Believe ! I really fall in lo...

By Zuri-Ju

278K 21.2K 413

- Yizhan / BJYX - ~ဘယ်ချိန်တည်းကလဲဆိုတာ ငါမသိဘူးရှောင်းကျန့် ဒါပေမယ့် ငါမင်းကို တကယ်ချစ်မိသွားတာပါ ငါမင်းကိုတ... More

အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃) [Final]

အပိုင်း(၂၇)

8.3K 574 4
By Zuri-Ju

[Unicode]

"မင်းတို့က ဘာကိစ္စဒီအချိန်ကြီးလာရတာလဲ"

ခြံထဲ၀င်၀င်ချင်း မျက်နှာရှစ်ခေါက်ချိုးနဲ့ ၀မ်ရိပေါ်အမေးစကားကြောင့် ဟောက်ရွှမ်းမှာလက်ကပတ်ထားတဲ့နာရီလေးကို ပြန်ငုံ့ကြည့်ရင်း

"မနက်၁၀နာရီက ဘာဖြစ်လို့လဲ "

"အေးလေ ဘာလို့လဲ"

ဘေးကယွီပင်းကပါ ကြောင်တောင်တောင်မျက်နှာကြီးနဲ့ထပ်မေးလာပြန်တယ်

"ဒီအချိန်ကြီးပါဆို ဒီအချိန်ကြီးဖြစ်နေလို့ပေါ့ကွာ ဘာလာလုပ်ကြတာလဲ"

"အလည်လာတာပေါ့ကွ ဟေး ရှောင်းကျန့် သက်သာပြီလား"

ဟောက်ရွှမ်းကပြောရင်း ပန်းချီကားထောက်တိုင်ဘေးက ရှောင်းကျန့်ကိုမြင်လိုက်တာမို့ လှမ်းနှုတ်ဆက်လိုက်လေရဲ့ ခုနကသူတို့နှစ်ယောက်ကြည်နူးနေတာကို ပန်းချီကားနဲ့ကွယ်နေတာမို့ ဟောက်ရွှမ်းတို့ကမြင်ပုံမပေါ်ဘူး

"အင်း သက်သာပြီ လာထိုင်ကြလေ"

ရှောင်းကျန့်က ၀မ်ရိပေါ်ကိုသာမမှတ်မိတော့တာ ဟောက်ရွှမ်းနဲ့ယွီပင်းကိုတော့ သိသေးတယ် ဘယ်ကနေစပြီးခင်ခဲ့မှန်းမသိပေမယ့် ဟောက်ရွှမ်းနဲ့ယွီပင်းကို သူကသိပါတယ် ဆိုပြီး ဆေးရုံမှာတွေ့တုန်းကပြောခဲ့သေးတာ

ရှောင်းကျန့်​ကခေါ်လိုက်တော့ သုံးယောက်သား သူ့နားကခုံလေးတွေပေါ်လာထိုင်ကြတယ် ရိပေါ်မျက်နှာကတော့ခုထိဆူပုတ်လို့ ပါးစပ်နားရောက်ပြီးသားထမင်းလုတ်ပုတ်ချခံလိုက်ရတာကိုး ရှောင်းကျန့်ကတော့ ရိပေါ်ကိုကြည့်ပြီး ခုနကအဖြစ်ပျက်တွေမြင်ယောင်လာတာ​မို့ နားရွက်ဖျားလေးတွေနီနေဆဲ ဆူပုတ်နေတဲ့ ရိပေါ်နဲ့ ရှက်နေပုံပေါ်တဲ့ရှောင်းကျန့်​ကိုကြည့်ပြီး ယွီပင်းတို့လည်းဘာပြောရမှန်းမသိတာမို့ ငြိမ်နေကြတယ် လေးယောက်ထိုင်နေပြီး တိတ်ဆိတ်နေတဲ့အခြေနေကြီးက နေရခက်လိုက်တာ

"ငါတို့တူတူဂိမ်းမဆော့ရတာကြာပြီ ဂိမ်းဆော့ရအောင်"

ယွီပင်းကလက်ထဲက phလေးကိုမြှောက်ပြရင်းပြောလိုက်တယ်

"ငါ ငါလဲဆော့ချင်တယ်"

"ကျန့်ကလေးက ဆော့ချင်လို့လား ဒါဆိုအိမ်ထဲသွားဆော့မယ်လေ ဒီနေရာကအလင်းပြန်တယ် သေချာမမြင်ရဘူး"

"အင်း အင်း အိမ်ထဲသွားမယ် လာကြ လာကြ ဟီးဟီး"

ရှောင်းကျန့်က ဂိမ်းဆော့ရမှာတော်တော်ပျော်နေပုံပဲ မျက်လုံးလေးတွေမှိတ်ကျသွားတဲ့ထိရယ်လို့ ၀မ်ရိပေါ်ကလည်း ရှောင်းကျန့်ကိုငေးတာမှ မျက်လုံးက ရှောင်းကျန့်မျက်နှာသွားကပ်နေတော့မလိုပဲ မျက်နှာပေါ်က အပြုံးကလည်းချိုနေလိုက်တာမှ သကြားခဲတောင်အရှုံးပေးရလောက်တယ် ခုနဆူပုတ်နေတဲ့မျက်နှာနဲ့များတကယ်ကိုတစ်ခြားဆီ ၀မ်ရိပေါ်ရဲ့ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်းက ရှောင်းကျန့်ပေါ်မှာမူတည်နေပုံပါပဲ

~× ~× ~× ~× ~× ~×

"ငါကာပေးထားတယ် လာကူကြ လာကူလို့ ၀မ်ရိပေါ် ဘယ်မှာလဲ ဟာ ဟာ သွားပြီ ငါ့ကို၀ိုင်းkillသွားပြီ ရိပေါ်လာကူပါဆို ဘာလုပ်နေတာလဲဟ"

"ငါရှောင်းကျန့် Buffစားတာ စောင့်ပေးနေတာ"

"ရိပေါ်မင်းက အဲ့လိုချည်းပဲကွာ မင်းမကူလို့ ငါတို့သေတာတော်တော်များနေပြီ levelမလိုက်နိုင်တော့ဘူး ဒီပွဲလည်း ရှုံးမှာပဲ"

"အေးလေကွာ မင်းကဂိမ်းထဲလည်း ဂိမ်းထဲမို့ ရှောင်းကျန့်နားပဲကပ်နေတာ battle၀င်မကူမှတော့ ငါတို့ကသေပြီပေါ့"

"သေပေါ့ အဓိကက ရှောင်းကျန့်ကိုကာကွယ်ပေးဖို့ပဲ မင်းတို့သေလည်းငါဂရုမစိုက်ဘူး ဂိမ်းရှုံးလည်းငါဂရုမစိုက်ဘူး ငါဂရုစိုက်တာ ရှောင်းကျန့်တစ်ယောက်တည်းပဲ"

ဒီစကားကိုကြားတော့ ဂိမ်းဆော့နေတဲ့ရှောင်းကျန့်က သူ့ဘေးမှာတအားကပ်ထိုင်နေတဲ့ရိပေါ်ကို မျက်လုံးလေးစွေပြီးခိုးကြည့်လိုက်တယ် သူ့ကိုစူးစူးရှရှကြည့်နေတဲ့ရိပေါ်ကြောင့် ဆော့လက်စဂိမ်းဆီအကြည့်ပြန်ပို့ပြီး မျက်တောင်လေးကို ပုတ်ခက်ပုတ်ခက်လုပ်လိုက်တယ် လက်ထဲကphလေးကိုပိုဖျစ်ညစ်လိုက်ပြီး အောက်နှုတ်ခမ်းကိုကိုက်လိုက်တယ် နားရွက်ဖျားတွေကထပ်ပြီးနီရဲလာပြန်တယ် သူ့ဘာစကားမှ၀င်မပြောနိုင်ဘူး ရိပေါ်ရဲ့အကြည့်တွေကလူကို ကတုန်ကယင်ဖြစ်စေတယ်

၀မ်ရိပေါ်ကတော့ လက်တစ်ဖက်ကphကိုင်ထားပြီး လက်တစ်ဖက်ကမေးထောက်လို့ ရှောင်းကျန့်ကို စားတော့၀ါးတော့မလို့ ပြုံးပြုံးကြီးကြည့်နေလေရဲ့

"ကျေးဇူးပြုပြီး အရှုံးပေးလိုက်ကြပါတော့ကွာ ငါဘယ်လိုမှသည်းမခံနိုင်တော့ဘူး "

ယွီပင်းမှာရှေ့ကမြင်ကွင်းကြောင့် တော်တော်စိတ်လေနေပြီ ၀မ်ရိပေါ်က သိပ်ကို ကဲလွန်း သည်းလွန်း ပိုလွန်းပါတယ်လေ အပြင်မှာရော ဂိမ်းထဲမှာပါ ဒီအတွဲကိုမမြင်ချင်တော့ဘူး သူတို့ကိုမြင်နေရတာ ယွီပင်းတစ်ကိုယ်လုံးပေါ်ပုရွတ်ဆိတ်တွေတက်နေသလို ကလိကလိ ယားကျိကျိနဲ့ allergicထနေသလိုပဲ ကဲကဲသည်းသည်းအတွဲတွေနဲ့မတည့်တဲ့ allergic
'သည်းမခံနိုင်တော့ဘူး ဘယ်လိုမှကို သည်းမခံနိုင်တော့ဘူး'

"ငါတော့AFKအဖြစ်ခံပြီး ထွက်ပြီကွာ"

ဟောက်ရွှမ်းလည်း ဟိုအတွဲကြောင့်တော်တော်စိတ်ဆင်းရဲသွားပြီထင်ပါ့ ရှုံ့မဲ့မဲ့မျက်နှာကြီးနဲ့ ဂိမ်းထဲကထွက်သွားပြီ

"ငါလဲထွက်ပြီ "

၅ယောက်အဖွဲ့မှာ၄ယောက်အရှုံးပေးမှပွဲပြီးမှာကို ၀မ်ရိပေါ်နဲ့ရှောင်းကျန့်ကအရှုံးမပေးတဲ့အတွက် ပွဲမပြီးတာကြောင့် ယွီပင်းပါ ဂိမ်းထဲကထပ်ထွက်သွားပြန်သည်

ခုဆိုဂိမ်းထဲ၃ယောက်သာရှိတော့တယ် တစ်ဖက်ကဘယ်သူမှန်းမသိတဲ့တစ်ယောက်ကလည်း ခဏအကြာ ဂိမ်းထဲကထွက်သွားပြန်တယ်

"ရိပေါ် အကုန်ထွက်ကုန်ပြီ ဘယ်သူမှမရှိတော့ဘူး"

ရှောင်းကျန့်က ဆူပုတ်ပုတ်နဲ့ ဘေးကရိပေါ်ကို မဲ့တဲ့တဲ့လေးပြောတယ်

"ဘယ်သူမှမရှိတော့လည်း ကိုယ်ကတော့ရှိသေးတယ်လေ ကိုယ်ကတော့ မင်းအနားမှာအမြဲရှိနေမှာလေ"

ရိပေါ်စကားကြောင့် ရှောင်းကျန့်မျက်နှာလေးပြုံးသွားပြီး

"ရိပေါ်ရှိရင်ရပါပြီ ရှုံးသွားရင်တောင် ရိပေါ်နဲ့တူတူမို့ ကျွန်တော်ပျော်တယ် ဟီးဟီး"

ယုန်သွားလေးတွေပေါ်အောင်ရယ်နေတဲ့သူ့ဘေးကကောင်လေးကို ရိပေါ်ချစ်လွန်းလို့ဘယ်လိုလုပ်ရပါ့မလဲ ဒီကောင်လေးက စကားလည်းသိပ်တတ်ပါသေးတယ် ဒီကောင်လေးရဲ့အချစ်တွေကိုသူဘယ်လိုများငြင်းရက်ခဲ့ပါလိမ့် 'တော်တော်အသိစိတ်မဲ့ခဲ့တဲ့ကောင်ပဲ ၀မ်ရိပေါ်'

ယွီပင်းနဲ့ဟောက်ရွှမ်းမှာတော့ ရှောင်းကျန့်စကားကြောင့် နေရာမှာတင်သွေးအန်ပြီးသေသွားနိုင်တယ် ရိပေါ်ကိုသည်းလှပြီထင်တာ ရှောင်းကျန့်ကပိုကဲနေပါလား 'မင်းတို့အတွဲအလိုက်ဖက်ဆုံးဟေ့'

ခဏအတွင်းမှာပဲ ဂိမ်းကရှုံးသွားခဲ့တယ် ၅ယောက်၂ယောက်ပွဲဟာအင်အားမှမမျှပဲလေ ဒါပေမယ့် ရှောင်းကျန့်ကတော့ပျော်ရွှင်နေခဲ့ပါတယ် ၀မ်ရိပေါ်ကသူ့နားမှာအဆုံးထိရှိနေခဲ့ပြီး သူ့ကိုကာကွယ်ပေးခဲ့တာမို့ ဂိမ်းပြီးတဲ့ထိရှောင်းကျန့်ကအသက်တစ်ချောင်းတောင်မသေခဲ့ပါ
'၀မ်ရိပေါ်သာ ကျွန်တော့အနားမှာရှိနေရင် ကျွန်တော်ကဘာကိုများကြောက်နေရဦးမလဲလေ'

~× ~× ~× ~× ~× ~×

တစ်နေ့ပြီးတစ်နေ့ ရိပေါ်က ရှောင်းကျန့်အနားမှာ ပတ်ကျိလေးလို တွယ်ကပ်နေရင်း အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတယ် အချိန်တွေကတန်ဖိုးရှိတယ် ရှောင်းကျန့်အနားမှာနေရတာမို့ ကုန်ဆုံးသွားတဲ့အချိန်တွေရော ရှေ့ဆက်ရမယ့်အချိန်တွေရောက သိပ်ကိုတန်ဖိုးရှိတယ်

ဒီနေ့ရိပေါ်ကရေမိုးချိုးပြီး အရင်နေ့တွေကထက် သပ်သပ်ရပ်ရပ်ကလေး ၀တ်စားထားတယ် ပြောရရင်အပြင်သွားမယ့်ပုံစံမျိုးပေါ့ ရှပ်အင်္ကျီအဖြူပေါ်မှာ ဂျင်းလက်ရှည်ကို လက်တစ်၀က်ခေါက်ထားပြီး အနက်ရောင်ဂျင်းဘောင်းဘီရှည်ကို၀တ်ထားတဲ့ရိပေါ်က လူငယ်ဆန်ပြီး ကြည့်ကောင်းနေတယ်

"ရိပေါ် အပြင်သွားမလို့လား"

ဧည့်ခန်းမှာထိုင်နေတဲ့ ထျန်းရန်အမေက အပေါ်ထပ်ကဆင်းလာတဲ့ရိပေါ်ကိုမြင်တော့ လှမ်းမေးတယ်

"ဟုတ် အားရီ "

"ခုနမှ ဟိုဘက်ခြံက ပြန်လာတာကို ခုထပ်ထွက်ပြန်ပြီ အိမ်လည်းကပ်ပါဦးလား ​မြေးရယ်"

အားရီဘေးမှာထိုင်နေတဲ့ ရိပေါ်အဘွားကပါ ၀င်ပြောလာတယ်

"ဘွားဘွားကလည်း သားက အိမ်ကပ်လို့ခုအိမ်မှာရှိနေတာပေါ့ မဟုတ်ဘူးလား"

"မင်းရေပြန်ချိုးတာငါမသိဘူးများမှတ်နေသလား ဟမ်? မင်းကလေ ရေချိုးချိန် အိပ်ချိန်ပဲ ဒီကိုပြန်လာတာ မင်းဒီလောက်ဖြစ်နေရင် အဲ့အိမ်မှာပဲတစ်ခါတည်းပြောင်းနေလိုက်ပါတော့လား"

"တကယ်လား တကယ်နေလို့ရရင်သားက မနေချင်ဘူးများထင်နေလား နေချင်တာမှတစ်ပိုင်းသေပဲ လူကြီးတွေကခွင့်မပြုလို့ ဟွင့်"

"တယ်..ဒီကလေးကတော့ မနိုင်တော့ဘူး မနိုင်တော့ဘူး ဟူး"

အဘွားက ခေါင်းတရမ်းရမ်းနဲ့ သက်ပြင်းလေးချရင်း ပြောတယ်
'ဒီကလေးက ဆေးမမှီရှာတော့ဘူးပဲ'

" သားသွားပြီ "

ရိပေါ်ကပြောရင်း ခြံထဲက အစိမ်းရောင်ဆိုင်ကယ်လေးကိုတွန်းပြီး ယွီအိမ်ဆီလျှောက်လာလိုက်တယ် ယွီခြံရှေ့မှာဆိုင်ကယ်ကိုဒေါက်ထောက်ခဲ့ပြီး ခြံထဲ၀င်လာတော့ ပန်းခြံအသေးလေးထဲက ထိုင်ခုံမှာထိုင်နေတဲ့ အကိုထျန်းရန်နဲ့မျန်မျန်ကိုမြင်တာမို့ သူတို့ရှိရာဆီလျှောက်လာလိုက်တယ်
သူတို့ညီအကိုလည်း အားနေယွီအိမ်ပဲရောက်နေတော့တာ ယွီအိမ်ကကိုယ့်အိမ်ကိုယ့်ယာလိုတောင်ဖြစ်နေပြီ လူကြီးတွေကလည်း အကြောင်းအကုန်သိ သဘောတူပြီးသားမို့ ဘာမှမပြောတော့ဘူး ထျန်းရန်နဲ့မျန်မျန်ကိုလည်း ငယ်ငယ်တည်းက အကြောင်းသိတွေမို့ သဘောမတူစရာမရှိပါလေ ဦးလေးယွီက ရှောင်းကျန့်ကိုလည်း ရိပေါ်နဲ့ဆိုစိတ်ချပါတယ်တဲ့ ရိပေါ်ကြောင့်နာကျင်ခဲ့ရပေမယ့်လည်း ရိပေါ်ရဲ့အချစ်တွေနဲ့နောင်တတွေကို ဒီအတောအတွင်း သူတို့မျက်မြင်တွေ့ခဲ့ရတာပဲ ရိပေါ်ကိုယုံပါတယ် ရှောင်းကျန့်ကိုထပ်ပြီးနာကျင်စေမှာမဟုတ်မှန်း ဒါ့ကြောင့်ရှောင်းကျန့်ကိုရိပေါ်နဲ့ဆိုစိတ်ချပါတယ် ရှောင်းကျန့်ကလည်း ရိပေါ်နဲ့ဆိုပျော်ရွှင်နိုင်မယ်လို့ထင်တယ် ရှောင်းကျန့်ကိုယ်တိုင်ကလည်း ရိပေါ်ကို သိပ်ချစ်ခဲ့တာမို့လေ ရိပေါ်မိဘတွေကလည်း ရှောင်းကျန့်ကို သားအရင်းလေးလိုသဘောထားပြီးချစ်ကြတယ် ရှောင်းကျန့်ဆေးရုံမဆင်းခင်ကဆို အမြဲလာတွေ့ခဲ့ကြတာ ခုအခြေနေတွေပြန်တည်ငြိမ်သွားမှသာ သူတို့အလုပ်တွေဆီအာရုံစိုက်နေလို့ မလာဖြစ်ကြပုံပါပဲ

"ကျဲ ရှောင်းကျန့်ရော"

"ခုနတီဗီကြည့်နေတာမြင်တယ် ရိပေါ်"

"မဟုတ်ဘူး အပေါ်တက်သွားပြီ အစ်ကိုမြင်လိုက်တယ်"

ထျန်းရန်က ရှောင်းကျန့်အပေါ်တက်သွားတာ သူမြင်ကြောင်း၀င်ပြောတယ်

"ဟုတ်လား အ့ဆို သူ့အခန်းထဲမှာနေမယ် ပုံစံကအပြင်သွားမလို့လား"

"ဟုတ်တယ် ဆိုင်ကယ်ပတ်စီးမလို့လေ ရှောင်းကျန့်ကိုလာခေါ်တာ သူလည်းအပြင်မှမထွက်ရတာ အပြင်ထွက်ချင်နေမလားလို့"

"အမလေး ထွက်မှာ ထွက်မှာ သူကအပြင်တအားသွားချင်ရှာတာ ဒါနဲ့ခုတောင်၃နာရီထိုးနေပြီ မိုးချုပ်နေဦးမယ် မြန်မြန်သွားကြ"

"အင်း အ့ဆို သူ့အခန်းထဲသွားခေါ်လိုက်ဦးမယ် "

"အေးအေး"

ရိပေါ်လည်း မျန်မျန်တို့နဲ့ပြောပြီး ရှောင်းကျန့်အခန်းရှိရာဆီတက်လာလိုက်တယ်
အရင်တစ်ခေါက်ကိစ္စဖြစ်ပြီးတည်းက ရှောင်းကျန့်အခန်းတံခါးကို လော့ဖြုတ်ထားတာမို့ အခန်းလေးကစေ့ရုံသာ အခန်းတံခါးပိတ်ထားပြီး အရင်တစ်ခါလိုဖြစ်မှာစိုးတာကြောင့် အခန်းကိုဒီတိုင်းပဲထားထားတာ ရှောင်းကျန့်နောက်တစ်ကြိမ်တစ်ခုခုဖြစ်သွားမှာကို အားလုံးကသိပ်စိုးရိမ်ပါတယ်

ရိပေါ်အခန်းထဲ၀င်လာတော့ ရှောင်းကျန့်က ၀က်ရုပ်ကလေးကိုဖက်ပြီးကွေးကွေးလေးအိပ်နေလေရဲ့ သူ့အရပ်အရှည်ကြီးနဲ့ ကွေးကွေးလေးအိပ်နေတဲ့ကောင်လေးကြောင့် ရိပေါ်သဘောတကျပြုံးလိုက်မိတယ် ရှောင်းကျန့်နဲ့ပတ်သတ်သမျှက ရိပေါ်အတွက်တော့သဘောကျစရာတွေချည်းပါပဲလေ ရှောင်းကျန့်က အရပ်သာရှည်တာ ခန္ဓာကိုယ်ကတကယ်တော့သေးသေးလေးရယ် ဒူးဖုံးရုံဘောင်းဘီလေးမို့ ကွေးအိပ်နေတဲ့ ခြေသလုံးလေး၊ ခြေကျင်း၀တ်လေးဟာ အူယားစရာကောင်းအောင်သေးသေးလေး
တစ်ဖက်ကိုစောင်းအိပ်နေတာမို့ ဆူထွက်နေတဲ့နှုတ်ခမ်းလေးကဖူးဖူးလေး မျက်လုံးမိှတ်ထားလို့ဖြာကျနေတဲ့မျက်တောင်လေး နှဖူးပေါ်က၀ဲကျနေတဲ့ဆံစလေး အို အရာအားလုံးဟာ မြတ်နိုးဖွယ်အတိပါလေ

"ရှောင်းကျန့် ကျန့်ကလေး ကိုယ့်ရဲ့ကျန့်ကလေး"

ရိပေါ်က ရှောင်းကျန့်ရဲ့ နှာခေါင်းလေးကို ခပ်သာသာလိမ်ဆွဲရင်း ခေါ်လိုက်တော့ ရှောင်းကျန့်က အိပ်စုံမှုန်မွှားနဲ့ မျက်လုံးလေး ဖွင့်ကြည့်လာလေရဲ့

"ရိပေါ် ခုနမှပြန်သွားတာမလား"

"အင်း ခုပြန်လာတာလေ ဆိုင်ကယ်ပတ်စီးမလို့ သွားချင်လား"

ဒီစကားကြားတော့ အိပ်နေတဲ့ကောင်လေးက ချက်ချင်းငုတ်တုတ်ကလေးထထိုင်လာတယ်

"တကယ် တကယ်အပြင်သွားမှာလား "

"အင်း မင်းသွားချင်ရင်သွားမလို့ "

"သွားမယ် ကျွန်တော်သွားချင်တယ်"

ရှောင်းကျန့်က မြူးတူးနေတဲ့အသံလေးနဲ့​ပြောတယ်

"ဒါဆို အင်္ကျီလဲပြီး အောက်ထပ်ဆင်းခဲ့ လက်ရှည် ဘောင်းဘီရှည်၀တ်နော် အပြင်မှာလေတိုက်တယ် ကိုယ်အောက်ကစောင့်မယ်"

"အင်းအင်း အမြန်လာခဲ့မယ်"

ရိပေါ် ရှောင်းကျန့်အခန်းထဲကထွက်လာပြီး အောက်ထပ်ကဧည့်ခန်းမှာပဲထိုင်စောင့်နေလိုက်တယ် ခဏအကြာ ရှောင်းကျန့်က အပေါ်ထပ်ကနေ ပြေးဆင်းလာတယ် စတိုင်ဘောင်းဘီအဖြူလေးနဲ့ တီရှပ်လက်ရှည်အပြာနုလေးကို ရိုးရိုးရှင်းရှင်းလေး၀တ်ထားတဲ့ရှောင်းကျန့်က အေးချမ်းရာလေး

ရှောင်းကျန့်ဆေးရုံကဆင်းပြီးတည်းက မျန်မျန်ကရှောင်းကျန့်အတွက် အင်္ကျီအ၀တ်စားတွေအများကြီး၀ယ်ပေးထားတာ ခုခေတ်ကောင်လေးတွေ၀တ်သလိုဒီဇိုင်းအစုံပဲ ဦးလေးယွီကလည်း သုံးချင်ရာသုံးဆိုပြီး မုန့်ဖိုးတွေပေးထားသေးတယ် ရှောင်းကျန့်ကတော့သုံးစရာလည်းမရှိတာမို့ ဒီတိုင်းသိမ်းထားလိုက်တာပဲ

"ရိပေါ် ကျွန်တော်ပြီးပြီ သွားကြမယ်လေ"

ရိပေါ် ရှောင်းကျန့်ခုပုံစံလေးကို မင်သက်စွာငေးနေမိတယ် ရှောင်းကျန့်ကဒီလိုမျိုးလေး ၀တ်စားထားတော့ ပုံမှန်ထက်ကိုပိုကြည့်ကောင်းနေတယ် တခြားသူတွေဒီပုံစံလေးကိုတွေ့မှာမနာလိုလိုက်တာ ဖြစ်နိုင်ရင်တော့ ဒီလူသားလေးကို နှလုံးသားထဲကိုထည့်ပြီးဖွက်ထားလိုက်ချင်ပါရဲ့လေ

ယွီခြံရှေ့က ဆိုင်ကယ်အစိမ်းလေးဆီ ရိပေါ်နဲ့ရှောင်းကျန့်အတူတူထွက်လာခဲ့တယ် ခြံထဲက အကိုထျန်းရန်တို့အတွဲကို လှမ်းနှုတ်ဆက်တော့ 'တအားနောက်မကျစေနဲ့'တဲ့

"ဟီးဟီး"

"ဘာတွေဒီလောက်သဘောကျနေတာလဲ..ဟင်"

"အပြင်ထွက်ရမှာမို့လေ ဟီးဟီး"

ပျော်ရွှင်နေတဲ့ကောင်လေးကြောင့် ရိပေါ်မှာလည်းထပ်တူပျော်နေရပါတယ်လေ

"အပြင်ထွက်ရမှာအဲ့လောက်တောင်ပျော်သလား"

"အင်း ဆိုင်ကယ်လည်းမစီးဖူးဘူး ဆိုင်ကယ်စီးရမှာလည်းပျော်တယ်"

"ဟုတ်ပါပြီ နောက်ဆိုညနေတိုင်း ဆိုင်ကယ်ပတ်စီးကြမယ်လေ"

"တကယ်လား"

"တကယ်ပေါ့ဗျ လာ ဆိုင်ကယ်ဦးထုပ်စောင်းပေးမယ်"

ရိပေါ်ပြောလိုက်တော့ ခေါင်းလုံးလုံးလေးက သူ့ရှေ့တိုးလာလေရဲ့ ရိပေါ် ရှောင်းကျန့်ကို Helmetအနီလေး သေချာစောင်းပေးလိုက်ပြီး သူကိုယ်တိုင်က Helmetအစိမ်းလေးစောင်းလို့ ဆိုင်ကယ်ပေါ်တက်လိုက်တယ်

"ကိုယ့်ကိုသေချာဖက်ထားနော် "

ရိပေါ်ပြောလိုက်တော့ Helmetအနီနဲ့ကောင်လေးက ခေါင်းလေးတဆက်ဆက်ငြိမ့်ရင်း လက်တွေကရိပေါ်ခါးပေါ်ရောက်လာတယ် ခုမှဆိုင်ကယ်စစီးဖူးတာဆိုတော့ ကြောက်နေပုံပဲ ရိပေါ်သူ့ခါးပေါ်ရောက်လာတဲ့လက်ကလေးကိုဆုပ်ကိုင်လိုက်ပြီး ဆိုင်ကယ်လေးကိုစတင်မောင်းနှင်လိုက်တယ် ~

[Zawgyi]

"မင္းတို႔က ဘာကိစၥဒီအခ်ိန္ႀကီးလာရတာလဲ"

ျခံထဲ၀င္၀င္ခ်င္း မ်က္ႏွာ႐ွစ္ေခါက္ခ်ိဳးနဲ႔ ၀မ္ရိေပၚအေမးစကားေၾကာင့္ ေဟာက္႐ႊမ္းမွာလက္ကပတ္ထားတဲ့နာရီေလးကို ျပန္ငုံ႔ၾကည့္ရင္း

"မနက္၁၀နာရီက ဘာျဖစ္လို႔လဲ "

"ေအးေလ ဘာလို႔လဲ"

ေဘးကယြီပင္းကပါ ေၾကာင္ေတာင္ေတာင္မ်က္ႏွာႀကီးနဲ႔ထပ္ေမးလာျပန္တယ္

"ဒီအခ်ိန္ႀကီးပါဆို ဒီအခ်ိန္ႀကီးျဖစ္ေနလို႔ေပါ့ကြာ ဘာလာလုပ္ၾကတာလဲ"

"အလည္လာတာေပါ့ကြ ေဟး ေ႐ွာင္းက်န္႔ သက္သာၿပီလား"

ေဟာက္႐ႊမ္းကေျပာရင္း ပန္းခ်ီကားေထာက္တိုင္ေဘးက ေ႐ွာင္းက်န္႔ကိုျမင္လိုက္တာမို႔ လွမ္းႏႈတ္ဆက္လိုက္ေလရဲ႕ ခုနကသူတို႔ႏွစ္ေယာက္ၾကည္ႏူးေနတာကို ပန္းခ်ီကားနဲ႔ကြယ္ေနတာမို႔ ေဟာက္႐ႊမ္းတို႔ကျမင္ပုံမေပၚဘူး

"အင္း သက္သာၿပီ လာထိုင္ၾကေလ"

ေ႐ွာင္းက်န္႔က ၀မ္ရိေပၚကိုသာမမွတ္မိေတာ့တာ ေဟာက္႐ႊမ္းနဲ႔ယြီပင္းကိုေတာ့ သိေသးတယ္ ဘယ္ကေနစၿပီးခင္ခဲ့မွန္းမသိေပမယ့္ ေဟာက္႐ႊမ္းနဲ႔ယြီပင္းကို သူကသိပါတယ္ ဆိုၿပီး ေဆး႐ုံမွာေတြ႕တုန္းကေျပာခဲ့ေသးတာ

ေ႐ွာင္းက်န္႔​ကေခၚလိုက္ေတာ့ သုံးေယာက္သား သူ႕နားကခုံေလးေတြေပၚလာထိုင္ၾကတယ္ ရိေပၚမ်က္ႏွာကေတာ့ခုထိဆူပုတ္လို႔ ပါးစပ္နားေရာက္ၿပီးသားထမင္းလုတ္ပုတ္ခ်ခံလိုက္ရတာကိုး ေ႐ွာင္းက်န္႔ကေတာ့ ရိေပၚကိုၾကည့္ၿပီး ခုနကအျဖစ္ပ်က္ေတြျမင္ေယာင္လာတာ​မို႔ နား႐ြက္ဖ်ားေလးေတြနီေနဆဲ ဆူပုတ္ေနတဲ့ ရိေပၚနဲ႔ ႐ွက္ေနပုံေပၚတဲ့ေ႐ွာင္းက်န္႔​ကိုၾကည့္ၿပီး ယြီပင္းတို႔လည္းဘာေျပာရမွန္းမသိတာမို႔ ၿငိမ္ေနၾကတယ္ ေလးေယာက္ထိုင္ေနၿပီး တိတ္ဆိတ္ေနတဲ့အေျခေနႀကီးက ေနရခက္လိုက္တာ

"ငါတို႔တူတူဂိမ္းမေဆာ့ရတာၾကာၿပီ ဂိမ္းေဆာ့ရေအာင္"

ယြီပင္းကလက္ထဲက phေလးကိုေျမႇာက္ျပရင္းေျပာလိုက္တယ္

"ငါ ငါလဲေဆာ့ခ်င္တယ္"

"က်န္႔ကေလးက ေဆာ့ခ်င္လို႔လား ဒါဆိုအိမ္ထဲသြားေဆာ့မယ္ေလ ဒီေနရာကအလင္းျပန္တယ္ ေသခ်ာမျမင္ရဘူး"

"အင္း အင္း အိမ္ထဲသြားမယ္ လာၾက လာၾက ဟီးဟီး"

ေ႐ွာင္းက်န္႔က ဂိမ္းေဆာ့ရမွာေတာ္ေတာ္ေပ်ာ္ေနပုံပဲ မ်က္လုံးေလးေတြမွိတ္က်သြားတဲ့ထိရယ္လို႔ ၀မ္ရိေပၚကလည္း ေ႐ွာင္းက်န္႔ကိုေငးတာမွ မ်က္လုံးက ေ႐ွာင္းက်န္႔မ်က္ႏွာသြားကပ္ေနေတာ့မလိုပဲ မ်က္ႏွာေပၚက အျပဳံးကလည္းခ်ိဳေနလိုက္တာမွ သၾကားခဲေတာင္အ႐ႈံးေပးရေလာက္တယ္ ခုနဆူပုတ္ေနတဲ့မ်က္ႏွာနဲ႔မ်ားတကယ္ကိုတစ္ျခားဆီ ၀မ္ရိေပၚရဲ႕ေပ်ာ္႐ႊင္ျခင္း ၀မ္းနည္းျခင္းက ေ႐ွာင္းက်န္႔ေပၚမွာမူတည္ေနပုံပါပဲ

~× ~× ~× ~× ~× ~×

"ငါကာေပးထားတယ္ လာကူၾက လာကူလို႔ ၀မ္ရိေပၚ ဘယ္မွာလဲ ဟာ ဟာ သြားၿပီ ငါ့ကိုဝိုင္းkillသြားၿပီ ရိေပၚလာကူပါဆို ဘာလုပ္ေနတာလဲဟ"

"ငါေ႐ွာင္းက်န္႔ Buffစားတာ ေစာင့္ေပးေနတာ"

"ရိေပၚမင္းက အဲ့လိုခ်ည္းပဲကြာ မင္းမကူလို႔ ငါတို႔ေသတာေတာ္ေတာ္မ်ားေနၿပီ levelမလိုက္ႏိုင္ေတာ့ဘူး ဒီပြဲလည္း ႐ႈံးမွာပဲ"

"ေအးေလကြာ မင္းကဂိမ္းထဲလည္း ဂိမ္းထဲမို႔ ေ႐ွာင္းက်န္႔နားပဲကပ္ေနတာ battle၀င္မကူမွေတာ့ ငါတို႔ကေသၿပီေပါ့"

"ေသေပါ့ အဓိကက ေ႐ွာင္းက်န္႔ကိုကာကြယ္ေပးဖို႔ပဲ မင္းတို႔ေသလည္းငါဂ႐ုမစိုက္ဘူး ဂိမ္း႐ႈံးလည္းငါဂ႐ုမစိုက္ဘူး ငါဂ႐ုစိုက္တာ ေ႐ွာင္းက်န္႔တစ္ေယာက္တည္းပဲ"

ဒီစကားကိုၾကားေတာ့ ဂိမ္းေဆာ့ေနတဲ့ေ႐ွာင္းက်န္႔က သူ႕ေဘးမွာတအားကပ္ထိုင္ေနတဲ့ရိေပၚကို မ်က္လုံးေလးေစြၿပီးခိုးၾကည့္လိုက္တယ္ သူ႕ကိုစူးစူး႐ွ႐ွၾကည့္ေနတဲ့ရိေပၚေၾကာင့္ ေဆာ့လက္စဂိမ္းဆီအၾကည့္ျပန္ပို႔ၿပီး မ်က္ေတာင္ေလးကို ပုတ္ခက္ပုတ္ခက္လုပ္လိုက္တယ္ လက္ထဲကphေလးကိုပိုဖ်စ္ညစ္လိုက္ၿပီး ေအာက္ႏႈတ္ခမ္းကိုကိုက္လိုက္တယ္ နား႐ြက္ဖ်ားေတြကထပ္ၿပီးနီရဲလာျပန္တယ္ သူ႕ဘာစကားမွ၀င္မေျပာႏိုင္ဘူး ရိေပၚရဲ႕အၾကည့္ေတြကလူကို ကတုန္ကယင္ျဖစ္ေစတယ္

၀မ္ရိေပၚကေတာ့ လက္တစ္ဖက္ကphကိုင္ထားၿပီး လက္တစ္ဖက္ကေမးေထာက္လို႔ ေ႐ွာင္းက်န္႔ကို စားေတာ့၀ါးေတာ့မလို႔ ျပဳံးျပဳံးႀကီးၾကည့္ေနေလရဲ႕

"ေက်းဇူးျပဳၿပီး အ႐ႈံးေပးလိုက္ၾကပါေတာ့ကြာ ငါဘယ္လိုမွသည္းမခံႏိုင္ေတာ့ဘူး "

ယြီပင္းမွာေ႐ွ႕ကျမင္ကြင္းေၾကာင့္ ေတာ္ေတာ္စိတ္ေလေနၿပီ ၀မ္ရိေပၚက သိပ္ကို ကဲလြန္း သည္းလြန္း ပိုလြန္းပါတယ္ေလ အျပင္မွာေရာ ဂိမ္းထဲမွာပါ ဒီအတြဲကိုမျမင္ခ်င္ေတာ့ဘူး သူတို႔ကိုျမင္ေနရတာ ယြီပင္းတစ္ကိုယ္လုံးေပၚပု႐ြတ္ဆိတ္ေတြတက္ေနသလို ကလိကလိ ယားက်ိက်ိနဲ႔ allergicထေနသလိုပဲ ကဲကဲသည္းသည္းအတြဲေတြနဲ႔မတည့္တဲ့ allergic
'သည္းမခံႏိုင္ေတာ့ဘူး ဘယ္လိုမွကို သည္းမခံႏိုင္ေတာ့ဘူး'

"ငါေတာ့AFKအျဖစ္ခံၿပီး ထြက္ၿပီကြာ"

ေဟာက္႐ႊမ္းလည္း ဟိုအတြဲေၾကာင့္ေတာ္ေတာ္စိတ္ဆင္းရဲသြားၿပီထင္ပါ့ ႐ႈံ႕မဲ့မဲ့မ်က္ႏွာႀကီးနဲ႔ ဂိမ္းထဲကထြက္သြားၿပီ

"ငါလဲထြက္ၿပီ "

၅ေယာက္အဖြဲ႕မွာ၄ေယာက္အ႐ႈံးေပးမွပြဲၿပီးမွာကို ၀မ္ရိေပၚနဲ႔ေ႐ွာင္းက်န္႔ကအ႐ႈံးမေပးတဲ့အတြက္ ပြဲမၿပီးတာေၾကာင့္ ယြီပင္းပါ ဂိမ္းထဲကထပ္ထြက္သြားျပန္သည္

ခုဆိုဂိမ္းထဲ၃ေယာက္သာ႐ွိေတာ့တယ္ တစ္ဖက္ကဘယ္သူမွန္းမသိတဲ့တစ္ေယာက္ကလည္း ခဏအၾကာ ဂိမ္းထဲကထြက္သြားျပန္တယ္

"ရိေပၚ အကုန္ထြက္ကုန္ၿပီ ဘယ္သူမွမ႐ွိေတာ့ဘူး"

ေ႐ွာင္းက်န္႔က ဆူပုတ္ပုတ္နဲ႔ ေဘးကရိေပၚကို မဲ့တဲ့တဲ့ေလးေျပာတယ္

"ဘယ္သူမွမ႐ွိေတာ့လည္း ကိုယ္ကေတာ့႐ွိေသးတယ္ေလ ကိုယ္ကေတာ့ မင္းအနားမွာအၿမဲ႐ွိေနမွာေလ"

ရိေပၚစကားေၾကာင့္ ေ႐ွာင္းက်န္႔မ်က္ႏွာေလးျပဳံးသြားၿပီး

"ရိေပၚ႐ွိရင္ရပါၿပီ ႐ႈံးသြားရင္ေတာင္ ရိေပၚနဲ႔တူတူမို႔ ကြၽန္ေတာ္ေပ်ာ္တယ္ ဟီးဟီး"

ယုန္သြားေလးေတြေပၚေအာင္ရယ္ေနတဲ့သူ႕ေဘးကေကာင္ေလးကို ရိေပၚခ်စ္လြန္းလို႔ဘယ္လိုလုပ္ရပါ့မလဲ ဒီေကာင္ေလးက စကားလည္းသိပ္တတ္ပါေသးတယ္ ဒီေကာင္ေလးရဲ႕အခ်စ္ေတြကိုသူဘယ္လိုမ်ားျငင္းရက္ခဲ့ပါလိမ့္ 'ေတာ္ေတာ္အသိစိတ္မဲ့ခဲ့တဲ့ေကာင္ပဲ ၀မ္ရိေပၚ'

ယြီပင္းနဲ႔ေဟာက္႐ႊမ္းမွာေတာ့ ေ႐ွာင္းက်န္႔စကားေၾကာင့္ ေနရာမွာတင္ေသြးအန္ၿပီးေသသြားႏိုင္တယ္ ရိေပၚကိုသည္းလွၿပီထင္တာ ေ႐ွာင္းက်န္႔ကပိုကဲေနပါလား 'မင္းတို႔အတြဲအလိုက္ဖက္ဆုံးေဟ့'

ခဏအတြင္းမွာပဲ ဂိမ္းက႐ႈံးသြားခဲ့တယ္ ၅ေယာက္၂ေယာက္ပြဲဟာအင္အားမွမမွ်ပဲေလ ဒါေပမယ့္ ေ႐ွာင္းက်န္႔ကေတာ့ေပ်ာ္႐ႊင္ေနခဲ့ပါတယ္ ၀မ္ရိေပၚကသူ႕နားမွာအဆုံးထိ႐ွိေနခဲ့ၿပီး သူ႕ကိုကာကြယ္ေပးခဲ့တာမို႔ ဂိမ္းၿပီးတဲ့ထိေ႐ွာင္းက်န္႔ကအသက္တစ္ေခ်ာင္းေတာင္မေသခဲ့ပါ
'၀မ္ရိေပၚသာ ကြၽန္ေတာ့အနားမွာ႐ွိေနရင္ ကြၽန္ေတာ္ကဘာကိုမ်ားေၾကာက္ေနရဦးမလဲေလ'

~× ~× ~× ~× ~× ~×

တစ္ေန႔ၿပီးတစ္ေန႔ ရိေပၚက ေ႐ွာင္းက်န္႔အနားမွာ ပတ္က်ိေလးလို တြယ္ကပ္ေနရင္း အခ်ိန္ေတြတေ႐ြ႕ေ႐ြ႕ကုန္ဆုံးလာတယ္ အခ်ိန္ေတြကတန္ဖိုး႐ွိတယ္ ေ႐ွာင္းက်န္႔အနားမွာေနရတာမို႔ ကုန္ဆုံးသြားတဲ့အခ်ိန္ေတြေရာ ေ႐ွ႕ဆက္ရမယ့္အခ်ိန္ေတြေရာက သိပ္ကိုတန္ဖိုး႐ွိတယ္

ဒီေန႔ရိေပၚကေရမိုးခ်ိဳးၿပီး အရင္ေန႔ေတြကထက္ သပ္သပ္ရပ္ရပ္ကေလး ၀တ္စားထားတယ္ ေျပာရရင္အျပင္သြားမယ့္ပုံစံမ်ိဳးေပါ့ ႐ွပ္အက်ႌအျဖဴေပၚမွာ ဂ်င္းလက္႐ွည္ကို လက္တစ္၀က္ေခါက္ထားၿပီး အနက္ေရာင္ဂ်င္းေဘာင္းဘီ႐ွည္ကို၀တ္ထားတဲ့ရိေပၚက လူငယ္ဆန္ၿပီး ၾကည့္ေကာင္းေနတယ္

"ရိေပၚ အျပင္သြားမလို႔လား"

ဧည့္ခန္းမွာထိုင္ေနတဲ့ ထ်န္းရန္အေမက အေပၚထပ္ကဆင္းလာတဲ့ရိေပၚကိုျမင္ေတာ့ လွမ္းေမးတယ္

"ဟုတ္ အားရီ "

"ခုနမွ ဟိုဘက္ျခံက ျပန္လာတာကို ခုထပ္ထြက္ျပန္ၿပီ အိမ္လည္းကပ္ပါဦးလား ​ေျမးရယ္"

အားရီေဘးမွာထိုင္ေနတဲ့ ရိေပၚအဘြားကပါ ၀င္ေျပာလာတယ္

"ဘြားဘြားကလည္း သားက အိမ္ကပ္လို႔ခုအိမ္မွာ႐ွိေနတာေပါ့ မဟုတ္ဘူးလား"

"မင္းေရျပန္ခ်ိဳးတာငါမသိဘူးမ်ားမွတ္ေနသလား ဟမ္? မင္းကေလ ေရခ်ိဳးခ်ိန္ အိပ္ခ်ိန္ပဲ ဒီကိုျပန္လာတာ မင္းဒီေလာက္ျဖစ္ေနရင္ အဲ့အိမ္မွာပဲတစ္ခါတည္းေျပာင္းေနလိုက္ပါေတာ့လား"

"တကယ္လား တကယ္ေနလို႔ရရင္သားက မေနခ်င္ဘူးမ်ားထင္ေနလား ေနခ်င္တာမွတစ္ပိုင္းေသပဲ လူႀကီးေတြကခြင့္မျပဳလို႔ ဟြင့္"

"တယ္..ဒီကေလးကေတာ့ မႏိုင္ေတာ့ဘူး မႏိုင္ေတာ့ဘူး ဟူး"

အဘြားက ေခါင္းတရမ္းရမ္းနဲ႔ သက္ျပင္းေလးခ်ရင္း ေျပာတယ္
'ဒီကေလးက ေဆးမမွီ႐ွာေတာ့ဘူးပဲ'

" သားသြားၿပီ "

ရိေပၚကေျပာရင္း ျခံထဲက အစိမ္းေရာင္ဆိုင္ကယ္ေလးကိုတြန္းၿပီး ယြီအိမ္ဆီေလွ်ာက္လာလိုက္တယ္ ယြီျခံေ႐ွ႕မွာဆိုင္ကယ္ကိုေဒါက္ေထာက္ခဲ့ၿပီး ျခံထဲ၀င္လာေတာ့ ပန္းျခံအေသးေလးထဲက ထိုင္ခုံမွာထိုင္ေနတဲ့ အကိုထ်န္းရန္နဲ႔မ်န္မ်န္ကိုျမင္တာမို႔ သူတို႔႐ွိရာဆီေလွ်ာက္လာလိုက္တယ္
သူတို႔ညီအကိုလည္း အားေနယြီအိမ္ပဲေရာက္ေနေတာ့တာ ယြီအိမ္ကကိုယ့္အိမ္ကိုယ့္ယာလိုေတာင္ျဖစ္ေနၿပီ လူႀကီးေတြကလည္း အေၾကာင္းအကုန္သိ သေဘာတူၿပီးသားမို႔ ဘာမွမေျပာေတာ့ဘူး ထ်န္းရန္နဲ႔မ်န္မ်န္ကိုလည္း ငယ္ငယ္တည္းက အေၾကာင္းသိေတြမို႔ သေဘာမတူစရာမ႐ွိပါေလ ဦးေလးယြီက ေ႐ွာင္းက်န္႔ကိုလည္း ရိေပၚနဲ႔ဆိုစိတ္ခ်ပါတယ္တဲ့ ရိေပၚေၾကာင့္နာက်င္ခဲ့ရေပမယ့္လည္း ရိေပၚရဲ႕အခ်စ္ေတြနဲ႔ေနာင္တေတြကို ဒီအေတာအတြင္း သူတို႔မ်က္ျမင္ေတြ႕ခဲ့ရတာပဲ ရိေပၚကိုယုံပါတယ္ ေ႐ွာင္းက်န္႔ကိုထပ္ၿပီးနာက်င္ေစမွာမဟုတ္မွန္း ဒါ့ေၾကာင့္ေ႐ွာင္းက်န္႔ကိုရိေပၚနဲ႔ဆိုစိတ္ခ်ပါတယ္ ေ႐ွာင္းက်န္႔ကလည္း ရိေပၚနဲ႔ဆိုေပ်ာ္႐ႊင္ႏိုင္မယ္လို႔ထင္တယ္ ေ႐ွာင္းက်န္႔ကိုယ္တိုင္ကလည္း ရိေပၚကို သိပ္ခ်စ္ခဲ့တာမို႔ေလ ရိေပၚမိဘေတြကလည္း ေ႐ွာင္းက်န္႔ကို သားအရင္းေလးလိုသေဘာထားၿပီးခ်စ္ၾကတယ္ ေ႐ွာင္းက်န္႔ေဆး႐ုံမဆင္းခင္ကဆို အၿမဲလာေတြ႕ခဲ့ၾကတာ ခုအေျခေနေတြျပန္တည္ၿငိမ္သြားမွသာ သူတို႔အလုပ္ေတြဆီအာ႐ုံစိုက္ေနလို႔ မလာျဖစ္ၾကပုံပါပဲ

"က်ဲ ေ႐ွာင္းက်န္႔ေရာ"

"ခုနတီဗီၾကည့္ေနတာျမင္တယ္ ရိေပၚ"

"မဟုတ္ဘူး အေပၚတက္သြားၿပီ အစ္ကိုျမင္လိုက္တယ္"

ထ်န္းရန္က ေ႐ွာင္းက်န္႔အေပၚတက္သြားတာ သူျမင္ေၾကာင္း၀င္ေျပာတယ္

"ဟုတ္လား အ့ဆို သူ႕အခန္းထဲမွာေနမယ္ ပုံစံကအျပင္သြားမလို႔လား"

"ဟုတ္တယ္ ဆိုင္ကယ္ပတ္စီးမလို႔ေလ ေ႐ွာင္းက်န္႔ကိုလာေခၚတာ သူလည္းအျပင္မွမထြက္ရတာ အျပင္ထြက္ခ်င္ေနမလားလို႔"

"အမေလး ထြက္မွာ ထြက္မွာ သူကအျပင္တအားသြားခ်င္႐ွာတာ ဒါနဲ႔ခုေတာင္၃နာရီထိုးေနၿပီ မိုးခ်ဳပ္ေနဦးမယ္ ျမန္ျမန္သြားၾက"

"အင္း အ့ဆို သူ႕အခန္းထဲသြားေခၚလိုက္ဦးမယ္ "

"ေအးေအး"

ရိေပၚလည္း မ်န္မ်န္တို႔နဲ႔ေျပာၿပီး ေ႐ွာင္းက်န္႔အခန္း႐ွိရာဆီတက္လာလိုက္တယ္
အရင္တစ္ေခါက္ကိစၥျဖစ္ၿပီးတည္းက ေ႐ွာင္းက်န္႔အခန္းတံခါးကို ေလာ့ျဖဳတ္ထားတာမို႔ အခန္းေလးကေစ့႐ုံသာ အခန္းတံခါးပိတ္ထားၿပီး အရင္တစ္ခါလိုျဖစ္မွာစိုးတာေၾကာင့္ အခန္းကိုဒီတိုင္းပဲထားထားတာ ေ႐ွာင္းက်န္႔ေနာက္တစ္ႀကိမ္တစ္ခုခုျဖစ္သြားမွာကို အားလုံးကသိပ္စိုးရိမ္ပါတယ္

ရိေပၚအခန္းထဲ၀င္လာေတာ့ ေ႐ွာင္းက်န္႔က ၀က္႐ုပ္ကေလးကိုဖက္ၿပီးေကြးေကြးေလးအိပ္ေနေလရဲ႕ သူ႕အရပ္အ႐ွည္ႀကီးနဲ႔ ေကြးေကြးေလးအိပ္ေနတဲ့ေကာင္ေလးေၾကာင့္ ရိေပၚသေဘာတက်ျပဳံးလိုက္မိတယ္ ေ႐ွာင္းက်န္႔နဲ႔ပတ္သတ္သမွ်က ရိေပၚအတြက္ေတာ့သေဘာက်စရာေတြခ်ည္းပါပဲေလ ေ႐ွာင္းက်န္႔က အရပ္သာ႐ွည္တာ ခႏၶာကိုယ္ကတကယ္ေတာ့ေသးေသးေလးရယ္ ဒူးဖုံး႐ုံေဘာင္းဘီေလးမို႔ ေကြးအိပ္ေနတဲ့ ေျခသလုံးေလး၊ ေျခက်င္း၀တ္ေလးဟာ အူယားစရာေကာင္းေအာင္ေသးေသးေလး
တစ္ဖက္ကိုေစာင္းအိပ္ေနတာမို႔ ဆူထြက္ေနတဲ့ႏႈတ္ခမ္းေလးကဖူးဖူးေလး မ်က္လုံးမိွတ္ထားလို႔ျဖာက်ေနတဲ့မ်က္ေတာင္ေလး ႏွဖူးေပၚက၀ဲက်ေနတဲ့ဆံစေလး အို အရာအားလုံးဟာ ျမတ္ႏိုးဖြယ္အတိပါေလ

"ေ႐ွာင္းက်န္႔ က်န္႔ကေလး ကိုယ့္ရဲ႕က်န္႔ကေလး"

ရိေပၚက ေ႐ွာင္းက်န္႔ရဲ႕ ႏွာေခါင္းေလးကို ခပ္သာသာလိမ္ဆြဲရင္း ေခၚလိုက္ေတာ့ ေ႐ွာင္းက်န္႔က အိပ္စုံမႈန္မႊားနဲ႔ မ်က္လုံးေလး ဖြင့္ၾကည့္လာေလရဲ႕

"ရိေပၚ ခုနမွျပန္သြားတာမလား"

"အင္း ခုျပန္လာတာေလ ဆိုင္ကယ္ပတ္စီးမလို႔ သြားခ်င္လား"

ဒီစကားၾကားေတာ့ အိပ္ေနတဲ့ေကာင္ေလးက ခ်က္ခ်င္းငုတ္တုတ္ကေလးထထိုင္လာတယ္

"တကယ္ တကယ္အျပင္သြားမွာလား "

"အင္း မင္းသြားခ်င္ရင္သြားမလို႔ "

"သြားမယ္ ကြၽန္ေတာ္သြားခ်င္တယ္"

ေ႐ွာင္းက်န္႔က ျမဴးတူးေနတဲ့အသံေလးနဲ႔​ေျပာတယ္

"ဒါဆို အက်ႌလဲၿပီး ေအာက္ထပ္ဆင္းခဲ့ လက္႐ွည္ ေဘာင္းဘီ႐ွည္၀တ္ေနာ္ အျပင္မွာေလတိုက္တယ္ ကိုယ္ေအာက္ကေစာင့္မယ္"

"အင္းအင္း အျမန္လာခဲ့မယ္"

ရိေပၚ ေ႐ွာင္းက်န္႔အခန္းထဲကထြက္လာၿပီး ေအာက္ထပ္ကဧည့္ခန္းမွာပဲထိုင္ေစာင့္ေနလိုက္တယ္ ခဏအၾကာ ေ႐ွာင္းက်န္႔က အေပၚထပ္ကေန ေျပးဆင္းလာတယ္ စတိုင္ေဘာင္းဘီအျဖဴေလးနဲ႔ တီ႐ွပ္လက္႐ွည္အျပာႏုေလးကို ႐ိုး႐ိုး႐ွင္း႐ွင္းေလး၀တ္ထားတဲ့ေ႐ွာင္းက်န္႔က ေအးခ်မ္းရာေလး

ေ႐ွာင္းက်န္႔ေဆး႐ုံကဆင္းၿပီးတည္းက မ်န္မ်န္ကေ႐ွာင္းက်န္႔အတြက္ အက်ႌအ၀တ္စားေတြအမ်ားႀကီး၀ယ္ေပးထားတာ ခုေခတ္ေကာင္ေလးေတြ၀တ္သလိုဒီဇိုင္းအစုံပဲ ဦးေလးယြီကလည္း သုံးခ်င္ရာသုံးဆိုၿပီး မုန္႔ဖိုးေတြေပးထားေသးတယ္ ေ႐ွာင္းက်န္႔ကေတာ့သုံးစရာလည္းမ႐ွိတာမို႔ ဒီတိုင္းသိမ္းထားလိုက္တာပဲ

"ရိေပၚ ကြၽန္ေတာ္ၿပီးၿပီ သြားၾကမယ္ေလ"

ရိေပၚ ေ႐ွာင္းက်န္႔ခုပုံစံေလးကို မင္သက္စြာေငးေနမိတယ္ ေ႐ွာင္းက်န္႔ကဒီလိုမ်ိဳးေလး ၀တ္စားထားေတာ့ ပုံမွန္ထက္ကိုပိုၾကည့္ေကာင္းေနတယ္ တျခားသူေတြဒီပုံစံေလးကိုေတြ႕မွာမနာလိုလိုက္တာ ျဖစ္ႏိုင္ရင္ေတာ့ ဒီလူသားေလးကို ႏွလုံးသားထဲကိုထည့္ၿပီးဖြက္ထားလိုက္ခ်င္ပါရဲ႕ေလ

ယြီျခံေ႐ွ႕က ဆိုင္ကယ္အစိမ္းေလးဆီ ရိေပၚနဲ႔ေ႐ွာင္းက်န္႔အတူတူထြက္လာခဲ့တယ္ ျခံထဲက အကိုထ်န္းရန္တို႔အတြဲကို လွမ္းႏႈတ္ဆက္ေတာ့ 'တအားေနာက္မက်ေစနဲ႔'တဲ့

"ဟီးဟီး"

"ဘာေတြဒီေလာက္သေဘာက်ေနတာလဲ..ဟင္"

"အျပင္ထြက္ရမွာမို႔ေလ ဟီးဟီး"

ေပ်ာ္႐ႊင္ေနတဲ့ေကာင္ေလးေၾကာင့္ ရိေပၚမွာလည္းထပ္တူေပ်ာ္ေနရပါတယ္ေလ

"အျပင္ထြက္ရမွာအဲ့ေလာက္ေတာင္ေပ်ာ္သလား"

"အင္း ဆိုင္ကယ္လည္းမစီးဖူးဘူး ဆိုင္ကယ္စီးရမွာလည္းေပ်ာ္တယ္"

"ဟုတ္ပါၿပီ ေနာက္ဆိုညေနတိုင္း ဆိုင္ကယ္ပတ္စီးၾကမယ္ေလ"

"တကယ္လား"

"တကယ္ေပါ့ဗ် လာ ဆိုင္ကယ္ဦးထုပ္ေစာင္းေပးမယ္"

ရိေပၚေျပာလိုက္ေတာ့ ေခါင္းလုံးလုံးေလးက သူ႕ေ႐ွ႕တိုးလာေလရဲ႕ ရိေပၚ ေ႐ွာင္းက်န္႔ကို Helmetအနီေလး ေသခ်ာေစာင္းေပးလိုက္ၿပီး သူကိုယ္တိုင္က Helmetအစိမ္းေလးေစာင္းလို႔ ဆိုင္ကယ္ေပၚတက္လိုက္တယ္

"ကိုယ့္ကိုေသခ်ာဖက္ထားေနာ္ "

ရိေပၚေျပာလိုက္ေတာ့ Helmetအနီနဲ႔ေကာင္ေလးက ေခါင္းေလးတဆက္ဆက္ၿငိမ့္ရင္း လက္ေတြကရိေပၚခါးေပၚေရာက္လာတယ္ ခုမွဆိုင္ကယ္စစီးဖူးတာဆိုေတာ့ ေၾကာက္ေနပုံပဲ ရိေပၚသူ႕ခါးေပၚေရာက္လာတဲ့လက္ကေလးကိုဆုပ္ကိုင္လိုက္ၿပီး ဆိုင္ကယ္ေလးကိုစတင္ေမာင္းႏွင္လိုက္တယ္ ~






















































Continue Reading

You'll Also Like

373K 12.6K 74
𝐛𝐨𝐨𝐤 𝐨𝐧𝐞. gilmore girls universe. 𐙚 | B L U E ˖⁺‧₊˚♡˚₊‧⁺˖ ─── blue eyes like the sea on a cold, rainy day ❝ 𝘉𝘓𝘜𝘌 𝘌𝘠𝘌𝘋 𝘉𝘌𝘈𝘜𝘛�...
463K 24.1K 50
❝ 𝐋𝐄𝐓'𝐒 𝐆𝐎 𝐇𝐎𝐌𝐄 ❞ - 𝐖𝐀𝐑𝐍𝐈𝐍𝐆 : This may contain profanities, spoilers, bloody, angst, gore wnr incorrect grammars. I don't own this s...
13.7K 1K 7
𝚂𝚎𝚊𝚜𝚘𝚗 2 𝚘𝚏 𝚃𝚑𝚎 𝙼𝚘𝚜𝚝 𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝙲𝚘𝚞𝚙𝚕𝚎
296K 14.2K 92
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...