[ သူကြီးသမက် ]
အရိပ်ရိုးကိုစိတ်ဆိုးပြီးပြန်လာတော့၊မျက်နှာကလဲမှုန်ကုပ်နေသည်။
" သား ဘာဖြစ်လာတာလဲ မသိရင်တစ်ရွာလုံးနဲ့ ရန်ဖြစ်လာသလိုပဲ ငါ့သားမျက်နှာက "
အရိပ်ခြံထဲဝင်လာတော့၊အိမ်ရှေ့ကွပ်ပျစ်မှာထိုင်နေတဲ့ အမေကမေးလာသည်။
အဖေကအမေနံဘေးမှာထိုင်၍၊သူ့ရဲ့ကျည်မပါတဲ့သေနတ်အရှည်ကြီးကိုဖုန်သုတ်နေသည်။
" ဘာမှမဖြစ်ပါဘူး အမေ "
အရိပ်ရိုးကိုစိတ်တိုလာတာပါလို့ အဖေနဲ့အမေကို ဘယ်လိုလုပ်ပြောပြလိုရမှာလဲ။
" ကိုကို ရေချိုးသွားရအောင် "
အိမ်ထဲကနေထဘီရင်ရှားတဘက်ခြုံထွက်လာတဲ့ ညီမလုပ်သူနှင်းနုကပြောလာသည်။
" အင်း သွားမယ် "
အရိပ်တို့ဇီးပင်ကုန်းရွာလေးကမြစ်ဆိပ်နံဘေးမှာတည်ရှိတာကြောင့် တစ်ရွာလုံးကရေချိုးရင်မြစ်ဆိပ်မှာပဲဆင်းချိုးကြသည်။
သောက်ရေကိုတော့ ရွာလယ်ကရေတွင်းမှာခပ်ယူကြ၍၊အိုးခွက်ပန်းကန်ဆေးရေကိုတော့၊မြစ်ဆိပ်မှာပဲညနေစောင်းလုံမပျိုလေးများကရေအိုးခေါင်းရွက်ခပ်ယူကြပြီး၊ကာလသားများကတော့ ရေထမ်းပုံးရှေ့တစ်ပုံးနောက်တစ်ပုံးနဲ့ခပ်ယူကြသည်။
ရွာထဲကနေမြစ်ဆိပ်ကိုသွားရာလမ်းအတိုင်း အရိပ် အပေါ်ပိုင်းဗလာကျင်းခါး၌ပုဆိုးဒူးလောက်ထိ ခပ်တိုတိုဝတ်ပြီးရေဆိပ်ကိုလာခဲ့လိုက်သည်။
ညီမလုပ်သူနှင်းနုကလဲအဝတ်လျှော်ရန်အဝတ်ပုံးပိုက် ထဘီရင်ရှားပခုံးပေါ်တဘက်ပတ်ဆံပင်ရှည်ကိုရေမစိုအောင်ဘီးဆံပတ်ထုံးလို့ မောင်နှမနှစ်ယောက်လျှောက်လာစဉ်။
" ညှော်အိုးဟေ့ ,,,, ညှော်အိုး ,,,,"
အရီးစိန်ရဲ့အော်သံကခုနှစ်အိမ်ကြားရှစ်အိမ်ကြားပေါ်ထွက်လာသည်။
ကျွန်တော်တို့ရွာမှာကအိမ်နဲ့တစ်အိမ်ဟင်းချက်လို့ ကြက်သွန်ဆီသတ်တာပဲဖြစ်ဖြစ် ငရုပ်သီးကြော်တာပဲဖြစ်ဖြစ်ညှော်လုပ်စရာရှိရင်ကိုယ်အနီးအနားကအိမ်တွေကိုအော်သတိပေးရသည်။
ညှော်မခံနိုင်သူနေမကောင်းသူတွေကိုညှော်ရှောင်ခိုင်းတာဖြစ်၏။ တကယ်လို့ သတိမပေးပဲညှော်လုပ်မိလိုမကျေနပ်သူရှိပါကသူကြီးနဲ့အတိုင်ခံရပြီး ကျေနပ်အောင်တောင်းပန်ရသည်။
နွေရာသီဆိုအိမ်တိုင်းအိမ်တိုင်းမီးကိုမွှေးချင်တဲ့နေရာမွှေးချက်လို့မရ မီးဖိုကျင်းဆိုတာကတူးထားရသည်။
လူတစ်ယောက်ငုတ်တုတ်ထိုင် ဒူးလောက်နက်တဲ့ ကျင်းကိုတူးပြီး။ထိုထဲမှာချက်ရသည်။
နေ့လယ်ဆယ်တစ်နာရီဆိုတာနဲ့မီးကိုအစနမရှိမီးသတ်ထားရ၏။ နေ့လယ်ဆိုရွာထဲကတာဝန်ရှိသူဆယ်အိမ်ခေါင်းတချို့ကအလှည့်ကြနေ့တိုင်းလာစစ်ဆေးသည်။
မိရင်ရွာရဲ့ရန်ဘုံငွေအဖြစ်ဒဏ်ငွေဆောင်ရ၏။ ညနေဆိုရင်တော့ သုံးနာရီကနေစမီးပြန်မွေးလို့ရပြီး။ ကျွန်တော်တို့ရွာကမြန်မာနိုင်ရဲ့အလယ်ပိုင်းမကွေးတိုင်းထဲကရွာလေးတစ်ရွာဖြစ်လို့ ရန်ကုန်ဘက်ကလူတွေကကျွန်တော်တို့ကိုအညာသူအညာသားလို့ခေါ်ပေမဲ့ အထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်တွေဘက်ကကျွန်တော်တို့ကိုအောက်သားလို့ ခေါ်ပြန်တယ် အမှန်တော့ ကျွန်တော်တို့မကွေးတိုင်းကဟိုမရောက်ဒီမရောက်မြန်မာနိုင်ငံအလယ်ပိုင်းကျတယ်။
" အရီးစိန် ညှော်အိုးအော်နေတယ်ဆိုတော့ ဟင်းကောင်းပေါ့ "
အရီစိန်းကလဲ အရိပ်ရဲ့လှမ်းနှုတ်ဆက်စနောက်မေးလာတဲ့စကားကိုတုံ့ပြန်ဖြေဆိုလာသည်။
" အေးဟေ့ မနက်ကနင့်တို့ဘကြီး ကြက်တွေမီးဖိုးထဲဝင်လိုဆိုပြီး လက်စွမ်းအပြလွန်ပစ်လိုက်တာ ငါ့ကြက်မလေးတစ်ကောင် သေရောဟေ့ "
" ဟား,ဟား "
" ခစ်,ခစ် အရီး အဲဒါအဘကကြက်သားဟင်းစားချင်လို့ အကွက်ဆင်တာ သိလား "
အရီးကိုညီမလုပ်သူနှင်းနုကစနောက်ပြောလိုက်တော့။
" အေး ငါ့ကနေတိုင်း ငါးသေးသေးလေးတွေပဲ ငရုတ်သီးနဲ့ချက်ကျွေးနေတော့ နင့်တို့ဘကြီးကြက်သားစားချင်ပြီနေမှာပေါ့ ဟား,ဟား "
အရီးကလဲပြန်စနောက်ကာပြောလာသည်။
" သွားပြီ အရီးရေ ... ရေချိုးနောက်ကြတော့မယ် "
" အေး အေး "
အရိပ်တို့မောင်နှမနှစ်ယောက် အရီးကိုနှုတ်ဆက်ပြီး။ စကားစဖြက်ကာဆက်လျှောက်လာခဲ့လိုက်သည်။
အရိပ်တို့မြစ်ဆိပ်ကရွာကမ်းကနေဆင်းပြီး။ ရေစပ်ရောက်ဖို့ သဲသောင်ပြင်တစ်ခုကိုဖြတ်လျှောက်ရသေးသည်။
ဒီလိုအချိန်ဆိုမြစ်ဆိပ်ကသဲသောင်ပြင်ထွန်းပြီး။ ရေကြီးချိန်ဆိုရင်တော့ ကမ်းစပ်နားကအိမ်တွေ အိမ်အနောက်အစပ်ထိကိုရေရောက်သည်။
တဖြည်းဖြည်းလျှောက်လာရင်းရေစပ်နီးလာတော့ သဲသောင်ပြင်ပေါ်မှာရေမချိုးခင်ဘောလုံးကန်နေတဲ့ကြတဲ့ဆယ်ကျော်သက်ကလေးတွေအဖွဲ့ရှိသလို ရိုးအပါဝင်လူပျိုကလေးအဖေလူတစ်စုကလဲပုဆိုးခါးတောင်းကျိုက်ခြင်းခတ်နေကြသည်။
အပျိုအအိုအဘွားကြီးများကလဲ ရေစပ်မှာအဆင်သင့်သလိုထိုင်ချပြီး။ ကမ်းစပ်မှာချထားတဲ့ကျောက်ပြားအသေးအကြီးလွတ်တဲ့နေရာမှာဝင်ထိုင်၍အဝတ်လျှော်ဖွပ်နေကြသည်။
ဒါဟာအရိပ်တို့ဇီးပင်ကုန်းရွာရဲ့နေစဉ်ပုံမှန်တွေ့နေကြ ညနေစောင်းမြင်ကွင်းလေးတစ်ခုပဲဖြစ်သည်။
မြို့ကြီးသူမြို့ကြီးသားတွေလို ရေချိုးတာ တစ်ယောက်ယောက်မြင်လို့ ရှက်တယ်ဆိုတာ မရှိ အပျိုတွေလည်းသူ့ဘာသာရေချိုးနေသလို လူပျိုတွေလဲ သူ့ဘာသာခြင်းခတ်ဘောလုံးကန်နေကြပြီး။ နှာဘူးထစိုက်ကြည့်နေတယ်ဆိုတာမရှိ ဒါကတော့ ရွာရဲ့ငယ်စဉ်တောင်ကြီးကလေးဘဝအရွယ်ကတည်းကရွာဓလေ့မို့ ရိုးနေကြပြီဖြစ်သည်။
အရိပ် ရိုးခြင်းခတ်နေတာကိုမြင်ပေမဲ့ ညနေက အင်းထဲကအကြောင်းတွေးပြီး စိတ်ဆိုးကာရေစပ်ကိုပဲဦးတည်လျှောက်လာခဲ့လိုက်သည်။
ရိုး ခြင်းခတ်နေတုန်းအရိပ်ကိုမြင်လိုက်၍ မျက်မှောင်ကြုတ်လိုက်ပြီး။ သူဆီလွင့်လာတဲ့ခြင်းလုံးကိုမခတ်ပဲရပ်လိုက်တော့ ခြင်းလုံးကပြုတ်ကျသွားသည်။
" ဟေ့ကောင် ငရိုးမခတ်တော့ဘူးလား "
" အေး မင်းတို့ပဲဆက်ခတ်ထားလိုက် "
ရိုး ဆွေဦးရဲ့အမေးကိုပြန်ဖြေလိုက်ပြီး။ အရိပ်ဆီလျှောက်လာလိုက်သည်။။
" နွေလရိပ် နေဦး "
သူ့ကိုမမြင်သလို တစ်ချက်တောင်လှည့်မကြည်ပဲ ရေစပ်ကိုသွားနေတဲ့ အရိပ်ကိုတားလိုက်တော့ အရိပ်ကရိုးကိုရပ်စောင့်နေသည်။
အရိပ်ညီမလုပ်သူနှင်းနုကတော့ အဝတ်ခြင်းတောင်းပိုက်၍ ကျောက်ပြားလွတ်တွေ့တာနဲ့ နောက်လူတွေမလာခင်အရင်ဆုံးနေရာဦးရန်လျှောက်သွားသည်။
" ဘာလဲ !"
ရိုးအနားရောက်တာနဲ့အရိပ်ကစူအောင့်နေတဲ့လေသံနဲ့မေးလိုက်သည်။
" အိမ်မှာတဘက်တစ်ထည်တောင်မရှိတော့ဘူးလား မင်းခြုံလာဖို့က ဟမ် !!"
ရိုးဘာပြောချင်လဲဆိုတာအရိပ်အခုမှသိလိုက်၏။ သူအပေါ်ပိုင်းအင်္ကျီဗလာကျင်းနဲ့လာခဲ့တာကိုမကြိုက်လိုဖြစ်သည်။
" ဘာဖြစ်လဲ အရိပ်ကယောကျ်ားလေးပဲလေ ဟိုမှာ မိန်းကလေးတွေတောင် ထဘီရင်ရှားနဲ့ချိုးနေကြသေးတာပဲ !"
ရိုးကိုမကျေနပ်ထားတာကြောင့် အရိပ်အဖြေကလဲ ခပ်ဆောင့်ဆောင့်အောင့်အောင့်သာထွက်လာသည်။
" မတူဘူးလေ သူတို့ကငါ့အပိုင်မဟုတ်ဘူး မင်းက ငါ့အပိုင် ဘယ်သူမှပေးမကြည့်နိုင်ဘူး !"
ရိုးကလဲအရိပ်သူ့ကိုပြန်ပြောလို့ စိတ်တိုနေတယ်ထင်၏။ အရိပ်ကိုမင်းနဲ့ငါ့သုံးနှုန်းပြောလာသည်။
" အရိပ်ကိုလာပြောနေရအောင် ရိုးမှာတောင်အခုတဘက်ပါလို့လား !"
" တူလား မင်းနဲ့ငါ့က "
" ရိုး လာမရစ်နဲ့ကွာ ဒီရွာမှာဒီလိုချိုးလာတာ ငယ်ကတည်းကမိန်းကလေးတွေတောင် ချိုးနေတာ ဘာဖြစ်နေတာလဲ ငရစ်ကောင်ကြီးရဲ့ !"
" အရိပ် မရိုင်းနဲ့ငါ့မင်းထပ်ကြီးတယ်နော် !!"
" ကိုးရက်ပဲကြီးတာကို !"
ရိုးအရိပ်ရဲ့တန်ပြန်စကားကြောင့်။
" ဘယ်လောက်ကြီးကြီး အကြီးပဲ စကားပြောတာ မရိုင်းနဲ့သွားမြန်မြန်ချိုးတော့ !"
ရိုးကအရိပ်ကိုပြောပြီး ရွာဘက်ကိုအမြန်လျှောက်သွားသည်။ ရိုးပုံစံကရေမချိုးရသေးတာကြောင့် ပြန်သွားတာတော့မဖြစ်နိုင် ဘယ်သွားတာလဲ အရိပ်မသိတာကြောင့် ကိုယ့်ဘာသာမြစ်ထဲဆင်းရေအမြန်ချိုးလိုက်သည်။
မြစ်ထဲရေမစိမ်ရတာကြာပြီမို့ မြစ်ရေအေးအေးလေးထဲအရိပ်ဆင်းချိုးလိုက်ချိန်ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးလန်းဆန်းသွားသည်။
အရိပ်လည်းအနည်းငယ်ရေနက်တဲ့ဘက်ကိုခြေဆန့်လက်ဆန်ကာကူးခပ်လိုက်သည်။
မှတ်မိပါသေး၏။ ငယ်ငယ်တုန်းကဆိုရေလယ်ကသင်္ဘောကြီးတွေဖြတ်သွားရင်ကမ်းစပ်ကိုလာရိုက်ခတ်တဲ့ရေလှိုင်းလေးတွေကိုရေကူးရင်း ရိုးအပါဝင်တခြားရွာထဲကသူငယ်ချင်းများနဲ့ရေလှိုင်းစီးလို့ပျော်ခဲ့ကြသည်။
မိန်းကလေးများဆိုရင်လဲရေလှိုင်းလာချိန်ဆိုထဘီကိုရေပူဖောင်းလုပ်ပြီးစီးခဲ့ကြသည်။
ထိုအချိန် ငယ်ဘဝတွေကပိုပျော်ဖို့ကောင်းလွန်းလှသည်။
" နှင်းနု ,,, ငါ့အဝတ်လျှော်ဆပ်ပြာမေ့ခဲ့လို့ ပေးတိုက်စေပါဦး အေ "
အရိပ်ခန္ဓာကိုယ်အမွေးခဲတိုက်နေတုန်း မောင်းလှရဲ့ မိန်းမမိအေးကညီမနှင်းနုဆီကအဝတ်လျှော်ဆပ်ပြာငှားနေသည်။
" ရော့ ရော့ မမိအေးရယ် လယ်ထွန်သွားနွားမေ့ဆိုတာ မမိအေးလိုလူဖြစ်မယ် အဝတ်လျှော်လာတာ ဆပ်ပြာမေ့ခဲ့ရတယ်လို့ တကယ်ပဲ "
ညီမလုပ်ကမိအေးကို ပေးလဲပေးပါးစပ်ကလဲပြောနေတဲ့ပုံကိုအရိပ်ကြည့်ပြုံးလိုက်ပြီး။ ဆပ်ပြာတိုက်ရေထဲနောက်တစ်ကြိမ်ကူးကာချိုးလိုက်သည်။ ရေထဲကပြန်တက်၍ ရေချိုးပြီးပြီဖြစ်တာကြောင့် ပုဆိုးလဲကာရေစိုနေတဲ့ ပုဆိုးကိုညီမလုပ်ဆီပစ်ပေးလိုက်သည်။
" ကိုကို ပုဆိုးလျှော်ခဲ့လိုက် "
" ဟုတ် ကိုကိုပြန်နှင့်လိုက်တော့ ညီမအဝတ်လျှော်တာ ကြာဦးမှာ "
" အင်း "
ထိုအချိန် အရိပ်နံဘေးကိုရိုးရောက်လာသည်။
လက်ထဲမှာလဲ တဘက်တစ်ထည်ကိုကိုင်လာပြီး အရိပ်ကိုထိုးပေးလာ၍။
" ရော့ ခြုံသွား အိမ်ကပြန်သွားယူခဲ့တာ နောက်တစ်ခါမြစ်ဆိပ်ကိုတဘက်မခြုံပဲဒီအတိုင်းလာကြည့် "
" အရိုက်ခံရမယ် "
" ဟွန့် "
အရိပ်လည်း ရိုးပေးတဲ့တဘက်ကိုခြုံလိုက်ပြီး။ ရိုးကိုစိတ်ဆိုးနေတာမပြေသေးတာကြောင့် လှည့်ထွက်လာခဲ့လိုက်၏။ ရင်ထဲမှာတော့ကြည်နူးနေမိသည်။
သူ့ရဲ့ရိုးကအရိပ်ကိုပစ်ထားသလိုနဲ့အရမ်းချစ်ပြီးဂရုစိုက်တတ်လွန်းသူဖြစ်သည်။
< 1 , 9 , 2021 >
[ သူႀကီးသမက္ ]
အရိပ္ရိုးကိုစိတ္ဆိုးၿပီးျပန္လာေတာ့၊မ်က္ႏွာကလဲမႈန္ကုပ္ေနသည္။
" သား ဘာျဖစ္လာတာလဲ မသိရင္တစ္႐ြာလုံးနဲ႕ ရန္ျဖစ္လာသလိုပဲ ငါ့သားမ်က္ႏွာက "
အရိပ္ၿခံထဲဝင္လာေတာ့၊အိမ္ေရွ႕ကြပ္ပ်စ္မွာထိုင္ေနတဲ့ အေမကေမးလာသည္။
အေဖကအေမနံေဘးမွာထိုင္၍၊သူ႕ရဲ႕က်ည္မပါတဲ့ေသနတ္အရွည္ႀကီးကိုဖုန္သုတ္ေနသည္။
" ဘာမွမျဖစ္ပါဘူး အေမ "
အရိပ္ရိုးကိုစိတ္တိုလာတာပါလို႔ အေဖနဲ႕အေမကို ဘယ္လိုလုပ္ေျပာျပလိုရမွာလဲ။
" ကိုကို ေရခ်ိဳးသြားရေအာင္ "
အိမ္ထဲကေနထဘီရင္ရွားတဘက္ၿခဳံထြက္လာတဲ့ ညီမလုပ္သူႏွင္းႏုကေျပာလာသည္။
" အင္း သြားမယ္ "
အရိပ္တို႔ဇီးပင္ကုန္း႐ြာေလးကျမစ္ဆိပ္နံေဘးမွာတည္ရွိတာေၾကာင့္ တစ္႐ြာလုံးကေရခ်ိဳးရင္ျမစ္ဆိပ္မွာပဲဆင္းခ်ိဳးၾကသည္။
ေသာက္ေရကိုေတာ့ ႐ြာလယ္ကေရတြင္းမွာခပ္ယူၾက၍၊အိုးခြက္ပန္းကန္ေဆးေရကိုေတာ့၊ျမစ္ဆိပ္မွာပဲညေနေစာင္းလုံမပ်ိဳေလးမ်ားကေရအိုးေခါင္း႐ြက္ခပ္ယူၾကၿပီး၊ကာလသားမ်ားကေတာ့ ေရထမ္းပုံးေရွ႕တစ္ပုံးေနာက္တစ္ပုံးနဲ႕ခပ္ယူၾကသည္။
႐ြာထဲကေနျမစ္ဆိပ္ကိုသြားရာလမ္းအတိုင္း အရိပ္ အေပၚပိုင္းဗလာက်င္းခါး၌ပုဆိုးဒူးေလာက္ထိ ခပ္တိုတိုဝတ္ၿပီးေရဆိပ္ကိုလာခဲ့လိုက္သည္။
ညီမလုပ္သူႏွင္းႏုကလဲအဝတ္ေလွ်ာ္ရန္အဝတ္ပုံးပိုက္ ထဘီရင္ရွားပခုံးေပၚတဘက္ပတ္ဆံပင္ရွည္ကိုေရမစိုေအာင္ဘီးဆံပတ္ထုံးလို႔ ေမာင္ႏွမႏွစ္ေယာက္ေလွ်ာက္လာစဥ္။
" ေညွာ္အိုးေဟ့ ,,,, ေညွာ္အိုး ,,,,"
အရီးစိန္ရဲ႕ေအာ္သံကခုႏွစ္အိမ္ၾကားရွစ္အိမ္ၾကားေပၚထြက္လာသည္။
ကြၽန္ေတာ္တို႔႐ြာမွာကအိမ္နဲ႕တစ္အိမ္ဟင္းခ်က္လို႔ ၾကက္သြန္ဆီသတ္တာပဲျဖစ္ျဖစ္ င႐ုပ္သီးေၾကာ္တာပဲျဖစ္ျဖစ္ေညွာ္လုပ္စရာရွိရင္ကိုယ္အနီးအနားကအိမ္ေတြကိုေအာ္သတိေပးရသည္။
ေညွာ္မခံနိုင္သူေနမေကာင္းသူေတြကိုေညွာ္ေရွာင္ခိုင္းတာျဖစ္၏။ တကယ္လို႔ သတိမေပးပဲေညွာ္လုပ္မိလိုမေက်နပ္သူရွိပါကသူႀကီးနဲ႕အတိုင္ခံရၿပီး ေက်နပ္ေအာင္ေတာင္းပန္ရသည္။
ေႏြရာသီဆိုအိမ္တိုင္းအိမ္တိုင္းမီးကိုေမႊးခ်င္တဲ့ေနရာေမႊးခ်က္လို႔မရ မီးဖိုက်င္းဆိုတာကတူးထားရသည္။
လူတစ္ေယာက္ငုတ္တုတ္ထိုင္ ဒူးေလာက္နက္တဲ့ က်င္းကိုတူးၿပီး။ထိုထဲမွာခ်က္ရသည္။
ေန႕လယ္ဆယ္တစ္နာရီဆိုတာနဲ႕မီးကိုအစနမရွိမီးသတ္ထားရ၏။ ေန႕လယ္ဆို႐ြာထဲကတာဝန္ရွိသူဆယ္အိမ္ေခါင္းတခ်ိဳ႕ကအလွည့္ၾကေန႕တိုင္းလာစစ္ေဆးသည္။
မိရင္႐ြာရဲ႕ရန္ဘုံေငြအျဖစ္ဒဏ္ေငြေဆာင္ရ၏။ ညေနဆိုရင္ေတာ့ သုံးနာရီကေနစမီးျပန္ေမြးလို႔ရၿပီး။ ကြၽန္ေတာ္တို႔႐ြာကျမန္မာနိုင္ရဲ႕အလယ္ပိုင္းမေကြးတိုင္းထဲက႐ြာေလးတစ္႐ြာျဖစ္လို႔ ရန္ကုန္ဘက္ကလူေတြကကြၽန္ေတာ္တို႔ကိုအညာသူအညာသားလို႔ေခၚေပမဲ့ အထက္ပိုင္းကခ်င္ျပည္နယ္ရွမ္းျပည္နယ္ေတြဘက္ကကြၽန္ေတာ္တို႔ကိုေအာက္သားလို႔ ေခၚျပန္တယ္ အမွန္ေတာ့ ကြၽန္ေတာ္တို႔မေကြးတိုင္းကဟိုမေရာက္ဒီမေရာက္ျမန္မာနိုင္ငံအလယ္ပိုင္းက်တယ္။
" အရီးစိန္ ေညွာ္အိုးေအာ္ေနတယ္ဆိုေတာ့ ဟင္းေကာင္းေပါ့ "
အရီစိန္းကလဲ အရိပ္ရဲ႕လွမ္းႏႈတ္ဆက္စေနာက္ေမးလာတဲ့စကားကိုတုံ႕ျပန္ေျဖဆိုလာသည္။
" ေအးေဟ့ မနက္ကနင့္တို႔ဘႀကီး ၾကက္ေတြမီးဖိုးထဲဝင္လိုဆိုၿပီး လက္စြမ္းအျပလြန္ပစ္လိုက္တာ ငါ့ၾကက္မေလးတစ္ေကာင္ ေသေရာေဟ့ "
" ဟား,ဟား "
" ခစ္,ခစ္ အရီး အဲဒါအဘကၾကက္သားဟင္းစားခ်င္လို႔ အကြက္ဆင္တာ သိလား "
အရီးကိုညီမလုပ္သူႏွင္းႏုကစေနာက္ေျပာလိုက္ေတာ့။
" ေအး ငါ့ကေနတိုင္း ငါးေသးေသးေလးေတြပဲ င႐ုတ္သီးနဲ႕ခ်က္ေကြၽးေနေတာ့ နင့္တို႔ဘႀကီးၾကက္သားစားခ်င္ၿပီေနမွာေပါ့ ဟား,ဟား "
အရီးကလဲျပန္စေနာက္ကာေျပာလာသည္။
" သြားၿပီ အရီးေရ ... ေရခ်ိဳးေနာက္ၾကေတာ့မယ္ "
" ေအး ေအး "
အရိပ္တို႔ေမာင္ႏွမႏွစ္ေယာက္ အရီးကိုႏႈတ္ဆက္ၿပီး။ စကားစျဖက္ကာဆက္ေလွ်ာက္လာခဲ့လိုက္သည္။
အရိပ္တို႔ျမစ္ဆိပ္က႐ြာကမ္းကေနဆင္းၿပီး။ ေရစပ္ေရာက္ဖို႔ သဲေသာင္ျပင္တစ္ခုကိုျဖတ္ေလွ်ာက္ရေသးသည္။
ဒီလိုအခ်ိန္ဆိုျမစ္ဆိပ္ကသဲေသာင္ျပင္ထြန္းၿပီး။ ေရႀကီးခ်ိန္ဆိုရင္ေတာ့ ကမ္းစပ္နားကအိမ္ေတြ အိမ္အေနာက္အစပ္ထိကိုေရေရာက္သည္။
တျဖည္းျဖည္းေလွ်ာက္လာရင္းေရစပ္နီးလာေတာ့ သဲေသာင္ျပင္ေပၚမွာေရမခ်ိဳးခင္ေဘာလုံးကန္ေနတဲ့ၾကတဲ့ဆယ္ေက်ာ္သက္ကေလးေတြအဖြဲ႕ရွိသလို ရိုးအပါဝင္လူပ်ိဳကေလးအေဖလူတစ္စုကလဲပုဆိုးခါးေတာင္းက်ိဳက္ျခင္းခတ္ေနၾကသည္။
အပ်ိဳအအိုအဘြားႀကီးမ်ားကလဲ ေရစပ္မွာအဆင္သင့္သလိုထိုင္ခ်ၿပီး။ ကမ္းစပ္မွာခ်ထားတဲ့ေက်ာက္ျပားအေသးအႀကီးလြတ္တဲ့ေနရာမွာဝင္ထိုင္၍အဝတ္ေလွ်ာ္ဖြပ္ေနၾကသည္။
ဒါဟာအရိပ္တို႔ဇီးပင္ကုန္း႐ြာရဲ႕ေနစဥ္ပုံမွန္ေတြ႕ေနၾက ညေနေစာင္းျမင္ကြင္းေလးတစ္ခုပဲျဖစ္သည္။
ၿမိဳ႕ႀကီးသူၿမိဳ႕ႀကီးသားေတြလို ေရခ်ိဳးတာ တစ္ေယာက္ေယာက္ျမင္လို႔ ရွက္တယ္ဆိုတာ မရွိ အပ်ိဳေတြလည္းသူ႕ဘာသာေရခ်ိဳးေနသလို လူပ်ိဳေတြလဲ သူ႕ဘာသာျခင္းခတ္ေဘာလုံးကန္ေနၾကၿပီး။ ႏွာဘူးထစိုက္ၾကည့္ေနတယ္ဆိုတာမရွိ ဒါကေတာ့ ႐ြာရဲ႕ငယ္စဥ္ေတာင္ႀကီးကေလးဘဝအ႐ြယ္ကတည္းက႐ြာဓေလ့မို႔ ရိုးေနၾကၿပီျဖစ္သည္။
အရိပ္ ရိုးျခင္းခတ္ေနတာကိုျမင္ေပမဲ့ ညေနက အင္းထဲကအေၾကာင္းေတြးၿပီး စိတ္ဆိုးကာေရစပ္ကိုပဲဦးတည္ေလွ်ာက္လာခဲ့လိုက္သည္။
ရိုး ျခင္းခတ္ေနတုန္းအရိပ္ကိုျမင္လိုက္၍ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး။ သူဆီလြင့္လာတဲ့ျခင္းလုံးကိုမခတ္ပဲရပ္လိုက္ေတာ့ ျခင္းလုံးကျပဳတ္က်သြားသည္။
" ေဟ့ေကာင္ ငရိုးမခတ္ေတာ့ဘူးလား "
" ေအး မင္းတို႔ပဲဆက္ခတ္ထားလိုက္ "
ရိုး ေဆြဦးရဲ႕အေမးကိုျပန္ေျဖလိုက္ၿပီး။ အရိပ္ဆီေလွ်ာက္လာလိုက္သည္။။
" ေႏြလရိပ္ ေနဦး "
သူ႕ကိုမျမင္သလို တစ္ခ်က္ေတာင္လွည့္မၾကည္ပဲ ေရစပ္ကိုသြားေနတဲ့ အရိပ္ကိုတားလိုက္ေတာ့ အရိပ္ကရိုးကိုရပ္ေစာင့္ေနသည္။
အရိပ္ညီမလုပ္သူႏွင္းႏုကေတာ့ အဝတ္ျခင္းေတာင္းပိုက္၍ ေက်ာက္ျပားလြတ္ေတြ႕တာနဲ႕ ေနာက္လူေတြမလာခင္အရင္ဆုံးေနရာဦးရန္ေလွ်ာက္သြားသည္။
" ဘာလဲ !"
ရိုးအနားေရာက္တာနဲ႕အရိပ္ကစူေအာင့္ေနတဲ့ေလသံနဲ႕ေမးလိုက္သည္။
" အိမ္မွာတဘက္တစ္ထည္ေတာင္မရွိေတာ့ဘူးလား မင္းၿခဳံလာဖို႔က ဟမ္ !!"
ရိုးဘာေျပာခ်င္လဲဆိုတာအရိပ္အခုမွသိလိုက္၏။ သူအေပၚပိုင္းအကၤ်ီဗလာက်င္းနဲ႕လာခဲ့တာကိုမႀကိဳက္လိုျဖစ္သည္။
" ဘာျဖစ္လဲ အရိပ္ကေယာက်္ားေလးပဲေလ ဟိုမွာ မိန္းကေလးေတြေတာင္ ထဘီရင္ရွားနဲ႕ခ်ိဳးေနၾကေသးတာပဲ !"
ရိုးကိုမေက်နပ္ထားတာေၾကာင့္ အရိပ္အေျဖကလဲ ခပ္ေဆာင့္ေဆာင့္ေအာင့္ေအာင့္သာထြက္လာသည္။
" မတူဘူးေလ သူတို႔ကငါ့အပိုင္မဟုတ္ဘူး မင္းက ငါ့အပိုင္ ဘယ္သူမွေပးမၾကည့္နိုင္ဘူး !"
ရိုးကလဲအရိပ္သူ႕ကိုျပန္ေျပာလို႔ စိတ္တိုေနတယ္ထင္၏။ အရိပ္ကိုမင္းနဲ႕ငါ့သုံးႏႈန္းေျပာလာသည္။
" အရိပ္ကိုလာေျပာေနရေအာင္ ရိုးမွာေတာင္အခုတဘက္ပါလို႔လား !"
" တူလား မင္းနဲ႕ငါ့က "
" ရိုး လာမရစ္နဲ႕ကြာ ဒီ႐ြာမွာဒီလိုခ်ိဳးလာတာ ငယ္ကတည္းကမိန္းကေလးေတြေတာင္ ခ်ိဳးေနတာ ဘာျဖစ္ေနတာလဲ ငရစ္ေကာင္ႀကီးရဲ႕ !"
" အရိပ္ မရိုင္းနဲ႕ငါ့မင္းထပ္ႀကီးတယ္ေနာ္ !!"
" ကိုးရက္ပဲႀကီးတာကို !"
ရိုးအရိပ္ရဲ႕တန္ျပန္စကားေၾကာင့္။
" ဘယ္ေလာက္ႀကီးႀကီး အႀကီးပဲ စကားေျပာတာ မရိုင္းနဲ႕သြားျမန္ျမန္ခ်ိဳးေတာ့ !"
ရိုးကအရိပ္ကိုေျပာၿပီး ႐ြာဘက္ကိုအျမန္ေလွ်ာက္သြားသည္။ ရိုးပုံစံကေရမခ်ိဳးရေသးတာေၾကာင့္ ျပန္သြားတာေတာ့မျဖစ္နိုင္ ဘယ္သြားတာလဲ အရိပ္မသိတာေၾကာင့္ ကိုယ့္ဘာသာျမစ္ထဲဆင္းေရအျမန္ခ်ိဳးလိုက္သည္။
ျမစ္ထဲေရမစိမ္ရတာၾကာၿပီမို႔ ျမစ္ေရေအးေအးေလးထဲအရိပ္ဆင္းခ်ိဳးလိုက္ခ်ိန္ခႏၶာကိုယ္တစ္ခုလုံးေပါ့ပါးလန္းဆန္းသြားသည္။
အရိပ္လည္းအနည္းငယ္ေရနက္တဲ့ဘက္ကိုေျခဆန႔္လက္ဆန္ကာကူးခပ္လိုက္သည္။
မွတ္မိပါေသး၏။ ငယ္ငယ္တုန္းကဆိုေရလယ္ကသေဘၤာႀကီးေတြျဖတ္သြားရင္ကမ္းစပ္ကိုလာရိုက္ခတ္တဲ့ေရလွိုင္းေလးေတြကိုေရကူးရင္း ရိုးအပါဝင္တျခား႐ြာထဲကသူငယ္ခ်င္းမ်ားနဲ႕ေရလွိုင္းစီးလို႔ေပ်ာ္ခဲ့ၾကသည္။
မိန္းကေလးမ်ားဆိုရင္လဲေရလွိုင္းလာခ်ိန္ဆိုထဘီကိုေရပူေဖာင္းလုပ္ၿပီးစီးခဲ့ၾကသည္။
ထိုအခ်ိန္ ငယ္ဘဝေတြကပိုေပ်ာ္ဖို႔ေကာင္းလြန္းလွသည္။
" ႏွင္းႏု ,,, ငါ့အဝတ္ေလွ်ာ္ဆပ္ျပာေမ့ခဲ့လို႔ ေပးတိုက္ေစပါဦး ေအ "
အရိပ္ခႏၶာကိုယ္အေမြးခဲတိုက္ေနတုန္း ေမာင္းလွရဲ႕ မိန္းမမိေအးကညီမႏွင္းႏုဆီကအဝတ္ေလွ်ာ္ဆပ္ျပာငွားေနသည္။
" ေရာ့ ေရာ့ မမိေအးရယ္ လယ္ထြန္သြားႏြားေမ့ဆိုတာ မမိေအးလိုလူျဖစ္မယ္ အဝတ္ေလွ်ာ္လာတာ ဆပ္ျပာေမ့ခဲ့ရတယ္လို႔ တကယ္ပဲ "
ညီမလုပ္ကမိေအးကို ေပးလဲေပးပါးစပ္ကလဲေျပာေနတဲ့ပုံကိုအရိပ္ၾကည့္ၿပဳံးလိုက္ၿပီး။ ဆပ္ျပာတိုက္ေရထဲေနာက္တစ္ႀကိမ္ကူးကာခ်ိဳးလိုက္သည္။ ေရထဲကျပန္တက္၍ ေရခ်ိဳးၿပီးၿပီျဖစ္တာေၾကာင့္ ပုဆိုးလဲကာေရစိုေနတဲ့ ပုဆိုးကိုညီမလုပ္ဆီပစ္ေပးလိုက္သည္။
" ကိုကို ပုဆိုးေလွ်ာ္ခဲ့လိုက္ "
" ဟုတ္ ကိုကိုျပန္ႏွင့္လိုက္ေတာ့ ညီမအဝတ္ေလွ်ာ္တာ ၾကာဦးမွာ "
" အင္း "
ထိုအခ်ိန္ အရိပ္နံေဘးကိုရိုးေရာက္လာသည္။
လက္ထဲမွာလဲ တဘက္တစ္ထည္ကိုကိုင္လာၿပီး အရိပ္ကိုထိုးေပးလာ၍။
" ေရာ့ ၿခဳံသြား အိမ္ကျပန္သြားယူခဲ့တာ ေနာက္တစ္ခါျမစ္ဆိပ္ကိုတဘက္မၿခဳံပဲဒီအတိုင္းလာၾကည့္ "
" အရိုက္ခံရမယ္ "
" ဟြန႔္ "
အရိပ္လည္း ရိုးေပးတဲ့တဘက္ကိုၿခဳံလိုက္ၿပီး။ ရိုးကိုစိတ္ဆိုးေနတာမေျပေသးတာေၾကာင့္ လွည့္ထြက္လာခဲ့လိုက္၏။ ရင္ထဲမွာေတာ့ၾကည္ႏူးေနမိသည္။
သူ႕ရဲ႕ရိုးကအရိပ္ကိုပစ္ထားသလိုနဲ႕အရမ္းခ်စ္ၿပီးဂ႐ုစိုက္တတ္လြန္းသူျဖစ္သည္။
< 1 , 9 , 2021 >