Only you (Complete)

By wintshweyi

73.7K 6.8K 751

'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ... More

Intro Unicode
Intro Zawgyi
*1*
*2*
*3*
New fic
*4*
*5*
*6*
*7*
*8*
💗please pay attention💗
*9*
*10*
*11*
*12*
*13*
*14*
*15*
*16*
*17*
❤️new fic❤️
*18*
new fic
*19*
*20*
*21*
*22*
*23*
*24*
*25*
New story
*26*
*27*
*28*
*29*
*30*
*31*
*32*
*33*
📣
*34*
*35*Ending
Namjoon's pov 1
Namjoon's pov 2
💗Extra💗
💗
surprise🎉
pre-order

Namjoon's pov 3

815 90 13
By wintshweyi

Unicode

"အကိုနမ်ဂျွန်း"

ရုံးခန်းထဲကိုပြေး၀င်လာရင်း နောက်ကျောကနေသိုင်းဖက်လာတဲ့ထိုသူလေးကြောင့် နမ်ဂျွန်းပြုံးလိုက်မိသည်...

"ကလေးလည်းမဟုတ်တော့ပဲ ဟယ်ဆူရယ်
ချွဲမနေနဲ့တော့"

ဟယ်ဆူကတော့ခေါင်းကိုအသာရမ်းရင်း...

"ဟင့်အင် ဟယ်ဆူက ကိုကို့ရှေ့ဆိုရင်ဒီလိုမျိုးကလေးလေးဖြစ်သွားရော"

ထိုကလေးငယ်သည် သူ့ကို ကိုကိုဟူ၍လည်းမကြာခဏခေါ်ဆိုတတ်ပါသေးသည်...

"အကိုလေး ပတ်ဂျီမင်ရောက်လာပါပီ"

နမ်ဂျွန်းနဲ့အတူ ဟယ်ဆူ့ရဲ့အကြည့်တွေတံခါး၀စီကို ကျရောက်သွားသည်...
တံခါး၀ကထိုဖြူဖျော့ဖျော့ကောင်လေးဟာ ယခင်အတိုင်းနမ်ဂျွန်းရဲ့ရင်ခုန်သံတွေကိုယစ်မူးစေနိုင်စဲပင်..

"လာလေ ဂျီမင်"

နမ်ဂျွန်ရဲ့ခေါ်သံကြားမှခေါင်းမော့ကြည့်လာတဲ့ ထိုသူလေးဟာတကယ်ကိုချစ်စရာအတိပင်...

"မင်းရဲ့အင်တာဗျူးရလဒ်တွေက ကိုယ့်ကိုတကယ်စိတ်ကျေနပ်စေတယ်
မင်းကိုကိုယ်တို့companyကနေကြိုဆိုပါတယ်..."

ထိုကောင်လေးငယ်ရဲ့လက်တွေဟာမသိမသာတုန်နေပီး သူ့ရဲ့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ထမင်းဘူးလေးကိုရှေ့ကိုပို့ပေးလာသည်...

"သူဌေးအတွက် ကျွန်တော်ကျေးဇူးတင်လို့ပြင်ဆင်လာခဲ့တာပါ"

နမ်ဂျွန်း ဟယ်ဆူ့ကိုလှည့်ကြည့်လိုက်မိသည်...
မိမိ၏ဆန္ဒအရ ထိုထမင်းဘူးလေးကိုယူချင်ပါသော်လည်း ဟယ်ဆူ့ရဲ့အတွေးကိုဦးစားပေးရပေမည်...
သူနဲ့ဟယ်ဆူက ဘ၀တလျှောက်လုံးလင်တွဲသွားရမဲ့သူတွေဖြစ်သည့်အတွက် ကြားထဲမှာစိတ်ခုစရာတွေမရှိအောင် သူဂရုစိုက်ရပေမည်...

"ဂျီမင်က ဟင်းရောချက်တတ်တာလား
ကျွန်တော်နဲ့အသက်မကွာဘူးထင်လို့ ဂျီမင်လို့ပဲခေါ်မယ်နော်
ကျွန်တော့နာမည်ကဟယ်ဆူပါ"

ဟယ်ဆူကတော့ပကတိအတိုင်းပြုံးရွှင်နေဆဲပင်...
နမ်ဂျွန်းလည်း ဂျီမင်ပေးတဲ့ထမင်းဘူးလေးကိုယူလိုက်လေသည်...
.
.
.
.
.
.
.
"ဒီprojectကို သားငယ်ကိုပေးလိုက်"

"ဒါပေမဲ့..."

နမ်ဂျွန်းရဲ့စကားတွေလေထဲမှာရပ်ကုန်သည်...
သူတစ်နှစ်ပတ်လုံးကြိုးစားထားသမျှက အခုတော့ဂျန်းကုအတွက်တဲ့လား...
သူဒီprojectကိုရဖို့ နေ့မအိပ်ညမနားအလုပ်တွေလုပ်ခဲ့ရသည်...
အခုတော့သူကအလျှော့ပေးရမယ်တဲ့လား...

"ကျွန်တော်မလုပ်နိုင်ဘူး"

"ဘာာ!!"

"ကျွန်တော် ဂျန်းကုကိုမပေးနိုင်ဘူး
ဒါကကျွန်တော်ကြိုးစားလို့ရခဲ့တဲ့အရာ ကျွန်တော်လက်မလျှော့နိုင်ဘူး"

ဦးလေးသည် မထိပြုံးပြုံးလိုက်ရင်း...

"ကမ်နမ်ဂျွန်း မင်းမေ့နေပီထင်တယ်
မင်းကသခင်လေးကိုနေ‌ရတော့ ဘ၀ကိုမေ့သွားပီပေါ့
အစ‌ောကတည်းကဒီအရာတွေအကုန်လုံးက သားငယ် ဂျန်းကုရဲ့အပိုင်ပဲ
မင်းကတော့သူ့ကိုကူညီပေးရမဲ့အကူညီသာသာပဲ
မင်းရဲ့ ဘ၀ကိုမေ့ခါနီးတဲ့အခါတိုင်း မင်းရဲ့မျိုးရိုးကိုပြန်ရွတ်ကြည့်လိုက်ပါ
မင်းကျုယ်မင်း ငါတို့ဂျွန်းမျိုးရိုးထင်မနေနဲ့"

နမ်ဂျွန်း ထိုအခန်းထဲကနေထွက်လာလိုက်သည်..
ထိုအတူ အမှောင်ဘတ်ခြမ်းRMရဲ့သွေးထိုးစကားတွေဟာလည်း ပျံ့နှံ့လာတော့သည်..

(မင်းတွေ့ပီလား ကမ်နမ်ဂျွန်း သူတို့မင်းကိုဘလိုဆက်ဆံတယ်ဆိုတာ
မင်းကတကယ်ကိုလိုသုံးပဲ သူတို့ကနောက်ဆုံးမင်းအပိုင်တွေကိုအကုတ်လုယူသွားမှာ)

နမ်ဂျွန်း လက်သီးကိုတင်းတင်းဆုပ်ရင်း..

"ငါဘာလုပ်ရင်ရပီလဲ"

(ဘာမှမလုပ်နဲ့ ငါပဲအကုန်လုပ်ပေးသွားမယ်
မင်းကဒီအတိုင်းလေးငါခင်းပေးတဲ့လမ်းကိုလျှောက်လိုက်
မင်းမှတ်ထားပါ နမ်ဂျွန်း တလောကလုံးမှာ မင်းအတွက်တွေးပေးတာငါပဲရှိတယ်ဆိုတာ)

နမ်ဂျွန်းရဲ့‌ေခါင်းတွေလေးလာပီး အမှောင်ထုထဲကိုရောက်ရှိသွားတော့သည်...
ထိုနေ့ညကနမ်ဂျွန်းအတွက် ဆုံးဖြတ်ချက်အမှားကြီးကိုချခဲ့သောညပင်...
.
.
.
.
.
.
.
'ခွပ်!!'

မနက်နိုးနိုးချင်း ချစ်လှစွာသောညီငယ်စီကနေအထိုးခံလိုက်ရခြင်းကြောင့် နမ်ဂျွန်း ငြိမ်သက်သွားသည်..

"ခင်များ ကျွန်တော့မိဘတွေကိုသတ်လိုက်တာမလား"

နမ်ဂျွန်း ဘာမှစဉ်းစားလို့မရပေ..
ခေါင်းတခုလုံးကထိုးကိုက်နေပီး ဘာဆိုဘာမှစဉ်းစားလို့မရပေ...

"ခင်များကို အကိုလို့ခေါ်ခဲ့တဲ့ ကျွန်တော့ပါးစပ်ကို ကျွန်တော်သနတယ် ခင်များကြည့်နေပါ ကျွန်တော်ခင်များကိုပြန်လက်စားချေဖို့ပြန်လာခဲ့မယ်"

စွန်ခွာသွားတဲ့ညီငယ်ရဲ့နောက်ကျော်ကိုကြည့်ရင်း နမ်ဂျွန်းဒေါသတကြီးအခန်းထဲကို၀င်လိုက်သည်...

"Kim RMမင်းလုပ်လိုက်တာမလား
အခုချက်ချင်းထွက်လာခဲ့စမ်း"

စားပွဲပေါ်ကပစ္စည်းတွေဟာလည်းနမ်ဂျွန်းရဲ့ ရိုက်ချက်ကြောင့် ပြုတ်ကျပျက်စီးကုန်သည်...

(ဘာတွေများ ဒီလောက်တောင်ဒေါသထွက်နေရတာလဲ
အခုမင်းရှေ့မှာဘာအတားအစီးမှမရှိတော့ဘူးမလား)

"ငါမင်းကို သူတို့ကိုသတ်ဖို့ပြောခဲ့ဖူးလို့လား"

(မင်းမပြောခဲ့ပေမဲ့ မင်းသတ်ချင်တယ်ဆိုတာငါသိပါတယ်
ဘာလို့ဆိုမင်းကငါပဲလေ ငြါကိုဘာမှဖုံးကွယ်ထားလို့မရဘူး)

နမ်ဂျွန်း ဘာလုပ်ရမှန်းမသိတော့ပေ...
ခေါင်းထဲက ဘာမှန်းမသိတဲ့မှတ်ဉာဏ်တချို့ဟာလည်း ဝေဝါးစွာထွက်ပေါ်လာခဲ့သည်....

(စိတ်မပူပါနဲ့ မင်းသတ်တယ်ဆိုတာညယ်သူမှမသိပါဘူး
ငါက လူမိုက်တချို့ငှားပီးသတ်ခိုင်းလိုက်တာ
ဟိုဂျန်းကုဆိုတဲ့ကောင်လေးကတော့ သူဘာသာသံသယ၀င်နေတာပဲ အကယ်၍ မင်းသတ်တာညယ်သူ့ကိုမှမသိစေချင်ရင်...သူ့ကို...)

"သူ့ကိုမထိနဲ့ မင်းလုပ်ချင်တာတွေလုပ်ပီးပီမလား Kim RM ဂျန်းကုကိုတော့လွှတ်ပေးလိုက်ပါ"

နမ်ဂျွန်းရဲ့နားထဲကို RMရဲ့ရီသံတွေလွှမ်းမိုးလာခဲ့လေသည်...

(ငါအတွက်လုပ်နေတာမဟုတ်ပါဘူး ဒါတွေအကုန်မင်းအတွက်ပါ
မင်းချစ်တဲ့သူတွေမရှိတော့ရင် မင်းမှာအားနည်းချက်မရှိတော့ဘူး ဒါဆိုရင်မင်းပိုပီးသန်မာလာလိမ့်မယ်)

နမ်ဂျွန်းရဲ့ဘ၀မှာ အမှောင်ထုကြီးလွှမ်းမိုးလာချိန်ဟာ ထိုအချိန်မှစခဲ့တော့သည်....
.
.
.
.
.
.
.
"အကိုနမ်ဂျွန်း"

ဟယ်ဆူ့ရဲ့ခေါ်သံကိုကြားသော်လည်း နမ်ဂျွန်းလှည့်မကြည့်ဖြစ်ပေ...
ဒီနေ့ ဂျန်းကုရဲ့မိဘတွေဆုံးသွားတာ တလရှိပီ...
ဂျန်းကုက‌ေတာ့ ထယ်ယောင်းရဲ့အကူအညီနဲ့ နိုင်ငံခြားကိုထွက်သွားပီဆိုတဲ့ သတင်းကလွဲပီးဘာမှမကြားရချေ...
နာရေးကိစ္စအ၀၀ကို နမ်ဂျွန်းတယောက်ထဲပြင်ဆင်ခဲ့ရသည်..

"အကို နမ်ဂျွန်း"

ရှိုက်ငိုရင်း နောက်ကျောကိုဖက်တွယ်လာသော ဟယ်ဆူ့ကို နမ်ဂျွန်းတွန်းထုတ်လိုက်မိသည်...

"အကို့ကိုစိတ်ပူနေတာ တလလုံး အိမ်ထဲကနေထွက်မလာဘူး
အခုအဆင်ပြေတယ်မလားဟင်"

နမ်ဂျွန်း ဘာမှပြန်မဖြေမိပေ...

"အကိုနမ်ဂျွန်း ဘာဖြစ်နေတာလဲ"

နမ်ဂျွန်း ဟယ်ဆူနဲ့မျက်နှာချင်းဆိုင်ရပ်လိုက်ရင်း...

"ကမ်ဟယ်ဆူ မင်းကတော်တော်စိတ်ရှုပ်စရာကောင်းတာပဲ"

နမ်ဂျွန်းရဲ့ဒေါသသံကြောင့် ဟယ်ဆူ့ခန္ဓာကိုယ်လေးတုန်တက်သွားသည်...

"ငါ့နောက်ကို လိုက်ကပ်မနေနဲ့တော့
ဂျွန်းဂျန်းကု မင်းကိုပြောသွားတယ်မလား ငါ့ရဲ့အကြောင်းတွေကို"

"အင်း ပြောသွားတယ် ဒါပေမဲ့ကျွန်တော်မယုံဘူး
ကျွန်တော်အကို့ဘေးမှာပဲနေမှာ အကို့ကိုပဲကျွန်တော်ယုံမယ် အဲ့တာကြောင့်အကုိကျွန်တော့ကိုဒေါသမထွက်ပါနဲ့"

ပြောနေရင်း ငိုလာတဲ့ဟယ်ဆူ့ကြောင့် နမ်ဂျွန်းကျွတ်တချက်သပ်လိုက်မိသည်..

"ငါ့ရှေ့မှာလာငိုမနေနဲ့ ကမ်ဟယ်ဆူ
ဒီလိုမျိုးအမြဲငါ့နားကိုလာရှုပ်နေမယ်ဆိုရင် လက်ထပ်ဖို့ကိစ္စကို ပြန်စဉ်းစားရလိမ့်မယ်"

မော့ကြည့်လာတဲ့ ဟယ်ဆူ့ရဲ့မျက်၀န်းတွေထဲမှာ၀မ်းနည်းရိပ်တွေအပြည့်ပင်...

"တောင်းပန်ပါတယ် အကို့ကိုစိတ်ရှုပ်စေမိလို့"

ထွက်ခွာသွားတဲ့ ဟယ်ဆူနဲ့အတူ မိုးစက်လေးတွေဟာလိုက်ပါသွားခဲ့တယ်...
နမ်ဂျွန်းသတိထားမိလိုက်တာတခုကတော့ ဟယ်ဆူ့ရဲ့ခေထောက်မှာဖိနပ်မပါလာခြင်းကိုပါပဲ...
ကြည့်ရတာထိုကောင်လေး သူ့ကိုစိတ်ပူဇောနဲ့အမြန်ထွက်လာရင်းဖိနပ်မေ့ကျန်ခဲ့ပုံပင်..
အပြင်မှာမိုးတွေရွာနေတဲ့အပြင် ဖိနပ်မပါတဲ့ထိုကောင်လေးကြောင့် နမ်ဂျွန်း စိတ်ပူရပါသည်...

*Ring Ring*

"Hello"

"ဂျီမင် ဟယ်ဆူ့ကိုအိမ်ပြန်လိုက်ပို့ပေးလိုက်ပါ
သူအခုကိုယ်တို့အိမ်နားမှာပဲရှိဦးမယ်ထင်တယ်"

ဖုန်းတဖက်ကကောင်လေးရဲ့၀မ်းနည်းမှုတွေကိုနမ်ဂျွန်း မြင်နိုင်ခဲ့ပါရဲ့လား...
ပိုင်ရှင်ရှိပီးသားသူကိုချစ်နေရတဲ့အပြင် ထိုသူ့အတွက် ထိုသူ့ရဲ့ချစ်သူကိုတောင် သူအခစားဝင်ခဲ့ရတာငို ဘယ်သူကများစာနာနိုင်မှာလဲ...
.
.
.
.
.
.
.
"ဂျီမင် ဆေးသောက်မှရမယ်မဟုတ်လား"

ဟယ်ဆူ့ကိုရှာရင်းမိုးမိပီးဖျားသွားတဲ့ သူ့ကို နမ်ဂျွန်းချော့မော့ကာဆေးတိုက်နေမိသည်..

"ရပါတယ် ကျွန်တော်ဘာသာသောက်လိုက်ပါ့မယ်"

နမ်ဂျွန်း ဂျီမင့်ရှေ့ကိုရေခွင်လေးချပေးလိုက်သည်..

"ဖြေးဖြေးသောက် ဂျီမင်
ပီးရင်နားလိုက်တော့..."

"ဒါနဲ့ ကမ်ဟယ်ဆူ့ကိုသွားမကြည့်ဖူးလား"

နမ်ဂျွန်းသိပါသည် ဟယ်ဆူလည်းနေမကောင်းဖြစ်နေတယ်ဆိုတာ...
သို့သော် နမ်ဂျွန်းသူနဲ့မတွေ့ချင်သေးပေ..
ဟယ်ဆူ့ကိုသူမဟုတ်လဲဂရုစိုက်ပေးမဲ့သူတွေရှိပါတယ်လေ...
ဒါပေမဲ့ နမ်ဂျွန်းမသိခဲ့တာကတော့ ဟယ်ဆူဆိုတဲ့ကောင်လေး‌တယောက် သူ့ကိုတွေ့ဖို့လာရင်း ဂျီမင်နဲ့ပြုံးပျော်နေတဲ့သူ့ကြောင့် ၀မ်းနည်းစွာပြန်သွားခဲ့ရတာကိုပါပဲ...
.
.
.
.
.
.
.
နမ်ဂျွန်း ဒီနေ့ဟယ်ဆူ့ကိုချော့ဖို့ သူကြိုက်တဲ့ကိတ်ဆိုင်ကနေ သူအကြိုက်ဆုံးကိတ်တလုး၀ယ်လာလိုက်သည်...
ဘာပဲပြောပြော ဒီတခေါက်သူလွန်သွားတယ်ဆိုတာ နမ်ဂျွန်းသိပါသည်...

*Ring Ring*

"ဟယ်ဆူလား မဟုတ်ရင်တောင်အကိုမင်းစီလာတော့မလို့"

တဖက် ဖုန်းသံသည်တိတ်ဆိတ်နေပီးနောက်...

"အကို သူတို့ကိုတကယ်ပဲသတ်ခဲ့တာလား"

နမ်ဂျွန်းရဲ့ခေါင်းတခုလုံးပြာဝေသွားသည်...
ဟယ်ဆူကသူ့အကြောင်းကိုသိသွားပီတဲ့လား...
ဖြေကြားသံမရှိတော့တဲ့ဖုန်းသံရဲ့အဆုံးသတ်မှာ လမ်းမထက်က ကိတ်မုန့်ဘူးလေးဟာလည်း ကြေမွစွာနေရာယူထားလေသည်....
.
.
.
.
.
.
.
ဟယ်ဆူ့အိမ်ကိုလာရင်း လှေကားထိပ်မှာသွေးပျက်စွာထိုင်နေတဲ့ ဂျီမင်ကြောင့် နမ်ဂျွန်းစိတ်ပူသွားမိသည်...
ထို့အတူဟယ်ဆူ့ကိုစိတ်ပူမိသည်ကိုလည်းလိမ်လို့မရ...
ဟယ်ဆူ့တိုက်ခန်းထဲရောက်တော့ကြမ်းပြင်မှာ သွေးတွေနဲ့လဲကျနေတဲ့ဟယ်ဆူ...သူ့ရဲ့လက်ထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတဲ့ USB stickတခု...
သူ့ရဲ့မျက်၀န်းတွေဟာဖျော့တော့နေပီး နမ်ဂျွန်းစီကိုစိုက်ကြည့်လာလေသည်...

"အကို အကိုနမ်ဂျွန်း"

နမ်ဂျွန်းရဲ့အသိစိတ်တွေခနတာလွတ်သွားပီး အမှောင်လောကထဲကိုရောက်ရှိသွားတော့သည်..
သို့သော်သူ၏ခန္ဓာကိုယ်ကိုတော့Kim RMကဆက်လက်ရယူထားသေးသည်...

"ကမ်ဟယ်ဆူ မင်းကအရမ်းကိုသနားစရာကောင်းတယ် ဆိုတာသိရဲ့လား မသတီစရာကောင်းလောက်အောင်ကိုလေ"

RM ဟယ်ဆူ့ရှေ့ကိုလျှောက်သွားပီးလက်ထဲက USB stickကိုဆွဲယူလိုက်သည်..
သို့သော်ဟယ်ဆူကလုံး၀လွှတ်မပေးပေ...

"ခင်များကသူမဟုတ်ဘူး
ကျွန်တော်ချစ်တဲ့ အကိုက ဒီလိုပုံမျိုးမဟုတ်ဖူး"

"အဟက် မင်းကသူအကြောင်းဘလောက်များ သိလို့လဲပြောစမ်းပါဦး"

ဟယ်ဆူ့ရဲ့လက်တွေဟာ ပိုပီးတင်းကြပ်လာခဲ့သည်...

"မင်းရဲ့လက်ထဲကပစ္စည်းလေးကို ပေးမယ်ဆိုရင် မင်းကိုသနားညှာတာသောအားဖြင့်အသက်ဆက်ရှင်ခွင့်ပေးမယ် မဟုတ်ရင်တော့..."

"မပေးနိုင်ဘူး အကို့ကိုကျွန်တော်ကယ်မှာ
ဒီလိုမကောင်းဆိုးဝါးဘ၀မှာ အကိုနေချင်မှာမဟုတ်ဖူး"

RMမတ်တပ်ရပ်လိုက်ပီး ဘေးဆိုဖာပေါ်ကခေါင်းအုံးကိုအသာမယူလိုက်သည်...

"ဒါဆိုလည်းအားနာစရာမလိုတော့ဘူးပေါ့..."

RMရဲ့စကားသံအဆုံးမှာ ရုန်းကန်နေတဲ့အသံတချို့နဲ့အတူ ဟယ်ဆူ့လက်ထဲကUSBလေးဟာလည်း ကြမ်းပြင်ပေါ်ကိုကျရောက်သွားခဲ့တော့သည်...

'အကို သူ့ကိုနိုင်မှာပါ ကျွန်တော်သိတယ်
အဲဒီမကောင်းဆိုးဝါးကိုကျွန်တော့ကိုယ်စားပြန်ပီး အနိုင်ယူပေးပါ
အရမ်းချစ်တယ် အကို'
.
.
.
.
.
.
.
"Kim RMမင်းကိုငါပြောထားတယ်မလား
ကမ်ဟယ်ဆူကိုတော့မရဘူး ထိလို့မဖြစ်ဖူးလို့"

နမ်ဂျွန်း ပစ္စည်းတွေအကုန်လုံးကိုရိုက်ခွဲပစ်လိုက်သည်...

(မင်းကသတ်ခဲ့တာကမ်နမ်ဂျွန်း မင်းရဲ့လက်နဲ့မင်းကိုယ်တိုင်)

"မင်း ငါ့ရဲ့မှတ်ဉာဏ်တွေကိုဘာလို့ဖျောက်ပစ်ခဲ့တာလဲ.."

နမ်ဂျွန်း အဖြစ်ဆိုးတွေဖြစ်ပီးချိန်တိုင်းဘာမှမမှတ်‌မိတော့ပါ..
ဒါဟာလည်းKim RMလုပ်ခဲ့တဲ့ကိစ္စတွေထဲကတခုပင်...
သို့သော် ဒီအရာကသူ့ကိုပိုနာကျင်စေသည်...
အိမ်မက်ထဲမှာ တောင်မသိတဲ့မိမိရဲ့ဆိုးဝါးတဲ့လုပ်ရပ်တွေကို ပြန်မြင်နေရပီး ဟယ်ဆူ့ရဲ့နောက်ဆုံးအကြည့် မိဘတွေရဲ့နောက်ဆုံးအချိန် မိမိလက်နဲ့သတ်ကစ်ခဲ့တဲ့အရာတွေအဲ့တာတွေက သူ့ကိုတစ္ဆေတကောင်လိုခြောက်လန့်နေလေသည်...

"ဖျောက်ပစ်မှာဆိုသေချာဖျောက်ပစ်လိုက်ပါတော့လား...
ဒီလိုမျိုးလူကိုခနခနရူးအောင်လုပ်မနေပဲနဲ့
မင်းကငါ့ကိုမင်းစီမံရယအတိုင်းလုပ်စေချင်တာမလား...
ကောင်းပီငါလုပ်မယ် အဲ့တာကြောင့်ဒီလောက်နဲ့ပဲရပ်လိုက်ပါတော့..."

သူ့ဘ၀ကိုအမှောင်ထုထဲမှာအဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်က အဲဒီအချိန်ဖြစ်ပါလိမ့်မယ်...
သူနဲ့‌ေစ့စပ်ထားတဲ့ဟယ်ဆူသေဆုံးတဲ့အချိန်...
.
.
.
.
.
.
.
မေ့‌ေဆးနဲ့မတည့်တဲ့ဂျီမင်က သူ့အတွက်နဲ့ မျက်နှာကိုခွဲစိတ်ခဲ့တယ်လို့သိရတုန်းက သူရူးမတတ်နာကျင်ရပါသည်...
ချစ်ရသူကိုရော ချစ်သူ‌ကိုရော မကာကွယ်နိုင်တဲ့အပြင် နာကျင်စေတဲ့သူ့ကိုယ်သူလည်းမုန်းမိသည်..
ဒီအရာတွေကြောင့်ပဲ ဂျီမင်နဲ့ဝေးရာကိုပြေးထွက်ခဲ့မိသည်လား...
ဂျီမင်နဲ့မတွေ့နိုင်သလို ဟယ်ဆူ့ရဲ့အုတ်ဂူရှိရာကိုလည်းမသွားနိုင်ခဲ့ပါ...
သူတကယ်ပဲထိုသူနှစ်ဦးနဲ့မျက်နှာချင်းဆိုင်ဖို့ ကြောက်ရွံ့နေခဲ့မိသည်...
ဒါပေမဲ့သူဟာ အချစ်နွံမှာနောက်တကြိမ်ကျရှုံးချိန်ကို ပြန်ရောက်ရှိလာခဲ့ပြန်သည်...
အဲဒီနေ့က ကော်ဖီဆိုင်ထဲကထိုသူ...ကမ်ဆော့ဂျင်
.
.
.
.
.
.
..........End of Namjoon's pov.....
AN

နည်းနည်းကြာသွားတယ်မလား တောင်းပန်ပါတယ်နော်..
ဒီမှာပြောပြချင်တာလေးကတော့
Kim RMကို ပထမဆုံးသတိထားမိတဲ့သူက ဟယ်ဆူပါ...
သူက နမ်ဂျွန်းကိုအရမ်းချစ်တော့ အရာအားလုံးကိုမှတ်မိနေတာမျိုးပါ...
နမ်ဂျွန်းကိုရဲလက်အပ်ဖို့လုပ်ခဲ့တာကလည်း ဒါကတခုတည်းသော နမ်ဂျွန်းငိုကယ်တင်နည်းဖြစ်မယ်လို့တွေးမိခဲ့လို့ပါ...
သူနောက်ဆုံးအချိန်မှာတောင် နမ်ဂျွန်းကိုမှန်းဖို့အတွေး နည်းနည်းလေးတောင်မရှိခဲ့ပါဘူး...
နမ်ဂျွန်းကလူသတ်သမားလို့ ဂျန်းကုကသူ့ကိုပြောပြဖူးပါတယ်...
ဒါပေမဲ့သူကနမ်ဂျွန်းကိုပဲဆက်ယုံဖို့ဆုံးဖြတ်ခဲ့တာပါ...
သူရဲ့မိဘတွေနဲ့အတိုက်အခံဖြစ်ပီး သူ့ရဲ့မိဘတွေက သူ့ကိုအမွေဖြတ်စွန့်လွှတ်ခဲ့ပါတယ်...
သေဆုံးတဲ့အချိန်ထိတောင်သူ့မိဘတွေဟာ သူကိုလာမတွေ့ခဲ့ပါဘူး...
သူက နမ်ဂျွန်းဂျီမင့်ကိုချစ်နေမှန်းသိခဲ့လောက်ပါတယ်..
ဒါပေမဲ့သူလက်လွှတ်ဖို့ကြောက်နေခဲ့တာပါ...
ဒီလောက်ဆို ဟယ်ဆူကလည်းနမ်ဂျွန်းကို ဘလောက်ချစ်ကြောင်းသိလောက်ပီပေါ့...

နမ်ဂျွန်းအနေနဲ့ပြောရရင်
ဂျီမင်က အချစ်ဦးဖြစ်ပီး ဟယ်ဆူကအချစ်ကိုပေးတဲ့သူပေါ့
ဆော့ဂျင်ကတော့အချစ်ဆုံးဖြစ်ခဲ့ပါလိမ့်မယ်...
သူကအမြဲဟယ်ဆူ့နဲ့မျက်နှာချင်းဆိုင်ရမှာကြောက်လို့ ဟယ်ဆူ့နှစ်ပတ်လည်တိုင်း သူ့အိမ်ကဟယ်ဆူ့ပစ္စည်းတွေထားတဲ့အခန်းထဲမှာပဲ တယောက်တည်းအချိန်ကုန်လေ့ရှိပါတယ်...
ပီးတော့ သူကဂျီမင့်ကိုရော ဆော့ဂျင်ကိုရော ချစ်တယ်လို့ပြောဖို့တွန်ဆုတ်နေခဲ့ပါတယ်...
အဲ့တာက သူဟယ်ဆူ့ကိုအားနာခဲ့လို့ပါ...

ကဲ Namjoon's povလေးပီးသွားပါပီ Extraလေးလဲမကြာခင်လာပါ့မယ်
Love you all❣️
Take care
....................................................................
Zawgyi

"အကိုနမ္ဂြၽန္း"

႐ုံးခန္းထဲကိုေျပး၀င္လာရင္း ေနာက္ေက်ာကေနသိုင္းဖက္လာတဲ့ထိုသူေလးေၾကာင့္ နမ္ဂြၽန္းျပဳံးလိုက္မိသည္...

"ကေလးလည္းမဟုတ္ေတာ့ပဲ ဟယ္ဆူရယ္
ခြၽဲမေနနဲ႔ေတာ့"

ဟယ္ဆူကေတာ့ေခါင္းကိုအသာရမ္းရင္း...

"ဟင့္အင္ ဟယ္ဆူက ကိုကို႔ေ႐ွ႕ဆိုရင္ဒီလိုမ်ိဳးကေလးေလးျဖစ္သြားေရာ"

ထိုကေလးငယ္သည္ သူ႕ကို ကိုကိုဟူ၍လည္းမၾကာခဏေခၚဆိုတတ္ပါေသးသည္...

"အကိုေလး ပတ္ဂ်ီမင္ေရာက္လာပါပီ"

နမ္ဂြၽန္းနဲ႔အတူ ဟယ္ဆူ႕ရဲ႕အၾကည့္ေတြတံခါး၀စီကို က်ေရာက္သြားသည္...
တံခါး၀ကထိုျဖဴေဖ်ာ့ေဖ်ာ့ေကာင္ေလးဟာ ယခင္အတိုင္းနမ္ဂြၽန္းရဲ႕ရင္ခုန္သံေတြကိုယစ္မူးေစႏိုင္စဲပင္..

"လာေလ ဂ်ီမင္"

နမ္ဂြၽန္ရဲ႕ေခၚသံၾကားမွေခါင္းေမာ့ၾကည့္လာတဲ့ ထိုသူေလးဟာတကယ္ကိုခ်စ္စရာအတိပင္...

"မင္းရဲ႕အင္တာဗ်ဴးရလဒ္ေတြက ကိုယ့္ကိုတကယ္စိတ္ေက်နပ္ေစတယ္
မင္းကိုကိုယ္တို႔companyကေနႀကိဳဆိုပါတယ္..."

ထိုေကာင္ေလးငယ္ရဲ႕လက္ေတြဟာမသိမသာတုန္ေနပီး သူ႕ရဲ႕လက္ထဲမွာ ဆုပ္ကိုင္ထားတဲ့ထမင္းဘူးေလးကိုေ႐ွ႕ကိုပို႔ေပးလာသည္...

"သူေဌးအတြက္ ကြၽန္ေတာ္ေက်းဇူးတင္လို႔ျပင္ဆင္လာခဲ့တာပါ"

နမ္ဂြၽန္း ဟယ္ဆူ႕ကိုလွည့္ၾကည့္လိုက္မိသည္...
မိမိ၏ဆႏၵအရ ထိုထမင္းဘူးေလးကိုယူခ်င္ပါေသာ္လည္း ဟယ္ဆူ႕ရဲ႕အေတြးကိုဦးစားေပးရေပမည္...
သူနဲ႔ဟယ္ဆူက ဘ၀တေလွ်ာက္လုံးလင္တြဲသြားရမဲ့သူေတြျဖစ္သည့္အတြက္ ၾကားထဲမွာစိတ္ခုစရာေတြမ႐ွိေအာင္ သူဂ႐ုစိုက္ရေပမည္...

"ဂ်ီမင္က ဟင္းေရာခ်က္တတ္တာလား
ကြၽန္ေတာ္နဲ႔အသက္မကြာဘူးထင္လို႔ ဂ်ီမင္လို႔ပဲေခၚမယ္ေနာ္
ကြၽန္ေတာ့နာမည္ကဟယ္ဆူပါ"

ဟယ္ဆူကေတာ့ပကတိအတိုင္းျပဳံး႐ႊင္ေနဆဲပင္...
နမ္ဂြၽန္းလည္း ဂ်ီမင္ေပးတဲ့ထမင္းဘူးေလးကိုယူလိုက္ေလသည္...
.
.
.
.
.
.
.
"ဒီprojectကို သားငယ္ကိုေပးလိုက္"

"ဒါေပမဲ့..."

နမ္ဂြၽန္းရဲ႕စကားေတြေလထဲမွာရပ္ကုန္သည္...
သူတစ္ႏွစ္ပတ္လုံးႀကိဳးစားထားသမွ်က အခုေတာ့ဂ်န္းကုအတြက္တဲ့လား...
သူဒီprojectကိုရဖို႔ ေန႔မအိပ္ညမနားအလုပ္ေတြလုပ္ခဲ့ရသည္...
အခုေတာ့သူကအေလွ်ာ့ေပးရမယ္တဲ့လား...

"ကြၽန္ေတာ္မလုပ္ႏိုင္ဘူး"

"ဘာာ!!"

"ကြၽန္ေတာ္ ဂ်န္းကုကိုမေပးႏိုင္ဘူး
ဒါကကြၽန္ေတာ္ႀကိဳးစားလို႔ရခဲ့တဲ့အရာ ကြၽန္ေတာ္လက္မေလွ်ာ့ႏိုင္ဘူး"

ဦးေလးသည္ မထိျပဳံးျပဳံးလိုက္ရင္း...

"ကမ္နမ္ဂြၽန္း မင္းေမ့ေနပီထင္တယ္
မင္းကသခင္ေလးကိုေန‌ရေတာ့ ဘ၀ကိုေမ့သြားပီေပါ့
အစ‌ောကတည္းကဒီအရာေတြအကုန္လုံးက သားငယ္ ဂ်န္းကုရဲ႕အပိုင္ပဲ
မင္းကေတာ့သူ႕ကိုကူညီေပးရမဲ့အကူညီသာသာပဲ
မင္းရဲ႕ ဘ၀ကိုေမ့ခါနီးတဲ့အခါတိုင္း မင္းရဲ႕မ်ိဳး႐ိုးကိုျပန္႐ြတ္ၾကည့္လိုက္ပါ
မင္းက်ဳယ္မင္း ငါတို႔ဂြၽန္းမ်ိဳး႐ိုးထင္မေနနဲ႔"

နမ္ဂြၽန္း ထိုအခန္းထဲကေနထြက္လာလိုက္သည္..
ထိုအတူ အေမွာင္ဘတ္ျခမ္းRMရဲ႕ေသြးထိုးစကားေတြဟာလည္း ပ်ံ႕ႏွံ႔လာေတာ့သည္..

(မင္းေတြ႕ပီလား ကမ္နမ္ဂြၽန္း သူတို႔မင္းကိုဘလိုဆက္ဆံတယ္ဆိုတာ
မင္းကတကယ္ကိုလိုသုံးပဲ သူတို႔ကေနာက္ဆုံးမင္းအပိုင္ေတြကိုအကုတ္လုယူသြားမွာ)

နမ္ဂြၽန္း လက္သီးကိုတင္းတင္းဆုပ္ရင္း..

"ငါဘာလုပ္ရင္ရပီလဲ"

(ဘာမွမလုပ္နဲ႔ ငါပဲအကုန္လုပ္ေပးသြားမယ္
မင္းကဒီအတိုင္းေလးငါခင္းေပးတဲ့လမ္းကိုေလွ်ာက္လိုက္
မင္းမွတ္ထားပါ နမ္ဂြၽန္း တေလာကလုံးမွာ မင္းအတြက္ေတြးေပးတာငါပဲ႐ွိတယ္ဆိုတာ)

နမ္ဂြၽန္းရဲ႕‌ေခါင္းေတြေလးလာပီး အေမွာင္ထုထဲကိုေရာက္႐ွိသြားေတာ့သည္...
ထိုေန႔ညကနမ္ဂြၽန္းအတြက္ ဆုံးျဖတ္ခ်က္အမွားႀကီးကိုခ်ခဲ့ေသာညပင္...
.
.
.
.
.
.
.
'ခြပ္!!'

မနက္ႏိုးႏိုးခ်င္း ခ်စ္လွစြာေသာညီငယ္စီကေနအထိုးခံလိုက္ရျခင္းေၾကာင့္ နမ္ဂြၽန္း ၿငိမ္သက္သြားသည္..

"ခင္မ်ား ကြၽန္ေတာ့မိဘေတြကိုသတ္လိုက္တာမလား"

နမ္ဂြၽန္း ဘာမွစဥ္းစားလို႔မရေပ..
ေခါင္းတခုလုံးကထိုးကိုက္ေနပီး ဘာဆိုဘာမွစဥ္းစားလို႔မရေပ...

"ခင္မ်ားကို အကိုလို႔ေခၚခဲ့တဲ့ ကြၽန္ေတာ့ပါးစပ္ကို ကြၽန္ေတာ္သနတယ္ ခင္မ်ားၾကည့္ေနပါ ကြၽန္ေတာ္ခင္မ်ားကိုျပန္လက္စားေခ်ဖို႔ျပန္လာခဲ့မယ္"

စြန္ခြာသြားတဲ့ညီငယ္ရဲ႕ေနာက္ေက်ာ္ကိုၾကည့္ရင္း နမ္ဂြၽန္းေဒါသတႀကီးအခန္းထဲကို၀င္လိုက္သည္...

"Kim RMမင္းလုပ္လိုက္တာမလား
အခုခ်က္ခ်င္းထြက္လာခဲ့စမ္း"

စားပြဲေပၚကပစၥည္းေတြဟာလည္းနမ္ဂြၽန္းရဲ႕ ႐ိုက္ခ်က္ေၾကာင့္ ျပဳတ္က်ပ်က္စီးကုန္သည္...

(ဘာေတြမ်ား ဒီေလာက္ေတာင္ေဒါသထြက္ေနရတာလဲ
အခုမင္းေ႐ွ႕မွာဘာအတားအစီးမွမ႐ွိေတာ့ဘူးမလား)

"ငါမင္းကို သူတို႔ကိုသတ္ဖို႔ေျပာခဲ့ဖူးလို႔လား"

(မင္းမေျပာခဲ့ေပမဲ့ မင္းသတ္ခ်င္တယ္ဆိုတာငါသိပါတယ္
ဘာလို႔ဆိုမင္းကငါပဲေလ ျငါကိုဘာမွဖုံးကြယ္ထားလို႔မရဘူး)

နမ္ဂြၽန္း ဘာလုပ္ရမွန္းမသိေတာ့ေပ...
ေခါင္းထဲက ဘာမွန္းမသိတဲ့မွတ္ဉာဏ္တခ်ိဳ႕ဟာလည္း ေဝဝါးစြာထြက္ေပၚလာခဲ့သည္....

(စိတ္မပူပါနဲ႔ မင္းသတ္တယ္ဆိုတာညယ္သူမွမသိပါဘူး
ငါက လူမိုက္တခ်ိဳ႕ငွားပီးသတ္ခိုင္းလိုက္တာ
ဟိုဂ်န္းကုဆိုတဲ့ေကာင္ေလးကေတာ့ သူဘာသာသံသယ၀င္ေနတာပဲ အကယ္၍ မင္းသတ္တာညယ္သူ႕ကိုမွမသိေစခ်င္ရင္...သူ႕ကို...)

"သူ႕ကိုမထိနဲ႔ မင္းလုပ္ခ်င္တာေတြလုပ္ပီးပီမလား Kim RM ဂ်န္းကုကိုေတာ့လႊတ္ေပးလိုက္ပါ"

နမ္ဂြၽန္းရဲ႕နားထဲကို RMရဲ႕ရီသံေတြလႊမ္းမိုးလာခဲ့ေလသည္...

(ငါအတြက္လုပ္ေနတာမဟုတ္ပါဘူး ဒါေတြအကုန္မင္းအတြက္ပါ
မင္းခ်စ္တဲ့သူေတြမ႐ွိေတာ့ရင္ မင္းမွာအားနည္းခ်က္မ႐ွိေတာ့ဘူး ဒါဆိုရင္မင္းပိုပီးသန္မာလာလိမ့္မယ္)

နမ္ဂြၽန္းရဲ႕ဘ၀မွာ အေမွာင္ထုႀကီးလႊမ္းမိုးလာခ်ိန္ဟာ ထိုအခ်ိန္မွစခဲ့ေတာ့သည္....
.
.
.
.
.
.
.
"အကိုနမ္ဂြၽန္း"

ဟယ္ဆူ႕ရဲ႕ေခၚသံကိုၾကားေသာ္လည္း နမ္ဂြၽန္းလွည့္မၾကည့္ျဖစ္ေပ...
ဒီေန႔ ဂ်န္းကုရဲ႕မိဘေတြဆုံးသြားတာ တလ႐ွိပီ...
ဂ်န္းကုက‌ေတာ့ ထယ္ေယာင္းရဲ႕အကူအညီနဲ႔ ႏိုင္ငံျခားကိုထြက္သြားပီဆိုတဲ့ သတင္းကလြဲပီးဘာမွမၾကားရေခ်...
နာေရးကိစၥအ၀၀ကို နမ္ဂြၽန္းတေယာက္ထဲျပင္ဆင္ခဲ့ရသည္..

"အကို နမ္ဂြၽန္း"

႐ိႈက္ငိုရင္း ေနာက္ေက်ာကိုဖက္တြယ္လာေသာ ဟယ္ဆူ႕ကို နမ္ဂြၽန္းတြန္းထုတ္လိုက္မိသည္...

"အကို႔ကိုစိတ္ပူေနတာ တလလုံး အိမ္ထဲကေနထြက္မလာဘူး
အခုအဆင္ေျပတယ္မလားဟင္"

နမ္ဂြၽန္း ဘာမွျပန္မေျဖမိေပ...

"အကိုနမ္ဂြၽန္း ဘာျဖစ္ေနတာလဲ"

နမ္ဂြၽန္း ဟယ္ဆူနဲ႔မ်က္ႏွာခ်င္းဆိုင္ရပ္လိုက္ရင္း...

"ကမ္ဟယ္ဆူ မင္းကေတာ္ေတာ္စိတ္႐ႈပ္စရာေကာင္းတာပဲ"

နမ္ဂြၽန္းရဲ႕ေဒါသသံေၾကာင့္ ဟယ္ဆူ႕ခႏၶာကိုယ္ေလးတုန္တက္သြားသည္...

"ငါ့ေနာက္ကို လိုက္ကပ္မေနနဲ႔ေတာ့
ဂြၽန္းဂ်န္းကု မင္းကိုေျပာသြားတယ္မလား ငါ့ရဲ႕အေၾကာင္းေတြကို"

"အင္း ေျပာသြားတယ္ ဒါေပမဲ့ကြၽန္ေတာ္မယုံဘူး
ကြၽန္ေတာ္အကို႔ေဘးမွာပဲေနမွာ အကို႔ကိုပဲကြၽန္ေတာ္ယုံမယ္ အဲ့တာေၾကာင့္အကုိကြၽန္ေတာ့ကိုေဒါသမထြက္ပါနဲ႔"

ေျပာေနရင္း ငိုလာတဲ့ဟယ္ဆူ႕ေၾကာင့္ နမ္ဂြၽန္းကြၽတ္တခ်က္သပ္လိုက္မိသည္..

"ငါ့ေ႐ွ႕မွာလာငိုမေနနဲ႔ ကမ္ဟယ္ဆူ
ဒီလိုမ်ိဳးအၿမဲငါ့နားကိုလာ႐ႈပ္ေနမယ္ဆိုရင္ လက္ထပ္ဖို႔ကိစၥကို ျပန္စဥ္းစားရလိမ့္မယ္"

ေမာ့ၾကည့္လာတဲ့ ဟယ္ဆူ႕ရဲ႕မ်က္၀န္းေတြထဲမွာ၀မ္းနည္းရိပ္ေတြအျပည့္ပင္...

"ေတာင္းပန္ပါတယ္ အကို႔ကိုစိတ္႐ႈပ္ေစမိလို႔"

ထြက္ခြာသြားတဲ့ ဟယ္ဆူနဲ႔အတူ မိုးစက္ေလးေတြဟာလိုက္ပါသြားခဲ့တယ္...
နမ္ဂြၽန္းသတိထားမိလိုက္တာတခုကေတာ့ ဟယ္ဆူ႕ရဲ႕ေခေထာက္မွာဖိနပ္မပါလာျခင္းကိုပါပဲ...
ၾကည့္ရတာထိုေကာင္ေလး သူ႕ကိုစိတ္ပူေဇာနဲ႔အျမန္ထြက္လာရင္းဖိနပ္ေမ့က်န္ခဲ့ပုံပင္..
အျပင္မွာမိုးေတြ႐ြာေနတဲ့အျပင္ ဖိနပ္မပါတဲ့ထိုေကာင္ေလးေၾကာင့္ နမ္ဂြၽန္း စိတ္ပူရပါသည္...

*Ring Ring*

"Hello"

"ဂ်ီမင္ ဟယ္ဆူ႕ကိုအိမ္ျပန္လိုက္ပို႔ေပးလိုက္ပါ
သူအခုကိုယ္တို႔အိမ္နားမွာပဲ႐ွိဦးမယ္ထင္တယ္"

ဖုန္းတဖက္ကေကာင္ေလးရဲ႕၀မ္းနည္းမႈေတြကိုနမ္ဂြၽန္း ျမင္ႏိုင္ခဲ့ပါရဲ႕လား...
ပိုင္႐ွင္႐ွိပီးသားသူကိုခ်စ္ေနရတဲ့အျပင္ ထိုသူ႕အတြက္ ထိုသူ႕ရဲ႕ခ်စ္သူကိုေတာင္ သူအခစားဝင္ခဲ့ရတာငို ဘယ္သူကမ်ားစာနာႏိုင္မွာလဲ...
.
.
.
.
.
.
.
"ဂ်ီမင္ ေဆးေသာက္မွရမယ္မဟုတ္လား"

ဟယ္ဆူ႕ကို႐ွာရင္းမိုးမိပီးဖ်ားသြားတဲ့ သူ႕ကို နမ္ဂြၽန္းေခ်ာ့ေမာ့ကာေဆးတိုက္ေနမိသည္..

"ရပါတယ္ ကြၽန္ေတာ္ဘာသာေသာက္လိုက္ပါ့မယ္"

နမ္ဂြၽန္း ဂ်ီမင့္ေ႐ွ႕ကိုေရခြင္ေလးခ်ေပးလိုက္သည္..

"ေျဖးေျဖးေသာက္ ဂ်ီမင္
ပီးရင္နားလိုက္ေတာ့..."

"ဒါနဲ႔ ကမ္ဟယ္ဆူ႕ကိုသြားမၾကည့္ဖူးလား"

နမ္ဂြၽန္းသိပါသည္ ဟယ္ဆူလည္းေနမေကာင္းျဖစ္ေနတယ္ဆိုတာ...
သို႔ေသာ္ နမ္ဂြၽန္းသူနဲ႔မေတြ႕ခ်င္ေသးေပ..
ဟယ္ဆူ႕ကိုသူမဟုတ္လဲဂ႐ုစိုက္ေပးမဲ့သူေတြ႐ွိပါတယ္ေလ...
ဒါေပမဲ့ နမ္ဂြၽန္းမသိခဲ့တာကေတာ့ ဟယ္ဆူဆိုတဲ့ေကာင္ေလး‌တေယာက္ သူ႕ကိုေတြ႕ဖို႔လာရင္း ဂ်ီမင္နဲ႔ျပဳံးေပ်ာ္ေနတဲ့သူ႕ေၾကာင့္ ၀မ္းနည္းစြာျပန္သြားခဲ့ရတာကိုပါပဲ...
.
.
.
.
.
.
.
နမ္ဂြၽန္း ဒီေန႔ဟယ္ဆူ႕ကိုေခ်ာ့ဖို႔ သူႀကိဳက္တဲ့ကိတ္ဆိုင္ကေန သူအႀကိဳက္ဆုံးကိတ္တလုး၀ယ္လာလိုက္သည္...
ဘာပဲေျပာေျပာ ဒီတေခါက္သူလြန္သြားတယ္ဆိုတာ နမ္ဂြၽန္းသိပါသည္...

*Ring Ring*

"ဟယ္ဆူလား မဟုတ္ရင္ေတာင္အကိုမင္းစီလာေတာ့မလို႔"

တဖက္ ဖုန္းသံသည္တိတ္ဆိတ္ေနပီးေနာက္...

"အကို သူတို႔ကိုတကယ္ပဲသတ္ခဲ့တာလား"

နမ္ဂြၽန္းရဲ႕ေခါင္းတခုလုံးျပာေဝသြားသည္...
ဟယ္ဆူကသူ႕အေၾကာင္းကိုသိသြားပီတဲ့လား...
ေျဖၾကားသံမ႐ွိေတာ့တဲ့ဖုန္းသံရဲ႕အဆုံးသတ္မွာ လမ္းမထက္က ကိတ္မုန္႔ဘူးေလးဟာလည္း ေၾကမြစြာေနရာယူထားေလသည္....
.
.
.
.
.
.
.
ဟယ္ဆူ႕အိမ္ကိုလာရင္း ေလွကားထိပ္မွာေသြးပ်က္စြာထိုင္ေနတဲ့ ဂ်ီမင္ေၾကာင့္ နမ္ဂြၽန္းစိတ္ပူသြားမိသည္...
ထို႔အတူဟယ္ဆူ႕ကိုစိတ္ပူမိသည္ကိုလည္းလိမ္လို႔မရ...
ဟယ္ဆူ႕တိုက္ခန္းထဲေရာက္ေတာ့ၾကမ္းျပင္မွာ ေသြးေတြနဲ႔လဲက်ေနတဲ့ဟယ္ဆူ...သူ႕ရဲ႕လက္ထဲမွာက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားတဲ့ USB stickတခု...
သူ႕ရဲ႕မ်က္၀န္းေတြဟာေဖ်ာ့ေတာ့ေနပီး နမ္ဂြၽန္းစီကိုစိုက္ၾကည့္လာေလသည္...

"အကို အကိုနမ္ဂြၽန္း"

နမ္ဂြၽန္းရဲ႕အသိစိတ္ေတြခနတာလြတ္သြားပီး အေမွာင္ေလာကထဲကိုေရာက္႐ွိသြားေတာ့သည္..
သို႔ေသာ္သူ၏ခႏၶာကိုယ္ကိုေတာ့Kim RMကဆက္လက္ရယူထားေသးသည္...

"ကမ္ဟယ္ဆူ မင္းကအရမ္းကိုသနားစရာေကာင္းတယ္ ဆိုတာသိရဲ႕လား မသတီစရာေကာင္းေလာက္ေအာင္ကိုေလ"

RM ဟယ္ဆူ႕ေ႐ွ႕ကိုေလွ်ာက္သြားပီးလက္ထဲက USB stickကိုဆြဲယူလိုက္သည္..
သို႔ေသာ္ဟယ္ဆူကလုံး၀လႊတ္မေပးေပ...

"ခင္မ်ားကသူမဟုတ္ဘူး
ကြၽန္ေတာ္ခ်စ္တဲ့ အကိုက ဒီလိုပုံမ်ိဳးမဟုတ္ဖူး"

"အဟက္ မင္းကသူအေၾကာင္းဘေလာက္မ်ား သိလို႔လဲေျပာစမ္းပါဦး"

ဟယ္ဆူ႕ရဲ႕လက္ေတြဟာ ပိုပီးတင္းၾကပ္လာခဲ့သည္...

"မင္းရဲ႕လက္ထဲကပစၥည္းေလးကို ေပးမယ္ဆိုရင္ မင္းကိုသနားညႇာတာေသာအားျဖင့္အသက္ဆက္႐ွင္ခြင့္ေပးမယ္ မဟုတ္ရင္ေတာ့..."

"မေပးႏိုင္ဘူး အကို႔ကိုကြၽန္ေတာ္ကယ္မွာ
ဒီလိုမေကာင္းဆိုးဝါးဘ၀မွာ အကိုေနခ်င္မွာမဟုတ္ဖူး"

RMမတ္တပ္ရပ္လိုက္ပီး ေဘးဆိုဖာေပၚကေခါင္းအုံးကိုအသာမယူလိုက္သည္...

"ဒါဆိုလည္းအားနာစရာမလိုေတာ့ဘူးေပါ့..."

RMရဲ႕စကားသံအဆုံးမွာ ႐ုန္းကန္ေနတဲ့အသံတခ်ိဳ႕နဲ႔အတူ ဟယ္ဆူ႕လက္ထဲကUSBေလးဟာလည္း ၾကမ္းျပင္ေပၚကိုက်ေရာက္သြားခဲ့ေတာ့သည္...

'အကို သူ႕ကိုႏိုင္မွာပါ ကြၽန္ေတာ္သိတယ္
အဲဒီမေကာင္းဆိုးဝါးကိုကိုယ့္ေတာ့ကိုယ္စားျပန္ပီး အႏိုင္ယူေပးပါ
အရမ္းခ်စ္တယ္ အကို'
.
.
.
.
.
.
.
"Kim RMမင္းကိုငါေျပာထားတယ္မလား
ကမ္ဟယ္ဆူကိုေတာ့မရဘူး ထိလို႔မျဖစ္ဖူးလို႔"

နမ္ဂြၽန္း ပစၥည္းေတြအကုန္လုံးကို႐ိုက္ခြဲပစ္လိုက္သည္...

(မင္းကသတ္ခဲ့တာကမ္နမ္ဂြၽန္း မင္းရဲ႕လက္နဲ႔မင္းကိုယ္တိုင္)

"မင္း ငါ့ရဲ႕မွတ္ဉာဏ္ေတြကိုဘာလို႔ေဖ်ာက္ပစ္ခဲ့တာလဲ.."

နမ္ဂြၽန္း အျဖစ္ဆိုးေတြျဖစ္ပီးခ်ိန္တိုင္းဘာမွမမွတ္‌မိေတာ့ပါ..
ဒါဟာလည္းKim RMလုပ္ခဲ့တဲ့ကိစၥေတြထဲကတခုပင္...
သို႔ေသာ္ ဒီအရာကသူ႕ကိုပိုနာက်င္ေစသည္...
အိမ္မက္ထဲမွာ ေတာင္မသိတဲ့မိမိရဲ႕ဆိုးဝါးတဲ့လုပ္ရပ္ေတြကို ျပန္ျမင္ေနရပီး ဟယ္ဆူ႕ရဲ႕ေနာက္ဆုံးအၾကည့္ မိဘေတြရဲ႕ေနာက္ဆုံးအခ်ိန္ မိမိလက္နဲ႔သတ္ကစ္ခဲ့တဲ့အရာေတြအဲ့တာေတြက သူ႕ကိုတေစၧတေကာင္လိုေျခာက္လန္႔ေနေလသည္...

"ေဖ်ာက္ပစ္မွာဆိုေသခ်ာေဖ်ာက္ပစ္လိုက္ပါေတာ့လား...
ဒီလိုမ်ိဳးလူကိုခနခန႐ူးေအာင္လုပ္မေနပဲနဲ႔
မင္းကငါ့ကိုမင္းစီမံရယအတိုင္းလုပ္ေစခ်င္တာမလား...
ေကာင္းပီငါလုပ္မယ္ အဲ့တာေၾကာင့္ဒီေလာက္နဲ႔ပဲရပ္လိုက္ပါေတာ့..."

သူ႕ဘ၀ကိုအေမွာင္ထုထဲမွာအဆုံးသတ္ဖို႔ ဆုံးျဖတ္လိုက္တဲ့အခ်ိန္က အဲဒီအခ်ိန္ျဖစ္ပါလိမ့္မယ္...
သူနဲ႔‌ေစ့စပ္ထားတဲ့ဟယ္ဆူေသဆုံးတဲ့အခ်ိန္...
.
.
.
.
.
.
.
ေမ့ေတးနဲ႔မတည့္တဲ့ဂ်ီမင္က သူ႕အတြက္နဲ႔ မ်က္ႏွာကိုခြဲစိတ္ခဲ့တယ္လို႔သိရတုန္းက သူ႐ူးမတတ္နာက်င္ရပါသည္...
ခ်စ္ရသူကိုေရာ ခ်စ္သူ‌ကိုေရာ မကာကြယ္ႏိုင္တဲ့အျပင္ နာက်င္ေစတဲ့သူ႕ကိုယ္သူလည္းမုန္းမိသည္..
ဒီအရာေတြေၾကာင့္ပဲ ဂ်ီမင္နဲ႔ေဝးရာကိုေျပးထြက္ခဲ့မိသည္လား...
ဂ်ီမင္နဲ႔မေတြ႕ႏိုင္သလို ဟယ္ဆူ႕ရဲ႕အုတ္ဂူ႐ွိရာကိုလည္းမသြားႏိုင္ခဲ့ပါ...
သူတကယ္ပဲထိုသူႏွစ္ဦးနဲ႔မ်က္ႏွာခ်င္းဆိုင္ဖို႔ ေၾကာက္႐ြံ႕ေနခဲ့မိသည္...
ဒါေပမဲ့သူဟာ အခ်စ္ႏြံမွာေနာက္တႀကိမ္က်႐ႈံးခ်ိန္ကို ျပန္ေရာက္႐ွိလာခဲ့ျပန္သည္...
အဲဒီေန႔က ေကာ္ဖီဆိုင္ထဲကထိုသူ...ကမ္ေဆာ့ဂ်င္
.
.
.
.
.
.
..............End of Namjoon's pov.....
AN

နည္းနည္းၾကာသြားတယ္မလား ေတာင္းပန္ပါတယ္ေနာ္..
ဒီမွာေျပာျပခ်င္တာေလးကေတာ့
Kim RMကို ပထမဆုံးသတိထားမိတဲ့သူက ဟယ္ဆူပါ...
သူက နမ္ဂြၽန္းကိုအရမ္းခ်စ္ေတာ့ အရာအားလုံးကိုမွတ္မိေနတာမ်ိဳးပါ...
နမ္ဂြၽန္းကိုရဲလက္အပ္ဖို႔လုပ္ခဲ့တာကလည္း ဒါကတခုတည္းေသာ နမ္ဂြၽန္းငိုကယ္တင္နည္းျဖစ္မယ္လို႔ေတြးမိခဲ့လို႔ပါ...
သူေနာက္ဆုံးအခ်ိန္မွာေတာင္ နမ္ဂြၽန္းကိုမွန္းဖို႔အေတြး နည္းနည္းေလးေတာင္မ႐ွိခဲ့ပါဘူး...
နမ္ဂြၽန္းကလူသတ္သမားလို႔ ဂ်န္းကုကသူ႕ကိုေျပာျပဖူးပါတယ္...
ဒါေပမဲ့သူကနမ္ဂြၽန္းကိုပဲဆက္ယုံဖို႔ဆုံးျဖတ္ခဲ့တာပါ...
သူရဲ႕မိဘေတြနဲ႔အတိုက္အခံျဖစ္ပီး သူ႕ရဲ႕မိဘေတြက သူ႕ကိုအေမြျဖတ္စြန္႔လႊတ္ခဲ့ပါတယ္...
ေသဆုံးတဲ့အခ်ိန္ထိေတာင္သူ႕မိဘေတြဟာ သူကိုလာမေတြ႕ခဲ့ပါဘူး...
သူက နမ္ဂြၽန္းဂ်ီမင့္ကိုခ်စ္ေနမွန္းသိခဲ့ေလာက္ပါတယ္..
ဒါေပမဲ့သူလက္လႊတ္ဖို႔ေၾကာက္ေနခဲ့တာပါ...
ဒီေလာက္ဆို ဟယ္ဆူကလည္းနမ္ဂြၽန္းကို ဘေလာက္ခ်စ္ေၾကာင္းသိေလာက္ပီေပါ့...

နမ္ဂြၽန္းအေနနဲ႔ေျပာရရင္
ဂ်ီမင္က အခ်စ္ဦးျဖစ္ပီး ဟယ္ဆူကအခ်စ္ကိုေပးတဲ့သူေပါ့
ေဆာ့ဂ်င္ကေတာ့အခ်စ္ဆုံးျဖစ္ခဲ့ပါလိမ့္မယ္...
သူကအၿမဲဟယ္ဆူ႕နဲ႔မ်က္ႏွာခ်င္းဆိုင္ရမွာေၾကာက္လို႔ ဟယ္ဆူ႕ႏွစ္ပတ္လည္တိုင္း သူ႕အိမ္ကဟယ္ဆူ႕ပစၥည္းေတြထားတဲ့အခန္းထဲမွာပဲ တေယာက္တည္းအခ်ိန္ကုန္ေလ့႐ွိပါတယ္...
ပီးေတာ့ သူကဂ်ီမင့္ကိုေရာ ေဆာ့ဂ်င္ကိုေရာ ခ်စ္တယ္လို႔ေျပာဖို႔တြန္ဆုတ္ေနခဲ့ပါတယ္...
အဲ့တာက သူဟယ္ဆူ႕ကိုအားနာခဲ့လို႔ပါ...

ကဲ Namjoon's povေလးပီးသြားပါပီ Extraေလးလဲမၾကာခင္လာပါ့မယ္
Love you all❣️
Take care
....................................................................














Continue Reading

You'll Also Like

19.5K 2.5K 17
ဝေးရမှာကြောက်ရင် အနီးဆုံးမှာနေလေ ဟင့်အင်း တစ်နေ့နေ့တော့ဝေးကြရဦးမှာ ေဝးရမွာေၾကာက္ရင္ အနီးဆုံးမွာေနေလေ ဟင့္အင္း တစ္ေန႔ေန႔ေတာ့ ေဝးၾကရဦးမွာ Uni+Zaw
4.4K 611 5
Jinkook short story အိမ်မက်ဆိုးတွေအမြဲမက်လေ့ရှိတဲ့ကောင်လေးတယောက်ဟာ အိမ်မက်ဆိုးတွေမမက်စေဖို့အိပ်ရာ၀င်ပုံပြင်စာအုပ်လေးတအုပ်ကို‌‌ေကာက်ရခဲ့မိပါတယ် ဒါပေမဲ...
42.2K 4.4K 20
I can't live without you even for one day. Rewrite the K drama as a Kookjin's love story 💫 Please read Author's note >_<
62.2K 2.4K 38
Jo Yuri is from the Future,She only came back to Fix everything she did wrong and She only has Limited Time but What Happens if She Falls in love wit...