" ပိုင္သခင္ေလးက ေျပာစရာမ်ားက်န္ေနေသးလို႔လား "
ပိုင္ရီက ' ရိွတာေပါ့ .. ေျပာစရာေတမွအမ်ားႀကီး ' ဟု ျပန္ေျပာလိုက္ခ်င္ေသာ္လည္း ကုခ်န္၏ ေအးစက္စက္အၾကၫ့္ျဖင့္ ဆံုလိုက္သျဖင့္ သူက ဘာမ်ားထပ္ေျပာႏိုင္ပါဦးမည္နည္း ။ ေခါင္းအသာယမ္းလ်က္ ကုခ်န္၏လက္ကိုသာ လြတ္ေပးလိုက္ရသည္ ။ သူက ဒီလူထံတြင္ ရႈံးနိမ္ၿပီးရင္း ရႈံးနိမ့္ေနရျခင္းအေပၚ ေမးခြန္းမထုတ္မိေတာ့ေခ် ။
ကုခ်န္သည္ ပိုင္ရီ၏ ညိုးငယ္သြားသၫ့္မ်က္ႏွာေလးေၾကာင့္ အၾကၫ့္လြဲလိုက္ကာ စိတ္အားထိန္းလိုက္ၿပီး ကားေပၚမွဆင္းလိုက္သည္ ။ တိုက္ဆိုင္စြာပင္ သူ႔အား တိုက္ခန္းေအာက္တြင္ စိတ္ပူစြာေစာင့္ေနသၫ့္ မုဝမ္ခ်င္ကို ေတြ့လိုက္ရေလသည္ ။ သူ႔အား စိုးရိမ္တႀကီးေမးလာသၫ့္ ေမးခြန္းမ်ားအား ဆက္တိုက္ေျဖၾကားလိုက္ရသည္ ။
မုဝမ္ခ်င္၏ စိုးရိမ္တႀကီးေျပာေနသၫ့္ အမႈအရာ အျပင္ ကုခ်န္သည္ ျငင္သာစြာ ၿပံဳးေနကာ ေခါင္းတညိတ္ညိတ္လုပ္ကာ ေျဖေနျခင္းေၾကာင့္ ထိုျမင္ကြင္းသည္ အေတာ္ေလးအသက္ဝင္လြန္းလွသျဖင့္ ကားေပၚမွ လိုက္ဆင္းလာသၫ့္ ပိုင္ရီက အတန္ၾကာေငးမိသြားသည္ ။ ရုတ္တရက္ သူ႔တြင္ အခြင့္အေရးမရိွေတာ့ဘူးဟုခံစားမိလိုက္ကာ တကိုယ္လံုး တုန္ယင္သြားခဲ့သည္ ။
" Mr. ပိုင္က ဘာကိစၥမ်ားရိွလို႔လဲ " မုဝမ္ခ်င္က တိုက္ခန္းထဲသို႔ မေျပာမဆိုလိုက္ဝင္လာသၫ့္ ပိုင္ရီအား ၾကၫ့္လ်က္ေမးလိုက္သည္။ ပိုင္ရီက အခန္းအား ပတ္ၾကၫ့္လိုက္ကာ နားမလည္သၫ့္ ေကာင္ေလးတစ္ေယာက္၏ အျပဳအမႈကို ေဆာင္ထားခဲ့သည္ ။ သူ႔အား လစ္လ်ဳရႈကာ အခန္းထဲသို႔ ဝင္သြားသၫ့္ ကုခ်န္အေနာက္သို႔ လိုက္သြားလိုက္သည္ ။ မုဝမ္ခ်င္က တားခ်ိန္ပင္ မရလိုက္ေခ် တံခါးသည္ က်ယ္ေလာင္စြာျမည္လ်က္ ပိတ္သြားခဲ့ေလၿပီ ။
ကုခ်န္က အေပၚကုတ္ကို ခြၽတ္ကာ ခ်ိတ္ေနစဉ္ ဝင္လာသၫ့္ ပိုင္ရီအား မ်က္ေမွာင္ၾကဳတ္လ်က္ ေျပာလိုက္သည္ ။ " ထြက္သြား !! " သို႔ေသာ္ ပိုင္ရီ သည္ ေခါင္းေလးအသာေစာင္းလ်က္ သူ႔အားၾကၫ့္လာၿပီး တံခါးအား ေလာ့ခ်လိုက္ေလသည္ ။ ၿပီးေနာက္ သူ႔ေရ႔ွသို႔ ေခါင္းငံု႔လ်က္ ရပ္လာေလသည္။
ပိုင္ရီ၏ ထိုပံုစံေၾကာင့္ ကုခ်န္သည္ စိတ္အေျခအေနမေကာင္းေတာ့ေခ် ။ သူ႔ထက္ အနည္းငယ္ျမင့္သၫ့္ ပိုင္ရီ၏ ေမးအား ဆြဲေမာ့လိုက္ကာ " ဘာျဖစ္ခ်င္ေနတာလဲ " ဟု ေမးလိုက္သည္။ အေျဖကိုသိေနၿပီးသားျဖစ္ေသာ္လည္း ပိုင္ရီအား သူ႔စိတ္သူ ရွင္းရွင္းလင္းလင္း သိေစခ်င္၍ပင္။ မေကာင္းသၫ့္အက်င့္မ်ားသည္ ျပင္ရန္ခက္ခဲသည္ ။
" မင္း!!! "
သူ႔ေမးခြန္းအား ျပန္မေျဖခဲ့ဘဲ ဖက္လာသၫ့္ပိုင္ရီေၾကာင့္ ကုခ်န္က မ်က္လံုးျပဴးသြားရသည္ ။ သူအၿမဲဖက္ေနၾက ခါးေလးသည္ သူ႔အား ေပြ့ဖက္ေစဖို႔ ေစာင့္ဆိုင္းေနသလိုလို ။ တျဖည္းျဖည္းစိုစြတ္လာသၫ့္ ပုခံုးေၾကာင့္ ကုခ်န္ ပိုင္ရီအား ဆြဲခြာလိုက္သည္ ။ ' ငိုေနတာလား .. ' ကုခ်န္က ေခါင္းငံု႔ေနသၫ့္ ပိုင္ရီအား ၾကၫ့္လိုက္သည္ ။ သူေသမလိုျဖစ္သၫ့္ ႏွစ္ႀကိမ္မွလြဲ၍ ထိုသူ၏ မ်က္ရည္မ်ားအား မေတြ့ရေပ ။
" .. အဲ့တုန္းက အားခ်န္ကို အျပစ္တင္တာ မဟုတ္ပါဘူး .. " ပိုင္ရီက ရိႈက္ရင္းေျပာလိုက္သည္ ။ သူက ကုခ်န္၏ လက္အား ဆုပ္ကိုင္လ်က္ " ကိုကိုက နဲနဲ အံ့ဩသြားရံုပါ .. ၿပီးေတာ့ အရင္ကတစ္ေယာက္နဲမွ အဆက္အသြယ္ မလုပ္ေတာ့ပါဘူး " ကုခ်န္အား G ၿမိဳ႔သို႔ မေခၚသြားခ်င္သို႔ အေၾကာင္းအရင္းမွာ ထိုသူမ်ားေၾကာင့္ ျဖစ္ခဲ့သျဖင့္ သူက ထိုလူမ်ားကို ေတြးပင္မေတြးခ်င္ေတာ့ေပ ။
ကုခ်န္က အခုထိ ပံုမွန္အမႈအရာသာ ရိွေနေသးသျဖင့္ ပိုင္ရီက အနည္းငယ္ ျပာယာခတ္သြားခဲ့သည္။ " ေအာ္.. လင္းယြမ္.. လင္းယြမ္ .. သူက . " ေျပာေနရင္း အသံတိုးသြားေလသည္ ။ " အားခ်န္နဲ႔တူလို႔ .. ကိုကို က်ိန္ရဲတယ္ .. သူ႔ကို မထိခဲ့ဘူး .. တကယ္ .. တစ္.. တစ္ခါတည္း နမ္းလိုက္မိတာ"
ကုခ်န္သည္ ပိုင္ရီ၏ စကားအားၾကားသၫ့္အခ်ိန္တြင္ တစ္ခ်က္ၿပံဳးလိုက္မိသည္ ။ သူ႔အား အၿမဲတမ္း အက်င့္မေကာင္းဘူး အရွက္မရိွဘူးဟု ေျပာေလ့ရိွသၫ့္ သူက ဒီလို ကေလးဆန္တတ္ေသးတာဘဲ ။ သူလက္အား ပိုင္ရီ၏ လက္မွ ဆြဲထုတ္ကာ " အဲ့ဒါက ငါနဲ႔ မဆိုင္ဘူး ထင္တယ္ "
" ေနာက္ၿပီး .. ပိုင္သခင္ေလး အျပင္ကို တစ္ခ်က္ၾကၫ့္လိုက္ပါဦး .. " မီးအလင္းမ်ားသာရိွေနသၫ့္ လမ္းမႀကီးသည္ အခ်ိန္ေတာ္ေတာ္ ေနာက္က်ေနျခင္းကို ေဖာ္ျပလ်က္ ။
" ျပန္သင့္ၿပီထင္... ဘာလုပ္တာလဲ " ကုခ်န္က သူ႔ ကုတင္ေပၚသို႔ တက္အိပ္ရန္ျပင္ေနသၫ့္ ပိုင္ရီေၾကာင့္ အံ့အားသင့္သြားသည္ ။ အေၾကာင္းမွာ အရင္က သူ႔နဲ႔ တစ္ခန္းတည္းေနဖို႔ပင္ ျငင္းဆန္ေနခဲ့ေသာေၾကာင့္ပင္ ။ ' ေအာ္.. သူက မွတ္ဉာဏ္မွ မရိွဘဲေလ .. ' မသိတတ္ျခင္းကလည္း သတၲိတစ္မ်ိဳးပင္ ။ အႏၲရယ္ကို မသိသျဖင့္ လုပ္ရဲကိုင္ရဲသၫ့္ စိတ္ရိွေနသည္မလား ။
ပိုင္ရီသည္ ေစာင္ကို ဆြဲၿခံဳလိုက္ကာ " ေတာ္ေတာ္ေနာက္က်ေနၿပီေလ .. အႏၲရယ္မ်ားတယ္ " ဟု ေျပာၿပီး စားပြဲေပၚရိွ မီးအိမ္အား ပိတ္လိုက္ေလသည္ ။
ၿပံဳးစစျဖင့္ ေျပာေနသၫ့္ ပိုင္ရီေၾကာင့္ ကုခ်န္က မ်က္ရည္ထြက္မတတ္ ရယ္မိေတာ့မလိုပင္ ။ အေမွာင္ေၾကာင့္ ရယ္ခ်င္စိတ္အား ေအာင့္ထားရသျဖင့္ နီရဲေနသၫ့္ သူ႔မ်က္ႏွာအားပိုင္ရီသည္ မေတြ့ႏိုင္ခဲ့ေပ ။
" ငါ တစ္ခုခုလုပ္မွာ မေၾကာက္ဘူးလား ." ကုခ်န္၏ အက္ရွေနသၫ့္ အသံက အေမွာင္ထဲမွ ထြက္လာသျဖင့္ ပိုင္ရီက ေခတၲမ်ွေၾကာင္အသြားသည္ ။ သူက တစ္ခုခု မႈမမွန္ဟု ခံစားေနရသည္။ ကုခ်န္၏ အသံက ေျခာက္ကပ္ေနကာ ေရဓာတ္လိုေနသၫ့္ပံုပင္ ။
ပိုင္ရီက ကုတင္ေပၚမွ ကုန္းရုန္းထလိုက္ရင္း ႏူးညံ့စြာ ေျပာလိုက္သည္ ။ " ခနေလး .. ကိုကို ေရယူေပးမယ္ " သို႔ေသာ္ သူက တံခါးနား အေရာက္မွပင္ ဆြဲလွၫ့္ခံလိုက္ရကာ နံရံျဖင့္ ဆြဲကပ္ခံလိုက္ရသည္ ။
ဒုန္း!!!
ရုတ္တရက္ဆန္လြန္းေသာေၾကာင့္ သူ႔ေက်ာျပင္ပင္ အီစိမ့္သြားေလသည္ ။ တျဖည္းျဖည္းနီးကပ္လာသၫ့္ အသက္ရႈသံျပင္းျပင္းနဲ႔အတူ ခပ္သင္းသင္းရေနသၫ့္ ရနံ႔ေၾကာင့္ ပိုင္ရီသည္ ကိုယ္အပူခ်ိန္တက္လာသလိုပင္ ။
" မင္းကိုယ္တိုင္ဝင္လာတာေနာ္ .. " ပါးျပင္အား ရိုက္ခတ္လာသၫ့္ ေလနဲ႔အတူ ၾကားလိုက္ရသၫ့္ ခပ္ရွရွအသံေၾကာင့္ ပိုင္ရီ၏ ခႏၶာကိုယ္မွာ ေတာင့္တင္းသြားေလသည္ ။ ' မဟုတ္ဘူးေလ.. ေနရာမွားေနတယ္ .. ငါက ဒီေနရာမဟုတ္ဘူး 'သူက ေရွာင္ထြက္ရန္ျပင္လိုက္သည္ ။
အေမွာင္ထဲတြင္ ကုခ်န္က အနည္းငယ္ မေက်မနပ္ျဖစ္ေနသည္ ။ အေၾကာင္းမွာ သူက အရပ္နဲနဲလိုေနျခင္းေၾကာင့္ပင္ ။ သူက ခြန္အားရိွၿပီး မမွီသလို ျဖစ္ေနသည္ ။ ' ဒီေဖ ..'
ပိုင္ရီက ေရွာင္ထြက္လိုက္ႏိုင္ၿပီးမွ သက္ျပင္းခ်ရန္ျပင္လိုက္ခ်ိန္ ဆြဲေခၚခံလိုက္ရၿပီး ကုတင္ေပၚသို႔ပစ္ခ်ခံလိုက္ရသည္။ ကုခ်န္သည္ အက်င့္ပါေနသၫ့္အလား သူ႔လက္ႏွစ္ဖက္အား ဆုပ္ကိုင္လ်က္ ေခါင္းအထက္တြင္ ထားလိုက္ကာ သူရုန္းကန္မွာကို ႀကိဳတင္ကာကြယ္လိုက္ေလသည္ ။
" အားခ်န္... ကိုကိုက.. " ေျပာလို႔မၿပီးခင္မွာပင္ ႏူတ္ခမ္းသည္ ပိတ္ခံလိုက္ရသည္ ။ ပိုင္ရီသည္ ကုခ်န္၏ကြၽမ္းက်င္သၫ့္အျပဳအမႈမ်ားေၾကာင့္ အံ့အားသင့္ေနေလသည္။ ထိုသူက သူဘယ္လိုေရွာင္မယ္ ဘယ္လိုရုန္းကန္မယ္ ဆိုသည္ကို အထူးေလ့လာထားသလားဟု ထင္ရေလာက္ေအာင္ ေစ့စပ္ေနေလသည္ ။
အတန္ၾကာမွ ခြာေပးလာသၫ့္ ကုခ်န္ေၾကာင့္ အသက္ဝဝရႈေနစဉ္ ၾကားလိုက္ရသၫ့္အသံေၾကာင့္ ပိုင္ရီသည္ အသက္ရႈရပ္မတက္ ျဖစ္သြားသည္ ။ လ၏အလင္းေရာင္ေအာက္တြင္ ခပ္ေရးေရးျမင္ရသၫ့္ ကုခ်န္၏ အျပစ္ကင္းစင္ဟန္ရသၫ့္မ်က္ႏွာေလးထက္တြင္ နတ္ဆိုးဆန္သၫ့္ အၿပံဳးတစ္ခု ေပၚလာေလသည္ ။
" ေနာက္က်သြားၿပီ .. ကိုကို .. အခုဘာေျပာေျပာ အသံုးမဝင္ေတာ့ဘူး .. "
ယခုအခ်ိန္တြင္ ပိုင္ရီသည္ ေမွာင္မဲေနသၫ့္ လမ္းမ ထက္ ကုခ်န္၏ အခန္းသည္ ပိုလို႔ အႏၲရယ္မ်ားေၾကာင္း သိသြားေပသည္ ။
_____________________________
Unicode
" ပိုင်သခင်လေးက ပြောစရာများကျန်နေသေးလို့လား "
ပိုင်ရီက ' ရှိတာပေါ့ .. ပြောစရာတေမှအများကြီး ' ဟု ပြန်ပြောလိုက်ချင်သော်လည်း ကုချန်၏ အေးစက်စက်အကြည့်ဖြင့် ဆုံလိုက်သဖြင့် သူက ဘာများထပ်ပြောနိုင်ပါဦးမည်နည်း ။ ခေါင်းအသာယမ်းလျက် ကုချန်၏လက်ကိုသာ လွတ်ပေးလိုက်ရသည် ။ သူက ဒီလူထံတွင် ရှုံးနိမ်ပြီးရင်း ရှုံးနိမ့်နေရခြင်းအပေါ် မေးခွန်းမထုတ်မိတော့ချေ ။
ကုချန်သည် ပိုင်ရီ၏ ညိုးငယ်သွားသည့်မျက်နှာလေးကြောင့် အကြည့်လွဲလိုက်ကာ စိတ်အားထိန်းလိုက်ပြီး ကားပေါ်မှဆင်းလိုက်သည် ။ တိုက်ဆိုင်စွာပင် သူ့အား တိုက်ခန်းအောက်တွင် စိတ်ပူစွာစောင့်နေသည့် မုဝမ်ချင်ကို တွေ့လိုက်ရလေသည် ။ သူ့အား စိုးရိမ်တကြီးမေးလာသည့် မေးခွန်းများအား ဆက်တိုက်ဖြေကြားလိုက်ရသည် ။
မုဝမ်ချင်၏ စိုးရိမ်တကြီးပြောနေသည့် အမှုအရာ အပြင် ကုချန်သည် ငြင်သာစွာ ပြုံးနေကာ ခေါင်းတညိတ်ညိတ်လုပ်ကာ ဖြေနေခြင်းကြောင့် ထိုမြင်ကွင်းသည် အတော်လေးအသက်ဝင်လွန်းလှသဖြင့် ကားပေါ်မှ လိုက်ဆင်းလာသည့် ပိုင်ရီက အတန်ကြာငေးမိသွားသည် ။ ရုတ်တရက် သူ့တွင် အခွင့်အရေးမရှိတော့ဘူးဟုခံစားမိလိုက်ကာ တကိုယ်လုံး တုန်ယင်သွားခဲ့သည် ။
" Mr. ပိုင်က ဘာကိစ္စများရှိလို့လဲ " မုဝမ်ချင်က တိုက်ခန်းထဲသို့ မပြောမဆိုလိုက်ဝင်လာသည့် ပိုင်ရီအား ကြည့်လျက်မေးလိုက်သည်။ ပိုင်ရီက အခန်းအား ပတ်ကြည့်လိုက်ကာ နားမလည်သည့် ကောင်လေးတစ်ယောက်၏ အပြုအမှုကို ဆောင်ထားခဲ့သည် ။ သူ့အား လစ်လျုရှုကာ အခန်းထဲသို့ ဝင်သွားသည့် ကုချန်အနောက်သို့ လိုက်သွားလိုက်သည် ။ မုဝမ်ချင်က တားချိန်ပင် မရလိုက်ချေ တံခါးသည် ကျယ်လောင်စွာမြည်လျက် ပိတ်သွားခဲ့လေပြီ ။
ကုချန်က အပေါ်ကုတ်ကို ချွတ်ကာ ချိတ်နေစဉ် ဝင်လာသည့် ပိုင်ရီအား မျက်မှောင်ကြုတ်လျက် ပြောလိုက်သည် ။ " ထွက်သွား !! " သို့သော် ပိုင်ရီ သည် ခေါင်းလေးအသာစောင်းလျက် သူ့အားကြည့်လာပြီး တံခါးအား လော့ချလိုက်လေသည် ။ ပြီးနောက် သူ့ရှေ့သို့ ခေါင်းငုံ့လျက် ရပ်လာလေသည်။
ပိုင်ရီ၏ ထိုပုံစံကြောင့် ကုချန်သည် စိတ်အခြေအနေမကောင်းတော့ချေ ။ သူ့ထက် အနည်းငယ်မြင့်သည့် ပိုင်ရီ၏ မေးအား ဆွဲမော့လိုက်ကာ " ဘာဖြစ်ချင်နေတာလဲ " ဟု မေးလိုက်သည်။ အဖြေကိုသိနေပြီးသားဖြစ်သော်လည်း ပိုင်ရီအား သူ့စိတ်သူ ရှင်းရှင်းလင်းလင်း သိစေချင်၍ပင်။ မကောင်းသည့်အကျင့်များသည် ပြင်ရန်ခက်ခဲသည် ။
" မင်း!!! "
သူ့မေးခွန်းအား ပြန်မဖြေခဲ့ဘဲ ဖက်လာသည့်ပိုင်ရီကြောင့် ကုချန်က မျက်လုံးပြူးသွားရသည် ။ သူအမြဲဖက်နေကြ ခါးလေးသည် သူ့အား ပွေ့ဖက်စေဖို့ စောင့်ဆိုင်းနေသလိုလို ။ တဖြည်းဖြည်းစိုစွတ်လာသည့် ပုခုံးကြောင့် ကုချန် ပိုင်ရီအား ဆွဲခွာလိုက်သည် ။ ' ငိုနေတာလား .. ' ကုချန်က ခေါင်းငုံ့နေသည့် ပိုင်ရီအား ကြည့်လိုက်သည် ။ သူသေမလိုဖြစ်သည့် နှစ်ကြိမ်မှလွဲ၍ ထိုသူ၏ မျက်ရည်များအား မတွေ့ရပေ ။
" .. အဲ့တုန်းက အားချန်ကို အပြစ်တင်တာ မဟုတ်ပါဘူး .. " ပိုင်ရီက ရှိုက်ရင်းပြောလိုက်သည် ။ သူက ကုချန်၏ လက်အား ဆုပ်ကိုင်လျက် " ကိုကိုက နဲနဲ အံ့ဩသွားရုံပါ .. ပြီးတော့ အရင်ကတစ်ယောက်နဲမှ အဆက်အသွယ် မလုပ်တော့ပါဘူး " ကုချန်အား G မြို့သို့ မခေါ်သွားချင်သို့ အကြောင်းအရင်းမှာ ထိုသူများကြောင့် ဖြစ်ခဲ့သဖြင့် သူက ထိုလူများကို တွေးပင်မတွေးချင်တော့ပေ ။
ကုချန်က အခုထိ ပုံမှန်အမှုအရာသာ ရှိနေသေးသဖြင့် ပိုင်ရီက အနည်းငယ် ပြာယာခတ်သွားခဲ့သည်။ " အော်.. လင်းယွမ်.. လင်းယွမ် .. သူက . " ပြောနေရင်း အသံတိုးသွားလေသည် ။ " အားချန်နဲ့တူလို့ .. ကိုကို ကျိန်ရဲတယ် .. သူ့ကို မထိခဲ့ဘူး .. တကယ် .. တစ်.. တစ်ခါတည်း နမ်းလိုက်မိတာ"
ကုချန်သည် ပိုင်ရီ၏ စကားအားကြားသည့်အချိန်တွင် တစ်ချက်ပြုံးလိုက်မိသည် ။ သူ့အား အမြဲတမ်း အကျင့်မကောင်းဘူး အရှက်မရှိဘူးဟု ပြောလေ့ရှိသည့် သူက ဒီလို ကလေးဆန်တတ်သေးတာဘဲ ။ သူလက်အား ပိုင်ရီ၏ လက်မှ ဆွဲထုတ်ကာ " အဲ့ဒါက ငါနဲ့ မဆိုင်ဘူး ထင်တယ် "
" နောက်ပြီး .. ပိုင်သခင်လေး အပြင်ကို တစ်ချက်ကြည့်လိုက်ပါဦး .. " မီးအလင်းများသာရှိနေသည့် လမ်းမကြီးသည် အချိန်တော်တော် နောက်ကျနေခြင်းကို ဖော်ပြလျက် ။
" ပြန်သင့်ပြီထင်... ဘာလုပ်တာလဲ " ကုချန်က သူ့ ကုတင်ပေါ်သို့ တက်အိပ်ရန်ပြင်နေသည့် ပိုင်ရီကြောင့် အံ့အားသင့်သွားသည် ။ အကြောင်းမှာ အရင်က သူ့နဲ့ တစ်ခန်းတည်းနေဖို့ပင် ငြင်းဆန်နေခဲ့သောကြောင့်ပင် ။ ' အော်.. သူက မှတ်ဉာဏ်မှ မရှိဘဲလေ .. ' မသိတတ်ခြင်းကလည်း သတ္တိတစ်မျိုးပင် ။ အန္တရယ်ကို မသိသဖြင့် လုပ်ရဲကိုင်ရဲသည့် စိတ်ရှိနေသည်မလား ။
ပိုင်ရီသည် စောင်ကို ဆွဲခြုံလိုက်ကာ " တော်တော်နောက်ကျနေပြီလေ .. အန္တရယ်များတယ် " ဟု ပြောပြီး စားပွဲပေါ်ရှိ မီးအိမ်အား ပိတ်လိုက်လေသည် ။
ပြုံးစစဖြင့် ပြောနေသည့် ပိုင်ရီကြောင့် ကုချန်က မျက်ရည်ထွက်မတတ် ရယ်မိတော့မလိုပင် ။ အမှောင်ကြောင့် ရယ်ချင်စိတ်အား အောင့်ထားရသဖြင့် နီရဲနေသည့် သူ့မျက်နှာအားပိုင်ရီသည် မတွေ့နိုင်ခဲ့ပေ ။
" ငါ တစ်ခုခုလုပ်မှာ မကြောက်ဘူးလား ." ကုချန်၏ အက်ရှနေသည့် အသံက အမှောင်ထဲမှ ထွက်လာသဖြင့် ပိုင်ရီက ခေတ္တမျှကြောင်အသွားသည် ။ သူက တစ်ခုခု မှုမမှန်ဟု ခံစားနေရသည်။ ကုချန်၏ အသံက ခြောက်ကပ်နေကာ ရေဓာတ်လိုနေသည့်ပုံပင် ။
ပိုင်ရီက ကုတင်ပေါ်မှ ကုန်းရုန်းထလိုက်ရင်း နူးညံ့စွာ ပြောလိုက်သည် ။ " ခနလေး .. ကိုကို ရေယူပေးမယ် " သို့သော် သူက တံခါးနား အရောက်မှပင် ဆွဲလှည့်ခံလိုက်ရကာ နံရံဖြင့် ဆွဲကပ်ခံလိုက်ရသည် ။
ဒုန်း!!!
ရုတ်တရက်ဆန်လွန်းသောကြောင့် သူ့ကျောပြင်ပင် အီစိမ့်သွားလေသည် ။ တဖြည်းဖြည်းနီးကပ်လာသည့် အသက်ရှုသံပြင်းပြင်းနဲ့အတူ ခပ်သင်းသင်းရနေသည့် ရနံ့ကြောင့် ပိုင်ရီသည် ကိုယ်အပူချိန်တက်လာသလိုပင် ။
" မင်းကိုယ်တိုင်ဝင်လာတာနော် .. " ပါးပြင်အား ရိုက်ခတ်လာသည့် လေနဲ့အတူ ကြားလိုက်ရသည့် ခပ်ရှရှအသံကြောင့် ပိုင်ရီ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားလေသည် ။ ' မဟုတ်ဘူးလေ.. နေရာမှားနေတယ် .. ငါက ဒီနေရာမဟုတ်ဘူး 'သူက ရှောင်ထွက်ရန်ပြင်လိုက်သည် ။
အမှောင်ထဲတွင် ကုချန်က အနည်းငယ် မကျေမနပ်ဖြစ်နေသည် ။ အကြောင်းမှာ သူက အရပ်နဲနဲလိုနေခြင်းကြောင့်ပင် ။ သူက ခွန်အားရှိပြီး မမှီသလို ဖြစ်နေသည် ။ ' ဒီဖေ ..'
ပိုင်ရီက ရှောင်ထွက်လိုက်နိုင်ပြီးမှ သက်ပြင်းချရန်ပြင်လိုက်ချိန် ဆွဲခေါ်ခံလိုက်ရပြီး ကုတင်ပေါ်သို့ပစ်ချခံလိုက်ရသည်။ ကုချန်သည် အကျင့်ပါနေသည့်အလား သူ့လက်နှစ်ဖက်အား ဆုပ်ကိုင်လျက် ခေါင်းအထက်တွင် ထားလိုက်ကာ သူရုန်းကန်မှာကို ကြိုတင်ကာကွယ်လိုက်လေသည် ။
" အားချန်... ကိုကိုက.. " ပြောလို့မပြီးခင်မှာပင် နူတ်ခမ်းသည် ပိတ်ခံလိုက်ရသည် ။ ပိုင်ရီသည် ကုချန်၏ကျွမ်းကျင်သည့်အပြုအမှုများကြောင့် အံ့အားသင့်နေလေသည်။ ထိုသူက သူဘယ်လိုရှောင်မယ် ဘယ်လိုရုန်းကန်မယ် ဆိုသည်ကို အထူးလေ့လာထားသလားဟု ထင်ရလောက်အောင် စေ့စပ်နေလေသည် ။
အတန်ကြာမှ ခွာပေးလာသည့် ကုချန်ကြောင့် အသက်ဝဝရှုနေစဉ် ကြားလိုက်ရသည့်အသံကြောင့် ပိုင်ရီသည် အသက်ရှုရပ်မတက် ဖြစ်သွားသည် ။ လ၏အလင်းရောင်အောက်တွင် ခပ်ရေးရေးမြင်ရသည့် ကုချန်၏ အပြစ်ကင်းစင်ဟန်ရသည့်မျက်နှာလေးထက်တွင် နတ်ဆိုးဆန်သည့် အပြုံးတစ်ခု ပေါ်လာလေသည် ။
" နောက်ကျသွားပြီ .. ကိုကို .. အခုဘာပြောပြော အသုံးမဝင်တော့ဘူး .. "
ယခုအချိန်တွင် ပိုင်ရီသည် မှောင်မဲနေသည့် လမ်းမ ထက် ကုချန်၏ အခန်းသည် ပိုလို့ အန္တရယ်များကြောင်း သိသွားပေသည် ။
_____________________________