( သူကြီးသမက် ) Completed

By GeGeDiDimimi

1.6M 125K 2.5K

( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡ More

ပြန်တင်ခြင်း
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၇
[ 27 ]
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 15 ]
[ 16 ]
[ 17 ]
[ 18 ]
[ 19 ]
[ 20 ]
[ 21 ]
[ 22 ]
[ 23 ]
[ 24 ]
[ 25 ]
[ 26 ]
[ 28 ]
[ 29 ]
[ 30 ]
[ 31 ]
[ 32 ]
[ 33 ]
[ 34 ]
[ 35 ]
[ 36 ]
[ 37 ]
[ 38 ]
END - [ 39 ]
Extra

အပိုင်း - ၆

44.6K 3.7K 42
By GeGeDiDimimi

[ သူကြီးသမက် ]

ဒီနေ့ကမြန်မာလူမျိုးတို့ရဲ့အခါကြီးရက်ကြီးဖြစ်တဲ့ သီတင်းကျွတ်လပြည်နေ့ဖြစ်သည်။

ပုဆိုးအညိုလေးကို Shirt လက်ရှည်လည်ကတုံးအင်္ကျီအဖြူလေးနှင့်အရိပ်တွဲဝတ်၍၊အိမ်အောက်ထပ်ဆင်းလာတော့ ညီမလုပ်သူနှင်းနုကလဲလုံချည်ကွက်စိပ်ရင်ဖုံးလက်ရှည်လေးတွဲဝတ်ထားပြီး ပခုံးထပ်ပဝါအညိုလေးကိုပြန်တင်ထားကာ လက်ထဲမှာလည်းမုန့်ထုပ်များနဲ့ဖယောင်းတိုင်အမွေးတိုင်အပြည့်ထည့်ထားတဲ့လင်ဗန်းလေးကိုပိုက်ထားသည်။

" ကိုကိုပြီးရင် ခြံတံခါးပိတ်သွားရအောင် ဖေဖေနဲ့မေမေကဘုန်းကြီးကျောင်းအရင်သွားနှင့်ကြပြီ "

" အင်း "

‌" ဟေ့ နှင်းနု ပြီးရင်သွားကြရအောင် "

အရိပ်ခြံတံခါးပိတ်နေတုန်းဘုန်းကြီးကျောင်းသွားကြမယ် ရွာထဲကအပျိုတွေကနှင်းနုတွေ့တော့ပြောလာသည်။

ထိုအချိန် ရိုးတို့အဖွဲ့လည်းအဝေးကနေလာနေတာကို အရိပ်လှမ်းမြင်လိုက်ရတာကြောင့် မသွားသေးဘဲ အိမ်အရှေ့ကနေရပ်စောင့်နေလိုက်သည်။

ရွာထိပ်ဘုန်းကြီးကျောင်းကိုသွားကြသူတော်တော်များများကရွာထဲလမ်းကအရိပ်တို့အိမ်ရှေ့ကဖြတ်သွားကြရတာဖြစ်သည်။

ဒီနေ့ကလပြည့်နေ့ဖြစ်တာကြောင့် ရိုးကပုဆိုးကွက်စိပ်အစိမ်းလေးကိုအဖြူရောင် Shirt လက်ရှည်နဲ့ တွဲဝတ်ထားပြီး ပုဆိုးရှည်ကိုစိတ်ရှုပ်ဟန်လက်နဲ့စုပြီးဒူးနားအထိမြောက်ကိုင်ထားတော့ ခြေထောက်မှာစီးထားတဲ့သရေဖိနပ်အနက်‌ရောင်လေးနဲ့ခြေချောင်းညိုညိုလေးတွေကအထင်သားပေါ်လွင်နေသည်။

လက်ထဲမှာကလဲဆေးလိပ်တစ်လိပ်ကိုလက်ကြားညှပ်သောက်ရင်လျှောက်လာတဲ့ပုံကအရပ်ရှည်ရှည်နဲ့သူငယ်ချင်းတွေကြားထဲမှာဂျစ်ကန်ကန်ပုံလေးနဲ့ကိုပဲ ရိုးကဆွဲဆောင်မှုရှိနေပြန်သည်။

" ကိုကို သွားမယ်လေ "

ညီမလုပ်သူ နှင်းနုကခြံတံခါးပိတ်ပြီးမသွားသေးပဲ ရပ်နေတဲ့ အစ်ကိုလုပ်သူကိုကြည်ကာပြောလာတော့။

" နေဦး ဟိုမှာ ရိုးတို့အဖွဲ့ကိုစောင့်လိုက်ဦးမယ်  "

အရိပ်စကားကြောင့်ရပ်စောင့်နေကြတဲ့အပျိုအဖွဲ့ကလဲ သူတို့နဲ့ ဝါးတစ်ပြန်အကွာဝေးရောက်လာတဲ့ ရိုးတို့ကိုကြည့်ကာ။

" ဟယ် ကိုရိုးကြီးက အခုလိုဝတ်ထားတော့လဲ ကြည့်လို့ကောင်းလိုက်တာ "

" အေးဟယ် မိုက်တိမိုက်ကန်းအရက်သမားဒီဇိုင်းလေးနဲ့တုန်းကလဲဆွဲဆောင်မှုရှိတာပဲ "

" ဘယ်လိုနေနေဆွဲဆောင်မူကြီးကအပြည့် ခက်သာက အခုထိကိုရိုးကြီးကရွာထဲကဘယ်အပျိုကိုမှစတာနောက်တာကလွဲရင်ရည်းစားစကားမပြောဘူးတော့ "

" ကိုရိုးကြီးကို ငါ့ရည်းစားအဖြစ်တော်ပစ်လိုက်ချင်တယ် "

အရိပ် သူ့အရှေ့ကအပျိူမတွေစကားကြောင့် ရည်းစားလူလုအူနုကျွဲခတ်ဆိုသလို တော်တော်အူတိုနေမိပြီးမျက်နှာကလဲအပြုံးကိုဟန်ဆောင်ပြုံးထားရ၏၊ဘယ်သူကများကိုယ်ချစ်သူကောင်လေးကို ကိုယ်ရှေ့ထားပြီး ချစ်လိုက်တာ ကြိုက်လိုက်တာ ပြောနေတာကို သဘောထားကြီးမတုန်း ရိုးက အရိပ်တို့အနားရောက်တော့ အရိပ်ကသူ့ကိုအလိုမကျသလို စိုက်ကြည့်လာကာ။

" အခါကြီးရက်ကြီးဘုန်းကြီးကျောင်း သီလယူသွားတာတောင် ဆေးလိပ်ကလက်ကြားညှပ်လို့ !"

" အရက်သောက်တာမှမဟုတ်တာ ဆေးလိပ်က ဘုန်းကြီးကျောင်း အပေါက်ဝမရောင်ခင်တောင် ကုန်ပြီ ဒီမှာကြည့်တစ်ဝက်ပဲကျန်တော့တယ် "

ရိုးလည်းအရိပ်ကိုဖြေရှင်းချက်အေးဆေးစွာပေးလိုက်၏၊ဒါပေမဲ့ အရိပ်မျက်နှာကမကြည်လင်နေသေးတာကြောင့် ဆေးလိပ်ကိုမြေကြီးပေါ်ချလိုက်၍၊မီးခိုးငွေတစ်လူလူထွက်နေသေးတဲ့အငွေ့တချို့ကိုနင်းခြေမီးငြိမ်းသတ်လိုက်သည်။

" ကျေနပ်ပြီလား သွားကြစို့ "

" အဟမ်း ,, အဟမ်း ,,"

" ငရိုးကြီးကတော့အပိုးကိုကျိုးနေတာပဲ ဟေ့ !"

ရိုးဘေးကသူငယ်ချင်းတွေရဲ့စနောက်စကားကြောင့် အရိပ်နားဖျားလေးရဲသွားကာ ညီမလုပ်သူနှင်းနုနဲ့ခုနကရိုးကိုချစ်ပါတယ် ကြိုက်ပါတယ်ဆိုနေတဲ့ အပျိုမတွေကလဲဘာလဲဆိုတဲ့အဓိပ္ပါယ်နဲ့ စိတ်ဝင်တစားကြည့်လာကြသည်။

အရိပ်မှာ ညီမလုပ်သူများသူနဲ့ရိုးရဲ့ပတ်သက်မှုကို ရိပ်မိသွားသလားဆိုတဲ့အတွေးနဲ့ရင်ထဲထိတ်လန့်သွားမိသည်။

" ဟဲ့ ! ကလေးတွေ ငါ့ကိုခြင်းတောင်းလာကူးသယ်ယူကြစမ်းပါဦး "

အရိပ်တို့ဘေးအိမ်က အရီးသောင်းကြိုင်က ရေနွေးဘူး လက်ဖက်သုပ်ပန်းကန်တွေအပြည့်ထည့်ထားတဲ့ခြင်းကိုကူသယ်ခိုင်းလာသည်။

အရိပ်တို့ရွာမှာကလပြည့်နေ့ခါကြီးရက်ကြီးတွေဆိုရင်သက်ကြီးပိုင်းတွေကနေ့တစ်ရက်သာ ဥပုသ်စောင့်ကြ၏ ထိုအချိန်ဆိုရေနွေးဘူး မုန့်စားသောက်စရာအပြည့်ကထည့်သွားတတ်ကြသေးသည်။

" ပေးပေး ကျွန်တော်သယ်ခဲ့မယ် အရီးကြိုင် "

ရိုး အရီးသောင်းကြိုင်လက်ထဲကခြင်းတောင်းကို ဆွဲ၍၊ဘုန်းကြီးကျောင်းသို့အဖွဲ့လိုက်ချီတက်လာခဲ့ကြသည်။

" အရိပ် မင်းပုဆိုးကဒီထပ်နည်းနည်းတိုတိုမဝတ်တတ်တော့ဘူးလား ပုဆိုးစတတ်နင်းမိပြီး လဲတော့မှာ ငါ့မြင်နေပြီ "

ရိုး တို့အရှေ့ကအပျိုမတွေအဖွဲ့ကလျှောက်နေကြပြီး ရိုးတို့ကာလသားအဖွဲ့ကအနောက်ကလျှောက်လာကြတာဖြစ်ကာ ရိုးသူဘေးကနေလျှောက်နေတဲ့ အရိပ်ကိုကြည်ကာပြောလိုက်တော့။

" မဝတ်တတ်ပါဘူး ပုဆိုးတိုတိုကြီး "

ရိုးလည်း အရိပ်စကားကြောင့် ဘာမှဆက်မပြောဖြစ်တော့

<<<>>>

ဘုန်းကြီးကျောင်းရောက်တော့ ဓမ္မရုံထဲမှာသီလယူလာတဲ့ရွာသူရွာသားတွေစုံနေကာဆရာတော်ဘုရားကြွမလာခင်အချိန်တွင် စကားပြောသံတွေကလဲဆူညံနေသည်။

ရိုးတို့ကယောကျ်ားလေးတွေဖြစ်တာကြောင့် အ‌ရှေ့ဆုံးမှာနေရာယူထိုင်လိုက်၏ အရိပ်လည်းရိုးနံဘေးမှာပဲဝင်ထိုင်လိုက်သည်။

မိန်းကလေးတွေကတော့ အနောက်ဘက်မှာနေရာယူကာထိုင်ကြလေသည်။

" ဘယ်လဲ "

အရိပ်ကထိုင်နေရာက ထလိုက်တာကြောင့် ရိုးမေးလိုက်တော့။

" အလှူငွေသွားထည့်မလို့ "

အရိပ် ရိုးအမေးကိုဖြေလိုက်၍ ပုဆိုးကိုအသာယာမပြီး လူကြားထဲကနေခါးညွတ်ကာအလှူခံဖလားရှိရာဘုန်းဘုန်းတရားဟော့မယ် စင်ရှေ့ကအလှူခံဖလားထဲတစ်သောင်းတန်နှစ်ရွက်ထည့်ပြီး ရိုးဘေးကိုပြန်လာခဲ့လိုက်သည်။

ရိုး ချစ်ရသူလေးနဲ့လှုပ်ရှားမှုကိုမြတ်နိုးစွာလိုက်ကြည့်၍ ပြုံးလိုက်မိ၏ လူကြားထဲခါးလေးကိုင်း၍ ပုဆိုးလေးအသာမပြီးခင်းထားတဲ့အနီရောင်ကောဇောထပ်ကခြေချောင်းဖြူသွယ်သွယ်လေးကိုအနားရောက်လာတော့စိုက်ကြည့်လိုက်မိသည်။

အရိပ် ရိုးဘေးနားရောက်တော့ထိုင်ချလိုက်ပြီးနောက်။

" ရိုး ဘာတွေလိုက်ကြည့်နေတာလဲ "

" ချစ်လို့ "

စိတ်ထဲကနေပြောလိုက်၍၊အပြင်မှာတော့ ခေါင်းသာယမ်းပြလိုက်၏၊အခုသူတို့ရောက်နေတာလူကြားထဲ ပြီးတော့ဘုန်းကြီးကျောင်းမှာ။

" ဆရာတော်ဘုရားကြွလာပြီ "

ကိုးနာရီကစပြီးတရားပေးမှာဖြစ်တာကြောင့် ကိုးနာရီထိုးကာနီးဆရာတော်ဘုရားကဓမ္မရုံထဲကြွလာသည်။

ဆရာတော်ဘုရားကြွလာတာနဲ့ခုနကဆူညံနေတဲ့ ဓမ္မရုံကလဲအပ်ကျသံမှမကြားရတော့ တိတ်ဆိတ်သွား၍ မိန်းကလေးတွေကလဲခြေကျုံ့ထိုင်ကာလက်အုပ်ချီလိုက်ကြသလို သူတို့ယောကျ်ားလေးတွေလဲခြေဆောင့်ကြောင့်ထိုင်လိုက်၍ လက်အုပ်ချီလိုက်ကြပြီးဦးသုံးကြိမ်ချလိုက်ကြသည်။

အားလုံးကဩကာသနဲ့စတင်၍ ဦးခိုက်ပြီးနောက်။

" ကဲ ပြောကြပါဦး ဒီနေ့ကဘာနေ့လဲ "

ဆရာတော်ဘုရားရဲ့အမေးကြောင့် အားလုံးသောတရားနားပုရိတ်သက်အပေါင်းပြန်ဖြေသံက။

" သီတင်းကျွတ် လပြည့်နေ့ပါဘုရား "

" သီတင်းကျွတ်လပြည့်ဆိုတာ ဘာကိုရည်ရွည်လို့ ဆီမီးပူဇော်ကြလဲဆိုတာကိုရော သိကြလား "

" သိပါတယ် ဘုရား "

ပုရိတ်များရဲ့ဖြေသံဟာကျယ်လောင်စွာ အားရဖွယ်ကောင်းလှ၏။

" သီတင်းကျွတ် လပြည့်ဆိုတာ ဘုန်းဘုန်းတို့ဘုရားရှင်က ဘုရားဖြစ်ပြီနောက် ဝါတွင်းသုံးလလုံးနတ်ပြည်တက်ပြီး သူရဲ့မိခင်ဟောင်းကိုကျေးဇူးဆပ်တဲ့အနေနဲ့ နတ်ပြည်မှနတ်ဖြစ်နေတဲ့ မယ်တော်ကိုတရားဟောပြီး သီတင်းကျွတ်လပြည့်နေ့မှာနတ်ပြည်ကနေလူပြည်ကိုပြန်ဆင်းလာလို့ လူတွေကဘုရားရှင်လူပြည်ကြွမြန်းလာတာကို ရည်စူးပြီးဆီမီးပူဇော်တာ ဒါကိုမှတ်ထားကြ အခုခေတ်ကလေးတွေကလပြည့်နေ့ဆိုမီးထွန်းသာကလွဲရင်ကျန်တာဘာမှနားမလည်ကြဘူး "

ဆရာတော်ဘုရားရဲ့တရားကြားမှရိုးအိပ်ငိုက်နေပြီဖြစ်၏ ဆရာတော်ဘုရားကတရားဟောရင်အရမ်းရှည်တာမို့ ရိုးစိတ်မရှည် အခုတောင်ခါကြီးရက်ကြီးမို့မနည်းသီလယူနေရသည်။

ထင်တဲ့အဲတိုင်းပါပင် ဆရာတော်ဘုရားရဲ့တရားက သုံးနာရီလောက်ကြာမှပြီးဆုံးသွားသည်။

လူငယ်ပိုင်းတွေကတော့ မနက်ပိုင်းပဲသီလယူ၍ ပြန်လာကြကာ လူကြီးပိုင်းတွေကတော့ ဥပုသ်စောင့်ကျန်နေခဲ့သည်။

" အရိပ် "

ဘုန်းကြီးကျောင်းပေါက်ဝမှာအိမ်ပြန်ရန်ဖိနပ်စီးနေတဲ့ အရိပ်ကိုရိုးနောက်ကနေခေါ်လိုက်တော့ လှည့်ကြည့်လာသည်။

" ဘာလဲ ရိုး "

" ည ဘုရားမှာစောင့်နေမယ်နော် "

" အင်း "

" ကိုကိုရေ သွားမယ်လေ "

အဝေးကလှမ်းအော်လာတဲ့ ညီမနှင်းနုကြောင့် အရိပ်ရိုးကိုကြည့်ကာ။

" ရိုး အရိပ်သွားပြီနော် "

အရိပ် ရိုးကိုနှုတ်ဆက်ပြီးညီမလုပ်သူဆီလာခဲ့လိုက်၍ အိမ်ပြန်လာခဲ့လိုက်သည်။

ရင်ထဲမှာလဲကြည်နူးလို့ ညရိုးနဲ့ချိန်းတွေ့ရတော့မည်ကိုတွေးကာ ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။

< 11 , 9 , 2021 >



[ သူကြီးသမက် ]




" အင်း "







" ကိုကို သွားမယ်လေ "








အရိပ် သူ့အရှေ့ကအပျိုမတွေစကားကြောင့် ရည်းစားလူလုအူနုကျွဲခတ်ဆိုသလို တော်တော်အူတိုနေမိပြီးမျက်နှာကလဲအပြုံးကိုဟန်ဆောင်ပြုံးထားရ၏၊ဘယ်သူကများကိုယ်ချစ်သူကောင်လေးကို ကိုယ်ရှေ့ထားပြီး ချစ်လိုက်တာ ကြိုက်လိုက်တာ ပြောနေတာကို သဘောထားကြီးမတုန်း ရိုးက အရိပ်တို့အနားရောက်တော့ အရိပ်ကသူ့ကိုအလိုမကျသလို စိုက်ကြည့်လာကာ။





" အဟမ်း ,, အဟမ်း ,,"













<<<>>>


ရိုးတို့ကယောက်ျားလေးတွေဖြစ်တာကြောင့် အ‌ရှေ့ဆုံးမှာနေရာယူထိုင်လိုက်၏ အရိပ်လည်းရိုးနံဘေးမှာပဲဝင်ထိုင်လိုက်သည်။


" ဘယ်လဲ "







" ချစ်လို့ "




ဆရာတော်ဘုရားကြွလာတာနဲ့ခုနကဆူညံနေတဲ့ ဓမ္မရုံကလဲအပ်ကျသံမှမကြားရတော့ တိတ်ဆိတ်သွား၍ မိန်းကလေးတွေကလဲခြေကျုံ့ထိုင်ကာလက်အုပ်ချီလိုက်ကြသလို သူတို့ယောက်ျားလေးတွေလဲခြေဆောင့်ကြောင့်ထိုင်လိုက်၍ လက်အုပ်ချီလိုက်ကြပြီးဦးသုံးကြိမ်ချလိုက်ကြသည်။






" သိပါတယ် ဘုရား "






" အရိပ် "


" ဘာလဲ ရိုး "


" အင်း "

" ကိုကိုရေ သွားမယ်လေ "





< 11 , 9 , 2021 >

Continue Reading

You'll Also Like

1M 51.9K 74
ငယ်ငယ်တည်းကမတော်တဆမူတခုကြောင့်ကွဲကွာခဲ့ရတဲ့ အမြွှာညီအကိုနှစ်ယောက်ပြန်တွေ့ချိန်မှာကြေကွဲစရာအဖြစ် အပျက်တွေနဲ့အကိုဖြစ်သူရဲ့ကလဲ့စားချေမူတွေကိုရေးသား ထားပ...
16.9K 2.7K 53
කිරුළ නොපලන් රජෙකුගෙ කතාව
119K 3.9K 46
"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက ကိုယ့်လည်ပင်းကိုကိုယ်ကြိုးကွင်းပြန်မစွပ...
4.3M 495K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...