ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

856K 123K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.3.15

4.6K 685 35
By devil61002

ကုခ်န္က ေၾကာင္အေနရာမွ လက္ပတ္ႀကိဳးအနက္အား ၾကၫ့္လိုက္မိသည္ ။ မေန့ကကဲ့သို႔  နာက်င္မႈမရိွေသာ္လည္း လက္ပတ္အနက္သည္ တုန႔္ျပန္သၫ့္အလား အလင္းေဖ်ာ့ေဖ်ာ့ကို ထုတ္လႊတ္ေနခဲ့သည္ ။ ကုခ်န္၏ အေတြးထဲတြင္ သတိထားမႈမ်ားျဖစ္လာေလသည္ ။ လက္ပတ္အနက္သည္ ခ်န္ခယ့္ကိုယ္တြင္းက အမည္မသိအရာမွ ျဖစ္လာျခင္း ။ လင္ေရွာင္းရီ၏ ကိုယ္တြင္းတြင္လည္း ထိုကဲ့သို႔ အရာေလး ရိွေနလိမ့္မည္ ။ ၿပီးေတာ့ သူတို႔ႏွစ္ေယာက္က တြဲဖက္ပင္ ျဖစ္ေနေသးသည္ ။

( A/N: ဒီေနရာမွာ တြဲဖက္ဆိုတာက စံုတြဲလိုမဟုတ္ဘဲ အလုပ္အတူတူလုပ္တဲ့သူမ်ိဳးပါ )

သူက မ်က္စိေရ႔ွမွ လင္ေရွာင္းရီအား အျမင္တမ်ိဳးျဖင့္ ျမင္သြားေလသည္ ။ ကုခ်န္၏ မ်က္လံုးအတြင္းတြင္ လင္ေရွာင္းရီ၏ နဖူးတြင္ စာတစ္ေၾကာင္း ကပ္ထားသည္နဲ႔ တူေနသည္ ။ ' ရွင္သန္ျခင္း အမွတ္ ' ဟူ၍ပင္ ။

လင္ေရွာင္းရီက တစ္ခါတစ္ခါမ်က္ေမွာင္ၾကဳတ္လိုက္ ေတြးလိုက္ လုပ္ေနသၫ့္ ကုခ်န္အား ၾကၫ့္ရင္း သူ၏ မ်က္ခံုးမ်ားက တြန႔္ခ်ိဳးသြားသည္ ။ သူၾကၫ့္ေနစဉ္ပင္ ကုခ်န္၏ မ်က္ဝန္းမ်ား အေရာင္ေတာက္လာသည္ကို ေတြ့လိုက္ရသည္ ။

" မင္း!! "

" ငါ့ရဲ့ system က error တက္သြားတာထင္တယ္ " ကုခ်န္က စမ္းၾကၫ့္ရန္ဆံုးျဖတ္လိုက္ၿပီး ေျပာလိုက္ေလသည္ ။ တကယ္လို႔ သူသာ လင္ေရွာင္းရီအား သတ္ႏိုင္ခဲ့ပါက ရွင္သန္ျခင္း အမွတ္မ်ား ရမည္မွန္ေသာ္လည္း ဤျဖစ္ရပ္တစ္ခုလံုး၏ ေနာက္ကြယ္က တရားခံအား တသက္လံုးသိရန္ အခြင့္အေရး မရိွ‌ဘဲ ေနလိမ့္မည္ ။ အရင္ဆံုး လင္ေရွာင္းရီအား သတ္လို႔ မရေသးေပ။

ကုခ်န္က လင္ေရွာင္းရီ၏ သံသယအၾကၫ့္အား မသိခ်င္ေယာင္ေဆာင္ထားကာ လက္ပတ္အား စိတ္ပ်က္စြာ ၾကၫ့္ေနလိုက္သည္ ။ လင္ေရွာင္းရီ က ကုခ်န္ထံမွ မည္သၫ့္ မသကၤာစရာ အျပဳအမႈကိုမွ ရွာမေတြ့ခဲ့သျဖင့္ ကုခ်န္၏ လက္အား ဆြဲကာ လက္ပတ္ကို ၾကၫ့္လိုက္သည္ ။ သူ႔အေတြးထဲတြင္ေတာ့ ' error တက္တယ္ဆိုတာ ျဖစ္ႏိုင္လို႔လား .. အဲ့ဒီလူ လုပ္ထားတဲ့ ဒီပစၥည္းကေလ..  ' ဆိုသၫ့္ စကားလံုးမ်ားသာ ပဲ့တင္ထပ္ေနသည္ ။

ၾကၫ့္ေနရင္းျဖင့္ လင္ေရွာင္းရီက ေဒါသအမႈအရာေျပာင္းသြားေလသည္ ။ သူက ကုခ်န္အား ၾကၫ့္လိုက္ကာ " ဘယ္သူလုပ္တာလဲ!!! .. ဘယ္သူက မင္းကို တိုက္ခိုက္လိုက္တာလဲ!!!! "

ကုခ်န္က သူ၏အံ့အားသင့္သည့္အျကည့္အား ဖံုးကြယ္လိုက္ၿပီး လင္ေရွာင္းရီအား ေမာ့ၾကၫ့္လိုက္သည္ ။ သူက စိတ္ပ်က္လက္ပ်က္အမႈအရာျဖင့္ " တိုက္ခိုက္ခံခဲ့ရတာလား .. အဲ့ဒါေၾကာင့္data အခ်ိဳ႕ပ်က္စီးသြားတာထင္တယ္ .. ငါ ဘာမွ မမွတ္မိေတာ့ဘူး .. ၿပီးေတာ့ ဒီကမ႓ာရဲ့ အခ်က္အလက္ေတြလဲ မရဘူး "

" အဲ့ေလာက္ထိေတာင္လား .." လင္ေရွာင္းရီက တည္ၿငိမ္သြားကာ တိတ္တဆိတ္‌ေရရြတ္လိုက္သည္ ။

လင္ေရွာင္းရီက ဘာမွဆက္မေျပာေသးဘဲ ကုခ်န္အား ၾကၫ့္လာၿပီးမွ " အရင္ျပန္ႏွင့္လိုက္ .. ငါ မင္းကိုဆက္သြယ္လိုက္မယ္ "

ကုခ်န္က ဘယ္လိုဆက္သြယ္မွာလဲဟု မေမးေတာ့ေပ ။ ဆက္ေျပာေနလ်ွင္ သူလိမ္ထားတာ ေပၚသြားလိမ့္မည္ ။ ၾကၫ့္ရသည္မွာ သူသတ္လိုက္သၫ့္လူထက္ လင္ေရွာင္းရီ က ပိုၿပီး ကြၽမ္းက်င္သၫ့္ပံုပင္ ။ သူက ဒီေလာက္ေျပာတာေတာင္ လြယ္လြယ္ ထုတ္မေျပာေသးဘူး ။ သတ္ရင္ေတာင္ လြယ္လြယ္ သတ္လို႔မရႏိုင္ဟူသၫ့္ ခံစားခ်က္မ်ိဳးရေနခဲ့သည္။

ထြက္ခြာသြားသၫ့္ ကားအားၾကၫ့္ရင္း လင္ေရွာင္းရီ၏ အၾကၫ့္က ရႈပ္ေထြးကာ က်န္‌ေနခဲ့သည္။

____
အဆင့္အတန္းျမင့္ကာ တန္ေၾကးႀကီးမွားပံုရသၫ့္ ႏိုက္ကလပ္ထဲရိွ အခန္းတစ္ခုထဲတြင္ ရႈမင္ရန္က သက္ေတာင့္သက္သာ အမႈအရာျဖင့္ ထိုင္ေနေလသည္ ။ သို႔ေသာ္ သူမွလြဲကာ အခန္းထဲတြင္ ‌အသက္ရႈၾကပ္ေလာက္စရာ ျဖစ္ေနခဲ့သည္ ။ ကုရွင္းက ရႈမင္ရန္၏ ရင္ခြင္ထဲတြင္ ရိွေနရင္း သူမအေရ႔ွက လူအား စူးရဲစြာၾကၫ့္ေနခဲ့သည္ ။ သူမ၏ အၾကၫ့္က စားပြဲထက္ရိွ ဓာတ္ပံုမ်ားကို ေရာက္သြားခ်ိန္ ေဒါသေၾကာင့္ မ်က္ႏွာပင္ နီရဲသြားသည္ ။ အေရ႔ွကလူသည္ ကုခ်န္အေၾကာင္း သတင္းပို႔ေပးခဲ့သၫ့္လူပင္ ။

သူမသာ အခုလို ရုတ္တရက္ ရႈမင္ရန္ထံ မေရာက္လာခဲ့ပါက  ဒီလူက ကုခ်န္၏ အေၾကာင္းမ်ားကို စံုစမ္းေနခဲ့ေၾကာင္း သိရလိမ့္မည္ မဟုတ္ေခ် ။ ဓာတ္ပံုထဲတြင္ အျပစ္ကင္းစင္ပံုရသၫ့္ အၿပံဳးတစ္ခုအား ထုတ္ေဖာ္ေနသၫ့္ ကုခ်န္အား ျမင္လိုက္ရခ်ိန္ သူမသည္ ဓာတ္ပံုမ်ားအား မဆုပ္ၿဖဲမိေအာင္ ထိန္းထားရသည္ ။ ဘာေၾကာင့္မွန္းမသိ ဒီလူသည္ သူမလမ္းကိုဝင္ရႈပ္ေနသည္ဟု ခံစားရသလို ဒီလူသည္ မတည္ရိွသင့္ဟုလည္း ခံစားေနရသည္ ။

သူမက ရႈမင္ရန္၏ ရင္အုပ္က်ယ္အား လက္ျဖင့္ အသာထိလ်က္ " ဒီေကာင္ေလးကို စိတ္ဝင္စားေနတာလား " ဟုေမးလိုက္သည္ ။ သူမအသံကို ၾကားရသူတိုင္း ခ်စ္သူအား သဝန္တိုေနသၫ့္ မိန္းကေလးတစ္ေယာက္မွန္း သိႏိုင္ေလသည္ ။

သို႔ေသာ္ တိတ္ဆိတ္မႈသာ ႀကီးစိုးေနၿပီး ျပန္ေျဖသံမၾကာရေခ် ။ ကုရွင္းက ရႈမင္ရန္၏ ရင္ခြင္ထဲမွ ထရန္ႀကိဳးစားလိုက္သည္။ အခါတိုင္းဆိုလ်ွင္ ဒီလူက သူမအား ဆြဲခ်ကာ ရင္ခြင္ထဲ ျပန္ဆြဲသြင္းမည္ ျဖစ္ေသာ္လည္း အခုခ်ိန္တြင္ ရႈမင္ရန္က တုပ္တုပ္မလႈပ္ေခ် ။ ကုရွင္းက ရႈမင္ရန္အား တစ္ခုခုေျပာခ်င္သၫ့္ ပံုစံျဖင့္ လက္ညိုးထိုးလိုက္ေသာ္ျငား မ်က္လႊာအသာပင့္ကာ ဂရုမစိုက္စြာ ၾကၫ့္လာသၫ့္သူေၾကာင့္ ပါးစပ္ပိတ္လိုက္ရသည္ ။

" မၾကာခင္ .. ပိုင္မိသားစုကို ၿဖိဳခြဲၿပီးတာနဲ႔ .. ေနာက္တဆင့္ကိုလုပ္ေတာ့မွာ မဆိုင္တာေတြ သိပ္ဂရုမစိုက္နဲ႔ " ရႈမင္ရန္က သာမန္သာေျပာလိုက္ၿပီး ထရပ္လိုက္ကာ ကုရွင္း၏ အနားသို႔ တိုးကပ္လိုက္သည္ ။ " မင္းလုပ္ရမွာက ၿမိဳ႔ေတာ္ကို ထိန္းခ်ဳပ္ၿပီး အာဏာကို ကိုင္ထားႏိုင္တဲ့ အရည္အခ်င္းရိွေအာင္ လုပ္ဖို႔ဘဲ .. ငါက အဆင္သင့္ေပးရင္ေတာင္ မင္းက ယူထားႏိုင္မွ ျဖစ္မွာေလ "

ကုရွင္း၏ အၾကၫ့္ကရႈပ္ေထြးသြားကာ ေတြေဝသြားသည္ ။ သူမက ရႈမင္ရန္အား ေပြရႈပ္သူဟု ဆိုဆဲခ်င္ေသာ္လည္း သူမတို႔၏ ပူးေပါင္းေဆာင္ရြက္မႈကို ေတြးမိလိုက္ခ်ိန္တြင္ တိတ္တဆိတ္ပင္ ထြက္သြားခဲ့သည္။ ရႈမင္ရန္သည္ သူမအား အထက္သို႔တင္ေပးႏိုင္လ်ွင္ ေအာက္ကိုလဲ ဆြဲခ်ႏိုင္သည္ကို သိေနေသာေၾကာင့္ပင္ ။ သူမအတြက္ မိန္းမတစ္ေယာက္သည္ ကိုယ္ပိုင္အင္အားရိွသင့္သည္ဟု မွတ္ယူထားကာ ေနာင္တခ်ိန္တြင္ ရႈမင္ရန္သည္ သူမအား ေမာ့ၾကၫ့္ရသၫ့္အဆင့္ကို ေရာက္ရမည္ ။ ထိုအခ်ိန္ထိ မေရာက္ခင္ သူမက ‌စိတ္ခံစားခ်က္မ်ားကို ထိန္းခ်ဳပ္ႏိုင္ရမည္ ။

သူမက အခန္းထဲတြင္ က်န္ေနခဲ့သၫ့္ ရႈမင္ရန္၏ မ်က္ႏွာေသတြင္ စိတ္ပ်က္သၫ့္ အၾကၫ့္တစ္ခ်က္ ေပၚလာသည္ကို မေတြ့လိုက္ရေပ ။

" ထူးမျခားနားပါဘဲလား .." ရႈမင္ရန္က ေခါင္းယမ္းကာ ေရရြတ္ရင္း က်န္ေနခဲ့သည္ ။ ယခု ကုရွင္း၏ အျပဳအမႈက သူ႔အား စိတ္ပ်က္သြားေစၿပီး သူမသည္လည္း တမူထူးျခားေနျခင္း မေနေၾကာင္း သိလိုက္ရသျဖင့္ စိတ္ဝင္စားမႈေပ်ာက္ဆံုးသြားေလသည္ ။

_________________
Unicode

ကုချန်က ကြောင်အနေရာမှ လက်ပတ်ကြိုးအနက်အား ကြည့်လိုက်မိသည် ။ မနေ့ကကဲ့သို့  နာကျင်မှုမရှိသော်လည်း လက်ပတ်အနက်သည် တုန့်ပြန်သည့်အလား အလင်းဖျော့ဖျော့ကို ထုတ်လွှတ်နေခဲ့သည် ။ ကုချန်၏ အတွေးထဲတွင် သတိထားမှုများဖြစ်လာလေသည် ။ လက်ပတ်အနက်သည် ချန်ခယ့်ကိုယ်တွင်းက အမည်မသိအရာမှ ဖြစ်လာခြင်း ။ လင်ရှောင်းရီ၏ ကိုယ်တွင်းတွင်လည်း ထိုကဲ့သို့ အရာလေး ရှိနေလိမ့်မည် ။ ပြီးတော့ သူတို့နှစ်ယောက်က တွဲဖက်ပင် ဖြစ်နေသေးသည် ။

( A/N: ဒီနေရာမှာ တွဲဖက်ဆိုတာက စုံတွဲလိုမဟုတ်ဘဲ အလုပ်အတူတူလုပ်တဲ့သူမျိုးပါ )

သူက မျက်စိရှေ့မှ လင်ရှောင်းရီအား အမြင်တမျိုးဖြင့် မြင်သွားလေသည် ။ ကုချန်၏ မျက်လုံးအတွင်းတွင် လင်ရှောင်းရီ၏ နဖူးတွင် စာတစ်ကြောင်း ကပ်ထားသည်နဲ့ တူနေသည် ။ ' ရှင်သန်ခြင်း အမှတ် ' ဟူ၍ပင် ။

လင်ရှောင်းရီက တစ်ခါတစ်ခါမျက်မှောင်ကြုတ်လိုက် တွေးလိုက် လုပ်နေသည့် ကုချန်အား ကြည့်ရင်း သူ၏ မျက်ခုံးများက တွန့်ချိုးသွားသည် ။ သူကြည့်နေစဉ်ပင် ကုချန်၏ မျက်ဝန်းများ အရောင်တောက်လာသည်ကို တွေ့လိုက်ရသည် ။

" မင်း!! "

" ငါ့ရဲ့ system က error တက်သွားတာထင်တယ် " ကုချန်က စမ်းကြည့်ရန်ဆုံးဖြတ်လိုက်ပြီး ပြောလိုက်လေသည် ။ တကယ်လို့ သူသာ လင်ရှောင်းရီအား သတ်နိုင်ခဲ့ပါက ရှင်သန်ခြင်း အမှတ်များ ရမည်မှန်သော်လည်း ဤဖြစ်ရပ်တစ်ခုလုံး၏ နောက်ကွယ်က တရားခံအား တသက်လုံးသိရန် အခွင့်အရေး မရှိ‌ဘဲ နေလိမ့်မည် ။ အရင်ဆုံး လင်ရှောင်းရီအား သတ်လို့ မရသေးပေ။

ကုချန်က လင်ရှောင်းရီ၏ သံသယအကြည့်အား မသိချင်ယောင်ဆောင်ထားကာ လက်ပတ်အား စိတ်ပျက်စွာ ကြည့်နေလိုက်သည် ။ လင်ရှောင်းရီ က ကုချန်ထံမှ မည်သည့် မသင်္ကာစရာ အပြုအမှုကိုမှ ရှာမတွေ့ခဲ့သဖြင့် ကုချန်၏ လက်အား ဆွဲကာ လက်ပတ်ကို ကြည့်လိုက်သည် ။ သူ့အတွေးထဲတွင်တော့ ' error တက်တယ်ဆိုတာ ဖြစ်နိုင်လို့လား .. အဲ့ဒီလူ လုပ်ထားတဲ့ ဒီပစ္စည်းကလေ..  ' ဆိုသည့် စကားလုံးများသာ ပဲ့တင်ထပ်နေသည် ။

ကြည့်နေရင်းဖြင့် လင်ရှောင်းရီက ဒေါသအမှုအရာပြောင်းသွားလေသည် ။ သူက ကုချန်အား ကြည့်လိုက်ကာ " ဘယ်သူလုပ်တာလဲ!!! .. ဘယ်သူက မင်းကို တိုက်ခိုက်လိုက်တာလဲ!!!! "

ကုချန်က သူ၏အံ့အားသင့်သည့်အကြည့်အား ဖုံးကွယ်လိုက်ပြီး လင်ရှောင်းရီအား မော့ကြည့်လိုက်သည် ။ သူက စိတ်ပျက်လက်ပျက်အမှုအရာဖြင့် " တိုက်ခိုက်ခံခဲ့ရတာလား .. အဲ့ဒါကြောင့်data အချို့ပျက်စီးသွားတာထင်တယ် .. ငါ ဘာမှ မမှတ်မိတော့ဘူး .. ပြီးတော့ ဒီကမ်ဘာရဲ့ အချက်အလက်တွေလဲ မရဘူး "

" အဲ့လောက်ထိတောင်လား .." လင်ရှောင်းရီက တည်ငြိမ်သွားကာ တိတ်တဆိတ်‌ရေရွတ်လိုက်သည် ။

လင်ရှောင်းရီက ဘာမှဆက်မပြောသေးဘဲ ကုချန်အား ကြည့်လာပြီးမှ " အရင်ပြန်နှင့်လိုက် .. ငါ မင်းကိုဆက်သွယ်လိုက်မယ် "

ကုချန်က ဘယ်လိုဆက်သွယ်မှာလဲဟု မမေးတော့ပေ ။ ဆက်ပြောနေလျှင် သူလိမ်ထားတာ ပေါ်သွားလိမ့်မည် ။ ကြည့်ရသည်မှာ သူသတ်လိုက်သည့်လူထက် လင်ရှောင်းရီ က ပိုပြီး ကျွမ်းကျင်သည့်ပုံပင် ။ သူက ဒီလောက်ပြောတာတောင် လွယ်လွယ် ထုတ်မပြောသေးဘူး ။ သတ်ရင်တောင် လွယ်လွယ် သတ်လို့မရနိုင်ဟူသည့် ခံစားချက်မျိုးရနေခဲ့သည်။

ထွက်ခွာသွားသည့် ကားအားကြည့်ရင်း လင်ရှောင်းရီ၏ အကြည့်က ရှုပ်ထွေးကာ ကျန်‌နေခဲ့သည်။

____
အဆင့်အတန်းမြင့်ကာ တန်ကြေးကြီးမှားပုံရသည့် နိုက်ကလပ်ထဲရှိ အခန်းတစ်ခုထဲတွင် ရှုမင်ရန်က သက်တောင့်သက်သာ အမှုအရာဖြင့် ထိုင်နေလေသည် ။ သို့သော် သူမှလွဲကာ အခန်းထဲတွင် ‌အသက်ရှုကြပ်လောက်စရာ ဖြစ်နေခဲ့သည် ။ ကုရှင်းက ရှုမင်ရန်၏ ရင်ခွင်ထဲတွင် ရှိနေရင်း သူမအရှေ့က လူအား စူးရဲစွာကြည့်နေခဲ့သည် ။ သူမ၏ အကြည့်က စားပွဲထက်ရှိ ဓာတ်ပုံများကို ရောက်သွားချိန် ဒေါသကြောင့် မျက်နှာပင် နီရဲသွားသည် ။ အရှေ့ကလူသည် ကုချန်အကြောင်း သတင်းပို့ပေးခဲ့သည့်လူပင် ။

သူမသာ အခုလို ရုတ်တရက် ရှုမင်ရန်ထံ မရောက်လာခဲ့ပါက  ဒီလူက ကုချန်၏ အကြောင်းများကို စုံစမ်းနေခဲ့ကြောင်း သိရလိမ့်မည် မဟုတ်ချေ ။ ဓာတ်ပုံထဲတွင် အပြစ်ကင်းစင်ပုံရသည့် အပြုံးတစ်ခုအား ထုတ်ဖော်နေသည့် ကုချန်အား မြင်လိုက်ရချိန် သူမသည် ဓာတ်ပုံများအား မဆုပ်ဖြဲမိအောင် ထိန်းထားရသည် ။ ဘာကြောင့်မှန်းမသိ ဒီလူသည် သူမလမ်းကိုဝင်ရှုပ်နေသည်ဟု ခံစားရသလို ဒီလူသည် မတည်ရှိသင့်ဟုလည်း ခံစားနေရသည် ။

သူမက ရှုမင်ရန်၏ ရင်အုပ်ကျယ်အား လက်ဖြင့် အသာထိလျက် " ဒီကောင်လေးကို စိတ်ဝင်စားနေတာလား " ဟုမေးလိုက်သည် ။ သူမအသံကို ကြားရသူတိုင်း ချစ်သူအား သဝန်တိုနေသည့် မိန်းကလေးတစ်ယောက်မှန်း သိနိုင်လေသည် ။

သို့သော် တိတ်ဆိတ်မှုသာ ကြီးစိုးနေပြီး ပြန်ဖြေသံမကြာရချေ ။ ကုရှင်းက ရှုမင်ရန်၏ ရင်ခွင်ထဲမှ ထရန်ကြိုးစားလိုက်သည်။ အခါတိုင်းဆိုလျှင် ဒီလူက သူမအား ဆွဲချကာ ရင်ခွင်ထဲ ပြန်ဆွဲသွင်းမည် ဖြစ်သော်လည်း အခုချိန်တွင် ရှုမင်ရန်က တုပ်တုပ်မလှုပ်ချေ ။ ကုရှင်းက ရှုမင်ရန်အား တစ်ခုခုပြောချင်သည့် ပုံစံဖြင့် လက်ညိုးထိုးလိုက်သော်ငြား မျက်လွှာအသာပင့်ကာ ဂရုမစိုက်စွာ ကြည့်လာသည့်သူကြောင့် ပါးစပ်ပိတ်လိုက်ရသည် ။

" မကြာခင် .. ပိုင်မိသားစုကို ဖြိုခွဲပြီးတာနဲ့ .. နောက်တဆင့်ကိုလုပ်တော့မှာ မဆိုင်တာတွေ သိပ်ဂရုမစိုက်နဲ့ " ရှုမင်ရန်က သာမန်သာပြောလိုက်ပြီး ထရပ်လိုက်ကာ ကုရှင်း၏ အနားသို့ တိုးကပ်လိုက်သည် ။ " မင်းလုပ်ရမှာက မြို့တော်ကို ထိန်းချုပ်ပြီး အာဏာကို ကိုင်ထားနိုင်တဲ့ အရည်အချင်းရှိအောင် လုပ်ဖို့ဘဲ .. ငါက အဆင်သင့်ပေးရင်တောင် မင်းက ယူထားနိုင်မှ ဖြစ်မှာလေ "

ကုရှင်း၏ အကြည့်ကရှုပ်ထွေးသွားကာ တွေဝေသွားသည် ။ သူမက ရှုမင်ရန်အား ပွေရှုပ်သူဟု ဆိုဆဲချင်သော်လည်း သူမတို့၏ ပူးပေါင်းဆောင်ရွက်မှုကို တွေးမိလိုက်ချိန်တွင် တိတ်တဆိတ်ပင် ထွက်သွားခဲ့သည်။ ရှုမင်ရန်သည် သူမအား အထက်သို့တင်ပေးနိုင်လျှင် အောက်ကိုလဲ ဆွဲချနိုင်သည်ကို သိနေသောကြောင့်ပင် ။ သူမအတွက် မိန်းမတစ်ယောက်သည် ကိုယ်ပိုင်အင်အားရှိသင့်သည်ဟု မှတ်ယူထားကာ နောင်တချိန်တွင် ရှုမင်ရန်သည် သူမအား မော့ကြည့်ရသည့်အဆင့်ကို ရောက်ရမည် ။ ထိုအချိန်ထိ မရောက်ခင် သူမက ‌စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ရမည် ။

သူမက အခန်းထဲတွင် ကျန်နေခဲ့သည့် ရှုမင်ရန်၏ မျက်နှာသေတွင် စိတ်ပျက်သည့် အကြည့်တစ်ချက် ပေါ်လာသည်ကို မတွေ့လိုက်ရပေ ။

" ထူးမခြားနားပါဘဲလား .." ရှုမင်ရန်က ခေါင်းယမ်းကာ ရေရွတ်ရင်း ကျန်နေခဲ့သည် ။ ယခု ကုရှင်း၏ အပြုအမှုက သူ့အား စိတ်ပျက်သွားစေပြီး သူမသည်လည်း တမူထူးခြားနေခြင်း မနေကြောင်း သိလိုက်ရသဖြင့် စိတ်ဝင်စားမှုပျောက်ဆုံးသွားလေသည် ။

_________________

Continue Reading

You'll Also Like

1.1M 87K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
247K 9K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.3M 137K 70
Love has no race!
4.6M 519K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...