Unicode
"ဟေ့ရောင် နမ်ဂျွန်း...
ဟိုကလေးတွေမလာသေးဘူးလားကွာ ကြာလိုက်တာ"
စိတ်မရှည်တဲ့ဟိုဆော့ရဲ့အသံအဆုံးမှာ နမ်ဂျွန်းပြုံးလိုက်မိသည်...
"မင်းကို ဘယ်သူကငါနဲ့လိုက်ခိုင်းလို့လဲ ဟိုဆော့ရာ"
ဟိုဆော့ နမ်ဂျွန်းရဲ့လက်မောင်းကိုအသာရိုက်လိုက်ရင်း...
"ခွေးကောင် မင်းအထီးကျန်နေမှာစိုးလို့ ငါအဖော်လိုက်ပေးတာလေ အခုတော့မင်းကဒီလိုပြောပီပေါ့
ဟုတ်ပါတယ် မင်းရဲ့ ကမ်ဟယ်ဆူလေးနဲ့တွေ့ရမှာဆိုတော့.."
ဟိုဆော့စကားမဆုံးခင်ပဲ နမ်ဂျွန်းပါးစပ်ကိုအမြန်လှမ်းအုပ်လိုက်သည်...
"မင်း ငါနဲ့ဟယ်ဆူ့ကိုလိုက်နောက်မနေနဲ့
သူကြားသွားရင်မကောင်းဘူး"
ဟိုဆော့ နမ်ဂျွန်းရဲ့အုပ်ထားတဲ့လက်ကိုကိုက်ချလိုက်ရင်း..
"ဘာမကောင်းတာလဲ
အဲ့ကလေး မင်းကိုကြွေနေတာအသေအချာပါဆိုနေမှ
မင်းရော သူ့ကိုနည်းနည်းလေးမှရင်မခုန်ဘူးလား"
နမ်ဂျွန်းထိုအချိန်မှာ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ခဲ့မိသည်...
သို့သော်အဖြေကတော့ ဟယ်ဆူ့အပေါ်ညီငယ်တယောက်ထပ်မပိုနိုင်ပါတဲ့...
.
.
.
.
.
.
.
.
"အကိုနမ်ဂျွန်း"
ဟယ်ဆူ့ရဲ့အသံကြောင့် နမ်ဂျွန်းဖတ်လက်စစာအုပ်ကိုပိတ်လိုက်သည်..
ဟယ်ဆူကတော့သူ့ကိုကြည့်ရင်းပြုံးနေလေသည်..
သူသဘောကျရတဲ့အရာတွေထဲမှာ ဟယ်ဆူ့ရဲ့အပြုံးကလည်းတခုအပါအ၀င်ဖြစ်သည်...
"အကိုနမ်ဂျွန်း ကျွန်တော်အကို့ကိုချစ်တယ်"
တချိန်မှာကြားရမဲ့စကားမှန်းသိပေမဲ့ ရုတ်တရတ်ဆန်မှုကြောင့် နမ်ဂျွန်းလက်ထဲကစာအုပ်လေးလွတ်ကျသွားသည်...
"ဟယ်ဆူ အကိုက..."
"သိပါတယ် အကိုကျွန်တော့ကိုမချစ်ဘူးဆိုတာ
ဒါပေမဲ့ကျွန်တော်ကြိုးစားခွင့်တော့ရှိတယ်မလား"
ဟယ်ဆူ့ရဲ့ငုံနေတဲ့ခေါင်းလေးကို အသာပုတ်ပေးရုံအပြင် နမ်ဂျွန်းမတတ်နိုင်ခဲ့ပါ
မချစ်တဲ့သူချစ်ပါတယ်လို့မပြောနိုင်သလို ကိုယ့်ကိုချစ်နေတဲ့ထိုကလေးကိုလဲ မလှည့်စားချင်ခဲ့မိဘူး..
ဒါပေမဲ့ နမ်ဂျွန်းရဲ့ဆန္ဒတွေဟာပြည့်မြောက်မလာခဲ့ပါဘူး...
.
.
.
.
.
.
.
"မင်း ဒီတခေါက်လုပ်တာတော်သားပဲ ဆက်ကြိုးစားကွာဟုတ်ပီလား"
Appaဟုခေါ်ခွင့်မရသော ဦးလေး၏ချီးကျူးသံမှာနမ်ဂျွန်းပျော်၀င်မိသော်လည်း နမ်ဂျွန်းအစွန်းစုံမပျော်နိုင်ခဲ့ပါ...
နမ်ဂျွန်းကျောင်းမပီးခင်မှာပဲcompanyအလုပ်တွေကိုဝိုင်းကူ လုပ်ပေးခဲ့ရတယ်...
မိမိကစာတော်သူဖြစ်လို့ညီငယ်လေး ဂျန်းကုရဲ့ကျောင်းစာတွေကိုလည်းကူလုပ်ပေးခဲ့ရတယ်...
ဒါပေမဲ့ညီငယ်လေးအရွယ်ရောက်လာတဲ့အခါအသင့်ဖြစ်နေဖို့ နမ်ဂျွန်းဟာလိုသုံးတယောက်ထပ်မပိုခဲ့ပါဘူး...
"ဒါနဲ့ မင်းနဲ့ သားငယ်ရဲ့ သူငယ်ချင်းက ဘယ်လိုအခြေအနေရှိနေပီလဲ"
နမ်ဂျွန်း လက်တွေတုန်သွားသည်...
"ကျွန်တော်တို့က ရိုးရိုးသားသားပါပဲ"
ဦးလေးဟာနမ်ဂျွန်းကိုကြည့်ရင်း ရီရင်း...
"ငါသိပါတယ် အဲ့ကလေးမင်းကိုသဘောကျနေတာ
ဦးလေ မင်းကိုတခုလောက်တောင်းဆိုချင်တယ် နမ်ဂျွန်း"
နမ်ဂျွန်းမငြင်းနိုင်ပါ...
မည်သည့်အရာကိုပင်တောင်းဆိုပါစေ နမ်ဂျွန်းဘက်ကဖြည့်ဆည်းပေးရမည်သာဖြစ်သည်...
"ဦးလေးတို့companyအင်အားတောင့်ဖို့ အဲဒီကလေးရဲ့မိသားစုရှယ်ယာတွေလိုတယ်..
အစကတော့သားငယ်နဲ့စီစဉ်ဖို့လုပ်ထားပေမဲ့ သားငယ်ကသူမချစ်တဲ့သူကိုမယူနိုင်ပါဘူးတဲ့လေ
ပီးတော့အဲဒီကလေးကလည်းမင်းကိုသဘောကျနေတယ်ဆိုတော့ ဦးလေးတို့မင်းကိုပဲအားကိုးပါရစေ"
နမ်ဂျွန်း မည်သို့ပင်ဖြေရမှန်းမသိခဲ့..
ဂျန်းကုကသူမချစ်တဲ့သူကို မယူနိုက်ဘူးပြောခဲ့သလိုသူလည်းပြောချင်တာပေါ့...
ဒါပေမဲ့သူဘာများတတ်နိုင်မှာလဲ...ကျေးဇူးကြွေးတွေအတွက်သူ့တဘ၀လုံးကိုအလဲအထပ်လုပ်ရမှာပါပဲ...
ဒါပေမဲ့၀မ်းနည်းစရာကောင်းတာက အရာအားလုံးမှာ သူကလိုသုံးတယောက်ဖြစ်နေခြင်းပါပဲ...
.
.
.
.
.
.
.
(မင်းက လိုသုံးတယောက်ပဲ ကမ်နမ်ဂျွန်း)
"မဟုတ်ဘူး"
နမ်ဂျွန်း နားတွေကိုလက်နဲ့ပိတ်ထားမိသည်...
သို့သော်ထိုအသံတွေဟာကြားနေရဆဲပင်...နမ်ဂျွန်း ထိုအသံတွေရဲ့အရင်းမြစ်ကိုသိပါသည်...
သူ့ရဲ့ကိုယ်ထဲမှာရှိတဲ့အမှောင်ဘက်ခြမ်း Kim RM...
သို့သော် နမ်ဂျွန်းဘယ်သူ့ကိုမှအသိမပေးခဲ့ပေ...
အခုလို လိုသုံးဖြစ်နေတဲ့သူ့ကို ဒီထက်ပိုပစ်ပယ်မှာသူမလိုချင်ပေ...
ဆရာ၀န်တယောက်နဲ့ပဲ တပတ်တခါဆွေးနွေးခြင်းကိုပြုလုပ်ခဲ့သည်...
Kim RMသည်လည်း မကောင်းတာမျိုးတော့မဟုတ်ပေ... သာမန်အချိန်တွေမှာသူ့ကိုရဲရင့်စေသည် ဆုံးဖြစ်ချက်ခိုင်မာစေသည်...
သို့သော်သူ့ကိုယခုကဲ့သို့ အတွေးတွေနဲ့နှိပ်စက်တတ်သည်...
(မင်းကလိုသုံးတယောက်ပဲ မင်းကိုသူတို့ကမလိုအပ်တဲ့အခါမှာစွန့်ပစ်သွားမှာ)
"မဟုတ်ဘူး မင်းလျှောက်မပြောနဲ့"
နမ်ဂျွန်း တကယ်ပဲကြောက်နေခဲ့သည်...
သူထပ်ပီးအစွန့်ပစ်ခံရမှာကိုပေါ့..
"နမ်ဂျွန်းhyung"
အခန်းထဲ၀င်လာတဲ့ညီငယ်လေး ဂျန်းကုကြောင့် နမ်ဂျွန်းမူမပျက်နေလိုက်သည်...
"Hyung ဟယ်ဆူနဲ့စေ့စပ်တော့မယ်ဆို"
နမ်ဂျွန်းခေါင်းကိုသာငြိမ့်ပြလိုက်သည်...
"ဟယ်ဆူတော့ပျော်နေမှာပဲ..
ဒါနဲ့hyungသူ့ကိုချစ်တာသေချာရဲ့လား
ဧကန္တ appaတို့ခိုင်းတာဆိုရင်တော့
Hyungလက်မခံလည်းရတယ်...
ကျွန်တော်ရအောင်ပြောပေးမယ်.."
နမ်ဂျွန်း ဂျန်းကုရဲ့ခေါင်းကိုအသာပုတ်ရင်း မုသားတခွန်းကိုဆိုလိုက်လေသည်...
"အင်း hyungသူ့ကိုချစ်ပါတယ်"
.
.
.
.
.
.
.
"အကို ဘာိလု့လက်ခံလိုက်တာလဲဟင်
ဧကန္တ အကို့အိမ်ကအတင်းအကျပ်ဖိအားပေးလို့ဆိုရင် အကိုလက်မခံလည်းရပါတယ် ကျွန်တော်နားလည်ပါတယ်..."
နမ်ဂျွန်း ဟယ်ဆူ့ရဲ့လက်လေးတွေကို အသာအယာဆုပ်ကိုင်လိုက်သည်...
"အကို ဟယ်ဆူ့ကိုချစ်လာအောင် သင်ပေးမယ်မလား ဟယ်ဆူ"
ထိုကောင်းလေးရဲ့အပြုံးနုနုလေးတွေနဲ့အတူ လေးညှင်းလေးတွေဟာ အရမ်းကိုနွေးထွေးနေခဲ့ပါသည်...
သူ့ကိုမချစ်နိုင်သေးပေမဲ့ ချစ်နိုင်အောင်ကြိုးစားမယ်...
သူပေးတဲ့အချစ်တွေနဲ့ထိုက်တန်အောင်ကြိုးစားမယ်...
သူ့ကိုမချစ်နိုင်သေးပေမဲ့ သစ္စရှိသွားမယ် ဒါနမ်ဂျွန်းရဲ့တခုတည်းသောဂတိစကားပါ....
.
.
.
.
.
.
.
"သွားစမ်း ငါတို့companyမှာ မင်းလိုလူမလိုအပ်ဘူး"
"ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့ကို၀င်ခွင့်ပေးပါ*
နမ်ဂျွန်းဆူညံသံတွေကြောင့် ကားပေါ်ကနေဆင်းကြည့်လိုက်သည်...
ခပ်နွမ်းနွမ်းအ၀တ်အစားကို ၀တ်ဆင်ထားတဲ့ကောင်လေးတယောက်ကိုလုံခြုံရေးတွေက companyကနေဆွဲထုတ်နေပုံပင်...
ထိုကောင်လေးရဲ့ဖြူဖျော့ဖျော့အသားအရည်နဲ့
ခပ်အုတ်ပုတ်ဆံပင်တို့ဟာ နမ်ဂျွန်းအတွက်မေ့မရစရာမြင်ကွင်းဖြစ်လာခဲ့သည်...
"မင်းကဘယ်သူလဲ"
ပြန့်ကျဲနေတဲ့ စာရွက်စာတမ်းတွေကိုကောက်နေတဲ့ထိုသူဟာ သူ့ရဲ့မျက်၀န်းပြာပြာလေးတွေနဲ့မော့ကြည့်လာသည်...
နမ်ဂျွန်ထိုမျက်၀န်းပြာပြာလေးတွေထဲမှာပျော်၀ငိခဲ့ပါသည်...
"အကိုလေး သူကinterviewဖြေမဲ့သူပါ
အချိန်နောက်ကျတဲ့အပြင် အဆင့်အတန်းမကိုက်ညီတဲ့အ၀တ်အစားတွေနဲ့မို့ ကျွန်တော်တို့နှင်ထုတ်နေတာပါ"
နမ်ဂျွန်း ထိုကောင်လေးရဲ့ပစ္စည်းတွေကို ကူကောက်ပေးလိုက်သည်...
"မင်း မနက်ဖြန် ဒီကိုပြန်လာပီးinterviewဖြေလိုက်
ကိုယ်ပြောထားပေမယ်"
ထိုကောင်လေးရဲ့ ပျော်ရွှင်သွားတဲ့မျက်နှာ အပြုံးလှလှလေးနဲ့ မျက်၀န်းပြာပြာလေးတို့ဟာလှပစွာတည်ရှိနေခဲ့ပါသည်...
"ကျွန်တော့်နာမည် ပတ်ဂျီမင်ပါ"
ပတ်ဂျီမင်ဆိုသည့် နာမည်သုံးလုံးဟာ နမ်ဂျွန်းရဲ့ရင်ထဲမှာရေးထိုးထားသလိုစွဲထင်သွားခဲ့ရသည်...
ထိုမျက်၀န်းပြာပြာလေးတွေနဲ့အတူ စည်းချက်မမှန်တဲ့ရင်ခုန်သံတချို့က အမှန်တိုင်းအဓိပ္ပာယ်ဖော်ဆိုရလျှင်....
.
.
.
.
.
.
................Namjoon............................
AN:
ဒီရက်ပိုင်းပျောက်သွားတာသိကြရဲ့လား...
Log in၀င်မရဖြစ်နေလို့ကြာသွားတာတောင်းပန်ပါတယ်..
Namjoon's pov 3လေးမနက်ဖြန်တင်ပေးပါ့မယ်
အဲ့တာပီးရင်extraပါ...
နမ်ဂျွန်းရဲ့အချစ်ဦးက ကမ်ဟယ်ဆူမဟုတ်သလို ဆော့ဂျင်လဲမဟုတ်ပါဘူး ဂျီမင်ပါ...
အချစ်ဆုံးကတော့ဆော့ဂျင်ဖြစ်ခဲ့မယ်ထင်ပါတယ်..
ဟယ်ဆူကတော့သူ့ကိုအချစ်ပေးခဲ့တဲ့သူပေါ့...
ဂျီမင်လေးကတလျှောက်လုံးသူ့ကိုနမ်ဂျွန်းမချစ်ဖူးလို့ တွေးနေခဲ့တာပါ...
ဒါပေမဲ့သူကသာနမ်ဂျွန်းရဲ့အချစ်ဦးပါ...
Love you all
Take care
....................................................................
Zawgyi
"ေဟ့ေရာင္ နမ္ဂြၽန္း...
ဟိုကေလးေတြမလာေသးဘူးလားကြာ ၾကာလိုက္တာ"
စိတ္မ႐ွည္တဲ့ဟိုေဆာ့ရဲ႕အသံအဆုံးမွာ နမ္ဂြၽန္းျပဳံးလိုက္မိသည္...
"မင္းကို ဘယ္သူကငါနဲ႔လိုက္ခိုင္းလို႔လဲ ဟိုေဆာ့ရာ"
ဟိုေဆာ့ နမ္ဂြၽန္းရဲ႕လက္ေမာင္းကိုအသာ႐ိုက္လိုက္ရင္း...
"ေခြးေကာင္ မင္းအထီးက်န္ေနမွာစိုးလို႔ ငါအေဖာ္လိုက္ေပးတာေလ အခုေတာ့မင္းကဒီလိုေျပာပီေပါ့
ဟုတ္ပါတယ္ မင္းရဲ႕ ကမ္ဟယ္ဆူေလးနဲ႔ေတြ႕ရမွာဆိုေတာ့.."
ဟိုေဆာ့စကားမဆုံးခင္ပဲ နမ္ဂြၽန္းပါးစပ္ကိုအျမန္လွမ္းအုပ္လိုက္သည္...
"မင္း ငါနဲ႔ဟယ္ဆူ႕ကိုလိုက္ေနာက္မေနနဲ႔
သူၾကားသြားရင္မေကာင္းဘူး"
ဟိုေဆာ့ နမ္ဂြၽန္းရဲ႕အုပ္ထားတဲ့လက္ကိုကိုက္ခ်လိုက္ရင္း..
"ဘာမေကာင္းတာလဲ
အဲ့ကေလး မင္းကိုေႂကြေနတာအေသအခ်ာပါဆိုေနမွ
မင္းေရာ သူ႕ကိုနည္းနည္းေလးမွရင္မခုန္ဘူးလား"
နမ္ဂြၽန္းထိုအခ်ိန္မွာ ကိုယ့္ကိုယ္ကိုျပန္ေမးၾကည့္ခဲ့မိသည္...
သို႔ေသာ္အေျဖကေတာ့ ဟယ္ဆူ႕အေပၚညီငယ္တေယာက္ထပ္မပိုႏိုင္ပါတဲ့...
.
.
.
.
.
.
.
.
"အကိုနမ္ဂြၽန္း"
ဟယ္ဆူ႕ရဲ႕အသံေၾကာင့္ နမ္ဂြၽန္းဖတ္လက္စစာအုပ္ကိုပိတ္လိုက္သည္..
ဟယ္ဆူကေတာ့သူ႕ကိုၾကည့္ရင္းျပဳံးေနေလသည္..
သူသေဘာက်ရတဲ့အရာေတြထဲမွာ ဟယ္ဆူ႕ရဲ႕အျပဳံးကလည္းတခုအပါအ၀င္ျဖစ္သည္...
"အကိုနမ္ဂြၽန္း ကြၽန္ေတာ္အကို႔ကိုခ်စ္တယ္"
တခ်ိန္မွာၾကားရမဲ့စကားမွန္းသိေပမဲ့ ႐ုတ္တရတ္ဆန္မႈေၾကာင့္ နမ္ဂြၽန္းလက္ထဲကစာအုပ္ေလးလြတ္က်သြားသည္...
"ဟယ္ဆူ အကိုက..."
"သိပါတယ္ အကိုကြၽန္ေတာ့ကိုမခ်စ္ဘူးဆိုတာ
ဒါေပမဲ့ကြၽန္ေတာ္ႀကိဳးစားခြင့္ေတာ့႐ွိတယ္မလား"
ဟယ္ဆူ႕ရဲ႕ငုံေနတဲ့ေခါင္းေလးကို အသာပုတ္ေပး႐ုံအျပင္ နမ္ဂြၽန္းမတတ္ႏိုင္ခဲ့ပါ
မခ်စ္တဲ့သူခ်စ္ပါတယ္လို႔မေျပာႏိုင္သလို ကိုယ့္ကိုခ်စ္ေနတဲ့ထိုကေလးကိုလဲ မလွည့္စားခ်င္ခဲ့မိဘူး..
ဒါေပမဲ့ နမ္ဂြၽန္းရဲ႕ဆႏၵေတြဟာျပည့္ေျမာက္မလာခဲ့ပါဘူး...
.
.
.
.
.
.
.
"မင္း ဒီတေခါက္လုပ္တာေတာ္သားပဲ ဆက္ႀကိဳးစားကြာဟုတ္ပီလား"
Appaဟုေခၚခြင့္မရေသာ ဦးေလး၏ခ်ီးက်ဴးသံမွာနမ္ဂြၽန္းေပ်ာ္၀င္မိေသာ္လည္း နမ္ဂြၽန္းအစြန္းစုံမေပ်ာ္ႏိုင္ခဲ့ပါ...
နမ္ဂြၽန္းေက်ာင္းမပီးခင္မွာပဲcompanyအလုပ္ေတြကိုဝိုင္းကူ လုပ္ေပးခဲ့ရတယ္...
မိမိကစာေတာ္သူျဖစ္လို႔ညီငယ္ေလး ဂ်န္းကုရဲ႕ေက်ာင္းစာေတြကိုလည္းကူလုပ္ေပးခဲ့ရတယ္...
ဒါေပမဲ့ညီငယ္ေလးအ႐ြယ္ေရာက္လာတဲ့အခါအသင့္ျဖစ္ေနဖို႔ နမ္ဂြၽန္းဟာလိုသုံးတေယာက္ထပ္မပိုခဲ့ပါဘူး...
"ဒါနဲ႔ မင္းနဲ႔ သားငယ္ရဲ႕ သူငယ္ခ်င္းက ဘယ္လိုအေျခအေန႐ွိေနပီလဲ"
နမ္ဂြၽန္း လက္ေတြတုန္သြားသည္...
"ကြၽန္ေတာ္တို႔က ႐ိုး႐ိုးသားသားပါပဲ"
ဦးေလးဟာနမ္ဂြၽန္းကိုၾကည့္ရင္း ရီရင္း...
"ငါသိပါတယ္ အဲ့ကေလးမင္းကိုသေဘာက်ေနတာ
ဦးေလ မင္းကိုတခုေလာက္ေတာင္းဆိုခ်င္တယ္ နမ္ဂြၽန္း"
နမ္ဂြၽန္းမျငင္းႏိုင္ပါ...
မည္သည့္အရာကိုပင္ေတာင္းဆိုပါေစ နမ္ဂြၽန္းဘက္ကျဖည့္ဆည္းေပးရမည္သာျဖစ္သည္...
"ဦးေလးတို႔companyအင္အားေတာင့္ဖို႔ အဲဒီကေလးရဲ႕မိသားစု႐ွယ္ယာေတြလိုတယ္..
အစကေတာ့သားငယ္နဲ႔စီစဥ္ဖို႔လုပ္ထားေပမဲ့ သားငယ္ကသူမခ်စ္တဲ့သူကိုမယူႏိုင္ပါဘူးတဲ့ေလ
ပီးေတာ့အဲဒီကေလးကလည္းမင္းကိုသေဘာက်ေနတယ္ဆိုေတာ့ ဦးေလးတို႔မင္းကိုပဲအားကိုးပါရေစ"
နမ္ဂြၽန္း မည္သို႔ပင္ေျဖရမွန္းမသိခဲ့..
ဂ်န္းကုကသူမခ်စ္တဲ့သူကို မယူႏိုက္ဘူးေျပာခဲ့သလိုသူလည္းေျပာခ်င္တာေပါ့...
ဒါေပမဲ့သူဘာမ်ားတတ္ႏိုင္မွာလဲ...ေက်းဇူးေႂကြးေတြအတြက္သူ႕တဘ၀လုံးကိုအလဲအထပ္လုပ္ရမွာပါပဲ...
ဒါေပမဲ့၀မ္းနည္းစရာေကာင္းတာက အရာအားလုံးမွာ သူကလိုသုံးတေယာက္ျဖစ္ေနျခင္းပါပဲ...
.
.
.
.
.
.
.
(မင္းက လိုသုံးတေယာက္ပဲ ကမ္နမ္ဂြၽန္း)
"မဟုတ္ဘူး"
နမ္ဂြၽန္း နားေတြကိုလက္နဲ႔ပိတ္ထားမိသည္...
သို႔ေသာ္ထိုအသံေတြဟာၾကားေနရဆဲပင္...နမ္ဂြၽန္း ထိုအသံေတြရဲ႕အရင္းျမစ္ကိုသိပါသည္...
သူ႕ရဲ႕ကိုယ္ထဲမွာ႐ွိတဲ့အေမွာင္ဘက္ျခမ္း Kim RM...
သို႔ေသာ္ နမ္ဂြၽန္းဘယ္သူ႕ကိုမွအသိမေပးခဲ့ေပ...
အခုလို လိုသုံးျဖစ္ေနတဲ့သူ႕ကို ဒီထက္ပိုပစ္ပယ္မွာသူမလိုခ်င္ေပ...
ဆရာ၀န္တေယာက္နဲ႔ပဲ တပတ္တခါေဆြးေႏြးျခင္းကိုျပဳလုပ္ခဲ့သည္...
Kim RMသည္လည္း မေကာင္းတာမ်ိဳးေတာ့မဟုတ္ေပ... သာမန္အခ်ိန္ေတြမွာသူ႕ကိုရဲရင့္ေစသည္ ဆုံးျဖစ္ခ်က္ခိုင္မာေစသည္...
သို႔ေသာ္သူ႕ကိုယခုကဲ့သို႔ အေတြးေတြနဲ႔ႏွိပ္စက္တတ္သည္...
(မင္းကလိုသုံးတေယာက္ပဲ မင္းကိုသူတို႔ကမလိုအပ္တဲ့အခါမွာစြန္႔ပစ္သြားမွာ)
"မဟုတ္ဘူး မင္းေလွ်ာက္မေျပာနဲ႔"
နမ္ဂြၽန္း တကယ္ပဲေၾကာက္ေနခဲ့သည္...
သူထပ္ပီးအစြန္႔ပစ္ခံရမွာကိုေပါ့..
"နမ္ဂြၽန္းhyung"
အခန္းထဲ၀င္လာတဲ့ညီငယ္ေလး ဂ်န္းကုေၾကာင့္ နမ္ဂြၽန္းမူမပ်က္ေနလိုက္သည္...
"Hyung ဟယ္ဆူနဲ႔ေစ့စပ္ေတာ့မယ္ဆို"
နမ္ဂြၽန္းေခါင္းကိုသာၿငိမ့္ျပလိုက္သည္...
"ဟယ္ဆူေတာ့ေပ်ာ္ေနမွာပဲ..
ဒါနဲ႔hyungသူ႕ကိုခ်စ္တာေသခ်ာရဲ႕လား
ဧကႏၲ appaတို႔ခိုင္းတာဆိုရင္ေတာ့
Hyungလက္မခံလည္းရတယ္...
ကြၽန္ေတာ္ရေအာင္ေျပာေပးမယ္.."
နမ္ဂြၽန္း ဂ်န္းကုရဲ႕ေခါင္းကိုအသာပုတ္ရင္း မုသားတခြန္းကိုဆိုလိုက္ေလသည္...
"အင္း hyungသူ႕ကိုခ်စ္ပါတယ္"
.
.
.
.
.
.
.
"အကို ဘာိလု႔လက္ခံလိုက္တာလဲဟင္
ဧကႏၲ အကို႔အိမ္ကအတင္းအက်ပ္ဖိအားေပးလို႔ဆိုရင္ အကိုလက္မခံလည္းရပါတယ္ ကြၽန္ေတာ္နားလည္ပါတယ္..."
နမ္ဂြၽန္း ဟယ္ဆူ႕ရဲ႕လက္ေလးေတြကို အသာအယာဆုပ္ကိုင္လိုက္သည္...
"အကို ဟယ္ဆူ႕ကိုခ်စ္လာေအာင္ သင္ေပးမယ္မလား ဟယ္ဆူ"
ထိုေကာင္းေလးရဲ႕အျပဳံးႏုႏုေလးေတြနဲ႔အတူ ေလးညႇင္းေလးေတြဟာ အရမ္းကိုေႏြးေထြးေနခဲ့ပါသည္...
သူ႕ကိုမခ်စ္ႏိုင္ေသးေပမဲ့ ခ်စ္ႏိုင္ေအာင္ႀကိဳးစားမယ္...
သူေပးတဲ့အခ်စ္ေတြနဲ႔ထိုက္တန္ေအာင္ႀကိဳးစားမယ္...
သူ႕ကိုမခ်စ္ႏိုင္ေသးေပမဲ့ သစၥ႐ွိသြားမယ္ ဒါနမ္ဂြၽန္းရဲ႕တခုတည္းေသာဂတိစကားပါ....
.
.
.
.
.
.
.
"သြားစမ္း ငါတို႔companyမွာ မင္းလိုလူမလိုအပ္ဘူး"
"ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ကြၽန္ေတာ့ကို၀င္ခြင့္ေပးပါ*
နမ္ဂြၽန္းဆူညံသံေတြေၾကာင့္ ကားေပၚကေနဆင္းၾကည့္လိုက္သည္...
ခပ္ႏြမ္းႏြမ္းအ၀တ္အစားကို ၀တ္ဆင္ထားတဲ့ေကာင္ေလးတေယာက္ကိုလုံျခဳံေရးေတြက companyကေနဆြဲထုတ္ေနပုံပင္...
ထိုေကာင္ေလးရဲ႕ျဖဴေဖ်ာ့ေဖ်ာ့အသားအရည္နဲ႔
ခပ္အုတ္ပုတ္ဆံပင္တို႔ဟာ နမ္ဂြၽန္းအတြက္ေမ့မရစရာျမင္ကြင္းျဖစ္လာခဲ့သည္...
"မင္းကဘယ္သူလဲ"
ျပန္႔က်ဲေနတဲ့ စာ႐ြက္စာတမ္းေတြကိုေကာက္ေနတဲ့ထိုသူဟာ သူ႕ရဲ႕မ်က္၀န္းျပာျပာေလးေတြနဲ႔ေမာ့ၾကည့္လာသည္...
နမ္ဂြၽန္ထိုမ်က္၀န္းျပာျပာေလးေတြထဲမွာေပ်ာ္၀ငိခဲ့ပါသည္...
"အကိုေလး သူကinterviewေျဖမဲ့သူပါ
အခ်ိန္ေနာက္က်တဲ့အျပင္ အဆင့္အတန္းမကိုက္ညီတဲ့အ၀တ္အစားေတြနဲ႔မို႔ ကြၽန္ေတာ္တို႔ႏွင္ထုတ္ေနတာပါ"
နမ္ဂြၽန္း ထိုေကာင္ေလးရဲ႕ပစၥည္းေတြကို ကူေကာက္ေပးလိုက္သည္...
"မင္း မနက္ျဖန္ ဒီကိုျပန္လာပီးinterviewေျဖလိုက္
ကိုယ္ေျပာထားေပမယ္"
ထိုေကာင္ေလးရဲ႕ ေပ်ာ္႐ႊင္သြားတဲ့မ်က္ႏွာ အျပဳံးလွလွေလးနဲ႔ မ်က္၀န္းျပာျပာေလးတို႔ဟာလွပစြာတည္႐ွိေနခဲ့ပါသည္...
"ကြၽန္ေတာ့္နာမည္ ပတ္ဂ်ီမင္ပါ"
ပတ္ဂ်ီမင္ဆိုသည့္ နာမည္သုံးလုံးဟာ နမ္ဂြၽန္းရဲ႕ရင္ထဲမွာေရးထိုးထားသလိုစြဲထင္သြားခဲ့ရသည္...
ထိုမ်က္၀န္းျပာျပာေလးေတြနဲ႔အတူ စည္းခ်က္မမွန္တဲ့ရင္ခုန္သံတခ်ိဳ႕က အမွန္တိုင္းအဓိပၸာယ္ေဖာ္ဆိုရလွ်င္....
.
.
.
.
.
.
................Namjoon............................
AN:
ဒီရက္ပိုင္းေပ်ာက္သြားတာသိၾကရဲ႕လား...
Log in၀င္မရျဖစ္ေနလို႔ၾကာသြားတာေတာင္းပန္ပါတယ္..
Namjoon's pov 3ေလးမနက္ျဖန္တင္ေပးပါ့မယ္
အဲ့တာပီးရင္extraပါ...
နမ္ဂြၽန္းရဲ႕အခ်စ္ဦးက ကမ္ဟယ္ဆူမဟုတ္သလို ေဆာ့ဂ်င္လဲမဟုတ္ပါဘူး ဂ်ီမင္ပါ...
အခ်စ္ဆုံးကေတာ့ေဆာ့ဂ်င္ျဖစ္ခဲ့မယ္ထင္ပါတယ္..
ဟယ္ဆူကေတာ့သူ႕ကိုအခ်စ္ေပးခဲ့တဲ့သူေပါ့...
ဂ်ီမင္ေလးကတေလွ်ာက္လုံးသူ႕ကိုနမ္ဂြၽန္းမခ်စ္ဖူးလို႔ ေတြးေနခဲ့တာပါ...
ဒါေပမဲ့သူကသာနမ္ဂြၽန္းရဲ႕အခ်စ္ဦးပါ...
Love you all
Take care
....................................................................