Zaw...
"စိုးသူရ..."
လႈပ္စိလႈပ္စိနဲ႔ေျပးလာေနေသာ ျဖဴလံုးက ေနေရာင္ျဖာျဖာေအာက္ ေဂၚလီလံုးေလး လွိမ့္လာသလို.. ေျခတိုေလးေတြကလည္း ေျပးေနတာ ျမန္လိုက္တာမွ ၾကည့္ေနရင္း ေျခေထာက္ေလးေခ်ာင္းျဖစ္သြားသလိုလို...
စိုးသူရက လက္ျကားထဲက စီးကရက္ကို ႏႈတ္ခမ္းႏွစ္လႊာၾကားညႇပ္လို႔ ေနာက္တစ္လိပ္ကို သူ႔ေဘးေစာင္းစာလံုးပံုပါ လြယ္အိတ္ထဲမွေနခါ ထပ္မံထုတ္လိုက္သည္..။
"ဟူး..ေမာလိုက္တာ.."
"ေရာ့..."
ကမ္းလာေသာ ေဆးလိပ္ေၾကာင့္ သ်ွမ္ အူေၾကာင္ေၾကာင္နဲ႔ၾကည့္မိသည္..။
"ဘာၾကည့္ေနတာလဲ မယူဘူးလား.."
စိုးသူရ လက္ထဲက ေဆးလိပ္ရယ္ သၾကားလံုးစုပ္လံုးရယ္ေၾကာင့္ သ်ွမ္ျပံဳးခါ လွမ္းယူလိုက္သည္.။ သွ်မ္အရင္က ေဆးလိပ္ေသာက္လ်ွင္ ပါးစပ္အန႔ံဆြဲက်န္ေနမွာေၾကာက္လို႔ ေဆးလိပ္ေသာက္ခါ စုပ္လံုးစုပ္သည့္ အေလ့အက်င့္ေၾကာင့္ စိုးသူရကထုပ္ေပးထားျခင္းျဖစ္သည္။
"ငါ ေဆးလိပ္မေသာက္ေတာ့ဘူး.."
ထူးထူးျခားျခားဆိုလာသည့္ သ်ွမ့္ပါးစပ္ကစကားေၾကာင့္ စိုးသူရ ေက်ာင္းအဝင္အဝက ေကာင္မေလးေတြကိုေၾကာင္ေနရာမွ ေခါင္းႀကီး ခ်ာခနဲလွည့္လာသည္..။
"ငါ နားၾကားမ်ား လြဲတာလား ဘာ ဘာ.."
"ေဆးလိပ္မေသာက္ေတာ့ဘူးလို႔.."
"ဘာ..ျပန္ေျပာစမ္း ေသခ်ာနားမလည္လိုက္ဘူး."
နားထဲလက္ညႇိဳးထည့္ခါ ခါခ်လိုက္ေသာ စိုးသူရအား ေနာက္ေစ့မွလက္ဝါးျဖင့္ ခပ္ျပင္းျပင္း တစ္ခ်က္ ႐ိုက္ခ်ပစ္လိုက္သည္..။
"ငႏြား နားကထိုင္းေနလား စိတ္မ႐ွည္ေတာ႔ဘူး.."
ပါးစပ္ကလည္း ေျပာေျပာ လက္ကလည္း ႐ိုက္႐ိုက္ႏွင့္ စိုးသူရ ခံရျပန္ၿပီ...။
ထိုေတာ့မွ ေခါင္းကေလးပြတ္ခါ သ်ွမ့္လက္ထဲက ျပန္ကမ္းလာေသာ ေဆးလိပ္ကို ယူရသည္..။ ႏို႔မို႔ဆို သ်ွမ့္လက္က ေနာက္တစ္ခ်က္ သူ႔ေခါင္းေပၚ မိုးႀကိဳးပစ္သလို ေရာက္လာႏိုင္သည္ မဟုတ္လား..
"ထူးထူးျခားျခားပါလား..ဘယ္သူေျမႇာက္ေပးလိုက္ျပန္ၿပီလဲ"
"ဟားဟား.. ဒီလိုဘဲျဖစ္သြားတယ္ကြာ.. "
"ဘီယာေရာ.."
လက္မကေလးကို ပါးစပ္နားေတ့ခါ ေမာ့ခ်ဟန္ လုပ္ျပေတာ့ သ်ွမ္ ထပ္မံေခါင္းခါျပန္သည္..။
"No....."
"မွန္း ဘယ္နားခိုက္မိသြားတာလဲ ေခါင္းက အစံမ်ားေခ်ာင္သြားတာလား.."
ကိုယ့္ေခါင္းအား လာ၍ လႈပ္ကိုင္ေနသည့္စိုးသူရ လက္ထဲမွ သ်ွမ့္ဆံပင္ေကပြတာေၾကာင့္ ေခါင္းကို ျပန္ယုတ္မိသည္..။ျပီးေတာ့ ေခါင္းကို ခါပစ္ခါ ေလထဲမွာပင္ ဆံပင္ေတြကို ပံုက်ေစသည္။စိုးသူရကေတာ့ အ့ံဩသလိုသာ သ်ွမ့္ကိုၾကည့္ေနမိပါသည္။
"သ်ွမ္......"
ထိုသို႔ ေခၚလာေသာ လူက သ်ွမ္ႏွစ္ခါ ျပန္မၾကားခ်င္ေလာက္ေအာင္ ရြံမုန္းသူ...
သက္ျပင္းကေလး ခ်ခါ စိတ္ကုန္ေနသလို အမူအရာျဖင့္...
စိုးသူရကလည္း စိတ္မၾကည္ေတာ့ပါ.. လြန္ခဲ့သည့္ ရက္ေတြက တစ္ပြဲတစ္လမ္းႏႊဲခဲ့ၾကသည္မို႔လား...
"ကိုယ့္ကို ၾကည့္ပါအံုးကြာ... မင္းစိတ္ဆိုးေနတာလား.."ဟုဆိုခါ ေဘးခံုေနရာ၌ ဝင္ထိုင္ေနသည့္ ဆက္ပိုင္..
..."စိုးသူရ ဝန္းထဲ ဝင္ရေအာင္ "
မ်က္စပစ္ခါ ေျပာေသာေၾကာင့္ စိုးသူရ ေခါင္းညႇိမ့္ခါ ေက်ာပိုးအိတ္အား လြယ္ရင္း အုတ္ခံုတန္းေပၚတြင္ ထိုင္ရာမွထသည္..။
"သ်ွမ္...ကိုယ္ေျပာတာ ၾကားရဲ႕လား.. ခဏေနပါအံုးကြာ.."
လက္တစ္ဖတ္အား လွမ္းဆြဲလာသည္မို႔ သ်ွမ့္မ်က္ခံုးေတြ ပိုလို႔ေတာင္ ထိလုနီးပါး ၾကဳတ္သြားရသည္..။ တြဲထားေသာ လက္ကို ခ်က္ခ်င္းခါမခ်ေသးဘဲ မင္းဆက္ပိုင္ဘက္ လွည့္ခါ မ်က္ႏွာမူလိုက္သည္..။
မင္းဆက္ပိုင္ မ်က္ႏွာက ျပံဳးရႊင္သြားသေယာင္ေတာ့႐ွိ၏.. ။
"ကိုယ့္ကို အခြင့္အေရးေလးေပးပါ.. တစ္ႀကိမ္ထဲပါကြာ.. ကိုယ္တို႔ျပန္တြဲရေအာင္ေလ ေနာ္ ေစ့စပ္ထားတဲ့ကိစၥကိုလည္း ကိုယ့္ဘက္က ျပန္ကမ္းလွမ္းမယ္ကြာ.. စိတ္ဆိုးေျပမယ္မို႔လား"
သ်ွမ္ တစ္ခ်က္ ရယ္လိုက္မိသည္..။ေကာင္းမြန္ေသာ ရယ္ခ်င္းေတာ့မဟုတ္ခဲ့ေပ ...
"ဒီမွာ မင္းဆက္ပိုင္ မင္းသိထားသင့္ေနၿပီ... ေဖာက္ျပန္ခဲ့တဲ့ေယာက္်ားတစ္ေယာက္က ေနာက္တစ္ခါ ထပ္ေဖာက္ျပန္ဖို႔ဆိုတာ ဘယ္ေသာအခါမွဝန္မေလးဘူး.. ေတြးျကည့္စမ္းပါ.. အခု မေဖာက္ျပန္ေသးေပမဲ့ ေနာင္တစ္ခ်ိန္က် မင္းနဲ႔ငါ အိမ္ေထာင္က်သြားခါမွ မင္းေခြးစိတ္ျပန္ေပါက္သြားရင္... ဟားဟား.. ေဖာက္ျပန္တဲ့ေယာက္်ားကို ဘယ္သူမွမယံုအပ္ဘူး မွတ္ထား မင္းဆက္ပိုင္.. ငါမွမဟုတ္ဘူး ငါ့ေနရာ အျခား ဘယ္သူမဆိုလည္း ျငင္းမွာဘဲ.. ေအး ျပန္ၿပီးလက္တြဲၾကရေအာင္လို႔ ေျပာတဲ့ေကာင္ကေတာ့ ေသခ်ာတယ္ သူလည္း မင္းလိုဘဲျဖစ္မွာ..."
သ်ွမ္ တြဲထားေသာလက္ကို ခပ္ဆက္ဆက္ ခါခ်ပစ္ခါ မင္းဆက္ပိုင္ ရင္ဘက္ကိုပါေစာင့္တြန္းသြားေလသည္..။
စိုးသူရကေတာ့ မင္းဆက္ပိုင္ဆီ တစ္ခ်က္ေလွာင္ရယ္ခါ ႏွာေခါင္း႐ွံု႕သြားေလသည္။
"ေခြးေလာက္မွ အမွတ္မ႐ွိတဲ့ေကာင္ မင္းဟာမနဲ႔ျပန္သြားေနစမ္းပါ..."
ကပ္တိုးေလးကလည္း ဖဲ့သြားသည္မို႔ မင္းဆက္ပိုင္ ဒီပြဲမွာ အပ်က္အသက္႐ွံုးသြားေလၿပီ...။
...........
"ေဟ့ေကာင္ စဝ္..."
ေလးယံက ထမင္းမစားေသာ စဝ္စိုင္းခမ္အား အသိစိတ္ဝင္ေစရန္ လွမ္းအသိေပးမိသည္..။ ဆရာဝန္မ်ား ထမင္းစားသည့္ နားေနေဆာင္ ကန္တင္း၌ စိတ္မပါ လက္မပါျဖစ္ေနသူ ခြန့္မွာ ေမ်ာက္အိုႀကီး အပင္ေပၚကျပဳတ္က်ထားသလို..
"ဘာျဖစ္ေနတာလဲ..."
စဝ္စိုင္းခမ္ ေခါင္းခါသည္....။ေလးယံကမူ မ်က္ခံုးကေလးပင့္ခါ ေခါင္းခါရမ္းေလသည္...။
"ဒါနဲ႔ ခုတစ္ေလာ ဟိုေပါက္စ မင္းဆီခဏခဏလာေနသလိုဘဲ.."
ေလးယံေတာင္ သတိထားမိေနၿပီဆိုေတာ့ တျခားသူေတြလည္း ဘယ္ေလာက္ေတာင္မ်ား ရိပ္မိေနၾကၿပီလဲမသိ..။ေလးပင္စြာ သက္ျပင္းတစ္ခ်က္ ခ်ရင္း
"မင္းသိတာလား.."
"ဟ..မသိဘဲေနမလား မင္းဘာဇယားေတြ႐ႈတ္ထားျပန္ပလဲ.. ေကာင္ေလးက ခ်စ္စရာေလးပါကြာ..."
"ႏြား...မင္းေမႀကီးေတာ္ႀကီးကို ခ်စ္စရာေကာင္းလိုက္.."
ေလးယံကရယ္သည္..။
"ငါ အဲ့ေကာင္ေလးကိုျမင္ရင္ ရင္တုန္တယ္ကြ.."ဟူ၍ စဝ္စိဳင္းခမ္ကစကားစပ္ေလသည္..။
"ဟ..ငါ့ေကာင္ႀကီး တယ္ဟုတ္ေနပါ့လား.."
ခြန္ မ်က္ေမွာက္ၾကဳတ္သည္.. ေလးယံကမူ ရယ္က်ဲက်ဲေလးႏွင့္ပင္
"မသိဘူးကြာ တေနရာရာမွာ ရင္းရင္းႏွီးႏွီး ျမင္ဖူးေနသလိုႀကီး ခံစားေနရတယ္.."
"အဲ့တာ ဖူးစာကြ.. က်န္း ေဆးရံုတစ္ခုလံုးက ႐ွိ႐ွိသမ်ွ ဆရာဝန္မေလးေတြ နတ္စ္မေလးေတြနဲ႔ ေန႔တိုင္း လံုးပန္းေနတဲ့ျကားကေတာင္ သူ႔တို႔အေၾကာင္းတစ္ခါမွ မေျပာတဲ့ေကာင္က ခုေတာ့ တစ္ခါႏွစ္ခါေလး ေတြ႔ဖူးတဲ့ အဲ့ေပါက္စနဲ႔ၾကမွ... အဲ့တာ ဘဝေဟာင္းက ေရစက္ဘဲ.. အရင္ဘဝမွာ သူ႔အေပၚ အေႂကြးက်န္ေနခဲ့လို႔ဘဲျဖစ္ရမယ္ ကဲကဲ ျပန္စပ္လိုက္ေတာ့..."
ေလးယံက ဘာရယ္မဟုတ္ေျပာလိုက္ေပမဲ့ ခြန္ကေတာ့ သူ႔စိတ္ထဲ တကယ္ႀကီးျဖစ္ပ်က္ခဲ့သလို ေက်ာက္တံုးႀကီး ခ်ိတ္ဆြဲထားျခင္းခံရသကဲ့သို႔ ေလးပင္ေနေလသည္..။
တကယ္သာအဲ့လိုျဖစ္ခဲ့ရင္ ငါအဲ့ကေလးကို ေသခ်ာေပါက္......
................♥♥♥♥♥♥♥..............
ေသခ်ာေပါက္ ဘာလုပ္မွာလဲ...???
ကိုယ္လဲမသိတဲ့ကိစၥမို႔လို႔ စဝ္စိဳင္းခမ္ ရဲ႕စိတ္ကိုသိခ်င္ေနပါၿပီ!
Update ပံုမွန္႐ွိပါမယ္!
------------------
Uni...
"စိုးသူရ..."
လှုပ်စိလှုပ်စိနဲ့ပြေးလာနေသော ဖြူလုံးက နေရောင်ဖြာဖြာအောက် ဂေါ်လီလုံးလေး လှိမ့်လာသလို.. ခြေတိုလေးတွေကလည်း ပြေးနေတာ မြန်လိုက်တာမှ ကြည့်နေရင်း ခြေထောက်လေးချောင်းဖြစ်သွားသလိုလို...
စိုးသူရက လက်ကြားထဲက စီးကရက်ကို နှုတ်ခမ်းနှစ်လွှာကြားညှပ်လို့ နောက်တစ်လိပ်ကို သူ့ဘေးစောင်းစာလုံးပုံပါ လွယ်အိတ်ထဲမှနေခါ ထပ်မံထုတ်လိုက်သည်..။
"ဟူး..မောလိုက်တာ.."
"ရော့..."
ကမ်းလာသော ဆေးလိပ်ကြောင့် သျှမ် အူကြောင်ကြောင်နဲ့ကြည့်မိသည်..။
"ဘာကြည့်နေတာလဲ မယူဘူးလား.."
စိုးသူရ လက်ထဲက ဆေးလိပ်ရယ် သကြားလုံးစုပ်လုံးရယ်ကြောင့် သျှမ်ပြုံးခါ လှမ်းယူလိုက်သည်.။ သျှမ်အရင်က ဆေးလိပ်သောက်လျှင် ပါးစပ်အန့ံဆွဲကျန်နေမှာကြောက်လို့ ဆေးလိပ်သောက်ခါ စုပ်လုံးစုပ်သည့် အလေ့အကျင့်ကြောင့် စိုးသူရကထုပ်ပေးထားခြင်းဖြစ်သည်။
"ငါ ဆေးလိပ်မသောက်တော့ဘူး.."
ထူးထူးခြားခြားဆိုလာသည့် သျှမ့်ပါးစပ်ကစကားကြောင့် စိုးသူရ ကျောင်းအဝင်အဝက ကောင်မလေးတွေကိုကြောင်နေရာမှ ခေါင်းကြီး ချာခနဲလှည့်လာသည်..။
"ငါ နားကြားများ လွဲတာလား ဘာ ဘာ.."
"ဆေးလိပ်မသောက်တော့ဘူးလို့.."
"ဘာ..ပြန်ပြောစမ်း သေချာနားမလည်လိုက်ဘူး."
နားထဲလက်ညှိုးထည့်ခါ ခါချလိုက်သော စိုးသူရအား နောက်စေ့မှလက်ဝါးဖြင့် ခပ်ပြင်းပြင်း တစ်ချက် ရိုက်ချပစ်လိုက်သည်..။
"ငနွား နားကထိုင်းနေလား စိတ်မရှည်တော့ဘူး.."
ပါးစပ်ကလည်း ပြောပြော လက်ကလည်း ရိုက်ရိုက်နှင့် စိုးသူရ ခံရပြန်ပြီ...။
ထိုတော့မှ ခေါင်းကလေးပွတ်ခါ သျှမ့်လက်ထဲက ပြန်ကမ်းလာသော ဆေးလိပ်ကို ယူရသည်..။ နို့မို့ဆို သျှမ့်လက်က နောက်တစ်ချက် သူ့ခေါင်းပေါ် မိုးကြိုးပစ်သလို ရောက်လာနိုင်သည် မဟုတ်လား..
"ထူးထူးခြားခြားပါလား..ဘယ်သူမြှောက်ပေးလိုက်ပြန်ပြီလဲ"
"ဟားဟား.. ဒီလိုဘဲဖြစ်သွားတယ်ကွာ.. "
"ဘီယာရော.."
လက်မကလေးကို ပါးစပ်နားတေ့ခါ မော့ချဟန် လုပ်ပြတော့ သျှမ် ထပ်မံခေါင်းခါပြန်သည်..။
"No....."
"မှန်း ဘယ်နားခိုက်မိသွားတာလဲ ခေါင်းက အစံများချောင်သွားတာလား.."
ကိုယ့်ခေါင်းအား လာ၍ လှုပ်ကိုင်နေသည့်စိုးသူရ လက်ထဲမှ သျှမ့်ဆံပင်ကေပွတာကြောင့် ခေါင်းကို ပြန်ယုတ်မိသည်..။ပြီးတော့ ခေါင်းကို ခါပစ်ခါ လေထဲမှာပင် ဆံပင်တွေကို ပုံကျစေသည်။စိုးသူရကတော့ အ့ံဩသလိုသာ သျှမ့်ကိုကြည့်နေမိပါသည်။
"သျှမ်......"
ထိုသို့ ခေါ်လာသော လူက သျှမ်နှစ်ခါ ပြန်မကြားချင်လောက်အောင် ရွံမုန်းသူ...
သက်ပြင်းကလေး ချခါ စိတ်ကုန်နေသလို အမူအရာဖြင့်...
စိုးသူရကလည်း စိတ်မကြည်တော့ပါ.. လွန်ခဲ့သည့် ရက်တွေက တစ်ပွဲတစ်လမ်းနွှဲခဲ့ကြသည်မို့လား...
"ကိုယ့်ကို ကြည့်ပါအုံးကွာ... မင်းစိတ်ဆိုးနေတာလား.."ဟုဆိုခါ ဘေးခုံနေရာ၌ ဝင်ထိုင်နေသည့် ဆက်ပိုင်..
..."စိုးသူရ ဝန်းထဲ ဝင်ရအောင် "
မျက်စပစ်ခါ ပြောသောကြောင့် စိုးသူရ ခေါင်းညှိမ့်ခါ ကျောပိုးအိတ်အား လွယ်ရင်း အုတ်ခုံတန်းပေါ်တွင် ထိုင်ရာမှထသည်..။
"သျှမ်...ကိုယ်ပြောတာ ကြားရဲ့လား.. ခဏနေပါအုံးကွာ.."
လက်တစ်ဖတ်အား လှမ်းဆွဲလာသည်မို့ သျှမ့်မျက်ခုံးတွေ ပိုလို့တောင် ထိလုနီးပါး ကြုတ်သွားရသည်..။ တွဲထားသော လက်ကို ချက်ချင်းခါမချသေးဘဲ မင်းဆက်ပိုင်ဘက် လှည့်ခါ မျက်နှာမူလိုက်သည်..။
မင်းဆက်ပိုင် မျက်နှာက ပြုံးရွှင်သွားသယောင်တော့ရှိ၏.. ။
"ကိုယ့်ကို အခွင့်အရေးလေးပေးပါ.. တစ်ကြိမ်ထဲပါကွာ.. ကိုယ်တို့ပြန်တွဲရအောင်လေ နော် စေ့စပ်ထားတဲ့ကိစ္စကိုလည်း ကိုယ့်ဘက်က ပြန်ကမ်းလှမ်းမယ်ကွာ.. စိတ်ဆိုးပြေမယ်မို့လား"
သျှမ် တစ်ချက် ရယ်လိုက်မိသည်..။ကောင်းမွန်သော ရယ်ချင်းတော့မဟုတ်ခဲ့ပေ ...
"ဒီမှာ မင်းဆက်ပိုင် မင်းသိထားသင့်နေပြီ... ဖောက်ပြန်ခဲ့တဲ့ယောက်ျားတစ်ယောက်က နောက်တစ်ခါ ထပ်ဖောက်ပြန်ဖို့ဆိုတာ ဘယ်သောအခါမှဝန်မလေးဘူး.. တွေးကြည့်စမ်းပါ.. အခု မဖောက်ပြန်သေးပေမဲ့ နောင်တစ်ချိန်ကျ မင်းနဲ့ငါ အိမ်ထောင်ကျသွားခါမှ မင်းခွေးစိတ်ပြန်ပေါက်သွားရင်... ဟားဟား.. ဖောက်ပြန်တဲ့ယောက်ျားကို ဘယ်သူမှမယုံအပ်ဘူး မှတ်ထား မင်းဆက်ပိုင်.. ငါမှမဟုတ်ဘူး ငါ့နေရာ အခြား ဘယ်သူမဆိုလည်း ငြင်းမှာဘဲ.. အေး ပြန်ပြီးလက်တွဲကြရအောင်လို့ ပြောတဲ့ကောင်ကတော့ သေချာတယ် သူလည်း မင်းလိုဘဲဖြစ်မှာ..."
သျှမ် တွဲထားသောလက်ကို ခပ်ဆက်ဆက် ခါချပစ်ခါ မင်းဆက်ပိုင် ရင်ဘက်ကိုပါစောင့်တွန်းသွားလေသည်..။
စိုးသူရကတော့ မင်းဆက်ပိုင်ဆီ တစ်ချက်လှောင်ရယ်ခါ နှာခေါင်းရှုံ့သွားလေသည်။
"ခွေးလောက်မှ အမှတ်မရှိတဲ့ကောင် မင်းဟာမနဲ့ပြန်သွားနေစမ်းပါ..."
ကပ်တိုးလေးကလည်း ဖဲ့သွားသည်မို့ မင်းဆက်ပိုင် ဒီပွဲမှာ အပျက်အသက်ရှုံးသွားလေပြီ...။
...........
"ဟေ့ကောင် စဝ်..."
လေးယံက ထမင်းမစားသော စဝ်စိုင်းခမ်အား အသိစိတ်ဝင်စေရန် လှမ်းအသိပေးမိသည်..။ ဆရာဝန်များ ထမင်းစားသည့် နားနေဆောင် ကန်တင်း၌ စိတ်မပါ လက်မပါဖြစ်နေသူ ခွန့်မှာ မျောက်အိုကြီး အပင်ပေါ်ကပြုတ်ကျထားသလို..
"ဘာဖြစ်နေတာလဲ..."
စဝ်စိုင်းခမ် ခေါင်းခါသည်....။လေးယံကမူ မျက်ခုံးကလေးပင့်ခါ ခေါင်းခါရမ်းလေသည်...။
"ဒါနဲ့ ခုတစ်လော ဟိုပေါက်စ မင်းဆီခဏခဏလာနေသလိုဘဲ.."
လေးယံတောင် သတိထားမိနေပြီဆိုတော့ တခြားသူတွေလည်း ဘယ်လောက်တောင်များ ရိပ်မိနေကြပြီလဲမသိ..။လေးပင်စွာ သက်ပြင်းတစ်ချက် ချရင်း
"မင်းသိတာလား.."
"ဟ..မသိဘဲနေမလား မင်းဘာဇယားတွေရှုတ်ထားပြန်ပလဲ.. ကောင်လေးက ချစ်စရာလေးပါကွာ..."
"နွား...မင်းမေကြီးတော်ကြီးကို ချစ်စရာကောင်းလိုက်.."
လေးယံကရယ်သည်..။
"ငါ အဲ့ကောင်လေးကိုမြင်ရင် ရင်တုန်တယ်ကွ.."ဟူ၍ စဝ်စိုင်းခမ်ကစကားစပ်လေသည်..။
"ဟ..ငါ့ကောင်ကြီး တယ်ဟုတ်နေပါ့လား.."
ခွန် မျက်မှောက်ကြုတ်သည်.. လေးယံကမူ ရယ်ကျဲကျဲလေးနှင့်ပင်
"မသိဘူးကွာ တနေရာရာမှာ ရင်းရင်းနှီးနှီး မြင်ဖူးနေသလိုကြီး ခံစားနေရတယ်.."
"အဲ့တာ ဖူးစာကွ.. ကျန်း ဆေးရုံတစ်ခုလုံးက ရှိရှိသမျှ ဆရာဝန်မလေးတွေ နတ်စ်မလေးတွေနဲ့ နေ့တိုင်း လုံးပန်းနေတဲ့ကြားကတောင် သူ့တို့အကြောင်းတစ်ခါမှ မပြောတဲ့ကောင်က ခုတော့ တစ်ခါနှစ်ခါလေး တွေ့ဖူးတဲ့ အဲ့ပေါက်စနဲ့ကြမှ... အဲ့တာ ဘဝဟောင်းက ရေစက်ဘဲ.. အရင်ဘဝမှာ သူ့အပေါ် အကြွေးကျန်နေခဲ့လို့ဘဲဖြစ်ရမယ် ကဲကဲ ပြန်စပ်လိုက်တော့..."
လေးယံက ဘာရယ်မဟုတ်ပြောလိုက်ပေမဲ့ ခွန်ကတော့ သူ့စိတ်ထဲ တကယ်ကြီးဖြစ်ပျက်ခဲ့သလို ကျောက်တုံးကြီး ချိတ်ဆွဲထားခြင်းခံရသကဲ့သို့ လေးပင်နေလေသည်..။
တကယ်သာအဲ့လိုဖြစ်ခဲ့ရင် ငါအဲ့ကလေးကို သေချာပေါက်......
................♥♥♥♥♥♥♥..............
သေချာပေါက် ဘာလုပ်မှာလဲ...???
ကိုယ်လဲမသိတဲ့ကိစ္စမို့လို့ စဝ်စိုင်းခမ် ရဲ့စိတ်ကိုသိချင်နေပါပြီ!
Update ပုံမှန်ရှိပါမယ်!
------------------