ့က ရာသီဥတု သာယာပါသည်။
ရှောင်းကျန့်ကတော့ မှတ်တိုင်မှာ ဘတ်စ်စောင့်ရင်း အိမ်အပြန် တစ်စုံတစ်ယောက်အတွက် ဒူးရင်းရေခဲမုန့် ဝယ်သွားဖို့ပဲ တွေးနေခဲ့ပါသည်။

Continue Reading

You'll Also Like

5.3K 103 14
All because I couldn't say I love you. She got herself here. God, I'm an idiot. -OBX- THIS IS A NEW IDEA I HAD. JIARA BTW
54K 3.1K 42
တစ်သက်တာလုံး မောင့်လက်မောင်းပေါ်ခေါင်းအုံးအိပ်ပြီး မောင်ပြောပြမယ့် မောင့်အသည်းဦးပန်းအပေါ် မောင်ထားတဲ့ချစ်ခြင်းမေတ္တာတွေရဲ့အကြောင်းကို နားဆင်ပြီး အိပ...
15.3K 821 18
မင်းစောင့်နေပေးပါမင်းကိုငါလောကအဆုံးထိလိုက်ရှာပေးမှာမို့လို့ ငါ့ကိုစောင့်နေပေးပါ လန်ကျန့် ချစ်တယ် ဝေ့ရ...
1.3K 100 15
When Jungkook was eight he moved out of town leaving all of his friends behind because of his mother's job. Now that he is sixteen he moved back in t...