ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 291K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
9
10
11
12
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

13

12.9K 2.2K 18
By Melinoe_Megami

Unicode

“ခင်ဗျားရဲ့ဒဏ်ရာတွေကို ကျွန်တော် မန္တန်အစွမ်းသုံးပြီး ကုပေးမယ်လေ..?”

နှစ်ယောက်လုံး တိတ်ဆိတ်သွားတာကြောင့် ရွှယ်ယို့ရှန်းက အနည်းငယ်တွေးဆပြီး ထပ်ပြောလိုက်တယ်။ သူက အရမ်းကို ကြင်နာတတ်နေတာ မဟုတ်ဘူးနော်။ ဒီအတိုင်း သူ့အရှေ့မှာ လူတစ်ယောက် ဒဏ်ရာရနေတာကို မကြည့်ရက်ရုံပဲ။ ဒဏ်ရာတချို့ဆို ပြင်းထန်လွန်းလို့ ဘေးကလူတောင် အရိုးဖြူဖြူတွေ မြင်နေရပြီ။ တချို့ဒဏ်ရာတွေက သွေးစက်လက်နဲ့။ ရင်းဆုယဲ့အနားကို ကပ်လိုက်တာနဲ့ သွေးညှီနံ့ပြင်းပြင်း အရင်ရလိုက်တာကြောင့် သူလည်း ရပ်မကြည့်နိုင်တော့ဘူးလေ..!

စိုးရိမ်ခံနေရတဲ့ ကာယကံရှင်က သူ့ရဲ့ဒဏ်ရာကို ဂရုစိုက်ပုံတောင် မပြပေမယ့် ရွှယ်ယို့ရှန်းကတော့ သူ့ကိုယ်စား နာကျင်နေမိတယ်။ ဆေးတစ်ခါထိုးပြီးတာနဲ့ တစ်နေကုန် ရှုံ့မဲ့နေတတ်တဲ့ သူ့ကိုယ်သူ ပြန်မြင်ယောင်ကြည့်ရင်း၊ တစ်ကိုယ်လုံး အရွယ်အစားမျိုးစုံ ဒဏ်ရာမျိုးစုံနဲ့ ပြည့်နှက်နေတဲ့ ထိုအမျိုးသားကို ပြန်ကြည့်လိုက်မိတော့... အကြည့်တစ်ချက်နဲ့တင် ရင်းဆုယဲ့ကိုယ်စား နာကျင်လာရတယ်။

ထိုအခိုက်အတန့်လေးမှာပဲ ရင်းဆုယဲ့ ဘယ်လောက်တောင် နာကျင်နေမလဲဆိုတာ မြင်ယောင်နိုင်ခဲ့တယ်။

“ရတယ်..”

(TN : ဆေးကုပေးလို့ရတယ်လို့ အတိုကောက်ပြောခြင်း ဖြစ်ပါတယ်။)

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို အတော်ကြာအောင် စိုက်ကြည့်နေခဲ့တယ်။ သူ့ပုံစံက ဒီကောင်လေး ဘာဒဏ်ရာမှမရှိဘဲ ဘာလို့ ဒဏ်ရာရနေသလိုမျိုး ရှုံ့မဲ့နေရတာလဲလို့ အဖြေရှာနေဟန်။

“ကြိုပြောထားမယ်နော်.. ကျွန်တော်က မန္တန်အတတ်ကို အရမ်းမကျွမ်းကျင်သေးဘူး.. အဲ့တာကြောင့် ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော် အာမ,မခံနိုင်ဘူး..”

ဘာကိုမကျွမ်းကျင်ရမှာလဲ..? တကယ်တော့ ဘာမှကို နားမလည်သေးတဲ့ လူသစ်တစ်ယောက်ပဲ.. ဟမ့်..!

ရွှယ်ယို့ရှန်းက သူ့ဝတ္ထုထဲက မန္တန်အတတ်ပညာအကြောင်း ရှင်းလင်းထားတဲ့ အပိုင်းကို ဂရုတစိုက်နဲ့ ဖြည်းဖြည်းချင်း ပြန်စဉ်းစားလိုက်တယ်။

လူတစ်ယောက်က ဝိဉာဉ်စွမ်းအင် အလုံအလောက် ပိုင်ဆိုင်ထားပြီး တရုတ်စာလုံးတွေကို နားလည်နေသရွေ့ မန္တန်အတတ်ပညာကို ဘာကန့်သတ်ချက်မှမရှိဘဲ လွတ်လွတ်လပ်လပ် အသုံးပြုနိုင်တယ်။ ခုခံနိုင်တယ်၊ တိုက်ခိုက်နိုင်တယ်၊ ဆေးကုသနိုင်တယ်၊ ပြီးတော့ ကူညီပေးနိုင်တယ်။

မန္တန်အတတ်ပညာက ပြောရမယ်ဆိုရင် အတော်ကျယ်ပြန့်တဲ့ အတတ်ပညာတစ်ရပ်ပဲ။

သခင်-အစေခံစာချုပ်ကို ပြောင်းပြန်လှန်ဖို့အတွက် (反) ဆိုတဲ့ စုတ်ချက်လေးချက် ရေးဆွဲခဲ့ရုံနဲ့တင် သူ အရမ်း ပင်ပန်းခဲ့ရတာဆိုတော့ သူ့ဝိဉာဉ်စွမ်းအားကို အကုန်လုံးနီးပါး အသုံးပြုလိုက်ရတဲ့ သဘောပဲမဟုတ်ပါလား။ နောက်တစ်နည်း ပြောရရင် သူ့ရဲ့လက်ရှိဝိဉာဉ်စွမ်းအားက စုတ်ချက်လေးချက်အောက် စာလုံးတွေကို အခက်အခဲမရှိ ရေးဆွဲနိုင်လိမ့်မယ်။

ဒါပေမဲ့ စုတ်ချက်လေးခုအထက် စာလုံးတွေကိုတော့ မပြောတတ်ဘူး။ မန္တန်အတတ်ပညာက အဓိကဇာတ်ကောင်အတွက် သူကိုယ်တိုင် အထူးတလည် ဖန်တီးပေးခဲ့တဲ့ စွမ်းအားကြီး Golden Finger ဖြစ်နေရင်တောင် အားနည်းချက် အနည်းငယ်တော့ ရှိနေဦးမှာပဲ။

အဓိကဇာတ်ကောင်က Golden Finger တွေကို အသုံးပြုပြီး ပြိုင်ဘက်ကင်းစွာနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို အုပ်စိုးနိုင်ခဲ့တယ်။ ဇာတ်ကြောင်းရဲ့ အဆုံးသတ်ကို ဒီလိုမျိုး စဉ်းစားထားပေမယ့် ဒီစာရေးသူလေးကတော့ စတေးခံလိုက်ရရှာပြီ။ ပိုက်ဆံမရနိုင်တော့ဘူး။

အကုန်လုံးကို ခြုံငုံကြည့်မယ်ဆိုရင် မန္တန်အတတ်ပညာမှာ ကန့်သတ်ချက်တစ်ခု ရှိနေတယ်။

စုတ်ချက်စရေးပြီး အဆုံးမသတ်နိုင်ခဲ့ရင် တန်ပြန်သက်ရောက်မှုဒဏ်ကို ခံရလိမ့်မယ်။ ပြီးတော့ ဝိဉာဉ်စွမ်းအားလည်း ထိခိုက်ရလိမ့်မယ်။

မန္တန်အရှင်သခင်တစ်ယောက်က လုပ်နိုင်တာထက် ပိုပြီးလုပ်ဆောင်မိခဲ့ရင်၊ သို့တည်းမဟုတ် သူတို့တတ်နိုင်တဲ့ ဝိဉာဉ်စွမ်းအားထက် ပိုအသုံးပြုခဲ့မိရင်၊ အကျိုးဆက်က အရမ်းကို ပြင်းထန်လိမ့်မယ်။ သက်သာတဲ့ အကျိုးဆက်ကတော့ ဝိဉာဉ်စွမ်းအားနယ်မြေကို ပျက်စီးစေရုံလောက်ပဲ။ ဒါပေမဲ့ အရမ်းပြင်းထန်ရင် တစ်ကိုယ်လုံး မလှုပ်ရှားနိုင်တော့ဘဲ ကိုမာဝင်သွားလိမ့်မယ်။ ဒီထက်ပိုဆိုးရင်တော့ အသက်ကိုပါ ဆုံးရှုံးရလိမ့်မယ်။

ဝံပုလွေအုပ်လိုက်ကြီးနဲ့ ရင်ဆိုင်နေရတာတောင် သူ့ကိုယ်သူ ကယ်တင်ဖို့အတွက် မန္တန်အစွမ်းကို အသုံးမပြုနိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျဉ်းထဲကျပ်တည်း အခြေအနေမျိုးမှာ ဘယ်လိုရိုးရှင်းတဲ့ စကားလုံးမျိုး အသုံးပြုနိုင်လဲဆိုတာ စဉ်းစားမရခဲ့လို့ပဲ။ ဝံပုလွေတွေနဲ့ ရင်ဆိုင်တွေ့နေရတော့ အကျိုးသင့်အကြောင်းသင့် စဉ်းစားဖို့ အချိန်မရခဲ့တာကြောင့် တုံ့ဆိုင်းနေမိတဲ့ အချိန်တစ်ခဏလေးအတွင်းမှာ သေမင်းနဲ့ လက်တစ်ကမ်းအလို ဖြစ်သွားခဲ့တယ်။ အဆုံးသတ်မှာတော့ အသက်ရှင်နိုင်ဖို့အတွက် ရင်းဆုယဲ့ကို မှီခိုနေရဆဲပဲ။

လက်ရှိအချိန်မှာတော့ ကြည်လင်တဲ့ အတွေးတွေနဲ့ ရွှယ်ယို့ရှန်းက ဝံပုလွေတွေကိုမြင်ပြီး ကြောက်လွန်းလို့ ဘာမှမလုပ်နိုင်ခဲ့တာကို လုံးဝ ဝန်ခံမှာမဟုတ်ဘူး။ ပြန်တိုက်ခိုက်ဖို့ နည်းလမ်းရှာမရတာလို့ပဲ ဆင်ခြေပေးလိမ့်မယ်။ သူ့ရဲ့ နာမည်ကောင်းလေးကို ပြန်ပြီးအဖက်ဆယ်နိုင်ဖို့အတွက် ရင်းဆုယဲ့ကို နောက်မှ သေသေချာချာ ရှင်းပြရဦးမယ်။

အခုတော့ ရင်းဆုယဲ့ကို ကုသပေးနိုင်ဖို့ သူအသုံးပြုနိုင်လောက်မယ့် တရုတ်စာလုံးတချို့ စဉ်းစားကြည့်ရမယ်။

医、治、疗、痊、愈、合、康、恢、复、好…
ကုသခြင်း၊ ပြုစုခြင်း၊ ရောဂါကုထုံး၊ ပြန်လည်ကောင်းမွန်ခြင်း၊ ပျောက်ကင်းခြင်း၊ ပြီးပြည့်စုံခြင်း၊ ကျန်းမာခြင်း၊ ပြန်လည်သက်သာခြင်း၊ ပြန်ကောင်းခြင်း၊ ကောင်းမွန်ခြင်း ……

ဒီစာလုံးတွေက ရောဂါဝေဒနာကို ကုသနိုင်စွမ်းရှိတယ်။ စာလုံးအများကြီးရှိပေမယ့် အရိုးရှင်းဆုံး စကားလုံးလေးတောင်မှ စုတ်ချက် ၆ ချက် လိုအပ်နေတယ်။ စုတ်ချက် ၄ ခုအောက် အဓိပ္ပါယ်တူညီတဲ့ စကားလုံးမျိုး သူ ရှာမတွေ့ခဲ့ဘူး။ ရွှယ်ယို့ရှန်းတစ်ယောက် ပထမဆုံးအကြိမ်အနေနဲ့ သူ့ရဲ့ စာပေအဆင့်အတန်းကို နားလည်လိုက်တယ်။

သူ့ရဲ့ အသိဉာဏ်ပညာက အရမ်းနည်းပါးတာပဲ။ ပြီးတော့ ဒေသန္တရဗဟုသုတလည်း အရမ်းနိမ့်လွန်းတယ်..!

“မင်းမှာ လုံလောက်တဲ့ စွမ်းအင်မရှိရင် ခေါင်းမာမနေနဲ့..”

ရင်းဆုယဲ့လည်း မန္တန်အတတ်ပညာရဲ့ ကန့်သတ်ချက်တွေအကြောင်း အတော်အသင့် နားလည်ထားတယ်။ ရွှယ်ယို့ရှန်းရဲ့ လက်ရှိအခြေအနေကို တစ်ချက်ကြည့်လိုက်ရုံနဲ့ ချက်ချင်းနားလည်သွားပြီး ရူးသွပ်လုမတတ် ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်ပြီး အဖြေရှာနေတဲ့ ကောင်လေးကို တားဆီးလိုက်တယ်။

“ကျွန်တော် ကြိုးစားကြည့်ပါဦးမယ်..”

ရင်းဆုယဲ့က သူ့အကူအညီမလိုဘူးလို့ ပြောလိုက်တာကြောင့် ရွှယ်ယို့ရှန်းမှာ ရှက်အမ်းအမ်း ဖြစ်သွားရတယ်။

ဘယ်သူပဲကြည့်ကြည့် ရင်းဆုယဲ့ရဲ့ လက်ရှိဒဏ်ရာတွေက သူ့ကို ကယ်တင်ရင်း ထိခိုက်လာတာပဲ။ အဲ့တော့ ‘မလုပ်နိုင်ဘူး’ လို့ ဆင်ခြေပေးပြီး ထိုင်မကြည့်နေနိုင်ဘူးလေ..!

တကယ်တော့ သူ့ကိုယ်သူ စုတ်ချက်လေးခုအောက် စာလုံးတွေနဲ့ပဲ ကန့်သတ်မထားသင့်ဘူး။ ကန့်သတ်နေရင်လည်း ရေးစရာ စာလုံးမရှိတော့ဘူး။ စုတ်ချက်လေးချက်ပါတဲ့ စာလုံးတစ်လုံးရေးပြီး ပင်ပန်းခဲ့ရတယ်ဆိုပေမယ့် သူ့ရဲ့ limit ရောက်နေပြီလို့ ဆိုလိုတာမှမဟုတ်တာ။ ဒီအခွင့်အရေးကို အသုံးချပြီး စုတ်ချက်အနည်းငယ်ပိုတဲ့ စာလုံးတချို့ စိန်ခေါ်ကြည့်ရမယ်..!

Nike ရဲ့ ဆောင်ပုဒ်အတိုင်း ‘Just do it’ လုပ်ကြည့်တာပေါ့..!

(TN : Nike ဆိုတာ ဖိနပ်တံဆိပ်ကို ပြောတာပါ..)

ရွှယ်ယို့ရှန်းလည်း သူ့ဦးနှောက်ထဲကနေ အသင့်တော်ဆုံး စာလုံးတစ်လုံးကို အဖြေရှာကြည့်လိုက်တယ်။ နောက်ဆုံးတော့ စုတ်ချက်အနည်းဆုံး၊ ရေးရအလွယ်ကူဆုံး စာလုံးတစ်လုံးကို ရွေးချယ်နိုင်ခဲ့တယ်။ ဒီလိုနဲ့ သူ့လက်ချောင်းကို မိုးပေါ်မြှောက်ပြီး လေထုထဲမှာ အစီအရင်တစ်ခုကို စတင်ရေးဆွဲလိုက်တော့တယ်။

စုတ်ချက်လေးခုမြောက် ရောက်လာချိန်မှာတော့ သူ့ရဲ့ဝိဉာဉ်စွမ်းအားတွေ ယုတ်လျော့သွားတာကို ရွှယ်ယို့ရှန်း သိသိသာသာ ခံစားလိုက်ရတယ်။ အများကြီး မကျန်တော့ပေမယ့် လုံးဝကုန်သွားတာတော့ မဟုတ်သေးဘူး။ ထို့ကြောင့် သူ့ကိုယ်သူ တွန်းအားပေးပြီး ၅ ချက်မြောက်စုတ်ချက်ကို ဆက်ရေးလိုက်တယ်။

၆ ချက်မြောက်စုတ်ချက် ရေးဆွဲချိန်မှာတော့ ရွှယ်ယို့ရှန်းရဲ့လက်က စတင်တုန်ယင်လာခဲ့ပြီ။ နဖူးထက်က ချွေးစေးတွေလည်း စီးကျနေခဲ့ပြီ။ ဒီလက္ခဏာအရ ဝိဉာဉ်စွမ်းအား ကုန်ဆုံးတော့မယ့် အခြေအနေပဲ။

ဘယ်လိုပဲပြောပြော ရွှယ်ယို့ရှန်းက ရပ်တန့်လိုက်ဖို့ စိတ်ကူးမရှိခဲ့ဘူး။ အံကြိတ်ကာ သွေးကြောတွေ ထောင်လာတဲ့အထိ လက်ကျန်ဝိဉာဉ်စွမ်းအား စုစည်းလိုက်ပြီး နောက်ဆုံးစုတ်ချက်ကို အပြီးသတ်လိုက်တယ်။

“ပြီးပြည့်စုံခြင်း (合) ”

မန္တန်အစီအရင် အောင်မြင်သွားတာနဲ့ အကျိုးသက်ရောက်မှုရှိမရှိ စောင့်ကြည့်နေဖို့ ရွှယ်ယို့ရှန်းမှာ အင်အားမရှိတော့ဘူး။ လက်ကျန်စွမ်းအားနဲ့ မန္တန်အစီအရင်ကို ရင်းဆုယဲ့ဆီ ပစ်လွှတ်လိုက်တယ်။ ထို့နောက် သူ့ရဲ့ မျက်ဝန်းတွေ ပိတ်ကျသွားပြီး သတိလစ်သွားတော့တယ်။

…………………………………….

Zawgyi

“ခင္ဗ်ားရဲ႕ဒဏ္ရာေတြကို ကြၽန္ေတာ္ မႏၲန္အစြမ္းသုံးၿပီး ကုေပးမယ္ေလ..?”

ႏွစ္ေယာက္လုံး တိတ္ဆိတ္သြားတာေၾကာင့္ ႐ႊယ္ယို႔ရွန္းက အနည္းငယ္ေတြးဆၿပီး ထပ္ေျပာလိုက္တယ္။ သူက အရမ္းကို ၾကင္နာတတ္ေနတာ မဟုတ္ဘူးေနာ္။ ဒီအတိုင္း သူ႔အေရွ႕မွာ လူတစ္ေယာက္ ဒဏ္ရာရေနတာကို မၾကည့္ရက္႐ုံပဲ။ ဒဏ္ရာတခ်ိဳ႕ဆို ျပင္းထန္လြန္းလို႔ ေဘးကလူေတာင္ အ႐ိုးျဖဴျဖဴေတြ ျမင္ေနရၿပီ။ တခ်ိဳ႕ဒဏ္ရာေတြက ေသြးစက္လက္နဲ႔။ ရင္းဆုယဲ့အနားကို ကပ္လိုက္တာနဲ႔ ေသြးညႇီနံ႔ျပင္းျပင္း အရင္ရလိုက္တာေၾကာင့္ သူလည္း ရပ္မၾကည့္ႏိုင္ေတာ့ဘူးေလ..!

စိုးရိမ္ခံေနရတဲ့ ကာယကံရွင္က သူ႔ရဲ႕ဒဏ္ရာကို ဂ႐ုစိုက္ပုံေတာင္ မျပေပမယ့္ ႐ႊယ္ယို႔ရွန္းကေတာ့ သူ႔ကိုယ္စား နာက်င္ေနမိတယ္။ ေဆးတစ္ခါထိုးၿပီးတာနဲ႔ တစ္ေနကုန္ ရႈံ႕မဲ့ေနတတ္တဲ့ သူ႔ကိုယ္သူ ျပန္ျမင္ေယာင္ၾကည့္ရင္း၊ တစ္ကိုယ္လုံး အ႐ြယ္အစားမ်ိဳးစုံ ဒဏ္ရာမ်ိဳးစုံနဲ႔ ျပည့္ႏွက္ေနတဲ့ ထိုအမ်ိဳးသားကို ျပန္ၾကည့္လိုက္မိေတာ့... အၾကည့္တစ္ခ်က္နဲ႔တင္ ရင္းဆုယဲ့ကိုယ္စား နာက်င္လာရတယ္။

ထိုအခိုက္အတန႔္ေလးမွာပဲ ရင္းဆုယဲ့ ဘယ္ေလာက္ေတာင္ နာက်င္ေနမလဲဆိုတာ ျမင္ေယာင္ႏိုင္ခဲ့တယ္။

“ရတယ္..”

(TN : ေဆးကုေပးလို႔ရတယ္လို႔ အတိုေကာက္ေျပာျခင္း ျဖစ္ပါတယ္။)

ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္းကို အေတာ္ၾကာေအာင္ စိုက္ၾကည့္ေနခဲ့တယ္။ သူ႔ပုံစံက ဒီေကာင္ေလး ဘာဒဏ္ရာမွမရွိဘဲ ဘာလို႔ ဒဏ္ရာရေနသလိုမ်ိဳး ရႈံ႕မဲ့ေနရတာလဲလို႔ အေျဖရွာေနဟန္။

“ႀကိဳေျပာထားမယ္ေနာ္.. ကြၽန္ေတာ္က မႏၲန္အတတ္ကို အရမ္းမကြၽမ္းက်င္ေသးဘူး.. အဲ့တာေၾကာင့္ ဘာေတြျဖစ္လာမလဲဆိုတာ ကြၽန္ေတာ္ အာမ,မခံႏိုင္ဘူး..”

ဘာကိုမကြၽမ္းက်င္ရမွာလဲ..? တကယ္ေတာ့ ဘာမွကို နားမလည္ေသးတဲ့ လူသစ္တစ္ေယာက္ပဲ.. ဟမ့္..!

႐ႊယ္ယို႔ရွန္းက သူ႔ဝတၳဳထဲက မႏၲန္အတတ္ပညာအေၾကာင္း ရွင္းလင္းထားတဲ့ အပိုင္းကို ဂ႐ုတစိုက္နဲ႔ ျဖည္းျဖည္းခ်င္း ျပန္စဥ္းစားလိုက္တယ္။

လူတစ္ေယာက္က ဝိဉာဥ္စြမ္းအင္ အလုံအေလာက္ ပိုင္ဆိုင္ထားၿပီး တ႐ုတ္စာလုံးေတြကို နားလည္ေနသေ႐ြ႕ မႏၲန္အတတ္ပညာကို ဘာကန႔္သတ္ခ်က္မွမရွိဘဲ လြတ္လြတ္လပ္လပ္ အသုံးျပဳႏိုင္တယ္။ ခုခံႏိုင္တယ္၊ တိုက္ခိုက္ႏိုင္တယ္၊ ေဆးကုသႏိုင္တယ္၊ ၿပီးေတာ့ ကူညီေပးႏိုင္တယ္။

မႏၲန္အတတ္ပညာက ေျပာရမယ္ဆိုရင္ အေတာ္က်ယ္ျပန႔္တဲ့ အတတ္ပညာတစ္ရပ္ပဲ။

သခင္-အေစခံစာခ်ဳပ္ကို ေျပာင္းျပန္လွန္ဖို႔အတြက္ (反) ဆိုတဲ့ စုတ္ခ်က္ေလးခ်က္ ေရးဆြဲခဲ့႐ုံနဲ႔တင္ သူ အရမ္း ပင္ပန္းခဲ့ရတာဆိုေတာ့ သူ႔ဝိဉာဥ္စြမ္းအားကို အကုန္လုံးနီးပါး အသုံးျပဳလိုက္ရတဲ့ သေဘာပဲမဟုတ္ပါလား။ ေနာက္တစ္နည္း ေျပာရရင္ သူ႔ရဲ႕လက္ရွိဝိဉာဥ္စြမ္းအားက စုတ္ခ်က္ေလးခ်က္ေအာက္ စာလုံးေတြကို အခက္အခဲမရွိ ေရးဆြဲႏိုင္လိမ့္မယ္။

ဒါေပမဲ့ စုတ္ခ်က္ေလးခုအထက္ စာလုံးေတြကိုေတာ့ မေျပာတတ္ဘူး။ မႏၲန္အတတ္ပညာက အဓိကဇာတ္ေကာင္အတြက္ သူကိုယ္တိုင္ အထူးတလည္ ဖန္တီးေပးခဲ့တဲ့ စြမ္းအားႀကီး Golden Finger ျဖစ္ေနရင္ေတာင္ အားနည္းခ်က္ အနည္းငယ္ေတာ့ ရွိေနဦးမွာပဲ။

အဓိကဇာတ္ေကာင္က Golden Finger ေတြကို အသုံးျပဳၿပီး ၿပိဳင္ဘက္ကင္းစြာနဲ႔ ကမာၻႀကီးတစ္ခုလုံးကို အုပ္စိုးႏိုင္ခဲ့တယ္။ ဇာတ္ေၾကာင္းရဲ႕ အဆုံးသတ္ကို ဒီလိုမ်ိဳး စဥ္းစားထားေပမယ့္ ဒီစာေရးသူေလးကေတာ့ စေတးခံလိုက္ရရွာၿပီ။ ပိုက္ဆံမရႏိုင္ေတာ့ဘူး။

အကုန္လုံးကို ၿခဳံငုံၾကည့္မယ္ဆိုရင္ မႏၲန္အတတ္ပညာမွာ ကန႔္သတ္ခ်က္တစ္ခု ရွိေနတယ္။

စုတ္ခ်က္စေရးၿပီး အဆုံးမသတ္ႏိုင္ခဲ့ရင္ တန္ျပန္သက္ေရာက္မႈဒဏ္ကို ခံရလိမ့္မယ္။ ၿပီးေတာ့ ဝိဉာဥ္စြမ္းအားလည္း ထိခိုက္ရလိမ့္မယ္။

မႏၲန္အရွင္သခင္တစ္ေယာက္က လုပ္ႏိုင္တာထက္ ပိုၿပီးလုပ္ေဆာင္မိခဲ့ရင္၊ သို႔တည္းမဟုတ္ သူတို႔တတ္ႏိုင္တဲ့ ဝိဉာဥ္စြမ္းအားထက္ ပိုအသုံးျပဳခဲ့မိရင္၊ အက်ိဳးဆက္က အရမ္းကို ျပင္းထန္လိမ့္မယ္။ သက္သာတဲ့ အက်ိဳးဆက္ကေတာ့ ဝိဉာဥ္စြမ္းအားနယ္ေျမကို ပ်က္စီးေစ႐ုံေလာက္ပဲ။ ဒါေပမဲ့ အရမ္းျပင္းထန္ရင္ တစ္ကိုယ္လုံး မလႈပ္ရွားႏိုင္ေတာ့ဘဲ ကိုမာဝင္သြားလိမ့္မယ္။ ဒီထက္ပိုဆိုးရင္ေတာ့ အသက္ကိုပါ ဆုံးရႈံးရလိမ့္မယ္။

ဝံပုေလြအုပ္လိုက္ႀကီးနဲ႔ ရင္ဆိုင္ေနရတာေတာင္ သူ႔ကိုယ္သူ ကယ္တင္ဖို႔အတြက္ မႏၲန္အစြမ္းကို အသုံးမျပဳႏိုင္ခဲ့ဘူး။ ဘာလို႔လဲဆိုေတာ့ က်ဥ္းထဲက်ပ္တည္း အေျခအေနမ်ိဳးမွာ ဘယ္လို႐ိုးရွင္းတဲ့ စကားလုံးမ်ိဳး အသုံးျပဳႏိုင္လဲဆိုတာ စဥ္းစားမရခဲ့လို႔ပဲ။ ဝံပုေလြေတြနဲ႔ ရင္ဆိုင္ေတြ႕ေနရေတာ့ အက်ိဳးသင့္အေၾကာင္းသင့္ စဥ္းစားဖို႔ အခ်ိန္မရခဲ့တာေၾကာင့္ တုံ႔ဆိုင္းေနမိတဲ့ အခ်ိန္တစ္ခဏေလးအတြင္းမွာ ေသမင္းနဲ႔ လက္တစ္ကမ္းအလို ျဖစ္သြားခဲ့တယ္။ အဆုံးသတ္မွာေတာ့ အသက္ရွင္ႏိုင္ဖို႔အတြက္ ရင္းဆုယဲ့ကို မွီခိုေနရဆဲပဲ။

လက္ရွိအခ်ိန္မွာေတာ့ ၾကည္လင္တဲ့ အေတြးေတြနဲ႔ ႐ႊယ္ယို႔ရွန္းက ဝံပုေလြေတြကိုျမင္ၿပီး ေၾကာက္လြန္းလို႔ ဘာမွမလုပ္ႏိုင္ခဲ့တာကို လုံးဝ ဝန္ခံမွာမဟုတ္ဘူး။ ျပန္တိုက္ခိုက္ဖို႔ နည္းလမ္းရွာမရတာလို႔ပဲ ဆင္ေျခေပးလိမ့္မယ္။ သူ႔ရဲ႕ နာမည္ေကာင္းေလးကို ျပန္ၿပီးအဖက္ဆယ္ႏိုင္ဖို႔အတြက္ ရင္းဆုယဲ့ကို ေနာက္မွ ေသေသခ်ာခ်ာ ရွင္းျပရဦးမယ္။

အခုေတာ့ ရင္းဆုယဲ့ကို ကုသေပးႏိုင္ဖို႔ သူအသုံးျပဳႏိုင္ေလာက္မယ့္ တ႐ုတ္စာလုံးတခ်ိဳ႕ စဥ္းစားၾကည့္ရမယ္။

医、治、疗、痊、愈、合、康、恢、复、好…
ကုသျခင္း၊ ျပဳစုျခင္း၊ ေရာဂါကုထုံး၊ ျပန္လည္ေကာင္းမြန္ျခင္း၊ ေပ်ာက္ကင္းျခင္း၊ ၿပီးျပည့္စုံျခင္း၊ က်န္းမာျခင္း၊ ျပန္လည္သက္သာျခင္း၊ ျပန္ေကာင္းျခင္း၊ ေကာင္းမြန္ျခင္း ……

ဒီစာလုံးေတြက ေရာဂါေဝဒနာကို ကုသႏိုင္စြမ္းရွိတယ္။ စာလုံးအမ်ားႀကီးရွိေပမယ့္ အ႐ိုးရွင္းဆုံး စကားလုံးေလးေတာင္မွ စုတ္ခ်က္ ၆ ခ်က္ လိုအပ္ေနတယ္။ စုတ္ခ်က္ ၄ ခုေအာက္ အဓိပၸါယ္တူညီတဲ့ စကားလုံးမ်ိဳး သူ ရွာမေတြ႕ခဲ့ဘူး။ ႐ႊယ္ယို႔ရွန္းတစ္ေယာက္ ပထမဆုံးအႀကိမ္အေနနဲ႔ သူ႔ရဲ႕ စာေပအဆင့္အတန္းကို နားလည္လိုက္တယ္။

သူ႔ရဲ႕ အသိဉာဏ္ပညာက အရမ္းနည္းပါးတာပဲ။ ၿပီးေတာ့ ေဒသႏၲရဗဟုသုတလည္း အရမ္းနိမ့္လြန္းတယ္..!

“မင္းမွာ လုံေလာက္တဲ့ စြမ္းအင္မရွိရင္ ေခါင္းမာမေနနဲ႔..”

ရင္းဆုယဲ့လည္း မႏၲန္အတတ္ပညာရဲ႕ ကန႔္သတ္ခ်က္ေတြအေၾကာင္း အေတာ္အသင့္ နားလည္ထားတယ္။ ႐ႊယ္ယို႔ရွန္းရဲ႕ လက္ရွိအေျခအေနကို တစ္ခ်က္ၾကည့္လိုက္႐ုံနဲ႔ ခ်က္ခ်င္းနားလည္သြားၿပီး ႐ူးသြပ္လုမတတ္ ကိုယ့္ကိုယ္ကို ျပန္ႏွိပ္စက္ၿပီး အေျဖရွာေနတဲ့ ေကာင္ေလးကို တားဆီးလိုက္တယ္။

“ကြၽန္ေတာ္ ႀကိဳးစားၾကည့္ပါဦးမယ္..”

ရင္းဆုယဲ့က သူ႔အကူအညီမလိုဘူးလို႔ ေျပာလိုက္တာေၾကာင့္ ႐ႊယ္ယို႔ရွန္းမွာ ရွက္အမ္းအမ္း ျဖစ္သြားရတယ္။

ဘယ္သူပဲၾကည့္ၾကည့္ ရင္းဆုယဲ့ရဲ႕ လက္ရွိဒဏ္ရာေတြက သူ႔ကို ကယ္တင္ရင္း ထိခိုက္လာတာပဲ။ အဲ့ေတာ့ ‘မလုပ္ႏိုင္ဘူး’ လို႔ ဆင္ေျခေပးၿပီး ထိုင္မၾကည့္ေနႏိုင္ဘူးေလ..!

တကယ္ေတာ့ သူ႔ကိုယ္သူ စုတ္ခ်က္ေလးခုေအာက္ စာလုံးေတြနဲ႔ပဲ ကန႔္သတ္မထားသင့္ဘူး။ ကန႔္သတ္ေနရင္လည္း ေရးစရာ စာလုံးမရွိေတာ့ဘူး။ စုတ္ခ်က္ေလးခ်က္ပါတဲ့ စာလုံးတစ္လုံးေရးၿပီး ပင္ပန္းခဲ့ရတယ္ဆိုေပမယ့္ သူ႔ရဲ႕ limit ေရာက္ေနၿပီလို႔ ဆိုလိုတာမွမဟုတ္တာ။ ဒီအခြင့္အေရးကို အသုံးခ်ၿပီး စုတ္ခ်က္အနည္းငယ္ပိုတဲ့ စာလုံးတခ်ိဳ႕ စိန္ေခၚၾကည့္ရမယ္..!

Nike ရဲ႕ ေဆာင္ပုဒ္အတိုင္း ‘Just do it’ လုပ္ၾကည့္တာေပါ့..!

(TN : Nike ဆိုတာ ဖိနပ္တံဆိပ္ကို ေျပာတာပါ..)

႐ႊယ္ယို႔ရွန္းလည္း သူ႔ဦးေႏွာက္ထဲကေန အသင့္ေတာ္ဆုံး စာလုံးတစ္လုံးကို အေျဖရွာၾကည့္လိုက္တယ္။ ေနာက္ဆုံးေတာ့ စုတ္ခ်က္အနည္းဆုံး၊ ေရးရအလြယ္ကူဆုံး စာလုံးတစ္လုံးကို ေ႐ြးခ်ယ္ႏိုင္ခဲ့တယ္။ ဒီလိုနဲ႔ သူ႔လက္ေခ်ာင္းကို မိုးေပၚေျမႇာက္ၿပီး ေလထုထဲမွာ အစီအရင္တစ္ခုကို စတင္ေရးဆြဲလိုက္ေတာ့တယ္။

စုတ္ခ်က္ေလးခုေျမာက္ ေရာက္လာခ်ိန္မွာေတာ့ သူ႔ရဲ႕ဝိဉာဥ္စြမ္းအားေတြ ယုတ္ေလ်ာ့သြားတာကို ႐ႊယ္ယို႔ရွန္း သိသိသာသာ ခံစားလိုက္ရတယ္။ အမ်ားႀကီး မက်န္ေတာ့ေပမယ့္ လုံးဝကုန္သြားတာေတာ့ မဟုတ္ေသးဘူး။ ထို႔ေၾကာင့္ သူ႔ကိုယ္သူ တြန္းအားေပးၿပီး ၅ ခ်က္ေျမာက္စုတ္ခ်က္ကို ဆက္ေရးလိုက္တယ္။

၆ ခ်က္ေျမာက္စုတ္ခ်က္ ေရးဆြဲခ်ိန္မွာေတာ့ ႐ႊယ္ယို႔ရွန္းရဲ႕လက္က စတင္တုန္ယင္လာခဲ့ၿပီ။ နဖူးထက္က ေခြၽးေစးေတြလည္း စီးက်ေနခဲ့ၿပီ။ ဒီလကၡဏာအရ ဝိဉာဥ္စြမ္းအား ကုန္ဆုံးေတာ့မယ့္ အေျခအေနပဲ။

ဘယ္လိုပဲေျပာေျပာ ႐ႊယ္ယို႔ရွန္းက ရပ္တန႔္လိုက္ဖို႔ စိတ္ကူးမရွိခဲ့ဘူး။ အံႀကိတ္ကာ ေသြးေၾကာေတြ ေထာင္လာတဲ့အထိ လက္က်န္ဝိဉာဥ္စြမ္းအား စုစည္းလိုက္ၿပီး ေနာက္ဆုံးစုတ္ခ်က္ကို အၿပီးသတ္လိုက္တယ္။

“ၿပီးျပည့္စုံျခင္း (合) ”

မႏၲန္အစီအရင္ ေအာင္ျမင္သြားတာနဲ႔ အက်ိဳးသက္ေရာက္မႈရွိမရွိ ေစာင့္ၾကည့္ေနဖို႔ ႐ႊယ္ယို႔ရွန္းမွာ အင္အားမရွိေတာ့ဘူး။ လက္က်န္စြမ္းအားနဲ႔ မႏၲန္အစီအရင္ကို ရင္းဆုယဲ့ဆီ ပစ္လႊတ္လိုက္တယ္။ ထို႔ေနာက္ သူ႔ရဲ႕ မ်က္ဝန္းေတြ ပိတ္က်သြားၿပီး သတိလစ္သြားေတာ့တယ္။

…………………………………….

Continue Reading

You'll Also Like

70.5K 9.5K 10
ရွာသားများက မြစ်စောင့်နတ်ထံ သတို့သမီးအဖြစ် ဆက်သရန် မိန်းမပျိုတစ်ဦးကို ရွေးချယ်ထားသည်။ ထိုမိန်းမပျိုအား ကယ်တင်ရန် လျိုချီသည် မြစ်စောင့်နတ်နန်းသို့ ကိ...
1.5M 246K 163
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က သူ့ကိုဟောင်နေပြီး အန္တရာယ်ပေးဖို့ရန်ကြိ...
2.5M 249K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
46.2K 4.5K 46
• Harem • အတောင်တစ်ချက်ခတ်လိုက်ရုံနဲ့ အားအနည်းဆုံးသတ္တဝါက တပြိုင်ထဲမှာ အာဏာအရှိဆုံးဘုရင်ဖြစ်လာနိုင်တယ်။ အေတာင္တစ္ခ်က္ခတ္လိုက္ရံုနဲ႔ အားအနည္းဆံုးသတၱဝ...