အပိုင်း(၂၁)

7.8K 635 32
                                    

[Unicode]

Barတစ်ခုရဲ့ ထောင့်ဘက်ကျကျ လူသိပ်မရှုပ်တဲ့ စားပွဲ၀ိုင်းလေးမှာ ကောင်လေးသုံးယောက်ထိုင်နေပြီး ကိစ္စတစ်ခုကို အခြေအတင်ဆွေးနွေးနေကြတယ်

"ဒီတော့ မင်းက ဒါတွေကို ရှောင်းကျန့်လုပ်တယ်လို့ ဆိုလိုချင်တာလား "

"သူတကယ်လုပ်ခဲ့တာပဲလေ"

ဟောက်ရွှမ်းအမေးကို ၀မ်ရိပေါ်က စားပွဲပေါ်က alcoholလက်ကျန်ကို တစ်ချက်မော့သောက်ပြီး ဖြေတယ်

"ငါတော့ အဲ့လိုမထင်ဘူး ရိပေါ် ရှောင်းကျန့်က ဒီလိုလုပ်မယ့်သူမျိုးလို့ မထင်ဘူး ပြီးတော့ သူ့မှာကphတောင်မရှိတာကို ဘယ်လိုဓာတ်ပုံရိုက်မလဲ"

"phရှိတယ် ဆိုရင်တောင်ကွာ မင်းအောက်ရောက်နေတဲ့သူက ဘယ်လိုဓာတ်ပုံထရိုက်မလဲ"

ယွီပင်းစကားကို ဟောက်ရွှမ်းကပါ ထပ်ထောက်တယ်

"အစတည်းက ပြင်ဆင်ထားတာနေမှာပေါ့ "

"မင်းပြောတော့ ဆေးခပ်တဲ့လူမျက်နှာကိုသေချာမမှတ်မိဘူးဆို ဘာလို့ ရှောင်းကျန့်လို့ထင်ရတာလဲ"

"Sexဖြစ်တာတောင် သူနဲ့ပါဆို ဆေးခပ်တာလည်း သူပဲဖြစ်မှာပေါ့ သူဒီလိုဖြစ်ချင်လို့ ဆေးခပ်ခဲ့တာပဲနေမှာ"

"မင်းထင်သလိုမဟုတ်ရင်ရော ဆေးခပ်တာကရှောင်းကျန့်မဟုတ်ပဲ ရှောင်းကျန့်ကလည်း မင်းလိုပဲလုပ်ကြံခံထားရတာဖြစ်နေမလားမှမသိတာ"

ယွီပင်းနဲ့ဟောက်ရွှမ်းစကားတွေကြောင့် ၀မ်ရိပေါ်မှာ စဥ္းစားရပိုခက်ပြီး စိတ်တွေလည်းပိုရှုပ်ထွေးလာတယ်

"မသိတော့ဘူးကွာ ရူးချင်တာပဲ"

၀မ်ရိပေါ်က ခေါင်းငုံ့ချပြီး ဆံပင်တွေကို လက်နှစ်ဖက်နဲ့ သပ်တင်လို့ ငြိမ်နေတယ် ယွီပင်းနဲ့ဟောက်ရွှမ်းလည်း ဒီစဥ္းစားရခက်တဲ့ ကိစ္စကြီးအတွက် ဘယ်လိုလုပ်ရမှန်းမသိ ရိပေါ်ဘေးမှာ ပဲငြိမ်နေလိုက်တယ်

ခဏအကြာမှာ သူတို့အနောက်ဘက်က၀ိုင်းကို လူတစ်ချို့လာထိုင်တယ် သူတို့နဲ့ နောက်ကျောကပ်ပေါ့ Barရဲ့  နေရာထိုင်ခင်းထားပုံအနေအထားက ထောင့်တိုင်းမှာ ထိုင်သောက်လို့ရမယ့် စားပွဲ၀ိုင်းနှစ်ခုဆီ ကျောချင်းကပ်ရှိတယ် အလယ်မှာက dance floor ပေါ့ သူတို့ထိုင်နေတဲ့နေရာက အနည်းငယ်မှောင်ရိပ်လွှမ်းပြီး သီးသီးသန့်သန့်ရှိတယ်

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now