Save The Loser System ( Syste...

By Alainkar_koii22

61.2K 5.7K 151

Unicode + Zawgyi ရှောင်ရှင်းယံ - အချစ်ဆိုတာ.... System - ယီးပါပဲတဲ့ !!! ရှောင်ရှင်းယံ - ငါလူးမ -_- # ပေါတေ... More

System ကမ္ဘာသို့ရောက်ရှိခြင်း
Arc.1 ( လီရှောင်ဖေး )
ဇာတ်ကောင်မိတ်ဆက် / ဇာတ္ေကာင္မိတ္ဆက္
Arc - 1.2
Arc - 1.3
Arc - 1.4
Arc - 1.5
Arc - 1.6
Arc - 1.7
Arc - 1.8
Arc - 1.9
Arc - 1.10
Arc - 1.11
Arc - 1.12
Arc - 1.13
Arc - 1.15 ( Final )
System space
Arc - 2 ( Huá / ဟွား )
ဇာတ်ကောင်မိတ်ဆက်
Arc - 2.1
Arc - 2.2
Arc - 2.3

Arc - 1.14

2.1K 234 9
By Alainkar_koii22

Unicode

" အား....နာတယ် ဖြေးဖြေးလုပ်လို့ ဟင့် "

' ခနလေးပဲ သည်းငယ်ရယ် နော် ခနပဲ '

" အီးဟီး နာတယ်လို့ ငိုးမအဘိုးကြီးရဲ့ ဖြေးဖြေးသာသာမလုပ်ဘူး အ့... အ့ နာတယ်လို့ "

' အရမ်းမနာပါဘူး သည်းငယ်ရယ် ခနပဲ သည်းခံ လိုက် ပြီးတော့မယ် '

" အားးးး ခင်ဗျား!! နာတယ်လို့ ဗြဲ ပါးပါးရေ....
ပါးသမက် သားကိုအနိုင်ကျင်နေတယ် ဗြဲ "

' မငိုပါနဲ့ သည်းငယ်ရယ် တိတ်တော့နော် ပြီးတော့မယ်ဒီမှာ ခနပဲထပ်ပြီးသည်းခံလိုက် '

" ဘာကိုပြီးတော့မာလဲ အဲ့တာတွေကြိုသိလို့ ခင်ဗျားကို အစထဲက မလုပ်ချင်ဘူးလို့ပြောတယ်လေ အခုကြည့် ကျွန်တော်ပဲခံရပြီ ဗြဲ ပါးပါးရေ "

' ကိုရ်လဲ အဲ့လောက်ထိ ကျပ်မယ်မှန်းမသိလို့ လုပ်မိတာပါ စိတ်မဆိုးပါနဲ့ နော် သည်းငယ် ~~ '

" ရုပ်ကြမ်းကြီးနဲ့လာနွဲ့ပြမနေနဲ့ မသနားဘူး
ဒါကို ရအောင်ပြန်ထုတ်ပေး နာနေပြီလို့ ဟင့် ဗြဲ "

' အင်းပါ သည်းငယ်ရယ် ခနပဲစောင့် ကျွတ်တော့မယ် ခနပဲ '

" ဟင့် လူယုတ်မာကြီး ပြီးမှပါးပါးနဲ့ခင်ဗျားကို တိုင်မယ် အစကတော့ အလိုလိုက်ပါ့မယ်ဆိုပြီး အခုကြည့် မယူခင်ထဲက အနိုင်ကျင့်နေပြီ ဟင့် မြန်မြန်လုပ် ခဗျား!!! ဟင့် ဗြဲ "

' ကိုရ်မှားတာပါ သည်းငယ်ရယ် နော် ကိုရ်လဲရအောင်ထုတ်ပေးနေတာပဲ ဆီလဲစွတ်ထားတာကို မကျွတ်နိုင်ဘူး '

" အ့...နာတယ် ဖြေးဖြေး "

' အင်းအင်း ဟောရပြီ တွေ့လား ကိုရ်ပြောပါတယ် ခနလေးပဲသည်းခံပါဆို '

" ဟ ခင်ဗျားခံကြည့်လေ!! ကြည့်ဒီမာ သွေးတောင်စို့နေပြီ မြင်လား "

' ဟုတ်ပါတယ် ဟုတ်ပါတယ် ကိုရ်မှားတာ စိတ်မဆိုးနဲ့တော့ ကိုရ်ဆေးလိမ်းပေးမယ်နော် '

" မထိနဲ့ ကျွန်တော့်အသားကို ကိုယ့်ဘာသာကိုယ် လိမ်းမယ် ခင်ဗျားပြန်တော့ နောက် အဲ့လက်စွပ်လာပြကြည့် ခင်ဗျားငယ်ပါကို စောင့်ကန်ပြမယ် "

' အဲ့ကျ သည်းငယ်ပဲ ငတ်မာပေါ့ '

" ငတ်စရာ ဘာအကြောင်းမှမရှိတာ ပြန်တော့ဗျာ "

' အင်းပါ ဒါဆို ကိုရ်ပြန်ပြီနော် သည်းငယ် လက်ကိုဆေးထည့်လိုက်အုန်း '

" သိတယ် မရှည်နဲ့ မြန်မြန်ပြန် "

ဟူး အခုမှ အေးဆေးနေရတော့တယ် ဘယ့်နှယ်ဗျာ မိုးလင်းထဲက အိမ်လာပြီး လက်စွပ်ကို အတင်းစွတ်ခိုင်းနေတာ မစွတ်ချင်ဘူးပြောလဲမရ အတင်းလက်ကိုဆွဲယူပြီး စွတ်ပေးတယ် စွတ်ပေးတော့ အတိုင်းတော်လားလဲမေးကြည့် အတိုင်းကလဲမတော် စွတ်ပြီးမှ ပြန်ချွတ်လို့မရ တစ်မနက်လုံး မနက်စာလဲမစားရ ဒီဟာကို ထိုင်ချွတ်နေရတာ ချွတ်လို့ရသွားလို့တော်သေးတယ် ငါ့လက်လေး သွေးတောင်စို့တယ် ဘယ်လိုတောင်ချွတ်လဲမသိဘူး ဟူး~~~ တစ်နေ့တစ်နေ့ ဒီလူနဲ့တင် အသတ်တိုမယ်

(ဂေါင်းကြီးတို့ ဘာတွေမျှော်လင့်နေတာတုန်း😆)

* အမလေး host ရယ် လေကြီးလေကျယ်နဲ့ *

" လာပြီလား သေပီထင်တာ ငါက "

* အားယွမ်ကိုဆိုပြောဖို့ကြီးပဲ ဟွန့် *

" ဟွန့်တွေ ဟမ့်တွေ လာမလုပ်နဲ့ လူကတင်းနေတာ မင်းကိုပါ အမြှီးက ကိုင်ပြီး ပြတင်းပေါက်ကနေ ပြစ်လွှတ်လိုက်မယ် "

* အားယွမ်ကိုဆို host က တအားအနိုင်ကျင့်တာပဲ *

" လာ လာချည်သေး ငါ ကိုင်ပေါက်လိုက်ရ "

* လုပ်ကြည့်လေ... အဲ့ကျ အားယွမ်က host ကို points တွေဖြတ်ပြစ်မှာ *

" point? Point ဆိုတာ ငါဆီက points တွေကိုပြောတာလား "

* ဟုတ်တယ် *

" နေအုန်း ငါမရှင်းတာက မင်းပြောပြောနေတဲ့ အဲ့ points တွေက ဘာလုပ်လို့ရလဲ "

* host mission တွေ အောင်မြင်ရင် point တွေရမယ်။ အဲ့ point တွေနဲ့ host လိုချင်တာကို လဲဝယ်ရမာ။ ဥပမာဆို နောက်ကမ္ဘာမှာ host က ချော်လဲတယ် ဆေးလိုချင်တယ်ဆိုရင် point နဲ့လဲပြီး ဒဏ်ရာပျောက်ဆေး ဝယ်ရမာ အဲ့လို *

" အော် အဲ့လိုလား.? ဒါမယ့် ငါဒီကမ္ဘာမှာလဲ မင်းဆီက ဆေးတစ်ချို့ယူဖူးတယ်လေ မင်း point မဖြတ်ဖူးလား "

* ဒါက ပထမကမ္ဘာမို့လို့ အကုန် free ပေးထားတာပါ host နောက်ကမ္ဘာကစပြီး ဘယ်အရာမှ အလကားမရတော့ပါဘူး *

" အာ okok ငါနားလည်ပြီ ဒါဆို point က အရေးကြီးတာပေါ့ "

* ဟုတ်ပါတယ် host *

" aww ထားပါတော့ မင်းရဲ့ အမြှီးက ငြိမ်ငြိမ်နေစမ်းပါ စိတ်ရှုပ်ရတဲ့အထဲ နဂိုထဲက စိတ်ကြည်မနေပါဘူးဆို "

* ဘာဖြစ်လို့လဲ host *

" ဒီလိုပါပဲ ဟိုတွေးဒီတွေးပေါ့ "

* host ဇာတ်လိုက်တို့နဲ့တွေ့ပြီးပြန်လာထဲက တစ်ငိုင်ငိုင်နဲ့ ဘာဖြစ်နေတာလဲ *

" အဲ့လောက်တောင် သိသာနေတာလား "

* ဒါပေါ့ ဘာဖြစ်လို့လဲ host *

အင်း အားယွမ်ပြောတာ ဟုတယ် လီကျင်းတို့နဲ့သွားတွေ့ပြီးနောက်ပိုင်း သူနေရတာ အဆင်မပြေဘူး....

Flashback<<<<<

' ငါတို့ဒီမှာ ဖေးအာ '

လီကျင်းတို့ ချိန်းတဲ့နေရာကို ရောက်သွားတော့ အမှတ်တမဲ့ ပြုံးလိုက်မိတယ်။ ဒီနေရာလေးက သူတို့၃ယောက် ငယ်ငယ်က ခနခန လာကစားခဲ့တဲ့ ပန်းခြံလေး... ညနေဘက်ဆိုပင်မယ့် လူတစ်ယောက်မှမရှိ အထူးတလည်တော့ မအံ့ဩ သူက လူရှုပ်တာမကြိုက်မှန်းသိလို့ လီကျင်းတို့က ပန်းခြံကို အပြတ်ငှားထားတာနေမာ လီကျင်းနဲ့လင်းဝမ်က ငယ်ငယ်ကတူတူထိုင်ဆော့ခဲ့တဲ့ ဒန်းလေးတွေမှာထိုင်နေတယ် သူလာတာမြင်တော့ ၂ယောက်လုံးပျော်သွားတယ်ထင်တယ် သူတို့နားသွားပြီး ဘေးနားက လွတ်နေတဲ့ဒန်းလေးတစ်ခုမာဝင်ထိုင်လိုက်တယ်

" ပြောလေ ငါ့ကိုပြောစရာရှိတယ်ဆို "

' အေးဟုတယ် ငါတို့မင်းကို သတင်းကောင်းပြောစရာရှိတယ် '

' ပြောလေ ' ဆိုတဲ့သဘောမျိုးနဲ့ မေးငေါ့ပြတော့

' ငါ...ငါနဲ့ လင်းဝမ် ဟို...ဟို..'

" မင်းနဲ့လင်းဝမ်တွဲနေကြပြီ ဟုတ်တယ်မလား "

ဟုတ်တယ် ခဗျားတို့ကြားလိုက်တာ အမှန်ပဲ!!!
Host က ဇာတ်လိုက်နဲ့ ဒုဇာတ်လိုက်ကြီးကို အောင်သွယ်ပေးလိုက်တာ ၊ တစ်သက်နဲ့တစ်ကိုယ် system လုပ်လာတဲ့ ကာလတစ်လျှောက်လုံး ဇာတ်လိုက်နဲ့ဒုဇာတ်လိုက်ကို ပြန်အောင်သွယ်ပေးတဲ့ host ဒီတစ်ယောက်ပဲ မြင်ဖူးသေးတယ်...

မှန်ကြောင်း ခေါင်းကိုအဆက်မပြတ်ငြိမ့်ပြနေတဲ့ လီကျင်းရယ် ခေါင်းအတင်းငုံ့ကာ ရှက်နေတဲ့ လင်းဝမ်ရယ်ကို ကြည့်ပြီး ရယ်လိုက်မိတယ် အခုမှ အပျိုဖြန်းလေးတွေလို လာရှက်ပြနေတယ် အရင်က Playboy ၂ယောက်မဟုတ်တဲ့အတိုင်း

" ဂုဏ်ယူပါတယ်ကွာ မင်းတို့ရည်းစားမြန်မြန်ဖြစ်မှပဲ မဟုတ်ရင် ငါလဲ ဆေးဖိုးနဲ့ မွဲလိမ့်မယ် "

' ဆေးဖိုး..?? '

လင်းဝမ်ရဲ့အမေးကို လီကျင်းကတော့ မသိချင်ယောင်ဆောင်ကာ ဟိုကြည့်ဒီကြည့်နဲ့အကြည့်လွှဲထားတယ် ဟက် တကယ့်ကောင်တွေ

" မင်းမသိသေးဘူးလား လင်းဝမ် "

' ဟမ် ဘာကို? '

" မင်းကို လီကျင်းက ချစ်တယ်ပြောတော့ မင်းကမူနေတယ်ဆို အဲ့တာနဲ့ သူကငါ့ဆီမှာအကူညီလာတောင်းရော အဲ့တော့ငါလဲ သူငယ်ချင်းကောင်းပီသစွာ မင်းကို ဆေးခတ်ပြီး သူနဲ့တစ်ခန်းထဲထည့်ပေးလိုက်တယ်လေ ဒါတောင်မင်းက မူပြီးရှောင်နေတုန်းမို့လို့ ညတိုင်းမင်းကို ဆေးခတ်ပြီး ဒီကောင်နဲ့အခန်းထဲပိတ်ထားတာ တစ်ပတ်နီးပါးလောက် ဆေးခတ်လိုက်မှ မင်းသူ့ကိုလက်ခံလိုက်တာလေ ဟုတ်တယ်မလား "

' ဟမ် မင်းဒီကိစ္စတွေဘယ်လိုသိ... အော် လက်စသတ်တော့ မင်းတို့၂ကောင်က ပေါင်းပြီး ငါ့ကို ဆေးခတ်တယ်ပေါ့လေ '

" ဒါပေါ့ မင်းကဆေးမခတ်ရင် ပြန်ကြိုက်မယ့်ပုံမှမပေါ်တာ နောက်ဆုံးလက်နက်ထုတ်သုံးရတာပေါ့ "

' ဘာ!!!! ငါ့မာတော့ လီကျင်းအပေါ် ရှက်တာကတစ်မျိုး အားနာတာကတစ်မျိုး လက်စသတ်တော့ မင်းတို့လက်ချက်ကို အေးတွေ့မယ် သူတောင်းစား၂ကောင် လာခဲ့ မပြေးနဲ့!!! '

" ဟားဟား လင်းဝမ် မှားမယ်နော် မှားမယ် ဟားဟား ငါတို့ကစတာပါလို့ "

' လီးကိုပဲစ တွေ့မယ် မပြေးနဲ့ သူတောင်းစား ၂ကောင် '

" ဗြဲ ဗြဲ 😛 "

ဒီလိုနဲ့ ပန်းခြံလေးထဲမာ ကောင်လေး၃ယောက်ပြေးလွှားကစားရင်း ညနေ နေဝင်ချိန်လေးကို ကြည့်ကာ အပြုံးကိုယ်စီနဲ့ ပျော်ရွှင်နေကြတယ်။ တိတ်ဆိတ်နေတဲ့ ညနေခင်းကို စတင် ဖြိုခွဲလိုက်တာ လီကျင်း

' ဖေးအာ မင်း ဘဲကြီးနဲ့ရောအဆင်ပြေရဲ့လား '

" ဘယ်သူတုန်း ဘဲကြီးက "

မျက်မှောင်ကျုံ့ခါ သူ့ဘက်လှည့်ပြီးမေးလိုပ်တော့

' ဟွေ့လန်ရှင်းလေ မင်းဘဲကြီးပါဆို '

" အော် သူလား အင်းဒီလိုပါပဲ ပြေပါတယ် "

' မင်းကပြေတယ်သာပြောနေတာ မင်းပုံစံက မပျော်သလိုပဲ မင်းလူက မင်းပျော်အောင်မထားဘူးလား ရှောင်ဖေး '

လင်းဝမ်က ကြားဖြတ်မေးလာတော့ ပြုံးပြလိုက်ကာ

" မဟုတ်ပါဘူးကွာ သူကငါ့ကိုပျော်အောင်ထားပါတယ် လိုလေသေးမရှိအောင်ကိုထားတာ အင်း ငါ့မျက်နှာတစ်ကမ္ဘာဖြစ်နေတဲ့သူပေါ့ "

ဟိုလူကြီးအကြောင်းပြောနေရင်း အလိုလိုပြုံးလိုက်မိတယ် ဒီစကားတွေသာ သူကြားရင် သည်းငယ်ရာ ဆိုပြီး သူ့ကိုဖက်ထားမာ မလွဲမသေပင်

' ဒါဆို ဘာလို့မင်းပုံစံက မပျော်တာလဲ ဖေးအာ '

" အားနာလို့ ငါသူ့ကိုအားနာလို့ ငါ့ဘဝရဲ့ အချစ်ဦးက ငါ့ကိုအချစ်အကြောင်း ကောင်း"ကြီးသင်ပေးလိုက်လို့ နောက်လူကိုထပ်ချစ်ရမာကြောက်တယ် မဟုတ်သေးဘူး.... ထပ်ချစ်ဖို့ နှလုံးသားမရှိတော့တာ ထပ်ချစ်ဖို့ အင်အားလဲမရှိတော့သလို ရှိတဲ့နှလုံးသားကလဲ သေသွားပြီ။ လန်ရှင်း ငါ့ကိုဘယ်လောက်ချစ်လဲ ငါသိတယ် ငါကိုယ်တိုင်လဲ သူ့အချစ်တွေကို ခံစားမိတယ် သူ့ဂရုစိုက်မှုတွေကြားမာ ပျော်မွေ့မိတယ် ဒါမယ့်...ဒါမယ့်လေ ငါ...ငါထပ်ချစ်ဖို့အင်အားမရှိတော့ဘူး တစ်ခါပြစ်ခံရပြီးပြီ ၂ခါတော့အဖြစ်မခံနိုင်ဘူး ဖြစ်ဖို့လဲနှလုံးသားမရှိတော့ပါဘူး.."

ဝင်ခါနီးဆဲဆဲ နေမင်းကြီးကိုကြည့်ပြီး သက်ပြင်းအကြိမ်ကြိမ်ချမိတယ်

~ တောင်းပန်ပါတယ် Xing ge ကျွန်တော်ထပ်ချစ်ဖို့အင်အားမရှိတော့လို့ပါ ပြီးတော့ ကျွန်တော်တို့က ခနတာပဲတွေ့ရမယ့် လူတွေလေ ~

' ဖေးအာ ငါတောင်းပန်ပါတယ် ငါ့ကြောင့်ပါ ငါ့ကြောင့် မင်း ခုလိုဖြစ်ရတာ '

ကိုယ့်အတွေးနဲ့ကိုယ် အတွေးလွန်နေတုန်း လီကျင်းစကားကြောင့် မျက်ခုံးကအလိုလို တွန့်ကျိုးသွားတယ်

" မင်းနဲ့ဘာဆိုင်လို့တုန်း "

' ငါ့ကြောင့်လေ မင်းအခုလိုဖြစ်ရတာ မင်းအချစ်ဦးက ငါမလား '

မျက်နှာငယ်နဲ့ပြောနေတဲ့ လီကျင်းကိုကြည့်ပြီး အသံထွက်ကာရီလိုက်မိတယ် ဒီကောင်ကတော့...

' ဘာရီတာလဲ '

ခုနကနဲ့မတူ မျက်စောင်းထိုးကာ ပြောနေတဲ့ လီကျင်းကြောင့် အရီဟာမရပ်တော့

" ဟားဟား မင်းကလဲကွာ မျက်စောင်းကြီးမထိုးစမ်းပါနဲ့ မိန်းမကြီးကျလို့ မင်းကြောင့်မဟုတ်ပါဘူး ငါ့အချစ်ဦးက မင်းမဟုတ်ဘူး လီကျင်း "

' ဘယ်လို?? ' × 2

မျက်လုံးလေးအပြူးသားနဲ့ သူ့အဖြေကို အံ့ဩနေတဲ့ ၂ယောက်ကြောင့် ထပ်ရီမိတယ် တကယ်ပါ ဒီနေ့ သူတို့၂ယောက်ကြောင့် ဘယ်အကြိမ်တောင် ရီနေရမှန်းမသိတော့

' ငါတို့သိသလောက်ဆို မင်းတစ်ခါမှ ရည်းစားမထားဖူးပါဘူး ဘယ်ကအချစ်ဦးကလဲ uni ကပဲလား '

" ဟင့်အင်း အထက်တန်းပထမနှစ်တုန်းက "

' ငါတို့လဲ မသိရပါလား ရှောင်ဖေး '

" အင်းပြောပြရရင် ငါအထက်တန်းပထမနှစ်တုန်းက ငါ့ရဲ့အချစ်ဦးကိုစတွေ့ခဲ့တာ စစတွေ့တုန်းကဆို သူက အရမ်းလှတာ ငါ့ထပ် ၃နှစ်ကြီးတယ် သူက uni first year ဆေးကျောင်းသူလေး ငါကတော့ ခပ်ဆိုးဆိုးအထက်တန်းကျောင်းသားလေးပေါ့ကွာ ငါသူ့ကို coffee ဆိုင်လေးမှာစတွေ့တာ coffee ထိုင်သောက်နေတဲ့သူ့ပုံလေးက အရမ်းလှတယ် မိန်းမဆန်တယ် သိမ်မွေ့တယ် အဲ့နေ့ကစပြီး ငါသူ့နောက်ကို လိုက်ခဲ့တယ် သူကတော့ အစထဲက ငါ့ကို ရှိတယ်လို့ကိုမထင်တာ ငါ့ဆိုအမြဲရှောင်တယ် နောက်ပိုင်းတွေ ငါဇွဲမလျော့ပဲ သူ့ကျောင်းကို ကျောင်းဆင်းတိုင်းသွားစောင့်တယ် သူ့အတွက်မုန့်လေးတွေ သူမသိအောင်ထားပေးတယ် သူကျောင်းဆင်းရင် နံရံကိုကွယ်ပြီး သူ့ကိုချောင်းကြည့်တယ် အဲ့လိုနဲ့ ငါ့ဘဝက တစ်ဖက်သက်အချစ်နဲ့ တဖြေးဖြေး 4 လကျော်ခဲ့တယ် တစ်နေ့တော့ ငါသူ့ကိုချောင်းနေကြ အုတ်နံရံအကွယ်လေးမာ သူငါ့ကိုစောင့်နေတယ် မပြန်သေးဘူးလားမေးတော့ ငါ့ကိုစောင့်နေတာ အဖြေပြန်ပေးမလို့တဲ့ ငါလေအဲ့စကား ကြား"ချင်း အကျယ်ကြီးကို အော်ပြစ်လိုက်တာ ပျော်လွန်းလို့ သူကဇွဲရှိတဲ့ကောင်လေးမျိုးကိုသဘောကျတယ်တဲ့ ငါ့ကိုလက်ခံပါတယ်တဲ့ အဲ့နေ့ကစပြီး ငါတို့စတွဲကြတယ် အနှောက်အယှက်မရှိ ပြသနာမရှိ အခက်အခဲတွေမရှိ anni များစွာထိတွဲခဲ့တယ် ချစ်သူသက်တမ်း တစ်နှစ်ပြည့်ပြီးနောက်ပိုင်းသူ့ဘက်က အနေစိမ်းလာတယ် ငါမေးရင် စာကျက်နေရတယ်မအားလို့ကြီးပဲပြောတယ် ၂ယောက်တွေ့ဖို့အချိန်ဆိုတာလဲမရှိသလောက်ပဲ ငါသူ့သတင်းတွေကြားပါတယ် ကောင်လေးတစ်ယောက်နဲ့ တွဲသွားတွဲလာလုပ်နေတယ်တဲ့ ငါလျစ်လျူရှူပေးထားတယ် သူကိုယ်တိုင်ပြောတာကိုပဲ ငါယုံတယ် ကြားစကားဆိုပြီးမယုံခဲ့ဘူး ကံတရားကြီးက ငါ့ဘက်မာမရှိခဲ့ဘူး တစ်နေ့ ငါနဲ့တွေ့ရအောင်ဆိုပြီးသူချိန်းတယ် ငါသွားတွေ့တော့လေ ငါမြင်လိုက်ရတာက ငါ..... "

စကားတွေကိုဆက်မပြောနိုင်တော့ပဲ မျက်ရည်တွေအလိုလိုဝဲတက်လာတယ် ဟင့်အင်း မငိုချင်ဘူး သူ့ကြောင့်ထပ်မငိုချင်တော့ဘူး အောက်နှုတ်ခမ်းကို ကိုက်ကာ မျက်ရည်များကျမလာအောင် တောင့်ထားတယ် ဒါကိုသိတဲ့ လင်းဝမ်က သူ့လက်ကိုကိုင်ပြီး ဘေးကနေဖေးမပေးတယ်

" ငါ...ငါမြင်လိုက်ရတာက ဟူး....
ငါငယ်ငယ်ထဲက အရမ်းချစ်ရပါတယ်ဆိုတဲ့ ငါ့ရဲ့တစ်ဦးထဲသော တစ်ဝမ်းကွဲအကိုနဲ့သူကအတူထိုင်နေတယ် အကို့လက်မောင်းကို သူ့လက်ကချိတ်ထားတယ် ငါလုံးဝကိုဆွံ့အသွားတာ သူကောင်လေးတစ်ယောက်နဲ့ တွဲသွားတွဲလာလုပ်နေတယ်ဆိုတာသိပင်မယ့် ငါ့အကိုနဲ့မှန်းငါမသိခဲ့ဘူး သူ့ဘက်ကအရင်စပြောလာတဲ့စကားက 'မဂ်လာဆောင်ဖိတ်စာ လာဖိတ်တာတဲ့ ′ ဟက် သူအရမ်းမျက်နှာပြောင်တိုက်လွန်းတယ် ငါ့ကိုမချစ်တော့ရင်တောင် အရင်ဆုံး ပြတ်ဆဲချင်ကြောင်းပြောသင့်တယ် ပိုဆိုးတာက ငါက သူလက်ထပ်မယ့် သူ့အမျိုးသားရဲ့ညီဆိုတော့ သူတို့ရဲ့မဂ်လာဆောင်မာ ငါ့ကိုသတို့သားအရံလုပ်ပေးပါတဲ့ ငါခေါင်းငြိမ့်ပြယုံကလွဲပြီး ဘာမှကိုမပြောနိုင်တော့တာ ငါသူနဲ့၂ယောက်ထဲစကားပြောလို့ရတဲ့ချိန်မာ သူ့ကိုမေးခဲ့တယ် ဘာလို့ငါမဟုတ်ပဲ ငါ့အကိုကိုရွေးခဲ့တာလဲဆိုတော့ အကိုက ငါ့ထပ်ပိုချမ်းသာလို့တဲ့ ရုပ်ရည်ရော ငွေကြေးရော ငါ့ထပ်အကုန်သာလို့တဲ့ အဲ့ထဲက ငါသဘောပေါက်ခဲ့တယ် လူဆိုတာ ငွေရှိမှ ဘောင်ဝင်တာလို့ အဲ့လိုနဲ့ ငါချစ်ရတဲ့အကိုနဲ့ ငါချစ်ရတဲ့ အချစ်ဦးတို့ရဲ့ မဂ်လာကို သတို့သားအရံဆိုတဲ့ဂုဏ်ပုဒ်နဲ့အညီငါတက်ရောက်ခဲ့ရတယ် အဲ့နောက်ပိုင်း ငါဆိုးချင်တိုင်းဆိုးခဲ့တယ် ငယ်သေးတာလဲပါမှာပေါ့ လီကျင်းကိုလဲ ငါတကယ်မကြိုက်ခဲ့ပါဘူး အနေနီးတာရယ် ငယ်သံယောဇဉ်ရယ်ကို ငါမှားပြီးချစ်တယ်ထင်ခဲ့တာ အက်စီးဒင့်ဖြစ်ပြီးနောက်ပိုင်း ငါအရာအားလုံးကို အရင်ကထပ်ပိုသိလာတယ် အရင်ကထပ်ပိုရင့်ကျက်လာတယ် အဲ့အချစ်ဆိုတာကြီးကိုလဲ နာကျည်းပြီးကြောက်လာတယ် ပြီးတော့ ငါမင်းတို့ကို တစ်ခုလိမ်ထားတာရှိတယ် "

' ဘာလိမ်တာလဲ '

" တကယ်တော့ ငါအတိတ်မမေ့ခဲ့ဘူး ခုနကပြောသလိုပဲ အက်စီးဒင့်ဖြစ်ပြီးနောက်ပိုင်း အရာအားလုံးကို နားလည်လာတော့ ပြသနာကိုဖြေရှင်းဖို့ အတိတ်မေ့တယ်ဆိုတဲ့ခေါင်းစဉ်ကိုယူသုံးလိုက်တာ ငါတကယ်အတိတ်မေ့ခဲ့တာမဟုတ်ဘူး
အ့..နာတယ် ဘာလို့ထိုးတာလဲ လီကျင်း "

' လိမ်လို့လေ ငါကတော့ ငါ့ကြောင့်မင်းထိခိုက်တယ်ဆိုပြီး စိတ်မကောင်းဖြစ်နေတာ မင်းကတော့လိမ်တာတဲ့ '

" ငါအဲ့လိုလိမ်လို့ မင်းချစ်ချစ်ကြီး ယုတ်မာတာတွေ မင်းသိသွားတာမဟုတ်ဘူးလား ကျေးဇူးတောင်တင်ရမာကို "

' ဘယ်ကိုငါ့ချစ်ချစ်လဲ မပြောစမ်းနဲ့ သူ့ကိုကြိုက်မိတဲ့ ငါ့ကိုငါ အံ့ဩလွန်းလို့ အခုငါ့မာ လင်းဝမ်ရှိနေပြီ ကျန်တာမလိုဘူး '

" ဟွန့် စောက်အတွဲတွေ ကြည့်လို့ကိုမရဘူး "

' အမယ် မင်းကျ လင်တောင်ယူတော့မာလေ '

' ရှောင်ဖေး ငါ့အမြင်ပြောရရင် မင်း ဟွေ့လန်ရှင်းကို ချစ်ကြည့်ပါလားကွာ သူကမင်းကိုတကယ်ချစ်တာပါ ပြစ်ထားခဲ့မယ့်လူမျိုးမဟုတ်ပါဘူး '

" ငါသိတယ် ငါသိပါတယ် ဒါမယ့်လေ ငါ့နှလုံးသားက သေသွားပြီကွ ရှိကိုမရှိတော့တာ ထပ်ရှိခဲ့ရင် လန်ရှင်းကိုချစ်ကြည့်ဖို့ကြိုးစားမာပါ "

လင်းဝမ်ရဲ့အပြောကို ပြုံးပြီးပြန်ဖြေမိတယ်...
သူတို့ ၂ယောက်မသိတာက ရှောင်ဖေးအခုပြောပြတဲ့ အချစ်ဦးဆိုတာ သူ့ကမ္ဘာအစစ်က အချစ်ဦးအကြောင်းကို ပြောပြနေမှန်း အဲ့၂ယောက်မသိတာပင် ။ သူတို့ ၃ယောက်လုံး နေမင်းကြီး ဝင်သွားတဲ့ထိ ထိုင်ကြည့်ကာ မိုးချုပ်မှ အိမ်ကိုပြန်ကြတယ် ။ ထပ်ပြီး သူတို့ ၃ယောက်လုံး မသိလိုက်တာက ညနေကသူတို့ပြောသမျှကို အကုန်ကြားသွားတဲ့ လူတစ်ယောက်ရှိတာကိုပဲ.....

7.9.2021 ✨📸

Zawgyi













" အ့...နာတယ် ဖြေးဖြေး "

















* လုပ်ကြည့်လေ... အဲ့ကျ အားယွမ်က host ကို points တြွေဖတ်ပြစ်မှာ *


* ဟုတ်တယ် *






* ဟုတ်ပါတယ် host *


* ဘာဖြစ်လို့လဲ host *






Flashback<<<<<

' ငါတို့ဒီမှာ ဖေးအာ '










' ဆေးဖိုး..?? '



' ဟမ် ဘာကို? '







" ဗြဲ ဗြဲ 😛 "



" ဘယ်သူတုန်း ဘဲကြီးက "

















' ဘာရီတာလဲ '



' ဘယ်လို?? ' × 2








' ဘာလိမ်တာလဲ '










7.9.2021 ✨📸

Continue Reading

You'll Also Like

106K 10.9K 31
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...
430K 10.4K 86
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
200K 20K 77
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
716K 100K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~