Chapter-32

26K 2.6K 64
                                    

Unicode

ချစ်မိပြီးနောက် နေ့ရက်များ ၉

(ကိုလှိုင်းဆက်၏ အတိတ်)

ဖြောင်းခနဲ ကျယ်လောင်သောအသံတစ်ခုနောက် စံပယ်ပန်းရနံ့များ လှိုင်နေသည့်
အိမ်၏ဧည့်ခန်းဟာ ရုတ်ရုတ်သဲသဲ ဖြစ်လို့သွားသည်။ အနားရောက်လာသော ခြေသံများ၊ အတင်းဆွဲခေါ်နေသော အထိအတွေ့နှင့်
တောင်းပန်တိုးလျှိုးသံများဖြင့် ပွက်လောရိုက်သွားသည့်အခြေအနေ။

"ဖေကြီး စိတ်ကိုအရင်ထိန်းပါအုန်း။
ဟဲ့ သွားစမ်း လှိုင်းဆက်ကို ဆွဲသွားစမ်း"

"ဖေဖေ တော်ပါတော့!!"

"ဆရာ ဆရာ"

"လှိုင်းဆက် ...သား ဒီဘက်ကိုလာခဲ့"

မေမေ၏ ငိုသံစွက်နေသော တောင်းပန်သံဟာ အခန်းအတွင်း အဆူညံဆုံးဖြစ်သည်။
လှိုင်းဆက်နှင့် ဖေဖေ့ကြား အတင်းဆွဲခွာလို့
နောက်ကို တွန်းပို့တဲ့မေမေရဲ့ ဆံပင်တွေထက်
ချိတ်တွယ်ပန်ဆင်ထားသည့် စံပယ်ပန်းကုံးများဟာ တချို့တဝက်ပြုတ်ပြတ်ထွက်ကျလို့လာပြီး စံပယ်ပန်းတချို့ဟာ ကြမ်းခင်းထက်
ပြန့်ကျဲလို့သွားတော့သည်။

ခြေ‌ဖနောင့်နှင့် တက်ဖိနင်းမိသည့် စံပယ်ပန်းတွေဟာ လှိုင်းဆက်၏ ရင်ထဲက နာကျင်မှုကို
ကိုယ်စားပြုနေခဲ့သည်လား။ပူထူနေသော
နားထင်နှင့်အတူ နားအတွင်း အူတက်လာကာ မျက်လုံးတွေပါဝေဝါးလို့လာခဲ့သည်။ ခေါင်းမူးသွားလို့လား မျက်ရည်တွေလား သူသတိမထားနိုင်။

မျက်စိရှေ့ရောက်လာတဲ့ မမကြီးရဲ့ ကျောပြင်။ သေးငယ်တဲ့ ကိုယ်လုံးလေးဟာ
လှိုင်းဆက်ရှေ့မှာ လက်နှစ်ဖက်ကို ကာလို့
တားဆီးထားပြီး သူမရဲ့ ပိတုန်းရောင်တောက်နေသော ဆံပင်ထုံးထက်တွင်လည်း
စံပယ်ပန်းကုံးတို့က အခွေလိုက်ရှိနေခဲ့သည်။

လှိုင်းဆက်ကို ဂျိုင်းကနေလျှိုလို့ တောက်လျှောက်ဆွဲသွားခဲ့တဲ့ လူနှစ်ယောက်ကို သေချာအာရုံမစိုက်နိုင်။ ပျော့ခွေတော့မလိုဖြစ်နေသည့် ခြေထောက်ကို အရင်
ပြန်အားထည့်ဖို့ လုပ်ရသည်။ခြောက်ပေ
အကွာလောက်အထိ ဆွဲသွားခံရပြီးမှ
လှိုင်းဆက် ခါးတွေကနေ ပွေ့ထားလို့
ထိန်းထားတဲ့ သူနှစ်ဦးက ဖေဖေ့ အလုပ်သမားတွေမှန်း သိလိုက်ရ၏။

ငြိမ့် (COMPLETED)Where stories live. Discover now