Unicode
"ယောင်း မင်းတစ်ကယ်ပြောတာလား"
"ဟုတ်တယ် ငါမင်းကိုစောစောအသိမပေးခဲ့မိလို့ တောင်းပန်ပါတယ် ပြီးတော့ဖုံးကွယ်ထားခဲ့မိတာအတွက်ရော"
ထယ်ယောင်းဆီမှ ကြားလိုက်ရတဲ့စကားကြောင့် ဂျီမင်းအပျော်လွန်ကာ မျက်ရည်တွေပင်ဝဲလာသည်။
"အခုအဲ့မှာပဲလား"
"အင်းဟုတ်တယ် မင်းဘာလုပ်မလို့လဲ"
"ဘာလုပ်ရမှာလဲ လိုက်သွားရမှာပေါ့"
"ဟင် ကနေဒါကိုတစ်ယောက်တည်းသွားမလို့လားဂျီမင်း"
တစ်ချိန်လုံးငြိမ်နေတဲ့ ယွန်းဂီhyungကပါ စကားဝိုင်းထဲ ပါလာလေသည်။
"သွားရမှာပေါ့ ဒါကျွန်တော့်ကိုကံတရားက ဒုတိယအကြိမ်အဖြစ် အခွင့်အရေးပေးတာလေ ကျွန်တော်လက်လွတ်ခံလို့ဖြစ်မလား အခုချက်ခြင်းသွားမှာ"
"ဒါဆိုလည်းမင်းသဘောလေ ငါမနက်ထွက်မယ့် လေယာဥ်လက်မှတ်ဖြတ်ပေးထားမယ် ပြီးရင်ယွန်းဂီhyungရဲ့အသိကို ငါကြိုပြောထားပေးမယ် မင်းကိုနေရာစီစဥ်ပေးဖို့"
"ကျေးဇူးယောင်း ဆေးရုံလိပ်စာကို e-mail နဲ့ပို့လိုက် ငါအိမ်ပြန်ပြီးအဝတ်တွေသွားသိမ်းလိုက်ဦးမယ်"
"ဖြည်းဖြည်းသွားဦး မိုးချုပ်နေပြီ"
"တာ့တာ...တာ့တာ"
ပြေးထွက်သွားတဲ့ဂျီမင်းကိုကြည့်ပြီး ထယ်ယောင်းနဲ့ယွန်းဂီ ပြုံးလိုက်မိသည်။ ဒီတစ်ခါတော့ စိတ်ထားလှတဲ့ သူ့သူငယ်ချင်းကို ကံတရားကြီးက မျက်နှာသာပေးလိုက်ပြီထင်ပါရဲ့။
"Hyungရဲ့ အကူအညီသာမပါရင် ကျွန်တော်လုပ်ပေးနိုင်မှာမဟုတ်ဘူး ကျေးဇူးပါhyung"
ယွန်းဂီပခုံးပေါ်ခေါင်းတင်ကာ ထယ်ယောင်းပြောမိသည်။
"Hyungတို့ကြားဒါတွေမှမလိုတာ"
"ဟုတ် ကျေးဇူးတင်တယ်နော်...ကျေးဇူးဆပ်တဲ့အနေနဲ့နမ်းမယ်ဒီဘက်လှည့်"
"ဆိုင်ထဲမှာနော် ကင်ထယ်ယောင်း!!! သိပ်မကဲနဲ့.."
"အဲ့တာဆိုမနမ်းရဘူးလား ထယ်က"
"အဟမ်း...မြန်မြန်နမ်း"
အဖြူလုံးရဲ့ပါးလေးနှစ်ဖက်ကို လက်နဲ့အသာလေးကိုင်ကာ နှုတ်ခမ်းပါးပါးလေးအား ထယ်ယောင်းသိမ်းပိုက်မိသည်။ မှန်ကာထားတဲ့coffeeဆိုင်လေးအတွင်းမှာ ကော်ဖီရောင်အနမ်းတွေက ချိုမြိန်လို့။
____________________~___________________
ဂျီမင်းအကျီ ်တွေကို luggageထဲသေချာထည့်နေတုန်း မေမေကအခန်းထဲဝင်လာသည်။
"သား မေမေဝင်ခဲ့မယ်နော်"
"ဟုတ် ဝင်ခဲ့ပါ"
"သွားစရာတစ်နေရာရာများ ရှိနေလို့လားသားလေး"
မေမေက သူ့ကုတင်ပေါ်တင်ပျဥ်လွှဲထိုင်ကာမေးလေသည်။
"ဟုတ်တယ်မေမေ သားကနေဒါသွားမလို့"
"ဟင်အခုလား မိုးချုပ်နေပြီလေ"
"ဟား.. မဟုတ်ပါဘူးဗျာ မနက်ကျမှသွားမှာ မသွားခင်မေမေတို့ကိုချွဲသွားဦးမယ်"
ပြောပြီးတာနဲ့ မိခင်ရင်ခွင်ထဲကို ကလေးတစ်ယောက်လိုတိုးဝင်မိသည်။
"ကြာမှာလား"
"သံုး၊လေးနှစ်ပါပဲ"
"အင်းပါ ပျော်သလောက်နေခဲ့"
"ဘာလို့သွားမှာလည်းလို့ မေမေသားကိုမမေးတော့ဘူးလား"
ရင်ခွင်ထဲခေါင်းတိုးချွဲနေရာမှ ဂျီမင်းမော့မေးမိသည်။ မေမေကနှစ်လိုဖွယ်ပြပြီးဆံပင်လေးတွေကိုကိုင်ကာ အဖြေပြန်ပေးသည်။
"သားမျက်နှာကပြုံးရွှင်နေတာပဲလေ ကောင်းသောအကြောင်းတစ်ခုခုပဲဖြစ်မှာပေါ့ မေးစရာမလိုပါဘူး မေမေ့သားကလူရမ်းကားလည်းမဟုတ်ဘူး လူကြီးလည်းဖြစ်နေပြီ လုပ်သင့်မလုပ်သင့် ချိန်ဆတတ်တဲ့အရွယ်လေ မေမေဘာမှဝင်မစွက်ဖက်ဘူး ဒါပေမယ့်သားအဖေကိုတော့ပြောသွားဦးနော်"
"ဟုတ် သားပြောသွားပါ့မယ်"
"အဲ့တာဆိုမေမေလည်း အခန်းထဲသွားအိပ်တော့မယ် သားလည်းအိပ်တာနောက်မကျစေနဲ့နော် အနွေးထည်တွေဘာတွေသတိထားထည့် အဲ့နိုင်ငံကအေးတယ်မဟုတ်လား မေမေကူပေးရမလား"
"ရတယ်မေမေ သွားအိပ်တော့ သားကိုယ့်ဟာကိုယ်လုပ်လိုက်မယ်"
ဂျီမင်းအကျီ ်ထည့်တာကိုအပြီးသတ်ပြီးနောက် ကုတင်ပေါ်ပြစ်လှဲလိုက်သည်။ မနက်ဖြန်ဆို တစ်ကယ်ဘဝအသစ်စတင်ပြီပေါ့။ သူဖြစ်ချင်ခဲ့တဲ့အရာကို လက်တွေ့အကောင်အထည်ဖော်နိုင်တော့မယ်။ ဒါပေမယ့် ဂျောင်ကု.....
ဂျောင်ကုကိုရော သူဒီနိုင်ငံကထွက်သွားမယ့်အကြောင်း အသိပေးသင့်လား။ အရေးမပါတာပတ်ဂျီမင်း။ သူနဲ့မင်းကဘာဆိုင်လို့လဲ။ ဒါပေမယ့်ငါနှုတ်ဆက်သွားသင့်တယ်မလား။ အတွေးတွေကိုမောင်းထုတ်ပြီး အိပ်ဖို့ကိုပဲအာရုံစိုက်လိုက်တော့သည်။
____________________~_________________
အစည်းအဝေးပြီးတော့ ဂျောင်ကုရုံးခန်းထဲဝင်လာခဲ့သည်။ Dream Yuralက လုံးဝနာမည်ထိုးကျသွားပြီဖြစ်တာကြောင့် အတူတူပူးပေါင်းလုပ်ကိုင်ထားတာတွေလည်း အကုန်ဆုံးရှုံးကုန်သလို Jeonphoriaလည်းအတော်ပင်နစ်နာခဲ့သည်။ ထို့အပြင် လုပ်ငန်းရှင်ဖြစ်တဲ့သူ့ရဲ့မဂ်လာပွဲပျက်သွားတဲ့ အကြောင်းကပျံ့နှံသွားသလို CEOရဲ့ထောင်ကျသွားစေခဲ့တဲ့ အမှုတွေကလည်း လူတိုင်းပါးစပ်မှာရေပန်းစားလို့။
ဒါတွေကိုဂျောင်ကုမမှုပါဘူး။ အချိန်တန်ရင်ပြီးသွားမှာပဲ။ ပင်ပန်းနေပေမယ့် အနားမှာကိုကိုမရှိတာကြီးက ပိုပင်ပန်းစေသည်။ ထိုင်ခုံမှာထိုင်ကာ မျက်စိမှိတ်အနားယူနေစဥ် အတွင်းရေးမှူးဝင်လာလေသည်။
"ဥက္ကဠ.. ကျွန်တော်ပါ"
"ဝင်ခဲ့"
မျက်စိမှိတ်ရက်နဲ့ခွင့်ပြုချက်ပေးလိုက်သည်။
"ဘာကိစ္စလဲ"
"စာလာလို့ပါ"
"ဘာစာလဲ"
မျက်လုံးတွေကိုပြန်ဖွင့်ကာ မေးခွန်းပြန်ထုတ်မိသည်။ အတွင်းရေးမှူးက စာအိတ်လေးကိုထိုးပေးကာ
"ပတ်ဂျီမင်းဆိုတဲ့နာမည်နဲ့ ဥက္ကဠဆီစာပို့သွားတာပါ"
"ဟင် ပြစမ်းငါ့ကို"
အတွင်းရေးမှူးလက်ထဲမှ စာအိတ်ကိုအမြန်ဆွဲလုလိုက်သည်။ စာအိတ်လေးကိုဖောက်ကြည့်လိုက်တော့ လက်ရေးလှလှလေးတွေ။
ဂျောင်ကုရေ....ငါဒီနိုင်ငံကထွက်သွားတော့မှာမို့လို့ မင်းကိုလာနှုတ်ဆက်တာပါ။ ဒါပေမယ့်မင်းကအစည်းအဝေး လုပ်နေတယ်ဆိုလို့ ငါစာလေးပဲရေးပြီးပေးခဲ့မယ်။
ငါမင်းကိုပြန်လက်မခံဘူးဆိုတာက ငါကြောက်သွားလို့ပါ။ မင်းအစ်မပြောခဲ့တဲ့ ယာဥ်တိုက်မှုမှာကွင်းဆက်ပါခဲ့တဲ့ ကားလေးက ငါတို့ကားလေးပဲ။ မင်းအဖေကြောင့်ငါ့မိဘတွေကိုဆုံးရှုံးခဲ့ရတယ်။ မင်းအစ်မကြောင့်ငါ့ညီမလေးကိုဆုံးရှုံးခဲ့ရတယ်။ ငါ့မှာထပ်ဆုံးရှုံးစရာလည်းမရှိတော့ဘူး။ မင်းကိုငါမမုန်းပါဘူး။ မင်းမိသားစုကိုကြောက်သွားလို့ မပတ်သက်ချင်ရုံပါ။
ငါ့မိဘတွေကိုပြန်တောင်းပန်လိုက်ပါ။ အထူးသဖြင့်မင်းအထင်လွဲခဲ့တဲ့ ငါ့အဖေကို။ ငါ့ညီမလေးကိုလည်းတောင်းပန်ပေးပါ။ သူကငါနဲ့ပျော်ပျော်ရွှင်ရွှင်နေရဦးမှာ။ အမှတ်တရတွေအများကြီးဖြတ်သန်းရဦးမှာ။ အခုသူအကုန်ဆုံးရှုံးသွားရပြီ။
ငါအစ်ကိုတစ်ယောက်တာဝန် မကျေပွန်ခဲ့တာမို့လို့ အပြစ်ကြွေးတွေဆပ်ချင်သေးတယ်။ ဒါကြောင့်မင်းအနားကထွက်လာမိတာပါ။ တောင်းပန်ပါတယ်။ အကယ်၍ငါ့ကိုပြန်တွေ့ခဲ့တဲ့အခါကျရင် မိအောင်ဖမ်းပေး။ ငါထပ်မထွက်ပြေးနိုင်တော့အောင် သေချာဖမ်းထား။ ဒီတစ်ခါမိခဲ့ရင် ငါထွက်မပြေးတော့ဘူး..ကတိ။
သွားပြီ...ဒီတစ်ခါတစ်ကယ်သွားပြီ။
"ဒီဟာ ဘယ်တုန်းကလာပေးသွားတာလဲ"
အနားမှာရပ်နေတဲ့အတွင်းရေးမှူးကို အလောတကြီးမေးမိသည်။
"လွန်ခဲ့တဲ့မိနစ်သုံးဆယ်လောက်က..."
စကားပင်ပြီးအောင်နားမထောင်ပဲ ကားသော့ဆွဲကာအမြန်ပြေးထွက်လာခဲ့သည်။ လုံးဝမသွားရဘူး။ လုံးဝပဲ။ မောင်ထွက်သွားခွင့်မပြုနိုင်ဘူးနော်။
မပတ်သက်ရရင်တောင်၊ အနားမှာမထားနိုင်ရင်တောင် ငေးကြည့်နေရရင်ရပြီဆိုပြီး မောင်လက်ခံပေးထားတာ။ အခုလိုမောင့်မြင်ကွင်းထဲကထွက်သွားလို့မရဘူးနော်။ အမျိုးသားနဲ့ဝေးရရင်မောင်သေမှာ။ မောင့်အနီးမှာမနေချင်ရင်ရတယ်။ အဝေးတော့ထွက်မသွားပါနဲ့။ မောင်ရင်ကွဲမှာမို့လို့ပါဗျာ။
_____________________~_________________
"အစစအရာရာဂရုစိုက်နော်ဂျီမင်း"
"ဟုတ်ကဲ့hyung.. hyungလည်းထယ်ယောင်းနဲ့ပျော်ပျော်နေနော် ကျွန်တော့်ကိုစိတ်မပူနဲ့"
"ဟိုရောက်ရောက်ချင်းphလှမ်းဆက်နော် ထမင်းလည်းမှန်မှန်စား၊ အချိန်မှန်မှန်အိပ်၊ လူနာကိုပဲဂရုစိုက်မနေနဲ့ ကိုယ့်ကိုကိုယ်လည်းဂရုစိုက်"
"အေးပါယောင်းရာ စိတ်ချပါ"
"မင်းတစ်ကယ်အကြာကြီးနေမှာလားအဲ့မှာ ငါပါလိုက်ခဲ့ချင်တာလိုက်မရလို့"
"ယောင်းကလည်းကွာ ကိုယ့်ကိုကိုယ်ပြန်ကြည့်ဦး ငိုချတော့မှာလားဟေ့ကောင် ငါခဏခဏphဆက်မယ်ကွာ ငိုမနေနဲ့မကြီးမငယ်ကြီး ယွန်းဂီhyung...hyungယောကျာ်းကိုပြောပါဦး ငိုတော့မယ်"
"ထယ်လေးကလည်း အဝေးသွားမယ့်သူကို နောက်ဆံတင်းအောင်မလုပ်ရဘူးလေ လိမ္မာတယ်"
"တစ်ခါမှဒီလောက်မကြာကြီးမခွဲဖူးတော့ ဝမ်းနည်းသွားတာပါ သတိရနေမယ်ဂျီမင်း"
"ငါလည်းဖက်ထုပ်တွေနဲ့ dream catcherလေးတွေမြင်တိုင်း မင်းကိုသတိရမယ်ဟုတ်ပြီလား ငါအခုလေယာဥ်ပေါ်တက်တော့မယ်နော်"
"အွန်းတာ့တာ"
ထယ်ယောင်းတို့ကိုနှုတ်ဆက်ပြီး လေယာဥ်ပေါ်တက်လာခဲ့သည်။ မင်းငါ့ကိုလာမတွေ့ဘူးပဲဂျောင်ကု။ ငါကမင်းကိုမျှော်နေတာလေ။ လာတောင်မနှုတ်ဆက်ဘူးလား။
လေယာဥ်ထွက်သွားတာကို စောင့်ကြည့်ပြီးမှ ထယ်ယောင်းတို့အတွဲ ထွက်လာမိသည်။
"ထယ်ယောင်းhyung!!!"
အသံကြားလို့လှည့်ကြည့်လိုက်မိတော့ အူယားဖားယားပြေးလာတဲ့ ဂျွန်ဂျောင်ကု။ ဒီကောင်ဘာလာလုပ်တာလဲဟ။
"ဂျီ...ဂျီမင်းhyungရော"
အနားရောက်ရောက်ချင်း အသက်ကိုမနည်းရှူကာမေးလာသည်။
"လေယာဥ်နဲ့ပါသွားပြီ"
ထယ်ယောင်းခပ်ပြတ်ပြတ်အဖြေပြန်ပေးမိသည်။
"ဘယ်ကိုသွားတာတဲ့လဲ"
"ပြောမသွားဘူး"
မင်ယွန်းဂီက မျက်မှောင်ကုတ်ကာလှည့်ကြည့်လာသဖြင့် အသာနေဆိုသည့်သဘောနဲ့ ထယ်ယောင်းပြုံးပြလိုက်သည်။
"Hyungတို့တစ်ကယ်မသိဘူးပေါ့"
"အင်း မသိဘူး..ဒါနဲ့ ဂျီမင်းထွက်သွားမယ်ဆိုတာကို မင်းကဘယ်လိုသိလဲ"
"သူစာလေးပေးသွားလို့"
ထယ်ယောင်းခေါင်းခါလိုက်ပြီး ယွန်းဂီလက်ကိုဆွဲကာ ဂျောင်ကုရှေ့မှထွက်လာမိသည်။ ဒီကောင်ဂျီမင်း ပြတ်နိုင်တာလည်းမဟုတ်ပဲနဲ့ အတင်းတွေဖြတ်ထားခဲ့သေးတယ်။
ဂျောင်ကုကတော့ လေဆိပ်အလည်မှာဒူးထောက်ထိုင်ချလိုက်မိသည်။ ဒီတစ်ခါလည်းလက်လွှတ်လိုက်ရပြန်သည်။ ပထမတစ်ကြိမ်မှာ စာလေးတစ်စောင်နဲ့ အိမ်ပေါ်ကဆင်းသွားသလို ဒုတိယတစ်ကြိမ်မှာလည်း စာလေးတစ်စောင်နဲ့ ဒီနိုင်ငံကနေထွက်သွားပြန်ပြီ။
သူကလည်းနှစ်ခါလုံးမတားနိုင်ခဲ့ဘူး။ ရှာမှာကိုကို။ မောင်သေချာပေါက်လိုက်ရှာမှာ။ ရှာတွေ့ခဲ့ရင် ကိုကိုပြောသလိုမောင့်အနားမှာပြန်ဆွဲခေါ်ထားမှာ။ ပြေးနိုင်သလောက်ပြေးထား။ မောင်ကိုကို့ရှေ့သေချာပေါက်ရောက်လာခဲ့မယ်။
ဂျောင်ကုပြန်ထပြီး ဂျီမင်းတို့အိမ်ကိုသွားလိုက်သည်။ တစ်ခုခုတော့သိရမှာပဲ။ ခြံရှေ့ရောက်တော့ လူခေါ်bellကိုနှိပ်လိုက်တော့ ဂျီမင်းအမေက သူ့ကိုတံခါးဖွင့်ပေးလေသည်။
"သားဂျောင်ကုပါလား လာလေအိမ်ထဲဝင်"
"ဟုတ်ကဲ့အန်တီ"
အိမ်ထဲလိုက်ဝင်ခဲ့တော့ ဂျီမင်းအဖေစာကြည့်ခန်းထဲကထွက်လာတာနဲ့ တန်းတိုးသည်။
"ဟင် သားမက်ဂျွန်"
"ကျွန်တော်ဦးလေးပတ်ကို လာတောင်းပန်တာပါ"
"ဘာကိုလဲကွဲ့"
"အထင်လွဲမိခဲ့တာတွေအတွက်ပါ"
"ရပါတယ်ကွယ် အမှန်တရားဆိုတာအကြာကြီး ဖုံးကွယ်လို့မရပါဘူး အချိန်တန်ရင်ပေါ်မှာပဲ မင်းကလည်းကြားစကားတွေကြောင့် ဦးလေးအပေါ်အထင်လွဲခဲ့တာပဲ ဦးလေးနားလည်ပါတယ်"
"ကျွန်တော်ကစော်ကားသလိုဖြစ်ခဲ့တာ ဦးလေးကိုအငြှိုးတွေထားပြီး ဦးလေးသားကိုပါ.."
"မင်းကငယ်ရွယ်သေးလို့ပါ ဒါကြောင့်သေချာမစဥ်းစားနိုင်ခဲ့တာ ဦးလေးလည်းဝူရန်းအစားရင်နာရပါတယ် နောက်ကျောဓားနဲ့အထိုးခံလိုက်ရလို့"
"အဖေကသူ့မကောင်းမှုတွေအတွက် သူခံရတယ်ပဲသဘောထားပါတယ်"
"အဲ့လိုပဲပြောရမှာပေါ့သမက်ဂျွန်ရယ်"
ဒီလိုလူကောင်းတွေအပေါ် အမုန်းပွားမိတဲ့အတွက် ဂျောင်ကုကိုယ့်ကိုကိုယ်အပြစ်တင်မဆုံး။ ကိုကိုဘာကြောင့်နူးညံ့ပြီးသဘောထား
ပြည့်ဝလဲ အခုတော့အဖြေရပြီ။ ပြုစုပျိုးထောင်ခဲ့တဲ့မိဘတွေက လူကြီးလူကောင်းတွေဖြစ်နေခဲ့တာကို။
"သားဂျောင်ကုကဒီကိုဘာလာလုပ်တာလဲ"
"အာ.. ကိုကိုဘယ်ထွက်သွားလဲလာမေးတာပါအန်တီ"
"ဟင် ဂျီမင်းကသားကိုဘာမှပြောမသွားဘူးလား"
"ထွက်သွားမယ်ဆိုတာပဲပြောပြီး ဘာမှထပ်မပြောခဲ့ဘူးအန်တီ"
"ဒါဆို သူသားကိုမသိစေချင်လို့နေမှာပေါ့ သားမသိစေချင်တာဆို အန်တီတို့ကလည်းဘာမှပြောလို့မရဘူး သားသိချင်ရင်သူ့ကိုကိုယ်တိုင်မေးကြည့်လေ"
"ကျွန်တော်တောင်းပန်ပါတယ် ကိုကိုဘယ်သွားလဲကျွန်တော့်ကိုပြောပြပါနော် ကျွန်တော်ဒီလိုဒူးထောက်ပြီးတောင်းပန်တာပါ"
ဒူးထောက်ချကာဂျောင်ကုတောင်းဆိုနေမိသည်။
"ထပါ သားဂျောင်ကုရယ် ဂျီမင်းအဝေးကြီးကိုမသွားပါဘူး သားစဥ်းစားမိတဲ့တစ်နေရာရာမှာပဲရှိနေမှာပါ မင်းတို့ကအမြဲနှလုံးသားနီးစပ်နေတဲ့သူတွေလေ ရှာတွေ့မှာပါ"
"အရိပ်အမြွက်လေးတောင်မရဘူးလား"
"နှစ်ကိုယ့်တစ်စိတ်ဖြစ်တဲ့မင်းတို့ အကြာကြီးမဝေးပါဘူး အန်တီတို့က သားရဲ့ပျော်ရွှင်မှုကိုပဲဦးစားပေးတာမို့လို့ သားသဘောအတိုင်းပဲ။ သားကမင်းကိုမသိစေချင်ပုံရလို့ အန်တီတို့လည်း မပြောနိုင်ဘူး"
"ဟုတ်ကဲ့ပါ ကျွန်တော်သိပြီ"
ဂျောင်ကုဂါဝရပြုပြီးကုမ္ပဏီကို ပြန်လာမိသည်။ လက်ထောက်တစ်ယောက်ကိုခေါ်ကာ
"သူ့ကိုရှာ ပြည်တွင်းပြည်ပ၊ လူအလည်အပတ်များတဲ့နိုင်ငံတွေမှာပါရှာ၊ ပိုက်စိပ်တိုက်ရှာလာခဲ့ တွေ့တွေ့ချင်း ငါ့ကိုအကြောင်းကြား"
"ဟုတ်ကဲ့ပါသူဠေး"
"ပြီးတော့ ကနေဒါကိုတစ်ချက်သေချာရှာကြည့် ငါအဲ့နေရာကိုစိတ်ထဲထင့်နေတယ်"
ကိုကို့ကိုခေါ်သွားဖို့ဆုံးဖြတ်ထားတဲ့နေရာလေး။ ဘာကြောင့်လဲမသိရုတ်တရက်ခေါင်းထဲဝင်လာတာကြောင့်ထိုနေရာကိုသေချာရှာဖို့ မှာလိုက်မိသည်။ နှင်းချစ်တတ်တဲ့ကိုကိုကအဲ့နေရာမှာရှိချင်ရှိနေမှာ။
ေဂျာင်ကုလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ ပုန်းထားပါ။ မောင်က ကမ္ဘာမြေအဆုံးမြေလှန်ရှာမှာ။
ခြေလှမ်းလေးတွေက
သိပ်မြန်တယ်။
မောင်လိုက်ဖမ်းတော့
ခြေရာမကျန်အောင်
ပြေးသွားတယ်။
ဖမ်းလို့မိမှ ခြေထောက်တွေထုံသွားတဲ့အထိ
ခြေဖဝါးတွေကို နမ်းပြစ်မယ်။
.............
Zawgyi
"ေယာင္း မင္းတစ္ကယ္ေျပာတာလား"
"ဟုတ္တယ္ ငါမင္းကိုေစာေစာအသိမေပးခဲ့မိလို႔ ေတာင္းပန္ပါတယ္ ၿပီးေတာ့ဖုံးကြယ္ထားခဲ့မိတာအတြက္ေရာ"
ထယ္ေယာင္းဆီမွ ၾကားလိုက္ရတဲ့စကားေၾကာင့္ ဂ်ီမင္းအေပ်ာ္လြန္ကာ မ်က္ရည္ေတြပင္ဝဲလာသည္။
"အခုအဲ့မွာပဲလား"
"အင္းဟုတ္တယ္ မင္းဘာလုပ္မလို႔လဲ"
"ဘာလုပ္ရမွာလဲ လိုက္သြားရမွာေပါ့"
"ဟင္ ကေနဒါကိုတစ္ေယာက္တည္းသြားမလို႔လားဂ်ီမင္း"
တစ္ခ်ိန္လုံးၿငိမ္ေနတဲ့ ယြန္းဂီhyungကပါ စကားဝိုင္းထဲ ပါလာေလသည္။
"သြားရမွာေပါ့ ဒါကြၽန္ေတာ္႕ကိုကံတရားက ဒုတိယအႀကိမ္အျဖစ္ အခြင့္အေရးေပးတာေလ ကြၽန္ေတာ္လက္လြတ္ခံလို႔ျဖစ္မလား အခုခ်က္ျခင္းသြားမွာ"
"ဒါဆိုလည္းမင္းသေဘာေလ ငါမနက္ထြက္မယ့္ ေလယာဥ္လက္မွတ္ျဖတ္ေပးထားမယ္ ၿပီးရင္ယြန္းဂီhyungရဲ႕အသိကို ငါႀကိဳေျပာထားေပးမယ္ မင္းကိုေနရာစီစဥ္ေပးဖို႔"
"ေက်းဇူးေယာင္း ေဆး႐ုံလိပ္စာကို e-mail နဲ႔ပို႔လိုက္ ငါအိမ္ျပန္ၿပီးအဝတ္ေတြသြားသိမ္းလိုက္ဦးမယ္"
"ျဖည္းျဖည္းသြားဦး မိုးခ်ဳပ္ေနၿပီ"
"တာ့တာ...တာ့တာ"
ေျပးထြက္သြားတဲ့ဂ်ီမင္းကိုၾကည့္ၿပီး ထယ္ေယာင္းနဲ႔ယြန္းဂီ ျပဳံးလိုက္မိသည္။ ဒီတစ္ခါေတာ့ စိတ္ထားလွတဲ့ သူ႕သူငယ္ခ်င္းကို ကံတရားႀကီးက မ်က္ႏွာသာေပးလိုက္ၿပီထင္ပါရဲ႕။
"Hyungရဲ႕ အကူအညီသာမပါရင္ ကြၽန္ေတာ္လုပ္ေပးႏိုင္မွာမဟုတ္ဘူး ေက်းဇူးပါhyung"
ယြန္းဂီပခုံးေပၚေခါင္းတင္ကာ ထယ္ေယာင္းေျပာမိသည္။
"Hyungတို႔ၾကားဒါေတြမွမလိုတာ"
"ဟုတ္ ေက်းဇူးတင္တယ္ေနာ္...ေက်းဇူးဆပ္တဲ့အေနနဲ႔နမ္းမယ္ဒီဘက္လွည့္"
"ဆိုင္ထဲမွာေနာ္ ကင္ထယ္ေယာင္း!!! သိပ္မကဲနဲ႔.."
"အဲ့တာဆိုမနမ္းရဘူးလား ထယ္က"
"အဟမ္း...ျမန္ျမန္နမ္း"
အျဖဴလုံးရဲ႕ပါးေလးႏွစ္ဖက္ကို လက္နဲ႔အသာေလးကိုင္ကာ ႏႈတ္ခမ္းပါးပါးေလးအား ထယ္ေယာင္းသိမ္းပိုက္မိသည္။ မွန္ကာထားတဲ့coffeeဆိုင္ေလးအတြင္းမွာ ေကာ္ဖီေရာင္အနမ္းေတြက ခ်ိဳၿမိန္လို႔။
____________________~___________________
ဂ်ီမင္းအက်ီ ္ေတြကို luggageထဲေသခ်ာထည့္ေနတုန္း ေမေမကအခန္းထဲဝင္လာသည္။
"သား ေမေမဝင္ခဲ့မယ္ေနာ္"
"ဟုတ္ ဝင္ခဲ့ပါ"
"သြားစရာတစ္ေနရာရာမ်ား ႐ွိေနလို႔လားသားေလး"
ေမေမက သူ႕ကုတင္ေပၚတင္ပ်ဥ္လႊဲထိုင္ကာေမးေလသည္။
"ဟုတ္တယ္ေမေမ သားကေနဒါသြားမလို႔"
"ဟင္အခုလား မိုးခ်ဳပ္ေနၿပီေလ"
"ဟား.. မဟုတ္ပါဘူးဗ်ာ မနက္က်မွသြားမွာ မသြားခင္ေမေမတို႔ကိုခြၽဲသြားဦးမယ္"
ေျပာၿပီးတာနဲ႔ မိခင္ရင္ခြင္ထဲကို ကေလးတစ္ေယာက္လိုတိုးဝင္မိသည္။
"ၾကာမွာလား"
"သံဳး၊ေလးႏွစ္ပါပဲ"
"အင္းပါ ေပ်ာ္သေလာက္ေနခဲ့"
"ဘာလို႔သြားမွာလည္းလို႔ ေမေမသားကိုမေမးေတာ့ဘူးလား"
ရင္ခြင္ထဲေခါင္းတိုးခြၽဲေနရာမွ ဂ်ီမင္းေမာ့ေမးမိသည္။ ေမေမကႏွစ္လိုဖြယ္ျပၿပီးဆံပင္ေလးေတြကိုကိုင္ကာ အေျဖျပန္ေပးသည္။
"သားမ်က္ႏွာကျပဳံး႐ႊင္ေနတာပဲေလ ေကာင္းေသာအေၾကာင္းတစ္ခုခုပဲျဖစ္မွာေပါ့ ေမးစရာမလိုပါဘူး ေမေမ့သားကလူရမ္းကားလည္းမဟုတ္ဘူး လူႀကီးလည္းျဖစ္ေနၿပီ လုပ္သင့္မလုပ္သင့္ ခ်ိန္ဆတတ္တဲ့အ႐ြယ္ေလ ေမေမဘာမွဝင္မစြက္ဖက္ဘူး ဒါေပမယ့္သားအေဖကိုေတာ့ေျပာသြားဦးေနာ္"
"ဟုတ္ သားေျပာသြားပါ့မယ္"
"အဲ့တာဆိုေမေမလည္း အခန္းထဲသြားအိပ္ေတာ့မယ္ သားလည္းအိပ္တာေနာက္မက်ေစနဲ႔ေနာ္ အေႏြးထည္ေတြဘာေတြသတိထားထည့္ အဲ့ႏိုင္ငံကေအးတယ္မဟုတ္လား ေမေမကူေပးရမလား"
"ရတယ္ေမေမ သြားအိပ္ေတာ့ သားကိုယ့္ဟာကိုယ္လုပ္လိုက္မယ္"
ဂ်ီမင္းအက်ီ ္ထည့္တာကိုအၿပီးသတ္ၿပီးေနာက္ ကုတင္ေပၚျပစ္လွဲလိုက္သည္။ မနက္ျဖန္ဆို တစ္ကယ္ဘဝအသစ္စတင္ၿပီေပါ့။ သူျဖစ္ခ်င္ခဲ့တဲ့အရာကို လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္ေတာ့မယ္။ ဒါေပမယ့္ ေဂ်ာင္ကု.....
ေဂ်ာင္ကုကိုေရာ သူဒီႏိုင္ငံကထြက္သြားမယ့္အေၾကာင္း အသိေပးသင့္လား။ အေရးမပါတာပတ္ဂ်ီမင္း။ သူနဲ႔မင္းကဘာဆိုင္လို႔လဲ။ ဒါေပမယ့္ငါႏႈတ္ဆက္သြားသင့္တယ္မလား။ အေတြးေတြကိုေမာင္းထုတ္ၿပီး အိပ္ဖို႔ကိုပဲအာ႐ုံစိုက္လိုက္ေတာ့သည္။
____________________~_________________
အစည္းအေဝးၿပီးေတာ့ ေဂ်ာင္ကု႐ုံးခန္းထဲဝင္လာခဲ့သည္။ Dream Yuralက လုံးဝနာမည္ထိုးက်သြားၿပီျဖစ္တာေၾကာင့္ အတူတူပူးေပါင္းလုပ္ကိုင္ထားတာေတြလည္း အကုန္ဆုံး႐ႈံးကုန္သလို Jeonphoriaလည္းအေတာ္ပင္နစ္နာခဲ့သည္။ ထို႔အျပင္ လုပ္ငန္း႐ွင္ျဖစ္တဲ့သူ႕ရဲ႕မဂ္လာပြဲပ်က္သြားတဲ့ အေၾကာင္းကပ်ံ႕ႏွံသြားသလို CEOရဲ႕ေထာင္က်သြားေစခဲ့တဲ့ အမႈေတြကလည္း လူတိုင္းပါးစပ္မွာေရပန္းစားလို႔။
ဒါေတြကိုေဂ်ာင္ကုမမႈပါဘူး။ အခ်ိန္တန္ရင္ၿပီးသြားမွာပဲ။ ပင္ပန္းေနေပမယ့္ အနားမွာကိုကိုမ႐ွိတာႀကီးက ပိုပင္ပန္းေစသည္။ ထိုင္ခုံမွာထိုင္ကာ မ်က္စိမွိတ္အနားယူေနစဥ္ အတြင္းေရးမႉးဝင္လာေလသည္။
"ဥကၠဠ.. ကြၽန္ေတာ္ပါ"
"ဝင္ခဲ့"
မ်က္စိမွိတ္ရက္နဲ႔ခြင့္ျပဳခ်က္ေပးလိုက္သည္။
"ဘာကိစၥလဲ"
"စာလာလို႔ပါ"
"ဘာစာလဲ"
မ်က္လုံးေတြကိုျပန္ဖြင့္ကာ ေမးခြန္းျပန္ထုတ္မိသည္။ အတြင္းေရးမႉးက စာအိတ္ေလးကိုထိုးေပးကာ
"ပတ္ဂ်ီမင္းဆိုတဲ့နာမည္နဲ႔ ဥကၠဠဆီစာပို႔သြားတာပါ"
"ဟင္ ျပစမ္းငါ့ကို"
အတြင္းေရးမႉးလက္ထဲမွ စာအိတ္ကိုအျမန္ဆြဲလုလိုက္သည္။ စာအိတ္ေလးကိုေဖာက္ၾကည့္လိုက္ေတာ့ လက္ေရးလွလွေလးေတြ။
ေဂ်ာင္ကုေရ....ငါဒီႏိုင္ငံကထြက္သြားေတာ့မွာမို႔လို႔ မင္းကိုလာႏႈတ္ဆက္တာပါ။ ဒါေပမယ့္မင္းကအစည္းအေဝး လုပ္ေနတယ္ဆိုလို႔ ငါစာေလးပဲေရးၿပီးေပးခဲ့မယ္။
ငါမင္းကိုျပန္လက္မခံဘူးဆိုတာက ငါေၾကာက္သြားလို႔ပါ။ မင္းအစ္မေျပာခဲ့တဲ့ ယာဥ္တိုက္မႈမွာကြင္းဆက္ပါခဲ့တဲ့ ကားေလးက ငါတို႔ကားေလးပဲ။ မင္းအေဖေၾကာင့္ငါ့မိဘေတြကိုဆုံး႐ႈံးခဲ့ရတယ္။ မင္းအစ္မေၾကာင့္ငါ့ညီမေလးကိုဆုံး႐ႈံးခဲ့ရတယ္။ ငါ့မွာထပ္ဆုံး႐ႈံးစရာလည္းမ႐ွိေတာ့ဘူး။ မင္းကိုငါမမုန္းပါဘူး။ မင္းမိသားစုကိုေၾကာက္သြားလို႔ မပတ္သက္ခ်င္႐ုံပါ။
ငါ့မိဘေတြကိုျပန္ေတာင္းပန္လိုက္ပါ။ အထူးသျဖင့္မင္းအထင္လြဲခဲ့တဲ့ ငါ့အေဖကို။ ငါ့ညီမေလးကိုလည္းေတာင္းပန္ေပးပါ။ သူကငါနဲ႔ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနရဦးမွာ။ အမွတ္တရေတြအမ်ားႀကီးျဖတ္သန္းရဦးမွာ။ အခုသူအကုန္ဆုံး႐ႈံးသြားရၿပီ။
ငါအစ္ကိုတစ္ေယာက္တာဝန္ မေက်ပြန္ခဲ့တာမို႔လို႔ အျပစ္ေႂကြးေတြဆပ္ခ်င္ေသးတယ္။ ဒါေၾကာင့္မင္းအနားကထြက္လာမိတာပါ။ ေတာင္းပန္ပါတယ္။ အကယ္၍ငါ့ကိုျပန္ေတြ႕ခဲ့တဲ့အခါက်ရင္ မိေအာင္ဖမ္းေပး။ ငါထပ္မထြက္ေျပးႏိုင္ေတာ့ေအာင္ ေသခ်ာဖမ္းထား။ ဒီတစ္ခါမိခဲ့ရင္ ငါထြက္မေျပးေတာ့ဘူး..ကတိ။
သြားၿပီ...ဒီတစ္ခါတစ္ကယ္သြားၿပီ။
"ဒီဟာ ဘယ္တုန္းကလာေပးသြားတာလဲ"
အနားမွာရပ္ေနတဲ့အတြင္းေရးမႉးကို အေလာတႀကီးေမးမိသည္။
"လြန္ခဲ့တဲ့မိနစ္သုံးဆယ္ေလာက္က..."
စကားပင္ၿပီးေအာင္နားမေထာင္ပဲ ကားေသာ့ဆြဲကာအျမန္ေျပးထြက္လာခဲ့သည္။ လုံးဝမသြားရဘူး။ လုံးဝပဲ။ ေမာင္ထြက္သြားခြင့္မျပဳႏိုင္ဘူးေနာ္။
မပတ္သက္ရရင္ေတာင္၊ အနားမွာမထားႏိုင္ရင္ေတာင္ ေငးၾကည့္ေနရရင္ရၿပီဆိုၿပီး ေမာင္လက္ခံေပးထားတာ။ အခုလိုေမာင့္ျမင္ကြင္းထဲကထြက္သြားလို႔မရဘူးေနာ္။ အမ်ိဳးသားနဲ႔ေဝးရရင္ေမာင္ေသမွာ။ ေမာင့္အနီးမွာမေနခ်င္ရင္ရတယ္။ အေဝးေတာ့ထြက္မသြားပါနဲ႔။ ေမာင္ရင္ကြဲမွာမို႔လို႔ပါဗ်ာ။
_____________________~_________________
"အစစအရာရာဂ႐ုစိုက္ေနာ္ဂ်ီမင္း"
"ဟုတ္ကဲ့hyung.. hyungလည္းထယ္ေယာင္းနဲ႔ေပ်ာ္ေပ်ာ္ေနေနာ္ ကြၽန္ေတာ္႕ကိုစိတ္မပူနဲ႔"
"ဟိုေရာက္ေရာက္ခ်င္းphလွမ္းဆက္ေနာ္ ထမင္းလည္းမွန္မွန္စား၊ အခ်ိန္မွန္မွန္အိပ္၊ လူနာကိုပဲဂ႐ုစိုက္မေနနဲ႔ ကိုယ့္ကိုကိုယ္လည္းဂ႐ုစိုက္"
"ေအးပါေယာင္းရာ စိတ္ခ်ပါ"
"မင္းတစ္ကယ္အၾကာႀကီးေနမွာလားအဲ့မွာ ငါပါလိုက္ခဲ့ခ်င္တာလိုက္မရလို႔"
"ေယာင္းကလည္းကြာ ကိုယ့္ကိုကိုယ္ျပန္ၾကည့္ဦး ငိုခ်ေတာ့မွာလားေဟ့ေကာင္ ငါခဏခဏphဆက္မယ္ကြာ ငိုမေနနဲ႔မႀကီးမငယ္ႀကီး ယြန္းဂီhyung...hyungေယာက်ာ္းကိုေျပာပါဦး ငိုေတာ့မယ္"
"ထယ္ေလးကလည္း အေဝးသြားမယ့္သူကို ေနာက္ဆံတင္းေအာင္မလုပ္ရဘူးေလ လိမၼာတယ္"
"တစ္ခါမွဒီေလာက္မၾကာႀကီးမခြဲဖူးေတာ့ ဝမ္းနည္းသြားတာပါ သတိရေနမယ္ဂ်ီမင္း"
"ငါလည္းဖက္ထုပ္ေတြနဲ႔ dream catcherေလးေတြျမင္တိုင္း မင္းကိုသတိရမယ္ဟုတ္ၿပီလား ငါအခုေလယာဥ္ေပၚတက္ေတာ့မယ္ေနာ္"
"အြန္းတာ့တာ"
ထယ္ေယာင္းတို႔ကိုႏႈတ္ဆက္ၿပီး ေလယာဥ္ေပၚတက္လာခဲ့သည္။ မင္းငါ့ကိုလာမေတြ႕ဘူးပဲေဂ်ာင္ကု။ ငါကမင္းကိုေမွ်ာ္ေနတာေလ။ လာေတာင္မႏႈတ္ဆက္ဘူးလား။
ေလယာဥ္ထြက္သြားတာကို ေစာင့္ၾကည့္ၿပီးမွ ထယ္ေယာင္းတို႔အတြဲ ထြက္လာမိသည္။
"ထယ္ေယာင္းhyung!!!"
အသံၾကားလို႔လွည့္ၾကည့္လိုက္မိေတာ့ အူယားဖားယားေျပးလာတဲ့ ဂြၽန္ေဂ်ာင္ကု။ ဒီေကာင္ဘာလာလုပ္တာလဲဟ။
"ဂ်ီ...ဂ်ီမင္းhyungေရာ"
အနားေရာက္ေရာက္ခ်င္း အသက္ကိုမနည္း႐ွဴကာေမးလာသည္။
"ေလယာဥ္နဲ႔ပါသြားၿပီ"
ထယ္ေယာင္းခပ္ျပတ္ျပတ္အေျဖျပန္ေပးမိသည္။
"ဘယ္ကိုသြားတာတဲ့လဲ"
"ေျပာမသြားဘူး"
မင္ယြန္းဂီက မ်က္ေမွာင္ကုတ္ကာလွည့္ၾကည့္လာသျဖင့္ အသာေနဆိုသည့္သေဘာနဲ႔ ထယ္ေယာင္းျပဳံးျပလိုက္သည္။
"Hyungတို႔တစ္ကယ္မသိဘူးေပါ့"
"အင္း မသိဘူး..ဒါနဲ႔ ဂ်ီမင္းထြက္သြားမယ္ဆိုတာကို မင္းကဘယ္လိုသိလဲ"
"သူစာေလးေပးသြားလို႔"
ထယ္ေယာင္းေခါင္းခါလိုက္ၿပီး ယြန္းဂီလက္ကိုဆြဲကာ ေဂ်ာင္ကုေ႐ွ႕မွထြက္လာမိသည္။ ဒီေကာင္ဂ်ီမင္း ျပတ္ႏိုင္တာလည္းမဟုတ္ပဲနဲ႔ အတင္းေတြျဖတ္ထားခဲ့ေသးတယ္။
ေဂ်ာင္ကုကေတာ့ ေလဆိပ္အလည္မွာဒူးေထာက္ထိုင္ခ်လိုက္မိသည္။ ဒီတစ္ခါလည္းလက္လႊတ္လိုက္ရျပန္သည္။ ပထမတစ္ႀကိမ္မွာ စာေလးတစ္ေစာင္နဲ႔ အိမ္ေပၚကဆင္းသြားသလို ဒုတိယတစ္ႀကိမ္မွာလည္း စာေလးတစ္ေစာင္နဲ႔ ဒီႏိုင္ငံကေနထြက္သြားျပန္ၿပီ။
သူကလည္းႏွစ္ခါလုံးမတားႏိုင္ခဲ့ဘူး။ ႐ွာမွာကိုကို။ ေမာင္ေသခ်ာေပါက္လိုက္႐ွာမွာ။ ႐ွာေတြ႕ခဲ့ရင္ ကိုကိုေျပာသလိုေမာင့္အနားမွာျပန္ဆြဲေခၚထားမွာ။ ေျပးႏိုင္သေလာက္ေျပးထား။ ေမာင္ကိုကို႔ေ႐ွ႕ေသခ်ာေပါက္ေရာက္လာခဲ့မယ္။
ေဂ်ာင္ကုျပန္ထၿပီး ဂ်ီမင္းတို႔အိမ္ကိုသြားလိုက္သည္။ တစ္ခုခုေတာ့သိရမွာပဲ။ ျခံေ႐ွ႕ေရာက္ေတာ့ လူေခၚbellကိုႏွိပ္လိုက္ေတာ့ ဂ်ီမင္းအေမက သူ႕ကိုတံခါးဖြင့္ေပးေလသည္။
"သားေဂ်ာင္ကုပါလား လာေလအိမ္ထဲဝင္"
"ဟုတ္ကဲ့အန္တီ"
အိမ္ထဲလိုက္ဝင္ခဲ့ေတာ့ ဂ်ီမင္းအေဖစာၾကည့္ခန္းထဲကထြက္လာတာနဲ႔ တန္းတိုးသည္။
"ဟင္ သားမက္ဂြၽန္"
"ကြၽန္ေတာ္ဦးေလးပတ္ကို လာေတာင္းပန္တာပါ"
"ဘာကိုလဲကြဲ႕"
"အထင္လြဲမိခဲ့တာေတြအတြက္ပါ"
"ရပါတယ္ကြယ္ အမွန္တရားဆိုတာအၾကာႀကီး ဖုံးကြယ္လို႔မရပါဘူး အခ်ိန္တန္ရင္ေပၚမွာပဲ မင္းကလည္းၾကားစကားေတြေၾကာင့္ ဦးေလးအေပၚအထင္လြဲခဲ့တာပဲ ဦးေလးနားလည္ပါတယ္"
"ကြၽန္ေတာ္ကေစာ္ကားသလိုျဖစ္ခဲ့တာ ဦးေလးကိုအၿငႇိဳးေတြထားၿပီး ဦးေလးသားကိုပါ.."
"မင္းကငယ္႐ြယ္ေသးလို႔ပါ ဒါေၾကာင့္ေသခ်ာမစဥ္းစားႏိုင္ခဲ့တာ ဦးေလးလည္းဝူရန္းအစားရင္နာရပါတယ္ ေနာက္ေက်ာဓားနဲ႔အထိုးခံလိုက္ရလို႔"
"အေဖကသူ႕မေကာင္းမႈေတြအတြက္ သူခံရတယ္ပဲသေဘာထားပါတယ္"
"အဲ့လိုပဲေျပာရမွာေပါ့သမက္ဂြၽန္ရယ္"
ဒီလိုလူေကာင္းေတြအေပၚ အမုန္းပြားမိတဲ့အတြက္ ေဂ်ာင္ကုကိုယ့္ကိုကိုယ္အျပစ္တင္မဆုံး။ ကိုကိုဘာေၾကာင့္ႏူးညံ့ၿပီးသေဘာထား
ျပည့္ဝလဲ အခုေတာ့အေျဖရၿပီ။ ျပဳစုပ်ိဳးေထာင္ခဲ့တဲ့မိဘေတြက လူႀကီးလူေကာင္းေတြျဖစ္ေနခဲ့တာကို။
"သားေဂ်ာင္ကုကဒီကိုဘာလာလုပ္တာလဲ"
"အာ.. ကိုကိုဘယ္ထြက္သြားလဲလာေမးတာပါအန္တီ"
"ဟင္ ဂ်ီမင္းကသားကိုဘာမွေျပာမသြားဘူးလား"
"ထြက္သြားမယ္ဆိုတာပဲေျပာၿပီး ဘာမွထပ္မေျပာခဲ့ဘူးအန္တီ"
"ဒါဆို သူသားကိုမသိေစခ်င္လို႔ေနမွာေပါ့ သားမသိေစခ်င္တာဆို အန္တီတို႔ကလည္းဘာမွေျပာလို႔မရဘူး သားသိခ်င္ရင္သူ႕ကိုကိုယ္တိုင္ေမးၾကည့္ေလ"
"ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ကိုကိုဘယ္သြားလဲကြၽန္ေတာ္႕ကိုေျပာျပပါေနာ္ ကြၽန္ေတာ္ဒီလိုဒူးေထာက္ၿပီးေတာင္းပန္တာပါ"
ဒူးေထာက္ခ်ကာေဂ်ာင္ကုေတာင္းဆိုေနမိသည္။
"ထပါ သားေဂ်ာင္ကုရယ္ ဂ်ီမင္းအေဝးၾကီးကိုမသြားပါဘူး သားစဥ္းစားမိတဲ့တစ္ေနရာရာမွာပဲ႐ွိေနမွာပါ မင္းတို႔ကအၿမဲႏွလုံးသားနီးစပ္ေနတဲ့သူေတြေလ ႐ွာေတြ႕မွာပါ"
"အရိပ္အႁမြက္ေလးေတာင္မရဘူးလား"
"ႏွစ္ကိုယ့္တစ္စိတ္ျဖစ္တဲ့မင္းတို႔ အၾကာႀကီးမေဝးပါဘူး အန္တီတို႔က သားရဲ႕ေပ်ာ္႐ႊင္မႈကိုပဲဦးစားေပးတာမို႔လို႔ သားသေဘာအတိုင္းပဲ။ သားကမင္းကိုမသိေစခ်င္ပုံရလို႔ အန္တီတို႔လည္း မေျပာႏိုင္ဘူး"
"ဟုတ္ကဲ့ပါ ကြၽန္ေတာ္သိၿပီ"
ေဂ်ာင္ကုဂါဝရျပဳၿပီးကုမၸဏီကို ျပန္လာမိသည္။ လက္ေထာက္တစ္ေယာက္ကိုေခၚကာ
"သူ႕ကို႐ွာ ျပည္တြင္းျပည္ပ၊ လူအလည္အပတ္မ်ားတဲ့ႏိုင္ငံေတြမွာပါ႐ွာ၊ ပိုက္စိပ္တိုက္႐ွာလာခဲ့ ေတြ႕ေတြ႕ခ်င္း ငါ့ကိုအေၾကာင္းၾကား"
"ဟုတ္ကဲ့ပါသူေဠး"
"ၿပီးေတာ့ ကေနဒါကိုတစ္ခ်က္ေသခ်ာ႐ွာၾကည့္ ငါအဲ့ေနရာကိုစိတ္ထဲထင့္ေနတယ္"
ကိုကို႔ကိုေခၚသြားဖို႔ဆုံးျဖတ္ထားတဲ့ေနရာေလး။ ဘာေၾကာင့္လဲမသိ႐ုတ္တရက္ေခါင္းထဲဝင္လာတာေၾကာင့္ထိုေနရာကိုေသခ်ာ႐ွာဖို႔ မွာလိုက္မိသည္။ ႏွင္းခ်စ္တတ္တဲ့ကိုကိုကအဲ့ေနရာမွာ႐ွိခ်င္႐ွိေနမွာ။
ေဂ်ာင္ကုလက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္ထားမိသည္။ ပုန္းထားပါ။ ေမာင္က ကမ႓ာေျမအဆုံးေျမလွန္႐ွာမွာ။
ေျခလွမ္းေလးေတြက
သိပ္ျမန္တယ္။
ေမာင္လိုက္ဖမ္းေတာ့
ေျခရာမက်န္ေအာင္
ေျပးသြားတယ္။
ဖမ္းလို႔မိမွ ေျခေထာက္ေတြထုံသြားတဲ့အထိ
ေျခဖဝါးေတြကို နမ္းျပစ္မယ္။
.............