ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

846K 122K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.2.19

5.3K 736 246
By devil61002

အလုပ္ကိစၥမ်ားသည္အကုန္လံုး အဆင္ေျပစြာ ၿပီးဆံုးသြားေသာ္လည္း လုဖုန္း၏ ေအးစက္ေနသၫ့္ မ်က္ႏွာေၾကာင့္ ‌အပူခ်ိန္ပင္ က်ဆင္းလာခဲ့သည္ ။ လုဖုန္းက ခ်ံဳးလန္ ဆီမွာ ဖုန္းကို ျပန္ယူလိုက္ကာ " အခုထိ ဖုန္းဆက္လို႔ မရေသးဘူးလား .."

ခ်ံဳးလန္ က ေခါင္းကိုသာ ခါလိုက္သည္ ။ နဂိုကတည္းက သူ႔သူေဌးသည္ ေၾကာက္ဖို႔ ေကာင္းမွန္းသိထားေသာ္လည္း ယခုပံုစံက သူ႔အား ဝိညာဉ္ လြင့္ထြက္ေတာ့မတက္ပင္ ျဖစ္ေစသည္ ။

" ဒီက ကိစၥေတြကို ၾကၫ့္လုပ္လိုက္.. ငါ ခ်င္ group ကို သြားမယ္ " လုဖုန္းက ခ်ံဳးလန္၏ ျပန္ေျဖၾကားမႈကိုပင္ မေစာင့္ေတာ့ဘဲ သြားလိုက္ေတာ့သည္ ။

သည္အခ်ိန္တြင္ ေကြ့လန္အာ သည္ ပါတီပြဲသို႔ ဝင္ရန္ အေပါက္သို႔ ေရာက္ေနခဲ့ၿပီပင္ ။ သူမက ေျပးထြက္လာေသာ လုဖုန္းအား ျမင္လိုက္ၿပီး လွမ္းေခၚရန္ျပင္လိုက္ခ်ိန္ ပါးစပ္ကို ပုဝါျဖင့္ အအုပ္ခံလိုက္ရကာ ေမ့လွဲသြားေတာ့သည္။

" ခ်န္ခယ့္ .. အမွန္တိုင္းေျပာ ခ်င္ယြင္ ဘယ္မွာလဲ " လုဖုန္းက ရံုးခန္းတံခါးအား ဖြင့္လိုက္ၿပီးၿပီးခ်င္းေမးလိုက္သည္ ။

" သူေဌးက T ၿမိဳ႔ကို အလုပ္ကိစၥနဲ႔ သြားတာ အမွန္ပါ.. ဒါေပမဲ့ အခု ဆက္သြယ္လို႔ မရဘူး ျဖစ္ေနတယ္ " စိုးရိမ္တႀကီးေျပာလာသၫ့္ ခ်န္ခယ့္ေၾကာင့္ လုဖုန္းက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေခါင္းညိတ္လိုက္ကာ ထြက္သြားရန္ျပင္လိုက္သည္ ။
သို႔ေသာ္ ေျခႏွစ္လွမ္းမွာပင္ ျပန္လွၫ့္လာခဲ့ကာ " လက္ေထာက္ခ်န္ ..."

" ဟင္..  ဟင္.. Mr. ေခ်ာင္ ဘာမ်ားလဲ " အမႈအရာကို အသည္းအသန္ထိန္းေနသၫ့္ ခ်န္ခယ့္အား စူးစိုက္ၾကၫ့္လိုက္သည္ ။ သူက စားပြဲေပၚတြင္ လက္ေထာက္လိုက္ကာ ခ်န္ခယ့္၏ မ်က္ဝန္းအတြင္းသို႔ နက္ရိႈင္းစြာ ၾကၫ့္ရင္းေျပာလိုက္သည္ ။ " မင္းရဲ့.. မ်က္လံုးက ... " သူေျပာလို႔ မၿပီးခင္ပင္ ေနာက္ဆုတ္ကာ ထြက္ေျပးရန္ ျပင္ေနသၫ့္ ခ်န္ခယ့္၏ လည္ပင္းအား ခပ္တင္းတင္းဆုပ္ကိုင္လိုက္ကာ နံရံနဲ႔ ေဆာင့္လိုက္သည္ ။

" မင္းက ခ်န္ခယ့္ မဟုတ္ဘူး "

" အဟြတ္.. အဟြတ္.. Mr. ေခ်ာင္က ေနာက္ေနတာဘဲ .. ကြၽန္ေတာ္က ခ်န္ခယ့္မဟုတ္ရင္ ဘယ္သူျဖစ္ရမွာ.. " လည္ပင္းထက္က လက္သည္ ပိုတင္းၾကပ္လာသျဖင့္ အသံပင္ မထြက္ခဲ့ေတာ့ေပ ။ လုဖုန္းက သူ႔လက္ေကာက္ဝတ္ကို လွန္လိုက္သၫ့္အခ်ိန္တြင္ 30 ဟူသၫ့္ ဂဏန္းသည္ လင္းလက္ေနခဲ့သည္ ။ ဒါသည္ သူ႔ရဲ့ အသက္အမ်ွင္တန္းဟုပင္ ဆိုႏိုင္သၫ့္ ရွင္သန္ျခင္း အမွတ္ပင္ ။ လက္ကိုတစ္ခ်က္လုပ္လိုက္သည္နဲ႔ ဂဏန္းသည္ 29 ဟု ေျပာင္းသြားကာ လက္ထိပ္တြင္ အျဖဴေရာင္အမ်ွင္တန္းေလးတစ္ခုေပၚလာခဲ့သည္ ။

သူက ခ်န္ခယ့္၏ လက္ေကာက္ဝတ္ထံသို႔ ထိုအမ်ွင္တန္းကို ပို႔လိုက္ေသာ္လည္း ဘာမွထူးမလာခဲ့ေပ ။ သူက ခ်န္ခယ့္ကို ၾကၫ့္လိုက္သၫ့္အခ်ိန္တြင္ ထိုသူက ဘာမွမျမင္ရသလို ဘာမွ မသိသၫ့္ ပံုစံျဖစ္ေနခဲ့သည္ ။

သူက လက္ကို ေလ်ာ့လိုက္ကာ " sorry .. ငါ မွားသြားတာ ျဖစ္မယ္ "

" ရ.. ရပါတယ္ " ခ်န္ခယ့္က လွၫ့္ထြက္သြားသၫ့္ လုဖုန္းအား ညင္သာစြာ ေျပာလိုက္ေသာ္လည္း အၾကၫ့္ထဲတြင္ေတာ့ ေလွာင္ေျပာင္ရိပ္သန္းေနခဲ့သည္ ။ လုဖုန္း၏ လက္ထိပ္က အျဖဴေရာင္အမ်ွင္တန္းေလးသည္ လြင့္ထြက္သြားခဲ့ေၾကာင္းကိုေတာ့ မျမင္လိုက္ရေပ ။

ထိုအမ်ွင္တန္းက သူ႔နဖူးထဲသို႔ ဝင္သြားသၫ့္ အခ်ိန္တြင္ေတာ့ တားဆီးဖို႔ ေနာက္က်သြားခဲ့ေလၿပီ ။ ခ်န္ခယ့္၏ မ်က္လံုးနက္နက္တို႔သည္ တစ္ခ်က္ျပာသြားခဲ့ၿပီး နဖူးထက္တြင္ 5729 ဟူသည္ ဂဏန္းမ်ား ေပၚလာခဲ့ၿပီး အျပာေရာင္မ်က္လံုးေပ်ာက္သြားခ်ိန္တြင္ 5730 ဟု ျပန္ေပၚလာခဲ့သည္။

တုန႔္ျပန္လိုက္ေသာ္လည္း အခ်ိန္မမွီေတာ့ေပ ။ အပ္တစ္ေခ်ာင္းက သူ႔နဖူးတြင္ စိုက္ဝင္သြားေတာ့သည္ ။ ခ်န္ခယ့္၏ ခႏၶာကိုယ္သည္လည္း အရုပ္ႀကိဳးပ်က္ျပဳတ္က်သြားခဲ့သည္ ။ သို႔ေသာ္ ေကာင္းမြန္သၫ့္ အသက္ရႈသံေၾကာင့္ ခ်န္ခယ့္သည္ ဘာမွမျဖစ္ဘဲ အိပ္ေပ်ာ္ေနခဲ့သၫ့္အတိုင္းပင္ ။

လုဖုန္းက ခ်န္ခယ့္အား တစ္ခ်က္ၾကၫ့္လိုက္ၿပီး အဆင္ေျပသည္ကို ေတြ့ရသျဖင့္ ခ်န္ခယ့္၏ ဖုန္းမွတဆင့္ ခ်င္ယြင္ခ်ီ၏ ေနရာကို ရွာလိုက္သည္ ။ ထင္ထားသၫ့္အတိုင္းပင္ ဟန္ယူနဲ႔ ဆက္သြယ္ထားသၫ့္ အေၾကာင္းမ်ား ရွာေတြ့ခဲ့သည္ ။ ခ်င္ယြင္ခ်ီ အဆင္ေျပေနေသးေၾကာင္း သိရသျဖင့္ အနည္းငယ္ စိတ္ေအးသြားခဲ့သည္ ။

သူက ခ်န္ခယ့္၏ နဖူးအား အသာဖိႏိွပ္လိုက္သည္ ။ အလြန္ေသးငယ္သၫ့္ ဖန္ေခ်ာင္းကဲ့သို႔ အရာေလးသည္ ခပ္ေျဖးေျဖးထြက္ေပၚလာခဲ့သည္ ။ ထိုဖန္ေခ်ာင္းထဲတြင္ အျပာေရာင္ အရည္တခ်ိဳ႕ရိွေနခဲ့သည္ ။

ဘန္း!!!

လုဖုန္းက ဖန္ေခ်ာင္းအား ကိုင္ရန္ျပင္လိုက္ခ်ိန္မွာပင္ ဖန္ေခ်ာင္းသည္ ေပါက္ကြဲသြားခဲ့သည္ ။ လုဖုန္း၏ အမႈအရာက မေျပာင္းလဲခဲ့ဘဲ အေရ႔ွတည္တၫ့္ကို စူးစိုက္ၾကၫ့္လိုက္ကာ " ဒီသခင္ေလးက မင္းကို မသိေစနဲ႔ .. မဟုတ္ရင္ .. အက်ိဳးဆက္ကို သိေစရမယ္ "

ထိုအခ်ိန္တြင္ အေငြ့ပ်ံေနသၫ့္ အျပာေရာင္အရည္မ်ားသည္ screen တစ္ခုအျဖစ္သို႔ ေျပာင္းလဲသြားခဲ့ကာ တစ္ဖ်တ္ဖ်တ္ျဖစ္ေနခဲ့သည္ ။ ထို screen ထံမွ ခပ္ရွရွရယ္သံနဲ႔အတူ အက္ကြဲသၫ့္ အသံတစ္ခု ထြက္ေပၚလာခဲ့သည္ ။

" Start Game !! " အသံဆံုးသည္နဲ႔ အနက္ေရာင္အလင္းတစ္ခုသည္ လုဖုန္းထံသို႔ တိုးဝင္လာခဲ့သည္။

ကားလမ္းမထက္တြင္..လုဖုန္းက ကားကို အရိွန္ျပင္းစြာ ေမာင္းႏွင္လာခဲ့သည္ ။ သူ႔လက္ေကာက္ဝတ္တြင္ cm တစ္ဝက္ေလာက္သာရိွေသာအနက္ေရာင္ လက္ပတ္တစ္ခုရိွေနခဲ့သည္ ။

____________
သည္အခ်ိန္တြင္ ခ်င္ယြင္ခ်ီက ပြင့္လာသၫ့္ ဂိုေထာင္တံခါးကို ၾကၫ့္လိုက္သည္ ။ ေကြ့လန္အာသည္ ေအာ္ဟစ္ေနခဲ့ၿပီး သူမအား လူႏွစ္‌ေယာက္က ဆြဲေခၚလာခဲ့သည္။ သူက ေက်နပ္စြာ ၿပံဳးေနသၫ့္ ဟန္ယူအား လွၫ့္ၾကၫ့္လိုက္သည္ ။

ဟန္ယူက ခ်င္ယြင္ခ်ီ၏ အၾကၫ့္ကို ခံစားမိဟန္ျဖင့္ " ဦး.. အခုခ်ိန္ထိ ယံုၾကည္ခ်က္ရိွေသးရဲ့လား .." သူသည္ အရင္ဘဝက လုဖုန္းက ေကြ့လန္အာကို ဘယ္ေလာက္ခ်စ္ေၾကာင္း ေတြ့ခဲ့ရၿပီးၿပီပင္ ။ အမွန္တြင္ သူကလည္း ေကြ့လန္အာ ေတြးသၫ့္အတိုင္းပင္ ေတြးထားခဲ့ၿပီး လုဖုန္းက အခုထိ သူမကို လက္မေလ်ာ့ေသးေၾကာင္း ယံုၾကည္ေနခဲ့သည္ ။ထိုသူက ေကြ့လန္အာကို ပိုင္ဆိုင္ဖို႔ အရာအားလံုးကို ျပဳလုပ္ခဲ့ျခင္းေၾကာင့္ပင္ ။

ခ်င္ယြင္ခ်ီက ထိုေမးခြန္းကို ၾကားသၫ့္အခ်ိန္တြင္ ပထမဦးဆံုး ဟန္ယူအား တုန႔္ျပန္လာခဲ့သည္ ။ သူက ေကြ့လန္အာ ကို တခ်က္သာၾကၫ့္လိုက္ၿပီး " သူက ေမြးရာပါ မ်က္လံုးအားမေကာင္းဘူး "

ဂိုေထာင္ထဲရိွ လူမ်ားက ဆြံ႔အသြားၾကကာ မ်က္ႏွာေသျဖင့္ ေျပာေနသၫ့္ ခ်င္ယြင္ခ်ီ အားၾကည့္ကာ မည္သို႔ တုန႔္ျပန္ရမည္ပင္ မသိေတာ့ေခ် ။ ဒီလို ေပါက္ကရ အေၾကာင္းျပခ်က္မ်ိဳးကို ယံုၾကည္သၫ့္သူသည္ ထက္ျမက္လွသၫ့္ ခ်င္သခင္ေလး ျဖစ္ေနခဲ့သည္လား ။

" ဟန္ယူ!! ငါက နင္နဲ႔ ဘာရန္ၿငိဳးမွ မရိွဘူး .. ငါက နင္နဲ႔ ပူးေပါင္းဖို႔ သေဘာတူတယ္ " ေကြ့လန္အာ က တည္ၿငိမ္စြာ ေျပာလိုက္သည္ ။

ျဖန္း!!!

ဟန္ယူ က ေကြ့လန္အာ အား အားျပင္းျပင္း ရိုက္ခ်လိုက္သည္ ။ သူသည္ လက္စားေခ်မႈကို ေနာက္ပို႔ထားေသာ္လည္း လက္စားမေခ်ဟု ဆိုလိုျခင္းမဟုတ္ေပ ။ ေနာက္ဆံုး သူဘယ္လို ေသခဲ့ရသည္ကို အခုထိ မေမ့ခဲ့ေသးေပ ။ က်ိဳးယဲ့ဟန္သည္ ေကြ့လန္အာ ကို ကယ္သြားၿပီး သူ႔အား ေဆးမိေနသၫ့္ လူမ်ားျဖင့္ ပိတ္ခ်ထားခဲ့သည္ ။ ေနာက္ဆံုးအသက္မ်ွင္မ်ွင္ေလးသာ က်န္သၫ့္အခ်ိန္တြင္ ေတြ့လိုက္ရသၫ့္ ျမင္ကြင္းက သူ႔အား ရြံ႔ရွာသၫ့္ အၾကၫ့္ျဖင့္ ထြက္ခြာသြားသၫ့္ ခ်င္ယြင္ခ်ီ၏ ေက်ာျပင္ကိုသာ ။ အခုခ်ိန္ထိ ထိုအျဖစ္အပ်က္သည္ သူ႔အား အိမ္မက္ဆိုးသဖြယ္ လိုက္ေနွာက္ယွက္ေနဆဲပင္ ။ ေကြ့‌လန္အာ အေပၚမုန္းတီးမႈက လုဖုန္းအေပၚမုန္းတီးမႈထက္ပင္ သာလြန္ေသးသည္။

ဝုန္း!!!!

ဂိုေထာင္တံခါးသည္ ပြင့္သြားခဲ့ကာ ကားတစ္စီးသည္ အၾကမ္းပတမ္း ဝင္လာခဲ့သည္ ။ ကားထဲတြင္ လုဖုန္းသည္ ခပ္ဖြဖြ ၿပံဳးေနခဲ့သည္ ။ ထိုသူက ခ်င္ယြင္ခ်ီအား မ်က္လံုးတစ္ဖက္ပင္ မိွတ္ျပလိုက္ေသးသည္။

' ငါ အေၾကာင္းမၾကားရေသးဘဲ သူက ဘယ္လိုလုပ္ေရာက္လာတာလဲ ' ဟန္ယူက ထိုအေၾကာင္းကို ေတြးေနခ်ိန္ပင္ မရေတာ့ဘဲ ေသနတ္ကို ခ်င္ယြင္ခ်ီထံသို႔ ခ်ိန္လိုက္သည္ ။

" လုဖုန္း .. အခုခ်က္ခ်င္းရပ္စမ္း " လူမ်ားသည္ အပ်က္အစီးမ်ားေၾကာင့္ ဖရိုဖရဲ ျဖစ္သြားခဲ့သည္ ။ ဟန္ယူက အစပိုင္းတြင္ လုဖုန္းအား ေရြးခ်ယ္ရခက္သၫ့္ အေျခအေနကို ခံစားေစၿပီး ၿခိမ္းေျခာက္ကာ သူ႔ေျခဖဝါးေအာက္သို႔ ဝပ္တြားေစရမည္ဟု ေတြးထားခဲ့ေသာ္လည္း ထိုသူက ဝုန္းဝုန္းဒိုင္းဒိုင္း ျပဳလုပ္လိုက္မည္ဟု မထင္ထားခဲ့ေပ ။

သူက ဘာလို႔ လုဖုန္းက ဒီလို စည္းမရိွဘဲ လုပ္တတ္သၫ့္သူဟု မေတြးမိခဲ့သနည္း ။ ဘာ‌ေၾကာင့္ ဇာတ္လမ္းေတြထဲကလို လာကယ္တဲ့အခါ အသဲအသန္ ခံစားကာ ၫွိႏိႈင္းမည္ဟု ယံုၾကည္ေနခဲ့ရသနည္း။ တကယ္ေတာ့ ထိုကဲ့သို႔ ေတြးထင္ခဲ့ရသည္မွာ သူ႔အမွား မဟုတ္ေပ ။ အရင္က က်ိဳးယဲ့ဟန္ သည္ ေကြ့လန္အာ ကို လာကယ္သၫ့္အခ်ိန္ကပင္ အစပိုင္းတြင္ သူ႔စကားကို ခနေတာ့ နားေထာင္ခဲ့ရေသးသည္မလား ။

" ေသစမ္း!!! ဒီလိုမွန္းသိရင္ ဗံုးကို သံုးခဲ့ပါတယ္ "

________________________________
🙄တကယ္ကို ဒီ arc က ကိုယ္ေရးဖူးသမ်ွထဲမွာ drama အနည္းဆံုး arc ဘဲ ...😖

______________________________
Unicode

အလုပ်ကိစ္စများသည်အကုန်လုံး အဆင်ပြေစွာ ပြီးဆုံးသွားသော်လည်း လုဖုန်း၏ အေးစက်နေသည့် မျက်နှာကြောင့် ‌အပူချိန်ပင် ကျဆင်းလာခဲ့သည် ။ လုဖုန်းက ချုံးလန် ဆီမှာ ဖုန်းကို ပြန်ယူလိုက်ကာ " အခုထိ ဖုန်းဆက်လို့ မရသေးဘူးလား .."

ချုံးလန် က ခေါင်းကိုသာ ခါလိုက်သည် ။ နဂိုကတည်းက သူ့သူဌေးသည် ကြောက်ဖို့ ကောင်းမှန်းသိထားသော်လည်း ယခုပုံစံက သူ့အား ဝိညာဉ် လွင့်ထွက်တော့မတက်ပင် ဖြစ်စေသည် ။

" ဒီက ကိစ္စတွေကို ကြည့်လုပ်လိုက်.. ငါ ချင် group ကို သွားမယ် " လုဖုန်းက ချုံးလန်၏ ပြန်ဖြေကြားမှုကိုပင် မစောင့်တော့ဘဲ သွားလိုက်တော့သည် ။

သည်အချိန်တွင် ကွေ့လန်အာ သည် ပါတီပွဲသို့ ဝင်ရန် အပေါက်သို့ ရောက်နေခဲ့ပြီပင် ။ သူမက ပြေးထွက်လာသော လုဖုန်းအား မြင်လိုက်ပြီး လှမ်းခေါ်ရန်ပြင်လိုက်ချိန် ပါးစပ်ကို ပုဝါဖြင့် အအုပ်ခံလိုက်ရကာ မေ့လှဲသွားတော့သည်။

" ချန်ခယ့် .. အမှန်တိုင်းပြော ချင်ယွင် ဘယ်မှာလဲ " လုဖုန်းက ရုံးခန်းတံခါးအား ဖွင့်လိုက်ပြီးပြီးချင်းမေးလိုက်သည် ။

" သူဌေးက T မြို့ကို အလုပ်ကိစ္စနဲ့ သွားတာ အမှန်ပါ.. ဒါပေမဲ့ အခု ဆက်သွယ်လို့ မရဘူး ဖြစ်နေတယ် " စိုးရိမ်တကြီးပြောလာသည့် ချန်ခယ့်ကြောင့် လုဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းညိတ်လိုက်ကာ ထွက်သွားရန်ပြင်လိုက်သည် ။
သို့သော် ခြေနှစ်လှမ်းမှာပင် ပြန်လှည့်လာခဲ့ကာ " လက်ထောက်ချန် ..."

" ဟင်..  ဟင်.. Mr. ချောင် ဘာများလဲ " အမှုအရာကို အသည်းအသန်ထိန်းနေသည့် ချန်ခယ့်အား စူးစိုက်ကြည့်လိုက်သည် ။ သူက စားပွဲပေါ်တွင် လက်ထောက်လိုက်ကာ ချန်ခယ့်၏ မျက်ဝန်းအတွင်းသို့ နက်ရှိုင်းစွာ ကြည့်ရင်းပြောလိုက်သည် ။ " မင်းရဲ့.. မျက်လုံးက ... " သူပြောလို့ မပြီးခင်ပင် နောက်ဆုတ်ကာ ထွက်ပြေးရန် ပြင်နေသည့် ချန်ခယ့်၏ လည်ပင်းအား ခပ်တင်းတင်းဆုပ်ကိုင်လိုက်ကာ နံရံနဲ့ ဆောင့်လိုက်သည် ။

" မင်းက ချန်ခယ့် မဟုတ်ဘူး "

" အဟွတ်.. အဟွတ်.. Mr. ချောင်က နောက်နေတာဘဲ .. ကျွန်တော်က ချန်ခယ့်မဟုတ်ရင် ဘယ်သူဖြစ်ရမှာ.. " လည်ပင်းထက်က လက်သည် ပိုတင်းကြပ်လာသဖြင့် အသံပင် မထွက်ခဲ့တော့ပေ ။ လုဖုန်းက သူ့လက်ကောက်ဝတ်ကို လှန်လိုက်သည့်အချိန်တွင် 30 ဟူသည့် ဂဏန်းသည် လင်းလက်နေခဲ့သည် ။ ဒါသည် သူ့ရဲ့ အသက်အမျှင်တန်းဟုပင် ဆိုနိုင်သည့် ရှင်သန်ခြင်း အမှတ်ပင် ။ လက်ကိုတစ်ချက်လုပ်လိုက်သည်နဲ့ ဂဏန်းသည် 29 ဟု ပြောင်းသွားကာ လက်ထိပ်တွင် အဖြူရောင်အမျှင်တန်းလေးတစ်ခုပေါ်လာခဲ့သည် ။

သူက ချန်ခယ့်၏ လက်ကောက်ဝတ်ထံသို့ ထိုအမျှင်တန်းကို ပို့လိုက်သော်လည်း ဘာမှထူးမလာခဲ့ပေ ။ သူက ချန်ခယ့်ကို ကြည့်လိုက်သည့်အချိန်တွင် ထိုသူက ဘာမှမမြင်ရသလို ဘာမှ မသိသည့် ပုံစံဖြစ်နေခဲ့သည် ။

သူက လက်ကို လျော့လိုက်ကာ " sorry .. ငါ မှားသွားတာ ဖြစ်မယ် "

" ရ.. ရပါတယ် " ချန်ခယ့်က လှည့်ထွက်သွားသည့် လုဖုန်းအား ညင်သာစွာ ပြောလိုက်သော်လည်း အကြည့်ထဲတွင်တော့ လှောင်ပြောင်ရိပ်သန်းနေခဲ့သည် ။ လုဖုန်း၏ လက်ထိပ်က အဖြူရောင်အမျှင်တန်းလေးသည် လွင့်ထွက်သွားခဲ့ကြောင်းကိုတော့ မမြင်လိုက်ရပေ ။

ထိုအမျှင်တန်းက သူ့နဖူးထဲသို့ ဝင်သွားသည့် အချိန်တွင်တော့ တားဆီးဖို့ နောက်ကျသွားခဲ့လေပြီ ။ ချန်ခယ့်၏ မျက်လုံးနက်နက်တို့သည် တစ်ချက်ပြာသွားခဲ့ပြီး နဖူးထက်တွင် 5729 ဟူသည် ဂဏန်းများ ပေါ်လာခဲ့ပြီး အပြာရောင်မျက်လုံးပျောက်သွားချိန်တွင် 5730 ဟု ပြန်ပေါ်လာခဲ့သည်။

တုန့်ပြန်လိုက်သော်လည်း အချိန်မမှီတော့ပေ ။ အပ်တစ်ချောင်းက သူ့နဖူးတွင် စိုက်ဝင်သွားတော့သည် ။ ချန်ခယ့်၏ ခန္ဓာကိုယ်သည်လည်း အရုပ်ကြိုးပျက်ပြုတ်ကျသွားခဲ့သည် ။ သို့သော် ကောင်းမွန်သည့် အသက်ရှုသံကြောင့် ချန်ခယ့်သည် ဘာမှမဖြစ်ဘဲ အိပ်ပျော်နေခဲ့သည့်အတိုင်းပင် ။

လုဖုန်းက ချန်ခယ့်အား တစ်ချက်ကြည့်လိုက်ပြီး အဆင်ပြေသည်ကို တွေ့ရသဖြင့် ချန်ခယ့်၏ ဖုန်းမှတဆင့် ချင်ယွင်ချီ၏ နေရာကို ရှာလိုက်သည် ။ ထင်ထားသည့်အတိုင်းပင် ဟန်ယူနဲ့ ဆက်သွယ်ထားသည့် အကြောင်းများ ရှာတွေ့ခဲ့သည် ။ ချင်ယွင်ချီ အဆင်ပြေနေသေးကြောင်း သိရသဖြင့် အနည်းငယ် စိတ်အေးသွားခဲ့သည် ။

သူက ချန်ခယ့်၏ နဖူးအား အသာဖိနှိပ်လိုက်သည် ။ အလွန်သေးငယ်သည့် ဖန်ချောင်းကဲ့သို့ အရာလေးသည် ခပ်ဖြေးဖြေးထွက်ပေါ်လာခဲ့သည် ။ ထိုဖန်ချောင်းထဲတွင် အပြာရောင် အရည်တချို့ရှိနေခဲ့သည် ။

ဘန်း!!!

လုဖုန်းက ဖန်ချောင်းအား ကိုင်ရန်ပြင်လိုက်ချိန်မှာပင် ဖန်ချောင်းသည် ပေါက်ကွဲသွားခဲ့သည် ။ လုဖုန်း၏ အမှုအရာက မပြောင်းလဲခဲ့ဘဲ အရှေ့တည်တည့်ကို စူးစိုက်ကြည့်လိုက်ကာ " ဒီသခင်လေးက မင်းကို မသိစေနဲ့ .. မဟုတ်ရင် .. အကျိုးဆက်ကို သိစေရမယ် "

ထိုအချိန်တွင် အငွေ့ပျံနေသည့် အပြာရောင်အရည်များသည် screen တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ တစ်ဖျတ်ဖျတ်ဖြစ်နေခဲ့သည် ။ ထို screen ထံမှ ခပ်ရှရှရယ်သံနဲ့အတူ အက်ကွဲသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည် ။

" Start Game !! " အသံဆုံးသည်နဲ့ အနက်ရောင်အလင်းတစ်ခုသည် လုဖုန်းထံသို့ တိုးဝင်လာခဲ့သည်။

ကားလမ်းမထက်တွင်..လုဖုန်းက ကားကို အရှိန်ပြင်းစွာ မောင်းနှင်လာခဲ့သည် ။ သူ့လက်ကောက်ဝတ်တွင် cm တစ်ဝက်လောက်သာရှိသောအနက်ရောင် လက်ပတ်တစ်ခုရှိနေခဲ့သည် ။

____________
သည်အချိန်တွင် ချင်ယွင်ချီက ပွင့်လာသည့် ဂိုထောင်တံခါးကို ကြည့်လိုက်သည် ။ ကွေ့လန်အာသည် အော်ဟစ်နေခဲ့ပြီး သူမအား လူနှစ်‌ယောက်က ဆွဲခေါ်လာခဲ့သည်။ သူက ကျေနပ်စွာ ပြုံးနေသည့် ဟန်ယူအား လှည့်ကြည့်လိုက်သည် ။

ဟန်ယူက ချင်ယွင်ချီ၏ အကြည့်ကို ခံစားမိဟန်ဖြင့် " ဦး.. အခုချိန်ထိ ယုံကြည်ချက်ရှိသေးရဲ့လား .." သူသည် အရင်ဘဝက လုဖုန်းက ကွေ့လန်အာကို ဘယ်လောက်ချစ်ကြောင်း တွေ့ခဲ့ရပြီးပြီပင် ။ အမှန်တွင် သူကလည်း ကွေ့လန်အာ တွေးသည့်အတိုင်းပင် တွေးထားခဲ့ပြီး လုဖုန်းက အခုထိ သူမကို လက်မလျော့သေးကြောင်း ယုံကြည်နေခဲ့သည် ။ထိုသူက ကွေ့လန်အာကို ပိုင်ဆိုင်ဖို့ အရာအားလုံးကို ပြုလုပ်ခဲ့ခြင်းကြောင့်ပင် ။

ချင်ယွင်ချီက ထိုမေးခွန်းကို ကြားသည့်အချိန်တွင် ပထမဦးဆုံး ဟန်ယူအား တုန့်ပြန်လာခဲ့သည် ။ သူက ကွေ့လန်အာ ကို တချက်သာကြည့်လိုက်ပြီး " သူက မွေးရာပါ မျက်လုံးအားမကောင်းဘူး "

ဂိုထောင်ထဲရှိ လူများက ဆွံ့အသွားကြကာ မျက်နှာသေဖြင့် ပြောနေသည့် ချင်ယွင်ချီ အားကြည့်ကာ မည်သို့ တုန့်ပြန်ရမည်ပင် မသိတော့ချေ ။ ဒီလို ပေါက်ကရ အကြောင်းပြချက်မျိုးကို ယုံကြည်သည့်သူသည် ထက်မြက်လှသည့် ချင်သခင်လေး ဖြစ်နေခဲ့သည်လား ။

" ဟန်ယူ!! ငါက နင်နဲ့ ဘာရန်ငြိုးမှ မရှိဘူး .. ငါက နင်နဲ့ ပူးပေါင်းဖို့ သဘောတူတယ် " ကွေ့လန်အာ က တည်ငြိမ်စွာ ပြောလိုက်သည် ။

ဖြန်း!!!

ဟန်ယူ က ကွေ့လန်အာ အား အားပြင်းပြင်း ရိုက်ချလိုက်သည် ။ သူသည် လက်စားချေမှုကို နောက်ပို့ထားသော်လည်း လက်စားမချေဟု ဆိုလိုခြင်းမဟုတ်ပေ ။ နောက်ဆုံး သူဘယ်လို သေခဲ့ရသည်ကို အခုထိ မမေ့ခဲ့သေးပေ ။ ကျိုးယဲ့ဟန်သည် ကွေ့လန်အာ ကို ကယ်သွားပြီး သူ့အား ဆေးမိနေသည့် လူများဖြင့် ပိတ်ချထားခဲ့သည် ။ နောက်ဆုံးအသက်မျှင်မျှင်လေးသာ ကျန်သည့်အချိန်တွင် တွေ့လိုက်ရသည့် မြင်ကွင်းက သူ့အား ရွံ့ရှာသည့် အကြည့်ဖြင့် ထွက်ခွာသွားသည့် ချင်ယွင်ချီ၏ ကျောပြင်ကိုသာ ။ အခုချိန်ထိ ထိုအဖြစ်အပျက်သည် သူ့အား အိမ်မက်ဆိုးသဖွယ် လိုက်နှောက်ယှက်နေဆဲပင် ။ ကွေ့‌လန်အာ အပေါ်မုန်းတီးမှုက လုဖုန်းအပေါ်မုန်းတီးမှုထက်ပင် သာလွန်သေးသည်။

ဝုန်း!!!!

ဂိုထောင်တံခါးသည် ပွင့်သွားခဲ့ကာ ကားတစ်စီးသည် အကြမ်းပတမ်း ဝင်လာခဲ့သည် ။ ကားထဲတွင် လုဖုန်းသည် ခပ်ဖွဖွ ပြုံးနေခဲ့သည် ။ ထိုသူက ချင်ယွင်ချီအား မျက်လုံးတစ်ဖက်ပင် မှိတ်ပြလိုက်သေးသည်။

' ငါ အကြောင်းမကြားရသေးဘဲ သူက ဘယ်လိုလုပ်ရောက်လာတာလဲ ' ဟန်ယူက ထိုအကြောင်းကို တွေးနေချိန်ပင် မရတော့ဘဲ သေနတ်ကို ချင်ယွင်ချီထံသို့ ချိန်လိုက်သည် ။

" လုဖုန်း .. အခုချက်ချင်းရပ်စမ်း " လူများသည် အပျက်အစီးများကြောင့် ဖရိုဖရဲ ဖြစ်သွားခဲ့သည် ။ ဟန်ယူက အစပိုင်းတွင် လုဖုန်းအား ရွေးချယ်ရခက်သည့် အခြေအနေကို ခံစားစေပြီး ခြိမ်းခြောက်ကာ သူ့ခြေဖဝါးအောက်သို့ ဝပ်တွားစေရမည်ဟု တွေးထားခဲ့သော်လည်း ထိုသူက ဝုန်းဝုန်းဒိုင်းဒိုင်း ပြုလုပ်လိုက်မည်ဟု မထင်ထားခဲ့ပေ ။

သူက ဘာလို့ လုဖုန်းက ဒီလို စည်းမရှိဘဲ လုပ်တတ်သည့်သူဟု မတွေးမိခဲ့သနည်း ။ ဘာ‌ကြောင့် ဇာတ်လမ်းတွေထဲကလို လာကယ်တဲ့အခါ အသဲအသန် ခံစားကာ ညှိနှိုင်းမည်ဟု ယုံကြည်နေခဲ့ရသနည်း။ တကယ်တော့ ထိုကဲ့သို့ တွေးထင်ခဲ့ရသည်မှာ သူ့အမှား မဟုတ်ပေ ။ အရင်က ကျိုးယဲ့ဟန် သည် ကွေ့လန်အာ ကို လာကယ်သည့်အချိန်ကပင် အစပိုင်းတွင် သူ့စကားကို ခနတော့ နားထောင်ခဲ့ရသေးသည်မလား ။

" သေစမ်း!!! ဒီလိုမှန်းသိရင် ဗုံးကို သုံးခဲ့ပါတယ် "

________________________________
🙄တကယ်ကို ဒီ arc က ကိုယ်ရေးဖူးသမျှထဲမှာ drama အနည်းဆုံး arc ဘဲ ...😖

______________________________

Continue Reading

You'll Also Like

394K 9.9K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
6.6M 433K 94
Hanary Victor + Loon Tar Nay San
374K 55.2K 199
ဘာသာ​ပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ)
1.1M 8.6K 11
Myanmar × BL Uni/Zaw Warning..... Start Date:29.9.2023 End Date:20.11.2023 Photo Crd