Unicode
ရိုးရှင်းသော မင်္ဂလာအခမ်းနား
ဇွန်းသံ ပန်းကန်သံတချို့နှင့်
ခပ်တိုးတိုး စကားပြောဆိုသံတို့ ပြည့်နေသော
အိမ်ကြီးဟာ အရင်နေ့များထက်
လူများလျက်ရှိသည်။
နီညိုရောင်သင်္ကန်းတို့ဖြင့် ကြည်ညိုဖွယ်
ရဟန်းတချို့သည်ကား မျက်လွှာချလျက်
မနက်ဆွမ်း ဘုန်းပေးနေကြပြီး
ဘေးနား၌မူ အပြာရောင် ပိုးပုဆိုးဆင်တူနှင့်
အမျိုးသားနှစ်ယောက်က ဝတ်ကြီးဝတ်ငယ်
ပြုရန် အသင့်ရှိနေကြသည်။
ငြင်သာသော ယပ်ခတ်မှုအောက်တွင်
ရဟန်းအပေါင်းတို့ကမူ အေးချမ်းလျက်။
ခြင်ယင်မနားရန် လုပ်ဆောင်နေသော်လည်း
တကယ်ကတော့ ဒီလိုမျိုး အမွှေးကြိုင်တို့ဖြင့် ပြင်ဆင်ထားသည့် အိမ်ခန်းထဲမှာ
ယင်တစ်ကောင်တောင် မရှိနိုင်ပါချေ။
တရားနာပြီးကြသော ဧည့်သည်များကမူ
ဘုန်းကြီးစားပွဲနှင့် ခပ်လှမ်းလှမ်းတွင်
နေရာယူကာ အရိုအသေပြုလျက်
ထိုင်နေကြရင်း မျက်လုံးများက
ဆင်တူဝတ်ထားကြသော အမျိုးသားနှစ်ဦးဆီ တဝဲလည်လည်ဖြစ်နေကြတော့သည်။
သူတို့ဟာ တိုးတိုး တိုးတိုး ပြောချင်ပါသည့်တိုင် နဂိုဂုဏ်ကို ထိန်းရသည်ကတစ်ကြောင်း၊
ကိုးကွယ်သော ဘုန်းကြီးရှေ့၌ မရိုမသေ
မပြုလိုသည်က တစ်ကြောင်း၊
အကြောင်းမညီညွတ်စွာဖြင့် နှုတ်ဆိတ်လျက်သာ နေနေကြရတော့သည်။
ချိုမြိန်သော အပြုံးဖြင့် စိတ်သက်သာရာ
ရနေသူကတော့ ဘုန်းကြီးဝိုင်းအနီးတွင်
လက်အုပ်ချီရင်းထိုင်နေသော
အမျိုးသမီးကြီးပင်ဖြစ်သည်။
သူမက သူမရဲ့ဆံပင်တွေကို သေသပ်စွာ
ထုံးလို့ထားပြီး ဖြူစွတ်နေသော
ပုလဲ ဆံညှပ်ကို လှပစွာ ညှပ်တွယ်ထားသည်။
အဖြူရောင်ဇာဝမ်းဆက်ဟာ သူမ၏
ကိုယ်ပေါ်မှာ လှပလို့နေပြီး မိတ်ကပ်ပါးပါး
လိမ်းထားမှုကြောင့် နုပျိုမှုတို့က ပိုမို
သိသာလို့နေတော့သည်မှာ သူမဘေးရှိ
သမီးကြီးဖြစ်သူနှင့် ညီအမသဖွယ်။
ဟုတ်သည်။ သူမကတော့ ဒေါ်မိုးမိုးဌေးပင်။
နောက်ဆုံးတော့ သူမရဲ့သားကို
စိတ်ချရတဲ့နေရာဆီ ပို့နိုင်ပြီဟူသော
ပီတိဟာ သူမကို အေးချမ်းစေရုံသာမက
ရင်ထဲမှာ အမြဲထိန်းထားရသော
လေးလံမှုတို့အား လွှတ်ချလိုက်ရသလိုပင်။
ဘေးနားက သမီးကြီးကမူ ငြိမ်သက်စွာပဲ
မပြုံးမရယ်ရှိနေပေမဲ့ မိခင်ဖြစ်သူကို
ဘာမှ အတွန့်တက်နိုင်မည်မဟုတ်ပါ။
ရသလောက်နားချပါသော်လည်း
ပို၍ပင်မြန်ဆန်လာသော မောင်ဖြစ်သူ၏
မင်္ဂလာပွဲက အမေဘယ်လောက်ထိ
စိတ်အားထက်သန်နေတာကို ပြနေပြီး
ဘာကမှ တားဆီးရမှာမဟုတ်ကြောင်း
သိနေပြီဖြစ်သည်။
တစ်ပါတ်တာကာလအတွင်းမှာပဲ
ဖိတ်စာရိုက် ပြင်ဆင်ခိုင်းတဲ့အမေက
ကာယကံရှင်နှစ်ယောက်ကိုတော့
အဝတ်အစားကလွဲရင် ဘာမှမပြင်ခိုင်း။
သူမ သမီးနှစ်ယောက်ကို အစစ အရာရာ
တာဝန်ယူစေတာကြောင့် ညီမဖြစ်သူမှာလဲ
သူ့ကိစ္စတွေပစ်ထားတာ လုံးပမ်းရတော့သည်။
ဖိတ်စာသွားဖိတ်တိုင်း တအံတဩဖြင့်
မေးခွန်းပေါင်းစုံမေးချင်နေသည့်
မျက်ဝန်းများကို မသိချင်ယောင်ဆောင်ရင်း
ပြင်ဆင်မှုတို့က ပြီးစီးသွားခဲ့ရသည်။
ကိုယ့်မိသားစုရပ်တည်မှုအပေါ်
သူများအမြင်တွေကို ဂရုစိုက်ရပေမဲ့
နောက်ဆုံးတော့လည်း ဘာတတ်နိုင်အုန်းမှာလဲ။
မတော်တဲ့သူ ယူလာပြီး အရှက်ကွဲတာထက်စာရင် အကြောင်းသိတဲ့ကလေးနဲ့
စီစဉ်ပေးရတာ တစ်ပူအေးတာကြောင့်
မေမေ့ဆန္ဒကို အပြင်းအထန် ငြင်းဆန်မနေတော့။
မောင်ဖြစ်သူရဲ့ လိင်စိတ်တိမ်းညွှတ်မှုက
သူတို့ဝင်ရောက်ပြုပြင်မရအောင်
ခိုင်မာနေခဲ့တာကြောင့် မဟုတ်တာတွေ
ဖြစ်လာမဲ့အစား သူလိုချင်တာကို
ကိုယ်ကြိုက်တဲ့ အမျိုးအစားထဲက
ရွေးပေးလိုက်တာက နှစ်ဖက်လုံး
အဆင်ပြေဖို့ပင်ဖြစ်ပါလိမ့်မည်။
မျက်စိရှေ့က လူနှစ်ယောက်ကတော့
မတုန်မလှုပ်နှင့် မျက်နှာချင်းတောင်
မဆိုင်ကြ။ အဆိုးဆုံးကတော့ မောင်ဖြစ်သူ
လှိုင်းဆက် ပင်။
အမြဲတမ်း မတုန်မလှုပ်အမူအရာနှင့်
အေးစက်စက်ပုံစံက မောင်နှမတွေကြား
ဆက်ဆံရေးကိုကျဲစေသည်။
ညီမဖြစ်သူကသာ အမြဲတမ်း သူတို့ကြား
စကားသယ်သူဖြစ်နေခဲ့ပြီး တကယ်တမ်းကျ
သူတို့ဘာအကြောင်းနဲ့မှ ဆက်စပ်မှု
မရှိခဲ့ကြပေ။
ယခုလဲ ဒီကောင်လေးနှင့် မိမိရဲ့မောင်
ဘယ်လိုများ နှစ်ပါးသွားလိမ့်မလဲ
တွေးကြည့်လို့တောင်မရ။
ထူးထူးခြားခြားမရှိတဲ့ ကောင်လေးက
မေမေ့ မိတ်ဆွေအရင်းချာ၏ သားဖြစ်ပြီး
ငယ်ငယ်က မကြာခဏတွေ့ဖူးပေမဲ့
မတွေ့တာကြာခဲ့ပြီဖြစ်သည်။
ရုတ်တရက် မေမေစီစဉ်မယ်ဆိုတော့
သူတို့ ဘယ်အချိန်ကတည်းကများ
ချိတ်မိထားကြသလဲ သံသယဝင်မိပေမဲ့
တကယ်တမ်းက အနှီကောင်လေးပင်
မေမေ့ရဲ့ ဇာတ်လမ်းထဲ အလျင်စလို
ပါလိုက်ရခြင်းဖြစ်ကြောင်း သိရတဲ့အခါ
သက်ပြင်းချရုံကလွဲရင် မတတ်နိုင်ပါ။
လွန်ခဲ့တဲ့ သုံးလလောက်ကမှ
ကောင်လေးကို ဒီအကြောင်းနားချခဲ့တဲ့မေမေက ရန်ကုန်တစ်ခေါက်အလည်လာဖို့
ဖိတ်ခေါ်ပြီး အခုတော့ သူ့သားနဲ့
မင်္ဂလာပင် ဆောင်ပေးလိုက်ချေပြီ။
ရေလိုလျှင်ရေ မုန့်လိုလျှင်မုန့်
သွက်လက်စွာထယူတတ်သော
ပုံရိပ်ကလေးသည်ကား ဒီပွဲရဲ့အဓိက
သတို့သားဟုပင် မထင်ရ။
သူက ဘုန်းကြီးကျောင်းက ပါလာတဲ့
ကပ္ပိယတစ်ယောက်လိုမျိုး ဟိုဟိုဒီဒီ
လိုအပ်တာတွေ လုပ်ပေးနေတော့သည်။
နောက်တစ်ယောက်ကတော့
ထုံးစံအတိုင်း မျက်နှာသေဖြင့်
ဘုန်းကြီးဝိုင်းနားမှ ထမလာတော့ပေ။
"မမကြီး လှိုင်းဆက်တောင်
ယောက်ျားရသွားပြီနော်"
ခပ်တိုးတိုး အသံနဲ့အတူ အနားလာထိုင်တဲ့
ညီမဖြစ်သူ။ သူမက ဧည့်သည်တွေကို
ကျွေးမွေးဖို့ ပြင်ဆင်ပေးခဲ့ပြီးနောက်
အိမ်က အလုပ်သမားတွေကိုအပ်ကာ
အခုမှနားဖို့လာခဲ့တာပင်။
"မမကြီးရော ဘယ်တော့ယူ...အ"
ဆတ်ခနဲဆွဲဆိတ်ခံလိုက်သော လက်မောင်း၊
ခပ်တိုးတိုးညည်းသံနဲ့အတူ မကျေနပ်သော
မျက်စောင်းတစ်ချက်ပါ လက်ခံလိုက်ရတဲ့
ညီမငယ်။
" မင်္ဂလာဆောင်က ပျော်စရာကောင်းနေလို့လား"
ပြောပြီး နှစ်ယောက်သား ဘေးပတ်လည်ကို
ကြည့်လိုက်မိကြသည်။
ဆွမ်းဘုန်းပေးနေတဲ့ ဘုန်းကြီးများ၊
သူ့ဟာသူစားသောက်နေကြသော ဧည့်သည်များ၊ ပြုံးပြုံးကြီးဖြစ်နေတဲ့မေမေနှင့်
တစ်ယောက်တစ်မျိုး လုပ်နေကြတဲ့
သတို့သားနှစ်ယောက်။
ဒါက တကယ့်ကို မင်္ဂလာဆောင်တော့
ဟုတ်ပါတယ်နော်။
.......................................................
တစ်မနက်လုံး ဘုန်းကြီးဆွမ်းကပ် ၊
ဧည့်သည် ဧည့်ခံနှင့် နေ့လည်တစ်နာရီကျော်တာတောင် သူတို့ ကောင်းကောင်း မနားရသေး လှိုင်းဆက်က အချိုပွဲဝိုင်းများ ဘေးတွင်ထိုင်နေရင်း စိတ်တို့ကတော့ အတက်အကျ အလျင်းမရှိဖြစ်လို့နေသည်။
သူ့ကို လာလာ စကားပြောနေခဲ့ကြတဲ့ ဧည့်သည်တွေက တကယ်တမ်း သူ့ဧည့်သည်
တစ်ယောက်မှမပါ။ မေမေ့မိတ်ဆွေနဲ့ မမကြီးတို့ မိတ်ဆွေတွေသာ လာတဲ့ဒီပွဲက သူ့မင်္ဂလာဆောင်ဆိုတာ တော်ရုံလူ ယုံမည်မထင်။
တူနှစ်ဖြာ ဂဟေဆက်မဲ့ သီချင်းတွေမပါ၊
အခမ်းနားမှူးမပါသော ဒီမင်္ဂလာဆောင်က
ရိုးရိုး ဘုန်းကြီးဆွမ်းကပ်နဲ့တောင်မခြား။
ဒါပေမဲ့ လှိုင်းဆက်ကတော့ သဘောကျမိပါသည်။ အေးအေးဆေးဆေးနဲ့ ပြီးသွားတာကိုပဲ အဆင်ပြေလှပြီမဟုတ်လား။ မဟုတ်ရင်
ဟိုမျက်နှာ ဒီမျက်နှာကြည့်ရပြီး စိတ်ပင်ပန်းရအုန်းမယ်။
လှိုင်းဆက် ဖက်က မိတ်ဆွေတစ်ယောက်ကိုမှ
ဖိတ်ကြားခြင်းမရှိခဲ့သလို ကောင်လေးဖက်က
ဧည့်သည်တစ်ယောက်မှလည်း မလာခဲ့။
သူတို့က သူတို့နဲ့မသိတဲ့ လူတွေဆီက
အိမ်ထောင်ရေးတရားကို ခပ်တည်တည် နားထောင်ခဲ့ရပြီး အကြောင်းရင်းမရှိ
ကျေးဇူးတင်စကားတွေကိုတောင် ပြောခဲ့ရသေးသည်။
ခုလည်း တစ်ယောက်တစ်ကွဲစီဖြစ်လျက်။
မနက်ကတည်းက ဘာမှသေချာမစားရသေးတာမို့ လှိုင်းဆက် ဗိုက်ဆာနေပြီ။
သို့သော်လည်း မေမေ့ရဲ့ ဧည့်သည်ဝိုင်းက
မပြန်သေးတာကြောင့် ဒီဘက်မှာ သူတစ်ယောက်ထဲ စားနေလို့မကောင်း။
တစ်စတစ်စ ပြန်သွားကြတဲ့ ဧည့်သည်တွေကို
နှုတ်ဆက်ဖို့ ဒီစားပွဲမှာ ထိုင်နေတာကိုက
နာရီအတော်ကြာနေပြီ။
ဟိုကောင်လေးက ဘယ်ရောက်သွားသည်မသိ။ တစ်နေရာရာ သွားနားနေမလား ထင်မိတာကြောင့် လှိုင်းဆက်လိုက်မရှာမိတာပင်။
သူလည်း တကုပ်ကုပ်နဲ့ မနားရ။ ဘိုးခနဲ ဘတ်ခနဲ သွက်သွက်လက်လက်ကလေး လှုပ်ရှားနေခဲ့ရှာတဲ့ ကောင်လေးက တစ်မနက်လုံး အလုပ်ရှုပ်နေခဲ့တာမို့လား။
"ကိုကိုကြီး ထမင်းစားဖို့ ပြင်လိုက်တော့မယ်နော်"
အိမ်မှာ ကူပေးနေကြ မိငယ်က လာပြောတာမို့ သူကြည့်တော့ အိမ်က အကူတွေအပါအဝင် ဒီနေ့ကူဖို့ ခေါ်ထားတဲ့သူတွေက
စားဖို့ပြင်နေကြပြီ။ သူမစားဘူးဆို ကျန်တဲ့သူတွေပါ စားရခက်ကုန်မှာမို့ လှိုင်းဆက်သဘောတူလိုက်ပြီး ခုံကနေထပေးလိုက်ရတော့သည်။
ခုံတချို့သိမ်းပြီးတာမို့ ဒီခုံမှာပဲ ပြင်ခိုင်းတာ
ပိုအဆင်ပြေမည်။ မိငယ်က ခပ်သွက်သွက်ပင် အချိုပွဲများကို နေရာရွေ့ပြီး ဟင်းခွက်များ သယ်လို့လာသည်။ လှိုင်းဆက် ဟိုဟိုဒီဒီကြည့်ရင်း ငြိမ့်တည်ကိုရှာပေမဲ့ မတွေ့။
အပေါ်ထပ် တက်လာပြီး ကောင်လေးနေတဲ့ အခန်းရှေ့ရောက်တော့ တွန့်ဆုတ်နေမိတဲ့ လှိုင်းဆက်။ ပင်ပန်းလို့ နားနေတာကို ခေါ်ရင်အဆင်ပြေပါ့မလား။ ဒါပေမဲ့ သူလည်း ဘာမှမစားရသေးတာမို့ ခေါ်လိုက်မှဖြစ်မည်။
လှိုင်းဆက်တံခါးကို ခေါက်မည်ရှိသေး
ပွင့်လာတဲ့ တံခါးကြောင့် လက်ပင် လေထဲမှာ
ရပ်တန့်လျက်။ သူ့မျက်လုံးတို့က အံ့ဩရိပ်တို့ဖြတ်သွားပြီး တစ်ဆက်ထဲ မသက်မသာဖြစ်မှု အနည်းငယ်ပါ ရောက်ရှိလို့လာသည်။
သူနဲ့မျက်နှာချင်းဆိုင်လိုက်ရတာက နှစ်ယောက်မရှိတဲ့ မမကြီး။
မမကြီးက ရွှေအိုရောင် ဝမ်းဆက်ကို ဝတ်လျက်သား ပုခုံးထက်မှာ ရွှေအိုရောင် ပိုးပုဝါကို ခြုံလို့ထားသည်။ ဆံပင်အခွေလိုက်တို့က
ပုခုံးတစ်ဖက်ကနေ စုကာခွေကျနေပြီး ရွှေသားကလစ်တစ်ခုနှင့် စုညှပ်ကာ ထားသည်။ နီညိုရောင် နှုတ်ခမ်းတို့က တအံ့တအောဖြစ်သွားပေမဲ့ ချက်ချင်းပဲ ပိရိတည်ငြိမ်တဲ့ ပုံစံပြောင်းလိုက်တဲ့ မမကြီး။
"ဘယ်သူလဲ ...အာ လှိုင်းဆက်"
ထပ်မံ ထွက်ပေါ်လာတဲ့အသံနဲ့အတူ
နောက်ကိုကြည့်တော့ မမငယ်။ ဆက်တီခုံတစ်ခုပေါ် မှီထိုင်နေပြီး လှိုင်းဆက်ဆီ လှမ်းကာကြည့်လို့နေသည်။သူတို့က ဘယ်လိုဖြစ်လို့ ဒီကိုရောက်နေကြတာပါလိမ့်။ မသိစိတ်က တစ်ယောက်ယောက်ကို ရှာဖွေမိနေပြီး မမကြီးကိုကျော်ကာ အခန်းထဲ ဝေ့ဝဲ ကြည့်နေမိတဲ့ လှိုင်းဆက်။
"ဘာရှာနေတာလဲ"
မမကြီးအသံက ပြတ်ပြတ်။ သို့သော် မာကြောနေတာမျိုးတော့မဟုတ်ပြန်။ သူမက လှိုင်းဆက်ကြည့်နေတဲ့ အခန်းထဲကြည့်ရင်း မေးလိုက်တာဖြစ်သည်။
"ဟိုကလေး "
မမကြီးက ဘယ်လို ဆိုသည့် နားမလည်နိုင်သော မျက်လုံးတို့နှင့် လှည့်ကြည့်လာတော့
လှိုင်းဆက်မျက်နှာက ပူလာသလိုတောင် ခံစားရသည်။ သူ့အမတွေ ရှေ့မှာ အခုမှ ယူထားတဲ့ လူကို လိုက်ရှာရတာ တစ်မျိုးတော့ဖြစ်နေတယ်မို့လား။
"ငြိမ့်တည်က မနက်ကပဲ နင့်အခန်းဖက် ရွှေ့သွားပြီလေ။ ကိုဥက္ကာတောင် သူ့အိတ်တွေ အကုန်ပို့ပေးလိုက်တာ"
မမငယ်က အခန်းထဲမှာ လှမ်းအော်တော့
လှိုင်းဆက်က ခေါင်းငြိမ့်ပြလိုက်ရသည်။
မနက်ကတည်းက အလုပ်ရှုပ်နေတော့ အခန်းပြောင်းလာတာ မသိခဲ့။
နောက်ဆုံးတော့ သူ့ရဲ့ အေးတိအေးစက် အမကြီးကို ခေါင်းတစ်ချက်ငုံ့ အရိုသေပေးပြီး သူထွက်ခဲ့ရသည်။ မမကြီးကတော့ သူ့ကို ဆက်ကြည့်နေပုံပါပဲ။ ဒါပေမဲ့ သူတို့မောင်နှမကြား
ပြောစရာစကားတွေက မရှိကြဖူးမို့ ဒီလိုပုံစံက သိပ်အထူးဆန်းတော့ ဖြစ်နေမည်မထင်။
အခန်းတံခါးကို ခေါက်ပေမဲ့ တုန့်ပြန်သံမလာ။ကိုယ့်အခန်းကိုယ်ပေမဲ့ မဆင်မခြင် မဝင်ချင်တာကြောင့် သုံးလေးခါခေါက်ပြီးမှ ဝင်လာတော့ အခန်းက တိတ်ဆိတ်လျက်သား။ အိတ်ကလေးတွေ ကုတင်ခြေရင်းက ကြမ်းပြင်မှာ ချထားတာကလွဲလျှင် လူရိပ်ပင်မမြင်ရ။
လှိုင်းဆက်က ခပ်စေ့စေ့သာရှိသော ရေချိုးခန်းတံခါးအပြင် ကျန်တဲ့နေရာတွေမှာပါ
ကောင်လေးမရှိတာ သေချာမှ အခန်းထဲက ပြန်ထွက်လာခဲ့တော့သည်။
အပေါ်ထပ်မှာလည်း မရှိတာကြောင့် ဒီကောင်လေး ဘယ်များ ရောက်နေမလည်း သူစဉ်းစားမရ။
ကျွန်းသား လှေကားများကို ခပ်ဖွဖွနင်းလျှောက်ပြီး သူဆင်းလာတော့ ထမင်းဝိုင်းက အဆင်သင့်ဖြစ်နေပြီး မမကြီးနှင့် ကိုဥက္ကာပင် ထိုင်နေကြပြီ။
"ကိုလှိုင်းဆက်တို့ စားလို့ရပြီနော်"
မိငယ်က သူတို့စားဖို့ ပြင်နေရင်း အပြေးကလေးလာပြောသေးသည် ။
"လာလေ လှိုင်းဆက် ..ငြိမ့်တည်ရော စားဖို့ခေါ်အုန်းကွ။ မနက်ကတည်းက သူလည်း ဘာမှဟုတ်တိပတ်တိ မစားရသေးဘူးထင်တယ်"
"ဟုတ် ကျွန်တော် သွားခေါ်အုန်းမယ်"
"စောစောက အပေါ်မှာ မတွေ့ခဲ့ဖူးလား။ လိုက်ရှာနေတာဆို"
ကိုဥက္ကာအပြောကြောင့် လှိုင်းဆက်ပြန်ပြောနေတာပင်မဆုံးသေး။ မမငယ်ကပါ ဝင်ပြောပြန်သည်။ လက်ထဲက ဟင်းရည်ခွက်ကို ခုံပေါ်ချရင်း ဝင်ထိုင်တဲ့ မမငယ်က လှိုင်းဆက်နဲ့ ကောင်လေးအတွက်ပါ ဟင်းခွက်များ ပြင်ဆင်ထားပုံ။
"ခြံထဲသွားရှာလိုက်မယ် စားနှင့်ကြပါ"
အားရပါးရ စားနေကြတဲ့ အလုပ်သမား ထမင်းဝိုင်းတွေကို ကွေ့ဝိုက်ကျော်ခဲ့ပြီး
အိမ်ပြင်ထွက်လာရတဲ့ လှိုင်းဆက်။
လှိုင်းဆက်ကို လှမ်းနှုတ်ဆက်နေကြတာကို
ရယ်မောကာ အပြုံးနှင့် တုံ့ပြန်ရသေးသည်။
ခြံကျယ်ကြီးကတော့ နေပူပူအောက်မှာ
တိတ်ဆိတ်လျက်။ အိမ်ရှေ့မှာ မရှိတာကြောင့် လှိူင်းဆက် နောက်ဖေးဆီလာခဲ့တော့
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မျက်လုံးများပင် ပြူးမိလို့သွားသည်။
ဒါက ဘယ်လိုတောင်မှ ဖြစ်ရတာလဲ။
ပိုးပုဆိုးကို ခပ်တိုတို ဝတ်ထားရင်း ဇလုံကြီးများကို ရှေ့ချကာ ပန်းကန်ဆေးနေတဲ့ ကောင်လေး။ လှိုင်းဆက်က မယုံနိုင်ခြင်း ကြောင့် ဘာစကားမှတောင်ထွက်မလာ။ သူတို့အိမ်ရဲ့ မီးဖိုချောင်က အိမ်ထဲမှာမို့ ပွဲရှိလို့ လူအများကြီးစာ ဆေးရကြောရတာမျိုးဆို အပြင်မှာ လုပ်လေ့ရှိတာ လှိုင်းဆက်မှတ်မိသည်။
ခုလည်း အလုပ်သမားတွေ စားသောက်ပြီးမှ
ဆေးဖို့ လုပ်နေတာတွေကို ဒီမှာ အားကြိုးမာန်တက် လာထိုင်ဆေးနေတာဖြစ်ရမည်။
လျှောခနဲ ပြန်ပြန်ကျလာတဲ့ အင်္ကျီလက်ကိုလက်ထောင်ကာ ပင့်တင်ရင်း ပန်းကန်တွေဆေးနေတဲ့ ကောင်လေးက လှိုင်းဆက်ကို မြင်ပုံမရ။ လေပြေနုနုကြောင့် ကောင်လေးဆံပင် တိုတိုလေးတွေက ဘေးနားက အပင်ကြီးရဲ့ အရွက်တွေနဲ့ အတူ လှုပ်ခတ်လို့နေသေးသည်။
ပိုမိုနီးကပ်သွားမှုမှာ မြင်ရတဲ့ မျက်နှာထက်
ချွေးသီးကလေးများ ကပ်နေပြီး မျက်တောင်စိပ်စိပ်ကလေးများက ငုံ့ဆင်းလို့နေသည်။
အုပ်မိုးကျလာတဲ့ အရိပ်နှင့် ရေပြင်ထက် ထင်ဟပ်လာမှုကြောင်ထင် ကောင်လေးက
အသာမော့ကြည့်လာပေမဲ့ နေထိုးနေတာကြောင့် မျက်လုံးလေးက ခပ်မှေးမှေး။
"ကိုလှိုင်းဆက်??"
မေးသံတိုးတိုး။ ထို့နောက် ဖြူဖွေးနေတဲ့ သွားတန်းကလေး ညီအောင် ပြုံးပြလာတဲ့သူ။လှိုင်းဆက်က ဘယ်လိုတုန့်ပြန်ရမလဲ မတွေးရသေးခင်မှာပင် ပြုံးမိသွားသည်။ သူ့ပါးထက်က ပါးချိုင့်တွေက နစ်ခနဲ။
"ကိုယ် ထမင်းစားဖို့ လာခေါ်တာ"
"ဒါလေး ပြီးတော့မှာ လက်စသတ်လိုက်အုန်းမယ်ဗျ"
ဘာမှပင် မပြောနိုင်။ အပြောထက် လက်ပိုမြန်တဲ့ကောင်လေးကတော့ ရေတဗွမ်းဗွမ်းနဲ့ ဆေးနေပြီဖြစ်သည်။
"ဆေးမဲ့သူတွေ ရှိပါတယ်ကွာ"
"ရတယ် ရတယ်။ ကျွန်တော် အပြင်ထွက်လာဝောာ့ ဒါနည်းနည်းပဲတွေ့လို့ ဝင်ဆေးလိုက်တာရယ်။ အပန်းမကြီးဘူး"
ပြောလည်းပြော လက်စလည်း သတ်တဲ့ကောင်လေး။ ပန်းကန် ထပ် အချပ်လိုက်တွေကို စောင်းကာ ရေစစ်ပြီးနောက် စောစောက ဆေးထားတဲ့ ပန်းကန်တွေထဲ ပေါင်းထည့်လိုက်သည်။ အသံကျယ်ကျယ်ပင် မထွက်စေရ။ လုပ်နေကျလိုမျိုးငြင်သာစွာ။
"ကျွန်တော် အရင်ကလည်း ပွဲတွေမှာ ဝင်ကူရင် ဆေးနေကျ။ အကျွမ်းကျင်ဆုံးဗျ ဟဲဟဲ"
သဘောတကျ ပြောနေတဲ့ ကောင်လေးက
ပေါ့ပါးစွာ။ လှိုင်းဆက်ပင် ဒီခပ်သွက်သွက်ကလေးကြောင့် သဘောမကျပဲ မနေနိုင်။
ကောင်လေးက ဟန်ဆောင်မှု ကင်းပြီး
ရိုးရှင်းတာကို လှိုင်းဆက် ခံစားလို့ရသည်။
"ဒီနားတိုးခဲ့"
အူကြောင်ကြောင် မော့ကြည့်တဲ့ကောင်လေး။
အနားရောက်လာတော့ လှိုင်းဆက်က သူ့အင်္ကျီလက်တွေကို ပင့်တင်ကာ ခေါက်ပေးလိုက်သည်။ ရေစက်လက်ဖြစ်နေတဲ့ လက်လေးတွေက ငြိမ်သက်စွာ။ လူကြီး လုပ်ပေးတော့ အတွန့်မတက် ငြိမ်ခံနေတာမို့ လှိုင်းဆက်ပိုတောင် သဘောကျမိသေးသည်။
တစ်မနက်လုံး စိတ်မသက်မသာ ဖြစ်နေတာက အခုတော့ အကုန်ကြည်လင်သွားသလို။
ငုံ့မိုးကြည့်နေမိတဲ့ မျက်နှာလေးကလည်း ငုံ့လို့နေပြီး ဘယ်ဘက်နားထင်က မှဲ့နက်ကလေးကိုပါ သေချာမြင်နေရသည်။
အလိုလို ရောက်သွားတဲ့ လက်တွေက နားထင်စက ချွေးတွေကို သုတ်လျက်ပြီးသား။ တွန့်ခနဲဖြစ်သွားပေမဲ့ မော့ကြည့်လာတာကလွဲရင် ရုန်းမသွား။ တကယ်တမ်း အိုးတိုးအမ်းတန်းဖြစ်သွားရတာက လှိုင်းဆက်ပင်။ ဘယ်လိုဖြစ်လို့များ သူကဒီလောက်ထိ ရဲတင်းမိသွားတာပါလိမ့်။
"ကျေးဇူးဗျ"
"ရပါတယ် ထမင်းသွားစားရအောင်"
ချာခနဲလှည့်ထွက်ခဲ့ပြီး သက်ပြင်းဖွဖွ
ချလိုက်မိသည်။ ဘယ် သတို့သားကများ
ပန်းကန်ဆေးတဲ့နေရာ ရောက်နေမှာတဲ့လဲ။ သူတို့ မင်္ဂလာဆောင်ကတော့ အတော်လေး ဆန်းပြားနေပါပြီ။ စောစောကပဲ ထိခဲ့မိတဲ့ လက်ချောင်းရှည်လေးတွေ။ နောက်က ပါလာတဲ့ ခြေသံလေး။
လှိုင်းဆက် ရင်ထဲ ထူးဆန်းလို့နေပါသည်။
ဒီလိုမျိုး တစ်စုံတစ်ယောက်က သူနဲ့ တစ်ဘဝလုံး အတူရှိရတော့မယ်ဆိုတာက သူ့ကိုစိတ်လှုပ်ရှားစေတာ ဝန်ခံရမည်။ စိတ်မသက်မသာ ဖြစ်ခြင်းမဟုတ်သော်လည်း ပုံမှန်အေးအေးဆေးဆေးတော့လည်း မဟုတ်ပြန်။
လှိုင်းဆက်လို အမြဲတစ်သီးတစ်သန့်နဲ့
အပြောင်းလဲ မရှိတဲ့သူကိုတောင် ဒီကိစ္စက
စိတ်လှုပ်ရှားစေတုန်း။ သူလက်ထပ်လိုက်တဲ့
ဒီကောင်လေးက ငယ်သည်၊ သွက်သည်
နောက်ပြီး ..နောက်ပြီး တခြားသူမသိသေးတာတွေ အများကြီး ရှိအုန်းမည်။
တစိမ်းတစ်ယောက်က ရုတ်တရက် သူ့ဘဝထဲဝင်လာပြီး တစ်သက်တာလုံး ရင်းနှီးရတော့မည်။
"ကိုလှိုင်းဆက် ဒီဘက်.."
ဆတ်ခနဲဖမ်းဆွဲခံလိုက်ရတဲ့ လက်မောင်း။
လှိုင်းဆက်ကျောပြင်က မျက်နှာတစ်ခုနှင့် ဖိကပ်လို့သွားသည်။
"အမလေး ကိုကိုကြီးရယ် အပူလောင်တော့မလို့ ကံကောင်းလို့"
မိငယ်က ပြောပြောဆိုဆိုနှင့် ဟင်းရည်ချိုင်ကြီးကိုခပ်ဝေးဝေးယူလို့သွားသည်။ အပူဟပ်ခံရရုံလေးမို့ လက်ဖျံက အပူလောင်မသွား။
"ရရဲ့လားဟင်"
သူ့ခါးဘေးကနေ ထွက်လာတဲ့အသံ။
နူးညံ့ပြီးနောက် စိတ်ပူပန်မှုတို့ ပါဝင်လို့နေသည်။ ခပ်ဝိုင်းဝိုင်းမျက်လုံးတွေက သူ့ကိုစောင်းငဲ့ကြည့်နေပြီး တင်းကြပ်တဲ့ လက်ချောင်းရှည်တွေက လှိုင်းဆက်နဲ့ လက်မောင်းနှစ်ဖက်ကနေ သူ့ဆီဆွဲလို့ထားသည်။
အာရုံများနေတာနဲ့ ဟင်းရည်သယ်လာတဲ့သူကို သူတိုက်မိတော့မလို့။ ကောင်လေးက လှမ်းဆွဲလိုက်တာကြောင့် ကောင်လေးမျက်နှာနဲ့ လှိုင်းဆက်ကျောပါ ကပ်မိသွားတာ။
"သားတို့ ပျောက်နေတယ်ပြောနေတာ လာလာ ထမင်းလာစားကြ"
မေမေ လှမ်းခေါ်မှ သူ့နောက်က ထွက်ကာ
ဘေးရောက်လာတဲ့ ကောင်လေးက အပြုံးလေးနှင့်။
"ဟုတ် လာပြီဗျ"
ရှေ့ကို လျှောက်သွားတဲ့ ခြေလှမ်းတွေ။ လှိုင်းဆက်က ထိုကျောပြင်လေးကို ငေးရင်း ကျန်နေခဲ့ရ၏။
ဂေးနှစ်ယောက်ရဲ့ မင်္ဂလာဆောင်က
ရိုးရှင်းစွာ။ ပြီးတော့ သူတို့ကြားက ခပ်သေးသေးအလွဲတချို့နှင့် ပြီးမြောက်ခဲ့ပါပြီ။
...............................................
စာရေးသူ၏ အမှာစာ:
တကယ်တော့ ဒီအပိုင်းက ဇူလိုင် ၈ရက်ကတည်းက ရေးပြီးသား။
ဒီမနက် ပြန်စစ်ပြီး တင်မယ်လုပ်တော့
စာလုံး နှစ်ထောင်လို့ ပျက်ချသွားတာ လုံးဝပြန်ရှာလို့ကို မရတော့လို့ တစ်မနက်လုံး
ထိုင်အော်နေခဲ့ရ။
နောက်တစ်ခေါက်ပြန်ရေးတော့လည်း
ခံစားချက်နောက်တစ်မျိုးပေါ့။
အဲ့လိုလေး နှလုံးသွင်းပြီး ပြန်ရေးထားရပါတယ်။
Zawgyi
ရိုးရွင္းေသာ မဂၤလာအခမ္းနား
ဇြန္းသံ ပန္းကန္သံတခ်ိဳ႕ႏွင့္
ခပ္တိုးတိုး စကားေျပာဆိုသံတို႔ ျပည့္ေနေသာ
အိမ္ႀကီးဟာ အရင္ေန႕မ်ားထက္
လူမ်ားလ်က္ရွိသည္။
နီညိုေရာင္သကၤန္းတို႔ျဖင့္ ၾကည္ညိုဖြယ္
ရဟန္းတခ်ိဳ႕သည္ကား မ်က္လႊာခ်လ်က္
မနက္ဆြမ္း ဘုန္းေပးေနၾကၿပီး
ေဘးနား၌မူ အျပာေရာင္ ပိုးပုဆိုးဆင္တူႏွင့္
အမ်ိဳးသားႏွစ္ေယာက္က ဝတ္ႀကီးဝတ္ငယ္
ျပဳရန္ အသင့္ရွိေနၾကသည္။
ျငင္သာေသာ ယပ္ခတ္မႈေအာက္တြင္
ရဟန္းအေပါင္းတို႔ကမူ ေအးခ်မ္းလ်က္။
ျခင္ယင္မနားရန္ လုပ္ေဆာင္ေနေသာ္လည္း
တကယ္ကေတာ့ ဒီလိုမ်ိဳး အေမႊးႀကိဳင္တို႔ျဖင့္ ျပင္ဆင္ထားသည့္ အိမ္ခန္းထဲမွာ
ယင္တစ္ေကာင္ေတာင္ မရွိနိုင္ပါေခ်။
တရားနာၿပီးၾကေသာ ဧည့္သည္မ်ားကမူ
ဘုန္းႀကီးစားပြဲႏွင့္ ခပ္လွမ္းလွမ္းတြင္
ေနရာယူကာ အရိုအေသျပဳလ်က္
ထိုင္ေနၾကရင္း မ်က္လုံးမ်ားက
ဆင္တူဝတ္ထားၾကေသာ အမ်ိဳးသားႏွစ္ဦးဆီ တဝဲလည္လည္ျဖစ္ေနၾကေတာ့သည္။
သူတို႔ဟာ တိုးတိုး တိုးတိုး ေျပာခ်င္ပါသည့္တိုင္ နဂိုဂုဏ္ကို ထိန္းရသည္ကတစ္ေၾကာင္း၊
ကိုးကြယ္ေသာ ဘုန္းႀကီးေရွ႕၌ မရိုမေသ
မျပဳလိုသည္က တစ္ေၾကာင္း၊
အေၾကာင္းမညီၫြတ္စြာျဖင့္ ႏႈတ္ဆိတ္လ်က္သာ ေနေနၾကရေတာ့သည္။
ခ်ိဳၿမိန္ေသာ အၿပဳံးျဖင့္ စိတ္သက္သာရာ
ရေနသူကေတာ့ ဘုန္းႀကီးဝိုင္းအနီးတြင္
လက္အုပ္ခ်ီရင္းထိုင္ေနေသာ
အမ်ိဳးသမီးႀကီးပင္ျဖစ္သည္။
သူမက သူမရဲ႕ဆံပင္ေတြကို ေသသပ္စြာ
ထုံးလို႔ထားၿပီး ျဖဴစြတ္ေနေသာ
ပုလဲ ဆံညွပ္ကို လွပစြာ ညွပ္တြယ္ထားသည္။
အျဖဴေရာင္ဇာဝမ္းဆက္ဟာ သူမ၏
ကိုယ္ေပၚမွာ လွပလို႔ေနၿပီး မိတ္ကပ္ပါးပါး
လိမ္းထားမႈေၾကာင့္ ႏုပ်ိဳမႈတို႔က ပိုမို
သိသာလို႔ေနေတာ့သည္မွာ သူမေဘးရွိ
သမီးႀကီးျဖစ္သူႏွင့္ ညီအမသဖြယ္။
ဟုတ္သည္။ သူမကေတာ့ ေဒၚမိုးမိုးေဌးပင္။
ေနာက္ဆုံးေတာ့ သူမရဲ႕သားကို
စိတ္ခ်ရတဲ့ေနရာဆီ ပို႔နိုင္ၿပီဟူေသာ
ပီတိဟာ သူမကို ေအးခ်မ္းေစ႐ုံသာမက
ရင္ထဲမွာ အၿမဲထိန္းထားရေသာ
ေလးလံမႈတို႔အား လႊတ္ခ်လိဳက္ရသလိုပင္။
ေဘးနားက သမီးႀကီးကမူ ၿငိမ္သက္စြာပဲ
မၿပဳံးမရယ္ရွိေနေပမဲ့ မိခင္ျဖစ္သူကို
ဘာမွ အတြန႔္တက္နိုင္မည္မဟုတ္ပါ။
ရသေလာက္နားခ်ပါေသာ္လည္း
ပို၍ပင္ျမန္ဆန္လာေသာ ေမာင္ျဖစ္သူ၏
မဂၤလာပြဲက အေမဘယ္ေလာက္ထိ
စိတ္အားထက္သန္ေနတာကို ျပေနၿပီး
ဘာကမွ တားဆီးရမွာမဟုတ္ေၾကာင္း
သိေနၿပီျဖစ္သည္။
တစ္ပါတ္တာကာလအတြင္းမွာပဲ
ဖိတ္စာရိုက္ ျပင္ဆင္ခိုင္းတဲ့အေမက
ကာယကံရွင္ႏွစ္ေယာက္ကိုေတာ့
အဝတ္အစားကလြဲရင္ ဘာမွမျပင္ခိုင္း။
သူမ သမီးႏွစ္ေယာက္ကို အစစ အရာရာ
တာဝန္ယူေစတာေၾကာင့္ ညီမျဖစ္သူမွာလဲ
သူ႕ကိစၥေတြပစ္ထားတာ လုံးပမ္းရေတာ့သည္။
ဖိတ္စာသြားဖိတ္တိုင္း တအံတဩျဖင့္
ေမးခြန္းေပါင္းစုံေမးခ်င္ေနသည့္
မ်က္ဝန္းမ်ားကို မသိခ်င္ေယာင္ေဆာင္ရင္း
ျပင္ဆင္မႈတို႔က ၿပီးစီးသြားခဲ့ရသည္။
ကိုယ့္မိသားစုရပ္တည္မႈအေပၚ
သူမ်ားအျမင္ေတြကို ဂ႐ုစိုက္ရေပမဲ့
ေနာက္ဆုံးေတာ့လည္း ဘာတတ္နိုင္အုန္းမွာလဲ။
မေတာ္တဲ့သူ ယူလာၿပီး အရွက္ကြဲတာထက္စာရင္ အေၾကာင္းသိတဲ့ကေလးနဲ႕
စီစဥ္ေပးရတာ တစ္ပူေအးတာေၾကာင့္
ေမေမ့ဆႏၵကို အျပင္းအထန္ ျငင္းဆန္မေနေတာ့။
ေမာင္ျဖစ္သူရဲ႕ လိင္စိတ္တိမ္းၫႊတ္မႈက
သူတို႔ဝင္ေရာက္ျပဳျပင္မရေအာင္
ခိုင္မာေနခဲ့တာေၾကာင့္ မဟုတ္တာေတြ
ျဖစ္လာမဲ့အစား သူလိုခ်င္တာကို
ကိုယ္ႀကိဳက္တဲ့ အမ်ိဳးအစားထဲက
ေ႐ြးေပးလိုက္တာက ႏွစ္ဖက္လုံး
အဆင္ေျပဖို႔ပင္ျဖစ္ပါလိမ့္မည္။
မ်က္စိေရွ႕က လူႏွစ္ေယာက္ကေတာ့
မတုန္မလႈပ္ႏွင့္ မ်က္ႏွာခ်င္းေတာင္
မဆိုင္ၾက။ အဆိုးဆုံးကေတာ့ ေမာင္ျဖစ္သူ
လွိုင္းဆက္ ပင္။
အၿမဲတမ္း မတုန္မလႈပ္အမူအရာႏွင့္
ေအးစက္စက္ပုံစံက ေမာင္ႏွမေတြၾကား
ဆက္ဆံေရးကိုက်ဲေစသည္။
ညီမျဖစ္သူကသာ အၿမဲတမ္း သူတို႔ၾကား
စကားသယ္သူျဖစ္ေနခဲ့ၿပီး တကယ္တမ္းက်
သူတို႔ဘာအေၾကာင္းနဲ႕မွ ဆက္စပ္မႈ
မရွိခဲ့ၾကေပ။
ယခုလဲ ဒီေကာင္ေလးႏွင့္ မိမိရဲ႕ေမာင္
ဘယ္လိုမ်ား ႏွစ္ပါးသြားလိမ့္မလဲ
ေတြးၾကည့္လို႔ေတာင္မရ။
ထူးထူးျခားျခားမရွိတဲ့ ေကာင္ေလးက
ေမေမ့ မိတ္ေဆြအရင္းခ်ာ၏ သားျဖစ္ၿပီး
ငယ္ငယ္က မၾကာခဏေတြ႕ဖူးေပမဲ့
မေတြ႕တာၾကာခဲ့ၿပီျဖစ္သည္။
႐ုတ္တရက္ ေမေမစီစဥ္မယ္ဆိုေတာ့
သူတို႔ ဘယ္အခ်ိန္ကတည္းကမ်ား
ခ်ိတ္မိထားၾကသလဲ သံသယဝင္မိေပမဲ့
တကယ္တမ္းက အႏွီေကာင္ေလးပင္
ေမေမ့ရဲ႕ ဇာတ္လမ္းထဲ အလ်င္စလို
ပါလိုက္ရျခင္းျဖစ္ေၾကာင္း သိရတဲ့အခါ
သက္ျပင္းခ်႐ုံကလြဲရင္ မတတ္နိုင္ပါ။
လြန္ခဲ့တဲ့ သုံးလေလာက္ကမွ
ေကာင္ေလးကို ဒီအေၾကာင္းနားခ်ခဲ့တဲ့ေမေမက ရန္ကုန္တစ္ေခါက္အလည္လာဖို႔
ဖိတ္ေခၚၿပီး အခုေတာ့ သူ႕သားနဲ႕
မဂၤလာပင္ ေဆာင္ေပးလိုက္ေခ်ၿပီ။
ေရလိုလွ်င္ေရ မုန႔္လိုလွ်င္မုန႔္
သြက္လက္စြာထယူတတ္ေသာ
ပုံရိပ္ကေလးသည္ကား ဒီပြဲရဲ႕အဓိက
သတို႔သားဟုပင္ မထင္ရ။
သူက ဘုန္းႀကီးေက်ာင္းက ပါလာတဲ့
ကပၸိယတစ္ေယာက္လိုမ်ိဳး ဟိုဟိုဒီဒီ
လိုအပ္တာေတြ လုပ္ေပးေနေတာ့သည္။
ေနာက္တစ္ေယာက္ကေတာ့
ထုံးစံအတိုင္း မ်က္ႏွာေသျဖင့္
ဘုန္းႀကီးဝိုင္းနားမွ ထမလာေတာ့ေပ။
"မမႀကီး လွိုင္းဆက္ေတာင္
ေယာက္်ားရသြားၿပီေနာ္"
ခပ္တိုးတိုး အသံနဲ႕အတူ အနားလာထိုင္တဲ့
ညီမျဖစ္သူ။ သူမက ဧည့္သည္ေတြကို
ေကြၽးေမြးဖို႔ ျပင္ဆင္ေပးခဲ့ၿပီးေနာက္
အိမ္က အလုပ္သမားေတြကိုအပ္ကာ
အခုမွနားဖို႔လာခဲ့တာပင္။
"မမႀကီးေရာ ဘယ္ေတာ့ယူ...အ"
ဆတ္ခနဲဆြဲဆိတ္ခံလိုက္ေသာ လက္ေမာင္း
ခပ္တိုးတိုးညည္းသံနဲ႕မတူ မေက်နပ္ေသာ
မ်က္ေစာင္းတစ္ခ်က္ပါ လက္ခံလိုက္ရတဲ့
ညီမငယ္။
" မဂၤလာေဆာင္က ေပ်ာ္စရာေကာင္းေနလို႔လား"
ေျပာၿပီး ႏွစ္ေယာက္သား ေဘးပတ္လည္ကို
ၾကည့္လိုက္မိၾကသည္။
ဆြမ္းဘုန္းေပးေနတဲ့ ဘုန္းႀကီးမ်ား၊
သူ႕ဟာသူစားေသာက္ေနၾကေသာ ဧည့္သည္မ်ား၊ ၿပဳံးၿပဳံးႀကီးျဖစ္ေနတဲ့ေမေမႏွင့္
တစ္ေယာက္တစ္မ်ိဳး လုပ္ေနၾကတဲ့
သတို႔သားႏွစ္ေယာက္။
ဒါက တကယ့္ကို မဂၤလာေဆာင္ေတာ့
ဟုတ္ပါတယ္ေနာ္။
.......................................................
တစ္မနက္လုံး ဘုန္းႀကီးဆြမ္းကပ္ ၊
ဧည့္သည္ ဧည့္ခံႏွင့္ ေန႕လည္းတစ္နာရီေက်ာ္တာေတာင္ သူတို႔ ေကာင္းေကာင္း မနားရေသးယ လွိုင္းဆက္က အခ်ိဳပြဲဝိုင္းမ်ား ေဘးတြင္ထိုင္ေနရင္း စိတ္တို႔ကေတာ့ အတက္အက် အလ်င္းမရွိျဖစ္လို႔ေနသည္။
သူ႕ကို လာလာ စကားေျပာေနခဲ့ၾကတဲ့ ဧည့္သည္ေတြက တကယ္တမ္း သူ႕ဧည့္သည္
တစ္ေယာက္မွမပါ။ ေမေမ့မိတ္ေဆြနဲ႕ မမႀကီးတို႔ မိတ္ေဆြေတြသာ လာတဲ့ဒီပြဲက သူ႕မဂၤလာေဆာင္ဆိုတာ ေတာ္႐ုံလူ ယုံမည္မထင္။
တူႏွစ္ျဖာ ဂေဟဆက္မဲ့ သီခ်င္းေတြမပါ၊
အခမ္းနားမႉးမပါေသာ ဒီမဂၤလာေဆာင္က
ရိုးရိုး ဘုန္းႀကီးဆြမ္းကပ္နဲ႕ေတာင္မျခား။
ဒါေပမဲ့ လွိုင္းဆက္ကေတာ့ သေဘာက်မိပါသ္။ ေအးေအးေဆးေဆးနဲ႕ ၿပီးသြားတာကိုပဲ
အဆင္ေျပလွၿပီမဟုတ္လား။ မဟုတ္ရင္
ဟိုမ်က္ႏွာ ဒီမ်က္ႏွာၾကည့္ရၿပီး စိတ္ပင္ပန္းရအုန္းမယ္။
လွိုင္းဆက္ ဖက္က မိတ္ေဆြတစ္ေယာက္ကိုမွ
ဖိတ္ၾကားျခင္းမရွိခဲ့သလို ေကာင္ေလးဖက္က
ဧည့္သည္တစ္ေယာက္မွလည္း မလာခဲ့။
သူတို႔က သူတို႔နဲ႕မသိတဲ့ လူေတြဆီက
အိမ္ေထာင္ေရးတရားကို ခပ္တည္တည္ နားေထာင္ခဲ့ရၿပီး အေၾကာင္းရင္းမရွိ
ေက်းဇူးတင္စကားေတြကိုေတာင္ ေျပာခဲ့ရေသးသည္။
ခုလည္း တစ္ေယာက္တစ္ကြဲစီျဖစ္လ်က္။
မနက္ကတည္းက ဘာမွေသခ်ာမစားရေသးတာမို႔ လွိုင္းဆက္ ဗိုက္ဆာေနၿပီ။
သို႔ေသာ္လည္း ေမေမ့ရဲ႕ ဧည့္သည္ဝိုင္းက
မျပန္ေသးတာေၾကာင့္ ဒီဘက္မွာ သူတစ္ေယာက္ထဲ စားေနလို႔မေကာင္း။
တစ္စတစ္စ ျပန္သြားၾကတဲ့ ဧည့္သည္ေတြကို
ႏႈတ္ဆက္ဖို႔ ဒီစားပြဲမွာ ထိုင္ေနတာကိုက
နာရီအေတာ္ၾကာေနၿပီ။
ဟိုေကာင္ေလးက ဘယ္ေရာက္သြားသည္မသိ။ တစ္ေနရာရာ သြားနားေနမလား ထင္မိတာေၾကာင့္ လွိုင္းဆက္လိုက္မရွာမိတာပင္။
သူလည္း တကုပ္ကုပ္နဲ႕ မနားရ။ ဘိုးခနဲ ဘတ္ခနဲ သြက္သြက္လက္လက္ကေလး လႈပ္ရွားေနခဲ့ရွာတဲ့ ေကာင္ေလးက တစ္မနက္လုံး အလုပ္ရႈပ္ေနခဲ့တာမို႔လား။
"ကိုကိုႀကီး ထမင္းစားဖို႔ ျပင္လိုက္ေတာ့မယ္ေနာ္"
အိမ္မွာ ကူေပးေနၾက မိငယ္က လာေျပာတာမို႔ သူၾကည့္ေတာ့ အိမ္က အကူေတြအပါအဝင္ ဒီေန႕ကူဖို႔ ေခၚထားတဲ့သူေတြက
စားဖို႔ျပင္ေနၾကၿပီ။ သူမစားဘူးဆို က်န္တဲ့သူေတြပါ စားရခက္ကုန္မွာမို႔ လွိုင္းဆက္သေဘာတူလိုက္ၿပီး ခုံကေနထေပးလိုက္ရေတာ့သည္။
ခုံတခ်ိဳ႕သိမ္းၿပီးတာမို႔ ဒီခုံမွာပဲ ျပင္ခိုင္းတာ
ပိုအဆင္ေျပမည္။ မိငယ္က ခပ္သြက္သြက္ပင္ အခ်ိဳပြဲမ်ားကို ေနရာေ႐ြ႕ၿပီး ဟင္းခြက္မ်ား သယ္လို႔လာသည္။ လွိုင္းဆက္ ဟိုဟိုဒီဒီၾကည့္ရင္း ၿငိမ့္ကိုရွာေပမဲ့ မေတြ႕။
အေပၚထက္ တက္လာၿပီး ေကာင္ေလးေနတဲ့ အခန္းေရွ႕ေရာက္ေတာ့ တြန႔္ဆုတ္ေနမိတဲ့ လွိုင္းဆက္။ ပင္ပန္းလို႔ နားေနတာကို ေခၚရင္အဆင္ေျပပါ့မလား။ ဒါေပမဲ့ သူလည္း ဘာမွမစားရေသးတာမို႔ ေခၚလိုက္မွျဖစ္မည္။
လွိုင္းဆက္တံခါးကို ေခါက္မည္ရွိေသး
ပြင့္လာတဲ့ တံခါးေၾကာင့္ လက္ပင္ ေလထဲမွာ
ရပ္တန႔္လ်က္။ သူ႕မ်က္လုံးတို႔က အံ့ဩရိပ္တို႔ျဖတ္သြားၿပီး တဆက္ထဲ မသက္မသာျဖစ္မႈ အနည္းငယ္ပါ ေရာက္ရွိလို႔လာသည္။
သူနဲ႕မ်က္ႏွာခ်င္းဆိုင္လိုက္ရတာက ႏွစ္ေယာက္မရွိတဲ့ မမႀကီး။
မမႀကီးက ေ႐ႊအိုေရာင္ ဝမ္းဆက္ကို ဝတ္လ်က္သား ပုခုံးထက္မွာ ေ႐ႊအိုေရာင္ ပိုးပုဝါကို ၿခဳံလို႔ထားသည္။ ဆံပင္အေခြလိုက္တို႔က
ပုခုံးတစ္ဖက္ကေန စုကာေခြက်ေနၿပီး ေ႐ႊသားကလစ္တစ္ခုႏွင့္ စုညွပ္ကာ ထားသည္။ နီညိုေရာင္ ႏႈတ္ခမ္းတို႔က တအံ့တေအာျဖစ္သြားေပမဲ့ ခ်က္ခ်င္းပဲ ပိရိတည္ၿငိမ္တဲ့ ပုံစံေျပာင္းလိုက္တဲ့ မမႀကီး။
"ဘယ္သူလဲ ...အာ လွိုင္းဆက္"
ထပ္မံ ထြက္ေပၚလာတဲ့အသံနဲ႕အတူ
ေနာက္ကိုၾကည့္ေတာ့ မမငယ္။ ဆက္တီခုံတစ္ခုေပၚ မွီထိုင္ေနၿပီး လွိုင္းဆက္ဆီ လွမ္းကာၾကည့္လို႔ေနသည္။သူတို႔က ဘယ္လိုျဖစ္လို႔ ဒီကိုေရာက္ေနၾကတာပါလိမ့္။ မသိစိတ္က တစ္ေယာက္ေယာက္ကို ရွာေဖြမိေနၿပီး မမႀကီးကိုေက်ာ္ကာ အခန္းထဲ ေဝ့ဝဲ ၾကည့္ေနမိတဲ့ လွိုင္းဆက္။
"ဘာရွာေနတာလဲ"
မမႀကီးအသံက ျပတ္ျပတ္။ သို႔ေသာ္ မာေၾကာေနတာမ်ိဳးေတာ့မဟုတ္ျပန္။ သူမက လွိုင္းဆက္ၾကည့္ေနတဲ့ အခန္းထဲၾကည့္ရင္း ေမးလိုက္တာျဖစ္သည္။
"ဟိုကေလး "
မမႀကီးက ဘယ္လို ဆိုသည့္ နားမလည္နိုင္ေသာ မ်က္လုံးတို႔ႏွင့္ လွည့္ၾကည့္လာေတာ့
လွိုင္းဆက္မ်က္ႏွာက ပူလာသလိုေတာင္ ခံစားရသည္။ သူ႕အမေတြ ေရွ႕မွာ အခုမွ ယူထားတဲ့ လူကို လိုက္ရွာရတာ တစ္မ်ိဳးေတာ့ျဖစ္ေနတယ္မို႔လား။
"ၿငိမ့္တည္က မနက္ကပဲ နင့္အခန္းဖက္ ေ႐ႊ႕သြားၿပီေလ။ ကိုဥကၠာေတာင္ သူ႕အိတ်ေတြ အကုန္ပို႔ေပးလိုက္တာ"
မမငယ္က အခန္းထဲမွာ လွမ္းေအာ္ေတာ့
လွိုင္းဆက္က ေခါင္းၿငိမ့္ျပလိုက္ရသည္။
မနက္ကတည္းက အလုပ္ရႈပ္ေနေတာ့ အခန္းေျပာင္းလာတာ မသိခဲ့။
ေနာက္ဆုံးေတာ့ သူ႕ရဲ႕ ေအးတိေအးစက္ အမႀကီးကို ေခါင္းတစ္ခ်က္ငုံ႕ အရိုေသေပးၿပီး သူထြက္ခဲ့ရသည္။ မမႀကီးကေတာ့ သူ႕ကို ဆက္ၾကည့္ေနပုံပါပဲ။ ဒါေပမဲ့ သူတို႔ေမာင္ႏွမၾကား
ေျပာစရာစကားေတြက မရွိၾကဖူးမို႔ ဒီလိုပုံစံက သိပ္အထူးဆန္းေတာ့ ျဖစ္ေနမည္မထင္။
အခန္းတံခါးကို ေခါက္ေပမဲ့ တုန႔္ျပန္သံမလာ။ကိုယ့္အခန္းကိုယ္ေပမဲ့ မဆင္မျခင္ မဝင္ခ်င္တာေၾကာင့္ သုံးေလးခါေခါက္ၿပီးမွ ဝင္လာေတာ့ အခန္းက တိတ္ဆိတ္လ်က္သား။ အိတ္ကေလးေတြ ကုတင္ေျခရင္းက ၾကမ္းျပင္မွာ ခ်ထားတာကလြဲလွ်င္ လူရိပ္ပင္မျမင္ရ။
လွိုင္းဆက္က ခပ္ေစ့ေစ့သာရွိေသာ ေရခ်ိဳးခန္းတံခါးအျပင္ က်န္တဲ့ေနရာေတြမွာပါ
ေကာင္ေလးမရွိတာ ေသခ်ာမွ အခန္းထဲက ျပန္ထြက္လာခဲ့ေတာ့သည္။
အေပၚထပ္မွာလည္း မရွိတာေၾကာင့္ ဒီေကာင္ေလး ဘယ္မ်ား ေရာက္ေနမလည္း သူစဥ္းစားမရ။
ကြၽန္းသား ေလွကားမ်ားကို ခပ္ဖြဖြနင္းေလွ်ာက္ၿပီး သူဆင္းလာေတာ့ ထမင္းဝိုင္းက အဆင္သင့္ျဖစ္ေနၿပီး မမႀကီးႏွင့္ ကိုဥကၠာပင္ ထိုင္ေနၾကၿပီ။
"ကိုလွိုင္းဆက္တို႔ စားလို႔ရၿပီေနာ္"
မိငယ္က သူတို႔စားဖို႔ ျပင္ေနရင္း အေျပးကေလးလာေျပာေသးသည္ ။
"လာေလ လွိုင္းဆက္ ..ၿငိမ့္တည္ေရာ စားဖို႔ေခၚအုန္းကြ။ မနက္ကတည္းက သူလည္း ဘာမွဟုတ္တိပတ္တိ မစားရေသးဘူးထင္တယ္"
"ဟုတ္ ကြၽန္ေတာ္ သြားေခၚအုန္းမယ္"
"ေစာေစာက အေပၚမွာ မေတြ႕ခဲ့ဖူးလား။ လိုက္ရွာေနတာဆို"
ကိုဥကၠာအေျပာေၾကာင့္ လွိုင္းဆက္ျပန္ေျပာေနတာပင္မဆုံးေသး။ မမငယ္ကပါ ဝင္ေျပာျပန္သည္။ လက္ထဲက ဟင္းရည္ခြက္ကို ခုံေပၚခ်ရင္း ဝင္ထိုင္တဲ့ မမငယ္က လွိုင္းဆက္နဲ႕ ေကာင္ေလးအတြက္ပါ ဟင္းခြက္မ်ား ျပင္ဆင္ထားပုံ။
"ၿခံထဲသြားရွာလိုက္မယ္ စားႏွင့္ၾကပါ"
အားရပါးရ စားေနၾကတဲ့ အလုပ္သမား ထမင္းဝိုင္းေတြကို ေကြ႕ဝိုက္ေက်ာ္ခဲ့ၿပီး
အိမ္ျပင္ထြက္လာရတဲ့ လွိုင္းဆက္။
လွိုင္းဆက္ကို လွမ္းႏႈတ္ဆက္ေနၾကတာကို
ရယ္ေမာကာ အၿပဳံးႏွင့္ တုံ႕ျပန္ရေသးသည္။
ၿခံက်ယ္ႀကီးကေတာ့ ေနပူပူေအာက္မွာ
တိတ္ဆိတ္လ်က္။ အိမ္ေရွ႕မွာ မရွိတာေၾကာင့္ လွိူင္းဆက္ ေနာက္ေဖးဆီလာခဲ့ေတာ့
ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ မ်က္လုံးမ်ားပင္ ျပဴးမိလို႔သြားသည္။
ဒါက ဘယ္လိုေတာင္မွ ျဖစ္ရတာလဲ။
ပိုးပုဆိုးကို ခပ္တိုတို ဝတ္ထားရင္း ဇလုံႀကီးမ်ားကို ေရွ႕ခ်ကာ ပန္းကန္ေဆးေနတဲ့ ေကာင္ေလး။ လွိုင္းဆက္က မယုံနိုင္ျခင္း ေၾကာင့္ ဘာစကားမွေတာင္ထြက္မလာ။ သူတို႔အိမ္ရဲ႕ မီးဖိုေခ်ာင္က အိမ္ထဲမွာမို႔ ပြဲရွိလို႔ လူအမ်ားႀကီးစာ ေဆးရေၾကာရတာမ်ိဳးဆို အျပင္မွာ လုပ္ေလ့ရွိတာ လွိုင္းဆက္မွတ္မိသည္။
ခုလည္း အလုပ္သမားေတြ စားေသာက္ၿပီးမွ
ေဆးဖို႔ လုပ္ေနတာေတြကို ဒီမွာ အားႀကိဳးမာန္တက္ လာထိုင္ေဆးေနတာျဖစ္ရမည္။
ေလွ်ာခနဲ ျပန္ျပန္က်လာတဲ့ အကၤ်ီလက္ကိုလက္ေထာင္ကာ ပင့္တင္ရင္း ပန္းကန္ေတြေဆးေနတဲ့ ေကာင္ေလးက လွိုင္းဆက္ကို ျမင္ပုံမရ။ ေလေျပႏုႏုေၾကာင့္ ေကာင္ေလးဆံပင္ တိုတိုေလးေတြက ေဘးနားက အပင္ႀကီးရဲ႕ အ႐ြက္ေတြနဲ႕ အတူ လႈပ္ခတ္လို႔ေနေသးသည္။
ပိုမိုနီးကပ္သြားမႈမွာ ျမင္ရတဲ့ မ်က္ႏွာထက္
ေခြၽးသီးကေလးမ်ား ကပ္ေနၿပီး မ်က္ေတာင္စိပ္စိပ္ကေလးမ်ားက ငုံ႕ဆင္းလို႔ေနသည္။
အုပ္မိုးက်လာတဲ့ အရိပ္ႏွင့္ ေရျပင္ထက္ ထင္ဟပ္လာမႈေၾကာင္ထင္ ေကာင္ေလးက
အသာေမာ့ၾကည့္လာေပမဲ့ ေနထိုးေနတာေၾကာင့္ မ်က္လုံးေလးက ခပ္ေမွးေမွး။
"ကိုလွိုင္းဆက္??"
ေမးသံတိုးတိုး။ ထို႔ေနာက္ ျဖဴေဖြးေနတဲ့ သြားတန္းကေလး ညီေအာင္ ၿပဳံးျပလာတဲ့သူ။လွိုင္းဆက္က ဘယ္လိုတုန႔္ျပန္ရမလဲ မေတြးရေသးခင္မွာပင္ ၿပဳံးမိသြားသည္။ သူ႕ပါးထက္က ပါးခ်ိဳင့္ေတြက နစ္ခနဲ။
"ကိုယ္ ထမင္းစားဖို႔ လာေခၚတာ"
"ဒါေလး ၿပီးေတာ့မွာ လက္စသတ္လိုက္အုန္းမယ္ဗ်"
ဘာမွပင္ မေျပာနိုင္။ အေျပာထက္ လက္ပိုျမန္တဲ့ေကာင္ေလးကေတာ့ ေရတဗြမ္းဗြမ္းနဲ႕ ေဆးေနၿပီျဖစ္သည္။
"ေဆးမဲ့သူေတြ ရွိပါတယ္ကြာ"
"ရတယ္ ရတယ္။ ကြၽန္ေတာ္ အျပင္ထြက္လာေဝာာ့ ဒါနည္းနည္းပဲေတြ႕လို႔ ဝင္ေဆးလိုက္တာရယ္။ အပန္းမႀကီးဘူး"
ေျပာလည္းေျပာ လက္စလည္း သတ္တဲ့ေကာင္ေလး။ ပန္းကန္ ထပ္ အခ်ပ္လိုက္ေတြကို ေစာင္းကာ ေရစစ္ၿပီးေနာက္ ေစာေစာက ေဆးထားတဲ့ ပန္းကန္ေတြထဲ ေပါင္းထည့္လိုက္သည္။ အသံက်ယ္က်ယ္ပင္ မထြက္ေစရ။ လုပ္ေနက်လိဳမ်ိဳးျငင္သာစြာ။
"ကြၽန္ေတာ္ အရင္ကလည္း ပြဲေတြမွာ ဝင္ကူရင္ ေဆးေနက်။ အကြၽမ္းက်င္ဆုံးဗ် ဟဲဟဲ"
သေဘာတက် ေျပာေနတဲ့ ေကာင္ေလးက
ေပါ့ပါးစြာ။ လွိုင္းဆက္ပင္ ဒီခပ္သြက္သြက္ကေလးေၾကာင့္ သေဘာမက်ပဲ မေနနိုင္။
ေကာင္ေလးက ဟန္ေဆာင္မႈ ကင္းၿပီး
ရိုးရွင္းတာကို လွိုင္းဆက္ ခံစားလို႔ရသည္။
"ဒီနားတိုးခဲ့"
အူေၾကာင္ေၾကာင္ ေမာ့ၾကည့္တဲ့ေကာင္ေလး။
အနားေရာက္လာေတာ့ လွိုင္းဆက္က သူ႕အကၤ်ီလက္ေတြကို ပင့္တင္ကာ ေခါက္ေပးလိုက္သည္။ ေရစက္လက္ျဖစ္ေနတဲ့ လက္ေလးေတြက ၿငိမ္သက္စြာ။ လူႀကီး လုပ္ေပးေတာ့ အတြန႔္မတက္ ၿငိမ္ခံေနတာမို႔ လွိုင္းဆက္ပိုေတာင္ သေဘာက်မိေသးသည္။
တစ္မနက္လုံး စိတ္မသက္မသာ ျဖစ္ေနတာက အခုေတာ့ အကုန္ၾကည္လင္သြားသလို။
ငုံ႕မိုးၾကည့္ေနမိတဲ့ မ်က္ႏွာေလးကလည္း ငုံ႕လို႔ေနၿပီး ဘယ္ဘက္နားထင္က မွဲ႕နက္ကေလးကိုပါ ေသခ်ာျမင္ေနရသည္။
အလိုလို ေရာက္သြားတဲ့ လက္ေတြက နားထင္စက ေခြၽးေတြကို သုတ္လ်က္ၿပီးသား။ တြန႔္ခနဲျဖစ္သြားေပမဲ့ ေမာ့ၾကည့္လာတာကလြဲရင္ ႐ုန္းမသြား။ တကယ္တမ္း အိုးတိုးအမ္းတန္းျဖစ္သြားရတာက လွိုင္းဆက္ပင္။ ဘယ္လိုျဖစ္လို႔မ်ား သူကဒီေလာက္ထိ ရဲတင္းမိသြားတာပါလိမ့္။
"ေက်းဇူးဗ်"
"ရပါတယ္ ထမင္းသြားစားရေအာင္"
ခ်ာခနဲလွည့္ထြက္ခဲ့ၿပီး သက္ျပင္းဖြဖြ
ခ်လိဳက္မိသည္။ ဘယ္ သတို႔သားကမ်ား
ပန္းကန္ေဆးတဲ့ေနရာ ေရာက္ေနမွာတဲ့လည္း။ သူတို႔ မဂၤလာေဆာင္ကေတာ့ အေတာ္ေလး ဆန္းျပားေနပါၿပီ။ ေစာေစာကပဲ ထိခဲ့မိတဲ့ လက္ေခ်ာင္းရွည္ေလးေတြ။ ေနာက္က ပါလာတဲ့ ေျခသံေလး။
လွိုင္းဆက္ ရင္ထဲ ထူးဆန္းလို႔ေနပါသည္။
ဒီလိုမ်ိဳး တစ္စုံတစ္ေယာက္က သူနဲ႕ တစ္ဘဝလုံး အတူရွိရေတာ့မယ္ဆိုတာက သူ႕ကိုစိတ္လႈပ္ရွားေစတာ ဝန္ခံရမည္။ စိတ္မသက္မသာ ျဖစ္ျခင္းမဟုတ္ေသာ္လည္း ပုံမွန္ေအးေအးေဆးေဆးေတာ့လည္း မဟုတ္ျပန္။
လွိုင္းဆက္လို အၿမဲတစ္သီးတစ္သန႔္နဲ႕
အေျပာင္းလဲ မရွိတဲ့သူကိုေတာင္ ဒီကိစၥက
စိတ္လႈပ္ရွားေစတုန္း။ သူလက္ထပ္လိုက္တဲ့
ဒီေကာင္ေလးက ငယ္သည္၊ သြက္သည္
ေနာက္ၿပီး ..ေနာက္ၿပီး တျခားသူမသိေသးတာေတြ အမ်ားႀကီး ရွိအုန္းမည္။
တစိမ္းတစ္ေယာက္က ႐ုတ္တရက္ သူ႕ဘဝထဲဝင္လာၿပီး တစ္သက္တာလုံး ရင္းႏွီးရေတာ့မည္။
"ကိုလွိုင္းဆက္ ဒီဘက္.."
ဆတ္ခနဲဖမ္းဆြဲခံလိုက္ရတဲ့ လက္ေမာင္း။
လွိုင္းဆက္ေက်ာျပင္က မ်က္ႏွာတစ္ခုႏွင့္ ဖိကပ္လို႔သြားသည္။
"အမေလး ကိုကိုႀကီးရယ္ အပူေလာင္ေတာ့မလို႔ ကံေကာင္းလို႔"
မိငယ္က ေျပာေျပာဆိုဆိုႏွင့္ ဟင္းရည္ခ်ိဳင္ႀကီးကိုခပ္ေဝးေဝးယူလို႔သြားသည္။ အပူဟပ္ခံရ႐ုံေလးမို႔ လက္ဖ်ံက အပူေလာင္မသြား။
"ရရဲ႕လားဟင္"
သူ႕ခါးေဘးကေန ထြက္လာတဲ့အသံ။
ႏူးညံ့ၿပီးေနာက္ စိတ္ပူပန္မႈတို႔ ပါဝင္လို႔ေနသည္။ ခပ္ဝိုင္းဝိုင္းမ်က္လုံးေတြက သူ႕ကိုေစာင္းငဲ့ၾကည့္ေနၿပီး တင္းၾကပ္တဲ့ လက္ေခ်ာင္းရွည္ေတြက လွိုင္းဆက္နဲ႕ လက္ေမာင္းႏွစ္ဖက္ကေန သူ႕ဆီဆြဲလို႔ထားသည္။
အာ႐ုံမ်ားေနတာနဲ႕ ဟင္းရည္သယ္လာတဲ့သူကို သူတိုက္မိေတာ့မလို႔။ ေကာင္ေလးက လွမ္းဆြဲလိုက္တာေၾကာင့္ ေကာင္ေလးမ်က္ႏွာနဲ႕ လွိုင္းဆက္ေက်ာပါ ကပ္မိသြားတာ။
"သားတို႔ ေပ်ာက္ေနတယ္ေျပာေနတာ လာလာ ထမင္းလာစားၾက"
ေမေမ လွမ္းေခၚမွ သူ႕ေနာက္က ထြက္ကာ
ေဘးေရာက္လာတဲ့ ေကာင္ေလးက အၿပဳံးေလးႏွင့္။
"ဟုတ္ လာၿပီဗ်"
ေရွ႕ကို ေလွ်ာက္သြားတဲ့ ေျခလွမ္းေတြ။ လွိုင္းဆက္က ထိုေက်ာျပင္ေလးကို ေငးရင္း က်န္ေနခဲ့ရ၏။
ေဂးႏွစ္ေယာက္ရဲ႕ မဂၤလာေဆာင္က
ရိုးရွင္းစြာ။ ၿပီးေတာ့ သူတို႔ၾကားက ခပ္ေသးေသးအလြဲတခ်ိဳ႕ႏွင့္ ၿပီးေျမာက္ခဲ့ပါၿပီ။
...............................................
စာေရးသူ၏ အမွာစာ:
တကယ္ေတာ့ ဒီအပိုင္းက ဇူလိုင္ ၈ရက္ကတည္းက ေရးၿပီးသား။
ဒီမနက္ ျပန္စစ္ၿပီး တင္မယ္လုပ္ေတာ့
စာလုံး ႏွစ္ေထာင္လို႔ ပ်က္ခ်သြားတာ လုံးဝျပန္ရွာလို႔ကို မရေတာ့လို႔ တစ္မနက္လုံး
ထိုင္ေအာ္ေနခဲ့ရ။
ေနာက္တစ္ေခါက္ျပန္ေရးေတာ့လည္း
ခံစားခ်က္ေနာက္တစ္မ်ိဳးေပါ့။
အဲ့လိုေလး ႏွလုံးသြင္းၿပီး ျပန္ေရးထားရပါတယ္။