မြွေသားရဲ၏ဇနီးသည် 【MM Transla...

ShweLoon365 tarafından

275K 38.8K 2.2K

Title - Beastman Forcefully Raising a Wife (Unicode) ချမ်းသာသော ဒုတိယမျိုးဆက်သခင်လေး ရှုကျင်ထျန်းဟာ ပြန်ပေးဆွ... Daha Fazla

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(8.2)
(9)
(10)
(11)
(12)
(13)
(15.1)
(15.2)
(16)
(17.1)
(17.2)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31.1)
(31.2)
(32.1)
(32.2)
(33)
(34.1)
(34.2)
(35)
(36)
(37)
(38)
(39.1)
(39.2)
(40)
(41)
(42)
(43)
(44.1)
(44.2)
(45.1)
(45.2)
(46.1)
(46.2)
(47)
(48)
(49)
(50)
(51)
(52)

(14)

3.9K 637 35
ShweLoon365 tarafından

(Unicode)

သတ္တိရှိလွန်းသော မီးတောက်ငှက်ကို ရှုကျင်ထျန်းကရိုက်လိုက်ရုံသာဖြစ်ပြီး နောက်တစ်စက္ကန့်တွင် သူ၏လက်ကိုလွှတ်ချလိုက်သည်။ ထိခိုက်ဒဏ်ရာမရသော်လည်း ရှုကျင်ထျန်းက သူတို့အားဒေါသထွက်စေတာကြောင့် ရှုကျင်ထျန်းဆီသို့ ပြင်းပြင်းထန်ထန် ချီတက်လာခဲ့သည်။

ရှုကျင်ထျန်း၏ အသက်ရှူသံမှာ ပြင်းထန်နေပြီး ကြောက်စရာကောင်းသော အခြေအနေတွင် သစ်ပင်၏ပင်စည်ကိုလျှောချလိုက်ပြီး ငှက်သားရဲ၏တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။

ရှုကျင်ထျန်းလျှောချလိုက်တဲ့အခါ ကြီးမားတဲ့ငှက်သိုက်ကို သူ့မျက်လုံးထောင့်ကနေ တွေ့လိုက်ရသည်။

ရှုကျင်ထျန်း၏မျက်လုံးများမှာ တောက်ပလာသည်။ ငှက်ဥများသည် သူတို့၏အားနည်းချက်များဖြစ်သည်။ သူကိုယ်သူကယ်တင်ရန် အဲဒါတွေကိုအသုံးချရမယ်!

ဒါပေမယ့်သူလုပ်ခဲ့တဲ့ အောက်သို့လျှောချလိုက်ခြင်းက သူ့ကိုအသိုက်နဲ့ပိုဝေးသွားစေခဲ့သည်။ အခုသူကငှက်ဥတွေကိုယူချင်ရင် သူပြန်တက်ဖို့လိုလိမ့်မည်။

ငှက်နှစ်ကောင်စလုံးသည် ရှုကျင်ထျန်းဆီသို့ တစ်ပြိုင်နက်ပြေးလာကြသည်။ ဒီတစ်ခါတော့ ရှုကျင်ထျန်းကပိုပြီးတည်ငြိမ်သွားလေ၏။ ကြီးမားတဲ့ငှက်တွေက သူ့ဆီကိုရောက်တဲ့အခါ သူကဘေးစောင်းရှောင်လိုက်ပြီး ငှက်ရဲ့ခြေတစ်ဖက်ကိုဖမ်းဆွဲကာ အခြားငှက်တစ်ကောင်ဆီကိုလွှဲဖို့ သူ့ရဲ့အစွမ်းအစကိုအသုံးပြုလိုက်သည်။

သက်ရှိငှက်နှစ်ကောင်သည် အတူတကွတိုက်မိသောကြောင့် သူတို့၏လှုပ်ရှားမှုများသည် အပြန်အလှန်ထိခိုက်စေပြီး ၎င်းတို့၏ပျံသန်းမှုကို ရှုပ်ထွေးစေခဲ့သည်။ သူတို့ကတစ်ခဏမျှ ဟန်ချက်မညီနိုင်အောင် ဖြစ်သွားလေ၏။

ရှုကျင်ထျန်းသည် ဤအခိုက်အတန့်ကို အခွင့်ကောင်း ယူပြီး အပေါ်သို့တက်လိုက်သည်။ နောက်ဆုံးတော့ငှက်ကြီးတွေက သူ့ကိုမတိုက်ခိုက်ခင်မှာ အသိုက်ဆီသို့  သူရောက်လာခဲ့သည်။

မီးတောက်ငှက်တွေက သူတို့ကိုယ်သူတို့ တည်ငြိမ်အောင်ထိန်းလိုက်သော်လည်း မိန်းမပျိုလေးက သူတို့ရဲ့အသိုက်ထဲ မမျှော်လင့်ဘဲရောက်လာတာကို မြင်လိုက်ရတဲ့အခါ သူတို့ကမယုံကြည်နိုင်လောက်အောင် ကြောက်လန့်သွားပြီး ရှုကျင်ထျန်းကို အော်ဟစ်လာသည်။

ရှုကျင်ထျန်းသည် ငှက်ဥတစ်လုံးကိုချက်ချင်းထုတ်လိုက်ပြီး ငှက်ကြီးများကိုခြိမ်းခြောက်ရန် သူ၏ရင်ဘတ်အနားမှာကိုင်ထားလိုက်သည်။

သို့သော် ရှုကျင်ထျန်းသည် ငှက်၏အသိဥာဏ်ကို အလွန်အမင်းမတွက်ဆဘဲ ပြုလုပ်ခဲ့ခြင်းပင်။ မီးတောက်ငှက်များက သူ့ဥများကိုယူနေသည်ကိုမြင်သောအခါ ပို၍ပင်ဒေါသထွက်လာသည်။ သူတို့ကမရပ်တန့်ဘဲ ရှေ့ကိုပိုလို့တောင် ပြင်းပြင်းထန်ထန် ချီတက်လာကြသည်။

ရှုကျင်ထျန်းမှာ အလွန်ထိတ်လန့်သွားသည်။ ငှက်တွေကသူ့ရှေ့ရောက်နေပြီမို့ ရှောင်တိမ်းဖို့အရမ်းနောက်ကျနေပြီ။ သူက ငှက်ဥကိုမြှင့်ပြီးအပြင်သို့ပစ်လိုက်သည်။

မီးတောက်ငှက်သည် သူ၏မျက်လုံးများအားချက်ချင်းလှည့်ကြည့်လိုက်ပြီး ငှက်ဥဆီသို့ဦးတည်လိုက်သည်။

"ဟူး ~"
ရှုကျင်ထျန်းသက်ပြင်းချလိုက်သည်။ သို့သော် သူအသက်ပင်သေချာမရှုရသေး။ အခြားငှက်တစ်ကောင်က သူ့ဆီအမြန်ပျံဝဲလာပြန်သည်။

ရှုကျင်ထျန်းသည် အခြားငှက်ဥတစ်လုံးကို အလျင်အမြန်ကောက်ယူလိုက်ပြီး ငှက်၏နှုတ်သီးကသူ့ရှေ့သို့ရောက်လာသောအခါ သူကငှက်ဥကိုပစ်ထုတ်လိုက်သည်။

ရလဒ်အနေနှင့် အခြားငှက်တစ်ကောင်သည် ငှက်ဥနောက်သို့လိုက်နေရသည်။

ရှုကျင်ထျန်းသည် သစ်ပင်ပေါ်တွင်အားပျော့စွာ အသက်ရှူနေရပြီး သူ၏အ၀တ်များဟာလည်း စုတ်ပြဲသွားသည်။ ကုတ်ခြစ်ရာဒဏ်ရာများမှလည်း သွေးများထွက်ကာ သူ၏အဖြူရောင်လက်ရှည်တီရှပ်ကို စွန်းထင်းစေခဲ့သည်။

ရှုဟန်ယွီသည် လျင်မြန်စွာတက်လာပြီး ဤမြင်ကွင်းကို အတိအကျမြင်လိုက်သည်။ အားနည်းလွန်းသော မိန်းမပျိုလေးသည် သစ်ပင်၏ပင်စည်ကိုမှီကာ မလှုပ်မယှက်ဖြစ်နေလေ၏။ သူ၏တစ်ကိုယ်လုံးတွင် အနီရောင်သွေးများစွန်းထင်းနေပြီး အနံ့များကသူ့ခန္ဓာကိုယ်မှ တဖြည်းဖြည်းပျံ့လွင့်လာသည်။ ၎င်းသည် အလွန်မွှေးသောရနံ့ဖြစ်သော်လည်း ရှုဟန်ယွီမှာ အမျက်ချောင်းချောင်းထွက်ခြင်းကိုသာ ခံစားခဲ့ရသည်။

သူ၏မြွေခန္ဓာကိုယ်သည် မိန်းမပျိုလေး၏ခန္ဓာကိုယ်အားရစ်ပတ်ထားပြီး သူ့အနားသို့ခေါ်ဆောင်လိုက်သည်။ သူ့ကိုအမြဲငြင်းဆန်နေသော မိန်းမပျိုလေးသည် ယခုအချိန်တွင် သူ့အားနာခံမှုအပြည့်ဖြင့် အာဏာမဲ့နေသည်။

သူကိုယ်တိုင်တောင် သူ့အပိုင်မိန်းမပျိုလေးကို အရမ်းပြင်းပြင်းထန်ထန် ရန်လိုတာမဟုတ်ဘူး။ ဒါပေမယ့်  သူ့ရဲ့မိန်းမပျိုလေးက မမျှော်လင့်ဘဲ အခြားတိရစ္ဆာန်တွေ အနိုင်ကျင့်ခံလိုက်ရတယ်။ ဒါကို သူလုံးဝခွင့်မလွှတ်နိုင်ဘူး!

ငှက်နှစ်ကောင်သည် သူတို့၏ဥများနောက်သို့လိုက်၍ သူတို့၏နှုတ်သီးကိုသုံး၍ ဖမ်းကိုက်လိုက်သည်။ အလွန်ကြီးမားသောဥများက အခိုင်အမာဆုပ်ကိုင်လို့မရနိုင်ပေ။ ထို့ကြောင့် နှုတ်သီးဖြင့်ထိုးခံရသလိုဖြစ်သွားပြီး မြေကြီးကိုထိကာ အသက်ဆုံးရှုံးခဲ့ရသည်။

သူတို့၏ကလေးများကို မကယ်တင်နိုင်ခဲ့သော မီးတောက်ငှက်များက ဝမ်းနည်းကြေကွဲစွာ အော်ဟစ်ကြလေ၏။

သူတို့၏သားသမီးများကို ဆုံးရှုံးသွားသည့်အတွက် မီးတောက်ငှက်သည် လှည့်လည်ပျံဝဲနေရင်း အလွန်ဒေါသထွက်နေသောမျက်လုံးများဖြင့် သစ်ပင်ထိပ်ဖျားသို့ ဦးတည်လိုက်သည်။

ငှက်အော်သံသည် စူးရှလွန်းပြီး တောအုပ်တစ်လျှောက် ပဲ့တင်ထပ်ကာ လေပြင်းနှင့်ရောယှက်နေသည်။ သူတို့သည် မိန်းမပျိုလေးဆီသို့ အပြင်းအထန်ပြေးသွားကြသည်။

ရှုကျင်ထျန်းသည် ထိုအသံကိုကြားရသောအခါ ရုတ်တရက်ထိတ်လန့်သွားပြီး ခုန်ထွက်လိုက်သည်။

ရှုဟန်ယွီ၏အမြီးသည် မိန်းမပျိုလေး၏ခန္ဓာကိုယ်ကိုရစ်ပတ်ထားပြီး သူ့ကိုကာကွယ်ရန် သူ့(ဟန်ယွီ)ခန္ဓာကိုယ်နောက်၌ထားလိုက်သည်။

ထိုအချိန်တွင် မြွေကြီးကဒီမှာရှိနေပြီလို့ ရှုကျင်ထျန်းက သူ့ကိုယ်သူပြန်ပြောလိုက်သည်။ သူ၏တင်းမာသောအာရုံကြောများကို ချက်ချင်းဖြေလျော့လိုက်သဖြင့် သူ့ခန္ဓာကိုယ်က ပျော့ပြောင်းသွားလေ၏။

ရှုကျင်ထျန်းက ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
"ဟီးဟီး၊ ငါက ဒုက္ခကို ဖိတ်ခေါ်ခဲ့မိပုံရတယ်"

ရှုဟန်ယွီ၏အမြီးသည် အမျိုးသမီးအားပေါ့ပါးစွာပွတ်သပ်ပြီး နှစ်သိမ့်လိုက်သည်။

ငှက်နှစ်ကောင်သည် အသဲအသန်အတူပြေးလာကြသည်။ သို့သော် မိန်းမပျိုလေး၏အနားမှာ နောက်ထပ်သားရဲအထီးတစ်ကောင်ရှိနေတာကို ရုတ်တရက်တွေ့လိုက်ကြရသည်။ သူတို့နှစ်ကောင်လုံး အနည်းငယ်ကြောက်လန့်သွားကြလေ၏။

သို့သော်လည်း အမုန်းတရားကြောင့် ငှက်မလေးသည် ဘာကိုမှဂရုမစိုက်ဘဲပျံဝဲပြီးနောက် ကြီးမားပြီးစွမ်းထက်သော မြွေသားရဲကြီးဆီသို့ ဦးတည်သွားခဲ့သည်။

ရှုဟန်ယွီသည် သစ်ကိုင်းပေါ်တွင်နှိမ့်ချကာ နောက်မဆုတ်ခဲ့ပေ။ သူ၏ပုံသဏ္ဍာန်သည် အနည်းငယ်ပြောင်းလဲသွားပြီး ငှက်၏တိုက်ခိုက်မှုကိုရှောင်ရှားလိုက်သည်။ ငှက်၏ခန္ဓာကိုယ်နောက်ပြန်မလှည့်မီ သူသည်ရုတ်တရက် သူ့ကိုယ်တစ်ခြမ်းကိုမြှင့်လိုက်ပြီး ပါးစပ်ကိုဖွင့်ဟလိုက်ကာ ငှက်ကိုအလင်း၏လျှင်မြန်နှုန်းဖြင့်ဖမ်းလိုက်သည်။

ငှက်၏လည်ပင်းကို ဝိညာဉ်သားရဲမြွေမှဖြတ်ကိုက်လိုက်သဖြင့် ပြင်းပြင်းထန်ထန်အော်ဟစ်လာသည်။ သူ့ရဲ့အတောင်ပံတွေကိုဖြန့်ကာ ရုန်းကန်ဖို့ကြိုးစားခဲ့ပေမယ့် မကြာခင်မှာပဲသူ့ရဲ့ခွန်အားတွေဟာ ဆုံးရှုံးသွားခဲ့သည်။

ငှက်အထီးသည် သူ့ကြင်သူသက်ထား၏ ကြေကွဲဖွယ်သေဆုံးမှုကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရပြီး ဒေါသအလွန်ထွက်ကာ သူ၏မျက်လုံးများသည် နီရဲကာပေါက်ထွက်မတတ်ဖြစ်လာသည်။ ပြင်းထန်သော ငိုကြွေးသံကိုထုတ်လွှတ်ကာ ရှေ့သို့အမြန်ပျံသန်းလာသည်။

ရှုဟန်ယွီ၏ မြစိမ်းရောင်မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး သူ၏မျက်လုံးထဲတွင် အေးစက်သောအလင်းရောင်တစ်ခု ရုတ်တရက်ပေါ်ထွက်လာသည်။ သို့သော်လည်း ငှက်အထီး၏သူ့ဘာသာအသေခံဖို့လာတာကို စောင့်ဆိုင်းနေသကဲ့သို့ ငှက်မလေးကိုလည်းမလွှတ်ဘဲ သူ့ပါးစပ်တွင်း၌ ကိုက်ထားမြဲဖြစ်လေ၏။

ရှုဟန်ယွီနှင့် ငှက်အထီးသည် ဆယ်မီတာအကွာအဝေးတွင်ရှိသောအခါ  ရှုဟန်ယွီသည် မီးတောက်ငှက်ကို ပါးစပ်ထဲမှမှုတ်ထုတ်လိုက်ရာ သူ၏လျင်မြန်သောခန္ဓာကိုယ်သည် ထူးဆန်းသောသွေဖည်မှုဖြင့် ငှက်အထီးအား တိုက်ခိုက်လိုက်ကာ ထိုငှက်အထီးကို သူ၏မိတ်ဖက်ကဲ့သို့ ပျက်စီးဆုံးရှုံးမှုဖြစ်စေလိုက်သည်။

စိတ်အနှောက်အယှက်ဖြစ်စေသည့် ငှက်နှစ်ကောင်ကိုချထားလိုက်ပြီးနောက် ရှုဟန်ယွီသည် မိန်းမပျိုလေးအား စိုးရိမ်တကြီးရစ်ပတ်ကာ သူ့ခန္ဓာကိုယ်ကိုစစ်ဆေးလိုက်သည်။

"ကျစ်! ဖြည်းဖြည်းလုပ်မှပေါ့ ငါ့နောက်ကျောနာနေတယ်လေ!"

ယခုရှုဟန်ယွီသည် သူ့အားတင်းတင်းကြပ်ကြပ်ဖက်ထားခဲ့တာကြောင့် သူ(ကျင်ထျန်း)၏ကျောပြင်တွင် သွေးများပိုထွက်ကာရောင်ရမ်းလာပြီး နာကျင်လာသည်။

ရှုဟန်ယွီတစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ခဲ့သည့်အခါ ရှုကျင်ထျန်း၏အာရုံထဲတွင် သူ့ကိုအမြဲကြောက်နေခဲ့သည်။ ယခုရှုဟန်ယွီက စက္ကန့်ပိုင်းအတွင်းငှက်ကြီးကို သတ်လိုက်တာကြောင့် သူ့နှလုံးသားအောက်ခြေ၌ချီးကျူးရင်း တစ်ချိန်တည်း၌ အကူအညီမဲ့စွာ အော်ဟစ်ငိုယိုနေမိသည်။

ရှုဟန်ယွီသည် သူ၏အမြီးကို ချက်ချင်းဖြေလျော့လိုက်သည်။ အခုသူအရမ်းဒေါသထွက်နေတာကြောင့် သူ့အမြီးကပိုတင်းကျပ်လာခြင်းဖြစ်သည်။ မိန်းမပျိုလေး၏ခန္ဓာကိုယ်အား မြင်လိုက်ရစဉ်တွင် ခြစ်ရာအနည်းငယ်သည် သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို သွေးများဖြင့်အရောင်ဆိုးလိုက်သလိုဖြစ်နေကြောင်း သူသဘောပေါက်လိုက်သည်။ သူ့ရဲ့မြွေအမြီးမှာတောင် ပူနွေးတဲ့အရည်တွေအများကြီး စွန်းထင်းနေလေ၏။

ရှုဟန်ယွီ၏နှလုံးသားသည် ရုတ်တရက်တင်းကျပ်လာပြီး အမြဲလိုလိုသွေးအေးနေတတ်သည့် သူသည် မမျှော်လင့်ဘဲ ကူကယ်ရာမဲ့သလို ခံစားနေရသည်။ သူ၏အမြီးဖြင့်ပွတ်သပ်၍ မိန်းမပျိုလေးအား နူးညံ့စွာနှစ်သိမ့်ပေးလိုက်သည်။

"ဟူး~ အောက်ဆင်းရအောင်...သစ်ပင်ပေါ်မှာ တကယ်မလုံခြုံဘူး"

ရှုကျင်ထျန်းသည် သူ၏ကျောတွင်ဒဏ်ရာများကို တို့ထိလိုက်ပြီး ချက်ချင်းပင်အံကြိတ်ရင်း သူ၏မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်ရာ သူသည်ရှုံ့တွနေသော ကောက်ညင်းပေါင်းနှင့်ပင်တူနေသေးသည်။

ရှုဟန်ယွီကခေါင်းငြိမ့်လိုက်ပြီး မိန်းမပျိုလေးကို ဂရုတစိုက်ရစ်ပတ်လိုက်သည်။ ဒဏ်ရာများကိုမထိရန် သတိထားကာ ခေါင်းငုံ့ရန်ပြင်လိုက်သည်။

"ခဏနေဦး"

ထိုစဥ် ရှုကျင်ထျန်းသည် သစ်ကိုင်းတစ်ခုကိုဆွဲယူကာ ဘေးဘက်ရှိငှက်သိုက်ကို ညွှန်ပြလိုက်သည်။

"ငှက်ဥတစ်လုံး ရှိနေသေးတယ်...အဲဒါကို အလဟသဖြစ်အောင် မလုပ်ပါနဲ့...ငါတို့အဲဒါကိုယူဖို့အတွက် တော်တော်ဒုက္ခရောက်ခဲ့ရတာ...သေချာပေါက် မဖြုန်းတီးသင့်ဘူး”

ရှုဟန်ယွီ၏ခန္ဓာကိုယ်သည် ခဏရပ်သွားသည်။
အဲ့တော့ မိန်းမပျိုလေးက... အဲ့ဟာကို စားချင်တာလား?

ရှုဟန်ယွီက သဘောတူကြောင်း ခေါင်းညိတ်လိုက်ပြီး ရှုကျင်ထျန်းကိုငှက်ဥယူရန် လွှတ်ပေးလိုက်သည်။

ရှုကျင်ထျန်းသည် ဘဝကိုသက်တောင့်သက်သာနေထိုင်ခဲ့ရသည့် ချမ်းသာသော ဒုတိယသခင်လေးဖြစ်သည့်အလျောက် ကောင်းမွန်သော ပါဝင်ပစ္စည်းတစ်ခု ရခဲ့လျှင်တောင် ဘာကိုမှလုပ်နိုင်မည်မဟုတ်ပေ။

ကြက်ဥမွှေကြော်စားရတာကို သူကြိုက်ပါတယ်။ ဒါပေမယ့် ပိုကောင်းတဲ့အခြေအနေမရှိတာကြောင့် သူကအဲ့ဒါကိုမီးကင်ဖို့ မီးထဲတိုက်ရိုက်ထည့်လိုက်တော့ သိပ်မကြာခင်မှာ ငှက်ဥခွံဟာအဝါရောင်ပြောင်းသွားပြီး အက်ကွဲကြောင်းတစ်ခုနဲ့ နှစ်ခြမ်းကွဲထွက်လာတယ်။ ပြီးတော့ အရည်တွေအများကြီးလည်း ထွက်လာသေးတယ်...

ကံကောင်းထောက်မစွာ ရှုကျင်ထျန်းသည် သူ၏လောဘတကြီး မီးပွင့်ရှေ့တွင်သတိကြီးစွာ ရပ်နေခဲ့သည်။  သူသည်ဒဏ်ရာမရရှိခဲ့သော ဘယ်ဘက်လက်ကိုသုံပြီး ငှက်ဥ၏အနေအထားကိုထိန်းညှိရန်နှင့် အရည်များပိုထွက်ကျခြင်းမှကာကွယ်ရန် အက်ကွဲသည့်ဘက်ကို အပေါ်သို့လှန်တင်လိုက်သည်။

ငှက်ဥမှထွက်သောအရည်များသည် ဥခွံ၏မျက်နှာပြင်ကိုဖုံးအုပ်ပြီး အခြားငှက်ဥအလွှာတစ်ခုကို ဖန်တီးလိုက်သည်။ သိပ်မကြာခင်မှာပဲ အမည်းရောင်အဖြစ်ပြောင်းသွားတယ် တဖြည်းဖြည်းနဲ့ ပြာမှုန့်ဖြစ်သွားတဲ့အထိပေါ့...ငှက်ဥကျက်သွားတဲ့အခါမှာတော့ ဥခွံက ကွဲလုနီးပါးဖြစ်နေပြီ။

၎င်းသည် ခြစ်တူးနေသော ဥတစ်လုံးဖြစ်နေရင်တောင် ဆယ်ရက်အတွင်း အရသာမပြောင်းခဲ့ရသော ရှုကျင်ထျန်းအတွက် အဖိုးတန်ခဲဖွယ်ဖြစ်နေလေ၏။

မဲနေသောနေရာများအား ဖယ်ထုတ်လိုက်ပြီး ရှုကျင်ထျန်းမှာ နှစ်သက်စွာစားလိုက်သည်။ ကျွဲကောသီးအရွယ်ငှ က်ဥကို သန့်သန့်ရှင်းရှင်းစားခဲ့ပြီး သူကျေနပ်သွားသည့်အတွက် လေချဥ်တက်လိုက်သေးသည်။

ရှုကျင်ထျန်း သည် ငှက်ဥကိုစားပြီးနောက် ငှက်နှစ်ကောင်ကိုမစားနိုင်ခဲ့သည့်အပြင် ရှုဟန်ယွီကလည်း ငှက်တွေမှာအမွေးတွေအများကြီးရှိပြီး အစာကြေဖို့ခက်တာကြောင့်မစားခဲ့ပေ။ ထို့ကြောင့် ရှုကျင်ထျန်းသည် ငှက်ပေါင်လေးချောင်းကို အမွေးတွေနည်းပါးအောင်လှီးဖြတ်ကာ မီးကင်ပြီးနောက် သူ၏နောက်တစ်နပ်စာအတွက် သိမ်းဆည်းထားလိုက်သည်။

ငှက်ခြေထောက်သည် ကျက်ရန်နှေးကွေးပြီး ယခုအခါ၎င်းကို အပေါ်မှကင်နေပြန်သည်။ ရှုကျင်ထျန်းက ကျက်ခါနီးပြီဟုခန့်မှန်းလိုက်ပြီး သူတို့ကိုနောက်ဆုံးမီးတောက်ပေါ်ပစ်တင်လိုက်သည်။ ထို့နောက်အဲ့ဒါတွေကို လေထဲသို့အခြောက်ခံစေပြီး ဂရုမစိုက်တော့ဘဲ သစ်ပင်ရဲ့အရိပ်ရပြီး မှိုင်းညို့နေတဲ့နေရာကိုရှာရင်း ပြည့်နှက်နေတဲ့သူ၏အစာအိမ်ကို အစာကြေစေရန်အတွက် မြက်ခင်းပြင်ပေါ်မှာထိုင်ချလိုက်သည်။

ရှုကျင်ထျန်းက ပက်လက်လှန်မအိပ်ရတဲ့အကြောင်းရင်းက ဒဏ်ရာတွေအားလုံးနီးပါး သူ့ကျောပေါ်မှာရောက်နေလို့ပင်။ သူကအဲဒါကိုဖိအိပ်လို့မရပေ။

~~~~~~

9/09/21(10:00AM)

updateတွေကြာနေတဲ့အပြင် ခဏခဏရပ်နေရတဲ့အတွက် စိတ်မကောင်းပါဘူး
ဒါပေမယ့်လည်း အားနာနာနဲ့ပဲ ပြောပါရစေ
ကိုယ်လည်း*အကန့်အသတ်မရှိ ယာယီရပ်နားလိုက်ပါပြီ*
အားလုံးကလည်း သိရှိနားလည်ပေးကြမယ်လို့ထင်ပါတယ်
ဒါပေမယ့် နိုင်ငံရေးအခြေအနေအပေါ်မူတည်ပြီး updateလုပ်ပေးမှာပါ

D Dayနဲ့ပတ်သက်ပြီးလည်း အတိအကျကြေငြာပြီးပြီဆိုတော့ ကိုယ့်ပေါင်ပေ့လေးတို့ ဂရုစိုက်ကြပါ
လိုအပ်တာတွေ ပြင်ဆင်ထားကြပါ
စုဆောင်းသင့်တာ စုဆောင်းထားကြပါ
အရေးတော်ပုံကြီးပြီးရင် ပြန်ဆုံကြရအောင်
ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်ကြပါ

အရေးတော်ပုံ အောင်ရမည်!!!

(Zawgyi)

သတၱိရွိလြန္းေသာ မီးေတာက္ငွက္ကို ရႈက်င္ထ်န္းကရိုက္လိုက္႐ုံသာျဖစ္ၿပီး ေနာက္တစ္စကၠန့္တြင္ သူ၏လက္ကိုလႊတ္ခ်လိဳက္သည္။ ထိခိုက္ဒဏ္ရာမရေသာ္လည္း ရႈက်င္ထ်န္းက သူတို႔အားေဒါသထြက္ေစတာေၾကာင့္ ရႈက်င္ထ်န္းဆီသို႔ ျပင္းျပင္းထန္ထန္ ခ်ီတက္လာခဲ့သည္။

ရႈက်င္ထ်န္း၏ အသက္ရႉသံမွာ ျပင္းထန္ေနၿပီး ေၾကာက္စရာေကာင္းေသာ အေျခအေနတြင္ သစ္ပင္၏ပင္စည္ကိုေလွ်ာခ်လိဳက္ၿပီး ငွက္သားရဲ၏တိုက္ခိုက္မႈကို ေရွာင္ရွားလိုက္သည္။

ရႈက်င္ထ်န္းေလွ်ာခ်လိဳက္တဲ့အခါ ႀကီးမားတဲ့ငွက္သိုက္ကို သူ႕မ်က္လုံးေထာင့္ကေန ေတြ႕လိုက္ရသည္။

ရႈက်င္ထ်န္း၏မ်က္လုံးမ်ားမွာ ေတာက္ပလာသည္။ ငွက္ဥမ်ားသည္ သူတို႔၏အားနည္းခ်က္မ်ားျဖစ္သည္။ သူကိုယ္သူကယ္တင္ရန္ အဲဒါေတြကိုအသုံးခ်ရမယ္!

ဒါေပမယ့္သူလုပ္ခဲ့တဲ့ ေအာက္သို႔ေလွ်ာခ်လိဳက္ျခင္းက သူ႕ကိုအသိုက္နဲ႕ပိုေဝးသြားေစခဲ့သည္။ အခုသူကငွက္ဥေတြကိုယူခ်င္ရင္ သူျပန္တက္ဖို႔လိုလိမ့္မည္။

ငွက္ႏွစ္ေကာင္စလုံးသည္ ရႈက်င္ထ်န္းဆီသို႔ တစ္ၿပိဳင္နက္ေျပးလာၾကသည္။ ဒီတစ္ခါေတာ့ ရႈက်င္ထ်န္းကပိုၿပီးတည္ၿငိမ္သြားေလ၏။ ႀကီးမားတဲ့ငွက္ေတြက သူ႕ဆီကိုေရာက္တဲ့အခါ သူကေဘးေစာင္းေရွာင္လိုက္ၿပီး ငွက္ရဲ႕ေျခတစ္ဖက္ကိုဖမ္းဆြဲကာ အျခားငွက္တစ္ေကာင္ဆီကိုလႊဲဖို႔ သူ႕ရဲ႕အစြမ္းအစကိုအသုံးျပဳလိုက္သည္။

သက္ရွိငွက္ႏွစ္ေကာင္သည္ အတူတကြတိုက္မိေသာေၾကာင့္ သူတို႔၏လႈပ္ရွားမႈမ်ားသည္ အျပန္အလွန္ထိခိုက္ေစၿပီး ၎တို႔၏ပ်ံသန္းမႈကို ရႈပ္ေထြးေစခဲ့သည္။ သူတို႔ကတစ္ခဏမွ် ဟန္ခ်က္မညီနိုင္ေအာင္ ျဖစ္သြားေလ၏။

ရႈက်င္ထ်န္းသည္ ဤအခိုက္အတန႔္ကို အခြင့္ေကာင္း ယူၿပီး အေပၚသို႔တက္လိုက္သည္။ ေနာက္ဆုံးေတာ့ငွက္ႀကီးေတြက သူ႕ကိုမတိုက္ခိုက္ခင္မွာ အသိုက္ဆီသို႔  သူေရာက္လာခဲ့သည္။

မီးေတာက္ငွက္ေတြက သူတို႔ကိုယ္သူတို႔ တည္ၿငိမ္ေအာင္ထိန္းလိုက္ေသာ္လည္း မိန္းမပ်ိဳေလးက သူတို႔ရဲ႕အသိုက္ထဲ မေမွ်ာ္လင့္ဘဲေရာက္လာတာကို ျမင္လိုက္ရတဲ့အခါ သူတို႔ကမယုံၾကည္နိုင္ေလာက္ေအာင္ ေၾကာက္လန႔္သြားၿပီး ရႈက်င္ထ်န္းကို ေအာ္ဟစ္လာသည္။

ရႈက်င္ထ်န္းသည္ ငွက္ဥတစ္လုံးကိုခ်က္ခ်င္းထုတ္လိုက္ၿပီး ငွက္ႀကီးမ်ားကိုၿခိမ္းေျခာက္ရန္ သူ၏ရင္ဘတ္အနားမွာကိုင္ထားလိုက္သည္။

သို႔ေသာ္ ရႈက်င္ထ်န္းသည္ ငွက္၏အသိဥာဏ္ကို အလြန္အမင္းမတြက္ဆဘဲ ျပဳလုပ္ခဲ့ျခင္းပင္။ မီးေတာက္ငွက္မ်ားက သူ႕ဥမ်ားကိုယူေနသည္ကိုျမင္ေသာအခါ ပို၍ပင္ေဒါသထြက္လာသည္။ သူတို႔ကမရပ္တန႔္ဘဲ ေရွ႕ကိုပိုလို႔ေတာင္ ျပင္းျပင္းထန္ထန္ ခ်ီတက္လာၾကသည္။

ရႈက်င္ထ်န္းမွာ အလြန္ထိတ္လန႔္သြားသည္။ ငွက္ေတြကသူ႕ေရွ႕ေရာက္ေနၿပီမို႔ ေရွာင္တိမ္းဖို႔အရမ္းေနာက္က်ေနၿပီ။ သူက ငွက္ဥကိုျမႇင့္ၿပီးအျပင္သို႔ပစ္လိုက္သည္။

မီးေတာက္ငွက္သည္ သူ၏မ်က္လုံးမ်ားအားခ်က္ခ်င္းလွည့္ၾကည့္လိုက္ၿပီး ငွက္ဥဆီသို႔ဦးတည္လိုက္သည္။

"ဟူး ~"
ရႈက်င္ထ်န္းသက္ျပင္းခ်လိဳက္သည္။ သို႔ေသာ္ သူအသက္ပင္ေသခ်ာမရႈရေသး။ အျခားငွက္တစ္ေကာင္က သူ႕ဆီအျမန္ပ်ံဝဲလာျပန္သည္။

ရႈက်င္ထ်န္းသည္ အျခားငွက္ဥတစ္လုံးကို အလ်င္အျမန္ေကာက္ယူလိုက္ၿပီး ငွက္၏ႏႈတ္သီးကသူ႕ေရွ႕သို႔ေရာက္လာေသာအခါ သူကငွက္ဥကိုပစ္ထုတ္လိုက္သည္။

ရလဒ္အေနႏွင့္ အျခားငွက္တစ္ေကာင္သည္ ငွက္ဥေနာက္သို႔လိုက္ေနရသည္။

ရႈက်င္ထ်န္းသည္ သစ္ပင္ေပၚတြင္အားေပ်ာ့စြာ အသက္ရႉေနရၿပီး သူ၏အ၀တ္မ်ားဟာလည္း စုတ္ၿပဲသြားသည္။ ကုတ္ျခစ္ရာဒဏ္ရာမ်ားမွလည္း ေသြးမ်ားထြက္ကာ သူ၏အျဖဴေရာင္လက္ရွည္တီရွပ္ကို စြန္းထင္းေစခဲ့သည္။

ရႈဟန္ယြီသည္ လ်င္ျမန္စြာတက္လာၿပီး ဤျမင္ကြင္းကို အတိအက်ျမင္လိုက္သည္။ အားနည္းလြန္းေသာ မိန္းမပ်ိဳေလးသည္ သစ္ပင္၏ပင္စည္ကိုမွီကာ မလႈပ္မယွက္ျဖစ္ေနေလ၏။ သူ၏တစ္ကိုယ္လုံးတြင္ အနီေရာင္ေသြးမ်ားစြန္းထင္းေနၿပီး အနံ႕မ်ားကသူ႕ခႏၶာကိုယ္မွ တျဖည္းျဖည္းပ်ံ့လြင့္လာသည္။ ၎သည္ အလြန္ေမႊးေသာရနံ႕ျဖစ္ေသာ္လည္း ရႈဟန္ယြီမွာ အမ်က္ေခ်ာင္းေခ်ာင္းထြက္ျခင္းကိုသာ ခံစားခဲ့ရသည္။

သူ၏ေႁမြခႏၶာကိုယ္သည္ မိန္းမပ်ိဳေလး၏ခႏၶာကိုယ္အားရစ္ပတ္ထားၿပီး သူ႕အနားသို႔ေခၚေဆာင္လိုက္သည္။ သူ႕ကိုအၿမဲျငင္းဆန္ေနေသာ မိန္းမပ်ိဳေလးသည္ ယခုအခ်ိန္တြင္ သူ႕အားနာခံမႈအျပည့္ျဖင့္ အာဏာမဲ့ေနသည္။

သူကိုယ္တိုင္ေတာင္ သူ႕အပိုင္မိန္းမပ်ိဳေလးကို အရမ္းျပင္းျပင္းထန္ထန္ ရန္လိုတာမဟုတ္ဘူး။ ဒါေပမယ့္  သူ႕ရဲ႕မိန္းမပ်ိဳေလးက မေမွ်ာ္လင့္ဘဲ အျခားတိရစ္ဆာန္ေတြ အနိုင္က်င့္ခံလိုက္ရတယ္။ ဒါကို သူလုံးဝခြင့္မလႊတ္နိုင္ဘူး!

ငွက္ႏွစ္ေကာင္သည္ သူတို႔၏ဥမ်ားေနာက္သို႔လိုက္၍ သူတို႔၏ႏႈတ္သီးကိုသုံး၍ ဖမ္းကိုက္လိုက္သည္။ အလြန္ႀကီးမားေသာဥမ်ားက အခိုင္အမာဆုပ္ကိုင္လို႔မရနိုင္ေပ။ ထို႔ေၾကာင့္ ႏႈတ္သီးျဖင့္ထိုးခံရသလိုျဖစ္သြားၿပီး ေျမႀကီးကိုထိကာ အသက္ဆုံးရႈံးခဲ့ရသည္။

သူတို႔၏ကေလးမ်ားကို မကယ္တင္နိုင္ခဲ့ေသာ မီးေတာက္ငွက္မ်ားက ဝမ္းနည္းေၾကကြဲစြာ ေအာ္ဟစ္ၾကေလ၏။

သူတို႔၏သားသမီးမ်ားကို ဆုံးရႈံးသြားသည့္အတြက္ မီးေတာက္ငွက္သည္ လွည့္လည္ပ်ံဝဲေနရင္း အလြန္ေဒါသထြက္ေနေသာမ်က္လုံးမ်ားျဖင့္ သစ္ပင္ထိပ္ဖ်ားသို႔ ဦးတည္လိုက္သည္။

ငွက္ေအာ္သံသည္ စူးရွလြန္းၿပီး ေတာအုပ္တစ္ေလွ်ာက္ ပဲ့တင္ထပ္ကာ ေလျပင္းႏွင့္ေရာယွက္ေနသည္။ သူတို႔သည္ မိန္းမပ်ိဳေလးဆီသို႔ အျပင္းအထန္ေျပးသြားၾကသည္။

ရႈက်င္ထ်န္းသည္ ထိုအသံကိုၾကားရေသာအခါ ႐ုတ္တရက္ထိတ္လန႔္သြားၿပီး ခုန္ထြက္လိုက္သည္။

ရႈဟန္ယြီ၏အၿမီးသည္ မိန္းမပ်ိဳေလး၏ခႏၶာကိုယ္ကိုရစ္ပတ္ထားၿပီး သူ႕ကိုကာကြယ္ရန္ သူ႕(ဟန္ယြီ)ခႏၶာကိုယ္ေနာက္၌ထားလိုက္သည္။

ထိုအခ်ိန္တြင္ ေႁမြႀကီးကဒီမွာရွိေနၿပီလို႔ ရႈက်င္ထ်န္းက သူ႕ကိုယ္သူျပန္ေျပာလိုက္သည္။ သူ၏တင္းမာေသာအာ႐ုံေၾကာမ်ားကို ခ်က္ခ်င္းေျဖေလ်ာ့လိုက္သျဖင့္ သူ႕ခႏၶာကိုယ္က ေပ်ာ့ေျပာင္းသြားေလ၏။

ရႈက်င္ထ်န္းက ရွက္႐ြံ႕စြာျဖင့္ ေျပာလိုက္သည္။
"ဟီးဟီး၊ ငါက ဒုကၡကို ဖိတ္ေခၚခဲ့မိပုံရတယ္"

ရႈဟန္ယြီ၏အၿမီးသည္ အမ်ိဳးသမီးအားေပါ့ပါးစြာပြတ္သပ္ၿပီး ႏွစ္သိမ့္လိုက္သည္။

ငွက္ႏွစ္ေကာင္သည္ အသဲအသန္အတူေျပးလာၾကသည္။ သို႔ေသာ္ မိန္းမပ်ိဳေလး၏အနားမွာ ေနာက္ထပ္သားရဲအထီးတစ္ေကာင္ရွိေနတာကို ႐ုတ္တရက္ေတြ႕လိုက္ၾကရသည္။ သူတို႔ႏွစ္ေကာင္လုံး အနည္းငယ္ေၾကာက္လန႔္သြားၾကေလ၏။

သို႔ေသာ္လည္း အမုန္းတရားေၾကာင့္ ငွက္မေလးသည္ ဘာကိုမွဂ႐ုမစိုက္ဘဲပ်ံဝဲၿပီးေနာက္ ႀကီးမားၿပီးစြမ္းထက္ေသာ ေႁမြသားရဲႀကီးဆီသို႔ ဦးတည္သြားခဲ့သည္။

ရႈဟန္ယြီသည္ သစ္ကိုင္းေပၚတြင္ႏွိမ့္ခ်ကာ ေနာက္မဆုတ္ခဲ့ေပ။ သူ၏ပုံသ႑ာန္သည္ အနည္းငယ္ေျပာင္းလဲသြားၿပီး ငွက္၏တိုက္ခိုက္မႈကိုေရွာင္ရွားလိုက္သည္။ ငွက္၏ခႏၶာကိုယ္ေနာက္ျပန္မလွည့္မီ သူသည္႐ုတ္တရက္ သူ႕ကိုယ္တစ္ျခမ္းကိုျမႇင့္လိုက္ၿပီး ပါးစပ္ကိုဖြင့္ဟလိုက္ကာ ငွက္ကိုအလင္း၏လွ်င္ျမန္ႏႈန္းျဖင့္ဖမ္းလိုက္သည္။

ငွက္၏လည္ပင္းကို ဝိညာဥ္သားရဲေႁမြမွျဖတ္ကိုက္လိုက္သျဖင့္ ျပင္းျပင္းထန္ထန္ေအာ္ဟစ္လာသည္။ သူ႕ရဲ႕အေတာင္ပံေတြကိုျဖန႔္ကာ ႐ုန္းကန္ဖို႔ႀကိဳးစားခဲ့ေပမယ့္ မၾကာခင္မွာပဲသူ႕ရဲ႕ခြန္အားေတြဟာ ဆုံးရႈံးသြားခဲ့သည္။

ငွက္အထီးသည္ သူ႕ၾကင္သူသက္ထား၏ ေၾကကြဲဖြယ္ေသဆုံးမႈကို ကိုယ္တိုင္မ်က္ျမင္ေတြ႕ခဲ့ရၿပီး ေဒါသအလြန္ထြက္ကာ သူ၏မ်က္လုံးမ်ားသည္ နီရဲကာေပါက္ထြက္မတတ္ျဖစ္လာသည္။ ျပင္းထန္ေသာ ငိုေႂကြးသံကိုထုတ္လႊတ္ကာ ေရွ႕သို႔အျမန္ပ်ံသန္းလာသည္။

ရႈဟန္ယြီ၏ ျမစိမ္းေရာင္မ်က္လုံးမ်ားသည္ က်ဥ္းေျမာင္းသြားၿပီး သူ၏မ်က္လုံးထဲတြင္ ေအးစက္ေသာအလင္းေရာင္တစ္ခု ႐ုတ္တရက္ေပၚထြက္လာသည္။ သို႔ေသာ္လည္း ငွက္အထီး၏သူ႕ဘာသာအေသခံဖို႔လာတာကို ေစာင့္ဆိုင္းေနသကဲ့သို႔ ငွက္မေလးကိုလည္းမလႊတ္ဘဲ သူ႕ပါးစပ္တြင္း၌ ကိုက္ထားၿမဲျဖစ္ေလ၏။

ရႈဟန္ယြီႏွင့္ ငွက္အထီးသည္ ဆယ္မီတာအကြာအေဝးတြင္ရွိေသာအခါ  ရႈဟန္ယြီသည္ မီးေတာက္ငွက္ကို ပါးစပ္ထဲမွမႈတ္ထုတ္လိုက္ရာ သူ၏လ်င္ျမန္ေသာခႏၶာကိုယ္သည္ ထူးဆန္းေသာေသြဖည္မႈျဖင့္ ငွက္အထီးအား တိုက္ခိုက္လိုက္ကာ ထိုငွက္အထီးကို သူ၏မိတ္ဖက္ကဲ့သို႔ ပ်က္စီးဆုံးရႈံးမႈျဖစ္ေစလိုက္သည္။

စိတ္အႏွောက္အယွက္ျဖစ္ေစသည့္ ငွက္ႏွစ္ေကာင္ကိုခ်ထားလိုက္ၿပီးေနာက္ ရႈဟန္ယြီသည္ မိန္းမပ်ိဳေလးအား စိုးရိမ္တႀကီးရစ္ပတ္ကာ သူ႕ခႏၶာကိုယ္ကိုစစ္ေဆးလိုက္သည္။

"က်စ္! ျဖည္းျဖည္းလုပ္မွေပါ့ ငါ့ေနာက္ေက်ာနာေနတယ္ေလ!"

ယခုရႈဟန္ယြီသည္ သူ႕အားတင္းတင္းၾကပ္ၾကပ္ဖက္ထားခဲ့တာေၾကာင့္ သူ(က်င္ထ်န္း)၏ေက်ာျပင္တြင္ ေသြးမ်ားပိုထြက္ကာေရာင္ရမ္းလာၿပီး နာက်င္လာသည္။

ရႈဟန္ယြီတစ္စုံတစ္ေယာက္ႏွင့္ တိုက္ခိုက္ခဲ့သည့္အခါ ရႈက်င္ထ်န္း၏အာ႐ုံထဲတြင္ သူ႕ကိုအၿမဲေၾကာက္ေနခဲ့သည္။ ယခုရႈဟန္ယြီက စကၠန႔္ပိုင္းအတြင္းငွက္ႀကီးကို သတ္လိုက္တာေၾကာင့္ သူ႕ႏွလုံးသားေအာက္ေျခ၌ခ်ီးက်ဴးရင္း တစ္ခ်ိန္တည္း၌ အကူအညီမဲ့စြာ ေအာ္ဟစ္ငိုယိုေနမိသည္။

ရႈဟန္ယြီသည္ သူ၏အၿမီးကို ခ်က္ခ်င္းေျဖေလ်ာ့လိုက္သည္။ အခုသူအရမ္းေဒါသထြက္ေနတာေၾကာင့္ သူ႕အၿမီးကပိုတင္းက်ပ္လာျခင္းျဖစ္သည္။ မိန္းမပ်ိဳေလး၏ခႏၶာကိုယ္အား ျမင္လိုက္ရစဥ္တြင္ ျခစ္ရာအနည္းငယ္သည္ သူ၏ခႏၶာကိုယ္အေပၚပိုင္းတစ္ခုလုံးကို ေသြးမ်ားျဖင့္အေရာင္ဆိုးလိုက္သလိုျဖစ္ေနေၾကာင္း သူသေဘာေပါက္လိုက္သည္။ သူ႕ရဲ႕ေႁမြအၿမီးမွာေတာင္ ပူႏြေးတဲ့အရည္ေတြအမ်ားႀကီး စြန္းထင္းေနေလ၏။

ရႈဟန္ယြီ၏ႏွလုံးသားသည္ ႐ုတ္တရက္တင္းက်ပ္လာၿပီး အၿမဲလိုလိုေသြးေအးေနတတ္သည့္ သူသည္ မေမွ်ာ္လင့္ဘဲ ကူကယ္ရာမဲ့သလို ခံစားေနရသည္။ သူ၏အၿမီးျဖင့္ပြတ္သပ္၍ မိန္းမပ်ိဳေလးအား ႏူးညံ့စြာႏွစ္သိမ့္ေပးလိုက္သည္။

"ဟူး~ ေအာက္ဆင္းရေအာင္...သစ္ပင္ေပၚမွာ တကယ္မလုံၿခဳံဘူး"

ရႈက်င္ထ်န္းသည္ သူ၏ေက်ာတြင္ဒဏ္ရာမ်ားကို တို႔ထိလိုက္ၿပီး ခ်က္ခ်င္းပင္အံႀကိတ္ရင္း သူ၏မ်က္ႏွာကို ခပ္ၾကမ္းၾကမ္းပြတ္သပ္လိုက္ရာ သူသည္ရႈံ႕တြေနေသာ ေကာက္ညင္းေပါင္းႏွင့္ပင္တူေနေသးသည္။

ရႈဟန္ယြီကေခါင္းၿငိမ့္လိုက္ၿပီး မိန္းမပ်ိဳေလးကို ဂ႐ုတစိုက္ရစ္ပတ္လိုက္သည္။ ဒဏ္ရာမ်ားကိုမထိရန္ သတိထားကာ ေခါင္းငုံ႕ရန္ျပင္လိုက္သည္။

"ခဏေနဦး"

ထိုစဥ္ ရႈက်င္ထ်န္းသည္ သစ္ကိုင္းတစ္ခုကိုဆြဲယူကာ ေဘးဘက္ရွိငွက္သိုက္ကို ၫႊန္ျပလိုက္သည္။

"ငွက္ဥတစ္လုံး ရွိေနေသးတယ္...အဲဒါကို အလဟသျဖစ္ေအာင္ မလုပ္ပါနဲ႕...ငါတို႔အဲဒါကိုယူဖို႔အတြက္ ေတာ္ေတာ္ဒုကၡေရာက္ခဲ့ရတာ...ေသခ်ာေပါက္ မျဖဳန္းတီးသင့္ဘူး

ရႈဟန္ယြီ၏ခႏၶာကိုယ္သည္ ခဏရပ္သြားသည္။
အဲ့ေတာ့ မိန္းမပ်ိဳေလးက... အဲ့ဟာကို စားခ်င္တာလား?

ရႈဟန္ယြီက သေဘာတူေၾကာင္း ေခါင္းညိတ္လိုက္ၿပီး ရႈက်င္ထ်န္းကိုငွက္ဥယူရန္ လႊတ္ေပးလိုက္သည္။

ရႈက်င္ထ်န္းသည္ ဘဝကိုသက္ေတာင့္သက္သာေနထိုင္ခဲ့ရသည့္ ခ်မ္းသာေသာ ဒုတိယသခင္ေလးျဖစ္သည့္အေလ်ာက္ ေကာင္းမြန္ေသာ ပါဝင္ပစၥည္းတစ္ခု ရခဲ့လွ်င္ေတာင္ ဘာကိုမွလုပ္နိုင္မည္မဟုတ္ေပ။

ၾကက္ဥေမႊေၾကာ္စားရတာကို သူႀကိဳက္ပါတယ္။ ဒါေပမယ့္ ပိုေကာင္းတဲ့အေျခအေနမရွိတာေၾကာင့္ သူကအဲ့ဒါကိုမီးကင္ဖို႔ မီးထဲတိုက္ရိုက္ထည့္လိုက္ေတာ့ သိပ္မၾကာခင္မွာ ငွက္ဥခြံဟာအဝါေရာင္ေျပာင္းသြားၿပီး အက္ကြဲေၾကာင္းတစ္ခုနဲ႕ ႏွစ္ျခမ္းကြဲထြက္လာတယ္။ ၿပီးေတာ့ အရည္ေတြအမ်ားႀကီးလည္း ထြက္လာေသးတယ္...

ကံေကာင္းေထာက္မစြာ ရႈက်င္ထ်န္းသည္ သူ၏ေလာဘတႀကီး မီးပြင့္ေရွ႕တြင္သတိႀကီးစြာ ရပ္ေနခဲ့သည္။  သူသည္ဒဏ္ရာမရရွိခဲ့ေသာ ဘယ္ဘက္လက္ကိုသုံၿပီး ငွက္ဥ၏အေနအထားကိုထိန္းညွိရန္ႏွင့္ အရည္မ်ားပိုထြက္က်ျခင္းမွကာကြယ္ရန္ အက္ကြဲသည့္ဘက္ကို အေပၚသို႔လွန္တင္လိုက္သည္။

ငွက္ဥမွထြက္ေသာအရည္မ်ားသည္ ဥခြံ၏မ်က္ႏွာျပင္ကိုဖုံးအုပ္ၿပီး အျခားငွက္ဥအလႊာတစ္ခုကို ဖန္တီးလိုက္သည္။ သိပ္မၾကာခင္မွာပဲ အမည္းေရာင္အျဖစ္ေျပာင္းသြားတယ္ တျဖည္းျဖည္းနဲ႕ ျပာမႈန႔္ျဖစ္သြားတဲ့အထိေပါ့...ငွက္ဥက်က္သြားတဲ့အခါမွာေတာ့ ဥခြံက ကြဲလုနီးပါးျဖစ္ေနၿပီ။

၎သည္ ျခစ္တူးေနေသာ ဥတစ္လုံးျဖစ္ေနရင္ေတာင္ ဆယ္ရက္အတြင္း အရသာမေျပာင္းခဲ့ရေသာ ရႈက်င္ထ်န္းအတြက္ အဖိုးတန္ခဲဖြယ္ျဖစ္ေနေလ၏။

မဲေနေသာေနရာမ်ားအား ဖယ္ထုတ္လိုက္ၿပီး ရႈက်င္ထ်န္းမွာ ႏွစ္သက္စြာစားလိုက္သည္။ ကြၽဲေကာသီးအ႐ြယ္ငွ က္ဥကို သန႔္သန႔္ရွင္းရွင္းစားခဲ့ၿပီး သူေက်နပ္သြားသည့္အတြက္ ေလခ်ဥ္တက္လိုက္ေသးသည္။

ရႈက်င္ထ်န္း သည္ ငွက္ဥကိုစားၿပီးေနာက္ ငွက္ႏွစ္ေကာင္ကိုမစားနိုင္ခဲ့သည့္အျပင္ ရႈဟန္ယြီကလည္း ငွက္ေတြမွာအေမြးေတြအမ်ားႀကီးရွိၿပီး အစာေၾကဖို႔ခက္တာေၾကာင့္မစားခဲ့ေပ။ ထို႔ေၾကာင့္ ရႈက်င္ထ်န္းသည္ ငွက္ေပါင္ေလးေခ်ာင္းကို အေမြးေတြနည္းပါးေအာင္လွီးျဖတ္ကာ မီးကင္ၿပီးေနာက္ သူ၏ေနာက္တစ္နပ္စာအတြက္ သိမ္းဆည္းထားလိုက္သည္။

ငွက္ေျခေထာက္သည္ က်က္ရန္ႏွေးေကြးၿပီး ယခုအခါ၎ကို အေပၚမွကင္ေနျပန္သည္။ ရႈက်င္ထ်န္းက က်က္ခါနီးၿပီဟုခန႔္မွန္းလိုက္ၿပီး သူတို႔ကိုေနာက္ဆုံးမီးေတာက္ေပၚပစ္တင္လိုက္သည္။ ထို႔ေနာက္အဲ့ဒါေတြကို ေလထဲသို႔အေျခာက္ခံေစၿပီး ဂ႐ုမစိုက္ေတာ့ဘဲ သစ္ပင္ရဲ႕အရိပ္ရၿပီး မွိုင္းညို႔ေနတဲ့ေနရာကိုရွာရင္း ျပည့္ႏွက္ေနတဲ့သူ၏အစာအိမ္ကို အစာေၾကေစရန္အတြက္ ျမက္ခင္းျပင္ေပၚမွာထိုင္ခ်လိဳက္သည္။

ရႈက်င္ထ်န္းက ပက္လက္လွန္မအိပ္ရတဲ့အေၾကာင္းရင္းက ဒဏ္ရာေတြအားလုံးနီးပါး သူ႕ေက်ာေပၚမွာေရာက္ေနလို႔ပင္။ သူကအဲဒါကိုဖိအိပ္လို႔မရေပ။

~~~~~~

9/09/21(10:00AM)

updateေတြၾကာေနတဲ့အျပင္ ခဏခဏရပ္ေနရတဲ့အတြက္ စိတ္မေကာင္းပါဘူး
ဒါေပမယ့္လည္း အားနာနာနဲ႕ပဲ ေျပာပါရေစ
ကိုယ္လည္း*အကန့္အသတ္မရွိ ယာယီရပ္နားလိုက္ပါၿပီ*
အားလုံးကလည္း သိရွိနားလည္ေပးၾကမယ္လို႔ထင္ပါတယ္
ဒါေပမယ့္ နိုင္ငံေရးအေျခအေနအေပၚမူတည္ၿပီး updateလုပ္ေပးမွာပါ

D Dayနဲ႕ပတ္သက္ၿပီးလည္း အတိအက်ေၾကျငာၿပီးၿပီဆိုေတာ့ ကိုယ့္ေပါင္ေပ့ေလးတို႔ ဂ႐ုစိုက္ၾကပါ
လိုအပ္တာေတြ ျပင္ဆင္ထားၾကပါ
စုေဆာင္းသင့္တာ စုေဆာင္းထားၾကပါ
အေရးေတာ္ပုံႀကီးၿပီးရင္ ျပန္ဆုံၾကရေအာင္
ကိုယ့္က်န္းမာေရးကိုလည္း ဂ႐ုစိုက္ၾကပါ

အေရးေတာ္ပုံ ေအာင္ရမည္!!!

Okumaya devam et

Bunları da Beğeneceksin

281K 5.9K 33
WATTPAD BOOKS EDITION You do magic once, and it sticks to you like glitter glue... When Johnny and his best friend, Alison, pass their summer holid...