' ဆက် ' ... ချစ်နေမယ်

By hsu_symon

11.2K 634 55

ပျားအုံဖူးစာ fiction ထဲက တေးဥသြနှင့်အိုးဆက်၏ သား ဆက်ဥသြ ရဲ့ new story ပါ ။ နီတာရဲလေးကို ကျွန်တော် မွေးမယ်... More

စာရေးသူဖန်တီးခြင်းအစ
အပိုင်း - တစ်
အပိုင်း - နှစ်
အပိုင်း - လေး
အပိုင်း - ငါး
အပိုင်း - ခြောက်

အပိုင်း - သုံး

915 78 2
By hsu_symon

" နီတာရဲလေးကို ကျွန်တော် မွေးမယ် "

အားလုံးရဲ့အကြည့်တွေသည် ဆက်ဥသြဆီ
ရောက်လာသည် ။

တစ်ယောက်ချင်းဆီ၏ မျက်လုံးတွေကို
ဆုံစေ၍ ဆက်ဥသြ ဆန္ဒဘယ်လောက်
ပြင်းပြကြောင်း မျက်လုံးမှတစ်ဆင့်
ဖော်ပြနေမိသည် ။

ဖေဖေလေး၏ မျက်လုံးတွေနှင့်ဆုံခိုက်
ဆက်ဥသြကို ပြုံးပြသည် ။
အဲ့အပြုံးကို ဆက်ဥသြ သိသည် ။

ဖေဖေလေးသည် ဆက်ဥသြကို ဂုဏ်ယူရတိုင်း
အခုလိုမျိူး ပြုံးပြလေ့ရှိသည် ။
အခုလည်း ပြုံးပြနေတယ်ဆိုတော့
ဆက်ဥသြ လုပ်ရက်သည် လုံးဝမမှားတာ
သေချာပါပြီ ။

" သားဆက် ဆန္ဒရှိရင် မွေးလေ
သားအဖေနှစ်ယောက်ကို မွေးစားဖို့ပြင်ခိုင်းပေါ့
ငါ့သားလေးတော့ ညီလေးရပြီ "

ဦးဝင်းက ဝမ်းသာစွာဖြင့် ဆက်ဥသြကို
ပြောလေသည် ။

နီတာရဲလေးကို အဖေတို့ကို
မွေးစားခိုင်းဖို့တဲ့လား နိုးပါ...

"ဟင့်အင်း နီတာရဲလေးကို သားကိုယ်တိုင်မွေးမှာ"

" သားဆက်... "

" သားဆက် သားကအခုမှ ငယ်ငယ်လေးပဲ
ရှိသေးတယ်လေ ဘယ်လိုလုပ် ကလေးတစ်
ယောက်ကို တာဝန်ယူနိုင်မှာလဲ "

ဦးစံ ပြောတာလည်း မှန်ပါသည် ။
ဆက်ဥသြက အခုမှ အသက် ၂၀ ။
မွေးကင်းစကလေးတစ်ယောက်ကို တာဝန်ယူဖို့
ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် ။

ဒါပေမဲ့ ဆက်ဥသြ နီတာရဲလေးကို
သူများဆီ မပို့ချင်ဘူး ။
အနားမှာပဲ ခေါ်ထားချင်တာ ဘာလို့လဲတော့
ဆက်ဥသြလဲ မသိဘူး ။

မတော်လို့ မိဘမဲ့ဂေဟာဆီရောက်သွားပြီး
မွေးစားခံရတယ်ထားအုံး ။
အဲ့လူတွေက နီတာရဲလေးကို သေချာ
ဂရုစိုက် ထိန်းသိမ်းပါ့မလား ။
ဆက်ဥသြ ဘာမှ ဆက်မတွေးတော့ဘူး ။
ဆုံးဖြတ်ချ​က် ချပြီးပြီမို့ ထိုအတိုင်းသာ
လုပ်မည်ပဲ ။

"သားသား တကယ်ပဲ အဲ့လိုလုပ်မှာလား
ပတ်ဝန်းကျင်က သားသားကို ကဲ့ရဲ့လက်ညှိုး
ထိုးကြမှာနော် သေချာရဲ့လား "

ဆက်ဥသြ တွေးမိပါသည် ။
ဟိုးငယ်ငယ်ကတည်းက အမျိူးသားနှစ်ယောက်
က မွေးတဲ့ကလေး ဆိုပြီး ပြစ်တင်ပြောဆိုတာတွေကို ခံခဲ့ရဖူးတယ် ။
ဆက်ဥသြဘေးမှာ ဖေဖေကြီးနဲ့ ဖေဖေလေး
ရှိနေပေးခဲ့တာမို့ ဘာကိုမှ ဂရုမစိုက်တော့ပဲ
ဖြတ်သန်းခဲ့တာ အခုချိန်ထိပဲ ။

အခု ဆက်ဥသြ၏ဘဝထဲကို နီတာရဲလေး
ဝင်ရောက်လာတော့မည် ။
ပတ်ဝန်းကျင်ဆိုသည့် အမျိူးကတော့
ပြောကြမှာ အသေအချာပဲ ။
အဲ့ဒါတွေက ဘာအရေးလဲ အရေးကြီးတာက
နီတာရဲသည် ဆက်ဥသြ၏အရာရာ
တန်ဖိုးထားရာ ဖြစ်လာမှာပဲလေ ။

သေချာလွန်းတာထက်ကို ပိုနေပါပြီ ။

" ဟုတ် ဖေဖေကြီး သား နီတာရဲလေးကို
မွေးမယ် "

ထိုနေ့ကစပြီး ဆက်ဥသြ၏ ဘဝကြီးထဲ
မွေးကင်းစနီတာရဲလေး ရောက်ရှိလာခဲ့သည် ။

ဖေဖေကြီးတို့နှင့် အတူတူမနေပဲ
ဆက်ဥသြ condo မှာသာ နီတာရဲလေးနှင့်
နေသည် ။

ကျောင်းတတ်ချိန်တွေဆို ဖေဖေလေးတို့ဆီ
နီတာရဲလေးကို ပို့ထားရသည် ။

ဆက်ဥသြ စာသင်တာတောင် စိတ်မဖြောင့် ။
ဲအကြောင်းကတော့ နီတာရဲလေးက
ဆက်ဥသြ မရှိရင် လိုက်ရှာတတ်သည် ။
မတွေ့လျှင်လည်း မရပ်မနားငိုတတ်သည်မို့ ။

တစ်ခါကဆို နီတာရဲလေးကို ဖေဖေကြီးတို့ဆီ
ဝင်ပို့တော့ ဆက်ဥသြ၏ အင်္ကျီစကို
လက်သေးသေးလေးတွေနှင့် ဆုပ်ကိုင်ထားတာ
လုံးဝ မလွတ်ပေ ။

ထိုနေ့က ဆက်ဥသြလည်း ကျောင်းမသွားချင် ။
စိတ်ထဲ ခဲဆွဲထားသလိုပဲ စိတ်တွေလေးနေသည် ။

ကျောင်းကလည်း ပျက်လို့မရသည်မို့
နီတာရဲလေးကို အတင်းချော့ကာ
ဖေဖေကြီးလက်ထဲ ထည့်ခဲ့လိုက်သည် ။

ကျောင်းမှာစာသင်ရတာလည်း တကယ်ကို
စိတ်မဖြောင့်တာ ။
သူငယ်ချင်းနှစ်ယောက်ကတောင်
ဆက်ဥသြကို မျက်စိနောက်လာပြီ လို့ပြောလာ
သည်အထိ ။

" သားသားရေ နီတာရဲလေး ကိုယ်တွေပူပြီး
နေမကောင်းဖြစ်လို့ ကိုဆုဆေးရုံကို သွားပြီ
သိလား "

ဖေဖေကြီးဆီမှ ဖုန်းဝင်လာသည်နှင့်
ဆက်ဥသြ စာသင်နေတာတောင် သတိမရတော့။

စာသင်ခန်းထဲက ပြေးထွက်လာပြီး
ဆေးရုံဆီ​ကိုသာ ရောက်လိုဇောဖြင့် မောင်းမိသည် ။

ဆေးရုံရောက်တော့မှ သိသည်က
နီတာရဲလေးက ညကတည်းက ကိုယ်ပူနေတာတဲ့။

ဆက်ဥသြ တကယ်ကို မသိခဲ့တာ ။
မနက်က ဆက်ဥသြကို မသွားစေချင်သည်မို့
အင်္ကျီကိုမလွှတ်တမ်း ဆုပ်ကိုင်ခဲ့တာလား
ကလေးလေဏန
းရယ် ။

ဆက်ဥသြ ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိသည် ။

" နီတာရဲလေး နေမကောင်းဖြစ်တာ မြန်မြန်
သက်သာတော့နော် မင်းမရှိတော့ ငါ အိပ်လို့မရ
ဘူးကွ "

ဆေးရုံကုတင်လေးပေါ် အနှီးထုပ်လေးထဲ
အိပ်ပျော်နေသော နီတာရဲလေး ။

အဲ့ညက ဆက်ဥသြလည်း ဆေးရုံမှာပဲ
အိပ်ဖြစ်သည် ။
နောက်တစ်နေ့ကျမှ နီတာရဲနှင့်အတူ
condo ပြန်လာခဲ့တော့သည် ။

" ငဆက် ငဆက်... ကလေးအဖေကြီးကို ဖြစ်လို့"

" မိန်းကလေးတွေတော့ အသဲကွဲပါပြီကွာ "

သတောင်းစားနှစ်ကောင် အခု ဆက်ဥသြ၏
condo ဆီ ရောက်နေကြခြင်း ။

ဆက်ဥသြ နီတာရဲလေး အီအီးတွေပါချသည်မို့
ပြန်လဲပေးပြီး အသစ်လုပ်ပေး အဝတ်သေးသေး
လေးတွေကို ဝတ်ပေးလုပ်နေတာမို့ ဒင်းတို့ကို
ပြန်မပြောအား ။

အလုပ်အားလည်း ပြန်မပြောပါဘူး
နီတာရဲလေးလောက် ဒင်းတို့က အရေးမကြီးဘူး။

တစ်လကျော်လာပြီဖြစ်သော နီတာရဲလေးသည်
တစ်ခါတစ်လေဆို ဆက်ဥသြ လုပ်သမျှကို
မျက်လုံးလေးအပြူးသားဖြင့် လိုက်ကြည့်
နေတတ်သည် ။

တစ်ခါတစ်လေဆို ချိူလိမ်လေး ပါးစပ်
ထဲ ထည့်ပေးထားရင် အဲ့အတိုင်း
အိပ်သွားသည် ။

ဆူဆူပူပူ မလုပ်သော နီတာရဲလေးသည်
သန္ဓေကောင်းသည်ဟု ဆိုရမည် ။

" ငဆက် မင်းတကယ်ပဲ သူ့ကို
မွေး... "

" ရှုး...... မင်း အပေါက်ပိတ် ဒီမှာ
နီတာရဲလေး အိပ်မလို့ တိတ်တိတ်နေ
ပြီးမှ ပြောမယ် "

နီတာရဲလေး အိပ်ချိန်ရောက်နေပြီမို့
မိခင်နို့အစား နို့မှုန့်တွေသာ အားကိုးရ
သောကြောင့် နို့ဗူးလေးဖျော်ထားပြီး
ပါးစပ်သေးသေးလေးထဲ ထည့်ပေးလိုက်သည်။

နို့ဗူးထဲက နို့တွေကို ပါးစပ်လေးလှုပ်စိ လှုပ်စိ
နဲ့ အားရပါးရ စုပ်ယူနေသော နီတာရဲလေးကို
ကြည့်ပြီး ဆက်ဥသြလည်း ငယ်ငယ်က
အဲ့လိုပဲလား ဆိုသည့်အတွေးဝင်လာသည် ။

ခဏလေးအတွင်းမှာပဲ အိပ်ပျော်သွားသော
နီတာရဲလေးကြောင့် ကုတင်အကြီးကြီးအလယ်
မှာ ပြင်ထားသော အိပ်ရာသေးသေးလေး
ထဲ ထည့်လိုက်ပြီး ဘေးကနေ
ဖက်လုံးသေးသေးလေးတွေဖြင့်
ကာလိုက်သည်။

ခြင်ထောင်လေးကို ထောင်လိုက်ပြီး
အပေါ်ကနေ အုပ်ထားလိုက်သည် ။

အနှီးထုပ်လေးထဲ ပါးစပ်လေးဟပြီး
အိပ်နေသော နီတာရဲလေးကိုကြည့်ပြီး
ဆက်ဥသြ ရင်ထဲကလိ ကလိ ။

ဒီနီတာရဲ သေးသေးလေးကို အသည်းယား
လို့ ဘယ်လိုလုပ်ရမလဲ ။

အိပ်ခန်းထဲမှ အပြင်ထွက်လာတော့
ဧည့်ခန်းထဲ ငြိမ်နေကျသော
သကောင့်သား နှစ်ကောင် ။
တော်တော် ငြိမ်ချက်သားကောင်းနေတာပဲ ။

ကောင်းတယ် အဲ့ဒါမှ နီတာရဲလေးအိပ်နေတာ
အနှောက်အယှက် မဖြစ်မှာ ။

ဆိုဖာခုံတွေရှိရာဆီ ဆက်ဥသြ လျှောက်သွား
သည့်တိုင် ဟိုနှစ်ကောင်သည်
လုံးဝ လှည့်ကြည့်မလာ ။

ဒီလောက် ငြိမ်နေတာတော့ မဟုတ်သေးဘူး။
အတောင့်လိုက်တွေများ သေကုန်ကြပြီလား
မသိသည်မို့ ဆက်ဥသြ အမြန်ဆိုဖာတွေရှေ့
သွားမိတော့ မြင်လိုက်ရသော
မြင်ကွင်းက ဆက်ဥသြ၏ ဒေါသတရားတို့
ကို လှုပ်နှိုးလိုက်သလို ။

" သေချင်းဆိုးတွေ နီတာရဲလေးရဲ့ နို့မှုန့်တွေကို
စားနေကြရလား မသာတွေရဲ့ "

ဆက်ဥသြ ဒေါသလည်းထွက်သလို ယုံလည်း
မယုံနိုင်ပေ ။

ဘယ့်နှယ့် အသက်တွေကဖြင့် သေတော့မယ်
အခုမှ နို့မှုန့်ကို အားရပါးရ စားနေလိုက်ကြတာ ။

နီတာရဲလေးရဲ့ နို့မှုန့်တွေ ကုန်ပါပြီ ။

" သောင်းကျော်ပေးထားရတဲ့ နို့မှုန့်တွေကွ
ကြည့်စမ်း ဖင်ကပ်ပဲ ရှိတော့တယ် "

အား....... ဆက်ဥသြ သည်းမခံနိုင်တော့ဘူး ။
နီတာရဲလေးသောက်ဖို့ နို့မှုန့်က ဖင်ကပ်လေး
သာ ကျန်တော့လေသည် ။

" ဟီး... စားလို့ကောင်းတာနဲ့ စားလိုက်တာ
ကုန်တော့မှာတောင် သတိမထားမိဘူး"

" တကယ် စားလို့ကောင်းတယ်ကွ
အိမ်ပြန်ရောက်ရင် ဝယ်ပြီးထပ်စားအုံးမယ် "

ဒီလောက် တစ်ဗူးလုံးနီးပါး မြိုစို့သွား
ကြတာတောင် ထပ်စားအုံးမယ် ဆိုပဲ ။

နို့မှုန့်ဗူးကြီး ဒီတိုင်းချထားခဲ့ပြီး
သူတို့ပစ္စည်းတွေ ယူကာ ပြန်သွားကြသော
သောက်ကောင်းကျိူးမပေးသည့်နှစ်ကောင် ။

ဆက်ဥသြ ဒေါသထွက်လွန်းလို့
ဘယ်လိုလုပ်ရမလဲ ။

နီတာရဲလေးက နို့မှုန့်ကိုပဲ အားကိုးနေရတာမို့
နို့မှုန့်သည် အဓိက ။

မဖြစ် ညနေကျရင်တော့ နို့မှုန့်နဲ့ တစ်ခြားလိုအပ်
တာတွေ ထွက်ဝယ်အုံးမှပါ ။

note - အမှားတွေ အားနည်းချက်တွေ အများကြီးရှိပါတယ်ဗျာ သည်းခံပေးကြပါအုံးဗျ ။

ကိုယ် ပြောချင်တာလေးတစ်ခု ရှိပါတယ်။
အင်တာနက်လိုင်းတွေ မဖျက်သ၍ ၊
ကိုယ်အခုကိုင်နေတဲ့ ဖုန်းမပျက်သ၍
ရေးလက်စတွေကို အဆုံးထိ တာဝန်ယူပြီး
ရေးသွားမှာပါဗျာ ။
အခုကိုင်နေတဲ့ဖုန်းက ပျက်ချင်သလိုဖြစ်
လာတာမို့ အခုလို ကြိုပြီးအသိပေးထားရတာပါ
ခင်ဗျာ 🙏

တစ်နေ့တာ၏ ဘဝအမောတွေ ပြေကြပါစေ။
ကျန်းမာရေးကို အထူး ဂရုစိုက်ကြပါခင်ဗျာ ။






Zawgyi

" နီတာရဲေလးကို ကြၽန္ေတာ္ ေမြးမယ္ "

အားလုံးရဲ႕အၾကည့္ေတြသည္ ဆက္ဥၾသဆီ
ေရာက္လာသည္ ။

တစ္ေယာက္ခ်င္းဆီ၏ မ်က္လုံးေတြကို
ဆုံေစ၍ ဆက္ဥၾသ ဆႏၵဘယ္ေလာက္
ျပင္းျပေၾကာင္း မ်က္လုံးမွတစ္ဆင့္
ေဖာ္ျပေနမိသည္ ။

ေဖေဖေလး၏ မ်က္လုံးေတြႏွင့္ဆုံခိုက္
ဆက္ဥၾသကို ၿပဳံးျပသည္ ။
အဲ့အၿပဳံးကို ဆက္ဥၾသ သိသည္ ။

ေဖေဖေလးသည္ ဆက္ဥၾသကို ဂုဏ္ယူရတိုင္း
အခုလိုမ်ိဴး ၿပဳံးျပေလ့ရွိသည္ ။
အခုလည္း ၿပဳံးျပေနတယ္ဆိုေတာ့
ဆက္ဥၾသ လုပ္ရက္သည္ လုံးဝမမွားတာ
ေသခ်ာပါၿပီ ။

" သားဆက္ ဆႏၵရွိရင္ ေမြးေလ
သားအေဖႏွစ္ေယာက္ကို ေမြးစားဖို႔ျပင္ခိုင္းေပါ့
ငါ့သားေလးေတာ့ ညီေလးရၿပီ "

ဦးဝင္းက ဝမ္းသာစြာျဖင့္ ဆက္ဥၾသကို
ေျပာေလသည္ ။

နီတာရဲေလးကို အေဖတို႔ကို
ေမြးစားခိုင္းဖို႔တဲ့လား နိုးပါ...

"ဟင့္အင္း နီတာရဲေလးကို သားကိုယ္တိုင္ေမြးမွာ"

" သားဆက္... "

" သားဆက္ သားကအခုမွ ငယ္ငယ္ေလးပဲ
ရွိေသးတယ္ေလ ဘယ္လိုလုပ္ ကေလးတစ္
ေယာက္ကို တာဝန္ယူနိုင္မွာလဲ "

ဦးစံ ေျပာတာလည္း မွန္ပါသည္ ။
ဆက္ဥၾသက အခုမွ အသက္ ၂၀ ။
ေမြးကင္းစကေလးတစ္ေယာက္ကို တာဝန္ယူဖို႔
ဆိုတာ ဘယ္လိုမွ မျဖစ္နိုင္ ။

ဒါေပမဲ့ ဆက္ဥၾသ နီတာရဲေလးကို
သူမ်ားဆီ မပို႔ခ်င္ဘူး ။
အနားမွာပဲ ေခၚထားခ်င္တာ ဘာလို႔လဲေတာ့
ဆက္ဥၾသလဲ မသိဘူး ။

မေတာ္လို႔ မိဘမဲ့ေဂဟာဆီေရာက္သြားၿပီး
ေမြးစားခံရတယ္ထားအုံး ။
အဲ့လူေတြက နီတာရဲေလးကို ေသခ်ာ
ဂ႐ုစိုက္ ထိန္းသိမ္းပါ့မလား ။
ဆက္ဥၾသ ဘာမွ ဆက္မေတြးေတာ့ဘူး ။
ဆုံးျဖတ္ခ်က္ ခ်ၿပီးၿပီမို႔ ထိုအတိုင္းသာ
လုပ္မည္ပဲ ။

"သားသား တကယ္ပဲ အဲ့လိုလုပ္မွာလား
ပတ္ဝန္းက်င္က သားသားကို ကဲ့ရဲ႕လက္ညွိုး
ထိုးၾကမွာေနာ္ ေသခ်ာရဲ႕လား "

ဆက္ဥၾသ ေတြးမိပါသည္ ။
ဟိုးငယ္ငယ္ကတည္းက အမ်ိဴးသားႏွစ္ေယာက္
က ေမြးတဲ့ကေလး ဆိုၿပီး ျပစ္တင္ေျပာဆိုတာေတြကို ခံခဲ့ရဖူးတယ္ ။
ဆက္ဥၾသေဘးမွာ ေဖေဖႀကီးနဲ႕ ေဖေဖေလး
ရွိေနေပးခဲ့တာမို႔ ဘာကိုမွ ဂ႐ုမစိုက္ေတာ့ပဲ
ျဖတ္သန္းခဲ့တာ အခုခ်ိန္ထိပဲ ။

အခု ဆက္ဥၾသ၏ဘဝထဲကို နီတာရဲေလး
ဝင္ေရာက္လာေတာ့မည္ ။
ပတ္ဝန္းက်င္ဆိုသည့္ အမ်ိဴးကေတာ့
ေျပာၾကမွာ အေသအခ်ာပဲ ။
အဲ့ဒါေတြက ဘာအေရးလဲ အေရးႀကီးတာက
နီတာရဲသည္ ဆက္ဥၾသ၏အရာရာ
တန္ဖိုးထားရာ ျဖစ္လာမွာပဲေလ ။

ေသခ်ာလြန္းတာထက္ကို ပိုေနပါၿပီ ။

" ဟုတ္ ေဖေဖႀကီး သား နီတာရဲေလးကို
ေမြးမယ္ "

ထိုေန႕ကစၿပီး ဆက္ဥၾသ၏ ဘဝႀကီးထဲ
ေမြးကင္းစနီတာရဲေလး ေရာက္ရွိလာခဲ့သည္ ။

ေဖေဖႀကီးတို႔ႏွင့္ အတူတူမေနပဲ
ဆက္ဥၾသ condo မွာသာ နီတာရဲေလးႏွင့္
ေနသည္ ။

ေက်ာင္းတတ္ခ်ိန္ေတြဆို ေဖေဖေလးတို႔ဆီ
နီတာရဲေလးကို ပို႔ထားရသည္ ။

ဆက္ဥၾသ စာသင္တာေတာင္ စိတ္မေျဖာင့္ ။
ဲအေၾကာင္းကေတာ့ နီတာရဲေလးက
ဆက္ဥၾသ မရွိရင္ လိုက္ရွာတတ္သည္ ။
မေတြ႕လွ်င္လည္း မရပ္မနားငိုတတ္သည္မို႔ ။

တစ္ခါကဆို နီတာရဲေလးကို ေဖေဖႀကီးတို႔ဆီ
ဝင္ပို႔ေတာ့ ဆက္ဥၾသ၏ အကၤ်ီစကို
လက္ေသးေသးေလးေတြႏွင့္ ဆုပ္ကိုင္ထားတာ
လုံးဝ မလြတ္ေပ ။

ထိုေန႕က ဆက္ဥၾသလည္း ေက်ာင္းမသြားခ်င္ ။
စိတ္ထဲ ခဲဆြဲထားသလိုပဲ စိတ္ေတြေလးေနသည္ ။

ေက်ာင္းကလည္း ပ်က္လို႔မရသည္မို႔
နီတာရဲေလးကို အတင္းေခ်ာ့ကာ
ေဖေဖႀကီးလက္ထဲ ထည့္ခဲ့လိုက္သည္ ။

ေက်ာင္းမွာစာသင္ရတာလည္း တကယ္ကို
စိတ္မေျဖာင့္တာ ။
သူငယ္ခ်င္းႏွစ္ေယာက္ကေတာင္
ဆက္ဥၾသကို မ်က္စိေနာက္လာၿပီ လို႔ေျပာလာ
သည္အထိ ။

" သားသားေရ နီတာရဲေလး ကိုယ္ေတြပူၿပီး
ေနမေကာင္းျဖစ္လို႔ ကိုဆုေဆး႐ုံကို သြားၿပီ
သိလား "

ေဖေဖႀကီးဆီမွ ဖုန္းဝင္လာသည္ႏွင့္
ဆက္ဥၾသ စာသင္ေနတာေတာင္ သတိမရေတာ့။

စာသင္ခန္းထဲက ေျပးထြက္လာၿပီး
ေဆး႐ုံဆီကိုသာ ေရာက္လိုေဇာျဖင့္ ေမာင္းမိသည္ ။

ေဆး႐ုံေရာက္ေတာ့မွ သိသည္က
နီတာရဲေလးက ညကတည္းက ကိုယ္ပူေနတာတဲ့။

ဆက္ဥၾသ တကယ္ကို မသိခဲ့တာ ။
မနက္က ဆက္ဥၾသကို မသြားေစခ်င္သည္မို႔
အကၤ်ီကိုမလႊတ္တမ္း ဆုပ္ကိုင္ခဲ့တာလား
ကေလးေလဏန
းရယ္ ။

ဆက္ဥၾသ ကိုယ့္ကိုကိုယ္သာ အျပစ္တင္မိသည္ ။

" နီတာရဲေလး ေနမေကာင္းျဖစ္တာ ျမန္ျမန္
သက္သာေတာ့ေနာ္ မင္းမရွိေတာ့ ငါ အိပ္လို႔မရ
ဘူးကြ "

ေဆး႐ုံကုတင္ေလးေပၚ အႏွီးထုပ္ေလးထဲ
အိပ္ေပ်ာ္ေနေသာ နီတာရဲေလး ။

အဲ့ညက ဆက္ဥၾသလည္း ေဆး႐ုံမွာပဲ
အိပ္ျဖစ္သည္ ။
ေနာက္တစ္ေန႕က်မွ နီတာရဲႏွင့္အတူ
condo ျပန္လာခဲ့ေတာ့သည္ ။

" ငဆက္ ငဆက္... ကေလးအေဖႀကီးကို ျဖစ္လို႔"

" မိန္းကေလးေတြေတာ့ အသဲကြဲပါၿပီကြာ "

သေတာင္းစားႏွစ္ေကာင္ အခု ဆက္ဥၾသ၏
condo ဆီ ေရာက္ေနၾကျခင္း ။

ဆက္ဥၾသ နီတာရဲေလး အီအီးေတြပါခ်သည္မို႔
ျပန္လဲေပးၿပီး အသစ္လုပ္ေပး အဝတ္ေသးေသး
ေလးေတြကို ဝတ္ေပးလုပ္ေနတာမို႔ ဒင္းတို႔ကို
ျပန္မေျပာအား ။

အလုပ္အားလည္း ျပန္မေျပာပါဘူး
နီတာရဲေလးေလာက္ ဒင္းတို႔က အေရးမႀကီးဘူး။

တစ္လေက်ာ္လာၿပီျဖစ္ေသာ နီတာရဲေလးသည္
တစ္ခါတစ္ေလဆို ဆက္ဥၾသ လုပ္သမွ်ကို
မ်က္လုံးေလးအျပဴးသားျဖင့္ လိုက္ၾကည့္
ေနတတ္သည္ ။

တစ္ခါတစ္ေလဆို ခ်ိဴလိမ္ေလး ပါးစပ္
ထဲ ထည့္ေပးထားရင္ အဲ့အတိုင္း
အိပ္သြားသည္ ။

ဆူဆူပူပူ မလုပ္ေသာ နီတာရဲေလးသည္
သႏၶေေကာင္းသည္ဟု ဆိုရမည္ ။

" ငဆက္ မင္းတကယ္ပဲ သူ႕ကို
ေမြး... "

" ရႈး...... မင္း အေပါက္ပိတ္ ဒီမွာ
နီတာရဲေလး အိပ္မလို႔ တိတ္တိတ္ေန
ၿပီးမွ ေျပာမယ္ "

နီတာရဲေလး အိပ္ခ်ိန္ေရာက္ေနၿပီမို႔
မိခင္နို႔အစား နို႔မႈန့္ေတြသာ အားကိုးရ
ေသာေၾကာင့္ နို႔ဗူးေလးေဖ်ာ္ထားၿပီး
ပါးစပ္ေသးေသးေလးထဲ ထည့္ေပးလိုက္သည္။

နို႔ဗူးထဲက နို႔ေတြကို ပါးစပ္ေလးလႈပ္စိ လႈပ္စိ
နဲ႕ အားရပါးရ စုပ္ယူေနေသာ နီတာရဲေလးကို
ၾကည့္ၿပီး ဆက္ဥၾသလည္း ငယ္ငယ္က
အဲ့လိုပဲလား ဆိုသည့္အေတြးဝင္လာသည္ ။

ခဏေလးအတြင္းမွာပဲ အိပ္ေပ်ာ္သြားေသာ
နီတာရဲေလးေၾကာင့္ ကုတင္အႀကီးႀကီးအလယ္
မွာ ျပင္ထားေသာ အိပ္ရာေသးေသးေလး
ထဲ ထည့္လိုက္ၿပီး ေဘးကေန
ဖက္လုံးေသးေသးေလးေတြျဖင့္
ကာလိုက္သည္။

ျခင္ေထာင္ေလးကို ေထာင္လိုက္ၿပီး
အေပၚကေန အုပ္ထားလိုက္သည္ ။

အႏွီးထုပ္ေလးထဲ ပါးစပ္ေလးဟၿပီး
အိပ္ေနေသာ နီတာရဲေလးကိုၾကည့္ၿပီး
ဆက္ဥၾသ ရင္ထဲကလိ ကလိ ။

ဒီနီတာရဲ ေသးေသးေလးကို အသည္းယား
လို႔ ဘယ္လိုလုပ္ရမလဲ ။

အိပ္ခန္းထဲမွ အျပင္ထြက္လာေတာ့
ဧည့္ခန္းထဲ ၿငိမ္ေနက်ေသာ
သေကာင့္သား ႏွစ္ေကာင္ ။
ေတာ္ေတာ္ ၿငိမ္ခ်က္သားေကာင္းေနတာပဲ ။

ေကာင္းတယ္ အဲ့ဒါမွ နီတာရဲေလးအိပ္ေနတာ
အႏွောက္အယွက္ မျဖစ္မွာ ။

ဆိုဖာခုံေတြရွိရာဆီ ဆက္ဥၾသ ေလွ်ာက္သြား
သည့္တိုင္ ဟိုႏွစ္ေကာင္သည္
လုံးဝ လွည့္ၾကည့္မလာ ။

ဒီေလာက္ ၿငိမ္ေနတာေတာ့ မဟုတ္ေသးဘူး။
အေတာင့္လိုက္ေတြမ်ား ေသကုန္ၾကၿပီလား
မသိသည္မို႔ ဆက္ဥၾသ အျမန္ဆိုဖာေတြေရွ႕
သြားမိေတာ့ ျမင္လိုက္ရေသာ
ျမင္ကြင္းက ဆက္ဥၾသ၏ ေဒါသတရားတို႔
ကို လႈပ္ႏွိုးလိုက္သလို ။

" ေသခ်င္းဆိုးေတြ နီတာရဲေလးရဲ႕ နို႔မႈန့္ေတြကို
စားေနၾကရလား မသာေတြရဲ႕ "

ဆက္ဥၾသ ေဒါသလည္းထြက္သလို ယုံလည္း
မယုံနိုင္ေပ ။

ဘယ့္ႏွယ့္ အသက္ေတြကျဖင့္ ေသေတာ့မယ္
အခုမွ နို႔မႈန့္ကို အားရပါးရ စားေနလိုက္ၾကတာ ။

နီတာရဲေလးရဲ႕ နို႔မႈန့္ေတြ ကုန္ပါၿပီ ။

" ေသာင္းေက်ာ္ေပးထားရတဲ့ နို႔မႈန့္ေတြကြ
ၾကည့္စမ္း ဖင္ကပ္ပဲ ရွိေတာ့တယ္ "

အား....... ဆက္ဥၾသ သည္းမခံနိုင္ေတာ့ဘူး ။
နီတာရဲေလးေသာက္ဖို႔ နို႔မႈန့္က ဖင္ကပ္ေလး
သာ က်န္ေတာ့ေလသည္ ။

" ဟီး... စားလို႔ေကာင္းတာနဲ႕ စားလိုက္တာ
ကုန္ေတာ့မွာေတာင္ သတိမထားမိဘူး"

" တကယ္ စားလို႔ေကာင္းတယ္ကြ
အိမ္ျပန္ေရာက္ရင္ ဝယ္ၿပီးထပ္စားအုံးမယ္ "

ဒီေလာက္ တစ္ဗူးလုံးနီးပါး ၿမိဳစို႔သြား
ၾကတာေတာင္ ထပ္စားအုံးမယ္ ဆိုပဲ ။

နို႔မႈန့္ဗူးႀကီး ဒီတိုင္းခ်ထားခဲ့ၿပီး
သူတို႔ပစၥည္းေတြ ယူကာ ျပန္သြားၾကေသာ
ေသာက္ေကာင္းက်ိဴးမေပးသည့္ႏွစ္ေကာင္ ။

ဆက္ဥၾသ ေဒါသထြက္လြန္းလို႔
ဘယ္လိုလုပ္ရမလဲ ။

နီတာရဲေလးက နို႔မႈန့္ကိုပဲ အားကိုးေနရတာမို႔
နို႔မႈန့္သည္ အဓိက ။

မျဖစ္ ညေနက်ရင္ေတာ့ နို႔မႈန့္နဲ႕ တစ္ျခားလိုအပ္
တာေတြ ထြက္ဝယ္အုံးမွပါ ။

note - အမွားေတြ အားနည္းခ်က္ေတြ အမ်ားႀကီးရွိပါတယ္ဗ်ာ သည္းခံေပးၾကပါအုံးဗ် ။

ကိုယ္ ေျပာခ်င္တာေလးတစ္ခု ရွိပါတယ္။
အင္တာနက္လိုင္းေတြ မဖ်က္သ၍ ၊
ကိုယ္အခုကိုင္ေနတဲ့ ဖုန္းမပ်က္သ၍
ေရးလက္စေတြကို အဆုံးထိ တာဝန္ယူၿပီး
ေရးသြားမွာပါဗ်ာ ။
အခုကိုင္ေနတဲ့ဖုန္းက ပ်က္ခ်င္သလိုျဖစ္
လာတာမို႔ အခုလို ႀကိဳၿပီးအသိေပးထားရတာပါ
ခင္ဗ်ာ 🙏

တစ္ေန႕တာ၏ ဘဝအေမာေတြ ေျပၾကပါေစ။
က်န္းမာေရးကို အထူး ဂ႐ုစိုက္ၾကပါခင္ဗ်ာ ။

Continue Reading

You'll Also Like

1.4M 82.9K 139
မြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ...
613K 5.1K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
60.4K 1.8K 36
" ဟိုးရှေးရှေးတုန်းက၀င်ကစွပ်လေးတစ်ကောင်ရှိသတဲ့..အဲ့၀င်ကစွပ်လေးကသူ့ခန္ဓာကိုယ်လေးနွေးထွေးလုံခြုံဖို့ တခြားသတ္တဝါတွေရဲ့အန္တရာယ်ကနေလွတ်မြောက်ဖို့ လှပတင့်...