๐”น๐•ƒ๐”ธโ„‚๐•‚ ๐•ƒ๐•†๐•‹๐•Œ๐•Š | แ€กแ€”แ€€แ€บแ€›แ€ฑ...

By BAE__YUNA

91K 6.7K 501

โœ“ ๐”๐ง๐ข๐œ๐จ๐๐ž ๐Ž๐ง๐ฅ๐ฒ ๐“๐š๐ž๐ก๐ฒ๐ฎ๐ง๐  ๐Ÿ”บ ร— ๐‰๐ฎ๐ง๐ ๐ค๐จ๐จ๐ค ๐Ÿ”ป [ ๐’๐ญ๐š๐ซ๐ญ ๐๐š๐ญ๐ž - ๐€๐ฉ๐ซ๐ข๐ฅ ๐Ÿ๐Ÿ,๏ฟฝ... More

แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ‡) + แ€‡แ€แ€บแ€žแ€ญแ€™แ€บแ€ธ
( แ€แ€ฑแ€ฌแ€„แ€บแ€ธแ€•แ€”แ€บแ€แ€ผแ€„แ€บแ€ธ )
1.( แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€žแ€…แ€นแ€…แ€ฌแ€แ€ญแ€ฏแ€ท แ€แ€ญแ€ฏแ€„แ€บแ€™แ€ผแ€ฒแ€…แ€ฑแ€žแ€ฌแ€ธ )

2โ€ข(แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€žแ€…แ€นแ€…แ€ฌแ€แ€ญแ€ฏแ€ท แ€แ€ญแ€ฏแ€„แ€บแ€™แ€ผแ€ฒแ€…แ€ฑแ€žแ€ฌแ€ธ)

3K 246 7
By BAE__YUNA


လေအေးတချို့သာနေရာယူထားသည့်အခန်းငယ်လေးထဲ၌ ဆေးပိုက်သွယ်တန်းထားသည့်လက်ဖဝါးလေးကိုဆုပ်ကိုင်ရင်း ပြန်နိုးထလာဖို့အတွက်တောင်းဆိုနေသူကောင်လေးကို ကုတင်အထက်တွင်အေးချမ်းစွာအိပ်ပျော်နေသည့်လူသားလေးကလျစ်လျှူရှုထားလို့ရယ်။သို့ပေမဲ့ ထိုလူသား၏မျက်၀န်းမှကျဆင်းနေသည့်မျက်ရည်စီးကြောင်းလေူအား ကောင်ငယ်လေးကသတိမထားမိချေ။

" ခင်များကျနော့်ဆီကို တကယ်ပဲပြန်မလာတော့ဘူးလား ?"

ကျဆင်းနေသည့်မျက်ရည်ပူတွေသာခမ်းကုန်သွားလိမ့်မည် ထိုလူသားကတော့ပြန်ထမလာတော့ထင်ပါရဲ့ ယခုထိအိပ်ပျော်နေလို့ရယ်။တောင်းဆိုနေသည့်ကောင်လေးမှာလည်း ရှိုက်သံထွက်သည်အထိငိုရလွန်း၍မျက်၀န်းအိပ်ကပါတဆစ်ဆစ်နာကြင်လာရသည်အထိ။အနက်ရောင်စာအုပ်လေးနဲ့ ဓာတ်ပုံတချို့အား အိပ်ပျော်နေသည့်လူသား၏ခေါင်းအုံးဘေးမှာ သေသပ်စွာဖြင့်ထားထားပေးသည်။ထိုအရာဟာ သူပိုင်ဆိုင်သည့်အရာမဟုတ်လား။

" Jungkook ! ဆေးရုံရဲ့အမိန့်အရ ငါတို့သူ့ရဲ့အောက်စီဂျင်ပိုက်ဖြုတ်ရတော့မယ် "

" ဟင့်အင်း ! အောက်စီဂျင်ပိုက်ဖြုတ်လိုက်ရင် သူဘယ်လိုအသက်ရှုမလဲ ?"

" သူ့ကိုလွတ်လွတ်လပ်လပ်နဲ့ပေးသွားလိုက်ပါတော့ ... Jungkook ah !"

" မရဘူး !"

Jimin နှင့် Yoongiကအောက်စီဂျင်ပိုက်ဖြုတ်ဖို့အတွက်ချော့ပြောသော်လည်း ကောင်လေးကခွင့်မပြုချေ။အနှစ်နှစ် အလလ သူ့အားလူလိမ်လည်ပြီးထိုလူသားရဲ့အဝေးကိုပို့ထားခဲ့ရုံမက ယခုထိုလူသားကိုပါသူ့အနားကနေအပြီးအပိုင်အဝေးကိုပို့ဖို့ပြုလုပ်နေကြလေရဲ့။အသည်းနှလုံးမရှိကြတဲ့လူတွေ...။

Wangမှာတော့ သူတို့၃ယောက်၏အခြေနေကိုဘေးမှရပ်ကြည့်နေသည်။သူလည်းထိုအခြေနေကို မထိန်းချုပ်နိုင်ခဲ့ဘူးထင်ပါရဲ့။

" Jungkook "

" မကြားချင်ဘူး ... မပြောနဲ့ !"

" Wang ! အောက်စီဂျင်ပိုက်တွေဖြုတ်လိုက်တော့ ။ Jimin ! သူ့ကိုအခန်းအပြင်ကိုခေါ်သွား "

" Min Yoongi ... ခင်များ !"

" တောင်းပန်ပါတယ် Jungkook !"

ခပ်တည်တည်မျက်နှာထားနှင့်ပြောဆိုနေသည့် Min Yoongi၏ပုံစံဟာခံစားချက်မရှိသည့်လူတစ်ယောက်အလား။သို့ပေမဲ့ သူ့စိတ်ကိုထိန်းချုပ်ထားရသည့်အခြေအနေကိုတော့ မည်သူမျှသတိမထားမိချေ။ကောင်ငယ်လေးကိုထိုသို့ပြောထွက်ဖို့ရာ သူ့အတွက်လည်းအတော်ကိုကြိုးစားခဲ့ရသည်။

" မလိုက်ဘူး !"

ကုတင်ဘေးနားတွင်ဒူးထောက်ထိုင်နေသည့်ကောင်လေးကို Jiminကဆွဲသည့်အခါကောင်လေးပေကပ်စွာနှင့်ငြင်းသည်။တရှုတ်ရှုတ်နှင့်ငိုကာ မလိုက်ဖို့ငြင်းဆန်သေည့်ကောင်လေးကို Jiminကဆွဲထူပြီးအတင်းဆွဲခေါ်သော်လည်းမရချေ။ထိုဖြစ်ရပ်ကို ရပ်ကြည့်နေရသည့် Wangနှင့်Yoongiမှာလည်းစိတ်မကောင်းဖြစ်ပေရုံသာတက်နိုင်သည်။

မတက်နိုင်ဘူး ... အစကတည်းကမှားခဲ့ကြတဲ့သူတွေမို့ နောက်ဆုံးအထိအမှားလို့ပဲသတ်မှတ်လိုက်ကြရအောင်။ဒါဟာ ဖြေသိမ့်ဖို့ရာအကောင်းဆုံးနည်းလမ်းတစ်ခုပါလေ။

" အဲ့ဒါဆိုရင် ဒီတိုင်းပဲသူ့အရှေ့မှာအောက်စီဂျင်ပိုက်ကိုဖြုတ်လိုက်ပါ ... Wang "

Min Yoongi၏ပြောစကားကြောင့်ကောင်လေးက သူ့အားအကြည့်စူးနှင့်လှမ်းကြည့်သည်။စိတ်နာသည့်ပုံရိပ်တချို့လည်းပါ၀င်လို့နေ၏။Min Yoongiသည်လည်းသတိထားမိပေမဲ့ ဂရုမစိုတ်ချေ။သူ့အခြေနေနဲ့ သူ့ခံစားချက်ကိုသူသာလျှင်အသိစုံးမို့ တခြားသူမသိလည်းအဆင်ပြေပါသည်။

Min Yoongi၏အမိန့်ကိုWangကမငြင်းပေ။သို့ပေမဲ့ သူတုန်လှုပ်နေမိ၏။လူနာရှင်ဖြစ်သည့်ကောင်ငယ်လေး၏အရှေ့မှာ ရက်စက်စွာထိုသို့ပြုမူရသည်က သူ့အတွက်လည်းမလွယ်ကူလှချေ။တုန်လှုပ်စွာနှင့် အောက်စီဂျင်ကိုပိတ်ဖို့ပြင်နေသည့် Wang၏လက်ကလေးက ခလုပ်နားသို့ဖြေးညှင်းစွာတိုးကပ်သွားသည်။

" တီ တီ တီ တီ "

နှလုံးခုန်စက်မှရုတ်တရက်ထမြည်လာသည့်အသံကြောင့် Wang၏လက်ကတွန့်စုပ်သွားသည်။ပြီးနောက် ကုတင်ပေါ်မှလူသားအားကြည့်မိသည့်အခါ ခပ်ပြင်းပြင်းအသက်ရှုနေမှုကြောင့် Wangမှာကြောင်အသွားရသည်အထိ။Min Yoongiနှင့် Jiminကဘေးနားမှကြောင်အစွာဖြင့် Wang၏ပြောထွက်လာမည့်စကားကိုသာအာရုံရောက်နေသည်။အကြောင်းမှာတော့ သူတို့နှစ်ဦးကမိသားစု၀င်ဖြစ်သည့်အတွက် Wangကသာကုသခွင့်ရှိသောကြောင့်ပင်။

" Wang !"

" Dr.Min ! Taehyungရဲ့နှလုံးကပြန်အလုပ်လုပ်လာတာ "

" ဘယ်လို ?"

မယုံကြည်နိုင်စွာဖြင့် Wang၏ဘေးနားသို့ရောက်လာသည့် Min Yoongiကအနားသို့ရောက်နှလုံးခုန်စက်ကိုစစ်နေသည်။ကုတင်ပေါ်မှလူသားကခပ်ပြင်ပြင်နှလုံးခုန်လာရုံမကပါပဲ ခန္ဓာကိုယ်ကပါအနည်းငယ်လှုပ်ရှားလာသည်ကိုပါသတိထားမိသည့်အခါ Min Yoongiနှင့် Wangကတယောက်မျက်နှာတယောက်ကြည့်ပြီး အံ့ဩနေလျက်။

" အောက်စီဂျင်ပိုက်ဖြုတ်လိုက်တော့ Wang !"

အသက်ခပ်ပြင်ပြင်းရှုရှိုက်နေသည့်လူသားကြောင့် အောက်စီဂျင်ပိုက်ဖြုတ်မှရချေမည်။ထို့ကြောင့် ကောင်ငယ်ကိုဆွဲထားသည့် Jiminကပါအနားသို့ရောက်လာပြီးစမ်းသပ်မှုတွေပြုလုပ်နေ၏။ကောင်ငယ်လေးမှာတော့ ထိုအခြေနေကိုရင်တုန်စွာနှင့်ရပ်ကြည့်နေလို့ရယ်။

အဆမတန်တစက်စက်လှုပ်ခပ်လာသည့်လူသား၏ခန္ဓာကိုယ်ကြောင့် သုံးယောက်သားထိန်းချုပ်ရခက်နေသည်။ကိုမာ၀င်ပြီး အနှစ်နှစ်အလလမေ့မျောပြီးနောက်သတိ၀င်ဖို့ရာခက်ခဲနေသည်ထင်ပါရဲ့ ထိုသုံးယောက်မှာလည်းစိတ်လှုပ်ရှားစွာနှင့်ရင်ဆိုင်နေကြရ၏။

" မျက်ခွံပါလှုပ်လာပြီ ! သတိရဖို့မလိုတော့ဘူး ။ Jungkook ! မင်းအသံပေးလိုက်ပါ "

Min Yoongi၏ပြောစကားကြောင့်ကောင်လေးမှာကျောက်ရုပ်တစ်ရုပ်ကဲ့သို့ပင်။အဘယ့်ကြောင့်ဆိုသော် သူကြောက်သည်။ဒီလိုပုံစံနဲ့ အဲ့ဒီလူသားကိုသူဆုံးရှုံးရရင်ဖြင့် သူထပ်ပြီးကြေကွဲရမှာကိုမလိုလားသောကြောင့်ပင်။သို့ပေမဲ့ ကုတင်ပေါ်ကလူသား၏အခြေနေကြောင့်သူမခံစားနိုင်ပေ။သတိ၀င်ဖို့ရာခက်ခဲနေသည့်အတွက်ထိုကဲ့သို့ခံစားနေရသည်က သူအတွက်လည်းအဆင်မပြေလှချေ။

ထို့ကြောင့် Min Yoongi၏အမိန့်အရအနားသို့ဖြေးညှင်းစွာရောက်လာပြီး ထိုလူသား၏နဖူးပြင်ကိုတချက်နမ်းရှိုက်သည်။ပြီးနောက်...

" Kim Taehyung ... ခင်များကိုကျနော်စောင့်နေတာမို့ ကျနော့်ဆီပြန်လာပေးပါနော် "

ကောင်လေး၏စကားကြောင့်ထင်သည် တစက်စပ်တုန်လှုပ်နေသည့်လူသား၏ခန္ဓာကိုယ်ဟာချက်ချင်းဆိုသလို ငြိမ်ကျသွားခဲ့၏။တကယ်ပဲ ထိုလူသားနိုးထဖို့ရာကောင်လေးကအဓိကဖြစ်နေခဲ့သည်လား။ထိုအခြေနေကြောင့် သုံးယောက်သားအံ့ဩသွားခဲ့ရပြီး ကုတင်ပေါ်မှလူသားကိုထိန်းချုပ်ထားရာမှဖယ်ခွာသွားကြ၏။ပြီးနောက်မှာတော့ နှလုံးခုန်စက်မှနှလုံးခုန်နှုန်းဟာပုံမှန်ဖြစ်သွားသည်ကို Wangကသတိထားသွားသည်။

" ငါတို့အပြင်ထွက်ကြရအောင် ။ Jungkook သူ့ကိုစောင့်ကြည့်နေလိုက်ပါ "

အခြေနေအားလုံးပုံမှန်ဖြစ်သွားပြီမို့ ထိုလူသားကမကြာခင်သတိရလာတော့မည်ဆိုတာကို Min Yoongiအတက်သိနေသည်။ထို့ကြောင့် Wang နှင့်Jiminကိုအပြင်ခေါ်ထုပ်သွားခဲ့၏။အခန်းထဲကျန်ခဲ့သည့်ကောင်လေးမှာတော့ ချစ်ရသူ၏နဖူးပြင်မှဆံသားတို့ကိုသပ်တင်ပေးရင်း စကားဆိုနေ၏။

" တကယ်တမ်ကျတော့ ခင်များကကျနော့်ကိုလိုအပ်နေခဲ့တာပေါ့ ။ ကျနော်သတိထားမိခဲ့ပေမဲ့ မယုံရဲတဲ့စိတ်နဲ့ခင်များအနားကပြေးထွက်သွားခဲ့တာ , အကြောင်းကတော့ ကျနော့်ကြောင့်စိတ်မညစ်ရပဲခင်များကိုလွတ်လပ်စေချင်လို့ ။ ဒါပေမဲ့ မရည်ရွယ်တာတွေချည်းဖြစ်သွားခဲ့တော့ တေားပန်ပါတယ် , ပြန်လာခဲ့ပေးပါ ကျနော့်အနားကို ... အရင်ကထက်ပိုချစ်ပေးပါ့မယ် "

" တကယ်လား ?"

" ဟမ် ! ခင်များ "

ထိုလူသားသတိမ၀င်သေးသည်အထင်နှင့် လက်မောင်းတွင်မျက်နှာအပ်ကာရှိုက်ငိုရင်းစကားဆိုနေသည့်ကောင်လေးက ရုတ်တရက်စကားသံကြောင့်လန့်သွားပြီး ခေါင်းလေးကစက်ခနဲထောင်လာခဲ့သည်။သတိရလာသည့်လူသားမှာတော့ အရင်မျက်နှာထားနှင့်ကြည့်ကောင်းနေဆဲ။

" အင်း ... ကိုယ် "

" ဘယ်တုန်းကနိုးလာတာလဲ ?"

" မင်းလေးစကားစပြောနေတဲ့အချိန်ထဲက "

" ဟုတ်လား ? ဘယ်နေရာနေလို့အဆင်မပြေဘူးလဲဟင် ။ Dr.Wangကိုခေါ်ပေးရမလား ! ဘယ်လိုနေသေးလဲ ?"

" အကုန်အဆင်ပြေပါတယ်ကွာ ။ မင်းလေးသာ နောက်တခါကိုယ့်ကိုထားမသွားနဲ့ပေါ့ "

" ခင်များပဲ ကျနော့်ကိုမုန်းတယ်ဆို "

" အင်းလေ ။ မုန်းပြီးရင်တော့ ချစ်ပေးရမှာပေါ့ "

ထိုကဲ့သို့စနောက်လိုက်သည့်အခါမှာတော့ မျက်ရည်များစိုစွတ်နေသည့်မျက်၀န်းလေးနှင့်ကောင်လေးက အခုနကနှင့်မတူပါပဲထရီလို့ရယ်။ကုတင်ပေါ်မှလူသားမှာလည်း ပြုံးရွှင်လို့။ဒါဟာ အိပ်မက်ဖြစ်နေမလား။

ဆရာ၀န်များလက်လျှော့ခဲ့ရသည့်လူနာဟာ ချစ်ရသူကြာင့်ပြန်နိုးလာခဲ့သည်တဲ့။ယုံတမ်းပုံပြင်တွေမဟုတ်ပေမဲ့ ဒါဟာလက်တွေ့ပါလေ။

" ကိုယ့်ကိုချစ်သေးရဲ့လား ?"

" အခုထိမယုံသေးဘူးလား ?"

" ကိုယ်မင်းကို'အနက်ရောင်ကြာပန်း'နဲ့ ဘာလို့တူတယ်ပြောလဲ သိလား ?"

" ဟင့်အင်း !"

" ကိုယ်ပြောပြမယ် သေချာနားထောင် "

ထို့သို့ပြောရင်း ထထိုင်နေသည့်လူသားကိုကောင်လေးကတွဲကူပေးသည်။ပြီးနောက် ထိုလူသား၏ကျောနောက်တွင်ခေါင်းအုံးခံပေးပြီး မှီထိုင်စေ၏။

" အနက်ရောင်ကြာပန်းကို ကိုယ်သိပ်မုန်းတာ , ဒါပေမဲ့ ကိုယ့်ကိုဆွဲဆောင်နိုင်ဆုံးပန်က အနက်ရောင်ကြာပန်းပဲ ။ ကိုယ့်ရဲ့သိစိတ်ကငြင်းနေပေမဲ့ မသိစိတ်ကတော့အဲ့ဒီ့ပန်း‌ကိုစွဲလမ်းနေတာမျိုး ။ အဲ့ဒါကြောင့် ကိုယ်သိလိုက်ရတာကအနက်ရောင်ကြာပန်းကို ကိုယ်သိပ်မြတ်နိုးတာပဲ ... အဲ့လိုပဲ ကိုယ်မင်းကိုသိပ်ချစ်မိသွားတာ "

စကားလုံးတစ်လုံးချင်းစီနှင့် လေးနက်စွာရှင်းပြလိုက်သည့်အခါမှာတော့ ကောင်လေးကရင်ခွင်ထဲသို့တိုး၀င်လာခဲ့သည်။ထိုအခါ ရင်ခွင်ထဲသို့တိုး၀င်လာသည့်လူသားကြောင့် ထိုလူသားမှာလည်းတင်းကြပ်စွာပြန်လာဖက်တွယ်ထားပေး၏။

" အဲ့ဒါကြောင့် ကိုယ့်အချစ်ကိုယုံပေးပါတော့နော် "

သူ့စကားကြောင့်ရင်ခွင်ထဲမှကောင်လေးကခေါင်းငြိမ့်ပြသည့်အခါ အသည်းယားစွာဖြင့်ခေါင်းလုံးလုံးလေးကိုဖိကပ်နမ်းရှိုက်မိ၏။မုန်းပါတယ်လို့အကြိမ်ကြိမ်စွတ်ချက်တက်တင်ခြင်းခံခဲ့ရသည့်ကောင်လေးဟာ ယခုတော့ရင်ခွင်ထဲပျော်မြူးလို့ရယ်။

ထိုကောင်လေးနှစ်ယောက်၏အပြုံးနှင့်အတူ အခန်းအပြင်မှပြုံးပျော်နေကြသူဆရာ၀န်သုံးယောက်မှာလည်း ပြုံးပန်းဝေကြလို့ရယ်။

လူသားတွေက ဒီလိုပါပဲ ...
သိစိတ်ကငြင်းသည့်အရာကို မသိစိတ်စွဲလမ်းနေကြသူတွေပါ။
မုန်းပါတယ်လို့၀န်ခံဖူးရင် ထိုလူသားဟာကိုယ့်ရဲ့အချစ်ဆုံးဖြစ်လာတက်ပါတယ်။
ကိုယ့်ရဲ့အမုန်းဆုံးအရာတွေကသိစိတ်ကငြင်းပြီးမသိစိတ်လက်ခံမိသည့်အခါ ရူးမတက်ခံစားရသည်ကိုလျစ်လျူမရှုပါနဲ့။

( ချစ်ခြင်းသစ္စာတို့ခိုင်မြဲစေသား )

~•~

♥ BLACK LOTUS ♥

[ Extra - 2 ]

ချစ်သောစာဖတ်သူအားလုံးကို
BLACK LOTUSမှနှုတ်ဆက်ခဲ့ပါတယ် ။

@bae_yuna_97 (August 24,2021)
#누나

Note :: finally ! အတည်နှုတ်ဆက်ရပါပြီ။Extraလေးကို မကောင်းပေးမဲ့လည်းသည်းခံပေးကြလို့ တောင်းဆိုပါရစေ။Ficအစထဲကရော အလယ်ကရော ပြီးခါနီမှရော ဖတ်ပေးကြသူအကုန်လုံးကို သာကအမြဲကျေးဇူးတင်ပါတယ်။

ဇတ်လမ်းတောက်လျှောက် အများကြီးခက်ခဲခဲ့ပါတယ်။အကြောင်းကတော့ စိတ်တွေဟိုရောက်ဒီရောက်ဖြစ်ကုန်လို့ပါ။အဲ့ဒါကြောင့်ဖတ်ရတာ တစ်စုံတစ်ရာအဆင်မပြေခဲ့သည်ရှိသော် သာကတောင်းပန်ပါတယ်။

မင်တို့စိတ်ကြိုက်မဖြစ်ခဲ့ပေမဲ့ အရေးအသားကိုလက်ခံပေးတယ်ဆိုရင်ပဲကျေနပ်ပါပြီ။နောက်ပိုင်းမှာစာဖတ်သူများလာလို့ အရမ်းပျော်ရပါတယ် ပြီးတော့ Followersလည်းများလာလို့ followပေးတဲ့သူတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။

ဒီထဲမှာပေါ့ခဲ့သမျှကို ,

DADDY STEPFATHER
BAD ROMANCE
LOVE-HOLIC တို့မှာအစွမ်းကုန် အကောင်းဆုံးဖြစ်အောင်ဖန်တီးပေးပါမယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်
အရမ်းလည်းချစ်ပါတယ်။

ကျန်တဲ့ficတွေကိုလည်း သည်းခံပြီးဖတ်ပေးပါအုံးလို့။

Bye guys !!

#누나

❣️

Continue Reading

You'll Also Like

960K 21.9K 49
In wich a one night stand turns out to be a lot more than that.
53.2K 4K 23
แ€†แ€ญแ€ฏแ€ธแ€žแ€ฝแ€™แ€บแ€ธแ€แ€ฒแ€ทแ€€แ€ฑแ€ฌแ€„แ€บแ€œแ€ฑแ€ธแ€”แ€ฒแ€ท โ€Œแ€แ€€แ€นแ€€แ€žแ€ญแ€ฏแ€œแ€บแ€†แ€›แ€ฌแ€แ€ญแ€ฏแ€ทแ€€แ€ผแ€ฌแ€ธแ€€ แ€แ€ปแ€…แ€บแ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€œแ€ฑแ€ธ แ€แ€…แ€บแ€•แ€ฏแ€’แ€บโฃ๏ธ (Unicode only)
2.6K 148 6
แ€’แ€ฎ fic แ€œแ€ฑแ€ธแ€แ€…แ€บแ€แ€ฏแ€œแ€ฏแ€ถแ€ธแ€€แ€›แ€ฎแ€…แ€›แ€ฌแ€œแ€ฑแ€ธแ€แ€ฝแ€ฑแ€€แ€ผแ€Šแ€ทแ€บแ€™แ€ญแ€ฏแ€ท แ€Ÿแ€ฌแ€žแ€€แ€ผแ€ญแ€ฏแ€€แ€บแ€แ€ฒแ€ทแ€žแ€ฐแ€œแ€ฑแ€ธแ€แ€ฝแ€ฑแ€–แ€แ€บแ€€แ€ผแ€Šแ€ทแ€บแ€•แ€ฑแ€ธแ€€แ€ผแ€•แ€ซ
608K 9.4K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...