ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

880K 125K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.3.6

5.1K 805 130
By devil61002

ကုခ်န္ က သူ႔အေရ႔ွတြင္ ပိတ္ရပ္လိုက္သၫ့္ ကားအား အမႈအရာမပ်က္ ၾကၫ့္လိုက္သည္ ။ ယုမင္က သူ႔ ဒီလမ္းက ထြက္သြားဖို႔ကိုပင္ မေစာင့္ႏိုင္ဟန္ရသည္ ။

" ေကာင္ေလး.. အခုခ်က္ခ်င္း ငါတို႔နဲ႔လိုက္ခဲ့ .. သခင္ေလးယု ရဲ့ ေစတနာကို သိသင့္တယ္ " သူ႔အား ေျခဆံုးေခါင္းဆံုးၾကၫ့္ကာ ေျပာလာသၫ့္ လူေၾကာင့္ ကုခ်န္ ၏ အၾကၫ့္က မည္းေမွာင္သြားသည္ ။ ဒီတစ္ခါ ဇာတ္ေကာင္ဆိုးက်ိဳးေၾကာင့္ သူ႔က ေဒါသထြက္ၿပီး ေသေတာ့မလို ျဖစ္ေနသည္ ။

ကုခ်န္က ထံုေပေပ အမႈအရာျဖင့္သာ တျခားဖက္သို႔ သြားလိုက္သည္ ။ သူက ေဒါသထြက္လြန္းလို႔ စကားနဲ႔ပင္ မေဖာ္ျပႏိုင္ေတာ့ေပ ။ ပိုင္ရီအား ေတြ့လိုက္ရသျဖင့္ ေပ်ာ္ရြင္သၫ့္ အေပ်ာ္ေလးပင္ စုပ္စုပ္ျမဳပ္သြားေတာ့သည္ ။

" ေစတနာကို နားမလည္တဲ့ ေကာင္ေလးဘဲ .. ဆြဲေခၚၾက " ကုခ်န္က အထုတ္ကို ပစ္ခ်လိုက္ကာ ေနာက္လွၫ့္ကာ ေျပးေတာ့သည္ ။ အတတ္ႏိုင္ဆံုး စြမ္းရည္ မသံုးရဘူး ဆို‌ေပမဲ့   မိသြားလို႔ မလြဲသာဘဲ သံုးရပါက တစ္ေယာက္မက်န္ အကုန္သတ္ပစ္မည္ ။

ထိုအခ်ိန္တြင္ သူက ယုမိသားစု ၿခံဝင္းမွ ထြက္လာသၫ့္ ကားတစ္စီးကို ျမင္လိုက္ရသည္ ။ ေမာင္းလာသၫ့္သူသည္ပိုင္ရီ ျဖစ္သည္ကို ေတြ့ရိွၿပီးေနာက္ ကုခ်န္၏ မ်က္ႏွာထက္တြင္ အၿပံဳးတစ္ခု‌ေပၚလာခဲ့သည္ ။ ' ဟဟ.. ဒီသခင္ေလးက ကာကြယ္ခံရတဲ့ အရသာကို ေကာင္းေကာင္းႀကီး ခံစားရဦးမယ္ '

ပိုင္ရီ က သူ႔အေရ႔ွက ျမင္ကြင္းေၾကာင့္ ကားကို ဘရိတ္အုပ္လိုက္မိသည္ ။ ခုနကတင္ ထြက္သြားတဲ့ ေကာင္ေလးက ဘာလို႔ ျပန္လၫ့္လာရတာလဲ ဆိုသည္ကို မေတြးႏိုင္ခင္ပင္ ေကာင္ေလး ေနာက္မွ လိုက္လာသၫ့္ လူမ်ားကို ေတြ့လိုက္သည္ ။ ပိုင္ရီ၏ အၾကၫ့္သည္ အလိုအေလ်ာက္ပင္ ေအးစက္သြားသည္ ။ ရုတ္တရက္ ထိုးထြက္လာသၫ့္ စိုးရိမ္စိတ္မ်ားေၾကာင့္ သူ႔ကိုယ္သူ အံ့ဩကာ မဆန္းစစ္ႏိုင္ခင္ပင္ လွဲက်သြားသၫ့္ ေကာင္ေလးေၾကာင့္ ခ်က္ခ်င္း ကားကို အၾကမ္းပတမ္းေမာင္းကာ ေကာင္ေလးနဲ႔ ထိုလူမ်ား ၾကားထဲတြင္ ဝင္ရပ္လိုက္သည္ ။

ကားေပၚမွ ဆင္းလာသၫ့္ သူ႔အား အံ့အားသင့္သၫ့္ မ်က္ဝန္းမ်ားျဖင့္ ၾကၫ့္ေနျပန္သၫ့္ သူေလးေၾကာင့္ ပိုင္ရီ၏ အၾကၫ့္သည္ ႏူးညံ့သြားခဲ့သည္ ။ ကုခ်န္၏ ဒူးမွ ပြန္းပဲ့ ဒဏ္ရာေၾကာင့္ ၾကၫ့္ရန္ လက္လွမ္းလိုက္ခ်ိန္ ေၾကာက္လန႔္တႀကီး ေနာက္ဆုတ္သြားသၫ့္ သူေၾကာင့္ ပိုင္ရီ၏ မ်က္ႏွာက အမႈအရာေျပာင္းသြားသည္။ ကုခ်န္၏ သူ႔အား ေရွာင္ၾကဉ္မႈက သူ႔အား တစ္ခုခုဆံုးရႈံးသြားသလိုခံစားလိုက္ရသည္ ။

" ဘာလဲ .. မင္းက ဘယ္သူလဲ .. သူရဲေကာင္းဝင္လုပ္ခ်င္တာလား .. ဒီေကာင္စုတ္ေလးက မိန္းကေလးမဟုတ္ဘူး .. ကိုယ့္အလုပ္ကိုလုပ္ " အခုမွေရာက္လာသၫ့္ လူမ်ားသည္ ပိုင္ရီ၏ ေအးစက္စက္အၾကၫ့္နဲ႔ ဆံုလိုက္ကာ တြန႔္သြားၾကသည္ ။

" ငါ.. ငါတို႔က ယုသခင္ေလးရဲ့ အမိန႔္နဲ႔ေနာ္ .. မင္း ဝင္ရႈပ္ရင္ ေနာက္မွ ေနာင္တမရနဲ႔ ...ဒီေကာင္ေလးက သခင္ေလးယုရဲ့ လူ.. " လူတစ္ေယာက္က ရင္ေကာ့လိုက္ကာ ပိုင္ရီအား မာမာထန္ထန္ေျပာလိုက္သည္ ။

" ယုမင္ " ပိုင္ရီက ယုသခင္ေလး ဆိုသၫ့္စကားေၾကာင့္ ကုခ်န္ကို ျပန္ၾကၫ့္လိုက္သၫ့္အခ်ိန္တြင္ သူ႔အား စိုးရိမ္တႀကီး ၾကၫ့္ေနသၫ့္ မ်က္ဝန္းမ်ားကို ေတြ့လိုက္ရသည္ ။

" မ.. မဟုတ္ဘူး " နီရဲေနသၫ့္ ႏူတ္ခမ္းေလးမွ ထြက္လာသၫ့္ အက္ကြဲေနသၫ့္ အသံေၾကာင့္ ပိုင္ရီက သူ႔စိတ္ထဲ မုန္တိုင္းတစ္ခု ေမြ‌ေနွာက္သြားသလိုပင္ ရႈပ္ေထြးသြားခဲ့သည္ ။

" ဟမ့္.. ေကာင္စုတ္ေလး မင္းရဲ့ စကားကို ဘယ္သူက ယံုမွာလဲ .. ငါတို႔နဲ႔သာ လိုက္ခဲ့စမ္းပါ " ေျပာေနရင္း ကုခ်န္၏ လက္အား လွမ္းဆြဲ ျပင္လိုက္သၫ့္ လက္သည္ ပိုင္ရီ၏ ရိုက္ခ်ျခင္းကို ခံလိုက္ရသည္ ။

ပိုင္ရီက ကုခ်န္ေရ႔ွတြင္ ရပ္လိုက္ကာ ကာလိုက္ၿပီး မ်က္ႏွာေသျဖင့္ ရိွေနခဲ့သည္ ။

ကုခ်န္ က အလန႔္တၾကားေနာက္ဆုတ္လိုက္ကာ ပိုင္ရီ၏ အက်ႌစကို ခပ္တင္းတင္း ဆုပ္ကိုင္ထားလိုက္သည္ ။ သူလက္မ်ားက ေၾကာက္ရြံ႔မႈေၾကာင့္ တုန္ရီေနခဲ့သည္ ။

" မင္း!!!! " ရိုက္ခ်ခံလိုက္ရသၫ့္လူက ပိုင္ရီအား ေဒါသတႀကီးၾကၫ့္ကာ ရိုက္ႏွက္ရန္ ေရ႔ွတိုးလာခဲ့သည္ ။ ပိုင္ရီ က ဟက္ခနဲရယ္လိုက္ကာ " လာစမ္းပါ... ဒီသခင္က ဘယ္ေတာ့မွ တိုက္ခိုက္ရမွာကို မေၾကာက္ဘူး .. အထူးသျဖင့္ သူမ်ားကို ရိုက္ႏွက္ရတာကိုဘဲ "

ပိုင္ရီက အက်ႌလက္စကို ပင့္လိုက္ကာ ေရ႔ွတက္ရန္ ျပင္လိုက္သၫ့္အခ်ိန္တြင္ ရုတ္တရက္ ေတာင့္တင္းသြားသည္ ။ သူက သူ႔ခါးကို ဖက္လာသၫ့္ လက္ေလးမ်ားကို ငံု႔ၾကၫ့္လိုက္သည္ ။ သူ႔အား ေခါင္းေလးအသာခါျပလာသၫ့္ ေကာင္ေလးကို ေတြ့လိုက္ရသည္ ။ " သူ.. သူတို႔က အရမ္းရက္စက္တယ္ .. ကိုကို .. ဒုကၡေရာက္လိမ့္မယ္ " အမွန္တရားသည္က သူသည္ ထိုလူမ်ားအား အခုမွ ျမင္ဖူးျခင္းပင္ ။

ကုခ်န္က ပိုင္ရီအား ဖက္ထားရင္း ေတြးမိလိုက္သည္ ။ ' ခါးေသးေသးေလးကို ဖက္ရတာ နဲနဲျမင့္ေနတယ္ '

သူ႔အား အတင္းဆြဲေနသျဖင့္ ပိုင္ရီက အသာေနာက္ဆုတ္လိုက္သၫ့္ အခ်ိန္တြင္ သူ႔နားထဲသို႔ ေလသံေအးေအးေလး ဝင္လာခဲ့သည္ ။ " ကြၽန္.. ကြၽန္ေတာ္ သူတို႔နဲ႔ လိုက္.. လိုက္သြား လိုက္ပါမယ္ .. ဘာ.. ဘာမွ ျဖစ္မွာ မဟုတ္ေလာက္ဘူး "

မ်က္လႊာေလးအသာခ်ကာ ေျပာလာသၫ့္ ေကာင္ေလးကို ေသခ်ာၾကၫ့္လိုက္ခ်ိန္တြင္ ႏူတ္ခမ္းတို႔သည္ တုန္ယင္ေနၿပီး လက္သီးတင္းတင္းဆုပ္ထားသည္ကို ေတြ့လိုက္ရသည္ ။ ပါးေဖာင္းေဖာင္းေလးမ်ားက လွဲက်ထားေသာေၾကာင့္ ဖုန္မ်ား ေပေနခဲ့သည္ ။ မ်က္ေတာင္ရွည္ရွည္ေလးတြင္ ကပ္ေနသၫ့္ မ်က္ရည္စမ်ားကို ေတြ့လိုက္ရခ်ိန္ ပိုင္ရီ ၏ ေဒါသသည္ ထိန္းမႏိုင္သိမ္းမရ‌ထြက္လာေတာ့သည္ ။

ကန္းမေနသၫ့္လူတိုင္း ယုမင္နဲ႔ ဒီလူမ်ားသည္ ဒီေကာင္ေလးအား အပိုင္ရဖို႔ ႀကံေနေၾကာင္းသိႏိုင္ေပသည္ ။ ဒီေကာင္ေလးသာ လိုက္သြားသည္နဲ႔ ျဖစ္လာမၫ့္ အျဖစ္အပ်က္သည္ မေတြးရဲစရာပင္ ။

( A/ ကိုယ္လည္း မေတြးရဲဘူး .. ဘယ္ႏွေလာင္းၿပိဳင္ေသမလဲမသိလို႔ ..🙂 )

" ယုမင္ .. ဟက္.. ဒီေန့ကစၿပီး ယုသခင္ေလးဆိုတာ မရိွေတာ့ဘူး .. ဒီသခင္က ယုမိသားစု ကို ဖ်က္ဆီးပစ္မွာမို႔ .." ပိုင္ရီက ကုခ်န္အား ေပြ့ခ်ီလိုက္ကာ ကားေပၚတင္ေပးလိုက္သည္ ။ သူ႔အား အခုထိ တိုက္ခိုက္ရန္ ေတြးေနသၫ့္ လူမ်ားအား ပိုင္ရီ က ေအးစက္စက္ အၿပံဳးခ်ိတ္ဆြဲလ်က္ " မင္းတို႔သခင္ကို သြားေျပာလိုက္ ... ဘယ္သူ႔ကို ရန္စမိလဲဆိုတာ .." သူက ကဒ္တစ္ခုအား ပစ္ေပးလိုက္သည္။

" ပိုင္.. ပိုင္မိသားစု .. ပိုင္ရီ.. " ျဖဴေဖ်ာ့ေနသၫ့္ မ်က္ႏွာမ်ား ျဖစ္သြားသၫ့္ လူမ်ားအား ပိုင္ရီ က ကားထဲတြင္ ရိွေနသၫ့္ ကုခ်န္အား လက္ညိုးထိုးျပလိုက္ကာ

" အခုကစၿပ္ီး.. သူက ငါပိုင္ရီရဲ့ လူဘဲ .. ထိရဲရင္ ေသဖို႔ တစ္ခါတည္း ျပင္လာခဲ့ "
_________________
" ဒီအထိဆို ရပါၿပီ.. မလိုက္လာေလာက္ေတာ့ဘူး .. " ကုခ်န္ က ဆိုင္ငယ္ေလး တစ္ခုကို လက္ညိုးထိုးျပလိုက္ကာ ေျပာလိုက္သည္ ။ သူက ပိုင္ရီအား ပါးခ်ိဳင့္ေလးမ်ား ထင္းေနေအာင္ ၿပံဳးျပလိုက္သည္ ။ " ေက်းဇူးပါ .. ကိုကို "

" ဘာဆက္လုပ္မွာလဲ .." ေတာ္ရံု သူမ်ားကိစၥဝင္မပါတတ္ေသာ္လည္း သူက ဒီေကာင္ေလး ဘာဆက္လုပ္မလဲဆိုသည္ကို သိခ်င္မိသည္ ။ သို႔ေသာ္ ၾကားလိုက္ရသၫ့္ စကားေၾကာင့္ သူက ထိတ္လန႔္သြားသည္။

" ဦးေလးနဲ႔အတူ .. နယ္ျပန္ေတာ့မွာပါ .. ၿမိဳ႔ျပမွာ ေနရတာ ခက္ခဲတယ္.. " ေျပာရင္း ေခါင္းငံု႔သြားသၫ့္ ေကာင္ေလးအား ေပြ့ဖက္ၿပီး ႏွစ္သိမ့္ခ်င္သၫ့္ စိတ္ကို မနည္းထိန္းေနရသည္ ။ ရည္းစားေတြ အမ်ားႀကီးထားခဲ့တုန္းကေတာင္ ဒီလိုမျဖစ္ဖူးဘူး ။ သူက ဒီေကာင္ေလးနဲ႔ေတြ့မွ ထိန္းထားရသၫ့္ စိတ္က မ်ားလြန္းေနသည္ ။

" ေက်ာင္းကေရာ .." မေနႏိုင္မထိုင္ႏိုင္ ဝင္စြက္ဖက္မိျပန္သည္ ။ သို႔ေသာ္ သူက ထိုအေျဖအား အေသအခ်ာသိခ်င္ေနသည္ ။

ကုခ်န္က စိတ္အားငယ္သၫ့္ ပံုစံေလးျဖင့္ ဝမ္းနည္းၿပံဳးေလးၿပံဳးျပလိုက္သည္ ။ " မျဖစ္ႏိုင္ေတာ့ဘူး ထင္ပါတယ္ ကိုကို.. အဲ ပိုင္သခင္ေလးရယ္ .. "

ပိုင္ရီ က ကုခ်န္၏ အေခၚအေဝၚေျပာင္းလိုက္ျခင္းေၾကာင့္ ဒီေကာင္ေလးသည္ ခုနက ကိစၥေၾကာင့္ ထိတ္လန႔္သြားကာ သူနဲ႔ စည္းျခားလိုက္ျခင္း ျဖစ္သည္ဟု ထင္မွတ္လိုက္ကာ စိတ္မေကာင္းျဖစ္သြားသည္ ။ သူက ယုမိသားစုအား ေကာင္းေကာင္းေလး ေျဖရွင္းရမည္ဟု ‌ေတးထားလိုက္သည္ ။ ဘယ္ႏွယ္ သူက စမစရေသးဘူး အမွတ္ေတြေလ်ာ့ကုန္ၿပီ..

ပိုင္ရီ၏ ေက်ာျပင္က ေတာင့္တင္းသြားသည္ ။ ' အမွတ္.. ဘာအမွတ္လဲ .  ငါဘာေတြ ေတြးေနတာလဲ .. သူက ေယာက်ၤားေလး ..' တကယ္ေတာ့ သူက စိတ္ကို ေလ်ာ့ရန္ ေယာက်ၤားေလး ဟု ေတြးေနျခင္းသာ ။ သူက ေပြရႈပ္သၫ့္ လူတစ္ေယာက္ ျဖစ္သျဖင့္ ေယာက်ၤားေလးေရာ မိန္းကေလးပါ တြဲဖူးေလသည္။ 

ကုခ်န္ထံသို႔ အၾကၫ့္ေရာက္သြားခ်ိန္တြင္ မ်က္ႏွာေလးအား အေသးစိတ္ၾကၫ့္မိလိုက္ၿပီး ေတြးလိုက္မိသည္ ။ ' လူသားလို႔ မထင္ရက္ေလာက္ေအာင္ကို လွတာ '

ပိုင္ရီက သူ၏ ေငးေမာေနသၫ့္ ပံုစံအား မျမင္ခ်င္ေယာင္ေဆာင္ထားသည့္ ကုခ်န္သည္ စိတ္ထဲတြင္ တဟီးဟီးရယ္ေနေၾကာင္း မသိခဲ့ေပ ။

______
ဒီေန့ သံုးပိုင္းေတာင္ေနာ္ ဘာေပးၾကမွာလဲ ဒီသာသာကို 😒
______________
Unicode

ကုချန် က သူ့အရှေ့တွင် ပိတ်ရပ်လိုက်သည့် ကားအား အမှုအရာမပျက် ကြည့်လိုက်သည် ။ ယုမင်က သူ့ ဒီလမ်းက ထွက်သွားဖို့ကိုပင် မစောင့်နိုင်ဟန်ရသည် ။

" ကောင်လေး.. အခုချက်ချင်း ငါတို့နဲ့လိုက်ခဲ့ .. သခင်လေးယု ရဲ့ စေတနာကို သိသင့်တယ် " သူ့အား ခြေဆုံးခေါင်းဆုံးကြည့်ကာ ပြောလာသည့် လူကြောင့် ကုချန် ၏ အကြည့်က မည်းမှောင်သွားသည် ။ ဒီတစ်ခါ ဇာတ်ကောင်ဆိုးကျိုးကြောင့် သူ့က ဒေါသထွက်ပြီး သေတော့မလို ဖြစ်နေသည် ။

ကုချန်က ထုံပေပေ အမှုအရာဖြင့်သာ တခြားဖက်သို့ သွားလိုက်သည် ။ သူက ဒေါသထွက်လွန်းလို့ စကားနဲ့ပင် မဖော်ပြနိုင်တော့ပေ ။ ပိုင်ရီအား တွေ့လိုက်ရသဖြင့် ပျော်ရွင်သည့် အပျော်လေးပင် စုပ်စုပ်မြုပ်သွားတော့သည် ။

" စေတနာကို နားမလည်တဲ့ ကောင်လေးဘဲ .. ဆွဲခေါ်ကြ " ကုချန်က အထုတ်ကို ပစ်ချလိုက်ကာ နောက်လှည့်ကာ ပြေးတော့သည် ။ အတတ်နိုင်ဆုံး စွမ်းရည် မသုံးရဘူး ဆို‌ပေမဲ့   မိသွားလို့ မလွဲသာဘဲ သုံးရပါက တစ်ယောက်မကျန် အကုန်သတ်ပစ်မည် ။

ထိုအချိန်တွင် သူက ယုမိသားစု ခြံဝင်းမှ ထွက်လာသည့် ကားတစ်စီးကို မြင်လိုက်ရသည် ။ မောင်းလာသည့်သူသည်ပိုင်ရီ ဖြစ်သည်ကို တွေ့ရှိပြီးနောက် ကုချန်၏ မျက်နှာထက်တွင် အပြုံးတစ်ခု‌ပေါ်လာခဲ့သည် ။ ' ဟဟ.. ဒီသခင်လေးက ကာကွယ်ခံရတဲ့ အရသာကို ကောင်းကောင်းကြီး ခံစားရဦးမယ် '

ပိုင်ရီ က သူ့အရှေ့က မြင်ကွင်းကြောင့် ကားကို ဘရိတ်အုပ်လိုက်မိသည် ။ ခုနကတင် ထွက်သွားတဲ့ ကောင်လေးက ဘာလို့ ပြန်လည့်လာရတာလဲ ဆိုသည်ကို မတွေးနိုင်ခင်ပင် ကောင်လေး နောက်မှ လိုက်လာသည့် လူများကို တွေ့လိုက်သည် ။ ပိုင်ရီ၏ အကြည့်သည် အလိုအလျောက်ပင် အေးစက်သွားသည် ။ ရုတ်တရက် ထိုးထွက်လာသည့် စိုးရိမ်စိတ်များကြောင့် သူ့ကိုယ်သူ အံ့ဩကာ မဆန်းစစ်နိုင်ခင်ပင် လှဲကျသွားသည့် ကောင်လေးကြောင့် ချက်ချင်း ကားကို အကြမ်းပတမ်းမောင်းကာ ကောင်လေးနဲ့ ထိုလူများ ကြားထဲတွင် ဝင်ရပ်လိုက်သည် ။

ကားပေါ်မှ ဆင်းလာသည့် သူ့အား အံ့အားသင့်သည့် မျက်ဝန်းများဖြင့် ကြည့်နေပြန်သည့် သူလေးကြောင့် ပိုင်ရီ၏ အကြည့်သည် နူးညံ့သွားခဲ့သည် ။ ကုချန်၏ ဒူးမှ ပွန်းပဲ့ ဒဏ်ရာကြောင့် ကြည့်ရန် လက်လှမ်းလိုက်ချိန် ကြောက်လန့်တကြီး နောက်ဆုတ်သွားသည့် သူကြောင့် ပိုင်ရီ၏ မျက်နှာက အမှုအရာပြောင်းသွားသည်။ ကုချန်၏ သူ့အား ရှောင်ကြဉ်မှုက သူ့အား တစ်ခုခုဆုံးရှုံးသွားသလိုခံစားလိုက်ရသည် ။

" ဘာလဲ .. မင်းက ဘယ်သူလဲ .. သူရဲကောင်းဝင်လုပ်ချင်တာလား .. ဒီကောင်စုတ်လေးက မိန်းကလေးမဟုတ်ဘူး .. ကိုယ့်အလုပ်ကိုလုပ် " အခုမှရောက်လာသည့် လူများသည် ပိုင်ရီ၏ အေးစက်စက်အကြည့်နဲ့ ဆုံလိုက်ကာ တွန့်သွားကြသည် ။

" ငါ.. ငါတို့က ယုသခင်လေးရဲ့ အမိန့်နဲ့နော် .. မင်း ဝင်ရှုပ်ရင် နောက်မှ နောင်တမရနဲ့ ...ဒီကောင်လေးက သခင်လေးယုရဲ့ လူ.. " လူတစ်ယောက်က ရင်ကော့လိုက်ကာ ပိုင်ရီအား မာမာထန်ထန်ပြောလိုက်သည် ။

" ယုမင် " ပိုင်ရီက ယုသခင်လေး ဆိုသည့်စကားကြောင့် ကုချန်ကို ပြန်ကြည့်လိုက်သည့်အချိန်တွင် သူ့အား စိုးရိမ်တကြီး ကြည့်နေသည့် မျက်ဝန်းများကို တွေ့လိုက်ရသည် ။

" မ.. မဟုတ်ဘူး " နီရဲနေသည့် နူတ်ခမ်းလေးမှ ထွက်လာသည့် အက်ကွဲနေသည့် အသံကြောင့် ပိုင်ရီက သူ့စိတ်ထဲ မုန်တိုင်းတစ်ခု မွေ‌နှောက်သွားသလိုပင် ရှုပ်ထွေးသွားခဲ့သည် ။

" ဟမ့်.. ကောင်စုတ်လေး မင်းရဲ့ စကားကို ဘယ်သူက ယုံမှာလဲ .. ငါတို့နဲ့သာ လိုက်ခဲ့စမ်းပါ " ပြောနေရင်း ကုချန်၏ လက်အား လှမ်းဆွဲ ပြင်လိုက်သည့် လက်သည် ပိုင်ရီ၏ ရိုက်ချခြင်းကို ခံလိုက်ရသည် ။

ပိုင်ရီက ကုချန်ရှေ့တွင် ရပ်လိုက်ကာ ကာလိုက်ပြီး မျက်နှာသေဖြင့် ရှိနေခဲ့သည် ။

ကုချန် က အလန့်တကြားနောက်ဆုတ်လိုက်ကာ ပိုင်ရီ၏ အကျႌစကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်သည် ။ သူလက်များက ကြောက်ရွံ့မှုကြောင့် တုန်ရီနေခဲ့သည် ။

" မင်း!!!! " ရိုက်ချခံလိုက်ရသည့်လူက ပိုင်ရီအား ဒေါသတကြီးကြည့်ကာ ရိုက်နှက်ရန် ရှေ့တိုးလာခဲ့သည် ။ ပိုင်ရီ က ဟက်ခနဲရယ်လိုက်ကာ " လာစမ်းပါ... ဒီသခင်က ဘယ်တော့မှ တိုက်ခိုက်ရမှာကို မကြောက်ဘူး .. အထူးသဖြင့် သူများကို ရိုက်နှက်ရတာကိုဘဲ "

ပိုင်ရီက အကျႌလက်စကို ပင့်လိုက်ကာ ရှေ့တက်ရန် ပြင်လိုက်သည့်အချိန်တွင် ရုတ်တရက် တောင့်တင်းသွားသည် ။ သူက သူ့ခါးကို ဖက်လာသည့် လက်လေးများကို ငုံ့ကြည့်လိုက်သည် ။ သူ့အား ခေါင်းလေးအသာခါပြလာသည့် ကောင်လေးကို တွေ့လိုက်ရသည် ။ " သူ.. သူတို့က အရမ်းရက်စက်တယ် .. ကိုကို .. ဒုက္ခရောက်လိမ့်မယ် " အမှန်တရားသည်က သူသည် ထိုလူများအား အခုမှ မြင်ဖူးခြင်းပင် ။

ကုချန်က ပိုင်ရီအား ဖက်ထားရင်း တွေးမိလိုက်သည် ။ ' ခါးသေးသေးလေးကို ဖက်ရတာ နဲနဲမြင့်နေတယ် '

သူ့အား အတင်းဆွဲနေသဖြင့် ပိုင်ရီက အသာနောက်ဆုတ်လိုက်သည့် အချိန်တွင် သူ့နားထဲသို့ လေသံအေးအေးလေး ဝင်လာခဲ့သည် ။ " ကျွန်.. ကျွန်တော် သူတို့နဲ့ လိုက်.. လိုက်သွား လိုက်ပါမယ် .. ဘာ.. ဘာမှ ဖြစ်မှာ မဟုတ်လောက်ဘူး "

မျက်လွှာလေးအသာချကာ ပြောလာသည့် ကောင်လေးကို သေချာကြည့်လိုက်ချိန်တွင် နူတ်ခမ်းတို့သည် တုန်ယင်နေပြီး လက်သီးတင်းတင်းဆုပ်ထားသည်ကို တွေ့လိုက်ရသည် ။ ပါးဖောင်းဖောင်းလေးများက လှဲကျထားသောကြောင့် ဖုန်များ ပေနေခဲ့သည် ။ မျက်တောင်ရှည်ရှည်လေးတွင် ကပ်နေသည့် မျက်ရည်စများကို တွေ့လိုက်ရချိန် ပိုင်ရီ ၏ ဒေါသသည် ထိန်းမနိုင်သိမ်းမရ‌ထွက်လာတော့သည် ။

ကန်းမနေသည့်လူတိုင်း ယုမင်နဲ့ ဒီလူများသည် ဒီကောင်လေးအား အပိုင်ရဖို့ ကြံနေကြောင်းသိနိုင်ပေသည် ။ ဒီကောင်လေးသာ လိုက်သွားသည်နဲ့ ဖြစ်လာမည့် အဖြစ်အပျက်သည် မတွေးရဲစရာပင် ။

( A/ ကိုယ်လည်း မတွေးရဲဘူး .. ဘယ်နှလောင်းပြိုင်သေမလဲမသိလို့ ..🙂 )

" ယုမင် .. ဟက်.. ဒီနေ့ကစပြီး ယုသခင်လေးဆိုတာ မရှိတော့ဘူး .. ဒီသခင်က ယုမိသားစု ကို ဖျက်ဆီးပစ်မှာမို့ .." ပိုင်ရီက ကုချန်အား ပွေ့ချီလိုက်ကာ ကားပေါ်တင်ပေးလိုက်သည် ။ သူ့အား အခုထိ တိုက်ခိုက်ရန် တွေးနေသည့် လူများအား ပိုင်ရီ က အေးစက်စက် အပြုံးချိတ်ဆွဲလျက် " မင်းတို့သခင်ကို သွားပြောလိုက် ... ဘယ်သူ့ကို ရန်စမိလဲဆိုတာ .." သူက ကဒ်တစ်ခုအား ပစ်ပေးလိုက်သည်။

" ပိုင်.. ပိုင်မိသားစု .. ပိုင်ရီ.. " ဖြူဖျော့နေသည့် မျက်နှာများ ဖြစ်သွားသည့် လူများအား ပိုင်ရီ က ကားထဲတွင် ရှိနေသည့် ကုချန်အား လက်ညိုးထိုးပြလိုက်ကာ

" အခုကစြပ်ီး.. သူက ငါပိုင်ရီရဲ့ လူဘဲ .. ထိရဲရင် သေဖို့ တစ်ခါတည်း ပြင်လာခဲ့ "
_________________
" ဒီအထိဆို ရပါပြီ.. မလိုက်လာလောက်တော့ဘူး .. " ကုချန် က ဆိုင်ငယ်လေး တစ်ခုကို လက်ညိုးထိုးပြလိုက်ကာ ပြောလိုက်သည် ။ သူက ပိုင်ရီအား ပါးချိုင့်လေးများ ထင်းနေအောင် ပြုံးပြလိုက်သည် ။ " ကျေးဇူးပါ .. ကိုကို "

" ဘာဆက်လုပ်မှာလဲ .." တော်ရုံ သူများကိစ္စဝင်မပါတတ်သော်လည်း သူက ဒီကောင်လေး ဘာဆက်လုပ်မလဲဆိုသည်ကို သိချင်မိသည် ။ သို့သော် ကြားလိုက်ရသည့် စကားကြောင့် သူက ထိတ်လန့်သွားသည်။

" ဦးလေးနဲ့အတူ .. နယ်ပြန်တော့မှာပါ .. မြို့ပြမှာ နေရတာ ခက်ခဲတယ်.. " ပြောရင်း ခေါင်းငုံ့သွားသည့် ကောင်လေးအား ပွေ့ဖက်ပြီး နှစ်သိမ့်ချင်သည့် စိတ်ကို မနည်းထိန်းနေရသည် ။ ရည်းစားတွေ အများကြီးထားခဲ့တုန်းကတောင် ဒီလိုမဖြစ်ဖူးဘူး ။ သူက ဒီကောင်လေးနဲ့တွေ့မှ ထိန်းထားရသည့် စိတ်က များလွန်းနေသည် ။

" ကျောင်းကရော .." မနေနိုင်မထိုင်နိုင် ဝင်စွက်ဖက်မိပြန်သည် ။ သို့သော် သူက ထိုအဖြေအား အသေအချာသိချင်နေသည် ။

ကုချန်က စိတ်အားငယ်သည့် ပုံစံလေးဖြင့် ဝမ်းနည်းပြုံးလေးပြုံးပြလိုက်သည် ။ " မဖြစ်နိုင်တော့ဘူး ထင်ပါတယ် ကိုကို.. အဲ ပိုင်သခင်လေးရယ် .. "

ပိုင်ရီ က ကုချန်၏ အခေါ်အဝေါ်ပြောင်းလိုက်ခြင်းကြောင့် ဒီကောင်လေးသည် ခုနက ကိစ္စကြောင့် ထိတ်လန့်သွားကာ သူနဲ့ စည်းခြားလိုက်ခြင်း ဖြစ်သည်ဟု ထင်မှတ်လိုက်ကာ စိတ်မကောင်းဖြစ်သွားသည် ။ သူက ယုမိသားစုအား ကောင်းကောင်းလေး ဖြေရှင်းရမည်ဟု ‌တေးထားလိုက်သည် ။ ဘယ်နှယ် သူက စမစရသေးဘူး အမှတ်တွေလျော့ကုန်ပြီ..

ပိုင်ရီ၏ ကျောပြင်က တောင့်တင်းသွားသည် ။ ' အမှတ်.. ဘာအမှတ်လဲ .  ငါဘာတွေ တွေးနေတာလဲ .. သူက ယောကျၤားလေး ..' တကယ်တော့ သူက စိတ်ကို လျော့ရန် ယောကျၤားလေး ဟု တွေးနေခြင်းသာ ။ သူက ပွေရှုပ်သည့် လူတစ်ယောက် ဖြစ်သဖြင့် ယောကျၤားလေးရော မိန်းကလေးပါ တွဲဖူးလေသည်။ 

ကုချန်ထံသို့ အကြည့်ရောက်သွားချိန်တွင် မျက်နှာလေးအား အသေးစိတ်ကြည့်မိလိုက်ပြီး တွေးလိုက်မိသည် ။ ' လူသားလို့ မထင်ရက်လောက်အောင်ကို လှတာ '

ပိုင်ရီက သူ၏ ငေးမောနေသည့် ပုံစံအား မမြင်ချင်ယောင်ဆောင်ထားသည့် ကုချန်သည် စိတ်ထဲတွင် တဟီးဟီးရယ်နေကြောင်း မသိခဲ့ပေ ။

______________
ဒီနေ့ သုံးပိုင်းတောင်နော် ဘာပေးကြမှာလဲ ဒီသာသာကို 😒

Continue Reading

You'll Also Like

4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
217K 33.1K 83
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
294K 10.6K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...