This is the story i've written for the donation project held by * Eritrixis * .
Prolog of Long Version is updated with the name ,
* The Devil & his Nightingale * .
Enjoy .
………………
[ Unicode ]
ချစ်သောအရှင် မျက်မာန်ငြိုးကို … မပြေမှာ စိုးလှပါတယ် … ။
………………
CE 2021 သို့မဟုတ် ၂၁ရာစု၏ အစပိုင်း ။
ချူအွန်းမြို့ မြို့တော်ခန်းမ၌ ကျင်းပသော ယဉ်ကျေးမှုပွဲတော် က စည်ကားလှသည် ။
" ဆိုလ်းတက္ကသိုလ် အနုပညာဋ္ဌာနရဲ့ ဖျော်ဖြေမှုအတွက် လက်ခုပ်သံများ ချီးမြှင့်ပေးကြပါဦး…… "
လိုရီ ပါကင်းစ် လက်ခုပ်ကို စိတ်မပါ့တပါတီးလိုက်သည် ။ ဘေးမှ မိခင်ဖြစ်သူ၏ အလွန်တရာပျော်ရွှင်နေသောဟန်ပန်ကို မြင်တော့ လိုရီလည်း ပြုံးမိပါသည် ။ ကိုရီးယားလူမျိုး အရှေ့တိုင်းသူမိခင်၏ ဆန္ဒမှာ ရိုးရာယဉ်ကျေးမှုပွဲတော်ကို အနောက်တိုင်းသွေးတဝက်ရောသော သားဖြစ်သူနှင့် အတူဆင်နွှဲရန် ဖြစ်သည်လေ ။
" အခုတင်ဆက်မယ့် တေးကဗျာ ဟာ -မျက်တော်ဖြေ - လို့ အမည်ရပါတယ် … BC 57 ခု က မျက်မမြင်မိဘုရား လို့ အမည်တွင်ခဲ့တဲ့ ဘွဲ့အမည်မဲ့ အမျိုးသားဧကရီရေးစပ်ခဲ့တာဖြစ်ပါတယ် … "
[ FYI : CE/ AD = BC + 200 + AD ]
ခန်းမကို အမှောင်ချထားသောကြောင့် စတိတ်စင်ပေါ်မှာ အရေးပေါ်မီးလုံးများကိုသာ မြင်ရသည် ။ နောက်ခံအသံနှင့်အတူ ဖျော့တော့သော အလင်းတပြက တောက်ပလာသည် ။
" ဧကရာဇ်အန်ဂျုံးဟာ အိမ်ရှေ့စံဘဝက အလွန်တရာအမျက်ဒေါသကြီးသူအဖြစ် သမိုင်းတွင်ခဲ့ပါတယ် … အမျိုးသားမိဘုရားနဲ့ လက်ဆက်ပြီးနောက်မှာတော့ မိဘုရားကအမျက်ဒေါသတွေကို ဒီတေးသွားနဲ့ လျော့ပါးစေခဲ့တယ် လို့ သိရပါတယ် … "
သေးငယ်သော အဖြူရောင်ပုံရိပ်လေးတစ်ခုသည် စတိတ်စင်ပေါ်သို့ ဖြေးညှင်းစွာ လျောက်လာသည် ။ လှပသောအဖြူရောင်ဝတ်စုံကို ကောင်းကင်ပြာရောင်ဖြင့် အနားသတ်ထားသည် ။ ရွှေရောင်ဇာမဏီနှစ်ကောင်က ဝတ်စုံရြေှ့ခမ်း၏ တဖက်တချက်တွင် လှပစွာပျံဝဲနေကြသည် ။ ခပ်ဖွဖွစုချည်ထားသော ဆံနွယ်များပေါ်တွင် ရွှေရောင်ဇာမဏီဆံထိုးက လှပစွာနေရာယူထားသည် ။ ဖျော်ဖြေပွဲသာ မဟုတ်ခဲ့လျှင် ရှည်လျားသော အဖြူရောင်ဆံနွယ်များကအတု ဆိုသည်ကို လိုရီ ယုံမိလိမ့်မည် မထင် ။
မျက်ဝန်းတဝိုက်တွင် စည်းနှောင်ထားသော အဖြူရောင်ဇာပါးကို သတိထားမိချိန်တွင် လိုရီ့ရင်က ဒိတ်ကနဲခုန်သည် ။ ဒီလိုအသွင်အပြင်ကို လိုရီ ရင်ထဲအသည်းထဲမှ ရင်းနီးနေမိသည် မဟုတ်လား ။
ညင်သာသော ကြိုးတပ်တူရိယာသံက လွှင့်ပျံ့လာသည် ။ အလွန်တရာရှည်လျားသော အင်္ကျီလက်စများကိုဝေ့ဝိုက်ကာ ဖြေးညင်းစွာ ကခုန်တော့သည် ။ ထိုအမျိုးသားလေး၏ ညင်သာသလောက် သန်မာသော လှုပ်ရှားမှုများမှာ ကောင်းကင်မှ နှင်းပွင့်လေးတစ်ပွင့် ညင်သာစွာကျဆင်းလာသည်နှင့် တူသည် ။
နှေးရာမှာ မြန်လာသော ကကွက်များသည် ဗုံသံတချက်နှင့်အတူ တိကနဲ ရပ်တန့်သွားသည် ။ အဖြူရောင်ပုံရိပ်လေးသည် ကောင်းကင်ကို လက်ဆန့်တန်းကာ ကဗျာတိုလေးကို ရေရွှတ်လိုက်သည်။ အသံချိုချိုက စပီကာများမှ ပျံ့လွှင့်လာသည် ။
" ချစ်ခြင်းတရာ … ဂရုဏာမဲ့မှာ စိုးရတယ် …
လြှခင်းတရာ… ဂုဏ်သိက္ခာမဲ့မှာ စိုးရတယ် …
ကွေကွင်းတရာ … သစ္စာမဲ့မှာ စိုးရတယ် …
အို … အရှင်ရယ်…
တသောင်းသောလောကအလယ်…
အရှင့်ကျွန် ဒီမိဘုရားဟာ … "
" ချစ်သောအရှင် မျက်မာန်ငြိုးကို … မပြေမှာ စိုးလှပါတယ် …"
နောက်ဆုံးစာကြောင်းကို တိုးညှင်းစွာလိုက်ဆိုလိုက်သော လိုရီကို မစ္စပါကင်းစ် အံ့သြခြင်းများစွာဖြင့် လှည့်ကြည့်မိသည် ။ အရှေ့တိုင်းရိုးရာယဉ်ကျေးမှုများကို အထင်မကြီးသော သားဖြစ်သူသည် မျက်တော်ဖြေ ကဗျာကို ဘယ်လိုများ အလွတ်ရနေပါသတည်း ။
………………
" ဘတ်… ဟေ့ ဘတ်ဟျွန်း ! "
ဖျော်ဖြေမှုပြီးသည်နှင့် စတိတ်စင်ပေါ်မှ ဘတ်ဟျွန်း ဒရောသောပါး ပြေးဆင်းခဲ့သည် ။ လူရှင်းနေသော ခန်းမနောက်ဖက်သို့ ရောက်မှ တင်းတင်းကျိတ်ထားသော အံများကို လွတ်ကာ မျက်ရည်စများကို တာကျိုးခွင့်ပြုလိုက်သည် ။
မျက်တော်ဖြေ… ။
ဒီကဗျာကို ရွတ်ဆိုမိတိုင်း ဘတ်ဟျွန်း စို့နင့်စွာ အသက်ရှူရပ်မတတ် ငိုမိသည် ။ ကျောင်းသားဘဝမှ ဆရာဘဝပြန်ရောက်သည်အထိ ဒီကဗျာကို ကြားတိုင်း ရွတ်ဆိုမိတိုင်း ငိုရသည်ပဲ ဖြစ်သည်။
ရှည်လျားသော အင်္ကျီလက်စများကို ဘတ်ဟျွန်း ချွတ်ဖယ်လိုက်သည် ။ ပုံလျက်သားကျသွားသော အဖြူရောင်အထည်စများကို ဘတ်ဟျွန်း မကောက်မိ ။
မျက်ဝန်းများကို ပိတ်စည်းထားသော အဝတ်စဖြူဖြူက မျက်ရည်စများဖြင့် စိုစွတ်နေသည် ။ အဝတ်ဖြူကို ဖယ်ရန်မြှောက်လိုက်သော လက်များ တားစီးခံလိုက်ရသည် ။
" ဘတ်ခ်ဆောလ်… "
ညှင်သာသော သြရှရှအသံ … ။ ဘတ်ဟျွန်း ဖြေးညှင်းစွာ မော့ကြည့်လိုက်သည် ။ စိုစွတ်နေသော ပိတ်ပါးစကို ဖြတ်၍ အနက်ရောင်ပုံရိပ်တစ်ခုကို မြင်နေရသည် ။
ဘတ်ဟျွန်း လက်သွယ်သွယ်လေးများကို ခေါင်းတလုံးကျော် အမြင့်တွင်ရှိနေသော မျက်နှာဆီ မြှောက်လိုက်သည် ။ သန်မာသောမေးရိုးများ ကို ထိတွေ့မိသည် ။ ပုံကျသော နှာတံများကို ထိတွေ့မိသည် ။ ထူထဲသောနှုတ်ခမ်းသားများကို ထိတွေ့မိချိန်တွင် လက်ဖျားလေးများကို သန်မာကြီးမားသည့်လက်ကြမ်းများက ဆုတ်ကိုင်ကာသည် ။
" ဆောလ်… "
သူ နောက်တကြိမ် ထပ်ခေါ်ရင်း လက်သွယ်သွယ်များ၏ ထိပ်ဖျားလေးကို ခပ်ဖွဖွငုံခဲလိုက်သည် ။
" ဆောလ်… ကိုယ်တော့်ရဲ့ ဆောလ်…… "
ဘတ်ဟျွန်း ဘယ်လိုမှ မထိန်းနိုင်တော့ဘဲ မျက်နှာရှေ့မှ ရင်အုပ်ကျယ်ထဲ ခိုဝင်မိသည် ။ သူဝတ်ဆင်ထားသော အနက်ရောင်ကုတ်အင်္ကျီကို ဆွဲကိုင်ရင်း စကားလုံးအချို့ကို ခပ်တိုးတိုးရေရွတ်မိသည် ။
" ပြန်လာပြီပေါ့… အရှင်…… "
ထားရစ်ခဲ့ရသူ နှင့် ကျန်ရစ်ခဲ့ရသူ… မည်သူ့မျက်ရည်ချောင်းစီးပါမည်နည်း ။
ပိုချစ်သောသူက ပို၍ငိုရမည် ထင်ပါသည် ။
……………
ချစ်သောအရှင် မျက်မာန်ငြိုးကို … မပြေမှာ စိုးလှပါတယ် … ။
_______ The End
.
.
[ Zawgyi ]
ခ်စ္ေသာအရွင္ မ်က္မာန္ၿငိဳးကို … မေျပမွာ စိုးလွပါတယ္ … ။
………………
CE 2021 သို႔မဟုတ္ ၂၁ရာစု၏ အစပိုင္း ။
ခ်ူအြန္းၿမိဳ႔ ၿမိဳ႔ေတာ္ခန္းမ၌ က်င္းပေသာ ယဉ္ေက်းမႈပြဲေတာ္ က စည္ကားလွသည္ ။
" ဆိုလ္းတကၠသိုလ္ အႏုပညာ႒ာနရဲ့ ေဖ်ာ္ေျဖမႈအတြက္ လက္ခုပ္သံမ်ား ခ်ီးျမႇင့္ေပးၾကပါဦး…… "
လိုရီ ပါကင္းစ္ လက္ခုပ္ကို စိတ္မပါ့တပါတီးလိုက္သည္ ။ ေဘးမွ မိခင္ျဖစ္သူ၏ အလြန္တရာေပ်ာ္ရႊင္ေနေသာဟန္ပန္ကို ျမင္ေတာ့ လိုရီလည္း ၿပံဳးမိပါသည္ ။ ကိုရီးယားလူမ်ိဳး အေရ႔ွတိုင္းသူမိခင္၏ ဆႏၵမွာ ရိုးရာယဉ္ေက်းမႈပြဲေတာ္ကို အေနာက္တိုင္းေသြးတဝက္ေရာေသာ သားျဖစ္သူႏွင့္ အတူဆင္ႏႊဲရန္ ျဖစ္သည္ေလ ။
" အခုတင္ဆက္မယ့္ ေတးကဗ်ာ ဟာ -မ်က္ေတာ္ေျဖ - လို႔ အမည္ရပါတယ္ … BC 57 ခု က မ်က္မျမင္မိဘုရား လို႔ အမည္တြင္ခဲ့တဲ့ ဘြဲ႔အမည္မဲ့ အမ်ိဳးသားဧကရီေရးစပ္ခဲ့တာျဖစ္ပါတယ္ … "
[ FYI : CE/ AD = BC + 200 + AD ]
ခန္းမကို အေမွာင္ခ်ထားေသာေၾကာင့္ စတိတ္စင္ေပၚမွာ အေရးေပၚမီးလံုးမ်ားကိုသာ ျမင္ရသည္ ။ ေနာက္ခံအသံႏွင့္အတူ ေဖ်ာ့ေတာ့ေသာ အလင္းတျပက ေတာက္ပလာသည္ ။
" ဧကရာဇ္အန္ဂ်ံဳးဟာ အိမ္ေရ႔ွစံဘဝက အလြန္တရာအမ်က္ေဒါသႀကီးသူအျဖစ္ သမိုင္းတြင္ခဲ့ပါတယ္ … အမ်ိဳးသားမိဘုရားနဲ႔ လက္ဆက္ၿပီးေနာက္မွာေတာ့ မိဘုရားကအမ်က္ေဒါသေတြကို ဒီေတးသြားနဲ႔ ေလ်ာ့ပါးေစခဲ့တယ္ လို႔ သိရပါတယ္ … "
ေသးငယ္ေသာ အျဖဴေရာင္ပံုရိပ္ေလးတစ္ခုသည္ စတိတ္စင္ေပၚသို႔ ေျဖးၫွင္းစြာ ေလ်ာက္လာသည္ ။ လွပေသာအျဖဴေရာင္ဝတ္စံုကို ေကာင္းကင္ျပာေရာင္ျဖင့္ အနားသတ္ထားသည္ ။ ေရႊေရာင္ဇာမဏီႏွစ္ေကာင္က ဝတ္စံုေရ႔ျွခမ္း၏ တဖက္တခ်က္တြင္ လွပစြာပ်ံဝဲေနၾကသည္ ။ ခပ္ဖြဖြစုခ်ည္ထားေသာ ဆံႏြယ္မ်ားေပၚတြင္ ေရႊေရာင္ဇာမဏီဆံထိုးက လွပစြာေနရာယူထားသည္ ။ ေဖ်ာ္ေျဖပြဲသာ မဟုတ္ခဲ့လ်ွင္ ရွည္လ်ားေသာ အျဖဴေရာင္ဆံႏြယ္မ်ားကအတု ဆိုသည္ကို လိုရီ ယံုမိလိမ့္မည္ မထင္ ။
မ်က္ဝန္းတဝိုက္တြင္ စည္းေနွာင္ထားေသာ အျဖဴေရာင္ဇာပါးကို သတိထားမိခ်ိန္တြင္ လိုရီ့ရင္က ဒိတ္ကနဲခုန္သည္ ။ ဒီလိုအသြင္အျပင္ကို လိုရီ ရင္ထဲအသည္းထဲမွ ရင္းနီးေနမိသည္ မဟုတ္လား ။
ညင္သာေသာ ႀကိဳးတပ္တူရိယာသံက လႊင့္ပ်ံ့လာသည္ ။ အလြန္တရာရွည္လ်ားေသာ အက်ႌလက္စမ်ားကိုေဝ့ဝိုက္ကာ ေျဖးညင္းစြာ ကခုန္ေတာ့သည္ ။ ထိုအမ်ိဳးသားေလး၏ ညင္သာသေလာက္ သန္မာေသာ လႈပ္ရွားမႈမ်ားမွာ ေကာင္းကင္မွ ႏွင္းပြင့္ေလးတစ္ပြင့္ ညင္သာစြာက်ဆင္းလာသည္ႏွင့္ တူသည္ ။
ေနွးရာမွာ ျမန္လာေသာ ကကြက္မ်ားသည္ ဗံုသံတခ်က္ႏွင့္အတူ တိကနဲ ရပ္တန႔္သြားသည္ ။ အျဖဴေရာင္ပံုရိပ္ေလးသည္ ေကာင္းကင္ကို လက္ဆန႔္တန္းကာ ကဗ်ာတိုေလးကို ေရရႊတ္လိုက္သည္။ အသံခ်ိဳခ်ိဳက စပီကာမ်ားမွ ပ်ံ့လႊင့္လာသည္ ။
" ခ်စ္ျခင္းတရာ … ဂရုဏာမဲ့မွာ စိုးရတယ္ …
လျွခင္းတရာ… ဂုဏ္သိကၡာမဲ့မွာ စိုးရတယ္ …
ေကြကြင္းတရာ … သစၥာမဲ့မွာ စိုးရတယ္ …
အို … အရွင္ရယ္…
တေသာင္းေသာေလာကအလယ္…
အရွင့္ကြၽန္ ဒီမိဘုရားဟာ … "
" ခ်စ္ေသာအရွင္ မ်က္မာန္ၿငိဳးကို … မေျပမွာ စိုးလွပါတယ္ …"
ေနာက္ဆံုးစာေၾကာင္းကို တိုးၫွင္းစြာလိုက္ဆိုလိုက္ေသာ လိုရီကို မစၥပါကင္းစ္ အံ့ၾသျခင္းမ်ားစြာျဖင့္ လွၫ့္ၾကၫ့္မိသည္ ။ အေရ႔ွတိုင္းရိုးရာယဉ္ေက်းမႈမ်ားကို အထင္မႀကီးေသာ သားျဖစ္သူသည္ မ်က္ေတာ္ေျဖ ကဗ်ာကို ဘယ္လိုမ်ား အလြတ္ရေနပါသတည္း ။
………………
" ဘတ္… ေဟ့ ဘတ္ဟြၽန္း ! "
ေဖ်ာ္ေျဖမႈၿပီးသည္ႏွင့္ စတိတ္စင္ေပၚမွ ဘတ္ဟြၽန္း ဒေရာေသာပါး ေျပးဆင္းခဲ့သည္ ။ လူရွင္းေနေသာ ခန္းမေနာက္ဖက္သို႔ ေရာက္မွ တင္းတင္းက်ိတ္ထားေသာ အံမ်ားကို လြတ္ကာ မ်က္ရည္စမ်ားကို တာက်ိဳးခြင့္ျပဳလိုက္သည္ ။
မ်က္ေတာ္ေျဖ… ။
ဒီကဗ်ာကို ရြတ္ဆိုမိတိုင္း ဘတ္ဟြၽန္း စို႔နင့္စြာ အသက္ရႉရပ္မတတ္ ငိုမိသည္ ။ ေက်ာင္းသားဘဝမွ ဆရာဘဝျပန္ေရာက္သည္အထိ ဒီကဗ်ာကို ၾကားတိုင္း ရြတ္ဆိုမိတိုင္း ငိုရသည္ပဲ ျဖစ္သည္။
ရွည္လ်ားေသာ အက်ႌလက္စမ်ားကို ဘတ္ဟြၽန္း ခြၽတ္ဖယ္လိုက္သည္ ။ ပံုလ်က္သားက်သြားေသာ အျဖဴေရာင္အထည္စမ်ားကို ဘတ္ဟြၽန္း မေကာက္မိ ။
မ်က္ဝန္းမ်ားကို ပိတ္စည္းထားေသာ အဝတ္စျဖဴျဖဴက မ်က္ရည္စမ်ားျဖင့္ စိုစြတ္ေနသည္ ။ အဝတ္ျဖဴကို ဖယ္ရန္ေျမႇာက္လိုက္ေသာ လက္မ်ား တားစီးခံလိုက္ရသည္ ။
" ဘတ္ခ္ေဆာလ္… "
ၫွင္သာေသာ ၾသရွရွအသံ … ။ ဘတ္ဟြၽန္း ေျဖးၫွင္းစြာ ေမာ့ၾကၫ့္လိုက္သည္ ။ စိုစြတ္ေနေသာ ပိတ္ပါးစကို ျဖတ္၍ အနက္ေရာင္ပံုရိပ္တစ္ခုကို ျမင္ေနရသည္ ။
ဘတ္ဟြၽန္း လက္သြယ္သြယ္ေလးမ်ားကို ေခါင္းတလံုးေက်ာ္ အျမင့္တြင္ရိွေနေသာ မ်က္ႏွာဆီ ေျမႇာက္လိုက္သည္ ။ သန္မာေသာေမးရိုးမ်ား ကို ထိေတြ့မိသည္ ။ ပံုက်ေသာ ႏွာတံမ်ားကို ထိေတြ့မိသည္ ။ ထူထဲေသာႏႈတ္ခမ္းသားမ်ားကို ထိေတြ့မိခ်ိန္တြင္ လက္ဖ်ားေလးမ်ားကို သန္မာႀကီးမားသၫ့္လက္ၾကမ္းမ်ားက ဆုတ္ကိုင္ကာသည္ ။
" ေဆာလ္… "
သူ ေနာက္တႀကိမ္ ထပ္ေခၚရင္း လက္သြယ္သြယ္မ်ား၏ ထိပ္ဖ်ားေလးကို ခပ္ဖြဖြငံုခဲလိုက္သည္ ။
" ေဆာလ္… ကိုယ္ေတာ့္ရဲ့ ေဆာလ္…… "
ဘတ္ဟြၽန္း ဘယ္လိုမွ မထိန္းႏိုင္ေတာ့ဘဲ မ်က္ႏွာေရ႔ွမွ ရင္အုပ္က်ယ္ထဲ ခိုဝင္မိသည္ ။ သူဝတ္ဆင္ထားေသာ အနက္ေရာင္ကုတ္အက်ႌကို ဆြဲကိုင္ရင္း စကားလံုးအခ်ိဳ႕ကို ခပ္တိုးတိုးေရရြတ္မိသည္ ။
" ျပန္လာၿပီေပါ့… အရွင္…… "
ထားရစ္ခဲ့ရသူ ႏွင့္ က်န္ရစ္ခဲ့ရသူ… မည္သူ႔မ်က္ရည္ေခ်ာင္းစီးပါမည္နည္း ။
ပိုခ်စ္ေသာသူက ပို၍ငိုရမည္ ထင္ပါသည္ ။
……………
ခ်စ္ေသာအရွင္ မ်က္မာန္ၿငိဳးကို … မေျပမွာ စိုးလွပါတယ္ … ။
_______ The End