ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 288K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

15

13.1K 2.3K 77
By Melinoe_Megami

Unicode

သေသေချာချာ စဉ်းစားကြည့်ပြီးနောက် သူ ပြန်မွေးဖွားလာပြီး ရွှယ်ယို့ရှန်းဆိုတဲ့ ခန့်မှန်းရခက်တဲ့ ကောင်လေးနဲ့ ဆက်ဆံရေး မပျက်ပြားခဲ့တဲ့အတွက် ရင်းဆုယဲ့ ဝမ်းသာသွားရတယ်။

ဘာလို့လဲဆိုတော့ ဒီကောင်လေးက သူ ထင်မြင်ထားသမျှနဲ့ လုံးဝဆန့်ကျင်ဘက်ပဲ..!

အပေါ်ယံကြည့်ရင် ရွှယ်ယို့ရှန်းက အရမ်းရိုးအပြီး အနိုင်ကျင့်ရလွယ်တဲ့ ကလေးတစ်ယောက်လို့ ထင်မြင်စရာပဲ။ အဲ့တာကြောင့်လည်း ရွှယ်ယို့ရှန်းကို ပရိယာယ်မရှိတဲ့ လူတစ်ယောက်လို့ ထင်မြင်ခဲ့မိတယ်။ မဟုတ်ရင် ရွှယ်ယို့ရှန်းက သူနဲ့ စာချုပ်ချုပ်ဖို့ အလွယ်တကူ သဘောတူခဲ့မှာ မဟုတ်ဘူးလေ။

ကံမကောင်းချင်တော့ သူ့ရဲ့အကြံအစည်က မအောင်မြင်ခဲ့ဘူး။ ရွှယ်ယို့ရှန်းက မန္တန်အတတ်ပညာကို ရုတ်တရက် အသုံးပြုလိုက်ပြီး သခင်-အစေခံစာချုပ်ကို ပြောင်းပြန်လှန်ပစ်လိုက်တယ်။

ထို့နောက် ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို သခင်-အစေခံစာချုပ်သုံးပြီး ထပ်မံစမ်းသပ်ခဲ့ပြန်တယ်။

သူထင်ထားတာက တစ်ဖက်လူ သူ့ကို လုံးဝထိန်းချုပ်နိုင်ပြီလို့ အတွေးရောက်ပြီး ရည်ရွယ်ချက်အမှန်ကို ထုတ်ပြလာလိမ့်မယ်ပေါ့။ သူက ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်နေလိုက်တယ်။

အဆုံးသတ်ကျတော့ သူ မထင်ထားတာတွေပဲ ဖြစ်လာခဲ့ပြန်တယ်။ သူက ထိန်းချုပ်ခွင့်ပေးနေတာတောင် ရွှယ်ယို့ရှန်းက သူ့ကို အမိန့်ပေးစေခိုင်းခြင်း မရှိတဲ့အပြင် သူ့ရဲ့ မကျေနပ်ချက်တွေကိုလည်း လိုက်လျောပေးခဲ့တယ်။

ဝံပုလွေအုပ်ကြီး ပေါ်လာတာတောင် ရွှယ်ယို့ရှန်းက သူ့ကို စာချုပ်သုံးပြီး အမိန့်လိုက်နာအောင် ဖိအားမပေးခဲ့ဘူး။ ထိုအစား စိတ်မရှည်တဲ့ဟန်ပန်နဲ့ အကာအကွယ်စည်းထဲက ထွက်လာပြီး သူ့ဆီ အရောက်လာခဲ့တယ်။ သူ့ကို ကယ်တင်နိုင်ဖို့အတွက် အန္တရာယ်တောထဲ အတုံ့အဆိုင်းမရှိ ပြေးဝင်လာခဲ့တယ်။

ပြီးတော့ သူ့ဘက်က ကလန်ကဆန်လုပ်နေတာတောင် ရွှယ်ယို့ရှန်းက သူ့ကိုယုံကြည်ပေးဖို့ တစ်ချိန်လုံး ဖျောင်းဖျနေလေရဲ့။

ဒီနေရာမှာ လုံးဝငြင်းပယ်လို့မရတဲ့ အမှန်တရားတစ်ခု ရှိနေသေးတယ်။ အနာဂတ်မှာ ရင်းဆုယဲ့က သစ္စာဖောက်ခံခဲ့ရပြီး လူတိုင်းအပေါ် ယုံကြည်မှုကင်းမဲ့သွားခဲ့တယ်။

အဲ့တော့ လူတစ်ယောက်က သူ့ကို ယုံကြည်ပေးပါဆိုပြီး လေးလေးနက်နက် ကျိန်ဆိုပြလာတော့ သူ့ရဲ့ ငြိမ်သက်နေတဲ့ နှလုံးသားက ရုတ်တရက် တုန်လှုပ်သွားရတယ်။ သူ့ရဲ့ ခေါင်းမာတတ်တဲ့ အကျင့်က ထိုအခိုက်အတန့်လေးမှာ အနည်းငယ်လောက် ယိမ်းယိုင်သွားတာကိုတော့ ဝန်ခံပါတယ်။ တစ်စုံတစ်ယောက်ကို ထပ်ပြီးယုံကြည်ပေးဖို့ ကြိုးစားကြည့်ချင်လာတယ်။ မရေမတွက်နိုင်တဲ့ သစ္စာဖောက်မှုတွေ ကြုံတွေ့ခဲ့ရပေမယ့် အလုံးစုံယုံကြည်နိုင်တဲ့ တစ်စုံတစ်ယောက်တော့ ရှိနေဦးမှာပါလို့ မျှော်လင့်နေမိတယ်။

တကယ်တော့လေ သူ့ရဲ့အတိတ်ဘဝက သူ,ယုံကြည်ခဲ့မိတဲ့လူတိုင်း သူ့အပေါ် ထပ်တူမယုံကြည်ခဲ့ကြဘူး။ သူတို့က အကြောင်းပြချက် အမျိုးမျိုးပေးပြီး သူ့ကို သစ္စာဖောက်ခဲ့ကြတယ်။ ပြီးတော့ သူ့ဘဝထဲကနေ ထွက်သွားကြတယ်။

လောကကြီးတစ်ခုလုံးကို သူ့ခြေထောက်အောက်မှာ ထားပြီး အမြင့်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့တယ်။ ဘယ်သူ့ကိုမှ မယုံကြည်နိုင်တော့သလို သစ္စာဖောက်ခွင့် မပေးတော့ပေမယ့်လည်း ထိုဘဝကြီးက အရမ်းကို အဓိပ္ပါယ်မဲ့နေပြန်တယ်။ အဲ့တာကြောင့် ဟွမ်ပေ့ချန်ကို အလွယ်တကူ ရှုံးနိမ့်ခဲ့တာပဲ။

ဒါပေမဲ့ တဖန်ပြန်မွေးဖွားလာပြီး ရွှယ်ယို့ရှန်းဆိုတဲ့ ခန့်မှန်းရခက်တဲ့ ကောင်လေးကို တွေ့လိုက်ရပြီးကတည်းက လောဘတကြီး မျှော်လင့်ချက်တွေ ပြန်ထားလာမိပြန်တယ်။ အဆိုးရွားဆုံးထက် ပိုပြီးဆိုးရွားတာမျိုး ဘာရှိဦးမှာလဲ..? ဒါလည်း နောက်ထပ် သစ္စာဖောက်ခံရတဲ့ အတွေ့အကြုံတစ်ခု ဖြစ်လာမှာပေါ့။ ဒါပေမဲ့ ဒီလမ်းကို ဆက်လျှောက်နေမိဦးမှာပဲ။

ရှေ့ကလည်း သာဓကတွေ အများကြီးရှိခဲ့ပေမယ့် ရွှယ်ယို့ရှန်းက သူ့လိုလားချက်တွေနဲ့ အရမ်းကို ကိုက်ညီနေတယ်။ ဆိုတော့ ယာယီအားဖြင့် ရွှယ်ယို့ရှန်းကို ယုံကြည်ပေးရမှာပေါ့..!

ရင်းဆုယဲ့က သူစိမ်းတစ်ယောက်ကို ထပ်မံယုံကြည်ပေးဖို့ ဆုံးဖြတ်ချက်ချခဲ့ပြန်တယ်။ ဒါပေမဲ့ ရွှယ်ယို့ရှန်းကို ထပ်ပြီး မစမ်းသပ်ပဲတော့ နေမှာမဟုတ်ဘူး။ တစ်ကြိမ်ပြီးတစ်ကြိမ် စမ်းသပ်နေရဦးမှာပဲ။ အဲ့တာကြောင့် ရွှယ်ယို့ရှန်း လိုဏ်ဂူထဲကို ပြေးဝင်သွားတုန်းက ချက်ချင်း လိုက်မသွားခဲ့တာ ဖြစ်တယ်။

ရွှယ်ယို့ရှန်းက ဘာမှမလုပ်ဘဲ မတ်တပ်ရပ်နေတော့ ရင်းဆုယဲ့က ဝံပုလွေတွေဆီကနေ ထွက်မပြေးဘဲ မြေပြင်ပေါ် လှဲချလိုက်ပြီး ဆက်မတောင့်ခံနိုင်တော့သလိုမျိုး ဟန်ဆောင်လိုက်တယ်။ ရွှယ်ယို့ရှန်းက ကိုယ့်ကိုယ်ကို စတေးပြီး သူ့ကို နောက်တစ်ကြိမ် ထပ်ကယ်ဦးမလားဆိုတာ သူ တကယ်ပဲ သိချင်လာမိတယ်။

ရွှယ်ယို့ရှန်းက ဝံပုလွေတွေကို သေအောင်ကြောက်တယ်ဆိုတာ သူ သိထားပြီးသား။ ဒါပေမဲ့ ရွှယ်ယို့ရှန်းက သူ့ကို ပစ်မထားခဲ့ဘူး။ သူ့ကို ကယ်တင်ပေးဖို့ ကြိုးစားနေတာ မြင်လိုက်ရတော့ ရင်းဆုယဲ့ရဲ့စိတ်ထဲမှာ ကျေနပ်သွားပြီး သံသယတွေ ကင်းစင်သွားခဲ့တယ်။

တခြားတစ်ဖက်မှာတော့ ရွှယ်ယို့ရှန်းလို ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းကြီးမားသူက ဝံပုလွေတွေကိုမြင်ပြီး ငုတ်တုတ်မေ့နေလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။ ထိုတစ်ခဏလေးမှာ ရင်းဆုယဲ့လည်း ထိတ်လန့်သွားရတယ်။ အထူးသဖြင့် ဝံပုလွေကြီးက ရွှယ်ယို့ရှန်းကို ကိုက်မလို့ပြင်နေတဲ့ အချိန်မှာပေါ့။ သူလည်း ချက်ချင်းပြန်သတိရလာသလို ဟန်ဆောင်ဖို့ပဲ တတ်နိုင်ခဲ့တယ်။ သတိလစ်ချင်ယောင်ဆောင်ခဲ့တာကို တစ်ဖက်လူ ရိပ်မိသွားမှာ စိုးရိမ်မနေနိုင်တော့ဘူး။ သူ့စိတ်ထဲမှာရှိနေတဲ့ တစ်ခုတည်းသော အတွေးက ဒီလူကို အရင်ကယ်ရမယ်၊ မဟုတ်ရင် ကျိန်းသေ နောင်တရလိမ့်မယ် ဆိုတာပဲ။

ရင်းဆုယဲ့က ဝံပုလွေကြီးတွေနဲ့ ပြင်းပြင်းထန်ထန် မတိုက်ခိုက်ချင်တာကြောင့် ရွှယ်ယို့ရှန်းကို ခေါ်ပြီး လိုဏ်ဂူထဲ ပြေးဝင်သွားလိုက်တယ်။ ထို့နောက်မှာတော့ သူ့ရဲ့ဒဏ်ရာတွေကို ရွှယ်ယို့ရှန်း သတိထားမိလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူ့မှာ ဆေးမရှိတော့သလိုမျိုး ဟန်ဆောင်လိုက်ပြီး တစ်ဖက်လူ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်နေမိပြန်တယ်။

မထင်မှတ်ထားဘဲ ရွှယ်ယို့ရှန်းက သူ့အတွက် မန္တန်အစီအရင် သုံးပေးရမလားဆိုပြီး တောင်းဆိုလာခဲ့တယ်။ ပိုပြီး မမျှော်လင့်ထားတာက တစ်ဖက်လူက တကယ်ကြီး မန္တန်အစွမ်းသုံးပြီး ကုသပေးခဲ့တာပဲ။ သူ့ဒဏ်ရာတွေကို ကုသပေးဖို့ လုံလောက်တဲ့ အင်အားမရှိတာတောင်ပေါ့။

ထိုအခိုက်အတန့်လေးမှာ ရင်းဆုယဲ့တစ်ယောက် သူ့နှလုံးသားထဲက ခံစားချက်တွေကို ဘယ်လိုပြောပြရမလဲ မသိတော့ဘူး။ သူ့ရှေ့တင် သတိလစ်သွားတဲ့ ကောင်လေးကိုကြည့်ရင်း သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲ ကောင်လေး မြေပြင်ပေါ်ပြုတ်ကျပြီး မနာကျင်သွားရအောင် ပွေ့ချီပေးလိုက်မိတယ်။ ပင်ပန်းမှုကြောင့် မေ့လဲကျသွားရတဲ့ သူ့ရင်ခွင်ထဲက ကောင်လေးကိုကြည့်ပြီး ကျေးဇူးတင်နေမိတယ်။ ကံကောင်းလို့ မန္တန်အစီအရင်ရဲ့ တန်ပြန်သက်ရောက်မှုကို မခံစားရတာ..!

ဒီကောင်လေးမှာ သံသယဖြစ်စရာအချက်တွေ အများကြီး ရှိနေပေမယ့် ရင်းဆုယဲ့ရဲ့စိတ်ထဲ မယုံမကြည် မဖြစ်တော့ဘူး။ နည်းလမ်းတွေ အများကြီးသုံးပြီး စမ်းသပ်ခဲ့ပေမယ့် ကောင်လေးက အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့တယ်လေ။

ဒီလူသားလေး.. ဒီကောင်လေးက တကယ်ပဲ သူများနဲ့မတူတာ ဖြစ်နိုင်လောက်လား..?

အဲ့လိုဆိုရင်တော့ ရွှယ်ယို့ရှန်း… မင်းပြောခဲ့တဲ့ စကားတွေနဲ့ မင်းပေးခဲ့တဲ့ ကတိအာမခံချက်တွေကို မမေ့ပစ်ရဘူး။ မင်းသာ ငါ့ကို ယုံကြည်နေသရွေ့ ငါကလည်း မင်းအပေါ်ကို ငါ့ရဲ့ယုံကြည်မှုတွေအားလုံး ပုံအပ်ထားဖို့ လိုလားတယ်။

…………………………………….

TN : မျက်နှာသေကြီးနဲ့ သားသားလေးက ဒီလောက် ခံစားချက်များမယ် မထင်ထားခဲ့ဘူး..

အရင်ဘဝက ရတနာအစစ်မရခဲ့ပေမယ့်.. ဒီဘဝတော့ ရတနာအစစ် (ပါးပါး ရွှယ်)ကိုယ်တိုင် အခေါင်းထဲကနေ ထ,လာခဲ့ပြီ….

…………………………………….

Zawgyi

ေသေသခ်ာခ်ာ စဥ္းစားၾကည့္ၿပီးေနာက္ သူ ျပန္ေမြးဖြားလာၿပီး ႐ႊယ္ယို႔ရွန္းဆိုတဲ့ ခန႔္မွန္းရခက္တဲ့ ေကာင္ေလးနဲ႔ ဆက္ဆံေရး မပ်က္ျပားခဲ့တဲ့အတြက္ ရင္းဆုယဲ့ ဝမ္းသာသြားရတယ္။

ဘာလို႔လဲဆိုေတာ့ ဒီေကာင္ေလးက သူ ထင္ျမင္ထားသမွ်နဲ႔ လုံးဝဆန႔္က်င္ဘက္ပဲ..!

အေပၚယံၾကည့္ရင္ ႐ႊယ္ယို႔ရွန္းက အရမ္း႐ိုးအၿပီး အႏိုင္က်င့္ရလြယ္တဲ့ ကေလးတစ္ေယာက္လို႔ ထင္ျမင္စရာပဲ။ အဲ့တာေၾကာင့္လည္း ႐ႊယ္ယို႔ရွန္းကို ပရိယာယ္မရွိတဲ့ လူတစ္ေယာက္လို႔ ထင္ျမင္ခဲ့မိတယ္။ မဟုတ္ရင္ ႐ႊယ္ယို႔ရွန္းက သူနဲ႔ စာခ်ဳပ္ခ်ဳပ္ဖို႔ အလြယ္တကူ သေဘာတူခဲ့မွာ မဟုတ္ဘူးေလ။

ကံမေကာင္းခ်င္ေတာ့ သူ႔ရဲ႕အႀကံအစည္က မေအာင္ျမင္ခဲ့ဘူး။ ႐ႊယ္ယို႔ရွန္းက မႏၲန္အတတ္ပညာကို ႐ုတ္တရက္ အသုံးျပဳလိုက္ၿပီး သခင္-အေစခံစာခ်ဳပ္ကို ေျပာင္းျပန္လွန္ပစ္လိုက္တယ္။

ထို႔ေနာက္ ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္းကို သခင္-အေစခံစာခ်ဳပ္သုံးၿပီး ထပ္မံစမ္းသပ္ခဲ့ျပန္တယ္။

သူထင္ထားတာက တစ္ဖက္လူ သူ႔ကို လုံးဝထိန္းခ်ဳပ္ႏိုင္ၿပီလို႔ အေတြးေရာက္ၿပီး ရည္႐ြယ္ခ်က္အမွန္ကို ထုတ္ျပလာလိမ့္မယ္ေပါ့။ သူက ဘာဆက္ျဖစ္မလဲဆိုတာ ေစာင့္ၾကည့္ေနလိုက္တယ္။

အဆုံးသတ္က်ေတာ့ သူ မထင္ထားတာေတြပဲ ျဖစ္လာခဲ့ျပန္တယ္။ သူက ထိန္းခ်ဳပ္ခြင့္ေပးေနတာေတာင္ ႐ႊယ္ယို႔ရွန္းက သူ႔ကို အမိန႔္ေပးေစခိုင္းျခင္း မရွိတဲ့အျပင္ သူ႔ရဲ႕ မေက်နပ္ခ်က္ေတြကိုလည္း လိုက္ေလ်ာေပးခဲ့တယ္။

ဝံပုေလြအုပ္ႀကီး ေပၚလာတာေတာင္ ႐ႊယ္ယို႔ရွန္းက သူ႔ကို စာခ်ဳပ္သုံးၿပီး အမိန႔္လိုက္နာေအာင္ ဖိအားမေပးခဲ့ဘူး။ ထိုအစား စိတ္မရွည္တဲ့ဟန္ပန္နဲ႔ အကာအကြယ္စည္းထဲက ထြက္လာၿပီး သူ႔ဆီ အေရာက္လာခဲ့တယ္။ သူ႔ကို ကယ္တင္ႏိုင္ဖို႔အတြက္ အႏၲရာယ္ေတာထဲ အတုံ႔အဆိုင္းမရွိ ေျပးဝင္လာခဲ့တယ္။

ၿပီးေတာ့ သူ႔ဘက္က ကလန္ကဆန္လုပ္ေနတာေတာင္ ႐ႊယ္ယို႔ရွန္းက သူ႔ကိုယုံၾကည္ေပးဖို႔ တစ္ခ်ိန္လုံး ေဖ်ာင္းဖ်ေနေလရဲ႕။

ဒီေနရာမွာ လုံးဝျငင္းပယ္လို႔မရတဲ့ အမွန္တရားတစ္ခု ရွိေနေသးတယ္။ အနာဂတ္မွာ ရင္းဆုယဲ့က သစၥာေဖာက္ခံခဲ့ရၿပီး လူတိုင္းအေပၚ ယုံၾကည္မႈကင္းမဲ့သြားခဲ့တယ္။

အဲ့ေတာ့ လူတစ္ေယာက္က သူ႔ကို ယုံၾကည္ေပးပါဆိုၿပီး ေလးေလးနက္နက္ က်ိန္ဆိုျပလာေတာ့ သူ႔ရဲ႕ ၿငိမ္သက္ေနတဲ့ ႏွလုံးသားက ႐ုတ္တရက္ တုန္လႈပ္သြားရတယ္။ သူ႔ရဲ႕ ေခါင္းမာတတ္တဲ့ အက်င့္က ထိုအခိုက္အတန႔္ေလးမွာ အနည္းငယ္ေလာက္ ယိမ္းယိုင္သြားတာကိုေတာ့ ဝန္ခံပါတယ္။ တစ္စုံတစ္ေယာက္ကို ထပ္ၿပီးယုံၾကည္ေပးဖို႔ ႀကိဳးစားၾကည့္ခ်င္လာတယ္။ မေရမတြက္ႏိုင္တဲ့ သစၥာေဖာက္မႈေတြ ႀကဳံေတြ႕ခဲ့ရေပမယ့္ အလုံးစုံယုံၾကည္ႏိုင္တဲ့ တစ္စုံတစ္ေယာက္ေတာ့ ရွိေနဦးမွာပါလို႔ ေမွ်ာ္လင့္ေနမိတယ္။

တကယ္ေတာ့ေလ သူ႔ရဲ႕အတိတ္ဘဝက သူ,ယုံၾကည္ခဲ့မိတဲ့လူတိုင္း သူ႔အေပၚ ထပ္တူမယုံၾကည္ခဲ့ၾကဘူး။ သူတို႔က အေၾကာင္းျပခ်က္ အမ်ိဳးမ်ိဳးေပးၿပီး သူ႔ကို သစၥာေဖာက္ခဲ့ၾကတယ္။ ၿပီးေတာ့ သူ႔ဘဝထဲကေန ထြက္သြားၾကတယ္။

ေလာကႀကီးတစ္ခုလုံးကို သူ႔ေျခေထာက္ေအာက္မွာ ထားၿပီး အျမင့္ဆုံးေနရာကို တက္လွမ္းႏိုင္ခဲ့တယ္။ ဘယ္သူ႔ကိုမွ မယုံၾကည္ႏိုင္ေတာ့သလို သစၥာေဖာက္ခြင့္ မေပးေတာ့ေပမယ့္လည္း ထိုဘဝႀကီးက အရမ္းကို အဓိပၸါယ္မဲ့ေနျပန္တယ္။ အဲ့တာေၾကာင့္ ဟြမ္ေပ့ခ်န္ကို အလြယ္တကူ ရႈံးနိမ့္ခဲ့တာပဲ။

ဒါေပမဲ့ တဖန္ျပန္ေမြးဖြားလာၿပီး ႐ႊယ္ယို႔ရွန္းဆိုတဲ့ ခန႔္မွန္းရခက္တဲ့ ေကာင္ေလးကို ေတြ႕လိုက္ရၿပီးကတည္းက ေလာဘတႀကီး ေမွ်ာ္လင့္ခ်က္ေတြ ျပန္ထားလာမိျပန္တယ္။ အဆိုး႐ြားဆုံးထက္ ပိုၿပီးဆိုး႐ြားတာမ်ိဳး ဘာရွိဦးမွာလဲ..? ဒါလည္း ေနာက္ထပ္ သစၥာေဖာက္ခံရတဲ့ အေတြ႕အႀကဳံတစ္ခု ျဖစ္လာမွာေပါ့။ ဒါေပမဲ့ ဒီလမ္းကို ဆက္ေလွ်ာက္ေနမိဦးမွာပဲ။

ေရွ႕ကလည္း သာဓကေတြ အမ်ားႀကီးရွိခဲ့ေပမယ့္ ႐ႊယ္ယို႔ရွန္းက သူ႔လိုလားခ်က္ေတြနဲ႔ အရမ္းကို ကိုက္ညီေနတယ္။ ဆိုေတာ့ ယာယီအားျဖင့္ ႐ႊယ္ယို႔ရွန္းကို ယုံၾကည္ေပးရမွာေပါ့..!

ရင္းဆုယဲ့က သူစိမ္းတစ္ေယာက္ကို ထပ္မံယုံၾကည္ေပးဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ျပန္တယ္။ ဒါေပမဲ့ ႐ႊယ္ယို႔ရွန္းကို ထပ္ၿပီး မစမ္းသပ္ပဲေတာ့ ေနမွာမဟုတ္ဘူး။ တစ္ႀကိမ္ၿပီးတစ္ႀကိမ္ စမ္းသပ္ေနရဦးမွာပဲ။ အဲ့တာေၾကာင့္ ႐ႊယ္ယို႔ရွန္း လိုဏ္ဂူထဲကို ေျပးဝင္သြားတုန္းက ခ်က္ခ်င္း လိုက္မသြားခဲ့တာ ျဖစ္တယ္။

႐ႊယ္ယို႔ရွန္းက ဘာမွမလုပ္ဘဲ မတ္တပ္ရပ္ေနေတာ့ ရင္းဆုယဲ့က ဝံပုေလြေတြဆီကေန ထြက္မေျပးဘဲ ေျမျပင္ေပၚ လွဲခ်လိုက္ၿပီး ဆက္မေတာင့္ခံႏိုင္ေတာ့သလိုမ်ိဳး ဟန္ေဆာင္လိုက္တယ္။ ႐ႊယ္ယို႔ရွန္းက ကိုယ့္ကိုယ္ကို စေတးၿပီး သူ႔ကို ေနာက္တစ္ႀကိမ္ ထပ္ကယ္ဦးမလားဆိုတာ သူ တကယ္ပဲ သိခ်င္လာမိတယ္။

႐ႊယ္ယို႔ရွန္းက ဝံပုေလြေတြကို ေသေအာင္ေၾကာက္တယ္ဆိုတာ သူ သိထားၿပီးသား။ ဒါေပမဲ့ ႐ႊယ္ယို႔ရွန္းက သူ႔ကို ပစ္မထားခဲ့ဘူး။ သူ႔ကို ကယ္တင္ေပးဖို႔ ႀကိဳးစားေနတာ ျမင္လိုက္ရေတာ့ ရင္းဆုယဲ့ရဲ႕စိတ္ထဲမွာ ေက်နပ္သြားၿပီး သံသယေတြ ကင္းစင္သြားခဲ့တယ္။

တျခားတစ္ဖက္မွာေတာ့ ႐ႊယ္ယို႔ရွန္းလို ကိုယ့္ကိုယ္ကို ကာကြယ္ႏိုင္စြမ္းႀကီးမားသူက ဝံပုေလြေတြကိုျမင္ၿပီး ငုတ္တုတ္ေမ့ေနလိမ့္မယ္လို႔ ဘယ္သူထင္ထားမွာလဲ။ ထိုတစ္ခဏေလးမွာ ရင္းဆုယဲ့လည္း ထိတ္လန႔္သြားရတယ္။ အထူးသျဖင့္ ဝံပုေလြႀကီးက ႐ႊယ္ယို႔ရွန္းကို ကိုက္မလို႔ျပင္ေနတဲ့ အခ်ိန္မွာေပါ့။ သူလည္း ခ်က္ခ်င္းျပန္သတိရလာသလို ဟန္ေဆာင္ဖို႔ပဲ တတ္ႏိုင္ခဲ့တယ္။ သတိလစ္ခ်င္ေယာင္ေဆာင္ခဲ့တာကို တစ္ဖက္လူ ရိပ္မိသြားမွာ စိုးရိမ္မေနႏိုင္ေတာ့ဘူး။ သူ႔စိတ္ထဲမွာရွိေနတဲ့ တစ္ခုတည္းေသာ အေတြးက ဒီလူကို အရင္ကယ္ရမယ္၊ မဟုတ္ရင္ က်ိန္းေသ ေနာင္တရလိမ့္မယ္ ဆိုတာပဲ။

ရင္းဆုယဲ့က ဝံပုေလြႀကီးေတြနဲ႔ ျပင္းျပင္းထန္ထန္ မတိုက္ခိုက္ခ်င္တာေၾကာင့္ ႐ႊယ္ယို႔ရွန္းကို ေခၚၿပီး လိုဏ္ဂူထဲ ေျပးဝင္သြားလိုက္တယ္။ ထို႔ေနာက္မွာေတာ့ သူ႔ရဲ႕ဒဏ္ရာေတြကို ႐ႊယ္ယို႔ရွန္း သတိထားမိလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားခဲ့ဘူး။ သူ႔မွာ ေဆးမရွိေတာ့သလိုမ်ိဳး ဟန္ေဆာင္လိုက္ၿပီး တစ္ဖက္လူ ဘာလုပ္မလဲဆိုတာ ေစာင့္ၾကည့္ေနမိျပန္တယ္။

မထင္မွတ္ထားဘဲ ႐ႊယ္ယို႔ရွန္းက သူ႔အတြက္ မႏၲန္အစီအရင္ သုံးေပးရမလားဆိုၿပီး ေတာင္းဆိုလာခဲ့တယ္။ ပိုၿပီး မေမွ်ာ္လင့္ထားတာက တစ္ဖက္လူက တကယ္ႀကီး မႏၲန္အစြမ္းသုံးၿပီး ကုသေပးခဲ့တာပဲ။ သူ႔ဒဏ္ရာေတြကို ကုသေပးဖို႔ လုံေလာက္တဲ့ အင္အားမရွိတာေတာင္ေပါ့။

ထိုအခိုက္အတန႔္ေလးမွာ ရင္းဆုယဲ့တစ္ေယာက္ သူ႔ႏွလုံးသားထဲက ခံစားခ်က္ေတြကို ဘယ္လိုေျပာျပရမလဲ မသိေတာ့ဘူး။ သူ႔ေရွ႕တင္ သတိလစ္သြားတဲ့ ေကာင္ေလးကိုၾကည့္ရင္း သူကိုယ္တိုင္ေတာင္ မသိလိုက္ပါဘဲ ေကာင္ေလး ေျမျပင္ေပၚျပဳတ္က်ၿပီး မနာက်င္သြားရေအာင္ ေပြ႕ခ်ီေပးလိုက္မိတယ္။ ပင္ပန္းမႈေၾကာင့္ ေမ့လဲက်သြားရတဲ့ သူ႔ရင္ခြင္ထဲက ေကာင္ေလးကိုၾကည့္ၿပီး ေက်းဇူးတင္ေနမိတယ္။ ကံေကာင္းလို႔ မႏၲန္အစီအရင္ရဲ႕ တန္ျပန္သက္ေရာက္မႈကို မခံစားရတာ..!

ဒီေကာင္ေလးမွာ သံသယျဖစ္စရာအခ်က္ေတြ အမ်ားႀကီး ရွိေနေပမယ့္ ရင္းဆုယဲ့ရဲ႕စိတ္ထဲ မယုံမၾကည္ မျဖစ္ေတာ့ဘူး။ နည္းလမ္းေတြ အမ်ားႀကီးသုံးၿပီး စမ္းသပ္ခဲ့ေပမယ့္ ေကာင္ေလးက အလြယ္တကူ ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္ေလ။

ဒီလူသားေလး.. ဒီေကာင္ေလးက တကယ္ပဲ သူမ်ားနဲ႔မတူတာ ျဖစ္ႏိုင္ေလာက္လား..?

အဲ့လိုဆိုရင္ေတာ့ ႐ႊယ္ယို႔ရွန္း… မင္းေျပာခဲ့တဲ့ စကားေတြနဲ႔ မင္းေပးခဲ့တဲ့ ကတိအာမခံခ်က္ေတြကို မေမ့ပစ္ရဘူး။ မင္းသာ ငါ့ကို ယုံၾကည္ေနသေ႐ြ႕ ငါကလည္း မင္းအေပၚကို ငါ့ရဲ႕ယုံၾကည္မႈေတြအားလုံး ပုံအပ္ထားဖို႔ လိုလားတယ္။

…………………………………….

TN : မ်က္ႏွာေသႀကီးနဲ႔ သားသားေလးက ဒီေလာက္ ခံစားခ်က္မ်ားမယ္ မထင္ထားခဲ့ဘူး..

အရင္ဘဝက ရတနာအစစ္မရခဲ့ေပမယ့္.. ဒီဘဝေတာ့ ရတနာအစစ္ (ပါးပါး ႐ႊယ္)ကိုယ္တိုင္ အေခါင္းထဲကေန ထ,လာခဲ့ၿပီ….

…………………………………….

Continue Reading

You'll Also Like

182K 34.4K 70
Author - Yin Ya MM translate from English Translate Chapter (663- ) Crd to original novel
1.4M 156K 199
အဓိကဇာတ္ေကာင္ေတြက အမ်ိဳးသားဇာတ္လိုက္ေတြနဲ႔ ပဲေတြ႔ၾကတာလား? ေကာင္းၿပီေလ၊ စာဖတ္သူေတြကတူခဲ့ၾကတဲ့ အေတြးေတြကို သေဘာတူတာ ျငင္းဆုိၾကတာေပါ့။ ေနာက္ပိုင္းေတာ့၊...
145K 12.8K 21
Stalker !!!! WHO ??? hunnie ??? or... xiaoLu ??? HunHan|| SeLu Boy×Boy
39.9K 4.2K 22
Story Title_ Me and My Suspicious Partner ဧကရာဇ်ပိုင်ဝူရှန့်သည် လုပ်ကြံခံရကာ ချီရုန်တို့ဓားပြစခန်းအနီးရှိရေကန်တွင် သတိလစ်လျက် ချီရုန်၏တပည့်များမှ ကယ်...