Reborn In 1900.s2 {Complete}

By vv_kit2002

259K 17.6K 394

season 2 19.Aug.2021. 7:44 pm😉 More

A/N
အပိုင္း(၁)
အပိုင္း (၂)
အပိုင္း (၃)
အပိုင္း (၄)
အပိုင္း (၅)
အပိုင္း (၆)
အပိုင္း (၇)
အပိုင္း (၉)
အပိုင္း (၁၀)
အပိုင္း (၁၁)
အပိုင္း (၁၂)
အပိုင္း (၁၃)
အပိုင္း (၁၄) ဇာတ္သိမ္းပိုင္း

အပိုင္း (၈)

13.1K 1.1K 27
By vv_kit2002

Zaw...

Day တက္ရသည္မို႔ တကၠသိုလ္ကို ေန႔တိုင္းသြားရသည့္ သ်ွမ္သည္ ဒီေန႔ေတာ့ စိုးသူရ ႏွင့္အတူ ၿမိဳ႕ထဲသို႔ လွိမ့္ခဲ့ၾကေလသည္..။

ရာသီဥတုကလည္း သာယာသည္ေၾကာင့္ ေသခ်ာေပါက္ မသြားမျဖစ္ ေက်ာင္းေျပးခါ သြားသင့္သည့္ အခ်ိန္ေကာင္းမို႔လား.. ဦးတည္ကို လိုက္ပိုးေနတဲ႔ရက္ကတည္းက ေက်ာင္းနဲ႔ေဆးရံု ဒါမွမဟုတ္ ဦးတည္ ထိုင္တဲ့ေဆးခန္းအထိပါ သ်ွမ္တို႔ တာဝန္က်ေနသည္မို႔ တခါေလာက္ျဖစ္ျဖစ္ စိတ္လြတ္ကိုယ္လြတ္ ေနပစ္လိုက္ခ်င္သည္...။

"မင့္...ဘာစိတ္ကူးေတြေပါက္ေနတာလဲ...ေက်ာင္းေတြဘာေတြလစ္လို႔ပါလား.."

"ေအးကြာ ငါလည္း စိတ္ေတြမြန္းက်ပ္ေနလို႔..ၿပီးေတာ့ ဦးတည္နဲ႔လည္း ရန္ျဖစ္ထားတာ တစ္ပတ္ျပည့္မွ ျပန္ေခၚမယ္လို႔ ေျပာခဲ့တယ္ကြာ... ဒီပါးစပ္က​ေတာ္ေတာ္လ်ွာ႐ွည္တာ..."

စိုးသူရ ေခါင္းကို တြင္တြင္ခါသည္..။

"မင္႔ကြာ..ေတာ္ေတာ္ျဖစ္ေနလား နားၾကားျပင္းကပ္ေနၿပီ.. ေတာ္ရံုဘဲလုပ္စမ္းပါ... တခါလာလဲ ဦးတည္ တစ္ခါလာလဲဦးတည္.. ဟိုဟာလည္း ဦးတည္ ဒီဟာလည္း ဦးတည္... ေနရာတစ္ကာကိုကြာ တစ္ခါတေလဆို မင္းဦးတည္ႀကီးက ငါ့အိပ္မက္ထဲေတာင္ ပါပါလာေသး.."

"မင္း... ဒါေတာ့လြန္သြားၿပီ.. ေခြးေကာင္.."

"ေတာ္ေတာ္... ဘာေသာက္မွာလဲ...ငါ သြားမွာမလို႔.."

တစ္ခုေသာ ဆိုင္ခန္းေ႐ွ႕ေရာက္ေတာ့ စိုးသူရက ႀကိဳေမးထားသည္..။

"Milk Tea တစ္ခြက္..သစ္ၾကားသီးမုန္႔နဲ႔... ဪ အခ်ိဳေလ်ာ့ေနာ္.."

စိုးသူရ အစားေဂ်းမ်ားသည့္ သ်ွမ့္အတြက္ လက္ခလယ္ေထာင္ျပခါ ဆိုင္ထဲဝင္သြားသည္.. သ်ွမ္ကေတာ့ အျပင္က ထီးအမိုးေလးနဲ႔စားပြဲခံုအား ေရြးထိုင္လိုက္ေလသည္..။

တဝွီးဝွီး ျဖတ္သြားေနေသာ ကားလမ္းနံေဘးက ဆိုင္ခန္းငယ္ေလးသည္ အစားအစာေတာ္ေတာ္မ်ားမ်ားကိုတေနရာထဲမွာ မွာစား၍ရႏိုင္ၿပီး ေနရာေကာင္း၍လည္း သူတို႔ ခဏခဏလာျဖစ္ခဲ့သည္။

ထိုစဥ္ တဖတ္သို႔ ကားလမ္းျဖတ္ကူးရန္လုပ္ေနေသာ လူႀကီးသည္ တဖတ္မွေက်ာ္တက္လာေသာ ကားအား ျမင္ပံုမရေပ... ဘာေတြေလာေနလို႔လဲမသိ ကားႏွင့္ အေတာ္ေလး နီးေနၿပီမို႔..

"ဟ...ဦးေလး သတိထား..."

သ်ွမ္ ထိုင္ရာမွထခါ ကားလမ္းကူးရန္ျပင္ေနေသာ ထိုဦးေလးရဲ႕ လက္တစ္ဖတ္ကို ခပ္တင္းတင္းေဆာင့္ဆြဲ ပစ္လိုက္သည္..။ ကားကလည္း ဟြန္းတီးလာၿပီမို႔ ထိုဦးေလးႀကီးကလည္း လန္႔ခါ သတိျပဳမိသြားပံုရသည္..။ သူလည္ယေနာက္အဆုတ္ ကိုယ့္မွာလည္း အတင္းဆြဲလိုက္သည္ေၾကာင့္ ႏွစ္ေယာက္စလံုးေျမႀကီးေပၚလဲက်သည္။

"ဦးေလး ဘာျဖစ္သြားေသးလဲ..."

ကိုယ့္ဘက္ ပါလာေသာ ထိုဦးေလးအား သ်ွမ္ ေမးခြန္းေတြမရပ္မနား ေမးမိသည္...။ သ်ွမ့္အား ေခါင္းသာညႇိမ့္ျပေနေသာ ဦးေလးႀကီးက လက္ကိုကာခါ
"ဘာမွမျဖစ္ဘူး ဘာမွမျဖစ္ဘူး.. အခုလို ကယ္ခဲ့လို႔ ေက်းဇူးပါဘဲ လူေလးရာ.." ဟုသာ ျပန္ေျပာ႐ွာသည္။

"ျဖစ္ရဲ႕လားဦးေလးရဲ႕...တကယ္ မထိခိုက္သြားဘူးမွလား.."

ဆိုင္ထဲမွ အေျပးထြက္လာေသာ စိုးသူရက ျမင္သြားပံုရသည္။ ေအာ္ေခၚရင္း ကားလမ္းေဘးမွာ လဲက်ေနေသာ သ်ွမ့္ဆီ အေျပးႏွင္လာခဲ့ေလသည္။

"သ်ွမ္...ဟ...လန္႔သြားတာဘဲ အရင္တစ္ခါလို ထပ္ျဖစ္ၿပီထင္ေနတာ.."

လူႀကီးအား ထူရင္း ေျမျပင္ေပၚမွထလာေသာ သ်ွမ္က စိုးသူရအား ရယ္ျပေလသည္။

"ငါဘာမွမျဖစ္ပါဘူးကြာ..."

"ဦးေလးေရာ အဆင္ေျပရဲ႕လားဗ်ာ..."

ထိုလူႀကီးက ေခါင္းညႇိမ့္သည္..။ သ်ွမ့္ တံေတာင္ဆစ္မွာ အခုမွ ယိုစိမ့္လာေသာ ေသြးစတို႔က ကတၱရာႏွင့္ေထာက္က်မိသြားလို႔လားဘဲ... အေရခြန္တို႔ စုတ္ျပဲသြားရေလၿပီ...

"လူေလး လက္မွာ.."

သ်ွမ္ သူ႔ရဲ႕လက္ေတြကို ေကြးထုတ္ၾကည့္လိုက္စဥ္...

"အာ..ရပါတယ္..ျပႆနာမ႐ွိပါဘူးဗ်..."

ရယ္ေနေသာ ေကာင္ေလးက တကယ့္ အူေၾကာင္ေၾကာင္ငတိေလး.. သူ႔ေနရာမွာသာ အျခားတစ္ေယာက္ဆိုရင္ ဒီလိုေတာင္ မ်က္ႏွာမပ်က္ ရယ္ႏိုင္ပါ့အံုးမလား ဆိုတဲ့ အေတြးနဲ႔ လူႀကီး သက္ျပင္းတစ္ခ်က္ခ်မိသည္..။

"လာကြဲ႔ ဦးသားက ဆရာဝန္ သူ႔ေဆးရံု လိုက္ပို႔ေပးတာေပါ့.."

"အာ...."

Ring~Ring~

ေဘာင္းဘီ အိတ္ကပ္ေထာင့္မွ တုန္ခါလာေသာ ဖုန္းေၾကာင့္ သ်ွမ္ အားနာသလို ျပံဳးျပရင္း ဖုန္းကိုင္ရန္ခြင့္ေတာင္းလိုက္သည္..။

"Hello.. မာမီလား......ဗ်ာ....ဘယ္လို......ဟာဗ်ာ ဒယ္ဒီကလည္း..... က်စ္ သားျပန္လာခဲ့မယ္ အခု....ဒါဘဲ ဒါဘဲ.."

...."သ်ွမ္ အန္တီဘာျဖစ္လို႔လဲ...."ဟု စိုးသူရက စကားျဖတ္ခါဝင္ေမးေတာ့ သ်ွမ္က အားနာစြာ ထိုဦးေလးအားၾကည့္ရင္း ႏွစ္ေယာက္စလံုးသိေစရန္ အေျဖျပန္ေပးေလသည္။

"ဟား...sorry ပါဦးေလးရယ္...မာမီ မူးလဲလို႔ဘဆရာဝန္ေခၚထားရတယ္တဲ့ အာ့ သားတို႔ျပန္မွ ျဖစ္မွာမို႔လို႔ပါ.."

"ဪ.. ေအးေအး ျပန္ေလ...ဦးလိုက္ပို႔ေပးရအံုးမလား...ဦးမွာ ကားပါတယ္.."

"ေနပါေစ...ကြၽန္ေတာ္သူငယ္ခ်င္း ဆိုက္ကယ္နဲ႔ အတူတူလာတာမို႔လို႔ပါ.."

ေျပာရင္း အသဲသန္ထြက္သြားေသာ ထိုေကာင္ေလးရဲ႕နာမည္အား ဦးစဝ္ခမ္းေမာ္ မသိလိုက္ရေပ.. ပထမဦးဆံုး ျမန္မာျပည္ကို ျပန္လာခဲ့တဲ့ ခရီးစဥ္မွာ သူ့ရဲ့ ေက်းဇူး႐ွင္ ေကာင္းေလးဟာ ထိုလူသားေလးပင္ျဖစ္ေလသည္..။

"ဪ...ဪ...ငါ့သားနဲ႔မ်ား ဆီလို ေရလိုကြာလိုက္တာ.. သူမ်ားသားသမီးမ်ား ေမြးရက်ိဳးနပ္ပါဘိ..."

ဦးစပ္ခမ္းေမာ္ သက္ျပင္း႐ွည္တစ္ခ်က္ခ်ရင္း တဖတ္ကားလမ္းမွာ ရပ္ထားခဲ့​ေသာ သူ႔ကားဆီသို႔ သြားရန္ ကားလမ္းကို ေနာက္တစ္ေခါက္ အေသခ်ာၾကည့္ကူးရေတာ့ေပသည္..။

.......

"မာမီ...."

အိမ္ထဲ အေျပးဝင္လာေသာ သ်ွမ္သည္ လက္တစ္ဖတ္မွ ေသြးစတို႔ကညတစ္စိမ့္စိမ့္စီးက်လ်ွက္...ဒါေပမဲ့လည္း သူ႔ဒဏ္ရာအား အေရးမလုပ္ႏိုင္ မာမီ မူးလဲသည္ဆိုကတည္းက အိမ္အျမန္ေရာက္ခ်င္ေနသည့္ေဇာႏွင့္အတူ သ်ွမ္ေရာ စိုးသူရပါ ေရာက္ခ်လာေလသည္..။

"မာမီ....မာမီ..."

ကုတင္ေပၚမွာတုန္းလံုးလဲေနသည့္ မာမီသည္ သ်ွမ့္အား ျမင္သည္ႏွင့္ ျပံဳးျပေလသည္...။

"သားသား လံုးလံုး..."

"ဒယ္ဒီ မာမီ ဘယ္လိုျဖစ္တာလဲဟင္.."

ဒယ္ဒီ့မ်က္ႏွာႀကီးက ႐ွစ္ေခါက္ခ်ိဳးနဲ႔ မ်က္မွန္ႀကီးကို ပင့္တင္လိုက္သည္။ သ်ွမ္ မ်က္ခံုးကေလးကို ၾကဳတ္ခါ အိပ္ယာထဲက မာမီ့အား ျပန္ၾကည့္သည္...။ ကုတင္ေဘးမွာ ထိုင္ေနေသာ ပုဆိုးအျပာပုတ္အကြက္စိပ္စိပ္နဲ႔ လူအား သ်ွမ္ ထပ္အၾကည့္ေရာက္မိသည္..။

"အမ္!"

ဟုတ္ပါသေလ..ထိုင္ေနသူက ဦးတည္... ဦးတည္ကေတာ့ သူ႔ရဲ႕ ခပ္တည္တည္ မ်က္ဝန္းတို႔ႏွင့္ ၿငိမ္သက္လို႔...

"ဟင္း....ဘာျဖစ္ရမွာလဲ မင္းမာမီေပါ့..."

ဒယ္ဒိ့ရဲ႕ စိတ္မ႐ွည္ေသာအသံႀကီးက တိတ္ဆိတ္မႈကိုၿဖိဳခြင့္လိုက္ေလသည္..။ စိုးသူရ နဲ႔ သ်ွမ္က အကုန္လံုးရဲ႕မ်က္ႏွာအား လိုက္လံၾကည့္႐ႈခါ အေျဖ႐ွာေနရာမွ သ်ွမ့္ အေဖဆီေရာက္သြားေလသည္။

"အစားမေတာ္တစ္လုပ္ အသြားမေတာ္တစ္လွမ္းတဲ့... မေန႔ကလည္း ဝက္သားတုပ္ထိုးေတြ မသားပါနဲ႔လို႔ အတန္တန္မွာထားရဲ႕သားနဲ႔ ဒီေန႔မနက္ အလႉကေကြၽးတဲ့ ဝက္သားစားၿပီး အိမ္ျပန္ေရာက္ေတာ့ မူးလဲသြားတယ္ေလ ခုေတာ့ လက္မွာျမင္တဲ့အတိုင္းပတ္တီးကိုင္ထားရၿပီ.."

သ်ွမ္က မာမီ့အား မ်က္လံုးေသႀကီးႏွင့္ျပန္ၾကည့္ေလေတာ့ မာမီက ခပ္ညစ္ညစ္ရယ္သည္...။

"အမ္... မင္းလက္မွာ..."

စဝ္စိုင္းခမ္က လက္ညႇိဳးထိုးခါ သတိေပးေတာ့...သ်ွမ္ ကိုယ့္လက္ကိုယ္ ျပန္ငံု႔ၾကည့္မိသည္... ထိုအခါမွ အနာက တစ္ဆစ္ဆစ္လာလာသည္...။

"အာ...ဟုတ္သားဘဲ...ကားလမ္းမွာ လူႀကီးတေယာက္ကို ကယ္ရင္း ေခ်ာ္လဲလာတာ.."

"မင္းက ကယ္တင္႐ွင္လား.."

စိုင္းခမ္က ခပ္စပ္စပ္ေအာ္လိုက္ေတာ့ စိတ္ပူရမဲ့ မိဘေတြ တုပ္တုပ္မွမလုွပ္ သူ႔အား ဝိုင္းၾကည့္လို႔... ခဏတာ စိတ္လႈပ္႐ွားသြားေသာ စဝ္စိုင္းခမ္ကလည္း ေဒါသအလိုက္ ေျပာမိသည္ေၾကာင့္ ပါးစပ္ကေလးျပန္ပိတ္လိုက္ရသည္။

"အာ..ကန္ေတာ့ ကန္ေတာ့ ဦးေလးတို႔ အန္တီတို႔... သူက
တခ်ိန္က ကြၽန္ေတာ့္ လူနာဆိုေတာ့ေလ...အရင္ကလည္း ကားမေတာ္မဆမႈနဲ႔ လူကယ္လိုက္လို႔ျဖစ္တဲ့ကိစၥဆိုေတာ့ ဟုတ္ ေတာင္းပန္ပါတယ္..."

မ်က္ႏွာေလး ေအာက္ခ်ခါ ေတာင္းပန္ေနေသာ စိုင္းခမ္ကို ေမေမက ျပံဳးျပံဳးႀကီးနဲ႔ စကားဆိုေလသည္...။

"ဘာမွမျဖစ္ဘူး ေဒါက္တာေလး.. ဆူရမွာေပါ့ ဟုတ္တာေပါ့.. ေဒါက္တာေလးက လံုးလံုး ကိုပိုင္ထားတာဘဲ.."

"ေမႀကီး..."

"အို..ေတာ္ေနစမ္းပါ..ဒီမယ္ စကားေျပာေနတယ္မို႔လား.."

စိုင္းခမ္က အူေၾကာင္ေၾကာင္နဲ႔ပင္ သူတို႔အားၾကည့္ခါ ရယ္မိသည့္အျဖစ္...

"သားကို ေဒါက္တာဘဲ ေဆးပတ္တီးစီးေပးလိုက္ပါ.. အပ္ပါတယ္.. ေ႐ွ႕ေလ်ာက္လည္း တြဲၾက..အဲ.. အဆင္ေျပေျပ ေနၾကပါေတာ့...ဟဲဟဲ..."

သ်ွမ္က ျပံဳးစိစိနဲ႔ စိုးသူရကို မ်က္စ ပစ္ျပေတာ့ စိုးသူရက အန္သလိုလုပ္ျပသည္...။

"အမ္း... ငါျပန္ေတာ့မယ္ သ်ွမ္..."

"ျပန္ ျမန္ျမန္ ျပန္.."

အန္တီတို႔ကို ႏႈတ္ဆက္ရင္း စိုးသူရ ျပန္သြားေလသည္..။ ေနာက္ေတာ့ ေမေမက သ်ွမ့္အား သူ႔အခန္းမွေနခါ အတင္းလႊတ္ရင္း ကိုယ့္အခန္းကိုယ္ ျပန္ေစသည္။ ႏွစ္ေယာက္တည္း အခ်ိန္ျဖဳန္းပါေစဆိုတဲ့ အသိကေလးနဲ႔ မာမီက သိပ္ကိုဉာဏ္ေျပးတာမ်ား.....

................♥♥♥♥♥♥♥♥ ...................

အားလံုး ဂ႐ုစိုက္ၾကပါ..
လိုအပ္တဲ့ emergency bag ေတြ အသင့္ျဖစ္ၿပီလား
ကုန္ေျခာက္ေတြ စုသင့္သေလာက္အထိ စုၿပီးၿပီလား
emergency communications ေတြကို ရသေလာက္ save ထားပါ...
မိသားစုဝင္ေတြနဲ႔ ေနၿပီး အျပင္ထြက္တာမ်ိဳးကို ေလ်ာ့ေပးပါ..
အေရးအေၾကာင္းျကံုရင္ မိသားစုနဲ႔ဘဲေနတာမ်ိဳးလုပ္ပါ..
ငါတို႔ ႏိုင္ရမယ္.. ငါတို႔အားလံုး အမ်ိဳးယုတ္ေတြကို ႏိုင္ရမယ္။

...........

Uni...

Day တက်ရသည်မို့ တက္ကသိုလ်ကို နေ့တိုင်းသွားရသည့် သျှမ်သည် ဒီနေ့တော့ စိုးသူရ နှင့်အတူ မြို့ထဲသို့ လှိမ့်ခဲ့ကြလေသည်..။

ရာသီဥတုကလည်း သာယာသည်ကြောင့် သေချာပေါက် မသွားမဖြစ် ကျောင်းပြေးခါ သွားသင့်သည့် အချိန်ကောင်းမို့လား.. ဦးတည်ကို လိုက်ပိုးနေတဲ့ရက်ကတည်းက ကျောင်းနဲ့ဆေးရုံ ဒါမှမဟုတ် ဦးတည် ထိုင်တဲ့ဆေးခန်းအထိပါ သျှမ်တို့ တာဝန်ကျနေသည်မို့ တခါလောက်ဖြစ်ဖြစ် စိတ်လွတ်ကိုယ်လွတ် နေပစ်လိုက်ချင်သည်...။

"မင့်...ဘာစိတ်ကူးတွေပေါက်နေတာလဲ...ကျောင်းတွေဘာတွေလစ်လို့ပါလား.."

"အေးကွာ ငါလည်း စိတ်တွေမွန်းကျပ်နေလို့..ပြီးတော့ ဦးတည်နဲ့လည်း ရန်ဖြစ်ထားတာ တစ်ပတ်ပြည့်မှ ပြန်ခေါ်မယ်လို့ ပြောခဲ့တယ်ကွာ... ဒီပါးစပ်က​တော်တော်လျှာရှည်တာ..."

စိုးသူရ ခေါင်းကို တွင်တွင်ခါသည်..။

"မင့်ကွာ..တော်တော်ဖြစ်နေလား နားကြားပြင်းကပ်နေပြီ.. တော်ရုံဘဲလုပ်စမ်းပါ... တခါလာလဲ ဦးတည် တစ်ခါလာလဲဦးတည်.. ဟိုဟာလည်း ဦးတည် ဒီဟာလည်း ဦးတည်... နေရာတစ်ကာကိုကွာ တစ်ခါတလေဆို မင်းဦးတည်ကြီးက ငါ့အိပ်မက်ထဲတောင် ပါပါလာသေး.."

"မင်း... ဒါတော့လွန်သွားပြီ.. ခွေးကောင်.."

"တော်တော်... ဘာသောက်မှာလဲ...ငါ သွားမှာမလို့.."

တစ်ခုသော ဆိုင်ခန်းရှေ့ရောက်တော့ စိုးသူရက ကြိုမေးထားသည်..။

"Milk Tea တစ်ခွက်..သစ်ကြားသီးမုန့်နဲ့... ဪ အချိုလျော့နော်.."

စိုးသူရ အစားဂျေးများသည့် သျှမ့်အတွက် လက်ခလယ်ထောင်ပြခါ ဆိုင်ထဲဝင်သွားသည်.. သျှမ်ကတော့ အပြင်က ထီးအမိုးလေးနဲ့စားပွဲခုံအား ရွေးထိုင်လိုက်လေသည်..။

တဝှီးဝှီး ဖြတ်သွားနေသော ကားလမ်းနံဘေးက ဆိုင်ခန်းငယ်လေးသည် အစားအစာတော်တော်များများကိုတနေရာထဲမှာ မှာစား၍ရနိုင်ပြီး နေရာကောင်း၍လည်း သူတို့ ခဏခဏလာဖြစ်ခဲ့သည်။

ထိုစဉ် တဖတ်သို့ ကားလမ်းဖြတ်ကူးရန်လုပ်နေသော လူကြီးသည် တဖတ်မှကျော်တက်လာသော ကားအား မြင်ပုံမရပေ... ဘာတွေလောနေလို့လဲမသိ ကားနှင့် အတော်လေး နီးနေပြီမို့..

"ဟ...ဦးလေး သတိထား..."

သျှမ် ထိုင်ရာမှထခါ ကားလမ်းကူးရန်ပြင်နေသော ထိုဦးလေးရဲ့ လက်တစ်ဖတ်ကို ခပ်တင်းတင်းဆောင့်ဆွဲ ပစ်လိုက်သည်..။ ကားကလည်း ဟွန်းတီးလာပြီမို့ ထိုဦးလေးကြီးကလည်း လန့်ခါ သတိပြုမိသွားပုံရသည်..။ သူလည်ယနောက်အဆုတ် ကိုယ့်မှာလည်း အတင်းဆွဲလိုက်သည်ကြောင့် နှစ်ယောက်စလုံးမြေကြီးပေါ်လဲကျသည်။

"ဦးလေး ဘာဖြစ်သွားသေးလဲ..."

ကိုယ့်ဘက် ပါလာသော ထိုဦးလေးအား သျှမ် မေးခွန်းတွေမရပ်မနား မေးမိသည်...။ သျှမ့်အား ခေါင်းသာညှိမ့်ပြနေသော ဦးလေးကြီးက လက်ကိုကာခါ
"ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး.. အခုလို ကယ်ခဲ့လို့ ကျေးဇူးပါဘဲ လူလေးရာ.." ဟုသာ ပြန်ပြောရှာသည်။

"ဖြစ်ရဲ့လားဦးလေးရဲ့...တကယ် မထိခိုက်သွားဘူးမှလား.."

ဆိုင်ထဲမှ အပြေးထွက်လာသော စိုးသူရက မြင်သွားပုံရသည်။ အော်ခေါ်ရင်း ကားလမ်းဘေးမှာ လဲကျနေသော သျှမ့်ဆီ အပြေးနှင်လာခဲ့လေသည်။

"သျှမ်...ဟ...လန့်သွားတာဘဲ အရင်တစ်ခါလို ထပ်ဖြစ်ပြီထင်နေတာ.."

လူကြီးအား ထူရင်း မြေပြင်ပေါ်မှထလာသော သျှမ်က စိုးသူရအား ရယ်ပြလေသည်။

"ငါဘာမှမဖြစ်ပါဘူးကွာ..."

"ဦးလေးရော အဆင်ပြေရဲ့လားဗျာ..."

ထိုလူကြီးက ခေါင်းညှိမ့်သည်..။ သျှမ့် တံတောင်ဆစ်မှာ အခုမှ ယိုစိမ့်လာသော သွေးစတို့က ကတ္တရာနှင့်ထောက်ကျမိသွားလို့လားဘဲ... အရေခွန်တို့ စုတ်ပြဲသွားရလေပြီ...

"လူလေး လက်မှာ.."

သျှမ် သူ့ရဲ့လက်တွေကို ကွေးထုတ်ကြည့်လိုက်စဉ်...

"အာ..ရပါတယ်..ပြဿနာမရှိပါဘူးဗျ..."

ရယ်နေသော ကောင်လေးက တကယ့် အူကြောင်ကြောင်ငတိလေး.. သူ့နေရာမှာသာ အခြားတစ်ယောက်ဆိုရင် ဒီလိုတောင် မျက်နှာမပျက် ရယ်နိုင်ပါ့အုံးမလား ဆိုတဲ့ အတွေးနဲ့ လူကြီး သက်ပြင်းတစ်ချက်ချမိသည်..။

"လာကွဲ့ ဦးသားက ဆရာဝန် သူ့ဆေးရုံ လိုက်ပို့ပေးတာပေါ့.."

"အာ...."

Ring~Ring~

ဘောင်းဘီ အိတ်ကပ်ထောင့်မှ တုန်ခါလာသော ဖုန်းကြောင့် သျှမ် အားနာသလို ပြုံးပြရင်း ဖုန်းကိုင်ရန်ခွင့်တောင်းလိုက်သည်..။

"Hello.. မာမီလား......ဗျာ....ဘယ်လို......ဟာဗျာ ဒယ်ဒီကလည်း..... ကျစ် သားပြန်လာခဲ့မယ် အခု....ဒါဘဲ ဒါဘဲ.."

...."သျှမ် အန်တီဘာဖြစ်လို့လဲ...."ဟု စိုးသူရက စကားဖြတ်ခါဝင်မေးတော့ သျှမ်က အားနာစွာ ထိုဦးလေးအားကြည့်ရင်း နှစ်ယောက်စလုံးသိစေရန် အဖြေပြန်ပေးလေသည်။

"ဟား...sorry ပါဦးလေးရယ်...မာမီ မူးလဲလို့ဘဆရာဝန်ခေါ်ထားရတယ်တဲ့ အာ့ သားတို့ပြန်မှ ဖြစ်မှာမို့လို့ပါ.."

"ဪ.. အေးအေး ပြန်လေ...ဦးလိုက်ပို့ပေးရအုံးမလား...ဦးမှာ ကားပါတယ်.."

"နေပါစေ...ကျွန်တော်သူငယ်ချင်း ဆိုက်ကယ်နဲ့ အတူတူလာတာမို့လို့ပါ.."

ပြောရင်း အသဲသန်ထွက်သွားသော ထိုကောင်လေးရဲ့နာမည်အား ဦးစဝ်ခမ်းမော် မသိလိုက်ရပေ.. ပထမဦးဆုံး မြန်မာပြည်ကို ပြန်လာခဲ့တဲ့ ခရီးစဉ်မှာ သူ့ရဲ့ ကျေးဇူးရှင် ကောင်းလေးဟာ ထိုလူသားလေးပင်ဖြစ်လေသည်..။

"ဪ...ဪ...ငါ့သားနဲ့များ ဆီလို ရေလိုကွာလိုက်တာ.. သူများသားသမီးများ မွေးရကျိုးနပ်ပါဘိ..."

ဦးစပ်ခမ်းမော် သက်ပြင်းရှည်တစ်ချက်ချရင်း တဖတ်ကားလမ်းမှာ ရပ်ထားခဲ့​သော သူ့ကားဆီသို့ သွားရန် ကားလမ်းကို နောက်တစ်ခေါက် အသေချာကြည့်ကူးရတော့ပေသည်..။

.......

"မာမီ...."

အိမ်ထဲ အပြေးဝင်လာသော သျှမ်သည် လက်တစ်ဖတ်မှ သွေးစတို့ကညတစ်စိမ့်စိမ့်စီးကျလျှက်...ဒါပေမဲ့လည်း သူ့ဒဏ်ရာအား အရေးမလုပ်နိုင် မာမီ မူးလဲသည်ဆိုကတည်းက အိမ်အမြန်ရောက်ချင်နေသည့်ဇောနှင့်အတူ သျှမ်ရော စိုးသူရပါ ရောက်ချလာလေသည်..။

"မာမီ....မာမီ..."

ကုတင်ပေါ်မှာတုန်းလုံးလဲနေသည့် မာမီသည် သျှမ့်အား မြင်သည်နှင့် ပြုံးပြလေသည်...။

"သားသား လုံးလုံး..."

"ဒယ်ဒီ မာမီ ဘယ်လိုဖြစ်တာလဲဟင်.."

ဒယ်ဒီ့မျက်နှာကြီးက ရှစ်ခေါက်ချိုးနဲ့ မျက်မှန်ကြီးကို ပင့်တင်လိုက်သည်။ သျှမ် မျက်ခုံးကလေးကို ကြုတ်ခါ အိပ်ယာထဲက မာမီ့အား ပြန်ကြည့်သည်...။ ကုတင်ဘေးမှာ ထိုင်နေသော ပုဆိုးအပြာပုတ်အကွက်စိပ်စိပ်နဲ့ လူအား သျှမ် ထပ်အကြည့်ရောက်မိသည်..။

"အမ်!"

ဟုတ်ပါသလေ..ထိုင်နေသူက ဦးတည်... ဦးတည်ကတော့ သူ့ရဲ့ ခပ်တည်တည် မျက်ဝန်းတို့နှင့် ငြိမ်သက်လို့...

"ဟင်း....ဘာဖြစ်ရမှာလဲ မင်းမာမီပေါ့..."

ဒယ်ဒိ့ရဲ့ စိတ်မရှည်သောအသံကြီးက တိတ်ဆိတ်မှုကိုဖြိုခွင့်လိုက်လေသည်..။ စိုးသူရ နဲ့ သျှမ်က အကုန်လုံးရဲ့မျက်နှာအား လိုက်လံကြည့်ရှုခါ အဖြေရှာနေရာမှ သျှမ့် အဖေဆီရောက်သွားလေသည်။

"အစားမတော်တစ်လုပ် အသွားမတော်တစ်လှမ်းတဲ့... မနေ့ကလည်း ဝက်သားတုပ်ထိုးတွေ မသားပါနဲ့လို့ အတန်တန်မှာထားရဲ့သားနဲ့ ဒီနေ့မနက် အလှူကကျွေးတဲ့ ဝက်သားစားပြီး အိမ်ပြန်ရောက်တော့ မူးလဲသွားတယ်လေ ခုတော့ လက်မှာမြင်တဲ့အတိုင်းပတ်တီးကိုင်ထားရပြီ.."

သျှမ်က မာမီ့အား မျက်လုံးသေကြီးနှင့်ပြန်ကြည့်လေတော့ မာမီက ခပ်ညစ်ညစ်ရယ်သည်...။

"အမ်... မင်းလက်မှာ..."

စဝ်စိုင်းခမ်က လက်ညှိုးထိုးခါ သတိပေးတော့...သျှမ် ကိုယ့်လက်ကိုယ် ပြန်ငုံ့ကြည့်မိသည်... ထိုအခါမှ အနာက တစ်ဆစ်ဆစ်လာလာသည်...။

"အာ...ဟုတ်သားဘဲ...ကားလမ်းမှာ လူကြီးတယောက်ကို ကယ်ရင်း ချော်လဲလာတာ.."

"မင်းက ကယ်တင်ရှင်လား.."

စိုင်းခမ်က ခပ်စပ်စပ်အော်လိုက်တော့ စိတ်ပူရမဲ့ မိဘတွေ တုပ်တုပ်မှမလုှပ် သူ့အား ဝိုင်းကြည့်လို့... ခဏတာ စိတ်လှုပ်ရှားသွားသော စဝ်စိုင်းခမ်ကလည်း ဒေါသအလိုက် ပြောမိသည်ကြောင့် ပါးစပ်ကလေးပြန်ပိတ်လိုက်ရသည်။

"အာ..ကန်တော့ ကန်တော့ ဦးလေးတို့ အန်တီတို့... သူက
တချိန်က ကျွန်တော့် လူနာဆိုတော့လေ...အရင်ကလည်း ကားမတော်မဆမှုနဲ့ လူကယ်လိုက်လို့ဖြစ်တဲ့ကိစ္စဆိုတော့ ဟုတ် တောင်းပန်ပါတယ်..."

မျက်နှာလေး အောက်ချခါ တောင်းပန်နေသော စိုင်းခမ်ကို မေမေက ပြုံးပြုံးကြီးနဲ့ စကားဆိုလေသည်...။

"ဘာမှမဖြစ်ဘူး ဒေါက်တာလေး.. ဆူရမှာပေါ့ ဟုတ်တာပေါ့.. ဒေါက်တာလေးက လုံးလုံး ကိုပိုင်ထားတာဘဲ.."

"မေကြီး..."

"အို..တော်နေစမ်းပါ..ဒီမယ် စကားပြောနေတယ်မို့လား.."

စိုင်းခမ်က အူကြောင်ကြောင်နဲ့ပင် သူတို့အားကြည့်ခါ ရယ်မိသည့်အဖြစ်...

"သားကို ဒေါက်တာဘဲ ဆေးပတ်တီးစီးပေးလိုက်ပါ.. အပ်ပါတယ်.. ရှေ့လျောက်လည်း တွဲကြ..အဲ.. အဆင်ပြေပြေ နေကြပါတော့...ဟဲဟဲ..."

သျှမ်က ပြုံးစိစိနဲ့ စိုးသူရကို မျက်စ ပစ်ပြတော့ စိုးသူရက အန်သလိုလုပ်ပြသည်...။

"အမ်း... ငါပြန်တော့မယ် သျှမ်..."

"ပြန် မြန်မြန် ပြန်.."

အန်တီတို့ကို နှုတ်ဆက်ရင်း စိုးသူရ ပြန်သွားလေသည်..။ နောက်တော့ မေမေက သျှမ့်အား သူ့အခန်းမှနေခါ အတင်းလွှတ်ရင်း ကိုယ့်အခန်းကိုယ် ပြန်စေသည်။ နှစ်ယောက်တည်း အချိန်ဖြုန်းပါစေဆိုတဲ့ အသိကလေးနဲ့ မာမီက သိပ်ကိုဉာဏ်ပြေးတာများ.....

................♥♥♥♥♥♥♥♥ ...................

အားလုံး ဂရုစိုက်ကြပါ..
လိုအပ်တဲ့ emergency bag တွေ အသင့်ဖြစ်ပြီလား
ကုန်ခြောက်တွေ စုသင့်သလောက်အထိ စုပြီးပြီလား
emergency communications တွေကို ရသလောက် save ထားပါ...
မိသားစုဝင်တွေနဲ့ နေပြီး အပြင်ထွက်တာမျိုးကို လျော့ပေးပါ..
အရေးအကြောင်းကြုံရင် မိသားစုနဲ့ဘဲနေတာမျိုးလုပ်ပါ..
ငါတို့ နိုင်ရမယ်.. ငါတို့အားလုံး အမျိုးယုတ်တွေကို နိုင်ရမယ်။

...........

Continue Reading

You'll Also Like

1.6M 120K 66
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...
528K 12.3K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
41.9K 7.6K 48
උඹ මම ආසම ජාතියේ කැපචීනෝ එකක්.. තිත්තයි.. රසයි..!
482K 57.6K 147
စာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not...