Unicode
ကားအသွားအလာများတဲ့လမ်းမပေါ်မှာ ကားပေါ်ကပြေးဆင်းလာတဲ့ကောင်လေးနဲ့ သူ့ရဲ့အနောက်ကထပ်ကြပ်မကွာလိုက်နေတဲ့ကောင်လေး...
"ဟိုဆော့ ထွက်မပြေးပါနဲ့တော့"
အနောက်ကောင်းလေးက ဟိုဆော့ရဲ့ခါးကိုလှမ်းဖက်လိုက်တယ်...
"ငါ့ကိုလွှတ် ထယ်ယောင်း"
ရင်ခွင်ထဲကဟိုဆော့ဟာလည်း ရုန်းကန်နေသော်ငြားလည်း မျက်နှာပေါ်မှာမျက်ရည်စတွေနေရာယူထားလေသည်...
"မလွှတ်ပေးဘူး ကျွန်တော်ဟိုဆော့ကိုထပ်မလွှတ်ပေးနိုင်တော့ဘူး"
ရုန်းကန်နေတဲ့ဟိုဆော့ ခန္ဓာကိုယ်လေးငြိမ်ကြသွားသလို ထယ်ယောင်းရဲ့ဖက်တွယ်ထားတဲ့လက်တွေဟာလည်းပြေလျော့သွားသည်...
"ဟိုဆော့ ကျွန်တော် ဟိုဆော့ရဲ့ကိုယ်၀န်ကိစ္စကိုသိပီးသွားပီ"
ဟိုဆော့ မျက်နှာမှာ အံ့ဩခြင်းအပြင် ၀မ်းသာခြင်း ၀မ်းနည်းခြင်းတို့ပါရောစပ်နေသည်... ဟိုဆော့ထိုကလေး နှစ်ယာက်ကိုမကာကွယ်နိုင်ခဲ့ပေ.. သူထယ်ယောင်းကို ဘလိုမျက်နှာပြရမလဲမသိတော့...
"ငါမင်းကို ကလေးစီခေါ်သွားပေးမယ်"
ယောင်းရဲ့မျက်နှာမှာပျော်ရွှင်းခြင်းတွေရောက်နေပေမဲ့ ဟိုဆော့ရဲ့မျက်နှာကတော့ခံစားချက်ကင်းမဲ့နေလေသည်...
.
.
.
.
.
.
.
"ငါတို့အခုဘလိုဆက်လုက်ကြမလဲ
သက်သေတွေက နမ်ဂျွန်း.. အာ.. မဟုတ်ဘူး RMလက်ထဲကိုပြန်ရောက်သွားပီ"
ဧည့်ခန်းထဲမှာထိုင်နေတဲ့လူလေးေယာက်လုံး ငြိမ်သက်သွားကြသည်...
"ငါ့အထင် ကမ်နမ်ဂျွန်း... သူ Kim RMကိုဆန့်ကျင်နိုင်နေပီထင်တယ် ငါတို့သူနဲ့ဆွေးနွေးကြည့်ရင်ရော"
ဂျီမင့်ရဲ့စကားအဆုံးမှာ ဆော့ဂျင်ဟာလည်း ထောက်ခံသလို၀င်ပြောလာလေသည်...
"အဲ့တာဟုတ်တယ်.. သူ Kim RMကိုဆန့်ကျင်နိုင်နေပီထင်တယ်"
ဂျန်းကုကတော့ ခေါင်းကိုအသာရမ်းရင်း...
"သူဆန့်ကျင်နိုင်ရင်တောင် Kim RMကရှိနေတုန်းပဲ...
Kim RMနဲ့ ကမ်နမ်ဂျွန်းကိုခွဲခြားဖို့ခက်သလို
သူတို့နှစ်ယောက်လုံးကအခုထိ တယောက်တည်းဖြစ်နေတုန်းပဲ.."
ယွန်းဂီ ထိုင်နေရာကနေမတ်တပ်ရပ်လိုက်ရင်း...
"ဒီကိစ္စကို ဟိုဆော့လာမှတိုင်ပင်ကြည့်ရအောင်
Kim RMကို ကမ်နမ်ဂျွန်းခန္ဓာကိုယ်ထဲကနေ အပီးတိုင်ဖယ်ထုတ်လို့ရမလားဆိုတာ"
အကုန်လုံး ခေါင်းငြိမ့်လိုက်ကြသည်...
"ဒါနဲ့ အကိုဟိုဆော့ဘယ်ရောက်နေတာလဲ"
ဂျန်းကုက ဂျီမင့်ရဲ့အေမးကိုဖြေလိုက်သည်...
"ထယ်ယောင်းနဲ့အတူရှိနေမှာပေါ့"
"ဒါဆိုလဲကျွန်တော်ပြန်တော့မယ်..."
ထသွားတဲ့ဂျီမင့်ရဲ့နောက်ကနေ ယွန်းဂီလိုက်သွားလိုက်သည်...
"သူတို့က ဘာတွေလဲဂျန်းကု??"
မျက်မှောင်ကျုံပီးမေးနေတဲ့ဆော့ဂျင်ရဲ့ ပါးဖောင်းဖောင်းလေးကို ဂျန်းကု ကိုက်လိုက်ရင်း..
"ကျွန်တော်တို့လိုပဲနေမှာပေါ့"
"ခွေးကောင် မင်းကိုက်တာနဲ့ ငါ့ပါးမှာသွားရာတွေကြည့်ဖြစ်နေပီ"
"ပိုလှသွားတာပေါ့"
ဆော့ဂျင်ရဲ့ လက်သီးဆုပ်သေးသေးလေးဟာ ဂျန်းကုရဲ့နောက်ကျောပေါ်ကိုရောက်လာခဲ့ပေမဲ့ ချစ်ရသူကိုတော့နာကျင်ခြင်းမဖြစ်စေခဲ့ပါပေ...
"အကို "
"ဟင်"
"အရမ်း ချစ်တယ်"
မျက်နှာနီပီးတဖက်ကိုလှည့်သွားတဲ့ဆော့ဂျင်ကြောင့် ဂျန်းကုအသာပြုံးမိသည်..ချစ်ရသူသည် ထိုမျှပင်ရှက်တတ်လွန်းပါသည်...
.
.
.
.
.
.
.
"ဂျီမင် ကိုယ်လိုက်ပို့ပေးမယ်"
ဂျီမင် အသာတကြည်လက်ခံလိုက်သည်...
အရင်ကထက်စာရင် သူနဲ့ယွန်းဂီရဲ့အခြေအနေတိုးတက်လာပေမဲ့ အခုထိသေချာရေရာတဲ့ဆက်ဆံရေးတခုတော့ မဟုတ်သေးပေ..နမ်ဂျွန်းကို အချိန်အကြာကြီးချစ်ခဲ့ရတာကြောင့် အခုထိတခြားတယောက်ကိုလက်ခံဖို့ဂျီမင်မဝံ့ရဲသေပေ..
သို့သော် မင်ယွန်းဂီဆိုသော ထိုသူအပေါ်မှာလည်း အမျိုးအမည်မသိသောခံစားချက်တို့ဖြစ်ပေါ်နေလေသည်...
"ဂျီမင် အခုကိစ္စတွေကြောင့် တော်တော်စိတ်ရှုပ်နေပီမလား"
ဂျီမင် ခေါင်းရမ်းပြလိုက်သည်...
"ကျွန်တော့အမှားပါ ကျွန်တော်က မင့်ကိုရော အကိုဟိုဆော့ကိုရောကို ဒုက္ခရောက်စေခဲ့တာ"
အမြဲအပြစ်သားလိုမိမိကိုယ်ကို သတ်မှတ်ခဲ့ရတဲ့ဂျီမင့်အတွက် အတိတ်ဖြစ်ရပ်တို့ဟာနာကျင်စရာအတိပင်...ပြန်စဉ်းစားတိုင်း ဂျီမင့်ရဲ့မျက်၀န်းအိမ်ကမျက်ရည်ကြည်တချို့ ကျဆင်းလာလေသည်...သို့ပေမဲ့ထိုမျက်ရည်ကြည်တို့ ဟာတစုံတခုရဲ့ဟန့်တားခြင်းကိုခံလိုက်ရသည်...
"မငိုပါနဲ့ ဂျီမင် မင်းကမျက်ရည်တွေနဲ့မလိုက်ဖက်ဖူး"
မျက်ရည်တွေကိုကြင်နာယုယာစွာသုတ်ပေးနေတဲ့ ထိုသူ မင်ယွန်းဂီ...
"ကိုယ်သဘောကျရတဲ့ ဂျီမင်က အပြုံးနဲ့ဆိုအမြဲတောက်ပနေတဲ့ကောင်လေးပါ"
ဟုတ်သည် ယွန်းဂီရင်ထဲကိုဂျီမင် စ၀င်လာသည့်အချိန်..ထိုအချိန်က ကလေးတယောက်ရှေ့မှာဖြူစင်စွာပြုံနေသည့်သူ့အပြုံးတို့ကြောင့် ယွန်းဂီရဲ့နှလုံးသားလေး ဂယောင်ချောက်ချားဖြစ်ခဲ့ရသည်...ဖြစ်နိုင်ရင် ယွန်းဂီထိုသူ့ကိုအမြဲပျော်ရွှင်နေစေချင်ပါသည်...
အတ္တတချို့ပေါင်းထည့်ရပါမည်ဆိုလျှင် ထိုသူ့ကိုပျော်ရွှင်အောင်ဖြည့်စည်းပေးနိုင်သူသည်လည်း မိမိတယောက်သာဖြစ်စေလိုပါသည်...
.
.
.
.
.
.
.
သစ်ပင်စိုက်ကွင်းစီကိုရောက်နေတဲ့ ထယ်ယောင်းအတွက် အိမ်မက်ကနေလှုပ်နှိုးခံလိုက်ရသည့်လူတယောက်လိုပင်...
"ဒါက ငါမကာကွယ်နိုင်ခဲ့တဲ့ ငါတို့ရဲ့ကလေးလေ"
ပြောရင်း ငိုလာတဲ့ဟိုဆော့ကြောင့် ထယ်ယောင်းမည်သို့ပင်လုပ်ရမှန်းမသိပါ...မိမိပိုယ်တိုင်ကတော့ငိုကြွေးဖို့ရန်ပင်အင်အားမရှိတော့...မိမိချစ်ရသူနဲ့မိမိသွေးသားကိုကာကွယ်နိုင်ခြင်းမရှိသည့်အတွက် မိမိကိုယ်ကိုရွံမုန်းမိပါသည်...
"တောင်းပန်ပါတယ် ထယ်ယောင်း သူ့ကိုမကာကွယ်နိုင်ခဲ့တဲ့အတွက်"
ထယ်ယောင်း ဟိုဆော့ရဲ့လက်လေးကိုဆုပ်ကိုင်လိုက်ရင်း
"ကျွန်တော်ကသာတောင်းပန်ရမှာပါ
ဟိုဆော့ကိုရော ကလေးကိုရော ကျွန်တော်မကာကွယ်နိုင်ခဲ့ဘူး"
ဟိုဆော့ ထယ်ယောင်းရဲ့ခေါင်းလေးကိုအသာအယာ ပွတ်သပ်လိုက်ရင်း...
"တကယ်တော့လေ ငါရဲ့ကိုယ်၀န်ကအမြွှာလေးဖြစ်ခဲ့တယ်
ကားအက်စီးဒင့်ဖြစ်ပီး သားလေးက ဆုံးပါးသွားခဲ့တယ်..
ဒါပေမဲ့ ဖြည်ဆည်စရာသမီးလေးရှိပါသေးတယ်..
မင်း သမီးလေးအပေါ်မှာ ဖခင်တာ၀န်ပိုပီးကျေပွန်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ် ထယ်"
ထယ်ယောင်း သစ်ပင်လေးကိုအသာအယာထိတွေ့ရင်း...
"သားလေး ပင်ပန်းသွားခဲ့ပီ...
သားလေးရဲ့အဖေကိုရော ညီမလေးကိုရော ကာကွယ်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်..
သားက Daddyထက်ပိုပီး သတ္တိရှိတဲ့သူတယောက်ပါ..
အကယ်၍သာ သာလေး Daddyတို့စီကိုပြန်လာမယ်ဆိုရင် Daddyတို့အမြဲကြိုဆိုနေပါ့မယ်...
ပင်းပန်းသွားခဲ့ပီသားငယ် ကောင်းကောင်း အိပ်စက်အနားယူပါတော့..."
ထိုသူတွေရဲ့ခံစားချက်ကိုမည်သူကနားလည်နိုင်ပါမလဲ...
ချစ်ရသူကိုသူ့လက်နဲ့ကိုယ်တိုင်သတ်ခဲ့ရတဲ့လူတယောက်...
ချစ်ရသူကိုလိမ်လည်ပီးအချစ်ကို လှည့်စားမိခဲ့တဲ့လူတယောက်...အချစ်အတွက်ဆိုရင် မိမိနာကျင်မှုကိုတောင်မမှုပဲဘ၀ကိုပုံပေးပီးချစ်ခဲ့ပေမဲ့ ချစ်ရသူရဲ့ဥပေင္ခာကိုသာရရှိခဲ့တဲ့လူတယောက်...
အတိတ်ရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် ချစ်ရသူနဲ့မိမိသွေးသားကိုမကာကွယ်နိုင်ခဲ့တဲ့သူတယောက်...
တကယ်တော့သူတို့အားလုံးဟာပျော်ရွှင်မှုနဲ့ ထိုက်တန်ပါတယ်...ဘာလို့လဲဆိုရင် သူတို့ဟာရိုသားစွာချစ်မိခဲ့ကြလို့ပါပဲ...
.
.
.
.
.
.
.......Namjin......X.........Jinkook......
AN:
Completeတော့မှာပါ
Love you all♥️
Take care
____________________________________
Zawgyi
.
.
.
.
.
.
.
ဧည့်ခန်းထဲမှာထိုင်နေတဲ့လူလေးယောက်လုံး ငြိမ်သက်သွားကြသည်...
ဂျန်းကုက ဂျီမင့်ရဲ့အမေးကိုဖြေလိုက်သည်...
"ပိုလှသွားတာပေါ့"
"အကို "
"ဟင်"
"အရမ်း ချစ်တယ်"
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.......Namjin......X.........Jinkook......
AN:
Completeတော့မှာပါ
Love you all♥️
Take care
____________________________________