Zawgyi...
ဆရာဝန္တဲ့လား.. ရင္ႏွီးေနတဲ့ အဲ့ခံစားခ်က္ကေရာ ဘာပါလိမ့္..အရင္က တေနရာရာမွာမ်ား ဆံုခဲ့ဖူးတာလား.. ဒါမွမဟုတ္ အေႂကြး႐ွင္မ်ားလား..
ခံစားခ်က္ေပါင္းစံုနဲ႔ ေကာင္ေလးတစ္ေယာက္ဟာ တစ္ကိုယ္လံုး ပတ္တီးအျပည့္ႏွင့္မို႔ အနည္းငယ္ အ႐ုပ္ဆိုးေစသည္..။
"မာမီ.."
စိတ္ထဲမတင္မက်နဲ႔ လွမ္းေခၚလိုက္သည္မို႔ ေမေမေရာ ေဖေဖကပါ သ်ွမ့္အား အေရးတစ္ယူၾကည့္လာသည္။
"ဘာျဖစ္လို႔လဲ သားေလး.."
"ဘယ္ေနရာက နာေနလို႔လဲဟင္.."
ဆိုဖာေပၚထိုင္ခါ ဖုန္းထဲမွသတင္းဖတ္ေနေသာ ေဖေဖက သ်ွမ့္ဆီ ခပ္သုတ္သုတ္လာေနတာျမင္ေတာ့ သ်ွမ္ ျပံဳးလိုက္မိသည္..။
အရင္က အေဖနဲ႔မတည့္ေသာ သားတစ္ေယာက္မို႔ ေဖေဖကလည္း ကြၽန္ေတာ့္အေၾကာင္းအား နည္းနည္းမွ ဂ႐ုမစိုက္ခဲ့ေပ... ယခုတြင္မူေတာ့ ျခားနားစြာေတာ့ ႐ွိလွသည္..။
"သား အဆင္ေျပရဲ႕လား.."
"ေျပပါတယ္ ေဖေဖ.."
"ဪ.. ဒါနဲ႔.. မင္းဆက္......"
..."ေဒါက္-³ "...
တံခါးေလာက္သံတစ္ခုေၾကာင့္ ဦးမင္းသီဟ ရဲ႕စကားတို႔က စကားေက်ာျပတ္ခါ သူတို႔အၾကည့္ေတြအကုန္လံုးက တံခါးဝဆီသို႔..
ထိုတံခါးအား ျဖတ္ေက်ာ္လာသည့္ လူတစ္ေယာက္က အျပံဳးအရယ္မ႐ွိသည့္ လူသားတစ္ေယာက္သာျဖစ္လိမ့္မည္...။
"အာ ေဒါက္တာ..ေနေကာင္းရဲ႕လား႐ွင့္.."
ေမေမက ထိုလူသားအား စီးႀကိဳသည္..။
"မဂၤလာပါခင္ဗ်..."
ေဒါက္တာကုတ္ကေလးနဲ႔ စဝ္စိုင္းခမ္က ႏႈတ္ဆက္သည္.. သ်ွမ့္ဘက္သို႔လည္း လည္ေစာင္းခါ တစ္ခ်က္ငဲ့ၾကည့္ေသးသည္။ သို႔ေပမဲ့ အျပံဳးမပါ..
ထိုလူသားဟာ ဟုတ္မွဟုတ္ပါရဲ႕လား မေန႔ကေတာင္ သြားသံုးဆယ့္ႏွစ္ေခ်ာင္းလံုးေပၚေအာင္ ရီေနခဲ့တာေလ... ခုေတာ့ ခပ္က်ည္းက်ည္းမ်က္ဝန္းေတြက ပိရိစြာ တည္တင္းထားပါေသာ ထိုႏႈတ္ခမ္းသားေတြက လူကို အလိုလို အက်ပ္အတည္းထဲေရာက္ေစျပန္ပါသည္။
သ်ွမ္ ႏွာေခါင္းကေလး႐ွံုခါပင္ ႏႈတ္ခမ္းကေလးေတြ ဆူထုတ္ပစ္လိုက္မိသည္။
"အမွန္က ကြၽန္ေတာ့္ ဂ်ဴတီက ၿပီးပါၿပီ.. ဒါေပမဲ့ လူနာကို စိတ္ပူေသးတာေၾကာင့္ ေနာက္ဆံုးတစ္ေခါက္လာၾကည့္တာပါ."
"ရပါတယ္ ေဒါက္တာ ရပါတယ္..ကိစၥမ႐ွိပါဘူး ႀကိဳက္တဲ့အခ်ိန္ လာၾကည့္လို႔ရပါတယ္.."
"အမ္!"
ေမေမ့ စကားအသြားအလာက ဘယ္ကိုေပါက္လို႔ ဘယ္ကိုေရာက္ေနသလဲဆိုတာ ေဖေဖေရာ ကြၽန္ေတာ္ကိုယ္တိုင္ပါသိ၏..။
ေမေမကေရာ ဘာရည္ရြယ္ခ်က္နဲ႔ အဲ့ဆရာဝန္ကို လိုက္ဖားေနသလဲဆိုတာ မည္သူမွမသိရပါေခ်...။
"မာမီ..."
သ်ွမ္က မ်က္ေမွာင္ၾကဳတ္ခါ ႏႈတ္ခမ္းဆူပစ္လိုက္မွ ေမေမက ခပ္က်ဲက်ဲရယ္ခါ ေနာက္ဆုတ္သည္..။
.."အင္း.. အာ့ဆိုရင္ လူနာ .. ကုတင္ေပၚကိုတစ္ခ်က္လွဲေပးပါ.. ကိုယ္ ႏွလံုးခုန္ႏႈန္းစမ္းရမွာမို႔ပါ..ေသြးေပါင္လည္း ခ်ိန္ရမယ္.."
သ်ွမ္က ႏႈတ္ခမ္းကေလး ဆူလ်ွက္ပင္ ကုတင္ေပၚ လွဲေပးရႇာပါသည္..။ဆရာဝန္ေလးကေတာ့ သူလုပ္စရာ႐ွိသည့္ အလုပ္ေတြကို ဆက္လက္လုပ္လ်ွက္သာ..။
..."ေဖႀကီး.. ႐ွင့္သားနဲ႔ အဲ့ေဒါက္တာေလး မလိုက္ဖူးလား ၾကည့္စမ္းပါအံုး က်မေတာ့ သေဘာေတြက်ေနၿပီေနာ္.."
ေဒၚလွအိမ္သူဇာက ဦးမင္းသီဟ ရဲ႕လက္ေမာင္းကို တို႔ခါတို႔ခါ ေမးေလေတာ့ ဦးမင္းသီဟက ေခါင္းကုတ္ခါ စိတ္႐ႈတ္ေနေလသည္..။
"ေမႀကီး.. ေတာ္ေတာ့ သားက အခုမွ ေနေကာင္းခါစရယ္ .. ၿပီးေတာ့ သားကို မိန္းမဘဲရေစရမယ္.. သားဘဝမွာ ေနာက္ထပ္ ေယာက္်ားတစ္ေယာက္ဆိုတာမ်ိဳး ႐ွိမလာေစရဘူး ေဒၚလွအိမ္သူဇာ.. မင္းလည္း က်ပ္က်ပ္သတိထားေနပါ.. မင္းလုပ္ပံုေၾကာင့္ မင္းသားဘဝပ်က္ဖို႔ ကပ္သီးေလးဘဲလိုေတာ့တာမင္းသိလား"
ေဒၚလွအိမ္သူဇာက ေယာက္်ားျဖစ္သူအား ႏႈတ္ခမ္းကေလး မဲ့ျပခါ ဦးမင္းသီဟရဲ႕စကားေတြကို လ်စ္လ်ဴ႐ႈရင္း သားတို႔အနား တေရြ႔ေရြ႔ ခ်ဥ္းကပ္သြားေလသည္..။
"ေဒါက္တာေလးရယ္.. ေဒါက္တာေလးေက်းဇူးနဲ႔ သားသားအသက္က်န္ေနတာပါ.. အဲ့ေတာ့ ေက်းဇူး႐ွင္ဆိုလည္းမမွားပါဘူး.. အဲ့တာေၾကာင့္ ဒီေန႔ကစၿပီး သားသားလံုးလံုးေလးက ေဒါက္တာ့ အပိုင္ပါ.."
"ဗ်ာ...! ဘယ္လို.."
"မာမီ...မာမီဘယ္လိုျဖစ္ေနတာလဲလို႔.."
ဦးမင္းသီဟက ကိုယ့္ႏွဖူးအား လက္ျဖင့္ ဖ်တ္ခနဲ ႐ိုက္ခ်ပစ္လိုက္ေတာ့သည္...။
ၿပီးေတာ့.......,
ေဒၚလွအိမ္သူဇာက မေခတဲ့အမ်ိဳးသမီးႀကီးတစ္ဦးကိုး...။ သ်ွမ္သိသေလာက္ကေတာ့ သူ႔မာမီက သူ႔အတြက္ social media ေပၚတြင္ တိတ္တိတ္ကေလး fan club page ေတာင္ေထာင္ထားေပးခဲ့တဲ့ shipper အႀကီးစား.. အကိုဆက္ပိုင္နဲ႔ ေတြ႔ခဲ့တာကလည္း မာမီ့ ပေရာဂ မကင္း႐ွင္းပါ..
"အို.. ဘာဘဲျဖစ္ျဖစ္ပါေလ... ေဒါက္တာအပိုင္ပါ ေနာက္ လိုအပ္တာေလးေတြ႐ွိရင္လည္း မလိမ္မိုးမလိမ္မာေလးကို ဆံုးမလို႔ရပါတယ္.."
အ့ံဩေနသည့္ ကိုယ္ေရႊေခ်ာေဒါက္တာက ေမေမ့အား ျပဴးတူးျပဲတဲၾကည့္လို႔.. ဒယ္ဒီနဲ႔ ကြၽန္ေတာ္ကေတာ့ သက္ျပင္းကိုယ္စီခ်ခါ ေဒါက္တာ့အား မ်က္ႏွာပူလွသည္။
"အာ..ေဒါက္တာ.. ေဒါက္တာက အလုပ္ေတြမ်ားေနတဲ့ပံုဘဲ မာမီရယ္ ေဒါက္တာ သြားပါေစ... ဟဲဟဲ ေဒါက္တာ ျပန္လို႔ရၿပီေနာ္..."
အတင္းတြန္းထုတ္ေနေသာ လံုးလံုးဆိုသည့္ nicknameနဲ႔ ေကာင္ေလးက တကယ္လည္း ျဖဴလံုးေလးပင္... ၾကည့္ရတာ မိသားစုေတြက ေပ်ာ္ေပ်ာ္ေနတက္သည့္ happyfamily ဘဲျဖစ္ရမည္ဆိုတာ စဝ္စိုင္းခမ္ ရိပ္မိလိုက္သည္...။
ကြၽန္ေတာ္ကမူ ပထမဦးဆံုးအႀကိမ္အျဖစ္ သူတို႔မိသားစုေလးကို အားက်ခဲ့ရသည့္ brokenfamily ေလးထဲကပါ... ေႏြးေထြးေသာ အသိုက္အျမံဳအား သူတက္မက္ခဲ့ဖူးတာၾကာခဲ့ၿပီျဖစ္၏..။
အခုလည္းကြၽန္ေတာ္ တိုက္ပြဲဝင္ရအံုးမည္... အေဖနဲ႔ စစ္တိုက္ဖို႔အတြက္... အေဖသည္ သူ႐ွိေသာ ႏိုင္ငံဆီသို႔ အတင္းေခၚေယူနၿပီျဖစ္သည္။
"...."
"မာမီဘာေတြ ေလ်ွာက္ေျပာေနလဲ.. ဟိုက အိမ္ေထာင္႐ွိရင္ ဘယ္လိုလုပ္မလဲ.."
"မ႐ွိပါဘူး လံုးလံုးရယ္ နင့္အေမပါ... နင္႔အေမကမ်က္စိက်ၿပီဆိုတာနဲ႔ အဲ့လူရဲ႕ အတိတ္ေရာ ပစၥဳပၸန္ေရာ အနာဂတ္ပါ ေသခ်ာၾကည့္ထားတဲ့ မိန္းမမ်ိဳး.. အဲ့ေဒါက္တာကေလးက ခ်မ္းသာတယ္ ပညာတက္တယ္ တည္ၾကည္တယ္ အ႐ႈတ္အ႐ွင္းကင္းတယ္ အေပ်ာ္အပါးဆိုေဝးေသး လူ႐ိုးႀကီးလည္းမဟုတ္ဘူးေနာ္.. ၿပီးေတာ့ တစ္ရာရာခိုင္ႏႈန္း ပါကင္အသစ္စက္စက္ဘဲဟဲ့.."
"မာမီ....."
သ်ွမ္က ေဒါသထြက္စြာ ႐ွက္ၿပီးကဳန္းေအာ္လိုက္မိသည္..။ဦးမင္းသီဟကေတာ့ ေျခေရာလက္ေရာ သဴ့မိန္းမအတြက္ ေျမႇာက္ထားေပးရသည္..။
"မင္းနဲ႔ငါ ဘယ္လိုမ်ား ညားခဲ့သလဲ.. ျပန္ေတြးၾကည့္တိုင္း ငါကဘဲ အၫႊန့္ခ်ိဳးခံထိေလတာလား.."
မာမီ အႏိုင္ယူခဲ့သမ်ွ ဒယ္ဒီ့ ဒုကၡေတြကလည္း မေသးလွေပဆိုတာ သ်ွမ္အခုမွနားလည္ေတာ့သည္...။
"အဲ့ေဒါက္တာေလးက ငါ့သားရဲ႕ အသက္သခင္ ေက်းဇူး႐ွင္ဆိုတာလည္းမေမ့နဲ႔အံုး.. သူဝင္ကယ္လို႔ ငါ့သား အသက္႐ွင္ေနတာ..."
"ဟမ္....! "
............................
ထိုေန႔ညက ေမွာင္မဲေနေသာ ၾကယ္ေတြျပည့္ႏွက္ေနသည့္ ေကာင္းကင္ႀကီးထဲ တစ္စီးထဲ ခရီးႏွင္ေနသည့္ ေလယာဥ္တစ္စီး႐ွိခဲ့သည္....။
ဘယ္ဆီသို႔ သြားေနသလဲဆိုတာေတာ့ သ်ွမ္မသိေပ.. ေသခ်ာတာေတာ့ ထိုေလယာဥ္ႀကီးအားၾကည့္ခါ ဝမ္းနည္းမိေလသည္။
"လြမ္းလိုက္တာကြာ... ဦးတည္ကေရာ ဘယ္သူလဲ.. ဦးတည္... ဘာရည္ရြယ္ခ်က္နဲ႔မ်ား.. အဲ့အမည္နာမေလးက ကြၽန္ေတာ့္စိတ္ကို လႊမ္းမိုးႏိုင္ရတာလဲ...."
ေဆးရံုနံရံ၌ ခ်ိတ္ထားေသာ ႐ုပ္ပံုကားခ်ပ္ေလးထဲက ၾကမ္းျပင္ေပၚ ရုတ္တရက္ ဒုတ္ခနဲ ျပဳတ္က်သြားေသာအခါ....
ဒုတ္!
"ဦးတည္..!.."
ေဟာ ၾကည့္ပါလား ေယာင္တာေတာင္ ဦးတည္တဲ့...
တကယ္ဘဲထိုသူဟာ ဘယ္သူလဲ....
ျပဳတ္က်သြားေသာ ပန္းခ်ီကားခ်ပ္ေလးအား ေကာက္ယူလိုက္ခ်ိန္ အပိုင္းပိစိေလးတစ္စထြက္ေနေသာ ဝါက်င့္က်င့္ စာရြက္ကေလးက ပိုင္႐ွင္အား ေတြ႔သြားပံုရသည္။
သို႔ေပမဲ့လည္း သ်ွမ္မျမင္လိုက္ပါ.... ပန္းခ်ီကားခ်ပ္အားရင္ခြင္ထဲ ေပြ႔ယူခါ နံရံ၌ ျပန္မခ်ိတ္ေတာ့ဘဲ သူ႔စားပြဲေပၚ၌ ေထာင္ထားလိုက္ေလသည္။
"မင္းက ဒီနားမွာဘဲေန... ငါ့ရဲ႕အခ်စ္ေတာ္ေလး.."
စာရြက္အပိုင္းအစကေလးကေတာ့ ပိုင္႐ွင္ လွမ္းအယူကို ေစာင့္ေမ်ွာ္လ်ွက္.....
.............♥♥♥♥♥♥♥♥...........
အယ္မယ္....
Update ေပးလိုက္လို႔ ေပ်ာ္ေနတာလား.
အာ့ဆိုလည္း ဆက္ေပ်ာ္ပါ႐ွင့္
Update ကို ေနာက္ေန႔ကစၿပီး တစ္ပတ္ ၂ပိုင္း ရေအာင္ update ေပးသြားမွာပါ.. ဒီၾကားထဲ အားရင္ အားသလိုပါ ဆက္ run ေပးသြားပါ့မယ္ခင္ဗ်.😁
ခ်စ္ရင္ vote ေလးေတြ ေပးသြားၾက..
သ်ွမ့္ ေမေမရဲ႕အတင္းေလးေတြလည္း cmtမွာ တုပ္သြားၾကပါအံုး...ကိုယ္ ၾကည့္ခ်င္လို႔ပါ ဟီး..
Unicode...
ဆရာဝန်တဲ့လား.. ရင်နှီးနေတဲ့ အဲ့ခံစားချက်ကရော ဘာပါလိမ့်..အရင်က တနေရာရာမှာများ ဆုံခဲ့ဖူးတာလား.. ဒါမှမဟုတ် အကြွေးရှင်များလား..
ခံစားချက်ပေါင်းစုံနဲ့ ကောင်လေးတစ်ယောက်ဟာ တစ်ကိုယ်လုံး ပတ်တီးအပြည့်နှင့်မို့ အနည်းငယ် အရုပ်ဆိုးစေသည်..။
"မာမီ.."
စိတ်ထဲမတင်မကျနဲ့ လှမ်းခေါ်လိုက်သည်မို့ မေမေရော ဖေဖေကပါ သျှမ့်အား အရေးတစ်ယူကြည့်လာသည်။
"ဘာဖြစ်လို့လဲ သားလေး.."
"ဘယ်နေရာက နာနေလို့လဲဟင်.."
ဆိုဖာပေါ်ထိုင်ခါ ဖုန်းထဲမှသတင်းဖတ်နေသော ဖေဖေက သျှမ့်ဆီ ခပ်သုတ်သုတ်လာနေတာမြင်တော့ သျှမ် ပြုံးလိုက်မိသည်..။
အရင်က အဖေနဲ့မတည့်သော သားတစ်ယောက်မို့ ဖေဖေကလည်း ကျွန်တော့်အကြောင်းအား နည်းနည်းမှ ဂရုမစိုက်ခဲ့ပေ... ယခုတွင်မူတော့ ခြားနားစွာတော့ ရှိလှသည်..။
"သား အဆင်ပြေရဲ့လား.."
"ပြေပါတယ် ဖေဖေ.."
"ဪ.. ဒါနဲ့.. မင်းဆက်......"
..."ဒေါက်-³ "...
တံခါးလောက်သံတစ်ခုကြောင့် ဦးမင်းသီဟ ရဲ့စကားတို့က စကားကျောပြတ်ခါ သူတို့အကြည့်တွေအကုန်လုံးက တံခါးဝဆီသို့..
ထိုတံခါးအား ဖြတ်ကျော်လာသည့် လူတစ်ယောက်က အပြုံးအရယ်မရှိသည့် လူသားတစ်ယောက်သာဖြစ်လိမ့်မည်...။
"အာ ဒေါက်တာ..နေကောင်းရဲ့လားရှင့်.."
မေမေက ထိုလူသားအား စီးကြိုသည်..။
"မင်္ဂလာပါခင်ဗျ..."
ဒေါက်တာကုတ်ကလေးနဲ့ စဝ်စိုင်းခမ်က နှုတ်ဆက်သည်.. သျှမ့်ဘက်သို့လည်း လည်စောင်းခါ တစ်ချက်ငဲ့ကြည့်သေးသည်။ သို့ပေမဲ့ အပြုံးမပါ..
ထိုလူသားဟာ ဟုတ်မှဟုတ်ပါရဲ့လား မနေ့ကတောင် သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင် ရီနေခဲ့တာလေ... ခုတော့ ခပ်ကျည်းကျည်းမျက်ဝန်းတွေက ပိရိစွာ တည်တင်းထားပါသော ထိုနှုတ်ခမ်းသားတွေက လူကို အလိုလို အကျပ်အတည်းထဲရောက်စေပြန်ပါသည်။
သျှမ် နှာခေါင်းကလေးရှုံခါပင် နှုတ်ခမ်းကလေးတွေ ဆူထုတ်ပစ်လိုက်မိသည်။
"အမှန်က ကျွန်တော့် ဂျူတီက ပြီးပါပြီ.. ဒါပေမဲ့ လူနာကို စိတ်ပူသေးတာကြောင့် နောက်ဆုံးတစ်ခေါက်လာကြည့်တာပါ."
"ရပါတယ် ဒေါက်တာ ရပါတယ်..ကိစ္စမရှိပါဘူး ကြိုက်တဲ့အချိန် လာကြည့်လို့ရပါတယ်.."
"အမ်!"
မေမေ့ စကားအသွားအလာက ဘယ်ကိုပေါက်လို့ ဘယ်ကိုရောက်နေသလဲဆိုတာ ဖေဖေရော ကျွန်တော်ကိုယ်တိုင်ပါသိ၏..။
မေမေကရော ဘာရည်ရွယ်ချက်နဲ့ အဲ့ဆရာဝန်ကို လိုက်ဖားနေသလဲဆိုတာ မည်သူမှမသိရပါချေ...။
"မာမီ..."
သျှမ်က မျက်မှောင်ကြုတ်ခါ နှုတ်ခမ်းဆူပစ်လိုက်မှ မေမေက ခပ်ကျဲကျဲရယ်ခါ နောက်ဆုတ်သည်..။
.."အင်း.. အာ့ဆိုရင် လူနာ .. ကုတင်ပေါ်ကိုတစ်ချက်လှဲပေးပါ.. ကိုယ် နှလုံးခုန်နှုန်းစမ်းရမှာမို့ပါ..သွေးပေါင်လည်း ချိန်ရမယ်.."
သျှမ်က နှုတ်ခမ်းကလေး ဆူလျှက်ပင် ကုတင်ပေါ် လှဲပေးရှာပါသည်..။ဆရာဝန်လေးကတော့ သူလုပ်စရာရှိသည့် အလုပ်တွေကို ဆက်လက်လုပ်လျှက်သာ..။
..."ဖေကြီး.. ရှင့်သားနဲ့ အဲ့ဒေါက်တာလေး မလိုက်ဖူးလား ကြည့်စမ်းပါအုံး ကျမတော့ သဘောတွေကျနေပြီနော်.."
ဒေါ်လှအိမ်သူဇာက ဦးမင်းသီဟ ရဲ့လက်မောင်းကို တို့ခါတို့ခါ မေးလေတော့ ဦးမင်းသီဟက ခေါင်းကုတ်ခါ စိတ်ရှုတ်နေလေသည်..။
"မေကြီး.. တော်တော့ သားက အခုမှ နေကောင်းခါစရယ် .. ပြီးတော့ သားကို မိန်းမဘဲရစေရမယ်.. သားဘဝမှာ နောက်ထပ် ယောက်ျားတစ်ယောက်ဆိုတာမျိုး ရှိမလာစေရဘူး ဒေါ်လှအိမ်သူဇာ.. မင်းလည်း ကျပ်ကျပ်သတိထားနေပါ.. မင်းလုပ်ပုံကြောင့် မင်းသားဘဝပျက်ဖို့ ကပ်သီးလေးဘဲလိုတော့တာမင်းသိလား"
ဒေါ်လှအိမ်သူဇာက ယောက်ျားဖြစ်သူအား နှုတ်ခမ်းကလေး မဲ့ပြခါ ဦးမင်းသီဟရဲ့စကားတွေကို လျစ်လျူရှုရင်း သားတို့အနား တရွေ့ရွေ့ ချဉ်းကပ်သွားလေသည်..။
"ဒေါက်တာလေးရယ်.. ဒေါက်တာလေးကျေးဇူးနဲ့ သားသားအသက်ကျန်နေတာပါ.. အဲ့တော့ ကျေးဇူးရှင်ဆိုလည်းမမှားပါဘူး.. အဲ့တာကြောင့် ဒီနေ့ကစပြီး သားသားလုံးလုံးလေးက ဒေါက်တာ့ အပိုင်ပါ.."
"ဗျာ...! ဘယ်လို.."
"မာမီ...မာမီဘယ်လိုဖြစ်နေတာလဲလို့.."
ဦးမင်းသီဟက ကိုယ့်နှဖူးအား လက်ဖြင့် ဖျတ်ခနဲ ရိုက်ချပစ်လိုက်တော့သည်...။
ပြီးတော့.......,
ဒေါ်လှအိမ်သူဇာက မခေတဲ့အမျိုးသမီးကြီးတစ်ဦးကိုး...။ သျှမ်သိသလောက်ကတော့ သူ့မာမီက သူ့အတွက် social media ပေါ်တွင် တိတ်တိတ်ကလေး fan club page တောင်ထောင်ထားပေးခဲ့တဲ့ shipper အကြီးစား.. အကိုဆက်ပိုင်နဲ့ တွေ့ခဲ့တာကလည်း မာမီ့ ပရောဂ မကင်းရှင်းပါ..
"အို.. ဘာဘဲဖြစ်ဖြစ်ပါလေ... ဒေါက်တာအပိုင်ပါ နောက် လိုအပ်တာလေးတွေရှိရင်လည်း မလိမ်မိုးမလိမ်မာလေးကို ဆုံးမလို့ရပါတယ်.."
အ့ံဩနေသည့် ကိုယ်ရွှေချောဒေါက်တာက မေမေ့အား ပြူးတူးပြဲတဲကြည့်လို့.. ဒယ်ဒီနဲ့ ကျွန်တော်ကတော့ သက်ပြင်းကိုယ်စီချခါ ဒေါက်တာ့အား မျက်နှာပူလှသည်။
"အာ..ဒေါက်တာ.. ဒေါက်တာက အလုပ်တွေများနေတဲ့ပုံဘဲ မာမီရယ် ဒေါက်တာ သွားပါစေ... ဟဲဟဲ ဒေါက်တာ ပြန်လို့ရပြီနော်..."
အတင်းတွန်းထုတ်နေသော လုံးလုံးဆိုသည့် nicknameနဲ့ ကောင်လေးက တကယ်လည်း ဖြူလုံးလေးပင်... ကြည့်ရတာ မိသားစုတွေက ပျော်ပျော်နေတက်သည့် happyfamily ဘဲဖြစ်ရမည်ဆိုတာ စဝ်စိုင်းခမ် ရိပ်မိလိုက်သည်...။
ကျွန်တော်ကမူ ပထမဦးဆုံးအကြိမ်အဖြစ် သူတို့မိသားစုလေးကို အားကျခဲ့ရသည့် brokenfamily လေးထဲကပါ... နွေးထွေးသော အသိုက်အမြုံအား သူတက်မက်ခဲ့ဖူးတာကြာခဲ့ပြီဖြစ်၏..။
အခုလည်းကျွန်တော် တိုက်ပွဲဝင်ရအုံးမည်... အဖေနဲ့ စစ်တိုက်ဖို့အတွက်... အဖေသည် သူရှိသော နိုင်ငံဆီသို့ အတင်းခေါ်ယေူနပြီဖြစ်သည်။
"...."
"မာမီဘာတွေ လျှောက်ပြောနေလဲ.. ဟိုက အိမ်ထောင်ရှိရင် ဘယ်လိုလုပ်မလဲ.."
"မရှိပါဘူး လုံးလုံးရယ် နင့်အမေပါ... နင့်အမေကမျက်စိကျပြီဆိုတာနဲ့ အဲ့လူရဲ့ အတိတ်ရော ပစ္စုပ္ပန်ရော အနာဂတ်ပါ သေချာကြည့်ထားတဲ့ မိန်းမမျိုး.. အဲ့ဒေါက်တာကလေးက ချမ်းသာတယ် ပညာတက်တယ် တည်ကြည်တယ် အရှုတ်အရှင်းကင်းတယ် အပျော်အပါးဆိုဝေးသေး လူရိုးကြီးလည်းမဟုတ်ဘူးနော်.. ပြီးတော့ တစ်ရာရာခိုင်နှုန်း ပါကင်အသစ်စက်စက်ဘဲဟဲ့.."
"မာမီ....."
သျှမ်က ဒေါသထွက်စွာ ရှက်ပြီးကုန်းအော်လိုက်မိသည်..။ဦးမင်းသီဟကတော့ ခြေရောလက်ရော သူ့မိန်းမအတွက် မြှောက်ထားပေးရသည်..။
"မင်းနဲ့ငါ ဘယ်လိုများ ညားခဲ့သလဲ.. ပြန်တွေးကြည့်တိုင်း ငါကဘဲ အညွှန့်ချိုးခံထိလေတာလား.."
မာမီ အနိုင်ယူခဲ့သမျှ ဒယ်ဒီ့ ဒုက္ခတွေကလည်း မသေးလှပေဆိုတာ သျှမ်အခုမှနားလည်တော့သည်...။
"အဲ့ဒေါက်တာလေးက ငါ့သားရဲ့ အသက်သခင် ကျေးဇူးရှင်ဆိုတာလည်းမမေ့နဲ့အုံး.. သူဝင်ကယ်လို့ ငါ့သား အသက်ရှင်နေတာ..."
"ဟမ်....! "
............................
ထိုနေ့ညက မှောင်မဲနေသော ကြယ်တွေပြည့်နှက်နေသည့် ကောင်းကင်ကြီးထဲ တစ်စီးထဲ ခရီးနှင်နေသည့် လေယာဉ်တစ်စီးရှိခဲ့သည်....။
ဘယ်ဆီသို့ သွားနေသလဲဆိုတာတော့ သျှမ်မသိပေ.. သေချာတာတော့ ထိုလေယာဉ်ကြီးအားကြည့်ခါ ဝမ်းနည်းမိလေသည်။
"လွမ်းလိုက်တာကွာ... ဦးတည်ကရော ဘယ်သူလဲ.. ဦးတည်... ဘာရည်ရွယ်ချက်နဲ့များ.. အဲ့အမည်နာမလေးက ကျွန်တော့်စိတ်ကို လွှမ်းမိုးနိုင်ရတာလဲ...."
ဆေးရုံနံရံ၌ ချိတ်ထားသော ရုပ်ပုံကားချပ်လေးထဲက ကြမ်းပြင်ပေါ် ရုတ်တရက် ဒုတ်ခနဲ ပြုတ်ကျသွားသောအခါ....
ဒုတ်!
"ဦးတည်..!.."
ဟော ကြည့်ပါလား ယောင်တာတောင် ဦးတည်တဲ့...
တကယ်ဘဲထိုသူဟာ ဘယ်သူလဲ....
ပြုတ်ကျသွားသော ပန်းချီကားချပ်လေးအား ကောက်ယူလိုက်ချိန် အပိုင်းပိစိလေးတစ်စထွက်နေသော ဝါကျင့်ကျင့် စာရွက်ကလေးက ပိုင်ရှင်အား တွေ့သွားပုံရသည်။
သို့ပေမဲ့လည်း သျှမ်မမြင်လိုက်ပါ.... ပန်းချီကားချပ်အားရင်ခွင်ထဲ ပွေ့ယူခါ နံရံ၌ ပြန်မချိတ်တော့ဘဲ သူ့စားပွဲပေါ်၌ ထောင်ထားလိုက်လေသည်။
"မင်းက ဒီနားမှာဘဲနေ... ငါ့ရဲ့အချစ်တော်လေး.."
စာရွက်အပိုင်းအစကလေးကတော့ ပိုင်ရှင် လှမ်းအယူကို စောင့်မျှော်လျှက်.....
.............♥♥♥♥♥♥♥♥...........
အယ်မယ်....
Update ပေးလိုက်လို့ ပျော်နေတာလား.
အာ့ဆိုလည်း ဆက်ပျော်ပါရှင့်
Update ကို နောက်နေ့ကစပြီး တစ်ပတ် ၂ပိုင်း ရအောင် update ပေးသွားမှာပါ.. ဒီကြားထဲ အားရင် အားသလိုပါ ဆက် run ပေးသွားပါ့မယ်ခင်ဗျ.😁
ချစ်ရင် vote လေးတွေ ပေးသွားကြ..
သျှမ့် မေမေရဲ့အတင်းလေးတွေလည်း cmtမှာ တုပ်သွားကြပါအုံး...ကိုယ် ကြည့်ချင်လို့ပါ ဟီး..