LOVER = LO$ER //Complete//

By Taro_Bao

47.3K 3.9K 57

"ဂိမ်းတစ်ခုလောက်ဆော့ကြမလား Jeon" "စိန်လိုက်လေ...." "ဂိမ္းတစ္ခုေလာက္ေဆာ့ၾကမလား Jeon" "စိန္လိုက္ေလ...." Start D... More

Prologue
Chapter I
Chapter II
Chapter IV
JFF
Chapter V
Chapter VI
Chapter VII
Chapter VIII
Chapter IX [Final]

Chapter III

3.5K 358 1
By Taro_Bao

"သား ဒယ်ဒီနဲ့ခဏစကားပြောရအောင်"

အိမ်ပြန်ရောက်လို့ အပေါ်တက်မည့်ဆဲဆဲ စကားပြောရအောင်လို့ လှမ်းခေါ်တဲ့ဒယ်ဒီကြောင့် ခြေလှမ်းတွေက ဒယ်ဒီ့ဆီရောက်သွားရတယ်...

"ပြောလေ ဒယ်ဒီ"

"ခြံထဲလမ်းလျှောက်ရင်းပြောကြတာပေါ့"

"ကောင်းပါပြီ ဒယ်ဒီ"

ခြံထဲလမ်းလျှောက်နေရင်း ဒယ်ဒီရပ်လိုက်တဲ့နေရာကို ကြည့်လိုက်တော့ မာမီ့စိုက်ခဲ့တဲ့ပန်းခင်းကြီး...။ မာမီကသူစိုက်ခဲ့တဲ့ဇီဇ၀ါပန်းတွေလိုဘဲ ဖြူစင်ပြီးတကယ်တော်တဲ့ အိမ်ရှင်မကောင်း ဇနီးကောင်း မိခင်ကောင်းတစ်ယောက်...။

"သားဆုံးဖြတ်ပြီးတာ သေချာပြီလား"

"သေချာပါပြီ ဒယ်ဒီ ကျွန်တော်ဘယ်တုန်းက ကျွန်တော့်ဆုံးဖြတ်ချက်တွေကို ပြန်ပြင်ဖူးလို့လဲ"

"မင်းကသွားလေသူ မင်းမာမီနဲ့သိပ်တူတာဘဲ မွန်ဟီးမှာလည်း သားလိုနှုတ်ခမ်းဖူးဖူးလေးနဲ့ ရယ်လိုက်တိုင်းမှိတ်ကျသွားတဲ့ မျက်၀န်းလှလှလေးတစ်စုံရှိတယ်"

"ခေါင်းမာတာနဲ့ ပြတ်သားတာကတော့ဒယ်ဒီ့ဆီကအမွေရလာတာနေလိမ့်မယ်...။"

"ဒယ်ဒီမင်းမာမီကိုစတွေ့တုန်းက မိုးရွာတဲ့နေ့ ကားမှတ်တိုင်မှာ ထီးမပါလို့ညီးတွားနေတဲ့ကောင်မလေးအနေနဲ့ပေါ့ ။ နောက်မှတဖြည်းဖြည်းသိလာတာက သူ့နာမည်ကချွဲမွန်ဟီးတဲ့လေ...။"

"တစ်စတစ်စရင်းနှီးလာတဲ့နောက် ဖွင့်ပြောခဲ့တော့ မင်းမာမီက ရှက်ရှက်နဲ့လက်ခံခဲ့တဲ့ပုံကအခုထိမျက်လုံးထဲကမထွက်ဘူး"

"အလုပ်အကိုင်အတည်တကျဖြစ်လို့ လူအများရှေ့ ကတိသစ္စာပြုလက်ထပ်တုန်းကလည်း ဒယ်ဒီ့ကိုမြတ်နိုးမှုအပြည့်နဲ့ငေးကြည့်နေတဲ့ မျက်၀န်းတစ်စုံကိုလည်း အခုထိအမှတ်ရတုန်း"

"သားကိုမွေးတုန်းက ကမ္ဘာပေါ်မှာအပျော်ဆုံးလူဖြစ်ခဲ့တယ်ထင်တယ် မင်းမာမီကိုကျေးဇူးတင်ကြောင်း တဖွဖွပြောခဲ့တာ"

"မွေးကင်းစနီတာရဲလေး သားကသိပ်ချစ်ဖို့ကောင်းတာ မင်းမာမီနဲ့ချွတ်စွတ်တူတဲ့သားကိုကြည့်ပြီး ဒါပတ်ဂျယ်ဆောင်းနဲ့ချွဲမွန်ဟီးသားဆိုပြီး လိုက်ကြွားရတာအမော...."

မျက်လုံးထက်မှာ မျက်ရည်ကြည်တွေဝေ့သီနေပြီး မာမီ့အကြောင်းတွေပြန်ပြောပြနေတဲ့ ဒယ်ဒီ့မျက်၀န်းထဲမှာ မြတ်နိုးမှုတွေကအတိုင်းသား...။

"မာမီ့ကိုအဲ့လောက်တောင်ချစ်ခဲ့တာလား"

"ချစ်ခဲ့တာထက်ပိုတဲ့ အတိုင်းအစမရှိတဲ့မြတ်နိုးမှုတွေနဲ့မြတ်နိုးခဲ့တာပါသားရယ် အရာအားလုံးနဲ့ရွေးချယ်ရမယ်ဆိုရင်တောင် မင်းမာမီကိုဘဲရွေးချယ်မယ့်အထိ မြတ်နိုးခဲ့တာပါ"

"ဒယ်ဒီ နဲ့ မာမီကကျွန်တော့်အတွက်တော့စံပြပုဂ္ဂိုလ်တွေပါ"

"ဒယ်ဒီဘာလို့ဒီအကြောင်းတွေပြန်ပြောပြနေရလဲ သိလားသား...။ သားကိုလည်းကျန်နေတဲ့ဘ၀တစ်လျှောက်လုံး အချစ်တွေအပြည့်နဲ့အေးအေးချမ်းချမ်းဖြတ်သွားစေချင်တာ အဖေတစ်ယောက်ရဲ့အတ္တလို့ဘဲဆိုမလား....ဒါပေမယ့်ငါ့သားစိတ်ချမ်းသာရင်ရပြီမို့လို့ သားကြိုက်တာသာလုပ် ဒယ်ဒီကမဖြစ်ဖြစ်အောင်လုပ်ပေးမယ်"

"ကျေးဇူးတင်ပါတယ်ဒယ်ဒီ တကယ်ကျေးဇူးပါတယ် ရှေးဘ၀ကကောင်းမှုကုသိုလ်တွေအများကြီးလုပ်ခဲ့လို့ ဒီဘ၀မှာဒယ်ဒီတို့သားဖြစ်ရတာထင်တယ် နားလည်ပေးလို့ကျေးဇူးပါဒယ်ဒီ"

"မလိုပါဘူးသားရယ် သားနောင်တမရမှာသေချာရင် ဘာမဆိုဒယ်ဒီတားဖို့စိတ်ကူးမရှိဘူး"

"မာမီသာရှိရင်ရောလက်ခံပါ့မလား"

"သားမာမီလည်းကောင်းကင်ပေါ်ကနေစောင့်ကြည့်နေမှာပါ"

"သားလက်ထပ်ပြီးရင် ဒီအိမ်မှာဘဲနေပါ ဒယ်ဒီကတော့ သားကိုစိတ်ချပြီးသားမာမီအငွေ့အသက်တွေရှိတဲ့ မွေးရပ်မြေမှာဘဲ ပြန်အခြေချပြီး အဲ့မှာဘဲခေါင်းချတော့မယ်"

"အဲ့လောက်မြန်မြန်ကြီး...."

"အစောကတည်းကစဥ်းစားပြီးသားပါကွာ....ဒယ်ဒီ့ကိုစိတ်မပူပါနဲ့ နောက်အပတ် သားကို CEO ရာထူးလွှဲပြောင်းပေးလိုက်တော့မယ်"

"ဒယ်ဒီအဆင်ပြေရင်ရပါပြီ....။"

"ကဲ သားသွားနာချင်သွားနာတော့ ဒယ်ဒီကတော့ဒီပန်းခင်းထဲခဏတဖြုတ်လောက်နေလိုက်ဦးမယ်"

"လေစိမ်းတွေတိုက်နေလို့အရမ်းအကြာကြီးမနေနဲ့နော် ဒယ်ဒီ ကောင်းကောင်းနေရစ်ခဲ့ပါ ကျွန်တော်သွားနားတော့မယ်"

ခေါင်းတစ်ချက်ငြိတ်ပြလိုက်ရင်း ကောင်းကင်ကိုသာမော့ကြည့်နေမိတယ်...။ မွန်ဟီး ကိုယ်သားကိုကောင်းကောင်းပျိုးထောင်ခဲ့မလား ။ ကိုယ်ဖခင်ကောင်းတစ်ယောက်ပီသခဲ့တယ်မလား ။ သားကအရွယ်လာပြီမွန်ဟီးရယ် အတောင်စုံတော့မိဘရင်ခွင်ကိုစုံကန်ထွက်တာသဘာ၀ပေမယ့် ကိုယ်လက်မလွှတ်ချင်ဘူး ။ မင်းသာရှိနေသေးရင်အစ်ကိုက ကလေးဆန်ပြန်ပြီလို့ဆူပူမလားဘဲ ။ ကောင်းကင်ဘုံကနေ ကိုယ်တို့သားအဖကိုကြည့်နေတယ်မလား...။ ချစ်တယ်မွန်ဟီး...မင်းနဲ့တွေ့ဆုံခဲ့တာ မနေ့တနေ့ကလိုလတ်ဆတ်နေတုန်းဘဲ ပထမဦးဆုံးနဲ့နောက်ဆုံးမြတ်နိုးရသူက ကိုယ့်ကိုယ်ထားခဲ့ပြီး လောကကြီးကထွက်သွားပေမယ့် ကိုယ့်နှလုံးသားထဲမှာတော့ထာ၀ရရှင်သန်နေမှာပါ....။
____________________

တောင်!

**ကောင်လေး ကိုယ်ရောက်တော့မယ် အဆင်သင့်ပြင်ထားလိုက်**

ရေချိုးပြီးထွက်လာတုန်းကြားလိုက်ရတဲ့ဖုန်းထဲ message ရောက်လာတဲ့အသံ...ထင်တဲ့အတိုင်းဟိုလူဆီက ။ ခင်ဗျားနဲ့ပြိုင်ပြောဖို့စိတ်မပါသေးဘူး Park Jimin....

"သား Jimin ရောက်လာပြီလား ထိုင်ကွယ် ။ ဟိုကောင်ကတော့အခုထိဆင်းမလာသေးဘူး"

လှေကားကဆင်းလာတုန်းကြားလိုက်ရတဲ့အသံတွေ ။ ဟက်....သားတဲ့ သူ့ကိုတောင်မသုံးခဲ့ဖူးတဲ့နာမ်စားကို အနှီး Park Jimin ကိုမှဖောဖောသီသီ သုံးနေလိုက်တာ မုန်းစရာကောင်းအောင်....။

"သွားမယ် Park Jimin"

"ခွင့်ပြုပါဦး အန်ကယ်"

"ကောင်းကောင်းသွားနော်သားတို့"

သားတို့ဆိုပြီးပြောလိုက်တော့ လှောင်ပြုံးမမည်တဲ့ အပြုံတစ်ခုကို မထိတထိပြုံးလိုက်မိတယ်....။ ဒယ်ဒီကသိပ်ကိုရက်စက်တတ်တာ ကိုယ်ထိလက်ရောက်မဟုတ်တောင် စကားလုံးတွေနဲ့လူကိုလှလှပပလေး ညှင်းဆဲနေခဲ့တာ ဒီနေ့အထိ....။

လက်စွပ်ဆိုင်ရောက်တော့ လက်စွပ်တွေကိုစိတ်မ၀င်စားသလိုလုပ်နေတဲ့သူကြောင့် ကိုယ်ကဘဲစကားစပေးရပေးတယ် ။

"ဘယ်ပုံစံကြိုက်လဲကောင်လေး"

"ခင်ဗျားကြိုက်တာရွေးပါ မဟုတ်လည်း ၇ လပြီးရင် အဆုံးသတ်ရမယ့်ဇာတ်လမ်းဘဲကို"

"ဟုတ်တာပေါ့ ကိုယ်နည်းနည်းသတိလွတ်သွားလို့ ဒါပေမယ့်အဲ့ကိစ္စကိုဒီလိုနေရာမျိုးမှာမပြောတာကောင်းမယ် နံရံတိုင်းမှာနားတွေရှိတယ်ကောင်လေး"

သူပြုံးလိုက်မိတယ်...သေချာတာတော့ပျော်လို့ပြုံးတဲ့အပြုံးမဟုတ်ခဲ့ ။ ဘာတွေမျှော်လင့်နေပြန်တာလဲ Park Jimin ရယ် မင်းရွေးခဲ့တဲ့လမ်းမှာ မင်းပျော့ညံ့နေလို့မဖြစ်ဘူး ကောင်လေးကိုကာကွယ်ပေးဖို့ မင်းသန်မာနေမှရဦးမှာ....။ အသက်ရှင်သမျှကာလပတ်လုံး ထိုကောင်လေးအတွက်ဘဲသူရှင်သန်မယ်...။ ၇ လအတွင်းကောင်လေးကပြန်မချစ်ခဲ့ရင်တောင် သူကဘဲတစ်ဘ၀လုံးကောင်လေးကိုချစ်တဲ့အချစ်တွေကို သိအောင်ဖွင့်မပြောတော့ဘဲ တိတ်တိတ်လေးဘဲဆက်ချစ်သွားမယ်....။

-Jkori

"သား ဒယ္ဒီနဲ႔ခဏစကားေျပာရေအာင္"

အိမ္ျပန္ေရာက္လို႔ အေပၚတက္မည့္ဆဲဆဲ စကားေျပာရေအာင္လို႔ လွမ္းေခၚတဲ့ဒယ္ဒီေၾကာင့္ ေျခလွမ္းေတြက ဒယ္ဒီ့ဆီေရာက္သြားရတယ္...

"ေျပာေလ ဒယ္ဒီ"

"ၿခံထဲလမ္းေလွ်ာက္ရင္းေျပာၾကတာေပါ့"

"ေကာင္းပါၿပီ ဒယ္ဒီ"

ၿခံထဲလမ္းေလွ်ာက္ေနရင္း ဒယ္ဒီရပ္လိုက္တဲ့ေနရာကို ၾကည့္လိုက္ေတာ့ မာမီ့စိုက္ခဲ့တဲ့ပန္းခင္းႀကီး...။ မာမီကသူစိုက္ခဲ့တဲ့ဇီဇ၀ါပန္းေတြလိုဘဲ ျဖဴစင္ၿပီးတကယ္ေတာ္တဲ့ အိမ္ရွင္မေကာင္း ဇနီးေကာင္း မိခင္ေကာင္းတစ္ေယာက္...။

"သားဆုံးျဖတ္ၿပီးတာ ေသခ်ာၿပီလား"

"ေသခ်ာပါၿပီ ဒယ္ဒီ ကြၽန္ေတာ္ဘယ္တုန္းက ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္ေတြကို ျပန္ျပင္ဖူးလို႔လဲ"

"မင္းကသြားေလသူ မင္းမာမီနဲ႔သိပ္တူတာဘဲ မြန္ဟီးမွာလည္း သားလိုႏႈတ္ခမ္းဖူးဖူးေလးနဲ႔ ရယ္လိုက္တိုင္းမွိတ္က်သြားတဲ့ မ်က္၀န္းလွလွေလးတစ္စုံရွိတယ္"

"ေခါင္းမာတာနဲ႔ ျပတ္သားတာကေတာ့ဒယ္ဒီ့ဆီကအေမြရလာတာေနလိမ့္မယ္...။"

"ဒယ္ဒီမင္းမာမီကိုစေတြ႕တုန္းက မိုး႐ြာတဲ့ေန႔ ကားမွတ္တိုင္မွာ ထီးမပါလို႔ညီးတြားေနတဲ့ေကာင္မေလးအေနနဲ႔ေပါ့ ။ ေနာက္မွတျဖည္းျဖည္းသိလာတာက သူ႔နာမည္ကခြၽဲမြန္ဟီးတဲ့ေလ...။"

"တစ္စတစ္စရင္းႏွီးလာတဲ့ေနာက္ ဖြင့္ေျပာခဲ့ေတာ့ မင္းမာမီက ရွက္ရွက္နဲ႔လက္ခံခဲ့တဲ့ပုံကအခုထိမ်က္လုံးထဲကမထြက္ဘူး"

"အလုပ္အကိုင္အတည္တက်ျဖစ္လို႔ လူအမ်ားေရွ႕ ကတိသစၥာျပဳလက္ထပ္တုန္းကလည္း ဒယ္ဒီ့ကိုျမတ္ႏိုးမႈအျပည့္နဲ႔ေငးၾကည့္ေနတဲ့ မ်က္၀န္းတစ္စုံကိုလည္း အခုထိအမွတ္ရတုန္း"

"သားကိုေမြးတုန္းက ကမာၻေပၚမွာအေပ်ာ္ဆုံးလူျဖစ္ခဲ့တယ္ထင္တယ္ မင္းမာမီကိုေက်းဇူးတင္ေၾကာင္း တဖြဖြေျပာခဲ့တာ"

"ေမြးကင္းစနီတာရဲေလး သားကသိပ္ခ်စ္ဖို႔ေကာင္းတာ မင္းမာမီနဲ႔ခြၽတ္စြတ္တူတဲ့သားကိုၾကည့္ၿပီး ဒါပတ္ဂ်ယ္ေဆာင္းနဲ႔ခြၽဲမြန္ဟီးသားဆိုၿပီး လိုက္ႂကြားရတာအေမာ...."

မ်က္လုံးထက္မွာ မ်က္ရည္ၾကည္ေတြေဝ့သီေနၿပီး မာမီ့အေၾကာင္းေတြျပန္ေျပာျပေနတဲ့ ဒယ္ဒီ့မ်က္၀န္းထဲမွာ ျမတ္ႏိုးမႈေတြကအတိုင္းသား...။

"မာမီ့ကိုအဲ့ေလာက္ေတာင္ခ်စ္ခဲ့တာလား"

"ခ်စ္ခဲ့တာထက္ပိုတဲ့ အတိုင္းအစမရွိတဲ့ျမတ္ႏိုးမႈေတြနဲ႔ျမတ္ႏိုးခဲ့တာပါသားရယ္ အရာအားလုံးနဲ႔ေ႐ြးခ်ယ္ရမယ္ဆိုရင္ေတာင္ မင္းမာမီကိုဘဲေ႐ြးခ်ယ္မယ့္အထိ ျမတ္ႏိုးခဲ့တာပါ"

"ဒယ္ဒီ နဲ႔ မာမီကကြၽန္ေတာ့္အတြက္ေတာ့စံျပပုဂၢိဳလ္ေတြပါ"

"ဒယ္ဒီဘာလို႔ဒီအေၾကာင္းေတြျပန္ေျပာျပေနရလဲ သိလားသား...။ သားကိုလည္းက်န္ေနတဲ့ဘ၀တစ္ေလွ်ာက္လုံး အခ်စ္ေတြအျပည့္နဲ႔ေအးေအးခ်မ္းခ်မ္းျဖတ္သြားေစခ်င္တာ အေဖတစ္ေယာက္ရဲ႕အတၱလို႔ဘဲဆိုမလား....ဒါေပမယ့္ငါ့သားစိတ္ခ်မ္းသာရင္ရၿပီမို႔လို႔ သားႀကိဳက္တာသာလုပ္ ဒယ္ဒီကမျဖစ္ျဖစ္ေအာင္လုပ္ေပးမယ္"

"ေက်းဇူးတင္ပါတယ္ဒယ္ဒီ တကယ္ေက်းဇူးပါတယ္ ေရွးဘ၀ကေကာင္းမႈကုသိုလ္ေတြအမ်ားႀကီးလုပ္ခဲ့လို႔ ဒီဘ၀မွာဒယ္ဒီတို႔သားျဖစ္ရတာထင္တယ္ နားလည္ေပးလို႔ေက်းဇူးပါဒယ္ဒီ"

"မလိုပါဘူးသားရယ္ သားေနာင္တမရမွာေသခ်ာရင္ ဘာမဆိုဒယ္ဒီတားဖို႔စိတ္ကူးမရွိဘူး"

"မာမီသာရွိရင္ေရာလက္ခံပါ့မလား"

"သားမာမီလည္းေကာင္းကင္ေပၚကေနေစာင့္ၾကည့္ေနမွာပါ"

"သားလက္ထပ္ၿပီးရင္ ဒီအိမ္မွာဘဲေနပါ ဒယ္ဒီကေတာ့ သားကိုစိတ္ခ်ၿပီးသားမာမီအေငြ႕အသက္ေတြရွိတဲ့ ေမြးရပ္ေျမမွာဘဲ ျပန္အေျခခ်ၿပီး အဲ့မွာဘဲေခါင္းခ်ေတာ့မယ္"

"အဲ့ေလာက္ျမန္ျမန္ႀကီး...."

"အေစာကတည္းကစဥ္းစားၿပီးသားပါကြာ....ဒယ္ဒီ့ကိုစိတ္မပူပါနဲ႔ ေနာက္အပတ္ သားကို CEO ရာထူးလႊဲေျပာင္းေပးလိုက္ေတာ့မယ္"

"ဒယ္ဒီအဆင္ေျပရင္ရပါၿပီ....။"

"ကဲ သားသြားနာခ်င္သြားနာေတာ့ ဒယ္ဒီကေတာ့ဒီပန္းခင္းထဲခဏတျဖဳတ္ေလာက္ေနလိုက္ဦးမယ္"

"ေလစိမ္းေတြတိုက္ေနလို႔အရမ္းအၾကာႀကီးမေနနဲ႔ေနာ္ ဒယ္ဒီ ေကာင္းေကာင္းေနရစ္ခဲ့ပါ ကြၽန္ေတာ္သြားနားေတာ့မယ္"

ေခါင္းတစ္ခ်က္ၿငိတ္ျပလိုက္ရင္း ေကာင္းကင္ကိုသာေမာ့ၾကည့္ေနမိတယ္...။ မြန္ဟီး ကိုယ္သားကိုေကာင္းေကာင္းပ်ိဳးေထာင္ခဲ့မလား ။ ကိုယ္ဖခင္ေကာင္းတစ္ေယာက္ပီသခဲ့တယ္မလား ။ သားကအ႐ြယ္လာၿပီမြန္ဟီးရယ္ အေတာင္စုံေတာ့မိဘရင္ခြင္ကိုစုံကန္ထြက္တာသဘာ၀ေပမယ့္ ကိုယ္လက္မလႊတ္ခ်င္ဘူး ။ မင္းသာရွိေနေသးရင္အစ္ကိုက ကေလးဆန္ျပန္ၿပီလို႔ဆူပူမလားဘဲ ။ ေကာင္းကင္ဘုံကေန ကိုယ္တို႔သားအဖကိုၾကည့္ေနတယ္မလား...။ ခ်စ္တယ္မြန္ဟီး...မင္းနဲ႔ေတြ႕ဆုံခဲ့တာ မေန႔တေန႔ကလိုလတ္ဆတ္ေနတုန္းဘဲ ပထမဦးဆုံးနဲ႔ေနာက္ဆုံးျမတ္ႏိုးရသူက ကိုယ့္ကိုယ္ထားခဲ့ၿပီး ေလာကႀကီးကထြက္သြားေပမယ့္ ကိုယ့္ႏွလုံးသားထဲမွာေတာ့ထာ၀ရရွင္သန္ေနမွာပါ....။
____________________

ေတာင္!

**ေကာင္ေလး ကိုယ္ေရာက္ေတာ့မယ္ အဆင္သင့္ျပင္ထားလိုက္**

ေရခ်ိဳးၿပီးထြက္လာတုန္းၾကားလိုက္ရတဲ့ဖုန္းထဲ message ေရာက္လာတဲ့အသံ...ထင္တဲ့အတိုင္းဟိုလူဆီက ။ ခင္ဗ်ားနဲ႔ၿပိဳင္ေျပာဖို႔စိတ္မပါေသးဘူး Park Jimin....

"သား Jimin ေရာက္လာၿပီလား ထိုင္ကြယ္ ။ ဟိုေကာင္ကေတာ့အခုထိဆင္းမလာေသးဘူး"

ေလွကားကဆင္းလာတုန္းၾကားလိုက္ရတဲ့အသံေတြ ။ ဟက္....သားတဲ့ သူ႔ကိုေတာင္မသုံးခဲ့ဖူးတဲ့နာမ္စားကို အႏွီး Park Jimin ကိုမွေဖာေဖာသီသီ သုံးေနလိုက္တာ မုန္းစရာေကာင္းေအာင္....။

"သြားမယ္ Park Jimin"

"ခြင့္ျပဳပါဦး အန္ကယ္"

"ေကာင္းေကာင္းသြားေနာ္သားတို႔"

သားတို႔ဆိုၿပီးေျပာလိုက္ေတာ့ ေလွာင္ၿပဳံးမမည္တဲ့ အၿပဳံတစ္ခုကို မထိတထိၿပဳံးလိုက္မိတယ္....။ ဒယ္ဒီကသိပ္ကိုရက္စက္တတ္တာ ကိုယ္ထိလက္ေရာက္မဟုတ္ေတာင္ စကားလုံးေတြနဲ႔လူကိုလွလွပပေလး ညႇင္းဆဲေနခဲ့တာ ဒီေန႔အထိ....။

လက္စြပ္ဆိုင္ေရာက္ေတာ့ လက္စြပ္ေတြကိုစိတ္မ၀င္စားသလိုလုပ္ေနတဲ့သူေၾကာင့္ ကိုယ္ကဘဲစကားစေပးရေပးတယ္ ။

"ဘယ္ပုံစံႀကိဳက္လဲေကာင္ေလး"

"ခင္ဗ်ားႀကိဳက္တာေ႐ြးပါ မဟုတ္လည္း ၇ လၿပီးရင္ အဆုံးသတ္ရမယ့္ဇာတ္လမ္းဘဲကို"

"ဟုတ္တာေပါ့ ကိုယ္နည္းနည္းသတိလြတ္သြားလို႔ ဒါေပမယ့္အဲ့ကိစၥကိုဒီလိုေနရာမ်ိဳးမွာမေျပာတာေကာင္းမယ္ နံရံတိုင္းမွာနားေတြရွိတယ္ေကာင္ေလး"

သူၿပဳံးလိုက္မိတယ္...ေသခ်ာတာေတာ့ေပ်ာ္လို႔ၿပဳံးတဲ့အၿပဳံးမဟုတ္ခဲ့ ။ ဘာေတြေမွ်ာ္လင့္ေနျပန္တာလဲ Park Jimin ရယ္ မင္းေ႐ြးခဲ့တဲ့လမ္းမွာ မင္းေပ်ာ့ညံ့ေနလို႔မျဖစ္ဘူး ေကာင္ေလးကိုကာကြယ္ေပးဖို႔ မင္းသန္မာေနမွရဦးမွာ....။ အသက္ရွင္သမွ်ကာလပတ္လုံး ထိုေကာင္ေလးအတြက္ဘဲသူရွင္သန္မယ္...။ ၇ လအတြင္းေကာင္ေလးကျပန္မခ်စ္ခဲ့ရင္ေတာင္ သူကဘဲတစ္ဘ၀လုံးေကာင္ေလးကိုခ်စ္တဲ့အခ်စ္ေတြကို သိေအာင္ဖြင့္မေျပာေတာ့ဘဲ တိတ္တိတ္ေလးဘဲဆက္ခ်စ္သြားမယ္....။

-Jkori


Continue Reading

You'll Also Like

210K 19.3K 20
အခ်စ္ဆိုတာ ႏွလံုးသားထဲကသူ႔အလိုလိုေပါက္ဖြားလာတဲ့အရာ ရင္ခုန္တာကစတင္တယ္။ ေယာက်ာ္းေလးအခ်င္းခ်င္းခ်စ္ျမတ္ႏိုးသည္ျဖစ္ေစ။ မိန္းကေလးအခ်င္းခ်င္းခ်စ္ျမတ္ႏိုးသည...
962K 22K 49
In wich a one night stand turns out to be a lot more than that.
668K 33.7K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
13.6K 1.6K 6
Every time I see you , I fall in love all over again.