ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

849K 122K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.3.3

5.1K 776 64
By devil61002

အဆံုးတြင္ ဇာတ္ေၾကာင္းအတိုင္းသာ သူတို႔က အဖမ္းခံလိုက္ရေလသည္ ။ ၾကၫ့္ရသည္မွာ ထိုလူမ်ားက ရႈမင္ရန္ ထံမွ ပစၥည္းတစ္ခုခုကို ရခ်င္ေနသၫ့္ ပံုပင္ ။ ကုရွင္း က အခုထိ တရားမ်ွတမႈေပးဖို့..တရားေဟာေနတုန္းျဖစ္ေလသည္ ။

" အစ္ကိုႀကီး.. ဒီေကာင္ေလးက အဲ့‌ေကာင္နဲ႔ အတူရိွေနတဲ့ သူဘဲ .. သူသိရင္သိမွာ " ကုခ်န္က သူ႔ဘက္သို႔ ျမားဦးလွၫ့္လာသၫ့္ သူအား ေမာ့ၾကၫ့္လိုက္ေသာ္လည္း ဘာမွမေျပာခဲ့ေပ ။ သူက ေတာင့္တစ္ေနရာတြင္ကပ္လ်က္ မသိဘူး မၾကားဘူး မျမင္ဘူး ဟူသၫ့္ ပံုစံသာ ဖမ္းထားေလသည္ ။ ၾကၫ့္ရတာ ဇာတ္လိုက္မ ဆြဲေခၚခံရတာထက္ ဇာတ္လိုက္ဆြဲေခၚခံရတာ ပိုဆိုးသၫ့္ပံုပင္ ။ ဒီလူေတြက သူ႔ကို ျမန္ျမန္ သတိျပဳမိသြားတာဘဲ ။

ရႈမင္ရန္ က မ်က္ဝန္းထဲမွ အလင္းတစ္ခ်က္လက္သြားကာ " ငါသူ႔ကို မသိဘူး " ဟု ေျပာလိုက္ေလသည္။ သူ႔ပံုစံက တစ္ခုခုကို စိုးရိမ္ပူပန္ေနသၫ့္ပံုစံ အလ်င္စလို ေျပာလိုက္သၫ့္ပံု ေပါက္ေနသည္။ ထိုစကားသည္ အမွန္ျဖစ္ေသာ္လည္း ၾကားလိုက္ရသၫ့္သူအတြက္ေတာ့ ဆန႔္က်င္ဘက္ အဓိပၸာယ္သက္ေရာက္သြားေလသည္ ။

ရႈမင္ရန္၏စကားေၾကာင့္ လူဆိုးမ်ားက သူတို႔လိုခ်င္သၫ့္ ပစၥည္းသည္ ကုခ်န္ထံတြင္ ေသခ်ာေပါက္ရိွေနမည္ဟု ထင္သြားေလသည္။ ကုခ်န္က ရႈမင္ရန္ အား အံ့အားသင့္စြာ ၾကၫ့္လိုက္ၿပီး ၾကည္လင္သၫ့္ မ်က္ဝန္းမ်ားက အရည္လဲ့လာခဲ့သည္ ။ နီရဲေနသၫ့္ ႏူတ္ခမ္းေလးက ဖိကိုက္ခံထားရသျဖင့္ ေသြးစို႔သြားေလသည္ ။

ဒီ သနားစရာ အျပစ္ကင္းစင္သၫ့္ ပံုစံေလးက အေတာ္ေလး လွပေနေလသည္ ။ ၾကၫ့္ေနသၫ့္ သူမ်ားသည္ ကုခ်န္ က ရႈမင္ရန္အား ျမတ္ႏိုးမႈမ်ား ျပၫ့္ႏွက္ေနသၫ့္ အၾကၫ့္ျဖင့္ ၾကၫ့္လိုက္ၿပီး ၿပံဳးျပလိုက္သည္ကို ေတြ့လိုက္ရသည္။ ၿပီးေနာက္ သူတို႔အား နီရဲသၫ့္ မ်က္လံုးမ်ားျဖင့္ ေခါင္းမာစြာ စူးစိုက္ၾကၫ့္လာပံုက သူခ်စ္သၫ့္သူ အတြက္ အနစ္နာခံမၫ့္ ပံုစံေပါက္ေနေလသည္ ။

‌လူတစ္ေယာက္က ေခါင္းေဆာင္ျဖစ္ဟန္တူသၫ့္ လူအား အသာ တီးတိုးကပ္ေျပာလိုက္သည္ ။ " အစ္ကိုႀကီး .. ၾကၫ့္ရတာ တကယ္ ဆက္ဆံေရးရိွတဲ့ပံုဘဲ .."

" ဟိုေကာင္က ဘယ္ေလာက္ႏိွပ္စက္စက္ ေျပာမွာမဟုတ္ဘူး " အစ္ကိုႀကီး ဆိုသၫ့္သူက ရႈမင္ရန္ကို ၾကၫ့္ကာ ေခါင္းခါလိုက္သည္ ။ " ဟိုေကာင္ေလးကလည္း ေခါင္းမာမဲ့ပံုေလး.. အဲ့ေကာင္ေၾကာင့္ ေျပာမွာ မဟုတ္ဘူး "

ထိုအခါ ေနာက္လူတစ္ေယာက္က သူတို႔အနားသို႔ ကပ္လာကာ " အစ္ကိုႀကီး ၊ အစ္ကိုသံုး ၊ ကြၽန္ေတာ္ ေတြးမိတာရိွတယ္ . ေကာင္ေလး က ဟိုေကာင္ အတြက္ ဘာမဆို လုပ္မဲ့ပံုစံဘဲ .. ဟိုေကာင္ကို ႏိွပ္စက္ၿပီး ေကာင္ေလးကို ဖိအားေပးရေအာင္"

အစ္ကိုႀကီး နဲ႔ အစ္ကိုသံုး သည္ အခ်င္းခ်င္းၾကၫ့္လိုက္မိကာ ခနမ်ွတိတ္ဆိတ္သြားသည္ ။ သူတို႔က ကုခ်န္ နဲ႔ ရႈမင္ရန္ ကို အကဲခတ္လိုက္သၫ့္အခ်ိန္တြင္ ကုခ်န္ သည္ ေခါင္းမာစြာ ရိွေနေသာ္လည္း တစ္ခ်က္တစ္ခ်က္ ရႈမင္ရန္ ကို လွၫ့္ၾကၫ့္ေနပံုက အေတာ္‌ေလး စိတ္မခ်ျဖစ္ေနပံုပင္ ။ ရႈမင္ရန္ သည္ေတာ့ မ်က္ႏွာေသျဖင့္သာ ရိွေနၿပီး .. ကုခ်န္အား ဂရုမစိုက္သၫ့္ ပံုေပၚေနသည္ ။

ကုခ်န္က ရႈမင္ရန္အား ေနာက္ဆံုးအႀကိမ္အလား မ်က္ရည္စမ်ား ခိုတြဲေနသၫ့္ အၾကၫ့္ျဖင့္ ၾကၫ့္လိုက္ၿပီး ဒူးႏွစ္ဖက္ကို ပိုက္လိုက္ကာ ေခါင္းငံု့သြားခဲ့သည္ ။

သူတို႔ တိုင္ပင္ဖို႔ ျပန္လွၫ့္သြားခ်ိန္တြင္ အသာတြန႔္ေကြးသြားသၫ့္ ႏူတ္ခမ္းရဲရဲေလးကိုေတာ့ မျမင္လိုက္ၾကေပ ။ ကုခ်န္က ေခါင္းငံု႔လိုက္သည္နဲ႔ အာသန္းလိုက္ေတာ့သည္ ။ ဒီကိုယ္က ဘယ္ေလာက္ေတာင္ ပင္ပန္းထားသလဲ မသိေခ်။ သူေရာက္ကတည္း အိပ္ခ်င္ေနသၫ့္ စိတ္သည္ အခုထိ မျပယ္ေသးေခ် ။

ဘန္း!!! ဒုန္း!!!

ခနေလး ေမးခနဲ ျဖစ္သြားသၫ့္ ကုခ်န္ က ရိုက္ႏွက္သံမ်ားေၾကာင့္ ႏိုးထလာေလသည္ ။

" အစ္ကိုႀကီး ... ကြၽန္ေတာ္တို႔ ရိုက္ေနတာၾကာၿပီ .. ေကာင္ေလးက အခုထိ ေခါင္းမေမာ့လာေသးဘူး "

အစ္ကိုႀကီးက လက္အသာေဝ႔ွယမ္းျပလိုက္ကာ " သြားၾကၫ့္ေခ်စမ္း "

သြားၾကၫ့္ရန္ျပင္ေနသၫ့္လူက ေျခတစ္လွမ္းသာ လွမ္းရေသးခ်ိန္တြင္ ကုခ်န္က မ်က္ရည္စမ်ားျဖင့္ ေခါင္းေမာ့လာေလသည္ ။ သူက ရႈမင္ရန္ အား စိုးရိမ္တႀကီး ၾကၫ့္လိုက္ၿပီး ပါးစပ္က ဟစိဟစိ ျဖစ္ေနခဲ့ၿပီးမွ ခပ္တင္းတင္းျပန္ေစ့လိုက္ကာ အၾကၫ့္လြဲလိုက္ေလသည္ ။

" ဟိုေကာင္ေလး.. " အစ္ကိုႀကီး က ကုခ်န္၏ အမႈအရာကို စိတ္ေက်နပ္သြားကာ ၿပံဳးလိုက္ၿပီး ေခၚလိုက္သည္ ။ သူက ရႈမင္ရန္ ၏ လည္ပင္းကို ဓားျဖင့္ ေထာက္လိုက္ကာ " မင္း မေျပာရင္ ... ငါက သူ႔ကို သတ္ပစ္လိုက္မယ္ "

" မလုပ္နဲ႔!!! " ကုခ်န္က အလန႔္တၾကား ေအာ္လိုက္ၿပီး " ကြၽန္ေတာ့္ကို ေမး .. ကြၽန္ေတာ္သိတယ္ .. ရိုက္လို႔လဲ ရတယ္ သတ္လို႔လဲရတယ္ သူ႔ကို မထိနဲ႔ "

ကုခ်န္က ကာကြယ္ေျပာဆိုေနေလေလ သူ႔က ပိုအရိုက္ခံရေလေလ ျဖစ္ေသာေၾကာင့္ ဒဏ္ရာ ဗရဗျြဖစ္ေနသၫ့္ ရႈမင္ရန္ က ကုခ်န္အား ေဒါသတႀကီး ၾကၫ့္ကာ ေအာ္လိုက္သည္ ။ " တိတ္တိတ္ေနစမ္း !!!! " သူက လူဆိုးမ်ားအား ၾကၫ့္လိုက္ကာ " ငါ.. သူနဲ႔ မသိဘူး " ဤတစ္ႀကိမ္တြင္ ရိုးသားစြာ ေျပာဆိုျခင္း ျဖစ္ေသာ္လည္း ဘယ္သူမွ မယံုၾကေတာ့ေပ ။

အစ္ကိုသံုးကရႈမင္ရန္ ၏ပါးကို ပုတ္လိုက္ကာ " မသိတဲ့လူကို အသက္ေပးၿပီး ကာကြယ္တာ ဘယ္မွာ ရိွ‌လို႔လဲ .. ငါတို႔ကို ခ်ီးစားၿပီး ႀကီးလာတယ္လို႔ ထင္ေနတာလား "

ရႈမင္ရန္၏ အမႈအရာသည္ ဆိုးရြားသြားေတာ့သည္ ။ သူက ကုခ်န္အား သတ္‌ျဖတ္ခ်င္သၫ့္ အၾကၫ့္ျဖင့္ ၾကၫ့္လိုက္သည္ ။ သူတို႔ တကယ္သိလား မသိလား ဆိုတာ သူတို႔ႏွစ္ေယာက္သာ သိေလသည္ ။ သူက သူ႔ေထာင္ေခ်ာက္သူ ျပန္မိလိမ့္မည္ဟု ေတြးပင္ မေတြးခဲ့ဖူးေပ ။

" သူက မသိဘူးလို႔ ေျပာေနတယ္ေလ .. " ကုရွင္းက မ်က္ေမွာင္ၾကဳတ္ကာ ေျပာလိုက္သည္ ။ သူမက တစ္ခုခုမွားေနသည္ဟု ခံစားရေသာ္လည္း ဘယ္နားက မွားေနမွန္း မသိေခ် ။

" ကြၽန္ေတာ္ေျပာမယ္.. ကြၽန္ေတာ္ေျပာမယ္ .. သူ႔ကို လႊတ္ေပး " ကုခ်န္က ကုရွင္းအား စကားေျပာမခံဘဲ ဝင္ေျပာလိုက္သည္ ။ တဖက္လူကို သူ႔ဘက္ပါေအာင္ ဆြဲေဆာင္ေျပာႏိုင္ျခင္းက ဇာတ္လိုက္မေတြရဲ့ စြမ္းရည္ျဖစ္တာမို႔ .. သူက သူမကို ေျပာခြင့္မေပးႏိုင္ေပ ။

" မရဘူး .. သူထြက္သြားမွ မင္းက အေသခံသြားရင္ ဘယ္လိုလုပ္မလဲ " အစ္ကိုႀကီး က ကုခ်န္ အား အျပတ္ေျပာလိုက္သည္ ။ သူက ကုခ်န္ ဘာဆက္ေျပာမလဲ ေစာင့္ၾကၫ့္ေနေလသည္ ။ ပစၥည္းကို ကိုယ္တိုင္သြားယူမည္ဟု ထြက္လာခဲ့ပါက ကုခ်န္၏ အရင္က အျပဳအမႈမ်ားသည္ ဟန္ေဆာင္ေနျခင္းသာ ။

ကုခ်န္က ကုရွင္းအား တြန႔္ဆုတ္သၫ့္ အမႈအရာျဖင့္ ၾကၫ့္လိုက္ကာ " သူ႔ကို ေျပာျပၿပီး သြားယူခိုင္းမယ္ ဆိုရင္ေရာ " သူ ဘာမွ မေျပာရေသးခင္ပင္ ကုရွင္း၏ တက္ႂကြေနသၫ့္အသံက ထြက္လာသည္။

" ေကာင္းၿပီ.. ငါ ေသခ်ာေပါက္ျပန္လာခဲ့မယ္ " ကုခ်န္တစ္ေယာက္သာ သူမ တကယ္ေျပာေနျခင္း ျဖစ္သည္ကို သိေနခဲ့သည္ ။ လက္ရိွကုရွင္းသည္ ေျဖာင့္မတ္မႈကိုတန္ဖိုးထသၫ့္ မိန္းကေလး ျဖစ္သျဖင့္ သူမက တကယ္ ျပန္လာေပလိမ့္မည္။ သို႔ေသာ္ သူမအား ဘယ္သူမွ မယံုၾကည္ေပ  ။ ရႈမင္ရန္ ပင္ မယံုၾကည္ေပ ။ကုခ်န္က ေနရာမသိတာကို အသာထားဦး သိရင္ေတာင္ ကုရွင္းက ပစၥည္းနဲ႔ ျပန္‌ေရာက္ခဲ့မည္ဟု မယံုေပ ။

ကုခ်န္က ရႈမင္ရန္အား စိုးရိမ္တႀကီး ၾကၫ့္လိုက္ၿပီး အခက္ေတြ့သၫ့္ ပံုေပါက္ေနေလသည္ ။ အစ္ကိုသံုးက ေခါင္းညိတ္လိုက္ကာ " မင္းကိုယ္တိုင္သြားယူ .."

" မျဖစ္ဘူး !! သူ႔ကို တစ္ေယာက္တည္း မထားခဲ့ႏိုင္ဘူး " ကုခ်န္က ေခါင္းတြင္တြင္ ခါလိုက္ကာ ေျပာလိုက္သည္ ။

" မင္း ျပန္လာရင္ ငါက သူ႔ကို လႊတ္ေပးမွာေပါ့ .. မျပန္လာရင္ေတာ့ အေလာင္းဘဲ ျပန္ရမယ္ " ကုခ်န္ က အခ်ိန္အေတာ္ၾကာ ငိုင္သြားၿပီး ေခါင္းညိတ္လိုက္သည္ ။ " သူ႔ကို ေနာက္ထပ္ မရိုက္နဲ႔ေတာ့ .. ကြၽန္ေတာ္ သြားမယ္ "

ကုခ်န္၏ စကားေၾကာင့္ အစ္ကိုႀကီးက မ်က္ေမွာင္ၾကဳတ္လိုက္သည္ ။သူက တားရန္ ျပင္လိုက္ခ်ိန္ ကုခ်န္က ျပန္လွၫ့္လာေလသည္ ။ " ကြၽန္ေတာ္.. သူနဲ႔ ခနေလးစကားေျပာလို႔ရမလားဟင္ ခနေလးပါဘဲ "

အစ္ကိုႀကီး၏ မ်က္ႏွာက စိတ္ခ်သြားပံုေပၚသြားကာ ေခါင္းညိတ္လိုက္သည္ ။ " ျမန္ျမန္ေလး .."

အေျဖရလိုက္သည္နဲ႔ ကုခ်န္ က ႀကိဳးတုပ္ခံထားရသၫ့္ ရႈမင္ရန္ ထံ ေျပးသြားလိုက္ၿပီး ဒဏ္ရာမ်ားကို စိုးရိမ္တႀကီး ၾကၫ့္လိုက္သည္ ။ " နာေနလားဟင္ "

ရႈမင္ရန္ က ႀကိဳးသာတုပ္မထားရင္ သူ႔ေရ႔ွက ေကာင္ေလးအား အစိတ္စိတ္အမြာမြာ ျဖစ္ေအာင္ လုပ္မိလိမ့္မည္ ။ သူက အံႀကိတ္ကာ " မင္း ငါ့လက္က လႊတ္ေအာင္ ေျပးထား မဟုတ္ရင္ .."

ကုခ်န္က ရႈမင္ရန္ နားကပ္ကာ ေခါင္းငံု႔လိုက္ၿပီး " ငါေမးေနတယ္ .. နာရဲ့လားလို႔ .." သူက လက္ျဖင့္ ဒဏ္ရာအား ဖိလိုက္သျဖင့္ ရႈမင္ရန္ က ခိုက္ခိုက္တုန္သၫ့္နာက်င္မႈကို ခံစားလိုက္ရသည္ ။

ရႈမင္ရန္ သည္ ႏူတ္ခမ္းတြန႔္ရံု ၿပံဳးေနေသာ ကုခ်န္၏ နီးကပ္ေနသၫ့္ မ်က္ႏွာကို ၾကၫ့္လိုက္ၿပီး မ်က္ႏွာသည္ ခက္ထန္ေနခဲ့သည္ ။ ကုခ်န္က ရႈမင္ရန္ ကို ဖက္လိုက္ကာ ေက်ာျပင္ကို အသာပုတ္ေပးလိုက္ၿပီး " မပူပါနဲ႔ .. ေနာက္ကို ထပ္ေတြ့ဦးမွာပါ .. မင္း အသက္ရွင္ေနေသးရင္ေပါ့ "

အျခားသူမ်ား အျမင္တြင္ ကုခ်န္သည္ ရႈမင္ရန္အား အလြန္စိုးရိမ္ၿပီး စိတ္မခ်သၫ့္ ပံုေပါက္ေနေလသည္ ။

" သူက မင္းတို႔ကို လိမ္သြားတာ .. သူက ဒီကို ျပန္လာမွာ မဟုတ္ဘူး .. ငါ သူ႔ကို မသိဘူး " ထြက္သြားသၫ့္ ကုခ်န္အား ၾကၫ့္ကာ ရႈမင္ရန္ က ရုန္းကန္လိုက္သည္ ။ သို႔ေသာ္ သူ႔စကားကို မည္သူမွ နားေထာင္မေနခဲ့ေပ ။

တဖက္တြင္ ကုခ်န္က သူ႔ေရ႔ွတြင္ လွဲက်ေနသၫ့္ အစ္ကိုသံုး အား ပိတ္ကန္လိုက္သည္။ ထိုလူမ်ားကို လွၫ့္စားရသည္က ဘယ္လြယ္ပါ့မလဲ ဒီအေကာင္က သူ႔ေနာက္သို႔ ေနာက္ေယာင္ခံ လိုက္လာခဲ့ျခင္းပင္ ။ သို႔ေသာ္ တစ္ေယာက္ထဲက သူ႔အတြက္ ေျဖရွင္းရ လြယ္လြန္းသည္ ။ သူက ရႈမင္ရန္ အား ေကာင္းေကာင္း ဒုကၡေပးထားခဲ့ရသၫ့္အတြက္ အလြန္တက္ႂကြေနသည္ ။

ကုခ်န္ က ခပ္ဖြဖြ ၿပံဳးလိုက္ကာ အိတ္ထဲက lollipop အား ပါးစပ္ထဲ ထၫ့္လ်က္ လက္ေနွာက္ပစ္ကာ ထြက္သြားေတာ့သည္ ။

' ငါ့ရဲ့ အလွေလးကို သြားရွာဖို႔ အခ်ိန္ေရာက္ၿပီ .. အားး လြမ္းလိုက္တာကြာ '

_____________________
Unicode

အဆုံးတွင် ဇာတ်ကြောင်းအတိုင်းသာ သူတို့က အဖမ်းခံလိုက်ရလေသည် ။ ကြည့်ရသည်မှာ ထိုလူများက ရှုမင်ရန် ထံမှ ပစ္စည်းတစ်ခုခုကို ရချင်နေသည့် ပုံပင် ။ ကုရှင်း က အခုထိ တရားမျှတမှုပေးဖို့..တရားဟောနေတုန်းဖြစ်လေသည် ။

" အစ်ကိုကြီး.. ဒီကောင်လေးက အဲ့‌ကောင်နဲ့ အတူရှိနေတဲ့ သူဘဲ .. သူသိရင်သိမှာ " ကုချန်က သူ့ဘက်သို့ မြားဦးလှည့်လာသည့် သူအား မော့ကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ ။ သူက တောင့်တစ်နေရာတွင်ကပ်လျက် မသိဘူး မကြားဘူး မမြင်ဘူး ဟူသည့် ပုံစံသာ ဖမ်းထားလေသည် ။ ကြည့်ရတာ ဇာတ်လိုက်မ ဆွဲခေါ်ခံရတာထက် ဇာတ်လိုက်ဆွဲခေါ်ခံရတာ ပိုဆိုးသည့်ပုံပင် ။ ဒီလူတွေက သူ့ကို မြန်မြန် သတိပြုမိသွားတာဘဲ ။

ရှုမင်ရန် က မျက်ဝန်းထဲမှ အလင်းတစ်ချက်လက်သွားကာ " ငါသူ့ကို မသိဘူး " ဟု ပြောလိုက်လေသည်။ သူ့ပုံစံက တစ်ခုခုကို စိုးရိမ်ပူပန်နေသည့်ပုံစံ အလျင်စလို ပြောလိုက်သည့်ပုံ ပေါက်နေသည်။ ထိုစကားသည် အမှန်ဖြစ်သော်လည်း ကြားလိုက်ရသည့်သူအတွက်တော့ ဆန့်ကျင်ဘက် အဓိပ္ပာယ်သက်ရောက်သွားလေသည် ။

ရှုမင်ရန်၏စကားကြောင့် လူဆိုးများက သူတို့လိုချင်သည့် ပစ္စည်းသည် ကုချန်ထံတွင် သေချာပေါက်ရှိနေမည်ဟု ထင်သွားလေသည်။ ကုချန်က ရှုမင်ရန် အား အံ့အားသင့်စွာ ကြည့်လိုက်ပြီး ကြည်လင်သည့် မျက်ဝန်းများက အရည်လဲ့လာခဲ့သည် ။ နီရဲနေသည့် နူတ်ခမ်းလေးက ဖိကိုက်ခံထားရသဖြင့် သွေးစို့သွားလေသည် ။

ဒီ သနားစရာ အပြစ်ကင်းစင်သည့် ပုံစံလေးက အတော်လေး လှပနေလေသည် ။ ကြည့်နေသည့် သူများသည် ကုချန် က ရှုမင်ရန်အား မြတ်နိုးမှုများ ပြည့်နှက်နေသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်ကို တွေ့လိုက်ရသည်။ ပြီးနောက် သူတို့အား နီရဲသည့် မျက်လုံးများဖြင့် ခေါင်းမာစွာ စူးစိုက်ကြည့်လာပုံက သူချစ်သည့်သူ အတွက် အနစ်နာခံမည့် ပုံစံပေါက်နေလေသည် ။

‌လူတစ်ယောက်က ခေါင်းဆောင်ဖြစ်ဟန်တူသည့် လူအား အသာ တီးတိုးကပ်ပြောလိုက်သည် ။ " အစ်ကိုကြီး .. ကြည့်ရတာ တကယ် ဆက်ဆံရေးရှိတဲ့ပုံဘဲ .."

" ဟိုကောင်က ဘယ်လောက်နှိပ်စက်စက် ပြောမှာမဟုတ်ဘူး " အစ်ကိုကြီး ဆိုသည့်သူက ရှုမင်ရန်ကို ကြည့်ကာ ခေါင်းခါလိုက်သည် ။ " ဟိုကောင်လေးကလည်း ခေါင်းမာမဲ့ပုံလေး.. အဲ့ကောင်ကြောင့် ပြောမှာ မဟုတ်ဘူး "

ထိုအခါ နောက်လူတစ်ယောက်က သူတို့အနားသို့ ကပ်လာကာ " အစ်ကိုကြီး ၊ အစ်ကိုသုံး ၊ ကျွန်တော် တွေးမိတာရှိတယ် . ကောင်လေး က ဟိုကောင် အတွက် ဘာမဆို လုပ်မဲ့ပုံစံဘဲ .. ဟိုကောင်ကို နှိပ်စက်ပြီး ကောင်လေးကို ဖိအားပေးရအောင်"

အစ်ကိုကြီး နဲ့ အစ်ကိုသုံး သည် အချင်းချင်းကြည့်လိုက်မိကာ ခနမျှတိတ်ဆိတ်သွားသည် ။ သူတို့က ကုချန် နဲ့ ရှုမင်ရန် ကို အကဲခတ်လိုက်သည့်အချိန်တွင် ကုချန် သည် ခေါင်းမာစွာ ရှိနေသော်လည်း တစ်ချက်တစ်ချက် ရှုမင်ရန် ကို လှည့်ကြည့်နေပုံက အတော်‌လေး စိတ်မချဖြစ်နေပုံပင် ။ ရှုမင်ရန် သည်တော့ မျက်နှာသေဖြင့်သာ ရှိနေပြီး .. ကုချန်အား ဂရုမစိုက်သည့် ပုံပေါ်နေသည် ။

ကုချန်က ရှုမင်ရန်အား နောက်ဆုံးအကြိမ်အလား မျက်ရည်စများ ခိုတွဲနေသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး ဒူးနှစ်ဖက်ကို ပိုက်လိုက်ကာ ခေါင်းငုံ့သွားခဲ့သည် ။

သူတို့ တိုင်ပင်ဖို့ ပြန်လှည့်သွားချိန်တွင် အသာတွန့်ကွေးသွားသည့် နူတ်ခမ်းရဲရဲလေးကိုတော့ မမြင်လိုက်ကြပေ ။ ကုချန်က ခေါင်းငုံ့လိုက်သည်နဲ့ အာသန်းလိုက်တော့သည် ။ ဒီကိုယ်က ဘယ်လောက်တောင် ပင်ပန်းထားသလဲ မသိချေ။ သူရောက်ကတည်း အိပ်ချင်နေသည့် စိတ်သည် အခုထိ မပြယ်သေးချေ ။

ဘန်း!!! ဒုန်း!!!

ခနလေး မေးခနဲ ဖြစ်သွားသည့် ကုချန် က ရိုက်နှက်သံများကြောင့် နိုးထလာလေသည် ။

" အစ်ကိုကြီး ... ကျွန်တော်တို့ ရိုက်နေတာကြာပြီ .. ကောင်လေးက အခုထိ ခေါင်းမမော့လာသေးဘူး "

အစ်ကိုကြီးက လက်အသာဝှေ့ယမ်းပြလိုက်ကာ " သွားကြည့်ချေစမ်း "

သွားကြည့်ရန်ပြင်နေသည့်လူက ခြေတစ်လှမ်းသာ လှမ်းရသေးချိန်တွင် ကုချန်က မျက်ရည်စများဖြင့် ခေါင်းမော့လာလေသည် ။ သူက ရှုမင်ရန် အား စိုးရိမ်တကြီး ကြည့်လိုက်ပြီး ပါးစပ်က ဟစိဟစိ ဖြစ်နေခဲ့ပြီးမှ ခပ်တင်းတင်းပြန်စေ့လိုက်ကာ အကြည့်လွဲလိုက်လေသည် ။

" ဟိုကောင်လေး.. " အစ်ကိုကြီး က ကုချန်၏ အမှုအရာကို စိတ်ကျေနပ်သွားကာ ပြုံးလိုက်ပြီး ခေါ်လိုက်သည် ။ သူက ရှုမင်ရန် ၏ လည်ပင်းကို ဓားဖြင့် ထောက်လိုက်ကာ " မင်း မပြောရင် ... ငါက သူ့ကို သတ်ပစ်လိုက်မယ် "

" မလုပ်နဲ့!!! " ကုချန်က အလန့်တကြား အော်လိုက်ပြီး " ကျွန်တော့်ကို မေး .. ကျွန်တော်သိတယ် .. ရိုက်လို့လဲ ရတယ် သတ်လို့လဲရတယ် သူ့ကို မထိနဲ့ "

ကုချန်က ကာကွယ်ပြောဆိုနေလေလေ သူ့က ပိုအရိုက်ခံရလေလေ ဖြစ်သောကြောင့် ဒဏ်ရာ ဗရဗြွဖစ်နေသည့် ရှုမင်ရန် က ကုချန်အား ဒေါသတကြီး ကြည့်ကာ အော်လိုက်သည် ။ " တိတ်တိတ်နေစမ်း !!!! " သူက လူဆိုးများအား ကြည့်လိုက်ကာ " ငါ.. သူနဲ့ မသိဘူး " ဤတစ်ကြိမ်တွင် ရိုးသားစွာ ပြောဆိုခြင်း ဖြစ်သော်လည်း ဘယ်သူမှ မယုံကြတော့ပေ ။

အစ်ကိုသုံးကရှုမင်ရန် ၏ပါးကို ပုတ်လိုက်ကာ " မသိတဲ့လူကို အသက်ပေးပြီး ကာကွယ်တာ ဘယ်မှာ ရှိ‌လို့လဲ .. ငါတို့ကို ချီးစားပြီး ကြီးလာတယ်လို့ ထင်နေတာလား "

ရှုမင်ရန်၏ အမှုအရာသည် ဆိုးရွားသွားတော့သည် ။ သူက ကုချန်အား သတ်‌ဖြတ်ချင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည် ။ သူတို့ တကယ်သိလား မသိလား ဆိုတာ သူတို့နှစ်ယောက်သာ သိလေသည် ။ သူက သူ့ထောင်ချောက်သူ ပြန်မိလိမ့်မည်ဟု တွေးပင် မတွေးခဲ့ဖူးပေ ။

" သူက မသိဘူးလို့ ပြောနေတယ်လေ .. " ကုရှင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် ။ သူမက တစ်ခုခုမှားနေသည်ဟု ခံစားရသော်လည်း ဘယ်နားက မှားနေမှန်း မသိချေ ။

" ကျွန်တော်ပြောမယ်.. ကျွန်တော်ပြောမယ် .. သူ့ကို လွှတ်ပေး " ကုချန်က ကုရှင်းအား စကားပြောမခံဘဲ ဝင်ပြောလိုက်သည် ။ တဖက်လူကို သူ့ဘက်ပါအောင် ဆွဲဆောင်ပြောနိုင်ခြင်းက ဇာတ်လိုက်မတွေရဲ့ စွမ်းရည်ဖြစ်တာမို့ .. သူက သူမကို ပြောခွင့်မပေးနိုင်ပေ ။

" မရဘူး .. သူထွက်သွားမှ မင်းက အသေခံသွားရင် ဘယ်လိုလုပ်မလဲ " အစ်ကိုကြီး က ကုချန် အား အပြတ်ပြောလိုက်သည် ။ သူက ကုချန် ဘာဆက်ပြောမလဲ စောင့်ကြည့်နေလေသည် ။ ပစ္စည်းကို ကိုယ်တိုင်သွားယူမည်ဟု ထွက်လာခဲ့ပါက ကုချန်၏ အရင်က အပြုအမှုများသည် ဟန်ဆောင်နေခြင်းသာ ။

ကုချန်က ကုရှင်းအား တွန့်ဆုတ်သည့် အမှုအရာဖြင့် ကြည့်လိုက်ကာ " သူ့ကို ပြောပြပြီး သွားယူခိုင်းမယ် ဆိုရင်ရော " သူ ဘာမှ မပြောရသေးခင်ပင် ကုရှင်း၏ တက်ကြွနေသည့်အသံက ထွက်လာသည်။

" ကောင်းပြီ.. ငါ သေချာပေါက်ပြန်လာခဲ့မယ် " ကုချန်တစ်ယောက်သာ သူမ တကယ်ပြောနေခြင်း ဖြစ်သည်ကို သိနေခဲ့သည် ။ လက်ရှိကုရှင်းသည် ဖြောင့်မတ်မှုကိုတန်ဖိုးထသည့် မိန်းကလေး ဖြစ်သဖြင့် သူမက တကယ် ပြန်လာပေလိမ့်မည်။ သို့သော် သူမအား ဘယ်သူမှ မယုံကြည်ပေ  ။ ရှုမင်ရန် ပင် မယုံကြည်ပေ ။ကုချန်က နေရာမသိတာကို အသာထားဦး သိရင်တောင် ကုရှင်းက ပစ္စည်းနဲ့ ပြန်‌ရောက်ခဲ့မည်ဟု မယုံပေ ။

ကုချန်က ရှုမင်ရန်အား စိုးရိမ်တကြီး ကြည့်လိုက်ပြီး အခက်တွေ့သည့် ပုံပေါက်နေလေသည် ။ အစ်ကိုသုံးက ခေါင်းညိတ်လိုက်ကာ " မင်းကိုယ်တိုင်သွားယူ .."

" မဖြစ်ဘူး !! သူ့ကို တစ်ယောက်တည်း မထားခဲ့နိုင်ဘူး " ကုချန်က ခေါင်းတွင်တွင် ခါလိုက်ကာ ပြောလိုက်သည် ။

" မင်း ပြန်လာရင် ငါက သူ့ကို လွှတ်ပေးမှာပေါ့ .. မပြန်လာရင်တော့ အလောင်းဘဲ ပြန်ရမယ် " ကုချန် က အချိန်အတော်ကြာ ငိုင်သွားပြီး ခေါင်းညိတ်လိုက်သည် ။ " သူ့ကို နောက်ထပ် မရိုက်နဲ့တော့ .. ကျွန်တော် သွားမယ် "

ကုချန်၏ စကားကြောင့် အစ်ကိုကြီးက မျက်မှောင်ကြုတ်လိုက်သည် ။သူက တားရန် ပြင်လိုက်ချိန် ကုချန်က ပြန်လှည့်လာလေသည် ။ " ကျွန်တော်.. သူနဲ့ ခနလေးစကားပြောလို့ရမလားဟင် ခနလေးပါဘဲ "

အစ်ကိုကြီး၏ မျက်နှာက စိတ်ချသွားပုံပေါ်သွားကာ ခေါင်းညိတ်လိုက်သည် ။ " မြန်မြန်လေး .."

အဖြေရလိုက်သည်နဲ့ ကုချန် က ကြိုးတုပ်ခံထားရသည့် ရှုမင်ရန် ထံ ပြေးသွားလိုက်ပြီး ဒဏ်ရာများကို စိုးရိမ်တကြီး ကြည့်လိုက်သည် ။ " နာနေလားဟင် "

ရှုမင်ရန် က ကြိုးသာတုပ်မထားရင် သူ့ရှေ့က ကောင်လေးအား အစိတ်စိတ်အမွာမွာ ဖြစ်အောင် လုပ်မိလိမ့်မည် ။ သူက အံကြိတ်ကာ " မင်း ငါ့လက်က လွှတ်အောင် ပြေးထား မဟုတ်ရင် .."

ကုချန်က ရှုမင်ရန် နားကပ်ကာ ခေါင်းငုံ့လိုက်ပြီး " ငါမေးနေတယ် .. နာရဲ့လားလို့ .." သူက လက်ဖြင့် ဒဏ်ရာအား ဖိလိုက်သဖြင့် ရှုမင်ရန် က ခိုက်ခိုက်တုန်သည့်နာကျင်မှုကို ခံစားလိုက်ရသည် ။

ရှုမင်ရန် သည် နူတ်ခမ်းတွန့်ရုံ ပြုံးနေသော ကုချန်၏ နီးကပ်နေသည့် မျက်နှာကို ကြည့်လိုက်ပြီး မျက်နှာသည် ခက်ထန်နေခဲ့သည် ။ ကုချန်က ရှုမင်ရန် ကို ဖက်လိုက်ကာ ကျောပြင်ကို အသာပုတ်ပေးလိုက်ပြီး " မပူပါနဲ့ .. နောက်ကို ထပ်တွေ့ဦးမှာပါ .. မင်း အသက်ရှင်နေသေးရင်ပေါ့ "

အခြားသူများ အမြင်တွင် ကုချန်သည် ရှုမင်ရန်အား အလွန်စိုးရိမ်ပြီး စိတ်မချသည့် ပုံပေါက်နေလေသည် ။

" သူက မင်းတို့ကို လိမ်သွားတာ .. သူက ဒီကို ပြန်လာမှာ မဟုတ်ဘူး .. ငါ သူ့ကို မသိဘူး " ထွက်သွားသည့် ကုချန်အား ကြည့်ကာ ရှုမင်ရန် က ရုန်းကန်လိုက်သည် ။ သို့သော် သူ့စကားကို မည်သူမှ နားထောင်မနေခဲ့ပေ ။

တဖက်တွင် ကုချန်က သူ့ရှေ့တွင် လှဲကျနေသည့် အစ်ကိုသုံး အား ပိတ်ကန်လိုက်သည်။ ထိုလူများကို လှည့်စားရသည်က ဘယ်လွယ်ပါ့မလဲ ဒီအကောင်က သူ့နောက်သို့ နောက်ယောင်ခံ လိုက်လာခဲ့ခြင်းပင် ။ သို့သော် တစ်ယောက်ထဲက သူ့အတွက် ဖြေရှင်းရ လွယ်လွန်းသည် ။ သူက ရှုမင်ရန် အား ကောင်းကောင်း ဒုက္ခပေးထားခဲ့ရသည့်အတွက် အလွန်တက်ကြွနေသည် ။

ကုချန် က ခပ်ဖွဖွ ပြုံးလိုက်ကာ အိတ်ထဲက lollipop အား ပါးစပ်ထဲ ထည့်လျက် လက်နှောက်ပစ်ကာ ထွက်သွားတော့သည် ။

' ငါ့ရဲ့ အလှလေးကို သွားရှာဖို့ အချိန်ရောက်ပြီ .. အားး လွမ်းလိုက်တာကွာ '

_____________________

Continue Reading

You'll Also Like

345K 34.9K 108
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
1.8M 120K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
734K 7.8K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
330K 26.3K 29
Mini Story Uni Life Style Sweet Romance