Unicode
"ဂျီမင်း.. မင်းသေချာရဲ့လား"
"သေချာတာပေါ့ ငါ့ညီမလေးရဲ့မဂ်လာပွဲကို သူ့အစ်ကိုဖြစ်တဲ့ငါကတက်ရမှာပေါ့"
Necktieကိုသေသေချာချာ လှလှလေးတပ်လိုက်ရင်း ထယ်ယောင်းရဲ့အမေးကိုဂျီမင်းပြန်ဖြေမိသည်။ Shirtအဖြူလေးကိုအပေါ်ကအနက်ရောင် coatလေးထပ်ဝတ်ကာ နားဆွဲတွဲလောင်းလေးတစ်ခုကိုလည်း နားတစ်ဖက်မှာတပ်လိုက်သေးသည်။ တော်ပြီလေတစ်ဖက်ပဲ။ပန်းရောင်ဆံပင်တွေကို ပွယောင်းယောင်းဖြစ်အောင် ထိုးဖွပြီးပြုံးလိုက်ပုံက သူပြင်ဆင်လို့ပြီးပြီဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုပေးနေသည်။
ပတ်ဂျီမင်းဘယ်လောက်လှသလဲ။
necktieချည်နေတဲ့လက်တွေ၊ တွဲလဲကျနေတဲ့နားဆွဲလေးနဲ့ ယိမ်းနွဲ့သွားတဲ့ပန်းရောင်ဆံနွယ်တွေက ရင်သပ်ရှုမောဖွယ် ပန်းချီကားတစ်ချပ်လို။ လှုပ်ရှားမှုတိုင်းက အနုပညာတစ်ခုလို တစ်ခမ်းတစ်နား။ သွားတန်းလေးတွေပေါ်အောင်ပြုံးလိုက်တိုင်း ကျောက်မျက်ရတနာတစ်ခုလို တန်ဖိုးထားပြီးပြေးကောက်ထားချင်စရာအတိ။
"မင်းမသွားချင်လည်းရတယ်ယောင်း ငါတော့သွားဖြစ်အောင်သွားမှာ"
မှန်ကြည့်နေရာမှ ထယ်ယောင်းအားလှမ်းအော်ပြောလိုက်သည်။
"ငါမသွားလို့မရဘူးလေ စီးပွားဖက်တွေဆိုတော့ ပွဲမှာငါမရှိရင်မျက်နှာပူစရာ"
"အဲ့တာကြောင့်တူတူသွားမယ်ပြောနေတာကို မင်းကဘာလို့အတင်းငြင်းနေတာလဲ"
မျက်မှောင်ကျုံ့ကာသူ့အားကြည့်လာသည်။ အဲ့မျက်ဝန်းကျဥ်းကျဥ်းတွေက လူသတ်လက်နက်တွေ။
"မင်းညီမကလည်း လာစေချင်မှာမဟုတ်ဘူးမင်းကို"
"ဆေွမျိုးသားချင်းဆိုလို့ ငါပဲရှိတာ သူငါ့ကိုလာစေချင်မှာပါ မလာစေချင်လည်းငါကသွားမှာပဲ ဘာထူးလဲ"
"အေး အဲ့တာဆိုလည်းမင်းသဘောပဲ"
ကုတင်ပေါ်ထိုင်နေရာမှ ထယ်ယောင်းထထွက်လာခဲ့သည်။ ဂျီမင်းဘာတွေဖြစ်ချင်နေတာလဲ သူလည်းမသိ။ သူများအိမ်ပေါ်ထိ ပိုင်စိုးပိုင်နင်းရေလာချိုးလို့လည်း မကျေနပ်ပါ။ မဂ်လာဆောင်ကိုသွားမယ်တဲ့။ အင်း....ဒီနေ့ကဂျောင်ကုနဲ့ယွန်းဂျီအာရဲ့မဂ်လာပွဲကျင်းပမယ့်နေ့။
ထယ်ယောင်းဘယ်လောက်တားတား ဂျီမင်းဆုံးဖြတ်ချက်ကမပြောင်းလဲခဲ့။ မတတ်နိုင်တဲ့အဆုံးသူပဲ လက်လျော့ခဲ့ရသည်။ ပတ်ဂျီမင်းကအကြောတင်းလေး။ ဂျွန်ဂျောင်ကုမဂ်လာဆောင်တဲ့မြင်ကွင်းကို မင်းကဘယ်လိုစိတ်နဲ့ကြည့်မှာလဲ အရူးကောင်ရေ။
အပြင်ထွက်လာမိတော့ ဧည့်ခန်းမှာထိုင်နေတဲ့ ယွန်းဂီhyungက သူ့ဆီလျှောက်လာသည်။
"ဂျီမင်းကိုပြောလို့မရဘူးလားထယ်လေး"
"မရပါဘူးဗျာ"
"ထားလိုက်ပါ သူက ကလေးပဲအလိုလိုက်,လိုက်"
"အဲ့ကလေးက ကျွန်တော့်ထက်နှစ်လတောင်ကြီးတယ်hyungရဲ့"
အလိုမကျစွာထွက်လာတဲ့ စကားသံနဲ့အတူ နှုတ်ခမ်းကပါထော်ထွက်လာသည်။
"စိတ်ဆိုးရင် နှုတ်ခမ်းထော်တဲ့အကျင့်ကိုပြင်စမ်း"
"စိတ်ဆိုးလို့ထော်တာမဟုတ်ဘူး hyungနမ်းဖို့ထော်ပေးထားတာ"
"အာ....ဒီကောင်လေး"
"အတည်ပြောတာ မိုးလင်းကတည်းကhyung
ထယ့်ကိုမနည်းရသေးဘူး အခုနမ်း"
"နမ်းခိုင်းရင်လည်း နည်းနည်းငုံ့ပေးလေ မင်းအရပ်ကြီးငါမမှီဘူး"
"ကျွန်တော်လည်းမငုံ့ဘူးညောင်းတယ် လာဒီလိုလုပ်"
ပြောပြောဆိုဆို မင်ယွန်းဂီကိုမျက်နှာချင်းဆိုင် ကောက်ချီလိုက်သည်။ အငိုက်မိသွားတဲ့ယွန်းဂီမှာလည်း ကြောက်အားလန့်အားနဲ့ ခါးတွေကိုသာကိုးကွယ်ရာအဖြစ် ခြေထောက်တွေနဲ့ချိတ်ထားမိသည်။
"ကင်ထယ်ယောင်း အခုချပေးစမ်းငါ့ကို"
"နမ်းပြီးရင်ချပေးမယ် အခုနမ်း"
အရှေ့ကိုတိုးလာတဲ့ယွန်းဂီhyungမျက်နှာကြောင့် ပြုံးပြုံးကြီးမျက်လုံးမှိတ်ကာ အနမ်းတို့ကိုခံယူဖို့အပြင်....
"သွားမယ်လေထယ်....ထယ် အယ်..ငါ ကားထဲကပဲစောင့်နေတော့မယ် အဟမ်း"
ပြောချင်တာတွေပြောပြီး အလိုက်ကန်းဆိုးမသိစွာ ချောင်းဟန့်သွားတဲ့သူငယ်ချင်းကို နာရင်းတွေပဲပြေးရိုက်ချင်မိသည်။ ဒေါသထွက်နေတုန်း သူ့နှုတ်ခမ်းပေါ်ကျရောက်လာတဲ့ နှုတ်ခမ်းသေးသေးလေး။ ခဏလေးပါပဲ။ ဖြတ်ခနဲ ခဏလေးပဲ။
"နမ်းပြီးပြီ ငါ့ကိုအောက်ချပေးတော့"
"ဘာလို့နှုတ်ခမ်းလေးက အဲ့လောက်သေးရတာလဲ နမ်းသွားမှန်းတောင်မသိလိုက်ဘူး"
"ကြာတယ် ငါစိတ်မရှည်တော့ဘူးကင်ထယ်ယောင်း"
အသံလေးကနည်းနည်းမာလာတာကြောင့် အလိုက်တသိအောက်ကိုအမြန်ချပေးပြီး ဂျီမင်းနောက်လိုက်လာခဲ့လိုက်သည်။ နှဖူးလေးကိုအနမ်းပေးခဲ့ဖို့ကလည်း မမေ့မလျော့ပေါ့။
ကားထဲဝင်ပြီးခါးပတ်ပတ်နေရင်းမှ ဘေးခုံမှာထိုင်နေတဲ့ဂျီမင်းကို မျက်စောင်းထိုးလိုက်မိသည်။
"ပြီးပြီလား"
"ပြီးလို့ကားထဲရောက်လာတာပေါ့"
"မြန်မြန်မောင်း နောက်ကျတော့မှာပဲ"
"အစောကြီးရှိသေးတာကို ငါကန်ချလိုက်ရ"
ကားလေးကတော့ ရန်ဖြစ်သံတဆာဆာနဲ့ မဂ်လာပွဲကျင်းပမယ့်နေရာဆီသို့လှိမ့်လာခဲ့သည်။
_____________________~___________________
အလှပြင်အခန်းထဲထိုင်နေရင်း ဂျီအာကြောက်လန့်နေမိသည်။ အဖြူရောင်ဂါဝန်ကြီးကို ဝတ်ထားပြီးလှပကျော့ရှင်းနေတဲ့ သတို့သမီးလေးကအညိုရောင်ဆံပင်တို့ကိုထုံးထားတာကြောင့် ရှင်းလင်းနေတဲ့မျက်နှာလှလှလေးနဲ့ မလိုက်ဖက်စွာ ညှိုးငယ်လို့။ ထိုအခန်းထဲတွင်ပဲ ဥက္ကဌယွန်းမင်ချောနဲ့ ဂျောင်ကုအမတို့လည်း အသီးသီးစိုးရိမ်ပူပန်နေကြသည်။ နောက်မိနစ်သုံးဆယ်အတွင်းစတော့မယ့် မဂ်လာပွဲရဲ့သတို့သားပျောက်နေမှတော့ ပူသင့်တာပေါ့။
ထိုပူပန်ခြင်းတွေကို မသိတဲ့သတို့သားလေးကတော့ သူနဲ့ဂျီမင်းနေခဲ့တဲ့အိမ်ကြီးကို သတို့သားဝတ်စုံလေးဝတ်ပြီး တစ်ဝကြီးကိုထိုင်ကြည့်နေလေသည်။ အတွင်းပိုင်း၊အပြင်ပိုင်း၊ပန်းခြံ တစ်နေရာမှခြေရာလက်ရာမပျက်။ အလုပ်သမားတွေ ကောင်းကောင်းအလုပ်လုပ်နေကြတာပဲ။ တစ်အိမ်လုံးကိုပတ်ကြည့်ပြီးနောက်မှာ သူမကြည့်ရသေးတာ အိပ်ခန်းတစ်ခန်းသာကျန်တော့သည်။
အသက်ကိုဖြည်းဖြည်းရှူပြီး အခန်းထဲဝင်လာခဲ့လိုက်သည်။ အိမ်လို့ခံစားမိတဲ့တစ်ခုတည်းသောနေရာပဲ။ ဂျီမင်းရဲ့အငွေ့အသက်တွေအပြည့်ရှိနေတဲ့နေရာလေး။ အလုပ်သမားတွေနဲ့ တစ်ရင်းတစ်နှီးမနေတဲ့ သူ့အမျိုးသားလေးက ပန်းခြံထဲမဆင်းချင်ရင် ဒီအခန်းထဲမှာပဲဝင်အိပ်နေတတ်တာလေ။
မှန်တင်ခုံပေါ်တင်ထားတဲ့ ဓာတ်ပုံလေးကိုကောက်ယူပြီး ဂျောင်ကုတစ်စိမ့်စိမ့်ကြည့်နေမိသည်။ ချစ်သူရည်းစားဘဝက သူနဲ့ဂျီမင်းပထမဆုံးရိုက်ထားခဲ့တဲ့ပုံလေး။ အမှတ်တရအနေနဲ့သာဘောင်သွင်းထားတာ ရုပ်တွေကတစ်ကယ်ငချွတ်ရုပ်လေးတွေပါ။ ဓာတ်ပုံလေးကိုပြုံးကြည့်နေရင်းမှ ခပ်ဆွေးဆွေးဆိုမိပြန်သည်။
"မောင် နောင်တရတယ်ကိုကို"
ဓာတ်ပုံလေးကိုဖွဖွလေးနမ်းလိုက်သည်။ မြင်ယောင်နေမိတာက အတူတူဖြတ်သန်းလာတဲ့အချိန်အတွင်း ကြည်နူးခဲ့ရတဲ့အခိုက်အတန့်တွေ။
"ဦးနှောက်ကနေမှတ်ပြီး နှလုံးသားထဲကိုပို့လိုက်ပြီမို့လို့ မောင့်မှတ်ဥာဏ်တွေနဲ့ ရင်ခုန်သံတွေတိုင်းမှာ အတူတူရှိနေပေးနော် မောင်အပြီးအပိုင်လာနှုတ်ဆက်တာ"
မဂ်လာပွဲကိုသွားရတော့မှာဖြစ်လို့ ဓာတ်ပုံလေးကိုပြန်အချ မြင်ရလိုက်ရတာကခေါက်ထားတဲ့စာရွက်လေးတစ်ရွက်။ သိချင်စိတ်
တို့နဲ့အတူ မျက်ခုံးတွေပါတွန့်ချိုးသွားရသည်။
ဖွင့်ဖတ်ကြည့်လိုက်တော့ အရင်ဆုံးမြင်ရတာ ကိုကို့လက်ရေးလေးတွေ။
ိမောင့်အတွက်/
စာအစမှာပင် သူ့လက်တို့တုန်ရီလာရသည်။
မင်းသိလားမောင် ကိုကိုကလေ မင်းကိုဘယ်တော့မှ မုန်းတီးမှာမဟုတ်ဘူးနော်။မောင့်ကို စချစ်မိပြီဆိုကတည်းက အမုန်းတရားဆိုတာ ကိုကို့ဆီမှာမရှိတော့ဘူး။ လက်ထပ်ပြီးမောင် ကိုကို့အပေါ်ပစ်ပယ်ခဲ့တဲ့ အချိန်တွေတုန်းကဆိုရင် ကိုကိုညဘက်တွေကိုအရမ်းချစ်လာမိတယ်။ ဘာလို့ဆိုညဘက် အိပ်မက်တွေထဲမှာ ကိုကိုကမောင့်ရင်ခွင်ထဲဝင်အိပ်နေရသလို ေမာင်ကလည်းကိုကို့ကိုဖက်ထားတာတဲ့လေ။
အဲ့နေ့ကမောင် phပြောနေတာကို ကိုကိုကြားလိုက်ရတယ်။ အဲ့အချိန်ကိုကိုသာ ခါတိုင်းလိုမင်းအတွက် ရေချိုးဖို့ရေသွားစပ်ပေးနေရင် ကြားဖြစ်ခဲ့မှာမဟုတ်ဘူး။ အဲ့တာတွေကြားရရချင်း ကိုကို့ကမ္ဘာကြီးအစိတ်စိတ်အမွှာမွှာဖြစ်တာသိလား။ မောင်မသိခင်ခြံထဲဆင်းငိုရတာ။ အသံမထွက်အောင် လက်ကိုကိုက်ထားမိတော့ လက်ကသွားရာအကွင်းလိုက်မှာ သွေးပါစို့ရော။ ကိုကိုအကုန်သိနှင့်နေပြီးသားပါ။ ဒါကြောင့်လည်းမင်းအနေရမခက်အောင် ကိုကိုကြိုပြင်ဆင်နိုင်ခဲ့တာေပါ့။
ကွာရှင်းရမယ်ဆိုတော့ အမှန်တိုင်းပြောရရင်လန့်သွားမိတယ်။ မင်းကိုကို့ကို တစ်ကယ်မချစ်တော့တာလားဆိုပြီး။ ဒါပေမယ့်အရာရာက ကိုကို့ကလေးလေး မောင့် အလိုကျပဲပေါ့။ ကိုကိုမင်းကိုမာမာထန်ထန်တွေပြောမိမှာမို့လို့ ကြိုတောင်းပန်ပါရစေနော်။ ထမင်းသေချာစား။ နေကောင်းအောင်နေ။ ဟိုမိန်းကလေးနဲ့လက်ကျန်ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ။ စိတ်တော့ညစ်ပြီးငိုမနေနဲ့နော်။ မင်းငိုရင် ကိုကို့နှလုံးသားကပါအောင့်လာတတ်လို့။
ပျော်ပျော်နေရစ်ပါကိုကိုမပိုင်တော့တဲ့ကမ္ဘာလေးရေ။ ေမာင်က ကမ္ဘာကြီးအတွက်လူသားတစ်ယောက်ပဲဆိုပေမယ့် ဒီလူသားအတွက်ကတော့ ကမ္ဘာကြီးတစ်ခုမို့လို့ တောက်တောက်ပပရှင်သန်သွားပါ။ ကိုကိုကမင်းမျက်နှာကိုကြည့်ရင်းရှင်သန်ရမှာမို့လို့ မင်းကပျော်ရွှင်ရမယ်နော် ကတိ...။
အဆုံးထိဖတ်ပြီးနောက် စာရွက်လေးကကြမ်းပြင်ပေါ် မျက်ရည်စက်တို့နဲ့အတူကျသွားသည်။ ကိုကိုကအစတည်းက အကုန်သိနှင့်နေတာတဲ့။ သိသိကြီးနဲ့ကိုသူ့အနားရှိနေပေးခဲ့တာပေါ့။ စာလေးကသူအိမ်ပေါ်ကဆင်းတဲ့နေ့ကတည်းကရေးထားခဲ့တာဖြစ်မည်။ အား..ဘာလို့အခုမှတွေ့ရတာလဲကွာ။ ဆုံးဖြတ်ချက်တစ်ခုကိုသေချာချပြီး လက်ကဝတ်ထားတဲ့နာရီကို
ကြည့်မိတော့ အခမ်းအနားစဖို့ နာရီဝက်အလို..... ကားကိုအရှိန်ကုန်မောင်းထွက်လာခဲ့သည်။ မဂ်လာပွဲလုပ်တဲ့Hotelရှေ့ရောက်တော့ မမကအပူသည်ရုပ်နဲ့သူ့နားပြေးလာသည်။
"ဂျွန်ဂျောင်ကု နင်ဘယ်တွေရောက်နေတာလဲ ပွဲစတော့မယ် အခုထိမျက်နှာကဘာမှမပြင်ရသေးဘူး"
မမစကားတွေကို မကြားချင်ယောင်ဆောင်ခဲ့ပြီး သတို့သမီးရှိနေလောက်မယ့် အခန်းထဲကိုသာဝင်လာခဲ့လိုက်သည်။
"အစ်ကိုလာတယ်ပေါ့"
"မလာစေချင်တာလား"
"ညီမမျက်နှာပြောင်တိုက်လွန်းနေပြီထင်တယ်နော်"
"လှနေသားပဲ ဂါဝန်ကဝယ်တာမဟုတ်လား မသိရင်တိုင်းချုပ်ထားသလိုပဲ"
ချောက်.....
ဂျီအာနဲ့စကားပြောနေစဥ် ရုတ်တရက်ဝင်ချလာတဲ့ဂျောင်ကု။
အခန်းထဲဝင်ဝင်ချင်း မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဂျောင်ကုမေးခွန်းများစွာထွက်လာရသည်။ ဘာလို့ကိုကိုက ယွန်းဂျီအာနဲ့အတူတူ ဒီထဲမှာရှိနေရတာလဲ။ ဂျီအာကတော့နှစ်ယောက်လုံးကိုထားခဲ့ကာ အပြင်ထွက်သွားလေသည်။ အခန်းထဲမှာ သူနဲ့ကိုကိုနှစ်ယောက်တည်း။
ဂျောင်ကုအချိန်ဆွဲမနေပဲ သေမတတ်လွမ်းနေရတဲ့ ခန္ဓာကိုယ်သေးသေးလေးကို ပြေးဖက်လိုက်မိတော့ ရလိုက်တဲ့အကျိုးဆက်က တွန်းထုတ်ခံရခြင်း။
"လူမြင်မသင့်တော်တာတွေမလုပ်နဲ့ မင်းကလက်ထပ်ရတော့မယ့်သတို့သားနော်"
"အတူတူထွက်ပြေးရအောင်"
"ဘာ"
"ဒီပွဲကိုဒီအတိုင်းထားခဲ့ပြီး မောင်တို့အတူတူထွက်သွားကြရအောင်နော်"
ပုံမှန်ဆိုဂျီမင်းပျော်ပျော်ကြီးလက်ခံမိလောက်ပေမယ့် အခုကသူ့ညီမလေးလေ။ မဂ်လာပွဲမှာ သတို့သားကထွက်သွားတော့ လူတွေကြားသူ့ညီမလေးမျက်နှာပျက်ရမှာပေါ့။
"မိန်းကလေးဘက်ကိုငဲ့စမ်းဂျောင်ကု"
"ဘာလို့သူ့ကိုစဥ်းစားရမှာလဲ"
"မင်းသဘောကျလွန်းလို့ ငါ့ကိုတောင်ပစ်ပြီးမင်းကိုယ်တိုင်ရွေးချယ်ထားတဲ့သူလေ အခုမှဘာတွေလာဖြစ်နေတာလဲ"
"မောင်အကုန်ရှင်းပြပေးမှာမို့လို့ ကိုကိုကမောင့်စကားကိုနားထောင်ပါကွာ မောင်နဲ့လိုက်ခဲ့ မောင်အားလုံးကိုရင်ဆိုင်မယ် ကိုကိုကမောင့်လက်ကိုသာ ယုံယုံကြည်ကြည်နဲ့ဆုပ်ကိုင်ထားပေး"
လက်ကိုဆွဲတော့ရုန်းထွက်သည်။
"ဟင့်အင်းမထိနဲ့"
"ကိုကိုရေးထားတဲ့စာကို မောင်ဖတ်လိုက်ရတယ်"
"စာ...ဘယ်ကစာ.. မဟုတ်မှလွဲ..."
"မောင်အရာရာတိုင်းအတွက်တောင်းပန်ပါတယ်"
"တောင်းပန်ပါတယ် ကလွဲလို့ပြောစရာစကားမင်းမှာမရှိတော့ဘူးပဲ"
"ကိုကို..."
မျက်ရည်ကြည်တွေပြည့်နှက်နေတဲ့ မျက်လုံးဝိုင်းတွေနဲ့သူ့ကိုကြည့်လာသည်။ အဲ့မျက်ရည်တွေက ပတ်ဂျီမင်းရဲ့ရင်ကို အစိမ်းလိုက်ခွဲပြစ်နိုင်တဲ့ အက်ဆစ်တွေ။
"အကုန် အချိန်လင့်ကုန်ပြီ မင်းကိုငါတောင်းဆိုထားပါ ငါ့ကိုလက်လွှတ်လိုက်ပြီးတော့ မင်းလက်ထပ်ရမယ့်မိန်းကလေးနဲ့ပဲ မင်းအေးဆေးနေလို့မရဘူးလား"
"ဒါပေမယ့်..."
"ငါတောင်းဆိုတာပါ"
"ကျွန်တော်မလုပ်နိုင်တော့ဘူးထင်တယ်"
"မင်းပဲငါ့ကိုချစ်တယ်ဆို"
ပါးတစ်ဖက်ကိုအုပ်ကိုင်လာတဲ့ နုညံ့ညံ့လက်တစ်စုံကို ဂျောင်ကုတွန်းလှန်နိုင်စွမ်း မရှိပါ။
"ငါ့ကိုချစ်ရင် ငါ့စကားကိုနားထောင်လေ ငါ့ကိုမေ့ပြီး သူမနဲ့ဘဝအသစ်စ..."
"ဒါ..ကိုကို့ရဲ့စိတ်ရင်းအမှန်လား"
"အင်းဟုတ်တယ်"
"မောင့်ကိုနမ်းပါ နောက်ဆုံးအကြိမ်အဖြစ်။ အမှတ်တရတွေကိုဒီအနမ်းတစ်ခုတည်းနဲ့ တစ်ဘဝစာထုတ်ပိုးပြီးသိမ်းဆည်းထားလိုက်တော့မှာမို့လို့ မောင့်ကိုနမ်းပေးပါ မဟုတ်ရင်မောင်မလုပ်နိုင်လောက်ဘူး"
"လက်ထပ်တော့မယ့်လူတစ်ယောက်ကို ငါကဘယ်လိုစိတ်နဲ့နမ်းရမှာလဲဂျောင်ကု"
"ဂျီမင်း!!! မောင့်ကိုနမ်း"
အထက်စီးမှပြောလာသည့် အမိန့်ဆန်ဆန်လေသံကြောင့် ဂျီမင်းမျက်လုံးမှိတ်ကာ နှုတ်ခမ်းပါးများကို သူ့နှုတ်ခမ်းထူထူတို့ဖြင့်ဖိကပ်လိုက်သည်။ ဂျောင်ကုမျက်ဝန်းမှကျလာတဲ့မျက်ရည်တို့က သူ့ပါးပြင်ထက်သို့ပါအလုအယက် ခိုနားကြသည်။ တစ်ကယ်ဖွဖွလေး ထိကပ်ထားရုံပါပဲ။
နောက်ဆုံးအနမ်းကို ဒီလောက်လေးနဲ့မောင်ကကျေနပ်မယ်များ ထင်နေတာလား။ ခါးမှဆွဲဖက်ကာ အနမ်းတွေကိုနက်ရှိုင်းပြစ်လိုက်သည်။နှုတ်ခမ်းတွေကို အကြမ်းပတမ်းထိတွေ့ကာ အရသာခံနေမိသည်။ ဒီအနမ်းတွေကိုဘယ်နှစ် နှစ်ကြာကြာမှတ်မိနေအောင် အလွတ်ကျက်နေသလို။ အတော်အတန်ကြာမှ လွှတ်ပေးလိုက်တော့ မျက်နှာတွေနီရဲနေသည့်ဂျီမင်းက သူ့ကိုတစ်ချက်ပဲကြည့်ကာ အခန်းအပြင်သို့လှည့်ထွက်သွားလေသည်။
ဂျောင်ကုလည်းမျက်ရည်ကိုသုတ်လိုက်ပြီး အကျီ ္ကိုတစ်ချက်ပြင်လိုက်ကာ ခန်းမကိုသွားဖို့အလုပ် လမ်းထောင့်ချိုးတစ်ခုနား ကြားလိုက်ရတဲ့အသံကြောင့် အသံလာရာဘက်ကို နံရံတွေနောက်ကနေ ခေါင်းလေးပြူပြီးချောင်းကြည့်လိုက်တော့ ယွန်းဂျီအာနဲ့ဥက္ကဋ္ဌယွန်း။
"ဖေဖေ သမီးလက်မထပ်ချင်ဘူး"
"ဂျီအာ ပွဲကဖြင့်စနေပြီ မျက်နှာပျက်စရာတွေမလုပ်နဲ့နော်"
"ဖေဖေသာ သူ့အဖေကိုသတ်ထားတဲ့လူမှန်းသိခဲ့ရင် ဂျောင်ကုကသမီးကိုကြင်နာနိုင်ပါ့မလား"
"အဲ့တာနောက်ကိစ္စ အရေးကြီးတာ Jeonphoriaကshareတွေငါ့လက်ထဲရောက်ဖို့ပဲလေ အိမ်ထောင်ရေးအဆင်မပြေလဲ ကွဲလိုက်ကြပေါ့ လာအခုခန်းမထဲပြန်ဝင်"
"အာ့ ဖေဖေ"
လက်ကိုအကြမ်းပတမ်းဆွဲကိုင်ကာ ခေါ်သွားခံရတာကြောင့် ဂျီအာနာကျင်သွားရသလို ဂျောင်ကုကလည်း ကြားလိုက်ရတဲ့စကားတွေကြောင့် နှလုံးသားတစ်ခုလုံး စုတ်ပြတ်သွားတဲ့အထိကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။
အခုမှရုတ်တရက်ကြီးဘာတွေထဖြစ်ကုန်တာလဲ။ ဂျောင်ကုဘာတစ်ခုမှလိုက်မမှီတော့။ သစ္စာအဖောက်ခံရတာလား။ နောက်ကျောဓားနဲ့အထိုးခံရတာလား။ အလိမ်ခံရတာလား။ လှည့်စားခံရတာလား။ ဘာကိုခေါင်းစဥ်တပ်ရမှန်းမသိတော့။
"သတို့သားခင်ဗျ မဂ်လာပွဲစနေပါပြီ"
အတွေးတို့ဗလာနတ္တိဖြစ်နေစဥ် အနားနားကပ်ပြီးကြားလိုက်ရတဲ့အသံကြောင့် လန့်ပြီးခန္ဓာကိုယ်တုန်သွားသည့်ပုံက နာနာဘဝတွေ့လိုက်ရသလို။
"ေဩာ် အင်း"
"ကျွန်တော်နဲ့လိုက်ခဲ့ပေးပါဗျ ဒီလမ်းပါ"
ဂျောင်ကုဘာခံစားချက် ဘာအတွေးမှမရှိပဲ ဒီတိုင်းသာလိုက်သွားမိသည်။ ဆေးမိထားသလို။ စိတ်ညှို့ခံထားရသလို။ ဖြစ်သွားတဲ့အဖြစ်အပျက်က ဘာလဲဆိုတာလည်းသူမစဥ်းစားနိုင်တော့။
မဂ်လာပွဲစနေသည်အထိ ဂျီမင်းကိုမတွေ့တာကြောင့် ထယ်ယောင်းလိုက်ရှာနေမိသည်။ ရှာနေရင်း toilet ရှေ့မှအဖြတ် ရှိုက်သံလိုလိုနဲ့ ရေကျသံကိုပါရောပြီး ကြားလိုက်ရတာကြောင့် တံခါးဖွင့်ပြီးဝင်သွားကြည့်လိုက်တော့ ထင်တဲ့အတိုင်းပတ်ဂျီမင်း။ မျက်လုံးတွေမို့အစ်နေပုံက အကြိမ်ကြိမ်ငိုကျွေးထားသည့်ပုံစံ။ ရေကိုလက်နှစ်ဖက်နဲ့ခံကာ မျက်နှာကိုခပ်ကြမ်းကြမ်း ပွတ်ကာသစ်နေလေသည်။ အသားနုနုတို့အနာတရဖြစ်ကုန်မှာဆိုး၍ ထယ်ယောင်းတားလိုက်သည်။
"ဂျီမင်းတော်တော့"
အသံကြားမှ သူ့ကိုသတိထားမိပုံရသည့်ဂျီမင်းက မှန်ကနေတစ်ဆင့် ခေါင်းထောင်ကာကြည့်လာသည်။ ထို့နောက်နောက်ဆုံးတစ်ချက် မျက်နှာကိုရေနဲ့ပက်၍ ဘေးကတစ်သျှူးတွေနဲ့ကောက်သုတ်နေသည်။ ထယ်ယောင်းလည်း
တစ်သျှုးသုံး၊လေးခု တစ်ခါတည်းယူလိုက်ကာ မေးစေ့မှကိုင်၍ မျက်နှာလှလှလေးကို အသာအယာ ခပ်ဖွဖွသုတ်ပေးနေမိသည်။
"ဘာလို့ဒီမှာလာငိုနေတာလဲ"
"မျက်လုံးထဲဘာဝင်လဲမသိဘူး စပ်နေလို့ရေလာဆေးတာ"
"မျက်လုံးထဲတစ်ခုခုဝင်တာ မျက်နှာသစ်ဖို့လောက်အထိလည်းမလိုပဲနဲ့"
"မရှည်စမ်းနဲ့ ငါကလိုတယ်ဆိုလိုလိုက်ပေါ့"
"လိမ်ညာမှုထဲမှာ ကိုယ့်ကိုကိုယ်လိမ်ညာတာက အဆိုးဆုံးပဲနော်"
စိုရွှဲသွားတဲ့ တစ်သျှူးစကိုဘေးကအမှိုက်ပုံးထဲ လုံးချေကာပြစ်လိုက်ပြီး နောက်အသစ်ကိုယူကာ မျက်နှာရဲ့စိုနေသေးတဲ့ အစိတ်အပိုင်းတွေကိုသုတ်ပေးနေရင်းမှ ထယ်ယောင်းပြောလိုက်သည်။
"ငါမခံစားနိုင်ဘူး ယောင်း"
"အဲ့တာကြောင့်ငါပြောပါတယ် နေခဲ့ပါဆိုတာကို မင်းကခေါင်းကြောတအားမာတာပဲ"
"ငါ့ကိုမဆူပါနဲ့"
"လာ ပွဲစတော့မယ်"
မျက်နှာမှာရေတွေလည်း ကုန်စင်သွားတာကြောင့် လက်ကဆွဲပြီးအပြင်ကို ခေါ်ထုတ်လာရသည်။ ဒါတောင် အကျီ ်ရင်ဘတ်မှာ ရေကွက်ကကျန်နေသေး။ လူတွေများနေတာကြောင့် သူတို့နှစ်ယောက်တိုးဝင်လာတာကိုလည်း မည်သူမျှမမြင်ပါ။ ထောင့်ကျတဲ့ခုံလေးမှာသာ နှစ်ယောက်သားဝင်ထိုင်နေလိုက်ကြသည်။
မကြာခင် ခန်းမကြီးကမီးရောင်တွေလင်းထိန်သွားပြီး သီချင်းသံတွေထွက်ပေါ်လာတာနဲ့တစ်ပြိုင်နက် လက်ခုပ်သံတွေပါတစ်ခဲနက်ထွက်ပေါ်လာကြသည်။ ထိုလက်ခုပ်သံတွေကြား သတို့သမီးလှလှလေးက အဖေဖြစ်သူရဲ့လက်မောင်းကို ဆုပ်ကိုင်ကာ လျှောက်လမ်းအတိုင်းလျှောက်လို့လာသည်။ လျှောက်လမ်းအဆုံးက သတို့သားကတော့ ပြုံးခြင်း၊ရယ်ခြင်းအလျဥ်းမရှိ။ မျက်နှာသေနဲ့။ ဂျီမင်းမျက်ရည်တွေဝဲကာ လက်ခုပ်တီးမိသည်။ မင်းကြားလားမောင်။ ငါ့ရဲ့လက်ခုပ်သံတိုးတိုးလေးကို။
မီးရောင်တွေလင်းထိန်နေပေမယ့် ဂျောင်ကုဘာမှမမြင်နိုင်။ လက်ခုပ်သံတွေပြည့်နှက်နေပေမယ့်ဘာမှမကြားနိုင်။ ကိုကိုဘယ်မှာလဲ။ နောက်ဆုံးအချိန်အထိ ကိုကို့ကိုသာရှာနေမိသည်။ ခန်းမတစ်တစ်ခုလုံးကို မျက်စိတစ်ဆုံးဝေ့ကြည့်လို့ အပြီးမှာတော့ အများသူငါကြား ထင်းထင်းလေးထွက်နေတဲ့ ပန်းရောင်လေးကြောင့် သူပြုံးလိုက်မိသည်။ ကိုကိုရှိနေသေးတာပဲ။ သတို့သမီးက ရှေ့တော်မှောက်ရောက်လာမှ ပန်းရောင်အရာဆီကနေ အကြည့်တွေကိုလွှဲပြီး ကတိသေစ္စာဆိုဖို့ မျက်နှာချင်းဆိုင်ရပ်မိသည်။
ကတိသေစ္စာပြုမယ့်အချိန်မှာတော့ ဂျီမင်းခေါင်းကိုငုံ့ချပြစ်လိုက်သည်။ ထိုအခါမှအလိုက်မသိတဲ့မျက်ရည်တွေက ပေါင်ပေါ်ကိုအလုအယက်ပြေးဆင်းကုန်သည်။
"သတို့သားဂျွန်ဂျောင်ကုသည် သတို့သမီးယွန်းဂျီအာအား သက်ဆုံးတိုင် ပေါင်းသင်းပါမည်လော"
ဂျောင်ကုထံမှအဖြေကင်းမဲ့နေသည်။ ဂျောင်ကုအာရုံရှိနေတာက ပန်းရောင်ခေါင်းလေးဆီမှာ။ ခေါင်းကိုငုံ့ချလိုက်တာ ငိုနေတာများလား။ ကိုကို့အကျင့်အရ ငိုချင်ပေမယ့်လူမြင်မခံချင်ရင် ခေါင်းကိုငုံ့တတ်တာကြောင့် စိတ်ကအစိုးမရ။
"သတို့သားဂျွန်ဂျောင်ကု"
ဖာသာရဲ့လက်တို့ပြီးနာမည်ခေါ်ဆိုမှုအပြီးမှာမှ သူ့အာရုံတွေ လက်ရှိအခြေအနေကိုပြန်ရောက်လာရသည်။ မျက်စိရှေ့ကယွန်းဂျီအာမှာလည်း မျက်နှာပျက်ချေလေပြီ။
"သတို့သမီးယွန်းဂျီအာအား သက်ဆုံးတိုင်ပေါင်းသင်းပါမည်လော"
ဒုတိယအကြိမ်မြောက်မေးခွန်းမှာတော့ ဂျီမင်းလူအုပ်ထဲမှ ထရပ်ကာ အပြင်ကိုထွက်ရန်ကြံမိသည်။ အကုန်လုံးမဂ်လာပွဲမှာ အာရုံရောက်နေတာကြောင့် ထပြန်လာတဲ့သူ့အပေါ် ဘယ်သူ့မှအာရုံမရှိကြ။
"ကျွန်တော်ဒီမဂ်လာပွဲကိုဆက်မလုပ်ပါဘူး"
ကြားလိုက်ရတဲ့အသံကြောင့် အပြင်သို့ခြေချတော့မည့် ခြေထောက်တွေပင် ရပ်တန့်သွားရသည်။
ဖာသာမေးခွန်းမေးအပြီး ထထွက်သွားတဲ့အရိပ်လေးကြောင့် ဂျောင်ကုမဂ်လာပွဲကိုဖျက်လိုက်မိသည်။ ယွန်းမိသားစုနဲ့ ဂျွန်မိသားစုနှစ်ခုလုံးမျက်နှာတွေပျက်ယွင်းကုန်ကြပေမယ့် ယွန်းဂျီအာကတော့ ပျော်ရွှင်သွားသည်လားဘာလားမပြောတတ်။ စင်မြင့်ပေါ်ကနေဆင်းလာကာ ထွက်ပေါက်မှာ တောင့်တောင့်ကြီးဖြစ်နေတဲ့ လူသားရဲ့လက်ကိုဆွဲပြီး အပြင်ကိုသာထွက်လာမိခဲ့သည်။
ရုတ်ရုတ်သဲသဲ ဖြစ်သွားတဲ့အခြေအနေမှာ ထွက်သွားတဲ့လူနှစ်ယောက်ကြောင့် ယွွန်းဂျီအာကဂါဝန်မ,ပြီးပြေးလိုက်ရသလို ထယ်ယောင်းကလည်း နောက်မှအမြန်လိုက်ရလေသည်။
"ဂျွန်ဂျောင်ကု ငါ့ကိုလွှတ်စမ်း"
ကားလမ်းရဲ့ဘေးplatformမှာ ဂျီမင်းနဲ့ဂျောင်ကု ရန်ဖြစ်နေကြသည်။ ဂျောင်ကုကလက်ကောက်ဝတ်ကိုဆွဲကိုင်ထားသလို ဂျီမင်းကလည်းဂျောင်ကုကိုရိုက်ပုတ်ကာ အတင်းရုန်းနေလေသည်။
"ငါနာနေပြီ လွှတ်လို့"
နာကျင်နေပြီဆိုတဲ့စကားကြောင့် လက်ကိုလွှတ်ပေးလိုက်တဲအချိန် လက်ဝါးတစ်ဖက်ကလည်း ပါးပေါ်အချိန်နဲ့လွှဲကျလာလေသည်။
ဖြောင်းးးးး
ကိုကိုကသူ့ကိုရိုက်လိုက်တာလား။ ပါးကိုအုပ်ကိုင်ပြီးမယုံနိုင်စွာ ကြည့်လိုက်မိတော့ သူ့ကိုစူးရဲစွာကြည့်နေတဲ့ မျက်လုံးလှလှတွေ.....
"စိတ်ထင်ရာကို ရှေ့မကြည့်နောက်မကြည့် တစ်ဇွတ်ထိုးလုပ်တတ်တဲ့အကျင့်ကုိ ပြင်လိုက်တော့ ဂျွန်ဂျောင်ကု။ မိန်းကလေးတစ်ယောက်ကို မဂ်လာဆောင်နေရင်းတန်းလန်း မင်းထားခဲ့ရသလား ထားခဲ့လို့ရလားလို့"
"ဘာလို့အခုမှသူ့ဘက်ကိုအရမ်းတွေ ထည့်စဥ်းစားပေးနေရတာနဲ့ ဘယ်တုန်းတည်းက သူနဲ့ဒီလောက်အထိ ရင်းနှီးသွားရတာလဲပြော ကျွန်တော်ရောက်လာတုန်းကလည်း နှစ်ယောက်သားအခန်းထဲမှာ ဘာတွေပြောနေကြတာလဲ ပတ်ဂျီမင်းဖြေလေ"
"မင်းထင်နေသလိုမဟုတ်ဘူး ဂျွန်ဂျောင်ကု"
"အဲ့တာဆိုဘာလဲ ကိုကိုသူ့ကိုအရမ်းမုန်းနေတာမလား အဲ့တာကိုဘာဖြစ်လို့....."
"ငါ့ညီမဖြစ်နေလို့!!!"
"ဗျာ"
နှစ်ယောက်သား အခြေအတင်ဖြစ်နေတာကို ဂျီအာနဲ့ထယ်ယောင်း ခပ်လှမ်းလှမ်းကနေကြည့်နေမိသည်။ ဘာတွေပြောနေလဲဆိုတာကိုတော့မကြားရ။ လိုအပ်ရင်တော့ဝင်ဆွဲမယ်ပေါ့။
"ဟုတ်တယ် ယွန်းဂျီအာက ငါ့ရဲ့တစ်ဦးတည်းကျန်တော့တဲ့မိသာစုဝင်မို့လို့ ငါ့ညီမမို့လို့ ဒီလောက်အနစ်နာခံနေတာပေါ့ အခုမင်းကငါ့ညီမကို လူအများကြီးအရှေ့မှာအရှက်ခွဲခဲ့တာ ငါမင်းကိုသိပ်စိတ်ပျက်တယ်"
ပြောပြီးဟိုဘက်ကမ်းကိုသွားရန် ကားလမ်းဖြတ်အကူး.....
သူ့ဆီတည့်တည့်မောင်းလာသောကားတစ်စီး။
"ကိုကို သတိထား"
"အစ်ကို"
"ဂျီမင်း!!!"
သူ့အားအော်အလန့်တကြား ခေါ်သံတွေနောက်မှာတော့
တုန့်ခနဲရပ်တန့်သွားတဲ့ ကားတစ်စီး။
အရာတစ်ခုကိုနဲ့အရှိန်တိုက်ချလိုက်တဲ့အသံ။
ထို့နောက်......
ကားလမ်းပေါ် လဲကျသွားသည့် သွေးစက်လက်နဲ့လူတစ်ယောက်။
.......
ဒီအပိုင်းကိုရောက်စေချင်နေတာကြာပြီ အခုမှပဲရောက်တော့တယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ်အားမရဘူး။ အရေးအသားမှာ အသုံးအနှုန်းတွေကထပ်နေသလိုပဲ")
Zawgyi
"ဂ်ီမင္း.. မင္းေသခ်ာရဲ႕လား"
"ေသခ်ာတာေပါ့ ငါ့ညီမေလးရဲ႕မဂ္လာပြဲကို သူ႕အစ္ကိုျဖစ္တဲ့ငါကတက္ရမွာေပါ့"
Necktieကိုေသေသခ်ာခ်ာ လွလွေလးတပ္လိုက္ရင္း ထယ္ေယာင္းရဲ႕အေမးကိုဂ်ီမင္းျပန္ေျဖမိသည္။ Shirtအျဖဴေလးကိုအေပၚကအနက္ေရာင္ coatေလးထပ္ဝတ္ကာ နားဆြဲတြဲေလာင္းေလးတစ္ခုကိုလည္း နားတစ္ဖက္မွာတပ္လိုက္ေသးသည္။ ေတာ္ၿပီေလတစ္ဖက္ပဲ။ပန္းေရာင္ဆံပင္ေတြကို ပြေယာင္းေယာင္းျဖစ္ေအာင္ ထိုးဖြၿပီးျပဳံးလိုက္ပုံက သူျပင္ဆင္လို႔ၿပီးၿပီဆိုတာကို အဓိပၸါယ္ဖြင့္ဆိုေပးေနသည္။
ပတ္ဂ်ီမင္းဘယ္ေလာက္လွသလဲ။
necktieခ်ည္ေနတဲ့လက္ေတြ၊ တြဲလဲက်ေနတဲ့နားဆြဲေလးနဲ႔ ယိမ္းႏြဲ႕သြားတဲ့ပန္းေရာင္ဆံႏြယ္ေတြက ရင္သပ္႐ႈေမာဖြယ္ ပန္းခ်ီကားတစ္ခ်ပ္လို။ လႈပ္႐ွားမႈတိုင္းက အႏုပညာတစ္ခုလို တစ္ခမ္းတစ္နား။ သြားတန္းေလးေတြေပၚေအာင္ျပဳံးလိုက္တိုင္း ေက်ာက္မ်က္ရတနာတစ္ခုလို တန္ဖိုးထားၿပီးေျပးေကာက္ထားခ်င္စရာအတိ။
"မင္းမသြားခ်င္လည္းရတယ္ေယာင္း ငါေတာ့သြားျဖစ္ေအာင္သြားမွာ"
မွန္ၾကည့္ေနရာမွ ထယ္ေယာင္းအားလွမ္းေအာ္ေျပာလိုက္သည္။
"ငါမသြားလို႔မရဘူးေလ စီးပြားဖက္ေတြဆိုေတာ့ ပြဲမွာငါမ႐ွိရင္မ်က္ႏွာပူစရာ"
"အဲ့တာေၾကာင့္တူတူသြားမယ္ေျပာေနတာကို မင္းကဘာလို႔အတင္းျငင္းေနတာလဲ"
မ်က္ေမွာင္က်ံဳ႕ကာသူ႕အားၾကည့္လာသည္။ အဲ့မ်က္ဝန္းက်ဥ္းက်ဥ္းေတြက လူသတ္လက္နက္ေတြ။
"မင္းညီမကလည္း လာေစခ်င္မွာမဟုတ္ဘူးမင္းကို"
"ေဆြမ်ိဳးသားခ်င္းဆိုလို႔ ငါပဲ႐ွိတာ သူငါ့ကိုလာေစခ်င္မွာပါ မလာေစခ်င္လည္းငါကသြားမွာပဲ ဘာထူးလဲ"
"ေအး အဲ့တာဆိုလည္းမင္းသေဘာပဲ"
ကုတင္ေပၚထိုင္ေနရာမွ ထယ္ေယာင္းထထြက္လာခဲ့သည္။ ဂ်ီမင္းဘာေတြျဖစ္ခ်င္ေနတာလဲ သူလည္းမသိ။ သူမ်ားအိမ္ေပၚထိ ပိုင္စိုးပိုင္နင္းေရလာခ်ိဳးလို႔လည္း မေက်နပ္ပါ။ မဂ္လာေဆာင္ကိုသြားမယ္တဲ့။ အင္း....ဒီေန႔ကေဂ်ာင္ကုနဲ႔ယြန္းဂ်ီအာရဲ႕မဂ္လာပြဲက်င္းပမယ့္ေန႔။
ထယ္ေယာင္းဘယ္ေလာက္တားတား ဂ်ီမင္းဆုံးျဖတ္ခ်က္ကမေျပာင္းလဲခဲ့။ မတတ္ႏိုင္တဲ့အဆုံးသူပဲ လက္ေလ်ာ့ခဲ့ရသည္။ ပတ္ဂ်ီမင္းကအေၾကာတင္းေလး။ ဂြၽန္ေဂ်ာင္ကုမဂ္လာေဆာင္တဲ့ျမင္ကြင္းကို မင္းကဘယ္လိုစိတ္နဲ႔ၾကည့္မွာလဲ အ႐ူးေကာင္ေရ။
အျပင္ထြက္လာမိေတာ့ ဧည့္ခန္းမွာထိုင္ေနတဲ့ ယြန္းဂီhyungက သူ႕ဆီေလွ်ာက္လာသည္။
"ဂ်ီမင္းကိုေျပာလို႔မရဘူးလားထယ္ေလး"
"မရပါဘူးဗ်ာ"
"ထားလိုက္ပါ သူက ကေလးပဲအလိုလိုက္,လိုက္"
"အဲ့ကေလးက ကြၽန္ေတာ္႕ထက္ႏွစ္လေတာင္ႀကီးတယ္hyungရဲ႕"
အလိုမက်စြာထြက္လာတဲ့ စကားသံနဲ႔အတူ ႏႈတ္ခမ္းကပါေထာ္ထြက္လာသည္။
"စိတ္ဆိုးရင္ ႏႈတ္ခမ္းေထာ္တဲ့အက်င့္ကိုျပင္စမ္း"
"စိတ္ဆိုးလို႔ေထာ္တာမဟုတ္ဘူး hyungနမ္းဖို႔ေထာ္ေပးထားတာ"
"အာ....ဒီေကာင္ေလး"
"အတည္ေျပာတာ မိုးလင္းကတည္းကhyung
ထယ့္ကိုမနည္းရေသးဘူး အခုနမ္း"
"နမ္းခိုင္းရင္လည္း နည္းနည္းငုံ႔ေပးေလ မင္းအရပ္ႀကီးငါမမွီဘူး"
"ကြၽန္ေတာ္လည္းမငုံ႔ဘူးေညာင္းတယ္ လာဒီလိုလုပ္"
ေျပာေျပာဆိုဆို မင္ယြန္းဂီကိုမ်က္ႏွာခ်င္းဆိုင္ ေကာက္ခ်ီလိုက္သည္။ အငိုက္မိသြားတဲ့ယြန္းဂီမွာလည္း ေၾကာက္အားလန္႔အားနဲ႔ ခါးေတြကိုသာကိုးကြယ္ရာအျဖစ္ ေျခေထာက္ေတြနဲ႔ခ်ိတ္ထားမိသည္။
"ကင္ထယ္ေယာင္း အခုခ်ေပးစမ္းငါ့ကို"
"နမ္းၿပီးရင္ခ်ေပးမယ္ အခုနမ္း"
အေ႐ွ႕ကိုတိုးလာတဲ့ယြန္းဂီhyungမ်က္ႏွာေၾကာင့္ ျပဳံးျပဳံးႀကီးမ်က္လုံးမွိတ္ကာ အနမ္းတို႔ကိုခံယူဖို႔အျပင္....
"သြားမယ္ေလထယ္....ထယ္ အယ္..ငါ ကားထဲကပဲေစာင့္ေနေတာ့မယ္ အဟမ္း"
ေျပာခ်င္တာေတြေျပာၿပီး အလိုက္ကန္းဆိုးမသိစြာ ေခ်ာင္းဟန္႔သြားတဲ့သူငယ္ခ်င္းကို နာရင္းေတြပဲေျပး႐ိုက္ခ်င္မိသည္။ ေဒါသထြက္ေနတုန္း သူ႕ႏႈတ္ခမ္းေပၚက်ေရာက္လာတဲ့ ႏႈတ္ခမ္းေသးေသးေလး။ ခဏေလးပါပဲ။ ျဖတ္ခနဲ ခဏေလးပဲ။
"နမ္းၿပီးၿပီ ငါ့ကိုေအာက္ခ်ေပးေတာ့"
"ဘာလို႔ႏႈတ္ခမ္းေလးက အဲ့ေလာက္ေသးရတာလဲ နမ္းသြားမွန္းေတာင္မသိလိုက္ဘူး"
"ၾကာတယ္ ငါစိတ္မ႐ွည္ေတာ့ဘူးကင္ထယ္ေယာင္း"
အသံေလးကနည္းနည္းမာလာတာေၾကာင့္ အလိုက္တသိေအာက္ကိုအျမန္ခ်ေပးၿပီး ဂ်ီမင္းေနာက္လိုက္လာခဲ့လိုက္သည္။ ႏွဖူးေလးကိုအနမ္းေပးခဲ့ဖို႔ကလည္း မေမ့မေလ်ာ့ေပါ့။
ကားထဲဝင္ၿပီးခါးပတ္ပတ္ေနရင္းမွ ေဘးခုံမွာထိုင္ေနတဲ့ဂ်ီမင္းကို မ်က္ေစာင္းထိုးလိုက္မိသည္။
"ၿပီးၿပီလား"
"ၿပီးလို႔ကားထဲေရာက္လာတာေပါ့"
"ျမန္ျမန္ေမာင္း ေနာက္က်ေတာ့မွာပဲ"
"အေစာႀကီး႐ွိေသးတာကို ငါကန္ခ်လိုက္ရ"
ကားေလးကေတာ့ ရန္ျဖစ္သံတဆာဆာနဲ႔ မဂ္လာပြဲက်င္းပမယ့္ေနရာဆီသို႔လွိမ့္လာခဲ့သည္။
_____________________~___________________
အလွျပင္အခန္းထဲထိုင္ေနရင္း ဂ်ီအာေၾကာက္လန္႔ေနမိသည္။ အျဖဴေရာင္ဂါဝန္ႀကီးကို ဝတ္ထားၿပီးလွပေက်ာ့႐ွင္းေနတဲ့ သတို႔သမီးေလးကအညိဳေရာင္ဆံပင္တို႔ကိုထုံးထားတာေၾကာင့္ ႐ွင္းလင္းေနတဲ့မ်က္ႏွာလွလွေလးနဲ႔ မလိုက္ဖက္စြာ ညိႇဳးငယ္လို႔။ ထိုအခန္းထဲတြင္ပဲ ဥကၠဌယြန္းမင္ေခ်ာနဲ႔ ေဂ်ာင္ကုအမတို႔လည္း အသီးသီးစိုးရိမ္ပူပန္ေနၾကသည္။ ေနာက္မိနစ္သုံးဆယ္အတြင္းစေတာ့မယ့္ မဂ္လာပြဲရဲ႕သတို႔သားေပ်ာက္ေနမွေတာ့ ပူသင့္တာေပါ့။
ထိုပူပန္ျခင္းေတြကို မသိတဲ့သတို႔သားေလးကေတာ့ သူနဲ႔ဂ်ီမင္းေနခဲ့တဲ့အိမ္ႀကီးကို သတို႔သားဝတ္စုံေလးဝတ္ၿပီး တစ္ဝႀကီးကိုထိုင္ၾကည့္ေနေလသည္။ အတြင္းပိုင္း၊အျပင္ပိုင္း၊ပန္းျခံ တစ္ေနရာမွေျခရာလက္ရာမပ်က္။ အလုပ္သမားေတြ ေကာင္းေကာင္းအလုပ္လုပ္ေနၾကတာပဲ။ တစ္အိမ္လုံးကိုပတ္ၾကည့္ၿပီးေနာက္မွာ သူမၾကည့္ရေသးတာ အိပ္ခန္းတစ္ခန္းသာက်န္ေတာ့သည္။
အသက္ကိုျဖည္းျဖည္း႐ွဴၿပီး အခန္းထဲဝင္လာခဲ့လိုက္သည္။ အိမ္လို႔ခံစားမိတဲ့တစ္ခုတည္းေသာေနရာပဲ။ ဂ်ီမင္းရဲ႕အေငြ႕အသက္ေတြအျပည့္႐ွိေနတဲ့ေနရာေလး။ အလုပ္သမားေတြနဲ႔ တစ္ရင္းတစ္ႏွီးမေနတဲ့ သူ႕အမ်ိဳးသားေလးက ပန္းျခံထဲမဆင္းခ်င္ရင္ ဒီအခန္းထဲမွာပဲဝင္အိပ္ေနတတ္တာေလ။
မွန္တင္ခုံေပၚတင္ထားတဲ့ ဓာတ္ပုံေလးကိုေကာက္ယူၿပီး ေဂ်ာင္ကုတစ္စိမ့္စိမ့္ၾကည့္ေနမိသည္။ ခ်စ္သူရည္းစားဘဝက သူနဲ႔ဂ်ီမင္းပထမဆုံး႐ိုက္ထားခဲ့တဲ့ပုံေလး။ အမွတ္တရအေနနဲ႔သာေဘာင္သြင္းထားတာ ႐ုပ္ေတြကတစ္ကယ္ငခြၽတ္႐ုပ္ေလးေတြပါ။ ဓာတ္ပုံေလးကိုျပဳံးၾကည့္ေနရင္းမွ ခပ္ေဆြးေဆြးဆိုမိျပန္သည္။
"ေမာင္ ေနာင္တရတယ္ကိုကို"
ဓာတ္ပုံေလးကိုဖြဖြေလးနမ္းလိုက္သည္။ ျမင္ေယာင္ေနမိတာက အတူတူျဖတ္သန္းလာတဲ့အခ်ိန္အတြင္း ၾကည္ႏူးခဲ့ရတဲ့အခိုက္အတန္႔ေတြ။
"ဦးေႏွာက္ကေနမွတ္ၿပီး ႏွလုံးသားထဲကိုပို႔လိုက္ၿပီမို႔လို႔ ေမာင့္မွတ္ဥာဏ္ေတြနဲ႔ ရင္ခုန္သံေတြတိုင္းမွာ အတူတူ႐ွိေနေပးေနာ္ ေမာင္အၿပီးအပိုင္လာႏႈတ္ဆက္တာ"
မဂ္လာပြဲကိုသြားရေတာ့မွာျဖစ္လို႔ ဓာတ္ပုံေလးကိုျပန္အခ် ျမင္ရလိုက္ရတာကေခါက္ထားတဲ့စာ႐ြက္ေလးတစ္႐ြက္။ သိခ်င္စိတ္
တို႔နဲ႔အတူ မ်က္ခုံးေတြပါတြန္႔ခ်ိဳးသြားရသည္။
ဖြင့္ဖတ္ၾကည့္လိုက္ေတာ့ အရင္ဆုံးျမင္ရတာ ကိုကို႔လက္ေရးေလးေတြ။
ိေမာင့္အတြက္/
စာအစမွာပင္ သူ႕လက္တို႔တုန္ရီလာရသည္။
မင္းသိလားေမာင္ ကိုကိုကေလ မင္းကိုဘယ္ေတာ့မွ မုန္းတီးမွာမဟုတ္ဘူးေနာ္။ေမာင့္ကို စခ်စ္မိၿပီဆိုကတည္းက အမုန္းတရားဆိုတာ ကိုကို႔ဆီမွာမ႐ွိေတာ့ဘူး။ လက္ထပ္ၿပီးေမာင္ ကိုကို႔အေပၚပစ္ပယ္ခဲ့တဲ့ အခ်ိန္ေတြတုန္းကဆိုရင္ ကိုကိုညဘက္ေတြကိုအရမ္းခ်စ္လာမိတယ္။ ဘာလို႔ဆိုညဘက္ အိပ္မက္ေတြထဲမွာ ကိုကိုကေမာင့္ရင္ခြင္ထဲဝင္အိပ္ေနရသလို ေမာင္ကလည္းကိုကို႔ကိုဖက္ထားတာတဲ့ေလ။
အဲ့ေန႔ကေမာင္ phေျပာေနတာကို ကိုကိုၾကားလိုက္ရတယ္။ အဲ့အခ်ိန္ကိုကိုသာ ခါတိုင္းလိုမင္းအတြက္ ေရခ်ိဳးဖို႔ေရသြားစပ္ေပးေနရင္ ၾကားျဖစ္ခဲ့မွာမဟုတ္ဘူး။ အဲ့တာေတြၾကားရရခ်င္း ကိုကို႔ကမ႓ာႀကီးအစိတ္စိတ္အမႊာမႊာျဖစ္တာသိလား။ ေမာင္မသိခင္ျခံထဲဆင္းငိုရတာ။ အသံမထြက္ေအာင္ လက္ကိုကိုက္ထားမိေတာ့ လက္ကသြားရာအကြင္းလိုက္မွာ ေသြးပါစို႔ေရာ။ ကိုကိုအကုန္သိႏွင့္ေနၿပီးသားပါ။ ဒါေၾကာင့္လည္းမင္းအေနရမခက္ေအာင္ ကိုကိုႀကိဳျပင္ဆင္ႏိုင္ခဲ့တာေပါ့။
ကြာ႐ွင္းရမယ္ဆိုေတာ့ အမွန္တိုင္းေျပာရရင္လန္႔သြားမိတယ္။ မင္းကိုကို႔ကို တစ္ကယ္မခ်စ္ေတာ့တာလားဆိုၿပီး။ ဒါေပမယ့္အရာရာက ကိုကို႔ကေလးေလး ေမာင့္ အလိုက်ပဲေပါ့။ ကိုကိုမင္းကိုမာမာထန္ထန္ေတြေျပာမိမွာမို႔လို႔ ႀကိဳေတာင္းပန္ပါရေစေနာ္။ ထမင္းေသခ်ာစား။ ေနေကာင္းေအာင္ေန။ ဟိုမိန္းကေလးနဲ႔လက္က်န္ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းပါ။ စိတ္ေတာ့ညစ္ၿပီးငိုမေနနဲ႔ေနာ္။ မင္းငိုရင္ ကိုကို႔ႏွလုံးသားကပါေအာင့္လာတတ္လို႔။
ေပ်ာ္ေပ်ာ္ေနရစ္ပါကိုကိုမပိုင္ေတာ့တဲ့ကမ႓ာေလးေရ။ ေမာင္က ကမ႓ာႀကီးအတြက္လူသားတစ္ေယာက္ပဲဆိုေပမယ့္ ဒီလူသားအတြက္ကေတာ့ ကမ႓ာႀကီးတစ္ခုမို႔လို႔ ေတာက္ေတာက္ပပ႐ွင္သန္သြားပါ။ ကိုကိုကမင္းမ်က္ႏွာကိုၾကည့္ရင္း႐ွင္သန္ရမွာမို႔လို႔ မင္းကေပ်ာ္႐ႊင္ရမယ္ေနာ္ ကတိ...။
အဆုံးထိဖတ္ၿပီးေနာက္ စာ႐ြက္ေလးကၾကမ္းျပင္ေပၚ မ်က္ရည္စက္တို႔နဲ႔အတူက်သြားသည္။ ကိုကိုကအစတည္းက အကုန္သိႏွင့္ေနတာတဲ့။ သိသိႀကီးနဲ႔ကိုသူ႕အနား႐ွိေနေပးခဲ့တာေပါ့။ စာေလးကသူအိမ္ေပၚကဆင္းတဲ့ေန႔ကတည္းကေရးထားခဲ့တာျဖစ္မည္။ အား..ဘာလို႔အခုမွေတြ႕ရတာလဲကြာ။ ဆုံးျဖတ္ခ်က္တစ္ခုကိုေသခ်ာခ်ၿပီး လက္ကဝတ္ထားတဲ့နာရီကို
ၾကည့္မိေတာ့ အခမ္းအနားစဖို႔ နာရီဝက္အလို..... ကားကိုအ႐ွိန္ကုန္ေမာင္းထြက္လာခဲ့သည္။ မဂ္လာပြဲလုပ္တဲ့Hotelေ႐ွ႕ေရာက္ေတာ့ မမကအပူသည္႐ုပ္နဲ႔သူ႕နားေျပးလာသည္။
"ဂြၽန္ေဂ်ာင္ကု နင္ဘယ္ေတြေရာက္ေနတာလဲ ပြဲစေတာ့မယ္ အခုထိမ်က္ႏွာကဘာမွမျပင္ရေသးဘူး"
မမစကားေတြကို မၾကားခ်င္ေယာင္ေဆာင္ခဲ့ၿပီး သတို႔သမီး႐ွိေနေလာက္မယ့္ အခန္းထဲကိုသာဝင္လာခဲ့လိုက္သည္။
"အစ္ကိုလာတယ္ေပါ့"
"မလာေစခ်င္တာလား"
"ညီမမ်က္ႏွာေျပာင္တိုက္လြန္းေနၿပီထင္တယ္ေနာ္"
"လွေနသားပဲ ဂါဝန္ကဝယ္တာမဟုတ္လား မသိရင္တိုင္းခ်ဳပ္ထားသလိုပဲ"
ေခ်ာက္.....
ဂ်ီအာနဲ႔စကားေျပာေနစဥ္ ႐ုတ္တရက္ဝင္ခ်လာတဲ့ေဂ်ာင္ကု။
အခန္းထဲဝင္ဝင္ခ်င္း ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ေဂ်ာင္ကုေမးခြန္းမ်ားစြာထြက္လာရသည္။ ဘာလို႔ကိုကိုက ယြန္းဂ်ီအာနဲ႔အတူတူ ဒီထဲမွာ႐ွိေနရတာလဲ။ ဂ်ီအာကေတာ့ႏွစ္ေယာက္လုံးကိုထားခဲ့ကာ အျပင္ထြက္သြားေလသည္။ အခန္းထဲမွာ သူနဲ႔ကိုကိုႏွစ္ေယာက္တည္း။
ေဂ်ာင္ကုအခ်ိန္ဆြဲမေနပဲ ေသမတတ္လြမ္းေနရတဲ့ ခႏၶာကိုယ္ေသးေသးေလးကို ေျပးဖက္လိုက္မိေတာ့ ရလိုက္တဲ့အက်ိဳးဆက္က တြန္းထုတ္ခံရျခင္း။
"လူျမင္မသင့္ေတာ္တာေတြမလုပ္နဲ႔ မင္းကလက္ထပ္ရေတာ့မယ့္သတို႔သားေနာ္"
"အတူတူထြက္ေျပးရေအာင္"
"ဘာ"
"ဒီပြဲကိုဒီအတိုင္းထားခဲ့ၿပီး ေမာင္တို႔အတူတူထြက္သြားၾကရေအာင္ေနာ္"
ပုံမွန္ဆိုဂ်ီမင္းေပ်ာ္ေပ်ာ္ႀကီးလက္ခံမိေလာက္ေပမယ့္ အခုကသူ႕ညီမေလးေလ။ မဂ္လာပြဲမွာ သတို႔သားကထြက္သြားေတာ့ လူေတြၾကားသူ႕ညီမေလးမ်က္ႏွာပ်က္ရမွာေပါ့။
"မိန္းကေလးဘက္ကိုငဲ့စမ္းေဂ်ာင္ကု"
"ဘာလို႔သူ႕ကိုစဥ္းစားရမွာလဲ"
"မင္းသေဘာက်လြန္းလို႔ ငါ့ကိုေတာင္ပစ္ၿပီးမင္းကိုယ္တိုင္ေ႐ြးခ်ယ္ထားတဲ့သူေလ အခုမွဘာေတြလာျဖစ္ေနတာလဲ"
"ေမာင္အကုန္႐ွင္းျပေပးမွာမို႔လို႔ ကိုကိုကေမာင့္စကားကိုနားေထာင္ပါကြာ ေမာင္နဲ႔လိုက္ခဲ့ ေမာင္အားလုံးကိုရင္ဆိုင္မယ္ ကိုကိုကေမာင့္လက္ကိုသာ ယုံယုံၾကည္ၾကည္နဲ႔ဆုပ္ကိုင္ထားေပး"
လက္ကိုဆြဲေတာ့႐ုန္းထြက္သည္။
"ဟင့္အင္းမထိနဲ႔"
"ကိုကိုေရးထားတဲ့စာကို ေမာင္ဖတ္လိုက္ရတယ္"
"စာ...ဘယ္ကစာ.. မဟုတ္မွလြဲ..."
"ေမာင္အရာရာတိုင္းအတြက္ေတာင္းပန္ပါတယ္"
"ေတာင္းပန္ပါတယ္ ကလြဲလို႔ေျပာစရာစကားမင္းမွာမ႐ွိေတာ့ဘူးပဲ"
"ကိုကို..."
မ်က္ရည္ၾကည္ေတြျပည့္ႏွက္ေနတဲ့ မ်က္လုံးဝိုင္းေတြနဲ႔သူ႕ကိုၾကည့္လာသည္။ အဲ့မ်က္ရည္ေတြက ပတ္ဂ်ီမင္းရဲ႕ရင္ကို အစိမ္းလိုက္ခြဲျပစ္ႏိုင္တဲ့ အက္ဆစ္ေတြ။
"အကုန္ အခ်ိန္လင့္ကုန္ၿပီ မင္းကိုငါေတာင္းဆိုထားပါ ငါ့ကိုလက္လႊတ္လိုက္ၿပီးေတာ့ မင္းလက္ထပ္ရမယ့္မိန္းကေလးနဲ႔ပဲ မင္းေအးေဆးေနလို႔မရဘူးလား"
"ဒါေပမယ့္..."
"ငါေတာင္းဆိုတာပါ"
"ကြၽန္ေတာ္မလုပ္ႏိုင္ေတာ့ဘူးထင္တယ္"
"မင္းပဲငါ့ကိုခ်စ္တယ္ဆို"
ပါးတစ္ဖက္ကိုအုပ္ကိုင္လာတဲ့ ႏုညံ့ညံ့လက္တစ္စုံကို ေဂ်ာင္ကုတြန္းလွန္ႏိုင္စြမ္း မ႐ွိပါ။
"ငါ့ကိုခ်စ္ရင္ ငါ့စကားကိုနားေထာင္ေလ ငါ့ကိုေမ့ၿပီး သူမနဲ႔ဘဝအသစ္စ..."
"ဒါ..ကိုကို႔ရဲ႕စိတ္ရင္းအမွန္လား"
"အင္းဟုတ္တယ္"
"ေမာင့္ကိုနမ္းပါ ေနာက္ဆုံးအႀကိမ္အျဖစ္။ အမွတ္တရေတြကိုဒီအနမ္းတစ္ခုတည္းနဲ႔ တစ္ဘဝစာထုတ္ပိုးၿပီးသိမ္းဆည္းထားလိုက္ေတာ့မွာမို႔လို႔ ေမာင့္ကိုနမ္းေပးပါ မဟုတ္ရင္ေမာင္မလုပ္ႏိုင္ေလာက္ဘူး"
"လက္ထပ္ေတာ့မယ့္လူတစ္ေယာက္ကို ငါကဘယ္လိုစိတ္နဲ႔နမ္းရမွာလဲေဂ်ာင္ကု"
"ဂ်ီမင္း!!! ေမာင့္ကိုနမ္း"
အထက္စီးမွေျပာလာသည့္ အမိန္႔ဆန္ဆန္ေလသံေၾကာင့္ ဂ်ီမင္းမ်က္လုံးမွိတ္ကာ ႏႈတ္ခမ္းပါးမ်ားကို သူ႕ႏႈတ္ခမ္းထူထူတို႔ျဖင့္ဖိကပ္လိုက္သည္။ ေဂ်ာင္ကုမ်က္ဝန္းမွက်လာတဲ့မ်က္ရည္တို႔က သူ႕ပါးျပင္ထက္သို႔ပါအလုအယက္ ခိုနားၾကသည္။ တစ္ကယ္ဖြဖြေလး ထိကပ္ထား႐ုံပါပဲ။
ေနာက္ဆုံးအနမ္းကို ဒီေလာက္ေလးနဲ႔ေမာင္ကေက်နပ္မယ္မ်ား ထင္ေနတာလား။ ခါးမွဆြဲဖက္ကာ အနမ္းေတြကိုနက္႐ိႈင္းျပစ္လိုက္သည္။ႏႈတ္ခမ္းေတြကို အၾကမ္းပတမ္းထိေတြ႕ကာ အရသာခံေနမိသည္။ ဒီအနမ္းေတြကိုဘယ္ႏွစ္ ႏွစ္ၾကာၾကာမွတ္မိေနေအာင္ အလြတ္က်က္ေနသလို။ အေတာ္အတန္ၾကာမွ လႊတ္ေပးလိုက္ေတာ့ မ်က္ႏွာေတြနီရဲေနသည့္ဂ်ီမင္းက သူ႕ကိုတစ္ခ်က္ပဲၾကည့္ကာ အခန္းအျပင္သို႔လွည့္ထြက္သြားေလသည္။
ေဂ်ာင္ကုလည္းမ်က္ရည္ကိုသုတ္လိုက္ၿပီး အက်ီ ၠိဳတစ္ခ်က္ျပင္လိုက္ကာ ခန္းမကိုသြားဖို႔အလုပ္ လမ္းေထာင့္ခ်ိဳးတစ္ခုနား ၾကားလိုက္ရတဲ့အသံေၾကာင့္ အသံလာရာဘက္ကို နံရံေတြေနာက္ကေန ေခါင္းေလးျပဴၿပီးေခ်ာင္းၾကည့္လိုက္ေတာ့ ယြန္းဂ်ီအာနဲ႔ဥကၠ႒ယြန္း။
"ေဖေဖ သမီးလက္မထပ္ခ်င္ဘူး"
"ဂ်ီအာ ပြဲကျဖင့္စေနၿပီ မ်က္ႏွာပ်က္စရာေတြမလုပ္နဲ႔ေနာ္"
"ေဖေဖသာ သူ႕အေဖကိုသတ္ထားတဲ့လူမွန္းသိခဲ့ရင္ ေဂ်ာင္ကုကသမီးကိုၾကင္နာႏိုင္ပါ့မလား"
"အဲ့တာေနာက္ကိစၥ အေရးႀကီးတာ Jeonphoriaကshareေတြငါ့လက္ထဲေရာက္ဖို႔ပဲေလ အိမ္ေထာင္ေရးအဆင္မေျပလဲ ကြဲလိုက္ၾကေပါ့ လာအခုခန္းမထဲျပန္ဝင္"
"အာ့ ေဖေဖ"
လက္ကိုအၾကမ္းပတမ္းဆြဲကိုင္ကာ ေခၚသြားခံရတာေၾကာင့္ ဂ်ီအာနာက်င္သြားရသလို ေဂ်ာင္ကုကလည္း ၾကားလိုက္ရတဲ့စကားေတြေၾကာင့္ ႏွလုံးသားတစ္ခုလုံး စုတ္ျပတ္သြားတဲ့အထိကို ျပင္းျပင္းထန္ထန္ ခံစားလိုက္ရသည္။
အခုမွ႐ုတ္တရက္ႀကီးဘာေတြထျဖစ္ကုန္တာလဲ။ ေဂ်ာင္ကုဘာတစ္ခုမွလိုက္မမွီေတာ့။ သစၥာအေဖာက္ခံရတာလား။ ေနာက္ေက်ာဓားနဲ႔အထိုးခံရတာလား။ အလိမ္ခံရတာလား။ လွည့္စားခံရတာလား။ ဘာကိုေခါင္းစဥ္တပ္ရမွန္းမသိေတာ့။
"သတို႔သားခင္ဗ် မဂ္လာပြဲစေနပါၿပီ"
အေတြးတို႔ဗလာနတၱိျဖစ္ေနစဥ္ အနားနားကပ္ၿပီးၾကားလိုက္ရတဲ့အသံေၾကာင့္ လန္႔ၿပီးခႏၶာကိုယ္တုန္သြားသည့္ပုံက နာနာဘဝေတြ႕လိုက္ရသလို။
"ေဩာ္ အင္း"
"ကြၽန္ေတာ္နဲ႔လိုက္ခဲ့ေပးပါဗ် ဒီလမ္းပါ"
ေဂ်ာင္ကုဘာခံစားခ်က္ ဘာအေတြးမွမ႐ွိပဲ ဒီတိုင္းသာလိုက္သြားမိသည္။ ေဆးမိထားသလို။ စိတ္ညိႇဳ႕ခံထားရသလို။ ျဖစ္သြားတဲ့အျဖစ္အပ်က္က ဘာလဲဆိုတာလည္းသူမစဥ္းစားႏိုင္ေတာ့။
မဂ္လာပြဲစေနသည္အထိ ဂ်ီမင္းကိုမေတြ႕တာေၾကာင့္ ထယ္ေယာင္းလိုက္႐ွာေနမိသည္။ ႐ွာေနရင္း toilet ေ႐ွ႕မွအျဖတ္ ႐ိႈက္သံလိုလိုနဲ႔ ေရက်သံကိုပါေရာၿပီး ၾကားလိုက္ရတာေၾကာင့္ တံခါးဖြင့္ၿပီးဝင္သြားၾကည့္လိုက္ေတာ့ ထင္တဲ့အတိုင္းပတ္ဂ်ီမင္း။ မ်က္လုံးေတြမို႔အစ္ေနပုံက အႀကိမ္ႀကိမ္ငိုေကြၽးထားသည့္ပုံစံ။ ေရကိုလက္ႏွစ္ဖက္နဲ႔ခံကာ မ်က္ႏွာကိုခပ္ၾကမ္းၾကမ္း ပြတ္ကာသစ္ေနေလသည္။ အသားႏုႏုတို႔အနာတရျဖစ္ကုန္မွာဆိုး၍ ထယ္ေယာင္းတားလိုက္သည္။
"ဂ်ီမင္းေတာ္ေတာ့"
အသံၾကားမွ သူ႕ကိုသတိထားမိပုံရသည့္ဂ်ီမင္းက မွန္ကေနတစ္ဆင့္ ေခါင္းေထာင္ကာၾကည့္လာသည္။ ထို႔ေနာက္ေနာက္ဆုံးတစ္ခ်က္ မ်က္ႏွာကိုေရနဲ႔ပက္၍ ေဘးကတစ္သွ်ဴးေတြနဲ႔ေကာက္သုတ္ေနသည္။ ထယ္ေယာင္းလည္း
တစ္သွ်ဳးသုံး၊ေလးခု တစ္ခါတည္းယူလိုက္ကာ ေမးေစ့မွကိုင္၍ မ်က္ႏွာလွလွေလးကို အသာအယာ ခပ္ဖြဖြသုတ္ေပးေနမိသည္။
"ဘာလို႔ဒီမွာလာငိုေနတာလဲ"
"မ်က္လုံးထဲဘာဝင္လဲမသိဘူး စပ္ေနလို႔ေရလာေဆးတာ"
"မ်က္လုံးထဲတစ္ခုခုဝင္တာ မ်က္ႏွာသစ္ဖို႔ေလာက္အထိလည္းမလိုပဲနဲ႔"
"မ႐ွည္စမ္းနဲ႔ ငါကလိုတယ္ဆိုလိုလိုက္ေပါ့"
"လိမ္ညာမႈထဲမွာ ကိုယ့္ကိုကိုယ္လိမ္ညာတာက အဆိုးဆုံးပဲေနာ္"
စို႐ႊဲသြားတဲ့ တစ္သွ်ဴးစကိုေဘးကအမိႈက္ပုံးထဲ လုံးေခ်ကာျပစ္လိုက္ၿပီး ေနာက္အသစ္ကိုယူကာ မ်က္ႏွာရဲ႕စိုေနေသးတဲ့ အစိတ္အပိုင္းေတြကိုသုတ္ေပးေနရင္းမွ ထယ္ေယာင္းေျပာလိုက္သည္။
"ငါမခံစားႏိုင္ဘူး ေယာင္း"
"အဲ့တာေၾကာင့္ငါေျပာပါတယ္ ေနခဲ့ပါဆိုတာကို မင္းကေခါင္းေၾကာတအားမာတာပဲ"
"ငါ့ကိုမဆူပါနဲ႔"
"လာ ပြဲစေတာ့မယ္"
မ်က္ႏွာမွာေရေတြလည္း ကုန္စင္သြားတာေၾကာင့္ လက္ကဆြဲၿပီးအျပင္ကို ေခၚထုတ္လာရသည္။ ဒါေတာင္ အက်ီ ္ရင္ဘတ္မွာ ေရကြက္ကက်န္ေနေသး။ လူေတြမ်ားေနတာေၾကာင့္ သူတို႔ႏွစ္ေယာက္တိုးဝင္လာတာကိုလည္း မည္သူမွ်မျမင္ပါ။ ေထာင့္က်တဲ့ခုံေလးမွာသာ ႏွစ္ေယာက္သားဝင္ထိုင္ေနလိုက္ၾကသည္။
မၾကာခင္ ခန္းမႀကီးကမီးေရာင္ေတြလင္းထိန္သြားၿပီး သီခ်င္းသံေတြထြက္ေပၚလာတာနဲ႔တစ္ၿပိဳင္နက္ လက္ခုပ္သံေတြပါတစ္ခဲနက္ထြက္ေပၚလာၾကသည္။ ထိုလက္ခုပ္သံေတြၾကား သတို႔သမီးလွလွေလးက အေဖျဖစ္သူရဲ႕လက္ေမာင္းကို ဆုပ္ကိုင္ကာ ေလွ်ာက္လမ္းအတိုင္းေလွ်ာက္လို႔လာသည္။ ေလွ်ာက္လမ္းအဆုံးက သတို႔သားကေတာ့ ျပဳံးျခင္း၊ရယ္ျခင္းအလ်ဥ္းမ႐ွိ။ မ်က္ႏွာေသနဲ႔။ ဂ်ီမင္းမ်က္ရည္ေတြဝဲကာ လက္ခုပ္တီးမိသည္။ မင္းၾကားလားေမာင္။ ငါ့ရဲ႕လက္ခုပ္သံတိုးတိုးေလးကို။
မီးေရာင္ေတြလင္းထိန္ေနေပမယ့္ ေဂ်ာင္ကုဘာမွမျမင္ႏိုင္။ လက္ခုပ္သံေတြျပည့္ႏွက္ေနေပမယ့္ဘာမွမၾကားႏိုင္။ ကိုကိုဘယ္မွာလဲ။ ေနာက္ဆုံးအခ်ိန္အထိ ကိုကို႔ကိုသာ႐ွာေနမိသည္။ ခန္းမတစ္တစ္ခုလုံးကို မ်က္စိတစ္ဆုံးေဝ့ၾကည့္လို႔ အၿပီးမွာေတာ့ အမ်ားသူငါၾကား ထင္းထင္းေလးထြက္ေနတဲ့ ပန္းေရာင္ေလးေၾကာင့္ သူျပဳံးလိုက္မိသည္။ ကိုကို႐ွိေနေသးတာပဲ။ သတို႔သမီးက ေ႐ွ႕ေတာ္ေမွာက္ေရာက္လာမွ ပန္းေရာင္အရာဆီကေန အၾကည့္ေတြကိုလႊဲၿပီး ကတိေသစၥာဆိုဖို႔ မ်က္ႏွာခ်င္းဆိုင္ရပ္မိသည္။
ကတိေသစၥာျပဳမယ့္အခ်ိန္မွာေတာ့ ဂ်ီမင္းေခါင္းကိုငုံ႔ခ်ျပစ္လိုက္သည္။ ထိုအခါမွအလိုက္မသိတဲ့မ်က္ရည္ေတြက ေပါင္ေပၚကိုအလုအယက္ေျပးဆင္းကုန္သည္။
"သတို႔သားဂြၽန္ေဂ်ာင္ကုသည္ သတို႔သမီးယြန္းဂ်ီအာအား သက္ဆုံးတိုင္ ေပါင္းသင္းပါမည္ေလာ"
ေဂ်ာင္ကုထံမွအေျဖကင္းမဲ့ေနသည္။ ေဂ်ာင္ကုအာ႐ုံ႐ွိေနတာက ပန္းေရာင္ေခါင္းေလးဆီမွာ။ ေခါင္းကိုငုံ႔ခ်လိုက္တာ ငိုေနတာမ်ားလား။ ကိုကို႔အက်င့္အရ ငိုခ်င္ေပမယ့္လူျမင္မခံခ်င္ရင္ ေခါင္းကိုငုံ႔တတ္တာေၾကာင့္ စိတ္ကအစိုးမရ။
"သတို႔သားဂြၽန္ေဂ်ာင္ကု"
ဖာသာရဲ႕လက္တို႔ၿပီးနာမည္ေခၚဆိုမႈအၿပီးမွာမွ သူ႕အာ႐ုံေတြ လက္႐ွိအေျခအေနကိုျပန္ေရာက္လာရသည္။ မ်က္စိေ႐ွ႕ကယြန္းဂ်ီအာမွာလည္း မ်က္ႏွာပ်က္ေခ်ေလၿပီ။
"သတို႔သမီးယြန္းဂ်ီအာအား သက္ဆုံးတိုင္ေပါင္းသင္းပါမည္ေလာ"
ဒုတိယအႀကိမ္ေျမာက္ေမးခြန္းမွာေတာ့ ဂ်ီမင္းလူအုပ္ထဲမွ ထရပ္ကာ အျပင္ကိုထြက္ရန္ၾကံမိသည္။ အကုန္လုံးမဂ္လာပြဲမွာ အာ႐ုံေရာက္ေနတာေၾကာင့္ ထျပန္လာတဲ့သူ႕အေပၚ ဘယ္သူ႕မွအာ႐ုံမ႐ွိၾက။
"ကြၽန္ေတာ္ဒီမဂ္လာပြဲကိုဆက္မလုပ္ပါဘူး"
ၾကားလိုက္ရတဲ့အသံေၾကာင့္ အျပင္သို႔ေျခခ်ေတာ့မည့္ ေျခေထာက္ေတြပင္ ရပ္တန္႔သြားရသည္။
ဖာသာေမးခြန္းေမးအၿပီး ထထြက္သြားတဲ့အရိပ္ေလးေၾကာင့္ ေဂ်ာင္ကုမဂ္လာပြဲကိုဖ်က္လိုက္မိသည္။ ယြန္းမိသားစုနဲ႔ ဂြၽန္မိသားစုႏွစ္ခုလုံးမ်က္ႏွာေတြပ်က္ယြင္းကုန္ၾကေပမယ့္ ယြန္းဂ်ီအာကေတာ့ ေပ်ာ္႐ႊင္သြားသည္လားဘာလားမေျပာတတ္။ စင္ျမင့္ေပၚကေနဆင္းလာကာ ထြက္ေပါက္မွာ ေတာင့္ေတာင့္ႀကီးျဖစ္ေနတဲ့ လူသားရဲ႕လက္ကိုဆြဲၿပီး အျပင္ကိုသာထြက္လာမိခဲ့သည္။
႐ုတ္႐ုတ္သဲသဲ ျဖစ္သြားတဲ့အေျခအေနမွာ ထြက္သြားတဲ့လူႏွစ္ေယာက္ေၾကာင့္ ယြြန္းဂ်ီအာကဂါဝန္မ,ၿပီးေျပးလိုက္ရသလို ထယ္ေယာင္းကလည္း ေနာက္မွအျမန္လိုက္ရေလသည္။
"ဂြၽန္ေဂ်ာင္ကု ငါ့ကိုလႊတ္စမ္း"
ကားလမ္းရဲ႕ေဘးplatformမွာ ဂ်ီမင္းနဲ႔ေဂ်ာင္ကု ရန္ျဖစ္ေနၾကသည္။ ေဂ်ာင္ကုကလက္ေကာက္ဝတ္ကိုဆြဲကိုင္ထားသလို ဂ်ီမင္းကလည္းေဂ်ာင္ကုကို႐ိုက္ပုတ္ကာ အတင္း႐ုန္းေနေလသည္။
"ငါနာေနၿပီ လႊတ္လို႔"
နာက်င္ေနၿပီဆိုတဲ့စကားေၾကာင့္ လက္ကိုလႊတ္ေပးလိုက္တဲအခ်ိန္ လက္ဝါးတစ္ဖက္ကလည္း ပါးေပၚအခ်ိန္နဲ႔လႊဲက်လာေလသည္။
ေျဖာင္းးးးး
ကိုကိုကသူ႕ကို႐ိုက္လိုက္တာလား။ ပါးကိုအုပ္ကိုင္ၿပီးမယုံႏိုင္စြာ ၾကည့္လိုက္မိေတာ့ သူ႕ကိုစူးရဲစြာၾကည့္ေနတဲ့ မ်က္လုံးလွလွေတြ.....
"စိတ္ထင္ရာကို ေ႐ွ႕မၾကည့္ေနာက္မၾကည့္ တစ္ဇြတ္ထိုးလုပ္တတ္တဲ့အက်င့္ကုိ ျပင္လိုက္ေတာ့ ဂြၽန္ေဂ်ာင္ကု။ မိန္းကေလးတစ္ေယာက္ကို မဂ္လာေဆာင္ေနရင္းတန္းလန္း မင္းထားခဲ့ရသလား ထားခဲ့လို႔ရလားလို႔"
"ဘာလို႔အခုမွသူ႕ဘက္ကိုအရမ္းေတြ ထည့္စဥ္းစားေပးေနရတာနဲ႔ ဘယ္တုန္းတည္းက သူနဲ႔ဒီေလာက္အထိ ရင္းႏွီးသြားရတာလဲေျပာ ကြၽန္ေတာ္ေရာက္လာတုန္းကလည္း ႏွစ္ေယာက္သားအခန္းထဲမွာ ဘာေတြေျပာေနၾကတာလဲ ပတ္ဂ်ီမင္းေျဖေလ"
"မင္းထင္ေနသလိုမဟုတ္ဘူး ဂြၽန္ေဂ်ာင္ကု"
"အဲ့တာဆိုဘာလဲ ကိုကိုသူ႕ကိုအရမ္းမုန္းေနတာမလား အဲ့တာကိုဘာျဖစ္လို႔....."
"ငါ့ညီမျဖစ္ေနလို႔!!!"
"ဗ်ာ"
ႏွစ္ေယာက္သား အေျခအတင္ျဖစ္ေနတာကို ဂ်ီအာနဲ႔ထယ္ေယာင္း ခပ္လွမ္းလွမ္းကေနၾကည့္ေနမိသည္။ ဘာေတြေျပာေနလဲဆိုတာကိုေတာ့မၾကားရ။ လိုအပ္ရင္ေတာ့ဝင္ဆြဲမယ္ေပါ့။
"ဟုတ္တယ္ ယြန္းဂ်ီအာက ငါ့ရဲ႕တစ္ဦးတည္းက်န္ေတာ့တဲ့မိသာစုဝင္မို႔လို႔ ငါ့ညီမမို႔လို႔ ဒီေလာက္အနစ္နာခံေနတာေပါ့ အခုမင္းကငါ့ညီမကို လူအမ်ားႀကီးအေ႐ွ႕မွာအ႐ွက္ခြဲခဲ့တာ ငါမင္းကိုသိပ္စိတ္ပ်က္တယ္"
ေျပာၿပီးဟိုဘက္ကမ္းကိုသြားရန္ ကားလမ္းျဖတ္အကူး.....
သူ႕ဆီတည့္တည့္ေမာင္းလာေသာကားတစ္စီး။
"ကိုကို သတိထား"
"အစ္ကို"
"ဂ်ီမင္း!!!"
သူ႕အားေအာ္အလန္႔တၾကား ေခၚသံေတြေနာက္မွာေတာ့
တုန္႔ခနဲရပ္တန္႔သြားတဲ့ ကားတစ္စီး။
အရာတစ္ခုကိုနဲ႔အ႐ွိန္တိုက္ခ်လိုက္တဲ့အသံ။
ထို႔ေနာက္......
ကားလမ္းေပၚ လဲက်သြားသည့္ ေသြးစက္လက္နဲ႔လူတစ္ေယာက္။
.......
ဒီအပိုင္းကိုေရာက္ေစခ်င္ေနတာၾကာၿပီ အခုမွပဲေရာက္ေတာ့တယ္။ ဒါေပမယ့္ ကိုယ့္ကိုကိုယ္အားမရဘူး။ အေရးအသားမွာ အသုံးအႏႈန္းေတြကထပ္ေနသလိုပဲ")