Zawgyi...
ေက်ာင္းရဲ႕ စုေဝးေဟာခန္းမႀကီးအတြင္း ေဟာေျပာေနၾကေသာ ဆရာဝန္ေတြအသီးသီးက ပ႐ိုဂ်က္တာႀကီးေ႐ွ႕၌ က်န္းမာေရး ဗဟုသုတအျဖာျဖာတို႔အား အသိေပးလ်ွက္႐ွိေလသည္..။
ထိုလူအုပ္ႀကီးေတြၾကားထဲမွ ေကာင္ေလးတစ္ေယာက္က သူ႔ရဲ႕တစ္ေယာက္ေသာသူအား ေငးေငးကေလးၾကည့္လို႔..
အၾကည့္ခံရသူကလည္း သ်ွမ္ၾကည့္တာ သိေနသည္ေၾကာင့္ မ်က္လံုးခ်င္းပင္မဆံုရဲေပ...
"ဟုတ္ကဲ့ မသိတာ႐ွိရင္ေမးပါ.. "
မိုက္ခ႐ိုဖုန္းအား ႏႈတ္ခမ္းနားေတ့ခါ ေျပာေတာ့ ဩဇာေညာင္းသည့္ အသံက တိတ္ဆိတ္ေနေသာ အခန္းထဲ ပဲ့တင္ထပ္သြားေလသည္...။
"ဟို..."
လူၾကားထဲမွ လက္ေထာင္လာသည့္ ျဖဴျဖဴဥဥ ခပ္ပိန္ပိန္ မ်က္မွန္ဝိုင္းနဲ႔ေကာင္ေလးက ဦးတည္အား ၾကည့္ခါ ျပံဳးစိစိေလး...
သ်ွမ္ မ်က္ခံုးေတြကို ၾကဳတ္ပစ္လိုက္သည္။
..........
"အကို႔ နာမည္က စပ္စိုင္းခမ္ တဲ့လား.."
ပြဲၿပီးကတည္းက အနားမွာ ေကာ္လိုကပ္ေနတဲ့ ထိုေကာင္ေလးကေရာ ဘာလဲ...
စိုင္းခမ္ ေခါင္းသာညႇိမ့္ျပရင္း သိမ္းစရာ႐ွိတာေတြကို ထုတ္ပိုးေနလိုက္သည္..။
"ဖုန္း နံပါတ္ေလး ေပးပါအံုးအကိုဗ်.."
ရဲတင္းသည္ဆိုတာထက္ကို ပိုသည့္ ေက်ာင္းသားငယ္က ေခတ္ဆန္ခါ ေဟာ့သည္..။ စကားတိုင္းက ေပါ့ပ်က္ပ်က္နဲ႔မို႔ ဘယ္လိုမွနားေထာင္မေကာင္း...
သူ႔ရဲ႕ ထိုလူသားႏွင့္ ယွဥ္လ်ွင္ေတာ့ ဆီလို ေရလို ကြာသည္။ စကားေျပာတိုင္း ဆြဲေဆာင္ေနသည့္ ပါးတစ္ဖတ္က ပါးခ်ိဳင့္ရယ္ သြားဆြယ္ေဖြးေဖြးရယ္က အခု သူ႔ေ႐ွ႕မွာ ရပ္ေနသည့္ ပိန္ကပ္ကပ္ေကာင္ေလးနဲ႔ တျခားစီ.. ဟိုက လံုးလံုးေလး... ေျပာမရဘူး ဗိုက္မွာ အဆီေတြေတာင္ ရစ္ခ်င္ရစ္ေနအံုးမွာေလ...
"အကို..."
ေခၚသံေၾကာင့္ ပူးတြဲယွဥ္တြဲေနေသာ စိတ္က အလိုလို ေတြးမိသြားသည့္ လူတစ္ဦးေၾကာင့္ ဝဲဘက္ရင္အံုးက လႈပ္စိလႈပ္စိနဲ႔ လုပ္လာျပန္ၿပီေရာ..
ျဖတ္ခနဲ အၾကည့္က အခန္းတံခါးဆီေရာက္သြားေသာအခါ တံခါးေဘာင္ကို မွီတင္းခါလက္ပိုက္ထားေသာ ျဖဴလံုးရဲ႕ မွင္ေသေသမ်က္ႏွာမွာ ေဒါသ မီးေယာင္မ်ားကို ျမင္ေနရသည္။
စိုင္းခမ္ မ်က္ခံုးေတြ လႈပ္လာသည္မို႔...
"အာ..ကိုယ့္မွာ ဖုန္းမ႐ွိဘူး.."
ဉာဏ္နည္းေသာ အေျဖေၾကာင့္ တဖတ္လူမွာ စိတ္ကသိကေအာက္ျဖစ္သြားရသည္။
"ဘာရယ္.."
"အမ္း..အင္း..ဪ လတ္တေလာ ကိုင္ေနတဲ့ ဖုန္းက ျပတ္သြားလို႔ အဲ့တာ ဆိုင္မွာ.. အင္း..ဟုတ္တယ္ ဟုတ္တယ္"
ျဖဴလံုးကိုလဲ တစ္ခ်က္လွမ္း႐ိႈးရေသးသည္..။ ျဖဴလံုး စိတ္ဆိုးမွာကိုေတာ့ သူ႕ရဲ႕ မသိစိတ္က အေသေၾကာက္မိသည္..။ေစာေစာနကလည္း ေဒါက္တာသက္ဆြဲေခၚသြားသည္ေၾကာင့္ ျဖဴလံုးစိတ္ဆိုးသြားတာ မေခ်ာ့လိုက္ရေပ...။
"ဪ.. ရပါတယ္.. ဖုန္းနံပါတ္ဘဲေတာင္းတာ.."
"မဟုတ္ဘူး.. ဖုန္းနံပါတ္က...."
....."က်စ္....." အနားသို႔ ဆုတ္သက္ရင္း ေရာက္လာေသာ သ်ွမ္က ခြန္႔အနားသို႔ တိုးကပ္ရင္း ပုခံုးေပၚ လက္တင္လိုက္သည္။
"မေပးခ်င္တဲ့ ဖုန္းနံပါတ္တစ္ခုကို ဘာလို႔ အတင္းလိုက္ေတာင္းေးခ်င္ေနတာလဲ... "
"သ်ွမ္ညီေသြး..မင္းမဟုတ္လား..မင္းနဲ႔ဘာဆိုင္လို႔လဲ.."
"ေမာင္လႊမ္းမိုးပိုင္ ... လစ္စရာ႐ွိရင္ လစ္လိုက္ေတာ့ ငါ့လူကို လာမထိနဲ႔.. ေစာနကတည္းကၾကည့္ေနတာ ဒီငတံုး သူ႔ဘာသာသူ ေျဖ႐ွင္းႏိုင္မယ္ထင္ေနတာ ျပႆနာက ငါမပါရင္မၿပီးဘူးေလ... ဒါနဲ႔မ်ား ငါ့ကို သူက ပိန္းပင္လို႔ေတာင္ nickname ကေပးလိုက္ေသးတယ္... ကဲ အခုသိၿပီမွလား လစ္လိုက္ေတာ့.. မဟုတ္ရင္ တပ္ထားတဲ့မ်က္မွန္ ကြၽတ္ထြက္သြားေအာင္ ႐ိုက္ပစ္မယ္.."
သ်ွမ္႔အား အနည္းငယ္႐ွိန္သည္မို႔ လႊမ္းမိုးပိုင္ ေနာက္ဆုတ္ရသည္..။သ်ွမ္ညီေသြးတဲ့ မသိတဲ့သူ႐ွားတယ္ေလ သ်ွမ္ညီေသြးဆိုတာနဲ႔ ေက်ာင္းက ဆူးလံုးလို႔ ေျပးျမင္ၾကတာ.. ဘယ္ေနရာဘဲသြားသြား သူ႔နဲ႔ျပႆနာတက္ရင္ လွိမ္႕ေနတဲ႕ဆူးလံုးလိုမ်ိဳး ၿငိပါသြားၾကသည္မို႔ ေတာ္ရံု ေ႐ွာင္ၾကသည္။ဒါ့ေၾကာင့္လည္း လႊမ္းမိုးပိုင္ အျမန္လစ္ရၿပီမဟုတ္လား..။
ေဘးက ခြန္ ကေတာ့ သူ႔အား ငတံုးလို႔ေခၚတဲ့ကိစၥေၾကာင့္ ေဒါသဲထြက္ရမလား ဇိုးဆိုက္ဖမ္းေနသည့္ ျဖဴလံုးကိုဘဲ ေၾကာက္ရမလား အေျခအေနက တစ္မူထူးေနၿပီ...
"ဟင့္......"
အသံကေလးေပးခါ သူ႔ဘက္လွည့္လာသည္မို႔ ခြန္ ကိုယ္ကိုမတ္ခါ ေျခေထာက္ေတြကို စုပစ္ရင္း ေခါင္းကိုေမာ္ခါ အၾကည့္ခ်င္းမဆံုေစဘဲ ထားလိုက္သည္..။
"ဘာျဖစ္ေနတာလဲ အဲ့ပံုစံ... ဒီက ေမာ့ၾကည့္ေနရတာ ဇက္ေက်ာတက္တယ္.. "
တစ္ခ်က္လႊတ္အမိန္႔မွာ ေခါင္းကို ေအာက္ဆိုဒ္ခါ ျဖဴလံုးမ်က္ႏွာကိုၾကည့္ရသည္..။ဆူပုတ္ေနသည့္ မ်က္ႏွာက နီရဲရဲေလးမို႔ ျဖစ္ညႇစ္ခ်င္စရာ...
"ဦးတည္... ပိန္းပင္က က်ဳပ္မဟုတ္ဘဲ ခင္ဗ်ား.. သိလား.. ခင္ဗ်ားကို စိတ္ဆိုးတယ္.. တစ္ပတ္တိတိ ခင္ဗ်ား အလုပ္ကိုလည္း မလာဘူး ဖုန္းလည္းမဆက္ဘူး.. "
ေျပာခ်င္ရာေျပာၿပီးထြက္သြားေသာ ျဖဴလံုးက တကယ္ပင္ ဘာေတြစားထားတာလဲ.. ေဖာင္းေနတဲ့ ပါးႀကီးႏွစ္ဖတ္က လႈပ္တုပ္လႈပ္တုပ္နဲ႔... အဲ့ေျခတိုေလးေတြကလည္း လမ္းေလ်ွာက္တာ ျမန္လိုက္တာမွ....
"ဘာလဲ ဒီအေျခအေနႀကီးက မသိရင္ သူမ်ားေတြက ငါတို႔ႏွစ္ေယာက္ကို ခ်စ္သူေတြလို႔ ထင္ေနအံုးမယ္..."
ေခါင္းကေလးကုတ္ခါ အာရံုေထြျပားသြားသည္မို႔...
"အံမယ္... က်န္း ေစာနကထဲကေမးမလို႔ အဲ့အေသးေလးက ဘယ္သူလဲ.. "
ေဒါက္တာသက္က မ်က္ခံုးႀကီးပင့္ခါပင့္ခါ ေမးလာေတာ့ ခြန္ေခါင္းခါမိသည္။ ေဒါက္တာသက္က ခြန္႔လက္ေမာင္းကို တံေတာင္ႏွင့္တြတ္ခါ အေျဖမွန္မေပၚမခ်င္း ေမးေနသည္။
"ေျပာစမ္း.. အဲ့အေသးေလးနဲ႔ တြဲေနတာမွလား.. ငါဆူမွာေၾကာက္လို႔မေျပာတာလား..."
"သက္..ၿငိမ္ၿငိမ္ေနစမ္း.. သူမ်ားေတြၾကည့္ကုန္ၿပီ.. ဒါ ကိုယ့္အိမ္မဟုတ္ဘူး.. ပါးစပ္ကို ဆင္ဆင္ျခင္ျခင္ထား.."
"ဘာ႐ွက္ေနတာလဲ အခုမွ... ယိုသူမ႐ွက္ ျမင္သူ႐ွက္တဲ့ ေစာနကေတာ့ ေကာ္ရစ္တာမွာ ဖတ္ယက္ေနၾကၿပီး.. အခုမွေျပာင္လိမ္ေျပာင္စား ေျပာင္းဖူးစားသလိုလုပ္ၿပီးမွ လက္ပူးလက္က်ပ္မိေနတာေတာင္ ဘူးသီးလာလုပ္ေနတယ္ ေျပာ အဲ့သစ္အယ္သီးေလးက ဘယ္သူလဲ .."
"သက္...နင္ေနာ္..."
"စိုင္းခမ္ရယ္ နင့္မလည္း လင္စံေရြး လင္ေခြးနဲ႔ ညားေတာ့မယ္.. ၾကားဖူးတယ္မွလား.. ေအး.. ထပ္မေရြးစမ္းပါနဲ႔ေအ.. နင့္အသက္လည္း မေသးေတာ့ဘူး ေျမႀကီးေပၚဖင္ေစာင့္ေနၿပီ... ေရြးလို႔ေကာင္းတဲ့အရြယ္မဟုတ္ေတာ့ဘူးေလ..."
"ၿပီးေတာ့ ေကာင္ေလးကလည္း ခ်စ္႐ွာသား ဦးတည္ ဦးတည္နဲ႔ ပါးစပ္ဖ်ားက မခ်ရဘူး.. ေဆးရံုကို ဝင္လြန္းထြက္လြန္းလို႔ ဂိတ္တံခါးေတာင္ႀကိဳးေတာ့မယ္.. နင္ကမသိေပမဲ့ ေဘးက ၾကည့္တဲ့ ငါတို႔က သိပါတယ္ေအ.. "
ေဒါက္တာသက္က စိတ္႐ွည္လက္႐ွည္နဲ႔ ပစၥည္းေတြသိမ္းရင္း စဝ္စိုင္းခမ္အား နားခ်ေနျပန္သည္..။
"သက္... နင့္ကို ဒီကိစၥေတြအားလံုး ေလးယံေျပာတာမို႔လား ဒီေကာင္ေတာ့လား ေတြ႔ၾကေသးတာေပါ့.."
သက္က ဆိုးေဆးကာလာအနီအျပည့္ခ်ယ္ထားေသာ ႏႈတ္ခမ္းကေလးအား ေစ့ရံုတင္ ျပံဳးလိုက္သည္။ ပါတိတ္ဝမ္းဆက္နဲ႔မို႔ သက္က သိပ္လွတာ.. အေနာက္တိုင္း မင္းသမီးႀကီးေတြနီးပါး အရပ္႐ွည္ၿပီး မ်က္ႏွာ ေလးေထာင့္ဆန္ဆန္ႏွင့္ အညိဳေရာင္ ဆံပင္လိပ္ေတြက ျဖဴဝင္းေသာ မ်က္ႏွာကို ပ့ံပိုးေပးလ်ွက္....... ၿပီးေတာ့ သက္ႏွင္းစံက ကြၽန္ေတာ့္ရဲ႕အမရင္းတစ္ေယာက္လိုသာ...
——————
"ဟြန္႔ ဦးတည္ ငတံုး... ေဘးမွာလည္း ဝိုင္းဝိုင္းပိုလည္လို႔ သိပ္စြန္ေနတယ္ေပါ့ေလ ဟုတ္လား တစ္ခါေလာက္ျဖစ္ျဖစ္ အမွတ္႐ွိေအာင္ အၫြန္႔ခ်ိဳးထားအံုးမွပါ...."
..."ဟဲ့ေကာင္ ဘာစကားေတြလဲဟ... နား႐ွက္တာကြာ.. မင္းဘယ္သူ႔ကို အၫြန္႔ခ်ိဳးခ်င္ေနတာလဲ..."
မလံုမလဲနဲ႔ စိုးသူရက သူ႔ညီကို လက္ကေလးအုပ္ခါ ...
"ငါလိုးမ စိုးသူရ မင္း ဘယ္ေျပာက္ေနတာလဲ..."
"ေအာင္မာ.. အဲ့ကိစၥဘဲေျပာမလို႔ မင္းေျပာေတာ့ ကန္တင္းထိုင္မယ္ဆို ငါ့မွာေတာ့ ေနပူက်ဲတဲႀကီးထဲ ေက်ာင္းဂိတ္ဝမွာ မင္းကိုေစာင့္လို႔.. ျဖဴဝင္း လာေျပာမွသိတယ္ မင္းက စုေဝးခန္းက ေဟာေျပာပြဲမွာ ႐ွိေနတာဆို..."
"ဟဲဟဲ...."
သေကာင့္သားက ေစာနကသူဆဲတာမဟုတ္သလိုလို မ်က္ႏွာ စပ္ၿဖီးၿဖီးနဲ႔ ရယ္ျပလာေတာ့ စိုးသူရ သူ႔ဖိုင္တြဲႏွင့္ သ်ွမ့္ေခါင္းကို ထုခ်လိုက္သည္...။
"အ.!."
"မွတ္ကေရာ.. ေနာက္တခါ လုပ္လို႔ကေတာ့ ဇြက္ ဇြက္ဘဲ နားလည္သေဘာေပါက္ထား..."
"ေအး..ေအးပါကြာ..."
ေခါင္းကေလး လက္ႏွင့္ပြတ္ခါ ျပန္ေျဖ႐ွာသည္။
...........♥♥♥♥♥♥♥...........
S1 မွာတုန္းက မိႏြယ္ နဲ႔ ေဂ်ာ္နီ ၊
ေထြးငယ္ နဲ႔ ကိုေအာင္ ျပီးေတာ့ ခင္သီ ... သူတို႔ေတြကို ဘာမွဆက္မေရးဘဲ ဇာတ္ျမႇဳပ္လိုက္တဲ့အေၾကာင္းအရင္းက s2 မွာစမွာပါ..
တကယ္က s1 ep.54 မွာ ဇာတ္မသိမ္းဘဲ ep.55 မွသိမ္းရမဲ့အခန္းကို အားလံုးက s2 ဆိုၿပီး ေတာင္းဆိုလာတဲ့အတြက္ေၾကာင့္ ဇာတ္ကြက္ကို အပိုဒ္လိုက္ေရႊ႕ခဲ့ပါတယ္.. အဲ့တာေၾကာင့္ သူတို႔အတြဲေလးေတြ ဘာျဖစ္သြားသလဲဆိုတာကို s2မွာ ေမ်ွာ္ေပးၾကပါ..flashback အေနနဲ႔ ပါဝင္သြားမွာပါ..
ဒါကေတာ့ double update! ေလးပါ..😁
Unicode...
ကျောင်းရဲ့ စုဝေးဟောခန်းမကြီးအတွင်း ဟောပြောနေကြသော ဆရာဝန်တွေအသီးသီးက ပရိုဂျက်တာကြီးရှေ့၌ ကျန်းမာရေး ဗဟုသုတအဖြာဖြာတို့အား အသိပေးလျှက်ရှိလေသည်..။
ထိုလူအုပ်ကြီးတွေကြားထဲမှ ကောင်လေးတစ်ယောက်က သူ့ရဲ့တစ်ယောက်သောသူအား ငေးငေးကလေးကြည့်လို့..
အကြည့်ခံရသူကလည်း သျှမ်ကြည့်တာ သိနေသည်ကြောင့် မျက်လုံးချင်းပင်မဆုံရဲပေ...
"ဟုတ်ကဲ့ မသိတာရှိရင်မေးပါ.. "
မိုက်ခရိုဖုန်းအား နှုတ်ခမ်းနားတေ့ခါ ပြောတော့ ဩဇာညောင်းသည့် အသံက တိတ်ဆိတ်နေသော အခန်းထဲ ပဲ့တင်ထပ်သွားလေသည်...။
"ဟို..."
လူကြားထဲမှ လက်ထောင်လာသည့် ဖြူဖြူဥဥ ခပ်ပိန်ပိန် မျက်မှန်ဝိုင်းနဲ့ကောင်လေးက ဦးတည်အား ကြည့်ခါ ပြုံးစိစိလေး...
သျှမ် မျက်ခုံးတွေကို ကြုတ်ပစ်လိုက်သည်။
..........
"အကို့ နာမည်က စပ်စိုင်းခမ် တဲ့လား.."
ပွဲပြီးကတည်းက အနားမှာ ကော်လိုကပ်နေတဲ့ ထိုကောင်လေးကရော ဘာလဲ...
စိုင်းခမ် ခေါင်းသာညှိမ့်ပြရင်း သိမ်းစရာရှိတာတွေကို ထုတ်ပိုးနေလိုက်သည်..။
"ဖုန်း နံပါတ်လေး ပေးပါအုံးအကိုဗျ.."
ရဲတင်းသည်ဆိုတာထက်ကို ပိုသည့် ကျောင်းသားငယ်က ခေတ်ဆန်ခါ ဟော့သည်..။ စကားတိုင်းက ပေါ့ပျက်ပျက်နဲ့မို့ ဘယ်လိုမှနားထောင်မကောင်း...
သူ့ရဲ့ ထိုလူသားနှင့် ယှဉ်လျှင်တော့ ဆီလို ရေလို ကွာသည်။ စကားပြောတိုင်း ဆွဲဆောင်နေသည့် ပါးတစ်ဖတ်က ပါးချိုင့်ရယ် သွားဆွယ်ဖွေးဖွေးရယ်က အခု သူ့ရှေ့မှာ ရပ်နေသည့် ပိန်ကပ်ကပ်ကောင်လေးနဲ့ တခြားစီ.. ဟိုက လုံးလုံးလေး... ပြောမရဘူး ဗိုက်မှာ အဆီတွေတောင် ရစ်ချင်ရစ်နေအုံးမှာလေ...
"အကို..."
ခေါ်သံကြောင့် ပူးတွဲယှဉ်တွဲနေသော စိတ်က အလိုလို တွေးမိသွားသည့် လူတစ်ဦးကြောင့် ဝဲဘက်ရင်အုံးက လှုပ်စိလှုပ်စိနဲ့ လုပ်လာပြန်ပြီရော..
ဖြတ်ခနဲ အကြည့်က အခန်းတံခါးဆီရောက်သွားသောအခါ တံခါးဘောင်ကို မှီတင်းခါလက်ပိုက်ထားသော ဖြူလုံးရဲ့ မှင်သေသေမျက်နှာမှာ ဒေါသ မီးယောင်များကို မြင်နေရသည်။
စိုင်းခမ် မျက်ခုံးတွေ လှုပ်လာသည်မို့...
"အာ..ကိုယ့်မှာ ဖုန်းမရှိဘူး.."
ဉာဏ်နည်းသော အဖြေကြောင့် တဖတ်လူမှာ စိတ်ကသိကအောက်ဖြစ်သွားရသည်။
"ဘာရယ်.."
"အမ်း..အင်း..ဪ လတ်တလော ကိုင်နေတဲ့ ဖုန်းက ပြတ်သွားလို့ အဲ့တာ ဆိုင်မှာ.. အင်း..ဟုတ်တယ် ဟုတ်တယ်"
ဖြူလုံးကိုလဲ တစ်ချက်လှမ်းရှိုးရသေးသည်..။ ဖြူလုံး စိတ်ဆိုးမှာကိုတော့ သူ့ရဲ့ မသိစိတ်က အသေကြောက်မိသည်..။စောစောနကလည်း ဒေါက်တာသက်ဆွဲခေါ်သွားသည်ကြောင့် ဖြူလုံးစိတ်ဆိုးသွားတာ မချော့လိုက်ရပေ...။
"ဪ.. ရပါတယ်.. ဖုန်းနံပါတ်ဘဲတောင်းတာ.."
"မဟုတ်ဘူး.. ဖုန်းနံပါတ်က...."
....."ကျစ်....." အနားသို့ ဆုတ်သက်ရင်း ရောက်လာသော သျှမ်က ခွန့်အနားသို့ တိုးကပ်ရင်း ပုခုံးပေါ် လက်တင်လိုက်သည်။
"မပေးချင်တဲ့ ဖုန်းနံပါတ်တစ်ခုကို ဘာလို့ အတင်းလိုက်တောင်းေးချင်နေတာလဲ... "
"သျှမ်ညီသွေး..မင်းမဟုတ်လား..မင်းနဲ့ဘာဆိုင်လို့လဲ.."
"မောင်လွှမ်းမိုးပိုင် ... လစ်စရာရှိရင် လစ်လိုက်တော့ ငါ့လူကို လာမထိနဲ့.. စောနကတည်းကကြည့်နေတာ ဒီငတုံး သူ့ဘာသာသူ ဖြေရှင်းနိုင်မယ်ထင်နေတာ ပြဿနာက ငါမပါရင်မပြီးဘူးလေ... ဒါနဲ့များ ငါ့ကို သူက ပိန်းပင်လို့တောင် nickname ကပေးလိုက်သေးတယ်... ကဲ အခုသိပြီမှလား လစ်လိုက်တော့.. မဟုတ်ရင် တပ်ထားတဲ့မျက်မှန် ကျွတ်ထွက်သွားအောင် ရိုက်ပစ်မယ်.."
သျှမ့်အား အနည်းငယ်ရှိန်သည်မို့ လွှမ်းမိုးပိုင် နောက်ဆုတ်ရသည်..။သျှမ်ညီသွေးတဲ့ မသိတဲ့သူရှားတယ်လေ သျှမ်ညီသွေးဆိုတာနဲ့ ကျောင်းက ဆူးလုံးလို့ ပြေးမြင်ကြတာ.. ဘယ်နေရာဘဲသွားသွား သူ့နဲ့ပြဿနာတက်ရင် လှိမ့်နေတဲ့ဆူးလုံးလိုမျိုး ငြိပါသွားကြသည်မို့ တော်ရုံ ရှောင်ကြသည်။ဒါ့ကြောင့်လည်း လွှမ်းမိုးပိုင် အမြန်လစ်ရပြီမဟုတ်လား..။
ဘေးက ခွန် ကတော့ သူ့အား ငတုံးလို့ခေါ်တဲ့ကိစ္စကြောင့် ဒေါသဲထွက်ရမလား ဇိုးဆိုက်ဖမ်းနေသည့် ဖြူလုံးကိုဘဲ ကြောက်ရမလား အခြေအနေက တစ်မူထူးနေပြီ...
"ဟင့်......"
အသံကလေးပေးခါ သူ့ဘက်လှည့်လာသည်မို့ ခွန် ကိုယ်ကိုမတ်ခါ ခြေထောက်တွေကို စုပစ်ရင်း ခေါင်းကိုမော်ခါ အကြည့်ချင်းမဆုံစေဘဲ ထားလိုက်သည်..။
"ဘာဖြစ်နေတာလဲ အဲ့ပုံစံ... ဒီက မော့ကြည့်နေရတာ ဇက်ကျောတက်တယ်.. "
တစ်ချက်လွှတ်အမိန့်မှာ ခေါင်းကို အောက်ဆိုဒ်ခါ ဖြူလုံးမျက်နှာကိုကြည့်ရသည်..။ဆူပုတ်နေသည့် မျက်နှာက နီရဲရဲလေးမို့ ဖြစ်ညှစ်ချင်စရာ...
"ဦးတည်... ပိန်းပင်က ကျုပ်မဟုတ်ဘဲ ခင်ဗျား.. သိလား.. ခင်ဗျားကို စိတ်ဆိုးတယ်.. တစ်ပတ်တိတိ ခင်ဗျား အလုပ်ကိုလည်း မလာဘူး ဖုန်းလည်းမဆက်ဘူး.. "
ပြောချင်ရာပြောပြီးထွက်သွားသော ဖြူလုံးက တကယ်ပင် ဘာတွေစားထားတာလဲ.. ဖောင်းနေတဲ့ ပါးကြီးနှစ်ဖတ်က လှုပ်တုပ်လှုပ်တုပ်နဲ့... အဲ့ခြေတိုလေးတွေကလည်း လမ်းလျှောက်တာ မြန်လိုက်တာမှ....
"ဘာလဲ ဒီအခြေအနေကြီးက မသိရင် သူများတွေက ငါတို့နှစ်ယောက်ကို ချစ်သူတွေလို့ ထင်နေအုံးမယ်..."
ခေါင်းကလေးကုတ်ခါ အာရုံထွေပြားသွားသည်မို့...
"အံမယ်... ကျန်း စောနကထဲကမေးမလို့ အဲ့အသေးလေးက ဘယ်သူလဲ.. "
ဒေါက်တာသက်က မျက်ခုံးကြီးပင့်ခါပင့်ခါ မေးလာတော့ ခွန်ခေါင်းခါမိသည်။ ဒေါက်တာသက်က ခွန့်လက်မောင်းကို တံတောင်နှင့်တွတ်ခါ အဖြေမှန်မပေါ်မချင်း မေးနေသည်။
"ပြောစမ်း.. အဲ့အသေးလေးနဲ့ တွဲနေတာမှလား.. ငါဆူမှာကြောက်လို့မပြောတာလား..."
"သက်..ငြိမ်ငြိမ်နေစမ်း.. သူများတွေကြည့်ကုန်ပြီ.. ဒါ ကိုယ့်အိမ်မဟုတ်ဘူး.. ပါးစပ်ကို ဆင်ဆင်ခြင်ခြင်ထား.."
"ဘာရှက်နေတာလဲ အခုမှ... ယိုသူမရှက် မြင်သူရှက်တဲ့ စောနကတော့ ကော်ရစ်တာမှာ ဖတ်ယက်နေကြပြီး.. အခုမှပြောင်လိမ်ပြောင်စား ပြောင်းဖူးစားသလိုလုပ်ပြီးမှ လက်ပူးလက်ကျပ်မိနေတာတောင် ဘူးသီးလာလုပ်နေတယ် ပြော အဲ့သစ်အယ်သီးလေးက ဘယ်သူလဲ .."
"သက်...နင်နော်..."
"စိုင်းခမ်ရယ် နင့်မလည်း လင်စံရွေး လင်ခွေးနဲ့ ညားတော့မယ်.. ကြားဖူးတယ်မှလား.. အေး.. ထပ်မရွေးစမ်းပါနဲ့အေ.. နင့်အသက်လည်း မသေးတော့ဘူး မြေကြီးပေါ်ဖင်စောင့်နေပြီ... ရွေးလို့ကောင်းတဲ့အရွယ်မဟုတ်တော့ဘူးလေ..."
"ပြီးတော့ ကောင်လေးကလည်း ချစ်ရှာသား ဦးတည် ဦးတည်နဲ့ ပါးစပ်ဖျားက မချရဘူး.. ဆေးရုံကို ဝင်လွန်းထွက်လွန်းလို့ ဂိတ်တံခါးတောင်ကြိုးတော့မယ်.. နင်ကမသိပေမဲ့ ဘေးက ကြည့်တဲ့ ငါတို့က သိပါတယ်အေ.. "
ဒေါက်တာသက်က စိတ်ရှည်လက်ရှည်နဲ့ ပစ္စည်းတွေသိမ်းရင်း စဝ်စိုင်းခမ်အား နားချနေပြန်သည်..။
"သက်... နင့်ကို ဒီကိစ္စတွေအားလုံး လေးယံပြောတာမို့လား ဒီကောင်တော့လား တွေ့ကြသေးတာပေါ့.."
သက်က ဆိုးဆေးကာလာအနီအပြည့်ချယ်ထားသော နှုတ်ခမ်းကလေးအား စေ့ရုံတင် ပြုံးလိုက်သည်။ ပါတိတ်ဝမ်းဆက်နဲ့မို့ သက်က သိပ်လှတာ.. အနောက်တိုင်း မင်းသမီးကြီးတွေနီးပါး အရပ်ရှည်ပြီး မျက်နှာ လေးထောင့်ဆန်ဆန်နှင့် အညိုရောင် ဆံပင်လိပ်တွေက ဖြူဝင်းသော မျက်နှာကို ပ့ံပိုးပေးလျှက်....... ပြီးတော့ သက်နှင်းစံက ကျွန်တော့်ရဲ့အမရင်းတစ်ယောက်လိုသာ...
——————
"ဟွန့် ဦးတည် ငတုံး... ဘေးမှာလည်း ဝိုင်းဝိုင်းပိုလည်လို့ သိပ်စွန်နေတယ်ပေါ့လေ ဟုတ်လား တစ်ခါလောက်ဖြစ်ဖြစ် အမှတ်ရှိအောင် အညွန့်ချိုးထားအုံးမှပါ...."
..."ဟဲ့ကောင် ဘာစကားတွေလဲဟ... နားရှက်တာကွာ.. မင်းဘယ်သူ့ကို အညွန့်ချိုးချင်နေတာလဲ..."
မလုံမလဲနဲ့ စိုးသူရက သူ့ညီကို လက်ကလေးအုပ်ခါ ...
"ငါလိုးမ စိုးသူရ မင်း ဘယ်ပြောက်နေတာလဲ..."
"အောင်မာ.. အဲ့ကိစ္စဘဲပြောမလို့ မင်းပြောတော့ ကန်တင်းထိုင်မယ်ဆို ငါ့မှာတော့ နေပူကျဲတဲကြီးထဲ ကျောင်းဂိတ်ဝမှာ မင်းကိုစောင့်လို့.. ဖြူဝင်း လာပြောမှသိတယ် မင်းက စုဝေးခန်းက ဟောပြောပွဲမှာ ရှိနေတာဆို..."
"ဟဲဟဲ...."
သကောင့်သားက စောနကသူဆဲတာမဟုတ်သလိုလို မျက်နှာ စပ်ဖြီးဖြီးနဲ့ ရယ်ပြလာတော့ စိုးသူရ သူ့ဖိုင်တွဲနှင့် သျှမ့်ခေါင်းကို ထုချလိုက်သည်...။
"အ.!."
"မှတ်ကရော.. နောက်တခါ လုပ်လို့ကတော့ ဇွက် ဇွက်ဘဲ နားလည်သဘောပေါက်ထား..."
"အေး..အေးပါကွာ..."
ခေါင်းကလေး လက်နှင့်ပွတ်ခါ ပြန်ဖြေရှာသည်။
...........♥♥♥♥♥♥♥...........
S1 မှာတုန်းက မိနွယ် နဲ့ ဂျော်နီ ၊
ထွေးငယ် နဲ့ ကိုအောင် ပြီးတော့ ခင်သီ ... သူတို့တွေကို ဘာမှဆက်မရေးဘဲ ဇာတ်မြှုပ်လိုက်တဲ့အကြောင်းအရင်းက s2 မှာစမှာပါ..
တကယ်က s1 ep.54 မှာ ဇာတ်မသိမ်းဘဲ ep.55 မှသိမ်းရမဲ့အခန်းကို အားလုံးက s2 ဆိုပြီး တောင်းဆိုလာတဲ့အတွက်ကြောင့် ဇာတ်ကွက်ကို အပိုဒ်လိုက်ရွှေ့ခဲ့ပါတယ်.. အဲ့တာကြောင့် သူတို့အတွဲလေးတွေ ဘာဖြစ်သွားသလဲဆိုတာကို s2မှာ မျှော်ပေးကြပါ..flashback အနေနဲ့ ပါဝင်သွားမှာပါ..
ဒါကတော့ double update! လေးပါ..😁