နန်းတွင်းထဲတခါမှမရောက်ဖူးတဲ့ ဂျီဂျီလေးတယောက် တွေ့မြင်သမျှဟာ အထူးအဆန်းဖြစ်ေနလို
လက်ထဲဆေးအိုးလေးပိုက်ကာ ပါးစပ်လေးအဟောင်းသားဖြင့်လိုက်ကြည့်နေရှာသည်။
ဒါကိုသဘောကျနေတဲ့ ကင်မ်ဆော့ဂျင်ဆိုတဲ့
ဆရာသမားလေးက လက်နောက်ပြစ်ရင်း
ဂျီဂျီလေးကို ဆရာထပ်လုပ်နေလေရဲ့။
"ဟိုဘက်ကအဆောင်တွေ့လား ဂျီဂျီ?"
"တွေတယ် ဂျင်လေး "
"အာတာ မင်းကြီးရဲ့အိပ်ဆောင်
ဟိုဘက်သွားရင် မင်းကြီးညနေခင်းဆို လမ်းလျှောက်လေ့ရှိတဲ့ ကြာကန်ကြီးရှိတယ် "
"ဝါးးး ငါဘက်သွားကြည့်ချင်လိုက်တာ "
"နောက်မှငါလိုက်ပြပေးမယ် ၊ အခု အိမ်ရှေ့စံဆီ ဆေးအိုး အရင်ဆက်သလိုက်အုန်း "
"ဪ အေး အေး!
ဒါနဲ့ ငါ ဘယ်ကနေသွားရမှာလဲ အိမ်ရှေ့စံအဆောင်ကို!!'
" ငါ အဆောင်ဝနားထိလိုက်ပို့ပေးမယ်လေနော် "
ဆော့ဂျင်တယောက် အိမ်ရှေ့စံ အဆောင်ရှိရာအထိ လိုက်ပို့ပေးပြီးမှ ဂျီဂျီတယောက်ထဲအထဲကိုဝင်စေတော့။
"ဂျင်လေး ၊ မင်းလဲ ဒီထိရောက်နေပြီပဲကို
ဘာလို့ ငါနဲ့အတူ အထဲလိုက်မဝင်တာလဲဟင်
"ငါအလုပ်ကိစ္စတခုရှိသေးလိုကွ!!"
"ဟင် ၊ ငါတို့ဒီဆေးအိုးလေးဆက်သပြီးရင်
ရပြီလေ ၊ ဘာအလုပ်ရှိသေးလို့လဲ?"
"ဂျီဂျီ မင်းသိပ်စပ်စုတာပဲ
မကြာခင်သိရတော့မယ် ကိစ္စကို "
" အမှန်တော့ ငါအိမ်ရှေ့စံကိုကြောက်လို
တယောက်ထဲမဝင်ရဲတာကွ ၊ မင်းလဲ ခဏလိုက်ခဲ့ပေးပါလားနော် "
"ဘာမှမကြောက်နဲ့ အာ့အိမ်ရှေ့စံဆိုတဲ့လူက
အရူးသာသာပဲ
ဘာမှကြောက်စရာမကောင်းဘူး
ဝင်တာနဲ့ နှုတ်ဆက်ပြီး ကင်မ်အိမ်တော်က ပို့ခိုင်းပါပြောပြီးပေးလိုက် ပြီးရင် ထွက်လာခဲ့လိုက် ငါ မင်းကို ဟိုနားက ချယ်ရီပင်ကြီးနားမှာ စောင့်နေမယ် !!!ဟုတ်ပြီလား"
ဂျီဂျီကို အိမ်ရှေ့စံနန်းဆောင်သို့ တွန်းပို့ရင်း
ဆော့ဂျင်တယောက် သွက်လက်သော ခြေလှမ်းတွေနဲ့ ဘုရငိအထူးရဲမက်တွေနေသည့် အဆောင်ဘက်သို့ထွက်လာခဲ့သည်။
"ကောင်လေး ၊ ဘာလာလုပ်တာလဲ?'
ကိုကိုထယ်ရဲ့ ဆရာ ရဲမက်မူးကြီးက သူကိုအထဲဝင်ခွင့်မပေးဘဲတားလာတော့ နန်းတော်
ဝင်ခွင့်တံဆိပ်ပြားလေးကို ထုတ်ပြလိုက်ရင်း။
"ကျတော် ကိုကိုထယ်ယောင်းနဲ့ တွေ့ဖို့လာတာပါခင်ဗျ ၊ ကျတော်က ဆေးသမားတော်ကြီးကင်မ်ရဲ့ သားပါ "
"ဪ မောင်ရင်က
နန်းတွင်းအပြင်ဘက်မှာနေထိုင်တယ်ဆိုတဲ့
သမားတော်ကင်မ်ရဲ့သားကို!!"
"ဟုတ်ကဲ့ ၊ ကင်မ် ဆော့ ဂျင်
လိုခေါ်ပါတယ် "
ကိုကိုရဲ့ဆရာမို့သူရဲ့ ဆရာဟု သတ်မှတ်ရင်း
တရိုတသေပြောနေသော ဆော့ဂျင်မျက်လုံးတွေဟာ အဆောင်ထဲကို အကဲခတ်နေပြန်တာမို့။
"ဟုတ်ပါပြီ ၊ ကင်မ်ဆော့ဂျင်လေး
အထဲဝင်ပြီး သွားတွေ့လိုက်ပါတော့
ထယ်ယောင်းက အထူးလေ့ကျင့်ရေးတွေ လုပ်ပြီးလို နားနေဆောင်မှာအနားယူေနတာမို့ "
"ဟုတ်ကဲ့ အထူးရဲမက်မှူးကြီး!!!"
ဆော့ဂျင် တရိုတသေလေးနှုတ်ဆက်အပြီး
ကိုကိုထယ်ယောင်းရှိသည်ဟုသောနေရာသို့
အပြေးတပိုင်းသွားတော့သည်။
"ကိုကို ထယ~~်
အစလန့်အောင်သူခြောက်ဖို့တွေးခဲ့ပေမယ့်
ကုတင်ထက် နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ ကိုကိုထယ်ကိုတွေ့လိုက်ရတော့ အတွေးတွေ
ပြောင်းကုန်သည်။ ကိုကိုထယ်ရဲ့ ရင်ခွင်ကျယ်ထဲ တိုးဝင်ကာ ကိုကိုထယ်ရဲ့ ခါးလေးကို သိုင်းဖက်ချင်လာမိသွားသည်။
အတွေးအတိုင်းလက်တွေအကောင်အထည်ဖောါ မိတော့ လန့်နိုးလာတဲ့ကိုကိုထယ်က မျက်လုံးပြူးမျက်စံ ပြူးဖြင့်။
"ဂျင်လေး ဘယ်အချိန်ကရောက်နေတာလဲ "
"နိုးလာပြီလား ကိုကိုထယ်
ကျတော်မနိုးအောင် ဖွဖွလေးဖက်ထားတာကို "
"အဟမ်းးးး
"ကိုကိုထယ်ကဆံပင်ပွယောင်းနေတာတောင်
ခန့်ညားနေလိုက်တာ"
"ဟုတ် ဟုတ်လား~ေကျးဇူးပါပဲ~ ဂျင်လေး ဒါနဲါ လက်လေးဖယ်ပေးအုန်းလေနော် "
ကိုကိုထယ်ယောင်းသူလက်တွေကို အသာဖယ်ကာ ထထိုင်ဟန်ပြင်ပေမယ့် သူလုံးဝလက်တွေမဖယ်ပေးဘဲ ကိုအာလာ လေးတကောင်လို တွယ်ကပ်ထားရင်း။
" ကိုကိုထယ် ၊ ဆော့ဂျင်လေ ဖေဖေမရှိထဲက
ဆေးကိစ္စတွေကြောင့် နန်းတော်ထဲ ခဏခဏလာရလိုပင်ပန်းေနတယ်သိလား ၊
အာတာကြောင့် ခဏလောက်လဲလျောင်းချင်လာလို "
"အာတာဆို ဂျင်လေး ဒီဘက်မှာလဲလေ ၊
အကိုဖယ်ပေးမယ်နော် "
"ဟင်အင်း ၊ ကိုကိုထယ်ဘေးမှာဘဲ လဲချင်တာ
ကိုကိုဘေးလဲလိုက်ရရင် ဆော့ဂျင်ပင်ပန်းတာတွေပျောက်သွားမှာ...ဒါနဲ့
ကိုကိုသိလား အိမ်ရှေ့စံမင်းသားကလေ
ဆော့ဂျင်ကို သိပ်အနိုင်ကျင်တာ
ဆေးအိုးကိုသူကိုယ်ရံတော်ကို ယူခိုင်းလိုက်လိုရရဲ့သားနဲ့ ဆော့ဂျင်ကို လာပို့ခိုင်းတယ် "
ထယ်ယောင်းကိုယ်လေးကို ပိုတင်းကြပ်စွာဖက်ထားလိုက်တဲ့ ဆော့ဂျင် နှုတ်ခမ်းလေးဆူကာ
တိုင်တန်းနေလေတော့ပြန်သည်။
"အိမ်ရှေ့စံက ဆော့ဂျင်ကို ယုံကြည်လို
ဆော့ဂျင်ကိုပဲယူလာခိုင်းတာနေမှာပေါ့ "
"မဟုတ်ပါဘူးကိုကိုထယ်ရဲ့ ၊
သူက ကျတော်ကိုသူအစေခံလိုခိုငိးစားချင်နေတာ ၊ ကျတော်ကလဲ အာ့ အရူးအိမ်ရှေ့စံကို တစက်မှကြည့်လိုမရတာ ကိုကိုထယ်သိတယ်မလား!!!"
"ဆော့ဂျင်လေး အလိုမပြောရဘူးလေ
တယောက်ယောက်ကြားသွားရင် အပြစ်ဒဏ်ပေးခံနေရလိမ့်မယ် "
"ဆော့ဂျင်က ကိုကိုထယ်အရှေ့ပဲပြောတာပါ "
"ဟုတ်ပါပြီ ၊ ဒါနဲ့ ဆော့ဂျင်ကိုပြောရအုန်းမယ် အခုဆိုအကိုကလေ အိမ်ရှေ့စံရဲ့တရားဝင် ကိုယ်ရံတော်ဖြစ်သွားပြီ "
ဆော့ဂျင်ရဲ့လက်လေးတွေကိုခပ်ဖွဖွဖယ်ထုတ် ရင်း ထယ်ယောင်းမတ်တပ်ထရပ်လိုက်သလိုနံ့ရံထက်က ကိုယ်ရံတော်ဝတ်စုံလေးကိုညွှန်းပြလိုက်သည်။
"နောက်ဆို အကိုက အိမ်ရှေ့စံရဲ အဆောင်မှာဘဲ နေရတော့မှာ "
" ဒါဆို ကိုကိုထယ်ကိုတွေ့ဖို့လာရင်
အိမ်ရှေ့စံဆီအရငိသွံားခွင့်တောင်းရမှာပေါ့
မကြိုက်လိုက်တာ ဟွန့်!!!"
"အကိုရာထူးမြင့်သွားတာကို ဂျင်လေးသဘောမကျဘူးလား "
"ကိုကိုထယ် ရာထူးတိုးသွားတာသဘောကျပါတယ် ၊ ဒါပေမယ့် အာ့ အရူးးးး
မဟုတ်ဘူး အာ့အိမ်ရှေ့စံဘေးမှာနေရမှာကိုကတော့ သဘောမကျဘူး
ဒီနေ့ဘဲကြည့်
ဂျီဂျီလေးနဲ့ မုန့်ဈေးတန်းသွားလည်ဖို့
ပျက်စီးသွားသလိုပေါ့ "
"ဂျီဂျီ!!!
ဂျီဂျီက ဘယ်မှာလဲ"
မျက်လုံးတွေအရောင်လက်သွားတဲ့ ထယ်ယောင်းဟာ *ဂျီဂျီ*ဟုသော နမည်လေး
ကြားရုံဖြင့် ခန္ဓာကိုယ်ပါ လှုပ်"ဂှား" ဖြစ်သွားတော့သည်။
"အိမ်ရှေ့စံကို ဆေးအိုးသွားဆက်သနေတယ်
အစက ဆော့ဂျင်နဲ့ဂျီဂျီ ညဈေးတန်းသွားကြမလို လေ အာတာကို ~~"
"ဆေးအိုးဆက်သပြီးတာနဲ့သွားလိုရတာပဲ
ကဲ!!! ထ ဆော့ဂျင်လေး ဂျီဂျီကိုခေါ်ပြီး
အကိုတို့ ညဈေးတန်းသွားရအောင်!!"
ဝတ်စုံကိုသပ်ရပ်အောင်အစွမ်းကုန်ပြင်ဆင်ရင်း ကြေးမှုန်အရှေ့ မျက်နှာနဲ့ဆံပင်တွေကိုပါ
ကြည့်ကောင်းအောင် ပြင်ဆင်နေသော ကိုကိုထယ်ကို ဆော့ဂျင် အမြင်နည်းနည်းကပ်မိသွားသည်။
ကိုကိုထယ် ဂျီဂျီနမည်ကြားတာနဲ့ အခုလို
ဂနာမငြိမ်ဖြစ်တက်လွန်းတာမို့။
ဒါပေမယ့်လည်း သူဖေဖေဆီက ဆေးလုံးလေးတွေသူလက်ထဲရတာနဲ့ ကိုကို ဒီလိုတွေမဖြစ်တော့ပါဘူးလေ
ဆော့ဂျင်လေးမှဆော့ဂျင်လေး ဖြစ်သွားလိမ့်မှာ...အဟက်
__________________ love pills 💊
ဂျီဂျီလေးနဲ့ အိမ်ရှေ့စံ ဘာတွေဖြစ်နေကြလဲ
ဆိုတာတော့ see you next episode 😉
Happy jk day 🎉