ကုခ်န္က ကားေပၚမွဆင္းလိုက္ၿပီး ၿမိဳ႔အသစ္အားေလ့လာလိုက္သည္။ H ၿမိဳ႔နဲ႔ျခားနားစြာ ဒီၿမိဳ႔တြင္ သူက တရားဥပေဒ၏ အေငြ့အသက္ကို ရရိွေနခဲ့သည္ ။ သူသည္ ဒီၿမိဳ႔တြင္ ေက်ာင္းဆက္တက္ရမည္ ။ သူ႔ရဲ့ အင္ပါယာ ကို ဒီကေနစတင္ရေပမည္။ ေနာင္တခ်ိန္.. ကုရွင္းရဲ့ တရားမ်ွတမႈဆိုတဲ့ ေလာကႀကီးနဲ႔ ယွဉ္ၿပိဳင္ႏိုင္တဲ့ ကြန္ရက္တစ္ခု ။
ႏွစ္ႏွစ္အတြင္း ကုခ်န္သည္ အခ်ိန္ပိုင္းအလုပ္မ်ိဳးစံုလုပ္ကာ ေက်ာင္းတက္ခဲ့ၿပီး အျမင့္ဆံုးအဆင့္ျဖင့္ ဥပေဒေက်ာင္းသို႔ ဝင္ခြင့္ရခဲ့သည္ ။ စေကာလားရွစ္နဲ႔တကြ ေခ်းေငြပါေလ်ွာက္ထားႏိုင္ခဲ့သျဖင့္ ဖိအား အေတာ္ေလးေလ်ာ့က်သြားခဲ့သည္ ။ စနစ္သည္ သူ႔အားစီးပြားေရးလုပ္ခြင့္မေပးေသာေၾကာင့္ သူ႔အတြက္ ဒီလမ္းကို ေလ်ွာက္ဖို႔ကလြဲလို႔ ေရြးခ်ယ္စရာမရိွေခ် ။
"" ဘာလဲ .. ငါေသခ်ာတြက္ထားတာ .. ဒီရွယ္ယာေဈးက တက္ရမွာေလ .. ဘာလို႔လဲ!! .. ဘာလို႔လဲ!! "" ကုခ်န္က ကြန္ပ်ဳတာအား ပိတ္လိုက္ကာ စိတ္အတြင္း ေအာ္ဟစ္ေနသည္။
အသံတိတ္ေနသၫ့္ system ေၾကာင့္ ကုခ်န္က ဒီတစ္ခါလည္း စနစ္ေၾကာင့္ သူ႔ပိုက္ဆံ ပလံုသြားၿပီျဖစ္ေၾကာင္းသိလိုက္ရသည္ ။
"" အရာရိွက စီးပြားေရးမလုပ္ရဘူးလို႔ .. ဘယ္သူက တားျမစ္ထားလို႔လဲ !!! ဘယ္သူကလဲ!! "" ကုခ်န္က အားကစားလုပ္သၫ့္ စက္အား အားျပင္းျပင္းျဖင့္ ႏွင္းလိုက္သည္ ။system အား စိတ္တိုင္းက်ဆဲေရးတိုင္းထြားၿပီးေနာက္ လက္က လက္ပတ္အနက္အား ေလ့လာျခင္းကို စတင္လိုက္သည္ ။
" Game စတင္တယ္ဆိုရင္ mission ေလးဘာေလးရိွသင့္တယ္မလား ... ဘာလဲ.. ဒါက. အၿမဲတမ္းတိတ္ဆိတ္ေနတယ္.. ဒါလည္း စုတ္ေနတာဘဲလား .." ကုခ်န္က လက္ပတ္အား ရိုက္လိုက္သည္ ။ " စိတ္ဝင္စားဖို႔မေကာင္းလိုက္တာ .."
[ တီ!! system တြင္ စက္ခ်ိဳ႕ယြင္းမႈတစ္စံုတစ္ရာမရိွပါ ]
" အား.. လန႔္လိုက္တာ " ရုတ္တရက္ထြက္ေပၚလာသၫ့္အသံေၾကာင့္ ကုခ်န္က ထေအာ္လိုက္သည္ ။ " ရုတ္တရက္ႀကီး ငါဘာႏိွပ္မိလိုက္လို႔လဲ ..." သူက လက္ကိုအသာေျမာက္လိုက္ၿပီး စူးစမ္းလိုက္သည္ ။
ကုခ်န္က လက္ပတ္အား လွၫ့္ပတ္ၾကၫ့္လိုက္ကာ " ဘာလဲ .. ဒါက ေနာက္ထပ္ system တစ္ခုလား .. လာေနာက္ေနတာလား ..ဘာလုပ္ႏိုင္လို႔လဲ " သူက တစ္ခုနဲ႔ပင္ ေတာ္ေတာ္ေလးတိုင္ပတ္ေနရသည္ ။ ေနာက္တစ္ခုသာ ထပ္တိုးလာပါက အသက္ဘယ္နားက ထြက္ရမလဲပင္ မသိေတာ့ေခ် ။
[ ျပန္လည္ေျဖၾကားခ်က္ - ပံုရိပ္ေယာင္ကမ႓ာထဲသို႔ ကူးေျပာင္းႏိုင္ျခင္း ၊ စိတ္စြမ္းအင္ ထိန္းသိမ္းျခင္း ၊ အာရံုခံစနစ္ရိျွခင္း၊ ေရာဂါရွာေဖြႏိုင္ျခင္း ၊ ခႏၶာကိုယ္စြမ္းရည္ တိုးျမင့္ေပးျခင္း ...etc ]
ကုခ်န္က system အသစ္ေလး၏ ျပန္လည္ေျဖၾကားခ်က္ ႀကီးအား မေမာႏိုင္မပန္းႏိုင္ဖတ္ရႈၿပီးေနာက္ ေက်နပ္အားရစြာေမးလိုက္သည္ ။ " အဲ့လုပ္ေဆာင္ခ်က္ေတြ ငါသံုးလို႔ရလား "
[ မရပါ ]
"..." နဲနဲေလးေတာင္ ေမ်ွာ္လင့္လို႔မရပါလား ။
ေဒါက္!!! ေဒါက္!!!
ကုခ်န္က တံခါးေခါက္သံေၾကာင့္ ထရပ္လိုက္သည္ ။ အခန္းအျပင္ဘက္တြင္ အေတာ္ေလးငယ္ရြယ္သၫ့္ ပံုေပါက္ေနသၫ့္ ေကာင္ေလးတစ္ေယာက္သည္ အထုပ္မ်ားဆြဲလ်က္ ရပ္ေနခဲ့သည္ ။
" ဝင္လာခဲ့ .." ကုခ်န္က တံခါးဖြင့္ေပးလိုက္ၿပီး အသာေျပာလိုက္ကာ ဆက္လက္ဂရုမစိုက္ေတာ့ေခ်။ သူက အားကစားသာ ဆက္လုပ္ေနခဲ့သည္။ သူရဲ့ အလြန္အမင္းအားနည္းၿပီး ခ်စ္ဖို႔ေကာင္းတဲ့အမႈအရာေတြ ေပ်ာက္ဖို႔ ဘယ္ေလာက္ေတာင္ ႀကိဳးစားခဲ့ရသလဲ ။ သူက ေျဖးေျဖးမွန္မွန္ျပဳျပင္ေနျခင္းေၾကာင့္ system လဲ ဘာမွမေျပာေတာ့ေပ ။
ေကာင္ေလးက ကုခ်န္အားၾကၫ့္လိုက္ကာ " ကြၽန္ေတာ္ အသီးအရြက္ေတြ ဝယ္လာခဲ့တယ္ .. ညစာ အတူစားျကမလား " အသာၿပံဳးရင္း ေျပာလာသၫ့္ ထိုေကာင္ေလးသည္ အရင္ကုခ်န္အတိုင္း အျပဳအမႈတိုင္း ခ်စ္စရာေကာင္းလ်က္ရိွသည္ ။ ဒါသည္ ကုခ်န္၏ အခန္းေဖာ္ မုဝမ္ခ်င္ ပင္ ။
ကုခ်န္က တဘက္ကိုယူလိုက္ၿပီး ေခြၽးစက္မ်ားကိုသုတ္လိုက္ကာ " အာ.. sorry ညေန ခ်ိန္းထားတာရိွေနလို႔ ေနာက္တစ္ခါမွေပါ့ " ဟု ေျပာၿပီးေနာက္ ေရခ်ိဳးခန္းအတြင္းသို႔ ဝင္သြားေတာ့သည္။
ေရခ်ိဳးခန္းတြင္ ကုခ်န္က သူ႔ကိုယ္သူျပန္ၾကၫ့္ကာ အလြန္ေက်နပ္ေနသည္ ။ အသက္ႏွစ္ဆယ္ျပၫ့္သြားၿပီျဖစ္သၫ့္ သူက အားကစားလုပ္ျခင္းေၾကာင့္ အရင္ကလို ေသးေသးသြယ္သြယ္ မဟုတ္ေတာ့ေပ ။ ပါးကနဲနဲေဖာင္းေနေသးေသာ္လည္း အေရးမႀကီးေခ် ။
" ဒါေပမဲ့.. နဲနဲပုေနေသးတယ္ " သူ႔အရပ္သည္ ပံုမွန္သာျဖစ္ေသာ္လည္း သာမန္စံႏူန္းမ်ားမဟုတ္သၫ့္ ပိုင္ရီ နဲ႔စာရင္ နဲနဲလိုေနေသးသည္ ။
_______________
" ဒါဆို.. ပါေမာကၡကို ဒုကၡေပးရေတာ့မွာဘဲ " ကုခ်န္က အသာၿပံဳးလိုက္ကာ ေျပာရင္း လက္ဆြဲႏူတ္ဆက္လိုက္သည္ ။သူထြက္သြားရန္ထရပ္လိုက္ခ်ိန္ ပါေမာကၡက ေျပာလိုက္သည္။
" ကုခ်န္.. ဒီလမ္းက မလြယ္ဘူးေနာ္ .. " ပါေမာကၡက သက္ျပင္းအသာခ်လိုက္သည္ ။ " အစိုးရက ေထာက္ပံ့ေပးထားရင္ေတာင္မွေလ ..."
" ကြၽန္ေတာ္သိပါၿပီ.. ဂရုစိုက္လိုက္ပါမယ္ " ဟုေျပာကာ ထြက္သြားသၫ့္ ကုခ်န္အားၾကၫ့္ကာ ပါေမာကၡက ေခါင္းခါလိုက္သည္ ။ သူက ဒီလို တပၫ့္ေကာင္းေလးအား မေကာင္းသၫ့္ လူမ်ား၏လက္ထဲတြင္ ေပ်ာက္ကြယ္မသြားေစခ်င္ေပ ။ သို႔ေသာ္ထိုေကာင္ေလးက ဆံုးျဖတ္ၿပီးသားကိစၥအား ျပန္ျပင္မၫ့္ပံု မေပၚေခ် ။ " ကံေကာင္းပါေစကြာ .."
" ဝမ္ခ်င္!! ?? " ကုခ်န္က ဆိုင္အေရ႔ွတြင္ရပ္ေနသၫ့္လူအား ဆြံ႔အစြာ ၾကၫ့္လိုက္သည္ ။ သူ႔အားျမင္သည္ႏွင့္ ၿပံဳးကာၾကၫ့္လာသၫ့္လူေၾကာင့္ ကုခ်န္က အနည္းငယ္အေနရခက္သြားသျဖင့္ ျပန္ၿပံဳးျပလိုက္သည္ ။
ထိုအခ်ိန္တြင္ သူက အၾကၫ့္စူးစူးတစ္ခုအား ခံစားမိလိုက္ကာ လွၫ့္ၾကၫ့္လိုက္သည္ ။ သူတို့အား ျဖတ္ေက်ာ္သြားသၫ့္ ကားအထက္တြင္ ပိုင္ရီဟု ယူဆရေသာ ပံုရိပ္အားေတြ့လိုက္ရသလိုလိုရိွသျဖင့္ မုဝမ္ခ်င္အား ဆြဲေခၚကာ ထြက္သြားေတာ့သည္ ။
ခနအၾကာတြင္ ကားတစ္စီးသည္ ထိုေန့ရာတြင္ ရပ္လိုက္သည္ ။ အေလာတႀကီးထြက္လာသၫ့္ အရပ္ရွည္ရွည္နဲ႔ ခန႔္ညားသၫ့္လူသည္ လူအမ်ား၏အျကည့္ေအာက္တြင္ပင္ ဆိုင္အတြင္းသို႔ ေျခလွမ္းက်ဲျဖင့္ ဝင္သြားခဲ့သည္ ။ ပိုင္ရီက အေခါက္ေခါက္အခါခါရွာေသာ္လည္း သူေတြ့လိုက္ရသၫ့္ ပံုရိပ္ေလးအား မေတြ့ေတာ့ေပ ။
" ငါဘဲ .. အျမင္မွားတာလား " သူက အေနာက္ကအတြင္းေရးမွဴးအားအခ်က္ျပလိုက္ကာ " ဒီၿမိဳ႔မွာ အရင္က ငါစံုစမ္းခိုင္းထားတဲ့လူအေၾကာင္း စံုစမ္းလား ..အရင္ကဟာ ထားလိုက္ေတာ့ အခုျပန္စံုစမ္း .." သို႔ေသာ္ ကုခ်န္သည္ အစိုးရျဖင့္ လက္တြဲလိုက္ၿပီးျဖစ္ကာ သူအဆင္သင့္မျဖစ္ေသးမခ်င္း သူ၏ပံုရိပ္အား ေပါက္ၾကားေစေတာ့မည္ မဟုတ္ေၾကာင္း ပိုင္ရီက မသိခဲ့ေပ ။
" ကိုကို... ဘာျဖစ္လို႔လဲဟင္ " ကားေပၚမွ ေပါ့ပါးသၫ့္ဝတ္စံုျဖင့္ ဆင္းလာသၫ့္လူငယ္ေလးသည္ ပိုင္ရီ၏လက္အားတြဲခ်ိတ္လိုက္သည္ ။ အတြင္းေရးမွဴးပင္ ထိုလူငယ္ေလးေၾကာင့္ အေနာက္သို႔ဆုတ္ကာ တိတ္တဆိတ္ရပ္ေနလိုက္သည္ ။
လြန္ခဲ့သၫ့္ႏွစ္ႏွစ္အတြင္း သူတို႔၏သခင္ေလးသည္ ပံုစံေျပာင္းသြားကာ စီးပြားေရး နဲ႔ အျခားကိစၥမ်ားကို လက္လြဲယူၿပီး သခင္ႀကီးအစား အုပ္ခ်ဳပ္ခဲ့သည္ ။ ေပြရႈပ္ျခင္းမရိွေတာ့သၫ့္အျပင္ အရည္အခ်င္းရိွသၫ့္စြမ္းေဆာင္ရည္ေၾကာင့္ G ၿမိဳ႔အား ပိုလို႔ ခ်ဳပ္ကိုင္လာႏိုင္ခဲ့သည္ ။ အခုလူငယ္ေလးသည္ သခင္ေလး၏ အေလးေပးျခင္းခံထားရသၫ့္ တဦးတည္းေသာ သူျဖစ္သၫ့္ လင္းယြမ္ ျဖစ္သည္ ။
ပိုင္ရီက လင္းယြမ္၏ တြယ္ကပ္မႈအား မျငင္းဆန္ခဲ့ေသာ္လည္း သူ႔အမႈအရာသည္ ႏူးညံ့မသြားခဲ့ေပ ။ သူက လင္းယြမ္အား ဆြဲလိုက္ကာ ကားျဖင့္ ဖိကပ္လိုက္သည္ ။ လင္းယြမ္၏ ေမးေစ့အား ဆုပ္ကိုင္ကာ ေမာ့လိုက္သည္ ။ အားနည္းကာ ႏူးညံ့သၫ့္ကိုယ္ နဲ႔ နီရဲေနသၫ့္ႏူတ္ခမ္းဖူးဖူးေလးေၾကာင့္ ပိုင္ရီ၏ အၾကၫ့္က မည္းေမွာင္သြားသည္ ။
အျခားသူမ်ား၏ အျမင္အားဂရုမစိုက္စြာ လူျမင္ကြင္းမွာပင္ နမ္းရိႈက္လိုက္သည္ ။ ပိုင္ရီ၏ ခပ္ၾကမ္းၾကမ္းအနမ္းေၾကာင့္ လင္းယြမ္ ၏ ႏူတ္ခမ္းမ်ားသည္ ေပါက္ၿပဲသြားသည္ ။ ျပန္လြတ္လိုက္ခ်ိန္တြင္ သူက ေလကိုအငမ္းမရ ရႈရိႈက္လိုက္သည္။
ထို႔ေနာက္စကားတစ္ခြန္းမွ မေျပာဘဲ ကားထဲျပန္ဝင္သြားသၫ့္ပိုင္ရီေၾကာင့္ လင္းယြမ္က အလိုက္တသိပင္ ကားေပၚတက္သြားခဲ့သည္ ။ စကားအမ်ားႀကီးေျပာျခင္းက သူ႔ရဲ့ လက္ရိွေနရာအား ဆံုးရႈံးသြားေစလိမ့္မည္ ။
_______________________________________
🥱ပိုင္ရီရဲ့ character ကိုက ေပြရႈပ္တဲ့လူမို႔ သာသာကို အျပစ္မတင္နဲ႔ ..😒
သတၲိရိွရင္ ပိုင္ရီကို သြားေျပာ .. ဟီးဟီးး🤭
______________________________
Unicode
ကုချန်က ကားပေါ်မှဆင်းလိုက်ပြီး မြို့အသစ်အားလေ့လာလိုက်သည်။ H မြို့နဲ့ခြားနားစွာ ဒီမြို့တွင် သူက တရားဥပဒေ၏ အငွေ့အသက်ကို ရရှိနေခဲ့သည် ။ သူသည် ဒီမြို့တွင် ကျောင်းဆက်တက်ရမည် ။ သူ့ရဲ့ အင်ပါယာ ကို ဒီကနေစတင်ရပေမည်။ နောင်တချိန်.. ကုရှင်းရဲ့ တရားမျှတမှုဆိုတဲ့ လောကကြီးနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ကွန်ရက်တစ်ခု ။
နှစ်နှစ်အတွင်း ကုချန်သည် အချိန်ပိုင်းအလုပ်မျိုးစုံလုပ်ကာ ကျောင်းတက်ခဲ့ပြီး အမြင့်ဆုံးအဆင့်ဖြင့် ဥပဒေကျောင်းသို့ ဝင်ခွင့်ရခဲ့သည် ။ စကောလားရှစ်နဲ့တကွ ချေးငွေပါလျှောက်ထားနိုင်ခဲ့သဖြင့် ဖိအား အတော်လေးလျော့ကျသွားခဲ့သည် ။ စနစ်သည် သူ့အားစီးပွားရေးလုပ်ခွင့်မပေးသောကြောင့် သူ့အတွက် ဒီလမ်းကို လျှောက်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိချေ ။
"" ဘာလဲ .. ငါသေချာတွက်ထားတာ .. ဒီရှယ်ယာဈေးက တက်ရမှာလေ .. ဘာလို့လဲ!! .. ဘာလို့လဲ!! "" ကုချန်က ကွန်ပျုတာအား ပိတ်လိုက်ကာ စိတ်အတွင်း အော်ဟစ်နေသည်။
အသံတိတ်နေသည့် system ကြောင့် ကုချန်က ဒီတစ်ခါလည်း စနစ်ကြောင့် သူ့ပိုက်ဆံ ပလုံသွားပြီဖြစ်ကြောင်းသိလိုက်ရသည် ။
"" အရာရှိက စီးပွားရေးမလုပ်ရဘူးလို့ .. ဘယ်သူက တားမြစ်ထားလို့လဲ !!! ဘယ်သူကလဲ!! "" ကုချန်က အားကစားလုပ်သည့် စက်အား အားပြင်းပြင်းဖြင့် နှင်းလိုက်သည် ။system အား စိတ်တိုင်းကျဆဲရေးတိုင်းထွားပြီးနောက် လက်က လက်ပတ်အနက်အား လေ့လာခြင်းကို စတင်လိုက်သည် ။
" Game စတင်တယ်ဆိုရင် mission လေးဘာလေးရှိသင့်တယ်မလား ... ဘာလဲ.. ဒါက. အမြဲတမ်းတိတ်ဆိတ်နေတယ်.. ဒါလည်း စုတ်နေတာဘဲလား .." ကုချန်က လက်ပတ်အား ရိုက်လိုက်သည် ။ " စိတ်ဝင်စားဖို့မကောင်းလိုက်တာ .."
[ တီ!! system တွင် စက်ချို့ယွင်းမှုတစ်စုံတစ်ရာမရှိပါ ]
" အား.. လန့်လိုက်တာ " ရုတ်တရက်ထွက်ပေါ်လာသည့်အသံကြောင့် ကုချန်က ထအော်လိုက်သည် ။ " ရုတ်တရက်ကြီး ငါဘာနှိပ်မိလိုက်လို့လဲ ..." သူက လက်ကိုအသာမြောက်လိုက်ပြီး စူးစမ်းလိုက်သည် ။
ကုချန်က လက်ပတ်အား လှည့်ပတ်ကြည့်လိုက်ကာ " ဘာလဲ .. ဒါက နောက်ထပ် system တစ်ခုလား .. လာနောက်နေတာလား ..ဘာလုပ်နိုင်လို့လဲ " သူက တစ်ခုနဲ့ပင် တော်တော်လေးတိုင်ပတ်နေရသည် ။ နောက်တစ်ခုသာ ထပ်တိုးလာပါက အသက်ဘယ်နားက ထွက်ရမလဲပင် မသိတော့ချေ ။
[ ပြန်လည်ဖြေကြားချက် - ပုံရိပ်ယောင်ကမ်ဘာထဲသို့ ကူးပြောင်းနိုင်ခြင်း ၊ စိတ်စွမ်းအင် ထိန်းသိမ်းခြင်း ၊ အာရုံခံစနစ်ရိြှခင်း၊ ရောဂါရှာဖွေနိုင်ခြင်း ၊ ခန္ဓာကိုယ်စွမ်းရည် တိုးမြင့်ပေးခြင်း ...etc ]
ကုချန်က system အသစ်လေး၏ ပြန်လည်ဖြေကြားချက် ကြီးအား မမောနိုင်မပန်းနိုင်ဖတ်ရှုပြီးနောက် ကျေနပ်အားရစွာမေးလိုက်သည် ။ " အဲ့လုပ်ဆောင်ချက်တွေ ငါသုံးလို့ရလား "
[ မရပါ ]
"..." နဲနဲလေးတောင် မျှော်လင့်လို့မရပါလား ။
ဒေါက်!!! ဒေါက်!!!
ကုချန်က တံခါးခေါက်သံကြောင့် ထရပ်လိုက်သည် ။ အခန်းအပြင်ဘက်တွင် အတော်လေးငယ်ရွယ်သည့် ပုံပေါက်နေသည့် ကောင်လေးတစ်ယောက်သည် အထုပ်များဆွဲလျက် ရပ်နေခဲ့သည် ။
" ဝင်လာခဲ့ .." ကုချန်က တံခါးဖွင့်ပေးလိုက်ပြီး အသာပြောလိုက်ကာ ဆက်လက်ဂရုမစိုက်တော့ချေ။ သူက အားကစားသာ ဆက်လုပ်နေခဲ့သည်။ သူရဲ့ အလွန်အမင်းအားနည်းပြီး ချစ်ဖို့ကောင်းတဲ့အမှုအရာတွေ ပျောက်ဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရသလဲ ။ သူက ဖြေးဖြေးမှန်မှန်ပြုပြင်နေခြင်းကြောင့် system လဲ ဘာမှမပြောတော့ပေ ။
ကောင်လေးက ကုချန်အားကြည့်လိုက်ကာ " ကျွန်တော် အသီးအရွက်တွေ ဝယ်လာခဲ့တယ် .. ညစာ အတူစားကြမလား " အသာပြုံးရင်း ပြောလာသည့် ထိုကောင်လေးသည် အရင်ကုချန်အတိုင်း အပြုအမှုတိုင်း ချစ်စရာကောင်းလျက်ရှိသည် ။ ဒါသည် ကုချန်၏ အခန်းဖော် မုဝမ်ချင် ပင် ။
ကုချန်က တဘက်ကိုယူလိုက်ပြီး ချွေးစက်များကိုသုတ်လိုက်ကာ " အာ.. sorry ညနေ ချိန်းထားတာရှိနေလို့ နောက်တစ်ခါမှပေါ့ " ဟု ပြောပြီးနောက် ရေချိုးခန်းအတွင်းသို့ ဝင်သွားတော့သည်။
ရေချိုးခန်းတွင် ကုချန်က သူ့ကိုယ်သူပြန်ကြည့်ကာ အလွန်ကျေနပ်နေသည် ။ အသက်နှစ်ဆယ်ပြည့်သွားပြီဖြစ်သည့် သူက အားကစားလုပ်ခြင်းကြောင့် အရင်ကလို သေးသေးသွယ်သွယ် မဟုတ်တော့ပေ ။ ပါးကနဲနဲဖောင်းနေသေးသော်လည်း အရေးမကြီးချေ ။
" ဒါပေမဲ့.. နဲနဲပုနေသေးတယ် " သူ့အရပ်သည် ပုံမှန်သာဖြစ်သော်လည်း သာမန်စံနူန်းများမဟုတ်သည့် ပိုင်ရီ နဲ့စာရင် နဲနဲလိုနေသေးသည် ။
_______________
" ဒါဆို.. ပါမောက္ခကို ဒုက္ခပေးရတော့မှာဘဲ " ကုချန်က အသာပြုံးလိုက်ကာ ပြောရင်း လက်ဆွဲနူတ်ဆက်လိုက်သည် ။သူထွက်သွားရန်ထရပ်လိုက်ချိန် ပါမောက္ခက ပြောလိုက်သည်။
" ကုချန်.. ဒီလမ်းက မလွယ်ဘူးနော် .. " ပါမောက္ခက သက်ပြင်းအသာချလိုက်သည် ။ " အစိုးရက ထောက်ပံ့ပေးထားရင်တောင်မှလေ ..."
" ကျွန်တော်သိပါပြီ.. ဂရုစိုက်လိုက်ပါမယ် " ဟုပြောကာ ထွက်သွားသည့် ကုချန်အားကြည့်ကာ ပါမောက္ခက ခေါင်းခါလိုက်သည် ။ သူက ဒီလို တပည့်ကောင်းလေးအား မကောင်းသည့် လူများ၏လက်ထဲတွင် ပျောက်ကွယ်မသွားစေချင်ပေ ။ သို့သော်ထိုကောင်လေးက ဆုံးဖြတ်ပြီးသားကိစ္စအား ပြန်ပြင်မည့်ပုံ မပေါ်ချေ ။ " ကံကောင်းပါစေကွာ .."
" ဝမ်ချင်!! ?? " ကုချန်က ဆိုင်အရှေ့တွင်ရပ်နေသည့်လူအား ဆွံ့အစွာ ကြည့်လိုက်သည် ။ သူ့အားမြင်သည်နှင့် ပြုံးကာကြည့်လာသည့်လူကြောင့် ကုချန်က အနည်းငယ်အနေရခက်သွားသဖြင့် ပြန်ပြုံးပြလိုက်သည် ။
ထိုအချိန်တွင် သူက အကြည့်စူးစူးတစ်ခုအား ခံစားမိလိုက်ကာ လှည့်ကြည့်လိုက်သည် ။ သူတို့အား ဖြတ်ကျော်သွားသည့် ကားအထက်တွင် ပိုင်ရီဟု ယူဆရသော ပုံရိပ်အားတွေ့လိုက်ရသလိုလိုရှိသဖြင့် မုဝမ်ချင်အား ဆွဲခေါ်ကာ ထွက်သွားတော့သည် ။
ခနအကြာတွင် ကားတစ်စီးသည် ထိုနေ့ရာတွင် ရပ်လိုက်သည် ။ အလောတကြီးထွက်လာသည့် အရပ်ရှည်ရှည်နဲ့ ခန့်ညားသည့်လူသည် လူအများ၏အကြည့်အောက်တွင်ပင် ဆိုင်အတွင်းသို့ ခြေလှမ်းကျဲဖြင့် ဝင်သွားခဲ့သည် ။ ပိုင်ရီက အခေါက်ခေါက်အခါခါရှာသော်လည်း သူတွေ့လိုက်ရသည့် ပုံရိပ်လေးအား မတွေ့တော့ပေ ။
" ငါဘဲ .. အမြင်မှားတာလား " သူက အနောက်ကအတွင်းရေးမှူးအားအချက်ပြလိုက်ကာ " ဒီမြို့မှာ အရင်က ငါစုံစမ်းခိုင်းထားတဲ့လူအကြောင်း စုံစမ်းလား ..အရင်ကဟာ ထားလိုက်တော့ အခုပြန်စုံစမ်း .." သို့သော် ကုချန်သည် အစိုးရဖြင့် လက်တွဲလိုက်ပြီးဖြစ်ကာ သူအဆင်သင့်မဖြစ်သေးမချင်း သူ၏ပုံရိပ်အား ပေါက်ကြားစေတော့မည် မဟုတ်ကြောင်း ပိုင်ရီက မသိခဲ့ပေ ။
" ကိုကို... ဘာဖြစ်လို့လဲဟင် " ကားပေါ်မှ ပေါ့ပါးသည့်ဝတ်စုံဖြင့် ဆင်းလာသည့်လူငယ်လေးသည် ပိုင်ရီ၏လက်အားတွဲချိတ်လိုက်သည် ။ အတွင်းရေးမှူးပင် ထိုလူငယ်လေးကြောင့် အနောက်သို့ဆုတ်ကာ တိတ်တဆိတ်ရပ်နေလိုက်သည် ။
လွန်ခဲ့သည့်နှစ်နှစ်အတွင်း သူတို့၏သခင်လေးသည် ပုံစံပြောင်းသွားကာ စီးပွားရေး နဲ့ အခြားကိစ္စများကို လက်လွဲယူပြီး သခင်ကြီးအစား အုပ်ချုပ်ခဲ့သည် ။ ပွေရှုပ်ခြင်းမရှိတော့သည့်အပြင် အရည်အချင်းရှိသည့်စွမ်းဆောင်ရည်ကြောင့် G မြို့အား ပိုလို့ ချုပ်ကိုင်လာနိုင်ခဲ့သည် ။ အခုလူငယ်လေးသည် သခင်လေး၏ အလေးပေးခြင်းခံထားရသည့် တဦးတည်းသော သူဖြစ်သည့် လင်းယွမ် ဖြစ်သည် ။
ပိုင်ရီက လင်းယွမ်၏ တွယ်ကပ်မှုအား မငြင်းဆန်ခဲ့သော်လည်း သူ့အမှုအရာသည် နူးညံ့မသွားခဲ့ပေ ။ သူက လင်းယွမ်အား ဆွဲလိုက်ကာ ကားဖြင့် ဖိကပ်လိုက်သည် ။ လင်းယွမ်၏ မေးစေ့အား ဆုပ်ကိုင်ကာ မော့လိုက်သည် ။ အားနည်းကာ နူးညံ့သည့်ကိုယ် နဲ့ နီရဲနေသည့်နူတ်ခမ်းဖူးဖူးလေးကြောင့် ပိုင်ရီ၏ အကြည့်က မည်းမှောင်သွားသည် ။
အခြားသူများ၏ အမြင်အားဂရုမစိုက်စွာ လူမြင်ကွင်းမှာပင် နမ်းရှိုက်လိုက်သည် ။ ပိုင်ရီ၏ ခပ်ကြမ်းကြမ်းအနမ်းကြောင့် လင်းယွမ် ၏ နူတ်ခမ်းများသည် ပေါက်ပြဲသွားသည် ။ ပြန်လွတ်လိုက်ချိန်တွင် သူက လေကိုအငမ်းမရ ရှုရှိုက်လိုက်သည်။
ထို့နောက်စကားတစ်ခွန်းမှ မပြောဘဲ ကားထဲပြန်ဝင်သွားသည့်ပိုင်ရီကြောင့် လင်းယွမ်က အလိုက်တသိပင် ကားပေါ်တက်သွားခဲ့သည် ။ စကားအများကြီးပြောခြင်းက သူ့ရဲ့ လက်ရှိနေရာအား ဆုံးရှုံးသွားစေလိမ့်မည် ။
_______________________________________
🥱ပိုင်ရီရဲ့ character ကိုက ပွေရှုပ်တဲ့လူမို့ သာသာကို အပြစ်မတင်နဲ့ ..😒
သတ္တိရှိရင် ပိုင်ရီကို သွားပြော .. ဟီးဟီးး🤭
______________________________