( သူကြီးသမက် ) Completed

By GeGeDiDimimi

1.6M 125K 2.5K

( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡ More

ပြန်တင်ခြင်း
အပိုင်း - ၁
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
[ 27 ]
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 15 ]
[ 16 ]
[ 17 ]
[ 18 ]
[ 19 ]
[ 20 ]
[ 21 ]
[ 22 ]
[ 23 ]
[ 24 ]
[ 25 ]
[ 26 ]
[ 28 ]
[ 29 ]
[ 30 ]
[ 31 ]
[ 32 ]
[ 33 ]
[ 34 ]
[ 35 ]
[ 36 ]
[ 37 ]
[ 38 ]
END - [ 39 ]
Extra

အပိုင်း - ၂

55.3K 4.4K 241
By GeGeDiDimimi

[ သူကြီးသမက် ]

    " ဒုတ် " ဒုတ် " ဒုတ် " ဒုတ် " ဒုတ် "

ရွာဦးဘုန်းကြီး‌ကျောင်းဆီကအုန်းမောင်းခေါက်သံ ငါးချက်မြည်လာပြီးနောက်၊ညီမလုပ်သူနှင်းနုရဲ့အိပ်ရာထတဲ့အသံ အရိပ်ကြားလိုက်ရသည်။

ထို့နောက်...သိပ်မကြာ အိမ်အနောက်မီးဖိုချောင်တဲလေးဆီကအိုးခွက်ပန်းကန်ဆေး‌သံတွေကြားရကာ ဆွမ်းချက်နေပြီဆိုတာ အရိပ်သိလိုက်သည်။

မြို့မှာကျောင်းတက်ရင်းနဲ့ ညဥ့်နက်ထိစာကျက် မနက်ခုနှစ်နာရီရှစ်နာရီမှအိပ်ရာထတဲ့အကျင့်က အရိပ်မှာပါလာသည်။

အကျင့်ကပြင်လို့မရသေးချေ၊အိပ်ရာထဲကမထသေးပဲခဏဆက်အိပ်နေလိုက်သည်။

" သွားကြတော့ ဆန်ကုန်မြေလေးတွေ မင်းတို့ကိုမွေးထားတဲ့ မိဘတွေကိုအားနာကြဦးအချိန်ပြည့်အရက်သောက် ရန်ဖြစ်မနေကြနဲ့ !"

ရိုးတို့အဖွဲ့ကိုဝင်းကိုကထိတ်တုံးဖြုတ်ပေးနေတုန်း သူကြီးကအိမ်ရှေ့ကွပ်ပျစ်မှာထိုင်ပြီး ကောင်ညှင်းပေါင်းနဲ့လက်ဖက်ရည်သောက်နေရင်း သူတို့ကိုပြောလာတော့ သူကြီးကတော်မှာနံဘေးကသူ့ယောက်ျားကိုဆူငေါက်တော့သည်။

" ရှင်ကတော် သူများကလေးတွေကို ဆန်ကုန်မြေလေးသွားသွားမခေါ်ပါနဲ့သူ့မိဘတွေကြားရင်ဘယ်ကြိုက်ပါ့မလဲ မိဘတိုင်းကတော့ ကိုယ်သားသမီးကကိုယ့်ရဲ့ရတနာတွေပဲ "

" သွားသွား မင်းတို့လည်းပြန်ကြတော့ အလုပ်သွားရဦးမှာမဟုတ်လား "

သူကြီးကတော်ကသူကြီးကိုအပြစ်တင်စကားဆိုလိုက်ပြီး ရိုးတို့ကိုအိမ်ပြန်ရန်ပြောလာသည်။

သူကြီးနဲ့သူကြီးကတော်ရဲ့စကား ရိုးနားထဲမဝင် အိမ်အပေါ်ထပ်ပြတင်းပေါက်မှာချစ်ရသူလေးကိုတွေ့ခွင့်ရမလားရှာကြည့်နေမိသည်။

" ဟေ့ကောင် ! မင်းငါ့အိမ်ပေါ်ကိုဘာလှမ်းကြည့်နေတာလဲ !!! ငါ့သမီးကို ငမ်းမယ်တော့မယ်ကြံနဲ့ မင်းလိုအရက်သမားလူဆိုးကောင်နဲ့လုံးဝသဘောမတူဘူး !!!"

သူကြီးကသူ့သမီးနှင်းနုကို ရိုးငမ်းနေတယ်အထင်နဲ့ ပြောချင်ရာတွေပြောနေသောကြောင့် ရိုးနှာ‌ခေါင်းရှုံ့လိုက်၍။

" စိတ်ချပါ သူကြီးသမီးနှင်းနုကို အတင်းပေးစားရင်တောင် ကျွန်တော်ကမယူဘူး ထွက်ပြေးမှာ "

" ဘာကွ !!! မင်း !!! "

သူကြီးက ရိုးစကားကြောင့် ဒေါသထွက်ပြီး။ သူ့နံဘေးကကျည်မပါတဲ့သေနတ်ဆွဲလိုက်တော့ ရိုးတို့အဖွဲ့နဲ့အောင်သက်တို့အဖွဲ့သူကြီးအိမ်ဝင်းထဲက အပြေးထွက်လာခဲ့ကြသည်။

" ီးလိုပဲ နောက်တစ်ခေါက်ထိတ်တုံးခတ်ခံမိတော့မလို့ !"

ရိုးတို့အဖွဲ့ဖုန်ထူထူရွာလမ်းတစ်လျှောက်နွားချေးပုံ ဆိတ်ချေးတုံးများကိုကွေ့ရှောင်ပြေးလာကာသူကြီးအိမ်နဲ့တော်တော်ဝေးဝေး‌ရောက်မှရပ်လိုက်ကြသည်။

အောင်သက်တို့အဖွဲ့ ရိုးတို့အနောက်ကပြေးလိုက်လာ၍ ရိုးတို့နားမှရပ်ကာအမောဖြေကြရင်းနဲ့ရိုးကိုကြည့်လာကာ။

" မင်း ‌ောက်ပြဿနာကောင် !!!"

အောင်သက်ကရိုးကိုကြည့်ပြီး အမောဖြေရင်းက ဆဲလာသည်။

ရိုးအောင်သက်အဆဲကို ဘာမှမတုံ့ပြန်တော့ပဲ အမောပြေသွားမှအဖွဲ့လိုက်သူ့အိမ်ကိုယ့်အိမ် ပြန်လာခဲ့ကြသည်။

အောင်သက်နဲ့ရိုးကအိမ်ချင်းကပ်လျက်ဖြစ်ပြီး ငယ်ငယ်ကတည်းကမတည့်ကြတဲ့ကြောင်နဲ့ကြွက်လိုပဲဖြစ်သည်။

" ဟော , ပြန်လာပါပြီတော် , သားလှရတနာလေးတွေ "

ရိုးတို့ကိုခြံဝမှာမြင်တာနဲ့အောင်သက်အမေက ဆန်ကောအပြည့်ချဉ်ပေါင်ရွက်တွေသင်နေရင်းကသူ့သားနဲ့ရိုးကိုရွဲ့ပြီးပြောလာသည်။

" မြန်မြန်လာစား ပဲပြုတ်နဲ့ထမင်းကြော်ထားတယ် စားပြီးရင် အင်းထဲသွားတော့ မြို့ကငါးဒိုင်တွေညနေလာယူမယ်ပြောထားတယ် !"

ရိုးဖေဖေအပြောကြောင့် အိမ်ရှေ့စဥ့်အိုးထဲက ရေကိုဖလားခပ်ကြီးကြီးနဲ့ခပ်ပြီးသွားတိုက်မျက်နှာသစ်ဝတ်ထားတဲ့ပုဆိုးကိုဖြေလိုက်ကာ အပေါ်ပိုင်းအစနဲ့မျက်နှာသုတ်လိုက်၍ စားပွဲပေါ်ကအုပ်စောင်းဖွင့်လိုက်‌တော့၊အဖေကြော်ထားပေးတဲ့ထမင်းကြော်နဲ့ရေနွေးအခါးကြမ်းကိုသောက်ပြီးနောက်...အင်းထဲလာခဲ့လိုက်သည်။

" ဟေ့ကောင်! ငါ့ကိုကူသယ်ပေးဦး !"

ရိုးခြံဝမှာပဲရှိသေးတယ် အောင်သက်ကအင်းထဲလိုအပ်တဲ့ပစ္စည်းတွေနဲ့အတူရေဘူးကြီးကိုပါကိုင်ပြီး မနိုင်မနင်းအော်ပြောလာသည်။

" မင်းဘာသာ သယ်ပါလား "

" ဟေ့ကောင်! အခုသွားမှာမင်းအင်းနော် မကူသယ်ရင် ငါ့လည်းကူမလုပ်ပေးဘူးကွာ !!!"

" သယ်မယ် သယ်ပေးမယ် !"

အောင်သက်စကားကြောင့် ရိုးပစ္စည်းများကူသယ်ပြီးနောက်... အင်းကိုလာခဲ့လိုက်သည်။

အောင်သက်တို့အင်းအလုပ်ဆို ရိုးအားရင်နေ့စားလိုက်လုပ်ပေးသလို ရိုးတို့အင်းကိုလည်း အောင်သက်အားရင်နေ့စားနဲ့လိုက်လုပ်ပေးပြီး တစ်အိမ်နဲ့တစ်အိမ်ကူညီကြသည်။

" ဟို ကောင်တွေ မလာကြသေးဘူးလား "

" သူတို့ အိမ်မှာအဆူခံရတုန်းနေမှာပေါ့ "

ရိုးစကားကိုအောင်သက်ကငါးတန်းရန် ပိုက်ကွန်ကို ပြင်ရင်ဖြေလာသည်။

" မိဘတွေလဲ အံ့ဩတယ်နေ့တိုင်းဆူနေတာ သူတို့မမောကြဘူးလာမသိဘူး ဟား,ဟား !!!"

‌ရိုးစကားကြောင့် အောင်သက်မျက်မှောင်ကြုတ်၍ ရိုးကိုကြည့်လိုက်ပြီးနောက်။

" ီးစကားများမနေနဲ့ ဒီမှာပိုက်ရှင်းကူ !!!"

" ဟေ့ "

ငါးပိုက်များ ရိုးရှင်းနေတုန်း နိုင်မင်း မောင်လှ ဆွေဦး အောင်ကို တို့လေးဦးရောက်လာကြသည်။

" မင်းတို့နောက်ကျတယ် ညနေနေ့စားခအပြည့်ဝမပေးဘူး "

" ငါ့ိုးကို မပေးလား မင်း‌တို့နှစ်ကောင်ကြောင့် ညကသူကြီးအိမ်ထိတ်တုံးခတ်မိပြီး အိမ်ပြန်ရောက်တော့လဲ မိန်းမရဲ့ပေါက်ပေါက်ဖောက်ခံလာရတာကွ !!!"

" ဟား,ဟား,ဟား။

မောင်လှစကားကြောင့် တစ်ဖွဲလုံးသဘောကျစွာ ‌အော်ရယ်ပစ်လိုက်ကြတော့ မောင်လှရင်ထဲဒေါသပွအော်ဆဲသံကအင်းထဲမှာဆူညံသွားတော့သည်။

အရိပ်မနက်ကတည်းကရွာဦးဘုန်းကြီးကျောင်းကို မိသားစုလိုက်ဆွမ်းသွားကပ်၍ ရွာမှာအရိပ်က ကျောင်းဆရာလုပ်မှာဖြစ်တဲ့အကြောင်း ရွာဦးဘုန်းကြီးကိုလျှောက်တင်ကာ ရွာကျောင်းထဲခဏ ဝင်ကြည့်ပြီး။ ကလေးတွေနဲ့စာသင်ခုံတွေပြန်စီလုပ်နေရတာ အချိန်ကညနေလေးနာရီထိုးသွားသည်။ ရိုးနဲ့ချိန်းထားတဲ့အင်းထဲကိုအခုထိမသွားတွေ့ရသေး အရိပ်မအားလို့ သွားမတွေ့လဲရိုးကစိတ်ဆိုးမယ်သူမဟုတ်ပေမဲ့ အရိပ်ရိုးကိုသွားတွေ့ချင်သည်။

" အဖေ သားရွာထဲလျှောက်ကြည့်လိုက်ဦးမယ် "

" အေး အေးသွား အဖေမှာထားရဦးမယ် ရွာထဲက ဟိုကာလသားအဖွဲ့ ရိုးမာန်ဂုဏ်တို့နဲ့ဝေးဝေးနေ အပေါင်းသင်းမလုပ်နဲ့ကြားလား "

အရိပ်‌အဖေစကားကြောင့် အတွန့်တက်မေးလိုက်သည်။

" ဘာလို့လဲအဖေရဲ့ ရိုးတို့အဖွဲ့ကခင်ဖို့ကောင်းပါတယ် "

" ခင်ဖို့ကောင်းပေမဲ့ သူတို့နဲ့ပေါင်းရင် ငါ့သားအရက်သမားဖြစ်မှာဆိုးလို့ ဝေးဝေးသာနေ "

" ရိုးကသားကိုအရက်သောက်ခိုင်းဖို့မပြောနဲ့ အရက်ဆိုင်ရှေ့ကတောင်ဖြက်လျှောက်ခိုင်းတာမဟုတ်ဘူး "

အရိပ်အဖေမကြားအောင်တိုးတိုးလေးပြောလိုက်ပေမဲ့ အဖေကကြားဖြစ်အောင်ကြားသွားသေးသည်။

" ဘာ , သူကဘာကောင်မလို့ ငါ့သားကို အရက်ဆိုင်ရှေ့က မလျှောက်ရဘူး လို့ပြောရတာလဲ ဘာကောင်လဲ ငါ့သားကိုလာတားရတာလဲ !"

အရိပ်အဖေကိုဘာမှဆက်မပြောတော့ ခြံဝင်းထဲကနေလမ်းကိုအမြန်ထွက်လာခဲ့လိုက်သည်။

မြို့မှာအနေကြာသွားတော့ ရွာရဲ့အငွေ့အသက်က အရိပ်ရင်ကိုနွေးထွေးကာ စိတ်ပျော်ရွှင်နေမိသည်။

ရွာရဲ့အငွေ့အသက်ဆိုတဲ့အတိုင်းလေသင်းသင်းနဲ့လွင့်ပါလာတဲ့ နွားချေးနံကလဲရွာမှနေသူတွေအဖို့တော့အနံယဉ်သွားကြပြီဆိုပေမဲ့ အရိပ်အတွက်တော့ မနေ့ကမှမြို့ကပြန်ရောက်တာမလို့ နှာခေါင်းထဲထိုအနံကပြင်းထန်စွာတိုးဝင်နေသည်။

ရွာထဲလမ်းတစ်လျှောက်ဖုန်ထူထူတွေကအရိပ်ရဲ့ ဖိနပ်အနက်ရောင်လေးပျောက်ကွယ်သွားအောင်ထိကိုများလွန်းလှ၏။ တစ်လမ်းလုံးရှိအိမ်တွေကို အရီးဘာဟင်းချက် အဘ ဘာတွေလုပ် အော်ကာ နှုတ်ဆက်ရင်းနဲ့ရွာပြင်က ရိုးရဲ့အင်းဆီကိုအဖေမသိအောင်လာခဲ့လိုက်သည်။

🎶" အရက်ကိုကြိုက်လို့ သောက်တဲ့သူ စိတ်ပျော်တတ်လို့ သောက်တဲ့သူ စိတ်ညစ်တဲ့အမူးသမား "🎶

🎶" ညနေစောင်းတော့ ပြောင်းလဲပြီး စိတ်ဆန္ဒကတောင်းသည် သောက်ပစ်လိုက်မယ် အရက်များများ "🎶

🎶"ဒန့်ဒန့်ဒန့် "🎶

ရိုးတို့အဖွဲ့ ငါးများဖော့ဖာထဲထည့်သိမ်းရင်းနဲ့ သီချင်းအော်ဆို၍ အိမ်ပြန်ရန်ပစ္စည်းများသိမ်းနေကြသည်။

အရိပ်အဝေးကနေကြားနေရတဲ့ဆိုးဝါးလှတဲ့ ရိုးရဲ့ အသံကြောင့်ပြုံးလိုက်၍။ခပ်မြန်မြန်ရိုးတို့ဆီကိုလျှောက်လာခဲ့လိုက်သည်။

🎶" မူးလာတိုင်းလည်းမလဲပါ အရှေ့မှာ ဆူးခင်းလမ်းကမ္ဘာ နင်းပစ်လိုက်မယ် ခပ်ကြမ်းကြမ်း "🎶

🎶" ဒန့်ဒန့်ဒန့် "🎶

🎶" အရက်ခွက်ထဲကို အရက်ထည့်ကာ ဖိက်စင်ပြီးလဲမသွားပါ သောက်ပစ်လိုက်မယ် ခပ်များများ "🎶

🎶" ဒန့်ဒန့်ဒန့် ဒန့်ဒန့်ဒန့် "🎶

ရိုးက သီချင်းအော်ဆိုကျန်တဲ့သူတွေက အနောက်ကနေပါးစပ်သံစဉ်လိုက်ပေး အလုပ်နဲ့လက်နဲလည်းမပျက်တဲ့အဖွဲ့ကိုအဝေးကနေအရိပ်ကြည့်ကာ ခေါင်းအသာယမ်းလိုက်ပြီးနောက်။

" ရိုး !"

ရိုးခေါ်သံကြောင့် နောက်လှည့်ကြည့်လိုက်တော့ သူရဲ့အရိပ်လေးကကန်ပေါင်ပေါ်မှာရပ်နေပြီး လက်ထဲမှာလဲမြက်ရိုင်းရှည်လေးတစ်ခုကိုကိုင်ထား၍။ရိုးကိုပြုံးပြရင်းလက်ယမ်းပြနေသည်။

" အို ,,, အားကျမိပါရဲ့ကွာ, သူများတွေတော့ အမောပြေပြီ "

မောင်းလှက ရိုးကိုစနောက်လာတော့ အောင်သက်အမြင်ကပ်စွာ ထပြောလိုက်သည်။

" မင်းလည်းအမောပြေချင်ရင် မိအေးကို လာခိုင်းလိုက်လေ "

" ယီးပဲ အမောဆို့သေသွားမှာ "

" ဟား,ဟား "

မောင်းလှရဲ့တုံ့ပြန်စကားကြောင့် တစ်ဖွဲ့လုံးသဘောကျကာအော်ရယ်ကြပြန်တော့ မောင်းလှကတော့ မျက်နှာကြီးပုပ်သိုးနေသည်။

ရိုးကတော့ အရိပ်ရပ်‌နေတဲ့ကန်ပေါင်ပေါ် အပြေးတက်လာခဲ့လိုက်သည်။

ရိုးနဲ့အရိပ်တို့ကကျောင်းတက်စဉ်ကတည်းက သံယောဇဉ်ပိုနေခဲ့ကြတာကို သူတို့တစ်ဖွဲ့လုံးသိကြသည်။

ရိုးရှစ်တန်းနှစ်မှာစာဆက်မသင်ချင်တော့တာကြောင့် ကျောင်းထွက်ပြီးအိမ်အလုပ်ဖြစ်တဲ့ အင်းလုပ်ငန်းနဲ့လယ်ယာတွေကိုလုပ်ကိုင်ခဲ့သည်။

အရိပ်ကတော့ ကျောင်းဆက်တက်၍ ရွာမှာဆယ်တန်းအောင်ပြီးနောက် မြို့မှာကျောင်းသွားဆက်တက်ခဲ့သည်။

ရိုးနဲ့အရိပ်ချစ်သူတွေဖြစ်ခဲ့တာကတော့ အရိပ်ဆယ်တန်းဖြေပြီးမြို့မှာ ကျောင်းသွားတက်ချိန်  ရိုးဖွင့်ပြောလို့မဟုတ် အရိပ်အနေနဲ့ ရိုးဖွင့်ပြောတာကိုစောင့်ရရင်အခုချိန်ထိ ရိုးရဲ့ချစ်သူဖြစ်လာမှမဟုတ် မချစ်တာလဲမဟုတ် ချစ်ပါလျက်နဲ့အရိပ်ကို ရိုးကထုတ်မပြောခဲ့တာကြောင့် စိတ်မရှည်တဲ့ အရိပ်ဘက်ကစပြော၍ ချစ်သူဖြစ်လာခဲ့တာဖြစ်သည်။

" ကိုယ်ကမနက်ကလာမယ်ထင်နေတာ "

" ဟုတ်တယ် အဖေနဲ့ဆရာတော်ကိုသွားဖူးပြီး ရွာကျောင်းမှာလိုအပ်တာတွေ လုပ်နေလို့ "

ရိုး ချစ်ရသူလေးကိုဖက်လိုက်ချင်ပေမဲ့ တစ်ကိုယ်လုံးကရေစိုနေပြီး ညစ်ပတ်နေတာကြောင့် ဝေးဝေးကနေရပ်၍ စကားပြောနေတော့ အရိပ်မျက်နှာကအလိုမကျစွာရိုးအနားတိုးလာသည်။

" ရိုး မောနေပြီလား "

အရိပ်ပြောရင် ရိုးမျက်နှာကချွေးနဲ့ရေရောနေတာကိုသုတ်ပေးလိုက်တော့။

" မကိုင်နဲ့ ကိုယ်ညစ်ပတ်နေတယ် "

အရိပ်ရိုးစကားကြောင့် အမြင်ကပ်ကာအနားတိုးသွားပြီး ရိုးရဲ့ပါးကိုနမ်းပစ်လိုက်သည်။

" အိုးး ,,,ဟေ့ကောင်တွေ ငါ့တို့ဘာမှမမြင်ဘူးနော် "

အောင်သက်တို့ဆီက ထွက်လာတဲ့ စနောက်အော်သံကြောင့်။

" ငါ့ယိုးပဲ မင်းတို့မျက်လုံးတွေ ငါ့လာထိုးကန်းပစ်မယ် !!!"

ရိုးသူငယ်ချင်းများကိုပြန်အော်ဆဲရင် သူအရှေ့က အရိပ်ကိုကြည့်လိုက်ကာ။

" အခုတွေ့ရတော့ အမောပြေသွားပြီ ပြန်တော့အရိပ် ခဏနေမှောင်လာတော့မယ် "

ရိုးစကားကြောင့် အရိပ်မျက်နှာစူအောင့်သွားသည်။

" ရိုး အလုပ်မြန်မြန်သိမ်းပြီး အရက်ဆိုင်သွားချင်နေပြီလား !!!"

" ဟာ ,  မဟုတ်ဘူးလေ စိတ်ဆိုးသွားတာလား အရိပ် ! နွေလရိပ် ! "

ရိုး ဘယ်လိုခေါ်ခေါ် စိတ်ကောက်သွားသူလေးက တစ်ချက်တောင်လှည့်မကြည်တော့ ခြေဆောင့်ကာထွက်သွားခဲလေသည်။

< 30 . 8 . 2021 >

........................................

[ သူႀကီးသမက္ ]

    " ဒုတ္ " ဒုတ္ " ဒုတ္ " ဒုတ္ " ဒုတ္ "

႐ြာဦးဘုန္းႀကီး‌ေက်ာင္းဆီကအုန္းေမာင္းေခါက္သံ ငါးခ်က္ျမည္လာၿပီးေနာက္၊ညီမလုပ္သူႏွင္းႏုရဲ႕အိပ္ရာထတဲ့အသံ အရိပ္ၾကားလိုက္ရသည္။

ထို႔ေနာက္...သိပ္မၾကာ အိမ္အေနာက္မီးဖိုေခ်ာင္တဲေလးဆီကအိုးခြက္ပန္းကန္ေဆး‌သံေတြၾကားရကာ ဆြမ္းခ်က္ေနၿပီဆိုတာ အရိပ္သိလိုက္သည္။

ၿမိဳ႕မွာေက်ာင္းတက္ရင္းနဲ႕ ညဥ့္နက္ထိစာက်က္ မနက္ခုႏွစ္နာရီရွစ္နာရီမွအိပ္ရာထတဲ့အက်င့္က အရိပ္မွာပါလာသည္။

အက်င့္ကျပင္လို႔မရေသးေခ်၊အိပ္ရာထဲကမထေသးပဲခဏဆက္အိပ္ေနလိုက္သည္။

" သြားၾကေတာ့ ဆန္ကုန္ေျမေလးေတြ မင္းတို႔ကိုေမြးထားတဲ့ မိဘေတြကိုအားနာၾကဦးအခ်ိန္ျပည့္အရက္ေသာက္ ရန္ျဖစ္မေနၾကနဲ႕ !"

ရိုးတို႔အဖြဲ႕ကိုဝင္းကိုကထိတ္တုံးျဖဳတ္ေပးေနတုန္း သူႀကီးကအိမ္ေရွ႕ကြပ္ပ်စ္မွာထိုင္ၿပီး ေကာင္ညွင္းေပါင္းနဲ႕လက္ဖက္ရည္ေသာက္ေနရင္း သူတို႔ကိုေျပာလာေတာ့ သူႀကီးကေတာ္မွာနံေဘးကသူ႕ေယာက္်ားကိုဆူေငါက္ေတာ့သည္။

" ရွင္ကေတာ္ သူမ်ားကေလးေတြကို ဆန္ကုန္ေျမေလးသြားသြားမေခၚပါနဲ႕သူ႕မိဘေတြၾကားရင္ဘယ္ႀကိဳက္ပါ့မလဲ မိဘတိုင္းကေတာ့ ကိုယ္သားသမီးကကိုယ့္ရဲ႕ရတနာေတြပဲ "

" သြားသြား မင္းတို႔လည္းျပန္ၾကေတာ့ အလုပ္သြားရဦးမွာမဟုတ္လား "

သူႀကီးကေတာ္ကသူႀကီးကိုအျပစ္တင္စကားဆိုလိုက္ၿပီး ရိုးတို႔ကိုအိမ္ျပန္ရန္ေျပာလာသည္။

သူႀကီးနဲ႕သူႀကီးကေတာ္ရဲ႕စကား ရိုးနားထဲမဝင္ အိမ္အေပၚထပ္ျပတင္းေပါက္မွာခ်စ္ရသူေလးကိုေတြ႕ခြင့္ရမလားရွာၾကည့္ေနမိသည္။

" ေဟ့ေကာင္ ! မင္းငါ့အိမ္ေပၚကိုဘာလွမ္းၾကည့္ေနတာလဲ !!! ငါ့သမီးကို ငမ္းမယ္ေတာ့မယ္ႀကံနဲ႕ မင္းလိုအရက္သမားလူဆိုးေကာင္နဲ႕လုံးဝသေဘာမတူဘူး !!!"

သူႀကီးကသူ႕သမီးႏွင္းႏုကို ရိုးငမ္းေနတယ္အထင္နဲ႕ ေျပာခ်င္ရာေတြေျပာေနေသာေၾကာင့္ ရိုးႏွာ‌ေခါင္းရႈံ႕လိုက္၍။

" စိတ္ခ်ပါ သူႀကီးသမီးႏွင္းႏုကို အတင္းေပးစားရင္ေတာင္ ကြၽန္ေတာ္ကမယူဘူး ထြက္ေျပးမွာ "

" ဘာကြ !!! မင္း !!! "

သူႀကီးက ရိုးစကားေၾကာင့္ ေဒါသထြက္ၿပီး။ သူ႕နံေဘးကက်ည္မပါတဲ့ေသနတ္ဆြဲလိုက္ေတာ့ ရိုးတို႔အဖြဲ႕နဲ႕ေအာင္သက္တို႔အဖြဲ႕သူႀကီးအိမ္ဝင္းထဲက အေျပးထြက္လာခဲ့ၾကသည္။

" ီးလိုပဲ ေနာက္တစ္ေခါက္ထိတ္တုံးခတ္ခံမိေတာ့မလို႔ !"

ရိုးတို႔အဖြဲ႕ဖုန္ထူထူ႐ြာလမ္းတစ္ေလွ်ာက္ႏြားေခ်းပုံ ဆိတ္ေခ်းတုံးမ်ားကိုေကြ႕ေရွာင္ေျပးလာကာသူႀကီးအိမ္နဲ႕ေတာ္ေတာ္ေဝးေဝး‌ေရာက္မွရပ္လိုက္ၾကသည္။

ေအာင္သက္တို႔အဖြဲ႕ ရိုးတို႔အေနာက္ကေျပးလိုက္လာ၍ ရိုးတို႔နားမွရပ္ကာအေမာေျဖၾကရင္းနဲ႕ရိုးကိုၾကည့္လာကာ။

" မင္း ‌ောက္ျပႆနာေကာင္ !!!"

ေအာင္သက္ကရိုးကိုၾကည့္ၿပီး အေမာေျဖရင္းက ဆဲလာသည္။

ရိုးေအာင္သက္အဆဲကို ဘာမွမတုံ႕ျပန္ေတာ့ပဲ အေမာေျပသြားမွအဖြဲ႕လိုက္သူ႕အိမ္ကိုယ့္အိမ္ ျပန္လာခဲ့ၾကသည္။

ေအာင္သက္နဲ႕ရိုးကအိမ္ခ်င္းကပ္လ်က္ျဖစ္ၿပီး ငယ္ငယ္ကတည္းကမတည့္ၾကတဲ့ေၾကာင္နဲ႕ႂကြက္လိုပဲျဖစ္သည္။

" ေဟာ , ျပန္လာပါၿပီေတာ္ , သားလွရတနာေလးေတြ "

ရိုးတို႔ကိုၿခံဝမွာျမင္တာနဲ႕ေအာင္သက္အေမက ဆန္ေကာအျပည့္ခ်ဥ္ေပါင္႐ြက္ေတြသင္ေနရင္းကသူ႕သားနဲ႕ရိုးကို႐ြဲ႕ၿပီးေျပာလာသည္။

" ျမန္ျမန္လာစား ပဲျပဳတ္နဲ႕ထမင္းေၾကာ္ထားတယ္ စားၿပီးရင္ အင္းထဲသြားေတာ့ ၿမိဳ႕ကငါးဒိုင္ေတြညေနလာယူမယ္ေျပာထားတယ္ !"

ရိုးေဖေဖအေျပာေၾကာင့္ အိမ္ေရွ႕စဥ့္အိုးထဲက ေရကိုဖလားခပ္ႀကီးႀကီးနဲ႕ခပ္ၿပီးသြားတိုက္မ်က္ႏွာသစ္ဝတ္ထားတဲ့ပုဆိုးကိုေျဖလိုက္ကာ အေပၚပိုင္းအစနဲ႕မ်က္ႏွာသုတ္လိုက္၍ စားပြဲေပၚကအုပ္ေစာင္းဖြင့္လိုက္‌ေတာ့၊အေဖေၾကာ္ထားေပးတဲ့ထမင္းေၾကာ္နဲ႕ေရေႏြးအခါးၾကမ္းကိုေသာက္ၿပီးေနာက္...အင္းထဲလာခဲ့လိုက္သည္။

" ေဟ့ေကာင္! ငါ့ကိုကူသယ္ေပးဦး !"

ရိုးၿခံဝမွာပဲရွိေသးတယ္ ေအာင္သက္ကအင္းထဲလိုအပ္တဲ့ပစၥည္းေတြနဲ႕အတူေရဘူးႀကီးကိုပါကိုင္ၿပီး မနိုင္မနင္းေအာ္ေျပာလာသည္။

" မင္းဘာသာ သယ္ပါလား "

" ေဟ့ေကာင္! အခုသြားမွာမင္းအင္းေနာ္ မကူသယ္ရင္ ငါ့လည္းကူမလုပ္ေပးဘူးကြာ !!!"

" သယ္မယ္ သယ္ေပးမယ္ !"

ေအာင္သက္စကားေၾကာင့္ ရိုးပစၥည္းမ်ားကူသယ္ၿပီးေနာက္... အင္းကိုလာခဲ့လိုက္သည္။

ေအာင္သက္တို႔အင္းအလုပ္ဆို ရိုးအားရင္ေန႕စားလိုက္လုပ္ေပးသလို ရိုးတို႔အင္းကိုလည္း ေအာင္သက္အားရင္ေန႕စားနဲ႕လိုက္လုပ္ေပးၿပီး တစ္အိမ္နဲ႕တစ္အိမ္ကူညီၾကသည္။

" ဟို ေကာင္ေတြ မလာၾကေသးဘူးလား "

" သူတို႔ အိမ္မွာအဆူခံရတုန္းေနမွာေပါ့ "

ရိုးစကားကိုေအာင္သက္ကငါးတန္းရန္ ပိုက္ကြန္ကို ျပင္ရင္ေျဖလာသည္။

" မိဘေတြလဲ အံ့ဩတယ္ေန႕တိုင္းဆူေနတာ သူတို႔မေမာၾကဘူးလာမသိဘူး ဟား,ဟား !!!"

‌ရိုးစကားေၾကာင့္ ေအာင္သက္မ်က္ေမွာင္ၾကဳတ္၍ ရိုးကိုၾကည့္လိုက္ၿပီးေနာက္။

" ီးစကားမ်ားမေနနဲ႕ ဒီမွာပိုက္ရွင္းကူ !!!"

" ေဟ့ "

ငါးပိုက္မ်ား ရိုးရွင္းေနတုန္း နိုင္မင္း ေမာင္လွ ေဆြဦး ေအာင္ကို တို႔ေလးဦးေရာက္လာၾကသည္။

" မင္းတို႔ေနာက္က်တယ္ ညေနေန႕စားခအျပည့္ဝမေပးဘူး "

" ငါ့ိုးကို မေပးလား မင္း‌တို႔ႏွစ္ေကာင္ေၾကာင့္ ညကသူႀကီးအိမ္ထိတ္တုံးခတ္မိၿပီး အိမ္ျပန္ေရာက္ေတာ့လဲ မိန္းမရဲ႕ေပါက္ေပါက္ေဖာက္ခံလာရတာကြ !!!"

" ဟား,ဟား,ဟား။

ေမာင္လွစကားေၾကာင့္ တစ္ဖြဲလုံးသေဘာက်စြာ ‌ေအာ္ရယ္ပစ္လိုက္ၾကေတာ့ ေမာင္လွရင္ထဲေဒါသပြေအာ္ဆဲသံကအင္းထဲမွာဆူညံသြားေတာ့သည္။

အရိပ္မနက္ကတည္းက႐ြာဦးဘုန္းႀကီးေက်ာင္းကို မိသားစုလိုက္ဆြမ္းသြားကပ္၍ ႐ြာမွာအရိပ္က ေက်ာင္းဆရာလုပ္မွာျဖစ္တဲ့အေၾကာင္း ႐ြာဦးဘုန္းႀကီးကိုေလွ်ာက္တင္ကာ ႐ြာေက်ာင္းထဲခဏ ဝင္ၾကည့္ၿပီး။ ကေလးေတြနဲ႕စာသင္ခုံေတြျပန္စီလုပ္ေနရတာ အခ်ိန္ကညေနေလးနာရီထိုးသြားသည္။ ရိုးနဲ႕ခ်ိန္းထားတဲ့အင္းထဲကိုအခုထိမသြားေတြ႕ရေသး အရိပ္မအားလို႔ သြားမေတြ႕လဲရိုးကစိတ္ဆိုးမယ္သူမဟုတ္ေပမဲ့ အရိပ္ရိုးကိုသြားေတြ႕ခ်င္သည္။

" အေဖ သား႐ြာထဲေလွ်ာက္ၾကည့္လိုက္ဦးမယ္ "

" ေအး ေအးသြား အေဖမွာထားရဦးမယ္ ႐ြာထဲက ဟိုကာလသားအဖြဲ႕ ရိုးမာန္ဂုဏ္တို႔နဲ႕ေဝးေဝးေန အေပါင္းသင္းမလုပ္နဲ႕ၾကားလား "

အရိပ္‌အေဖစကားေၾကာင့္ အတြန႔္တက္ေမးလိုက္သည္။

" ဘာလို႔လဲအေဖရဲ႕ ရိုးတို႔အဖြဲ႕ကခင္ဖို႔ေကာင္းပါတယ္ "

" ခင္ဖို႔ေကာင္းေပမဲ့ သူတို႔နဲ႕ေပါင္းရင္ ငါ့သားအရက္သမားျဖစ္မွာဆိုးလို႔ ေဝးေဝးသာေန "

" ရိုးကသားကိုအရက္ေသာက္ခိုင္းဖို႔မေျပာနဲ႕ အရက္ဆိုင္ေရွ႕ကေတာင္ျဖက္ေလွ်ာက္ခိုင္းတာမဟုတ္ဘူး "

အရိပ္အေဖမၾကားေအာင္တိုးတိုးေလးေျပာလိုက္ေပမဲ့ အေဖကၾကားျဖစ္ေအာင္ၾကားသြားေသးသည္။

" ဘာ , သူကဘာေကာင္မလို႔ ငါ့သားကို အရက္ဆိုင္ေရွ႕က မေလွ်ာက္ရဘူး လို႔ေျပာရတာလဲ ဘာေကာင္လဲ ငါ့သားကိုလာတားရတာလဲ !"

အရိပ္အေဖကိုဘာမွဆက္မေျပာေတာ့ ၿခံဝင္းထဲကေနလမ္းကိုအျမန္ထြက္လာခဲ့လိုက္သည္။

ၿမိဳ႕မွာအေနၾကာသြားေတာ့ ႐ြာရဲ႕အေငြ႕အသက္က အရိပ္ရင္ကိုေႏြးေထြးကာ စိတ္ေပ်ာ္႐ႊင္ေနမိသည္။

႐ြာရဲ႕အေငြ႕အသက္ဆိုတဲ့အတိုင္းေလသင္းသင္းနဲ႕လြင့္ပါလာတဲ့ ႏြားေခ်းနံကလဲ႐ြာမွေနသူေတြအဖို႔ေတာ့အနံယဥ္သြားၾကၿပီဆိုေပမဲ့ အရိပ္အတြက္ေတာ့ မေန႕ကမွၿမိဳ႕ကျပန္ေရာက္တာမလို႔ ႏွာေခါင္းထဲထိုအနံကျပင္းထန္စြာတိုးဝင္ေနသည္။

႐ြာထဲလမ္းတစ္ေလွ်ာက္ဖုန္ထူထူေတြကအရိပ္ရဲ႕ ဖိနပ္အနက္ေရာင္ေလးေပ်ာက္ကြယ္သြားေအာင္ထိကိုမ်ားလြန္းလွ၏။ တစ္လမ္းလုံးရွိအိမ္ေတြကို အရီးဘာဟင္းခ်က္ အဘ ဘာေတြလုပ္ ေအာ္ကာ ႏႈတ္ဆက္ရင္းနဲ႕႐ြာျပင္က ရိုးရဲ႕အင္းဆီကိုအေဖမသိေအာင္လာခဲ့လိုက္သည္။

🎶" အရက္ကိုႀကိဳက္လို႔ ေသာက္တဲ့သူ စိတ္ေပ်ာ္တတ္လို႔ ေသာက္တဲ့သူ စိတ္ညစ္တဲ့အမူးသမား "🎶

🎶" ညေနေစာင္းေတာ့ ေျပာင္းလဲၿပီး စိတ္ဆႏၵကေတာင္းသည္ ေသာက္ပစ္လိုက္မယ္ အရက္မ်ားမ်ား "🎶

🎶"ဒန႔္ဒန႔္ဒန႔္ "🎶

ရိုးတို႔အဖြဲ႕ ငါးမ်ားေဖာ့ဖာထဲထည့္သိမ္းရင္းနဲ႕ သီခ်င္းေအာ္ဆို၍ အိမ္ျပန္ရန္ပစၥည္းမ်ားသိမ္းေနၾကသည္။

အရိပ္အေဝးကေနၾကားေနရတဲ့ဆိုးဝါးလွတဲ့ ရိုးရဲ႕ အသံေၾကာင့္ၿပဳံးလိုက္၍။ခပ္ျမန္ျမန္ရိုးတို႔ဆီကိုေလွ်ာက္လာခဲ့လိုက္သည္။

🎶" မူးလာတိုင္းလည္းမလဲပါ အေရွ႕မွာ ဆူးခင္းလမ္းကမာၻ နင္းပစ္လိုက္မယ္ ခပ္ၾကမ္းၾကမ္း "🎶

🎶" ဒန႔္ဒန႔္ဒန႔္ "🎶

🎶" အရက္ခြက္ထဲကို အရက္ထည့္ကာ ဖိက္စင္ၿပီးလဲမသြားပါ ေသာက္ပစ္လိုက္မယ္ ခပ္မ်ားမ်ား "🎶

🎶" ဒန႔္ဒန႔္ဒန႔္ ဒန႔္ဒန႔္ဒန႔္ "🎶

ရိုးက သီခ်င္းေအာ္ဆိုက်န္တဲ့သူေတြက အေနာက္ကေနပါးစပ္သံစဥ္လိုက္ေပး အလုပ္နဲ႕လက္နဲလည္းမပ်က္တဲ့အဖြဲ႕ကိုအေဝးကေနအရိပ္ၾကည့္ကာ ေခါင္းအသာယမ္းလိုက္ၿပီးေနာက္။

" ရိုး !"

ရိုးေခၚသံေၾကာင့္ ေနာက္လွည့္ၾကည့္လိုက္ေတာ့ သူရဲ႕အရိပ္ေလးကကန္ေပါင္ေပၚမွာရပ္ေနၿပီး လက္ထဲမွာလဲျမက္ရိုင္းရွည္ေလးတစ္ခုကိုကိုင္ထား၍။ရိုးကိုၿပဳံးျပရင္းလက္ယမ္းျပေနသည္။

" အို ,,, အားက်မိပါရဲ႕ကြာ, သူမ်ားေတြေတာ့ အေမာေျပၿပီ "

ေမာင္းလွက ရိုးကိုစေနာက္လာေတာ့ ေအာင္သက္အျမင္ကပ္စြာ ထေျပာလိုက္သည္။

" မင္းလည္းအေမာေျပခ်င္ရင္ မိေအးကို လာခိုင္းလိုက္ေလ "

" ယီးပဲ အေမာဆို႔ေသသြားမွာ "

" ဟား,ဟား "

ေမာင္းလွရဲ႕တုံ႕ျပန္စကားေၾကာင့္ တစ္ဖြဲ႕လုံးသေဘာက်ကာေအာ္ရယ္ၾကျပန္ေတာ့ ေမာင္းလွကေတာ့ မ်က္ႏွာႀကီးပုပ္သိုးေနသည္။

ရိုးကေတာ့ အရိပ္ရပ္‌ေနတဲ့ကန္ေပါင္ေပၚ အေျပးတက္လာခဲ့လိုက္သည္။

ရိုးနဲ႕အရိပ္တို႔ကေက်ာင္းတက္စဥ္ကတည္းက သံေယာဇဥ္ပိုေနခဲ့ၾကတာကို သူတို႔တစ္ဖြဲ႕လုံးသိၾကသည္။

ရိုးရွစ္တန္းႏွစ္မွာစာဆက္မသင္ခ်င္ေတာ့တာေၾကာင့္ ေက်ာင္းထြက္ၿပီးအိမ္အလုပ္ျဖစ္တဲ့ အင္းလုပ္ငန္းနဲ႕လယ္ယာေတြကိုလုပ္ကိုင္ခဲ့သည္။

အရိပ္ကေတာ့ ေက်ာင္းဆက္တက္၍ ႐ြာမွာဆယ္တန္းေအာင္ၿပီးေနာက္ ၿမိဳ႕မွာေက်ာင္းသြားဆက္တက္ခဲ့သည္။

ရိုးနဲ႕အရိပ္ခ်စ္သူေတြျဖစ္ခဲ့တာကေတာ့ အရိပ္ဆယ္တန္းေျဖၿပီးၿမိဳ႕မွာ ေက်ာင္းသြားတက္ခ်ိန္  ရိုးဖြင့္ေျပာလို႔မဟုတ္ အရိပ္အေနနဲ႕ ရိုးဖြင့္ေျပာတာကိုေစာင့္ရရင္အခုခ်ိန္ထိ ရိုးရဲ႕ခ်စ္သူျဖစ္လာမွမဟုတ္ မခ်စ္တာလဲမဟုတ္ ခ်စ္ပါလ်က္နဲ႕အရိပ္ကို ရိုးကထုတ္မေျပာခဲ့တာေၾကာင့္ စိတ္မရွည္တဲ့ အရိပ္ဘက္ကစေျပာ၍ ခ်စ္သူျဖစ္လာခဲ့တာျဖစ္သည္။

" ကိုယ္ကမနက္ကလာမယ္ထင္ေနတာ "

" ဟုတ္တယ္ အေဖနဲ႕ဆရာေတာ္ကိုသြားဖူးၿပီး ႐ြာေက်ာင္းမွာလိုအပ္တာေတြ လုပ္ေနလို႔ "

ရိုး ခ်စ္ရသူေလးကိုဖက္လိုက္ခ်င္ေပမဲ့ တစ္ကိုယ္လုံးကေရစိုေနၿပီး ညစ္ပတ္ေနတာေၾကာင့္ ေဝးေဝးကေနရပ္၍ စကားေျပာေနေတာ့ အရိပ္မ်က္ႏွာကအလိုမက်စြာရိုးအနားတိုးလာသည္။

" ရိုး ေမာေနၿပီလား "

အရိပ္ေျပာရင္ ရိုးမ်က္ႏွာကေခြၽးနဲ႕ေရေရာေနတာကိုသုတ္ေပးလိုက္ေတာ့။

" မကိုင္နဲ႕ ကိုယ္ညစ္ပတ္ေနတယ္ "

အရိပ္ရိုးစကားေၾကာင့္ အျမင္ကပ္ကာအနားတိုးသြားၿပီး ရိုးရဲ႕ပါးကိုနမ္းပစ္လိုက္သည္။

" အိုးး ,,,ေဟ့ေကာင္ေတြ ငါ့တို႔ဘာမွမျမင္ဘူးေနာ္ "

ေအာင္သက္တို႔ဆီက ထြက္လာတဲ့ စေနာက္ေအာ္သံေၾကာင့္။

" ငါ့ယိုးပဲ မင္းတို႔မ်က္လုံးေတြ ငါ့လာထိုးကန္းပစ္မယ္ !!!"

ရိုးသူငယ္ခ်င္းမ်ားကိုျပန္ေအာ္ဆဲရင္ သူအေရွ႕က အရိပ္ကိုၾကည့္လိုက္ကာ။

" အခုေတြ႕ရေတာ့ အေမာေျပသြားၿပီ ျပန္ေတာ့အရိပ္ ခဏေနေမွာင္လာေတာ့မယ္ "

ရိုးစကားေၾကာင့္ အရိပ္မ်က္ႏွာစူေအာင့္သြားသည္။

" ရိုး အလုပ္ျမန္ျမန္သိမ္းၿပီး အရက္ဆိုင္သြားခ်င္ေနၿပီလား !!!"

" ဟာ ,  မဟုတ္ဘူးေလ စိတ္ဆိုးသြားတာလား အရိပ္ ! ေႏြလရိပ္ ! "

ရိုး ဘယ္လိုေခၚေခၚ စိတ္ေကာက္သြားသူေလးက တစ္ခ်က္ေတာင္လွည့္မၾကည္ေတာ့ ေျခေဆာင့္ကာထြက္သြားခဲေလသည္။

< 30 . 8 . 2021 >

Continue Reading

You'll Also Like

440K 21.9K 39
ခပ်အေးအေးနေတတ်တဲ့ ကောင်လေးနဲ့ ဆိုးပြီး အရွဲ့တိုက်တတ်တဲ့ ခပ်ဆိုးဆိုးကောင်လေး သူတို့နှစ်ယောက် တွေ့ဖို့ ဖန်လာသောအခါ........
15.2K 538 23
ဘာေၾကာင့္ေဝးလဲ ဘာေၾကာင့္ျငင္းလဲ ငါဘာေၾကာင့္ေျပးခဲ့လဲ ဘာကြောင့်ဝေးလဲ ဘာကြောင့်ငြင်းလဲ ငါဘာကြောင့်ပြေးခဲ့လဲ Start date (Nov.2.2022) End date (Dec.30.20...
114K 3.7K 45
"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက ကိုယ့်လည်ပင်းကိုကိုယ်ကြိုးကွင်းပြန်မစွပ...
25.4K 875 25
အရာရာမှာတော်ပြီးထက်မြတ်ပေမဲ့ လိုချင်တာကိုမရရအောင်ယူတတ်တဲ့ "The King"ကုမ္ပဏီရဲ့Ceo "ဝဏ္ဏမင်းမြတ်"က မိဘတွေမရှိတော့ပဲ ဘဝကိုလွတ်လပ်စွာဖြတ်သန်းပြီး ခပ်ချေ...