~ပင်လယ်လို မောင်~(ပင္လယ္လိုေမ...

By lka__thv

214K 20.4K 3.9K

...မောင်က ပင်လယ်ကြီးနဲ့တူတယ်... ...ေမာင္က ပင္လယ္ႀကီးနဲ႔တူတယ္... Start Date-3. 7. 2021 End Date-21. 10. 2021 More

အပိုင်း-(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)-ဇာတ်သိမ်းပိုင်း
heyyy
Extra 1
Extra 2
! BOOK!
Extra 3

အပိုင်း(၁၈)

6.6K 660 91
By lka__thv

Unicode

"ရောက်နေတဲ့နေရာမှာ အဆင်ပြေပြေရှိနေတယ်မဟုတ်လား"

"လွမ်းတယ်အများကြီး...."

"တောင်းပန်ပါတယ် ဒီအစ်ကိုကအသုံးမကျခဲ့လို့"

အရိုးပြာအိုးထည့်ထားတဲ့ မှန်ဘောင်လေးရှေ့ မတ်တပ်ရပ်နေရင်း ဖြေဆိုသံကင်းမဲ့နေတဲ့ မေးခွန်းတွေနဲ့စကားတွေကို သူပြောနေမိသည်။

"ဂျီမင်း တရားခွင်သွားကြစို့လေ အချိန်နီးနေပြီ"

"အင်း ခဏနော်"

အသံလှမ်းပေးတဲ့ထယ်ယောင်းကိုရဲ့စကားကို ပြန်ဖြေလိုက်ပြီး မှန်ဘောင်လေးဆီကိုသာမျက်နှာမူလိုက်သည်။

"နောက်တစ်ခါကျရင်လည်း ကိုကို့ညီမလေးဖြစ်ပေးပါနော် အဲ့အခါဆိုရင်တော့ ကိုကို
မင်းကိုသေချာဂရုစိုက်ပါ့မယ် ပျောက်သွားတာတွေလည်း မရှိစေရပါဘူး မေ့သွားတာမျိုးလည်း မဖြစ်စေရပါဘူး ကိုကိုကသေချာဂရုစိုက်မှာမို့လို့ ဂျီအာက ကိုကို့ညီမလေးအဖြစ်ပြန်မွေးဖွားလာရမယ်နော် ကိုကို့ကိုအဲ့အချိန်ထိစောင့်ပေးမယ်မလား"

"အဆင်ပြေပြေရှိနေပါစေ ကိုကိုအရေးကြီးကိစ္စရှိလို့သွားတော့မယ် ပြန်လာခဲ့မယ်နော်"

အရိုးပြာအိုးလေးတွေ ထား,ထားတဲ့နေရာကနေ ထွက်လာပြီး တရားရုံးကိုခရီးဆက်ကြလေသည်။

>>> မဂ်လာပွဲနေ့ကိုပြန်သွားရမယ်ဆိုရင်ဖြင့် <<<

"ကိုကို သတိထား"

"အစ်ကို"

"ဂျီမင်း!!!"

အော်ခေါ်သံအဆုံးမှာ တွန်းထုတ်ခံလိုက်ရတဲ့အရှိန်နဲ့ သူ့တစ်ကိုယ်လုံးလွင့်ထွက်သွားရသည်။အောင့်သက်သက်နာကျင်မှုနဲ့ ဒူးတွေ၊တံတောင်ဆစ်တွေမှာသာ စပ်ဖျင်ဖျင်းဝေဒနာကို ခံစားလိုက်ရတာကြောင့် ကားတိုက်ခံရခြင်းတော့ သေချာပေါက်မဟုတ်ခဲ့။ မတိုက်မိအောင်အတွန်းခံလိုက်ရခြင်းသာ။

ဒါ...ဒါဆို ဘယ်သူ့ကိုတိုက်မိသွားတာလဲ။ လဲ​ကျနေရင်းမှ စိုးရိမ်တကြီးနောက်ပြန်လှည့်ကြည့်မိတော့ တစ်ကိုယ်လုံးကသွေးတွေ ရပ်တန့်သွားရသလို။ သွေးအိုင်ထဲလဲနေတာက... အဖြူရောင်ဂါဝန်လေးနဲ့ မိန်းကလေးတစ်ယောက်။

"ညီ...ညီမလေး"

လည်ပင်းကြောတွေထောင်သွားတဲ့အထိ အော်ခေါ်ပြီး ကမူးရှူးထိုးကုန်းထကာ ညီမငယ်တည်ရှိရာနေရာသို့သွားပြီး သွေးသံတရဲရဲနဲ့ ခန္ဓာကိုယ်လေးကိုရင်ခွင်ထဲ တင်းကျပ်စွာဖက်ထားရင်း အရူးလိုအော်ဟစ်နေမိသည်။

"ဆေး....ဆေးရုံကားခေါ်ပေးကြပါ"

ဂျောင်ကုနဲ့ထယ်ယောင်းကလည်း သူ့​ေဘးနား အသီးသီးဒူးထောက်ထိုင်ကာ ဂျီအာကိုလှုပ်နှိုးနေသည်။ မျက်လုံးတွေမှာတော့ ထိတ်လန့်မှုတွေအပြည့်။ လူတွေကလည်းဝိုင်းအုံလာကြသည်။

"ယောင်းရေ ဆေးရုံကား"

ထယ်ယောင်းအကျီ ္စအား သွေးတွေပေနေတဲ့လက်ဖြင့် ဆုပ်ကိုင်ကာ တုန်တုန်ရီရီပြောလာသူသည် အသံတွေကအစတုန်ယင်နေခဲ့သည်။

"စိတ်အေးအေးထားဂျီမင်း မင်းညီမလေးဘာမှမဖြစ်ဘူး ငါအခုဆေးရုံကားခေါ်လိုက်မယ်"

ဂျီမင်းကိုချော့ပြောကာ အိတ်ကပ်ထဲမှphကိုထုတ်ရင်း ဆေးရုံကိုသာအကြောင်းကြားနေမိသည်။ Phကိုင်ထားတဲ့သူ့ လက်တွေကလည်း တုန်လှုပ်လို့နေပါသည်။ ဂျောင်ကုကတော့ မလှုပ်မရှားတော့တဲ့ ဂျီအာ့ကိုတွေတွေကြီးငေးကြည့်နေမိသည်။

"ငါ့ညီမတစ်ခုခုဖြစ်ရင် မင်းကိုလုံးဝခွင့်မလွှတ်ဘူး ဂျွန်ဂျောင်ကု"

သူ့မျက်နှာကိုစေ့စေ့ကြည့်လာကာ တစ်လုံးချင်းပိပီသသပြောလာတဲ့ ပတ်ဂျီမင်းရဲ့စကားလုံးတွေကြား အာစေးမိထားသူတစ်ယောက်လို ဂျောင်ကုဘာမှပြန်မပြောနိုင်ခဲ့။

"ညီမလေး ညီမလေးကိုကို့ကိုထကြည့်ဦး အဲ့လိုငြိမ်ငြိမ်ကြီးနေမနေနဲ့"

မူရင်းအရောင်ပင်ပျောက်ကွယ်ကာ အနီရောင်ဘက်ကူးပြောင်းလာတဲ့ ဂါဝန်ကြားငြိမ်သက်နေတဲ့ ညီမ​လေးကိုလှုပ်ခါရင်း စကားတွေတတွတ်တွတ်ပြောနေမိသည်။ သွေးစွန်းနေတဲ့နှဖူးပေါ် ပါးပြင်အပ်ထားတာကြောင့် သူ့ပါးတွင်လည်း သွေးများကတစ်စွန်းတစ်စ။

ဝတ်ထားတဲ့coatအောက်က shirtအဖြူကလည်း နီရဲနေလေပြီ။ လည်တိုင်ဆီကို ဝင်သက်ထွက်သက်လေးက ခပ်ဖွဖွရိုက်ခတ်နေတာကြောင်​့ သူ့ညီမအသက်ငွေ့ငွေ့လေးရှိသေးတာကိုသိရသဖြင်​့ သတိလက်လွတ်မျက်စိတွေမှိတ်ချမသွားစေရန် စကားကိုမမောတမ်းပြောပေးနေရသည်။

"အားလုံးမင်းကြောင့်ဖြစ်ရတာ ဂျွန်ဂျောင်ကု"

"ကျွန်တော်မရည်ရွယ်ပါဘူး"

ဂျောင်ကုတစ်ကယ်ကိုတုန်လှုပ်နေခဲ့တာပါ။ ဒီလောက်ဆိုးဆိုးဝါးဝါးဖြစ်သွားဖို့မရည်ရွယ်ခဲ့ရိုးအမှန်ပါ။ သူကဒီအတိုင်းလေး ကိုကိုနဲ့ထွက်သွားချင်ခဲ့တာ။

တိုက်လိုက်သည့်ကားက အခုထိနေရာတွင်ရပ်တန့်ထားဆဲ။ မကြာခင်ကားတံခါးပွင့်လာပြီး ကားပေါ်မှဆင်းလာသူက ဂျောင်ကုအမ...။ ပျက်ယွင်းနေတဲ့ခြေလှမ်းတစ်စုံနဲ့ သူတို့အနားကိုရောက်လာလေသည်။ အသက်ငင်ငင်သာကျန်တော့တဲ့ ဂျီအာ့ကိုကြည့်ပြီး အဖြူရောင်ဒေါက် စီးထားတဲ့ ခြေထောက်တို့ကအနောက်ကို ယိုင်သွားတာမို့ ကားအဖုံးပေါ်ကိုလက်ထောက်ပြီးထိန်းလိုက်ရသည်။

ဂျီမင်းလက်ကို ဂျောင်ကုဆွဲပြီးထွက်သွားတဲအချိန် ပရိတ်သတ်တွေရဲ့ စူးစမ်းတဲ့အကြည့်တွေက သူမတို့လိုနှစ်ဖက်မိဘတွေအပေါ် ကျရောက်လာခဲ့သဖြင့် သူမတော်တော်အရှက်ရသွားခဲ့သည်။ ဒါကြောင့်parkingမှာထိုးရပ်ထားတဲ့ ကားကိုမောင်းပြီးထွက်လာစဥ် ကားလမ်းအလည်ခေါင်ရောက်နေတဲ့ ဂျီမင်းကိုမြင်ပြီး စိတ်တွေကစတင်ဖောက်လာရသည်။

အကုန်နင့်ကြောင့်ဖြစ်တာလို့ သတ်မှတ်လိုက်ပြီး အရှိန်မိုင်ကုန်တင်ကာ ဝင်တိုက်ဖို့တစ်ခုတည်းအာရုံရှိခဲ့သည်။ သို့သော်...ပတ်ဂျီမင်းကို သူ့စက်ကွင်းကနေလွတ်စေပြီး ကားရှေ့တည့်တည့်ပြေးဝင်လာတာက ယွန်းဂျီအာဖြစ်နေခဲ့သည်။ ပုံရိပ်​ဖြူဖြူလေးကို မြင်မြင်ချင်း breakအုပ်ခဲ့ပေမယ့်မမှီခဲ့။

"ငါ..ငါက ပတ်ဂျီမင်းကိုသတ်ချင်ရုံပါ ဂျီအာထိခိုက်သွားဖို့မရည်ရွယ်..."

"ဂျီမင်းဆေးရုံကားလာပြီ"

ထယ်​ယောင်းရဲ့ကြားဖြတ်စကားတွင် ဂျောင်ကုအစ်မ၏ အထစ်ထစ်အငေါ့ငေါ့စကားတွေကို အာရုံမစိုက်နိုင်တော့ပေ။ ညီမလေးကိုလူနာတင်လှည်းပေါ်တင်ဖို့ကိုသာ ဦးစားပေးနေရသည်။ သူကိုယ်တိုင်ဆေးရုံကား နောက်ခန်းတွင်ဝင်ထိုင်ပြီးလိုက်သွားဖို့လည်း မမေ့လျော့ခဲ့။ မဝင်ခင်လေးတော့ ဂျောင်ကုအစ်မမျက်နှာကို စူးစူးရဲရဲကြည့်ပြီးစကားတစ်ခွန်းပြောခဲ့သည်။

"မင်းနဲ့ငါ နောက်မှဆက်ရှင်းမယ်"

ဆေးရုံရောက်လို့ခွဲစိတ်ခန်းထဲပို့ပြီးမကြာခင် ညီမလေးဆုံးသွားပြီဆိုတဲ့ သတင်းကြားရတော့ ဆေးရုံကြမ်းပြင်မှာပဲ သွေးတွေပေပွနေတဲ့ဝတ်စုံနဲ့ထိုင်နေမိတာ ထယ်ယောင်းရောက်မလာခင်အထိ။

"ဂျီမင်း..ထစမ်း ဘာလို့ဒီမှာထိုင်နေရတာလဲ"

"ယောင်း..."

"ဟင် အင်း..အင်း ငါဒီမှာရှိတယ်"

"မရိှတော့ဘူးတဲ့"

"ဟင်"

"ညီမလေးငါ့ကိုထားသွားပြီယောင်းရဲ့"

ထယ်ယောင်းရင်ဘတ်က အကျီ ်စတို့ကိုလုံးချေကာ ရင်ခွင်ထဲအတင်းတိုးဝင်ပြီး ငိုနေတဲ့သူက တစ်ကယ်ကိုဖရိုဖရဲ ပြိုလဲနေလေပြီ။

"အကုန်ငါ့အပြစ် ငါအသုံးမကျလို့ မင်းပြောတဲ့စကားနားထောင်ပြီး ငါအိမ်မှာငြိမ်ငြိမ်လေးနေလိုက်မိရင် ဒီလိုတွေမဖြစ်ကုန်ဘူး ငါစောက်သုံးမကျလို့ အား....."

"ငါ့ကြောင့်ပါ လမ်းမှာကားတွေကျပ်နေလို့ ငါဆေးရုံကိုမြန်မြန်ရောက်မလာတာ ဆေးရုံကားကလည်းလူနာရှင်တစ်ယောက်ပဲ လိုက်လို့ရတာမလား ငါမြန်မြန်မလာနိုင်ခဲ့လို့ပါကွာ ငါစောစောရောက်လာရင် မင်းညီမလေးအဆင်ပြေနေမှာကို ငါနောက်ကျလို့ ငါ့အပြစ်ပါ မင်းကြောင့်မဟုတ်ရပါဘူး ဂျီမင်းရာ"

ကိုယ့်ခေါင်းကိုယ်ပြန်ထုရင်း အော်ငိုနေတဲ့ကိုယ်လေးကိုအတင်းချုပ်ကာ မဆိုင်တဲ့အ​ကြောင်းတွေကို မရမကလိုက်ဆက်စပ်ပြီး နှစ်သိမ့်ပေးနေမိသည်။

"ငါ့မှာဘာမှမရှိတော့ဘူးယောင်း အရင်ကလိုပဲ ငါတစ်ယောက်တည်းပြန်ဖြစ်နေပြီ"

"ငါရှိတယ်လေ မင်းအတွက်ငါအမြဲရှိနေတယ်လေ မင်းလဲကျရင်လက်ပေးကူဖို့ ငါကအသင့်ပဲလေ ဒါပေမယ့် မင်းကဒီလောက်ထိပြိုပျက်နေတော့ ငါဘယ်လောက်ရင်နာရလဲမင်းသိလား မင်းဒီထက်ပိုပြီးခံစားပြနေရင် ငါလည်းငါ့ကိုယ်ငါတစ်ခုခုလုပ်မိလိမ့်မယ် မငိုပါနဲ့လမင်းလေးရယ် မင်းငိုတော့ကြယ်လေးတွေကလည်း ငိုချင်တာပေါ့"

ဘာတုန့်ပြန်မှုမှမရရှိတဲ့အတွက် ရင်ခွင်ထဲငုံ့ကြည့်လိုက်တော့ ပူဆွေးနေတဲ့လူသားက အသက်ရှူမှန်မှန်နဲ့ အိပ်ပျော်နေလေပြီ။ ဟိုးအရင်တုန်းကလို ထယ်ယောင်းရင်ခွင်က ဂျီမင်းအတွက် အိပ်မက်လှလှလေးတွေပေးဆဲ။ ရှင်းဖို့ကျန်သေးတဲ့ကိစ္စတွေကို အသာဝဲပစ်လိုက်ပြီး အားပြတ်နေတဲ့ရင်ခွင်ထဲကလူကို ဆေးရုံတင်ဖို့အရင်စီစဥ်ရပြန်သည်။

ကုတင်ပေါ် ဆေးပိုက်တန်းလန်းလေးနဲ့ အိပ်ပျော်နေတဲ့ ဂျီမင်းရဲ့ပါးလေးတွေကို ထယ်ယောင်းလက်သွယ်သွယ်တွေနဲ့ ပွတ်သပ်နေမိသည်။

"ဘယ်လောက်တောင် ငိုထားလို့ အိပ်ပျော်သွားတဲ့အထိ ပင်ပန်းသွားရတာလဲ"

"ငါတို့ ဂျီမင်းနီးရဲ့ပါးဖောင်းဖောင်းလေးတွေတောင် ပျောက်ကွယ်သွားပြီပဲ"

"လက်လေးတွေကလည်း အရင်လိုပဲ ပုစိလေးတွေ"

အရွယ်အစားကွာလွန်းတဲ့ လက်သန်းနှစ်ချောင်းကို တိုင်းကြည့်ရင်းထယ်ယောင်းပြောနေမိသည်။ နဖူးပေါ်ကဆံပင်လေးတွေကို သပ်တင်ပေးလိုက်တော့ မျက်နှာပေါ်အမဲ့လှိုင်းကလေး ဖြတ်ပြေးသွားသည်။ နဖူးလေးကိုသူ့လက်ဖဝါးကြီးကြီးနဲ့ အုပ်မိုးလိုက်သည်။

"ဂျီမင်းကောင်းကောင်းအိပ်ပါစေ အိပ်မက်ဆိုးတွေကို ငါကခိုးယူလိုက်ပြီမို့လို့ဂျီမင်းက ကောင်းကောင်းပြန်အိပ်"

"ငါရှိနေသရွေ့မင်းကောင်းကောင်းအိပ်လို့ရပါတယ် ငါကမင်းရဲ့ dream catcherလေးလေ"

အိပ်နေတဲ့သူငယ်ချင်းလေး အိပ်မက်လှလှမက်စေဖို့ရာ winter bear သီချင်းလေးကို ဆိုပြဖို့သူမမေ့ခဲ့။ အိပ်မက်ထဲမှာပဲ အေးအေးချမ်းချမ်း နေရတဲ့သူမလို့ အိပ်မက်တွေလှစေချင်ပါသည်။ သူယွန်းဂီhyungကို phဆက်ဖို့မေ့နေသည်ပဲ။ အခြေအနေကိုလှမ်းပြောပြီး အကူအညီတောင်းစရာရှိတာလည်း ပြောရမည်။

"Hyung ထယ်အကူအညီတောင်းစရာရှိလို့..."

သုံးနာရီကျော်အိပ်ပျော်နေတဲ့သူကို ထယ်ယောင်းမငြီးမငြူ ထိုင်စောင့်ပေးနေလိုက်သည်။ အိပ်ပျော်နေတာတောင် လှနေလိုက်ပတ်ဂျီမင်း။ အပူအပင်တွေကိုမေ့ထားပြီး အိပ်ပျော်နေတဲ့မျက်နှာလေးက တစ်ကယ်ကိုကြည်ကြည်လင်လင်။ ဝတ်ထားတဲ့ဆေးရုံအကျီ ္နဲ့ လုံးဝမလိုက်ဖက်။ တစ်စိမ့်စိမ့်ကြည့်လေ ပျော်ဝင်ချင်လာလေ။ တစ်ခါကြည့်ပြီးတာနဲ့ မျက်လုံးထဲတစ်သက်လုံးစွဲနေစေမယ့် မျက်နှာမျိုး။ ခဏခဏလည်ပြန်လှည့်ကြည့်ချင်စရာ အလှမျိုး။ တင်စားစရာ စကားလုံးမရှိတဲ့ အလှမျိုး။

ကြည့်ရင်းကြည့်ရင်းနဲ့ ဂျီမင်းမျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ်ဖြစ်လာသည်။ မျက်လုံးဖွင့်ဖွင့်ချင်း ဆေးပိုက်တွေဆွဲဖြုတ်တာကြောင့် ထယ်ယောင်းပြေးဆွဲရသေးသည်။

"ဘာလုပ်တာလဲပတ်ဂျီမင်း အခုရပ်စမ်း"

"လွှတ်စမ်းပါ ငါရှင်းစရာတွေကျန်သေးတယ်"

"လူကဖြင့်လေတိုက်ရင် လဲတော့မှာကို ဘယ်သွားပြီးဘာတွေရှင်းမလို့လဲ ငြိမ်ငြိမ်နေစမ်း မဟုတ်ရင်ငါရိုက်မှာ"

ဟောက်လိုက်တာကြောင့် မျက်နှာလေးတစ်ချက်မဲ့ကာ ငြိမ်ကျသွားလေသည်။

"ငါအကုန်စီစဥ်ထားပါတယ် နာရေးကိစ္စတွေကို မင်းဝင်ပါချင်ရင် ဒီဆေးတစ်ပုလင်းကုန်အောင်သွင်းလိုက်နော် ကုန်တော့မှာပါ"

"ငါတရားစွဲမှာ"

"ဟင်"

"ငါ့ညီမကိုဒီလိုဖြစ်အောင်လုပ်တဲ့သူကို သေချာပေါက်ငါထောင်ထဲထည့်မှာယောင်း အဲ့တာကြောင့်မင်းက ညီမလေးကိစ္စကိုစီစဥ်ပေးပါ"

"အင်းပါ ငါသိပြီ"

"ဒီဆေးကုန်ရင် တရားရုံးသွားရအောင်"

"အင်း မင်းသဘော"

"မင်းကတစ်ကယ်ငါ့အတွက်အဖိုးမဖြတ်နိုင်တဲ့လူပဲယောင်း"

"မင်းကမှ ငါ့အတွက်ဘုရားကပေးထားတဲ့လက်ဆောင်မို့လို့ မင်းအဆင်ပြေဖို့အရေးကြီးတယ် ငါ့ဘက်လှည့်ကြည့်စရာမလိုဘူး ငါကမင်းဘာလုပ်လုပ် မင်းနောက်မှာနေပြီး မင်းဘက်မှာရှိနေမှာ"

"ထယ်ယောင်းအကောင်းဆုံးပဲ"

"ပတ်ဂျီမင်းအတွက်ပဲ သီးသန့်ကောင်းပေးတာပါ"

"ယွန်းဂီhyungအပေါ်မှာလည်း ကောင်းပါတယ်"

"မတူဘူးဟေ့ကောင်"

"ဒါလေးစတာကို"

>>> နောက်ကြောင်းပြန်ခြင်းပြီးဆုံး <<<
......

နောက်အပိုင်းကစပြီး ပတ်ဂျီမင်းကိုအားပျော့တဲ့ပုံစံမဟုတ်ပဲ strongဖြစ်တဲ့ပုံစံပြန်သွင်းတော့မှာပါ။ Plotတွေအများကြီးစဥ်းစားမိထားပါတယ်။ ဒါပေမယ့် အဆင်ပြေဆုံးတစ်ခုကိုရွေးထုတ်ပြီး ကျန်တဲ့plotတွေကို ဇာတ်လမ်းထဲအကုန်ရောထည့်လိုက်မှာမို့လို့ SE ဖြစ်မလား HE ဖြစ်မလားကတော့ ကျွန်တော်ကိုယ်တိုင်လည်း မသိသေးပါဘူး။ ဒါပေမယ့်ကျွန်တော့်ကိုယုံလိုက်ပါ စိတ်မပျက်စေရပါဘူး။😉💗

.......
Zawgyi

"ေရာက္ေနတဲ့ေနရာမွာ အဆင္ေျပေျပ႐ွိေနတယ္မဟုတ္လား"

"လြမ္းတယ္အမ်ားႀကီး...."

"ေတာင္းပန္ပါတယ္ ဒီအစ္ကိုကအသုံးမက်ခဲ့လို႔"

အ႐ိုးျပာအိုးထည့္ထားတဲ့ မွန္ေဘာင္ေလးေ႐ွ႕ မတ္တပ္ရပ္ေနရင္း ေျဖဆိုသံကင္းမဲ့ေနတဲ့ ေမးခြန္းေတြနဲ႔စကားေတြကို သူေျပာေနမိသည္။

"ဂ်ီမင္း တရားခြင္သြားၾကစို႔ေလ အခ်ိန္နီးေနၿပီ"

"အင္း ခဏေနာ္"

အသံလွမ္းေပးတဲ့ထယ္ေယာင္းကိုရဲ႕စကားကို ျပန္ေျဖလိုက္ၿပီး မွန္ေဘာင္ေလးဆီကိုသာမ်က္ႏွာမူလိုက္သည္။

"ေနာက္တစ္ခါက်ရင္လည္း ကိုကို႔ညီမေလးျဖစ္ေပးပါေနာ္ အဲ့အခါဆိုရင္ေတာ့ ကိုကို
မင္းကိုေသခ်ာဂ႐ုစိုက္ပါ့မယ္ ေပ်ာက္သြားတာေတြလည္း မ႐ွိေစရပါဘူး ေမ့သြားတာမ်ိဳးလည္း မျဖစ္ေစရပါဘူး ကိုကိုကေသခ်ာဂ႐ုစိုက္မွာမို႔လို႔ ဂ်ီအာက ကိုကို႔ညီမေလးအျဖစ္ျပန္ေမြးဖြားလာရမယ္ေနာ္ ကိုကို႔ကိုအဲ့အခ်ိန္ထိေစာင့္ေပးမယ္မလား"

"အဆင္ေျပေျပ႐ွိေနပါေစ ကိုကိုအေရးႀကီးကိစၥ႐ွိလို႔သြားေတာ့မယ္ ျပန္လာခဲ့မယ္ေနာ္"

အ႐ိုးျပာအိုးေလးေတြ ထား,ထားတဲ့ေနရာကေန ထြက္လာၿပီး တရား႐ုံးကိုခရီးဆက္ၾကေလသည္။

>>> မဂ္လာပြဲေန႔ကိုျပန္သြားရမယ္ဆိုရင္ျဖင့္ <<<

"ကိုကို သတိထား"

"အစ္ကို"

"ဂ်ီမင္း!!!"

ေအာ္ေခၚသံအဆုံးမွာ တြန္းထုတ္ခံလိုက္ရတဲ့အ႐ွိန္နဲ႔ သူ႕တစ္ကိုယ္လုံးလြင့္ထြက္သြားရသည္။ေအာင့္သက္သက္နာက်င္မႈနဲ႔ ဒူးေတြ၊တံေတာင္ဆစ္ေတြမွာသာ စပ္ဖ်င္ဖ်င္းေဝဒနာကို ခံစားလိုက္ရတာေၾကာင့္ ကားတိုက္ခံရျခင္းေတာ့ ေသခ်ာေပါက္မဟုတ္ခဲ့။ မတိုက္မိေအာင္အတြန္းခံလိုက္ရျခင္းသာ။

ဒါ...ဒါဆို ဘယ္သူ႕ကိုတိုက္မိသြားတာလဲ။ လဲ​က်ေနရင္းမွ စိုးရိမ္တႀကီးေနာက္ျပန္လွည့္ၾကည့္မိေတာ့ တစ္ကိုယ္လုံးကေသြးေတြ ရပ္တန္႔သြားရသလို။ ေသြးအိုင္ထဲလဲေနတာက... အျဖဴေရာင္ဂါဝန္ေလးနဲ႔ မိန္းကေလးတစ္ေယာက္။

"ညီ...ညီမေလး"

လည္ပင္းေၾကာေတြေထာင္သြားတဲ့အထိ ေအာ္ေခၚၿပီး ကမူး႐ွဴးထိုးကုန္းထကာ ညီမငယ္တည္႐ွိရာေနရာသို႔သြားၿပီး ေသြးသံတရဲရဲနဲ႔ ခန္ဓာကိုယ္ေလးကိုရင္ခြင္ထဲ တင္းက်ပ္စြာဖက္ထားရင္း အ႐ူးလိုေအာ္ဟစ္ေနမိသည္။

"ေဆး....ေဆး႐ုံကားေခၚေပးၾကပါ"

ေဂ်ာင္ကုနဲ႔ထယ္ေယာင္းကလည္း သူ႕​ေဘးနား အသီးသီးဒူးေထာက္ထိုင္ကာ ဂ်ီအာကိုလႈပ္ႏိႈးေနသည္။ မ်က္လုံးေတြမွာေတာ့ ထိတ္လန္႔မႈေတြအျပည့္။ လူေတြကလည္းဝိုင္းအုံလာၾကသည္။

"ေယာင္းေရ ေဆး႐ုံကား"

ထယ္ေယာင္းအက်ီ ၥအား ေသြးေတြေပေနတဲ့လက္ျဖင့္ ဆုပ္ကိုင္ကာ တုန္တုန္ရီရီေျပာလာသူသည္ အသံေတြကအစတုန္ယင္ေနခဲ့သည္။

"စိတ္ေအးေအးထားဂ်ီမင္း မင္းညီမေလးဘာမွမျဖစ္ဘူး ငါအခုေဆး႐ုံကားေခၚလိုက္မယ္"

ဂ်ီမင္းကိုေခ်ာ့ေျပာကာ အိတ္ကပ္ထဲမွphကိုထုတ္ရင္း ေဆး႐ုံကိုသာအေၾကာင္းၾကားေနမိသည္။ Phကိုင္ထားတဲ့သူ႕ လက္ေတြကလည္း တုန္လႈပ္လို႔ေနပါသည္။ ေဂ်ာင္ကုကေတာ့ မလႈပ္မ႐ွားေတာ့တဲ့ ဂ်ီအာ့ကိုေတြေတြႀကီးေငးၾကည့္ေနမိသည္။

"ငါ့ညီမတစ္ခုခုျဖစ္ရင္ မင္းကိုလုံးဝခြင့္မလႊတ္ဘူး ဂြၽန္ေဂ်ာင္ကု"

သူ႕မ်က္ႏွာကိုေစ့ေစ့ၾကည့္လာကာ တစ္လုံးခ်င္းပိပီသသေျပာလာတဲ့ ပတ္ဂ်ီမင္းရဲ႕စကားလုံးေတြၾကား အာေစးမိထားသူတစ္ေယာက္လို ေဂ်ာင္ကုဘာမွျပန္မေျပာႏိုင္ခဲ့။

"ညီမေလး ညီမေလးကိုကို႔ကိုထၾကည့္ဦး အဲ့လိုၿငိမ္ၿငိမ္ႀကီးေနမေနနဲ႔"

မူရင္းအေရာင္ပင္ေပ်ာက္ကြယ္ကာ အနီေရာင္ဘက္ကူးေျပာင္းလာတဲ့ ဂါဝန္ၾကားၿငိမ္သက္ေနတဲ့ ညီမ​ေလးကိုလႈပ္ခါရင္း စကားေတြတတြတ္တြတ္ေျပာေနမိသည္။ ေသြးစြန္းေနတဲ့ႏွဖူးေပၚ ပါးျပင္အပ္ထားတာေၾကာင့္ သူ႕ပါးတြင္လည္း ေသြးမ်ားကတစ္စြန္းတစ္စ။

ဝတ္ထားတဲ့coatေအာက္က shirtအျဖဴကလည္း နီရဲေနေလၿပီ။ လည္တိုင္ဆီကို ဝင္သက္ထြက္သက္ေလးက ခပ္ဖြဖြ႐ိုက္ခတ္ေနတာေၾကာင္​့ သူ႕ညီမအသက္ေငြ႕ေငြ႕ေလး႐ွိေသးတာကိုသိရသျဖင္​့ သတိလက္လြတ္မ်က္စိေတြမွိတ္ခ်မသြားေစရန္ စကားကိုမေမာတမ္းေျပာေပးေနရသည္။

"အားလုံးမင္းေၾကာင့္ျဖစ္ရတာ ဂြၽန္ေဂ်ာင္ကု"

"ကြၽန္ေတာ္မရည္႐ြယ္ပါဘူး"

ေဂ်ာင္ကုတစ္ကယ္ကိုတုန္လႈပ္ေနခဲ့တာပါ။ ဒီေလာက္ဆိုးဆိုးဝါးဝါးျဖစ္သြားဖို႔မရည္႐ြယ္ခဲ့႐ိုးအမွန္ပါ။ သူကဒီအတိုင္းေလး ကိုကိုနဲ႔ထြက္သြားခ်င္ခဲ့တာ။

တိုက္လိုက္သည့္ကားက အခုထိေနရာတြင္ရပ္တန္႔ထားဆဲ။ မၾကာခင္ကားတံခါးပြင့္လာၿပီး ကားေပၚမွဆင္းလာသူက ေဂ်ာင္ကုအမ...။ ပ်က္ယြင္းေနတဲ့ေျခလွမ္းတစ္စုံနဲ႔ သူတို႔အနားကိုေရာက္လာေလသည္။ အသက္ငင္ငင္သာက်န္ေတာ့တဲ့ ဂ်ီအာ့ကိုၾကည့္ၿပီး အျဖဴေရာင္ေဒါက္ စီးထားတဲ့ ေျခေထာက္တို႔ကအေနာက္ကို ယိုင္သြားတာမို႔ ကားအဖုံးေပၚကိုလက္ေထာက္ၿပီးထိန္းလိုက္ရသည္။

ဂ်ီမင္းလက္ကို ေဂ်ာင္ကုဆြဲၿပီးထြက္သြားတဲအခ်ိန္ ပရိတ္သတ္ေတြရဲ႕ စူးစမ္းတဲ့အၾကည့္ေတြက သူမတို႔လိုႏွစ္ဖက္မိဘေတြအေပၚ က်ေရာက္လာခဲ့သျဖင့္ သူမေတာ္ေတာ္အ႐ွက္ရသြားခဲ့သည္။ ဒါေၾကာင့္parkingမွာထိုးရပ္ထားတဲ့ ကားကိုေမာင္းၿပီးထြက္လာစဥ္ ကားလမ္းအလည္ေခါင္ေရာက္ေနတဲ့ ဂ်ီမင္းကိုျမင္ၿပီး စိတ္ေတြကစတင္ေဖာက္လာရသည္။

အကုန္နင့္ေၾကာင့္ျဖစ္တာလို႔ သတ္မွတ္လိုက္ၿပီး အ႐ွိန္မိုင္ကုန္တင္ကာ ဝင္တိုက္ဖို႔တစ္ခုတည္းအာ႐ုံ႐ွိခဲ့သည္။ သို႔ေသာ္...ပတ္ဂ်ီမင္းကို သူ႕စက္ကြင္းကေနလြတ္ေစၿပီး ကားေ႐ွ႕တည့္တည့္ေျပးဝင္လာတာက ယြန္းဂ်ီအာျဖစ္ေနခဲ့သည္။ ပုံရိပ္​ျဖဴျဖဴေလးကို ျမင္ျမင္ခ်င္း breakအုပ္ခဲ့ေပမယ့္မမွီခဲ့။

"ငါ..ငါက ပတ္ဂ်ီမင္းကိုသတ္ခ်င္႐ုံပါ ဂ်ီအာထိခိုက္သြားဖို႔မရည္႐ြယ္..."

"ဂ်ီမင္းေဆး႐ုံကားလာၿပီ"

ထယ္​ေယာင္းရဲ႕ၾကားျဖတ္စကားတြင္ ေဂ်ာင္ကုအစ္မ၏ အထစ္ထစ္အေငါ့ေငါ့စကားေတြကို အာ႐ုံမစိုက္ႏိုင္ေတာ့ေပ။ ညီမေလးကိုလူနာတင္လွည္းေပၚတင္ဖို႔ကိုသာ ဦးစားေပးေနရသည္။ သူကိုယ္တိုင္ေဆး႐ုံကား ေနာက္ခန္းတြင္ဝင္ထိုင္ၿပီးလိုက္သြားဖို႔လည္း မေမ့ေလ်ာ့ခဲ့။ မဝင္ခင္ေလးေတာ့ ေဂ်ာင္ကုအစ္မမ်က္ႏွာကို စူးစူးရဲရဲၾကည့္ၿပီးစကားတစ္ခြန္းေျပာခဲ့သည္။

"မင္းနဲ႔ငါ ေနာက္မွဆက္႐ွင္းမယ္"

ေဆး႐ုံေရာက္လို႔ခြဲစိတ္ခန္းထဲပို႔ၿပီးမၾကာခင္ ညီမေလးဆုံးသြားၿပီဆိုတဲ့ သတင္းၾကားရေတာ့ ေဆး႐ုံၾကမ္းျပင္မွာပဲ ေသြးေတြေပပြေနတဲ့ဝတ္စုံနဲ႔ထိုင္ေနမိတာ ထယ္ေယာင္းေရာက္မလာခင္အထိ။

"ဂ်ီမင္း..ထစမ္း ဘာလို႔ဒီမွာထိုင္ေနရတာလဲ"

"ေယာင္း..."

"ဟင္ အင္း..အင္း ငါဒီမွာ႐ွိတယ္"

"မရိွေတာ့ဘူးတဲ့"

"ဟင္"

"ညီမေလးငါ့ကိုထားသြားၿပီေယာင္းရဲ႕"

ထယ္ေယာင္းရင္ဘတ္က အက်ီ ္စတို႔ကိုလုံးေခ်ကာ ရင္ခြင္ထဲအတင္းတိုးဝင္ၿပီး ငိုေနတဲ့သူက တစ္ကယ္ကိုဖ႐ိုဖရဲ ၿပိဳလဲေနေလၿပီ။

"အကုန္ငါ့အျပစ္ ငါအသုံးမက်လို႔ မင္းေျပာတဲ့စကားနားေထာင္ၿပီး ငါအိမ္မွာၿငိမ္ၿငိမ္ေလးေနလိုက္မိရင္ ဒီလိုေတြမျဖစ္ကုန္ဘူး ငါေစာက္သုံးမက်လို႔ အား....."

"ငါ့ေၾကာင့္ပါ လမ္းမွာကားေတြက်ပ္ေနလို႔ ငါေဆး႐ုံကိုျမန္ျမန္ေရာက္မလာတာ ေဆး႐ုံကားကလည္းလူနာ႐ွင္တစ္ေယာက္ပဲ လိုက္လို႔ရတာမလား ငါျမန္ျမန္မလာႏိုင္ခဲ့လို႔ပါကြာ ငါေစာေစာေရာက္လာရင္ မင္းညီမေလးအဆင္ေျပေနမွာကို ငါေနာက္က်လို႔ ငါ့အျပစ္ပါ မင္းေၾကာင့္မဟုတ္ရပါဘူး ဂ်ီမင္းရာ"

ကိုယ့္ေခါင္းကိုယ္ျပန္ထုရင္း ေအာ္ငိုေနတဲ့ကိုယ္ေလးကိုအတင္းခ်ဳပ္ကာ မဆိုင္တဲ့အ​ေၾကာင္းေတြကို မရမကလိုက္ဆက္စပ္ၿပီး ႏွစ္သိမ့္ေပးေနမိသည္။

"ငါ့မွာဘာမွမ႐ွိေတာ့ဘူးေယာင္း အရင္ကလိုပဲ ငါတစ္ေယာက္တည္းျပန္ျဖစ္ေနၿပီ"

"ငါ႐ွိတယ္ေလ မင္းအတြက္ငါအၿမဲ႐ွိေနတယ္ေလ မင္းလဲက်ရင္လက္ေပးကူဖို႔ ငါကအသင့္ပဲေလ ဒါေပမယ့္ မင္းကဒီေလာက္ထိၿပိဳပ်က္ေနေတာ့ ငါဘယ္ေလာက္ရင္နာရလဲမင္းသိလား မင္းဒီထက္ပိုၿပီးခံစားျပေနရင္ ငါလည္းငါ့ကိုယ္ငါတစ္ခုခုလုပ္မိလိမ့္မယ္ မငိုပါနဲ႔လမင္းေလးရယ္ မင္းငိုေတာ့ၾကယ္ေလးေတြကလည္း ငိုခ်င္တာေပါ့"

ဘာတုန္႔ျပန္မႈမွမရ႐ွိတဲ့အတြက္ ရင္ခြင္ထဲငုံ႔ၾကည့္လိုက္ေတာ့ ပူေဆြးေနတဲ့လူသားက အသက္႐ွဴမွန္မွန္နဲ႔ အိပ္ေပ်ာ္ေနေလၿပီ။ ဟိုးအရင္တုန္းကလို ထယ္ေယာင္းရင္ခြင္က ဂ်ီမင္းအတြက္ အိပ္မက္လွလွေလးေတြေပးဆဲ။ ႐ွင္းဖို႔က်န္ေသးတဲ့ကိစၥေတြကို အသာဝဲပစ္လိုက္ၿပီး အားျပတ္ေနတဲ့ရင္ခြင္ထဲကလူကို ေဆး႐ုံတင္ဖို႔အရင္စီစဥ္ရျပန္သည္။

ကုတင္ေပၚ ေဆးပိုက္တန္းလန္းေလးနဲ႔ အိပ္ေပ်ာ္ေနတဲ့ ဂ်ီမင္းရဲ႕ပါးေလးေတြကို ထယ္ေယာင္းလက္သြယ္သြယ္ေတြနဲ႔ ပြတ္သပ္ေနမိသည္။

"ဘယ္ေလာက္ေတာင္ ငိုထားလို႔ အိပ္ေပ်ာ္သြားတဲ့အထိ ပင္ပန္းသြားရတာလဲ"

"ငါတို႔ ဂ်ီမင္းနီးရဲ႕ပါးေဖာင္းေဖာင္းေလးေတြေတာင္ ေပ်ာက္ကြယ္သြားၿပီပဲ"

"လက္ေလးေတြကလည္း အရင္လိုပဲ ပုစိေလးေတြ"

အ႐ြယ္အစားကြာလြန္းတဲ့ လက္သန္းႏွစ္ေခ်ာင္းကို တိုင္းၾကည့္ရင္းထယ္ေယာင္းေျပာေနမိသည္။ နဖူးေပၚကဆံပင္ေလးေတြကို သပ္တင္ေပးလိုက္ေတာ့ မ်က္ႏွာေပၚအမဲ့လိႈင္းကေလး ျဖတ္ေျပးသြားသည္။ နဖူးေလးကိုသူ႕လက္ဖဝါးႀကီးႀကီးနဲ႔ အုပ္မိုးလိုက္သည္။

"ဂ်ီမင္းေကာင္းေကာင္းအိပ္ပါေစ အိပ္မက္ဆိုးေတြကို ငါကခိုးယူလိုက္ၿပီမို႔လို႔ဂ်ီမင္းက ေကာင္းေကာင္းျပန္အိပ္"

"ငါ႐ွိေနသေ႐ြ႕မင္းေကာင္းေကာင္းအိပ္လို႔ရပါတယ္ ငါကမင္းရဲ႕ dream catcherေလးေလ"

အိပ္ေနတဲ့သူငယ္ခ်င္းေလး အိပ္မက္လွလွမက္ေစဖို႔ရာ winter bear သီခ်င္းေလးကို ဆိုျပဖို႔သူမေမ့ခဲ့။ အိပ္မက္ထဲမွာပဲ ေအးေအးခ်မ္းခ်မ္း ေနရတဲ့သူမလို႔ အိပ္မက္ေတြလွေစခ်င္ပါသည္။ သူယြန္းဂီhyungကို phဆက္ဖို႔ေမ့ေနသည္ပဲ။ အေျခအေနကိုလွမ္းေျပာၿပီး အကူအညီေတာင္းစရာ႐ွိတာလည္း ေျပာရမည္။

"Hyung ထယ္အကူအညီေတာင္းစရာ႐ွိလို႔..."

သုံးနာရီေက်ာ္အိပ္ေပ်ာ္ေနတဲ့သူကို ထယ္ေယာင္းမၿငီးမျငဴ ထိုင္ေစာင့္ေပးေနလိုက္သည္။ အိပ္ေပ်ာ္ေနတာေတာင္ လွေနလိုက္ပတ္ဂ်ီမင္း။ အပူအပင္ေတြကိုေမ့ထားၿပီး အိပ္ေပ်ာ္ေနတဲ့မ်က္ႏွာေလးက တစ္ကယ္ကိုၾကည္ၾကည္လင္လင္။ ဝတ္ထားတဲ့ေဆး႐ုံအက်ီ ၷဲ႕ လုံးဝမလိုက္ဖက္။ တစ္စိမ့္စိမ့္ၾကည့္ေလ ေပ်ာ္ဝင္ခ်င္လာေလ။ တစ္ခါၾကည့္ၿပီးတာနဲ႔ မ်က္လုံးထဲတစ္သက္လုံးစြဲေနေစမယ့္ မ်က္ႏွာမ်ိဳး။ ခဏခဏလည္ျပန္လွည့္ၾကည့္ခ်င္စရာ အလွမ်ိဳး။ တင္စားစရာ စကားလုံးမ႐ွိတဲ့ အလွမ်ိဳး။

ၾကည့္ရင္းၾကည့္ရင္းနဲ႔ ဂ်ီမင္းမ်က္ေတာင္ေလးေတြ ပုတ္ခတ္ပုတ္ခတ္ျဖစ္လာသည္။ မ်က္လုံးဖြင့္ဖြင့္ခ်င္း ေဆးပိုက္ေတြဆြဲျဖဳတ္တာေၾကာင့္ ထယ္ေယာင္းေျပးဆြဲရေသးသည္။

"ဘာလုပ္တာလဲပတ္ဂ်ီမင္း အခုရပ္စမ္း"

"လႊတ္စမ္းပါ ငါ႐ွင္းစရာေတြက်န္ေသးတယ္"

"လူကျဖင့္ေလတိုက္ရင္ လဲေတာ့မွာကို ဘယ္သြားၿပီးဘာေတြ႐ွင္းမလို႔လဲ ၿငိမ္ၿငိမ္ေနစမ္း မဟုတ္ရင္ငါ႐ိုက္မွာ"

ေဟာက္လိုက္တာေၾကာင့္ မ်က္ႏွာေလးတစ္ခ်က္မဲ့ကာ ၿငိမ္က်သြားေလသည္။

"ငါအကုန္စီစဥ္ထားပါတယ္ နာေရးကိစၥေတြကို မင္းဝင္ပါခ်င္ရင္ ဒီေဆးတစ္ပုလင္းကုန္ေအာင္သြင္းလိုက္ေနာ္ ကုန္ေတာ့မွာပါ"

"ငါတရားစြဲမွာ"

"ဟင္"

"ငါ့ညီမကိုဒီလိုျဖစ္ေအာင္လုပ္တဲ့သူကို ေသခ်ာေပါက္ငါေထာင္ထဲထည့္မွာေယာင္း အဲ့တာေၾကာင့္မင္းက ညီမေလးကိစၥကိုစီစဥ္ေပးပါ"

"အင္းပါ ငါသိၿပီ"

"ဒီေဆးကုန္ရင္ တရား႐ုံးသြားရေအာင္"

"အင္း မင္းသေဘာ"

"မင္းကတစ္ကယ္ငါ့အတြက္အဖိုးမျဖတ္ႏိုင္တဲ့လူပဲေယာင္း"

"မင္းကမွ ငါ့အတြက္ဘုရားကေပးထားတဲ့လက္ေဆာင္မို႔လို႔ မင္းအဆင္ေျပဖို႔အေရးႀကီးတယ္ ငါ့ဘက္လွည့္ၾကည့္စရာမလိုဘူး ငါကမင္းဘာလုပ္လုပ္ မင္းေနာက္မွာေနၿပီး မင္းဘက္မွာ႐ွိေနမွာ"

"ထယ္ေယာင္းအေကာင္းဆုံးပဲ"

"ပတ္ဂ်ီမင္းအတြက္ပဲ သီးသန္႔ေကာင္းေပးတာပါ"

"ယြန္းဂီhyungအေပၚမွာလည္း ေကာင္းပါတယ္"

"မတူဘူးေဟ့ေကာင္"

"ဒါေလးစတာကို"

>>> ေနာက္ေၾကာင္းျပန္ျခင္းၿပီးဆုံး <<<
......

ေနာက္အပိုင္းကစၿပီး ပတ္ဂ်ီမင္းကိုအားေပ်ာ့တဲ့ပုံစံမဟုတ္ပဲ strongျဖစ္တဲ့ပုံစံျပန္သြင္းေတာ့မွာပါ။ Plotေတြအမ်ားႀကီးစဥ္းစားမိထားပါတယ္။ ဒါေပမယ့္ အဆင္ေျပဆုံးတစ္ခုကိုေ႐ြးထုတ္ၿပီး က်န္တဲ့plotေတြကို ဇာတ္လမ္းထဲအကုန္ေရာထည့္လိုက္မွာမို႔လို႔ SE ျဖစ္မလား HE ျဖစ္မလားကေတာ့ ကြၽန္ေတာ္ကိုယ္တိုင္လည္း မသိေသးပါဘူး။ ဒါေပမယ့္ကြၽန္ေတာ္႕ကိုယုံလိုက္ပါ စိတ္မပ်က္ေစရပါဘူး။😉💗

.......

Continue Reading

You'll Also Like

50.3K 4.3K 9
[ ZawGyi ] ခ်စ္​လွစြာ​ေသာက​ေလးအတြက္​JEONရဲ႕honeymoon [ Unicode ] ချစ်​လှစွာ​သောက​လေးအတွက်​JEONရဲ့honeymoon #Kookmin #Gay marriage
53.1K 5.1K 28
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
719K 122K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
875K 36K 30
"ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+) ကြၽန္ေတာ္ တစ္ခါ နမ္းရင္ ငါးသိန္း ထက္မနည္းရတယ္..သေဘာေပါက္လား?"(18+)